ကျူးလိပေါင် သတင်းစဥ်
21 178
Suscriptores
+1224 horas
-87 días
+9430 días
- Suscriptores
- Cobertura postal
- ER - ratio de compromiso
Carga de datos en curso...
Tasa de crecimiento de suscriptores
Carga de datos en curso...
မင်းငိုင် အတော် စိတ်ပျက်သွားသည်။
ဒုံးပျံ ပုံစံက တောဘုရားပွဲမှာ ကလေးတွေ စီးတဲ့ ချားလုပ်တဲ့ သံဖြူဆရာလက်ထွက် ကမှ သာဦးမယ်။ ဟွာဆောင်း-၅ ဒုံးပျံဆိုပဲ။ ဒုတိယအကြိမ်မြောက် “ခွေးမိန် သောက်ရှက်ကွဲပွဲ” မှာ အာချောင်မိတဲ့ မင်းငိုင်။ ကွီးတာက ဖွပြီလေ။ မင်းတို့မြို့တွေကို ငတို့ ဖျက်ဆီးမှာ၊ ငတို့မှာ Hand Black အဆန်းတွေ ရှိတယ် ဆိုပြီး မင်းငိုင် ဖွာခဲ့မိတယ်။ ဒါကလည်း ကကနက် က ငနဲတွေပေးလိုက်တဲ့ ဒေတာ။ မင်းငိုင် က အဖားကောင်းလို့သာ ဒု-ဗခက ဖြစ်လာဘေမက် အဆံချောင်မန်း။
ဖွာတုန်းက ဖွာခဲ့ပြီး မင့်တို့ အဆန်းတွေက ဘာလဲ ဘာညာ မေးလိုက်တော့ ထုတ်ပြလာတာ ဟွာဆောင်း-၅ တဲ့။ ၁၉၉၀ ပင်လယ်ကွေ့ စစ်ပွဲမှာ ဟော့ထ် ခဲ့ဖူးတဲ့ စကတ်ထဲကဒုံးပျံ ဆိုသဟာရဲ့ ကော်ပီ ဗားရှင်း။ ငရွှေ လျှမ်းလျှမ်းတောက် စဉ်က ငမန်း တို့ တအုပ် ရွှေအိုးစည်ပါပါးဆီ မှာ တကူးတကန့် သွားဝယ်ခဲ့တာ။ မြောက်ကကြီးကလဲ ငတ်နေတော့ ဂိုဒေါင်ထဲမှာထား၊ ဖုန်တင်တာပဲ အဖတ်တင်တဲ့ ဒီ ဟွာဆောင်း-၅ ဆိုတာတွေကို မြန်မာက ဆန်နဲ့ လဲခဲ့တာပေါ့။ ၃ လုံး ၁ လုံးတော့ အင်ဂျင်အောင်တယ် ဆိုပဲ။
အက်ကောင်တွေကို ရုရှပြန်ဘိုစုတ် တွေက ဖြတ်ညှပ်ကပ်ပြီး မိတ်အင် ဘားမား ပြန်ထုတ်တယ်လေ။ နှစ်စဉ် မတ်လ-၂၇ သူတောင်းစား ညီလာခံမှာ ထုတ်ပြစရာ တခုပေါ့။ အင်ဂျင်အောင်တဲ့ တလုံး အနမ့်ပါ ကို ထုပစ်လိုက်သေးတယ်။ unguided missile မို့ ပစ်တခြား ထိတခြားပါပဲ။ မြို့တွေကိုတော့ ပစ်မလွဲမို့ ဒင်းတို့လို မြို့ဖျက် အာမီ အတွက် အသုံးကျသေးတယ်လို့ ဆိုနိုင်တယ်။
နောက်တခါ ကကနက်က ငနဲ တကောင်က လေယာဉ်ပျံ ပိစိညှောက်တောက်တခု ထုတ်ပြတယ်။ အာရဗီ စာတွေနဲ့မို့ ဝီဝီ တို့လို့ မဘသ တွေနဲ့ ငြိနိုင်ပေမယ့် မဘသ တွေလည်း အသက်လုပြေးနေရတာမို့ အီးမပေါက်နိုင်တော့ပါဘူးလေလို့ မင်းငိုင် ဖြေသိမ့်လိုက်တယ်။ အဲ့ကောင်လေးက ရှာဟတ် တဲ့။ ပါရှန်း မိတ်။ ကာမီကာဇေ ဒရုမ်းတဲ့။ ပစ်ရင် သူပါ ပေါက်ကွဲပြီး ပလုံရောတဲ့။
ကွန်တိန်နာ ၃ စင်းစာ ဝယ်ထားသတဲ့။ ထားပါ လွန်ရော ကျွံရော ၁၀ စင်းပေါ့။ ဘယ်ကို ပစ်မလဲ ဆိုတော့ ပျောက်ကျားစ-စ်မို့ တားဂတ် အသေမရှိဘူးတဲ့။ ဒါကြောင့် ဖှောရှော ရမ်းပစ်ပြမယ်တဲ့လေ။ မိန်းက ဘားဂျက် ဘတ်ဖို့ဆိုပဲ။ အံ့ဘ။ ဒါတောင် အီရန်က ဒေါ်လာပဲ လက်ခံလို့ ရုရှားဆီကနေ ပါတ်ဝယ်ရသတဲ့။ ရုရှက ယူကရိန်း စ-စ် ကိုတာထဲကနေ တိုလျှိုပြီး ရောင်းရတာ။ တပုံဝင်စားသေးတဲ့ သဘောပေါ့။ ကောင်းလှောင့်တေး။
မုတ္တမတွေကလည်း ဘူမှန်း ကိုးမှန်း မသိ။ ဒီဇင်ဘာ-၃၁ က NCA နောက်ဆုံးရက်မို့ ဇန်-၁ ရောက်တာနဲ့ မင်းကြီးတပ်တွေက သည်းမခံတော့ဘူး ဆိုပဲ။ ခုတော့ သည်းခံလက်စနဲ့ မိုင်းငေါ့၊ တင်းမ ဗျူဟာ ပါသွားပြီ။ လော်ဘီ တွေဆွံ့အ။ အာဏာလု နှစ်ပါတ်လည်ကို ပြန်စောင့်ကြပေါ့။
မင်းငိုင် ခမျာလည်း ဇန် ဒုပါတ်မှာလုပ်မယ့် တတိယ အကြိမ်မြောက် သောက်ရှက်ကွဲပွဲ တက်ဖို့ မျက်နှာကို နွားကျင်ငယ်ရည်နဲ့ ပေါင်းတင်နေသတဲ့။ မာအောင် ပေါ့။ ကမကထ လုပ်တဲ့ တြုပ်ကြီးကလည်း ဒီတပွဲ နောက်ဆုံးပဲမို့ ရအောင်ညှိကြလို့ ဝမ်နင်ပေးထားသတဲ့။
တော်လှန်ရေး အင်အားစု အားလုံးက တသံတည်းညီကြဖို့ ညှိထားပြီးသားလို့လည်း သိရသလို့ မင်းငိုင် အဖို့ မျောက်ယီး သမန်းရှ သလိုဖြစ်နေတာပေါ့။ သို့သော် အာဏာရူးစပ်ဖျဲ နဲ့ ကြွက်ပျင်း ခိုင်းတာကို သူမလွန်ဆန်ရဲ သမို့ ငမိုက်သား သောနုတ္ထိုရ် လို အထုပ်ဆွဲပြီး စိနပြည်ကို ညောင်း။
ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ဖျင်ယားမှု အာမခံမရ ရှာသော မင်းငိုင် ကဏ္ဍ)
https://m.facebook.com/story.php?story_fbid=pfbid0Xgrrf434dWcw4MKoYdhJyiYicj3i7RKkpGwGJkAUHNcSVXa3fWKYu7SmC34V3C31l&id=100072490602406&mibextid=Nif5oz
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
👍 649❤ 141😁 46👏 12🖕 3
ပလက်ဝ မှာ ခဝဲဗျူဟာကုန်း နဲ့ ပွိုင့်-၃၇၇ ကို ရခိုင့်တပ်တော်နဲ့ ချင်းအဖွဲ့တွေ ဝင်သိမ်းလို့ အပနားမြေ မီဇိုရမ်ထဲကို ခဝေး အကောင် ၂၀၀ နီးပါး ဝင်ပြေးသတဲ့။ (ဖျာတန်း မီဒီယာတွေ ဖွချက်အရဆို) ငဗျူ တကောင်တောင်ပါသေး လိုက်ပြေးတာဆိုပဲ။ ရဟတ်ယာဉ် ခွဲတမ်းဖိုး လာဘ်ထိုးတာ စျေးမြင့်တော့ မတတ်နိုင်လို့တဲ့လေ။ လောက်ဖျာ လို အောက်ပါ အရည်အချင်း မရှိတော့လည်း ခံပေါ့။
ထားပါလေ။ ပြောချင်တာက အပနားဖက်က ထုတ်ပြတဲ့ ပုံတွေမှာ စုတ်ပြတ်သပ်၊ ယူနီဖောင်း အရောင်မထွက်တော့တဲ့ ညစ်ထေးထေး ကာလာနဲ့ ခဝေးတအုပ် ကြက်သတုံးရုပ်၊ စုတ်ပြတ်စွာ ထိုင်ငေါင်နေတာ တွေ့လိုက်ရတယ်။ လနဲ့ ချီပြီး ရေမိုးမချိုး အိန်းကျီ လဲခွင့်မသာတဲ့ သူဖုန်းစား အုပ်လိုက်ကြီးဟာ သူတို့ရဲ့ ဂျီးရှစ်သစ်အခွက်တွေနဲ့ ဝပ်ရှော့ ဆရာရဲ့ ဘောင်းဘီတိုလို အရောင်းအဆင်း ယူနီဖောင်းဟပ်နေတာမျန်း လေအောက်အရပ်မှာ နေမိရင် အနံ့နဲ့တင် မူးမေ့အောအန် ပက်လက်လန် သွားနိုင်ပါတယ်။
ပလက်ဝမှာမို့ ဖွတ်ကျားကာလာ ထွက်နေရဟန်တူတယ်လို့ ကွန်ပလိန့် မတက်မိလေနဲ့။ ရှမ်းမြောက် မှာ MA ပိုက်၊ အပုံလိုက်ခွေတဲ့ အကောင်ပုပ် တွေလဲ ထူးမခြားနား။ အဲ့အရောင်ပါပဲ။ မတော်မတည့် ပွယောင်းယောင်း ယူနီဖောင်းတွေကြောင့် ဖျင်တုံးလုံး ဖြစ်နေတာကတော့ အဆစ်။
သဘောက် ကောင်တွေကတော့ ကုလားပဲပိုးထိုး လက်တဆုပ်ကို ရောဖျောပြီး ၃-၄ ရက် ဆန့်စားနေဘေမက် သူရို့ သခင် အဆစ်တိုကောင်ကတော့ စပ်ဖျဲဖျဲနဲ့ ကျောက်ဘုရားတွေ လိုက်ဝေနေတုန်းပါပဲ။ လားရှိုးကို ဝင်ဆောင့်တော့မယ် ကြားတော့ ဗျောက်ကလေး ခါးထိုးလို့ အပြေးအလွှား ကျောက်ဘုရား သွားပေးတာကိုသာ ကြည့်ပေးတော့။ ဒါတောင် ရောက်ပြန်၊ ညအိပ်ညနေ မနေရဲရှာ။ ခုတော့ လဖက်ခြောက်ကို ထိုင်ခိုင်းထားတယ်လို့ ကြားတယ်။
လဖက်ခြောက်ကလည်း အဆစ်တိုကို ပညာပြတယ်။ ဗျူဟာမှူးက စလို့ အထက် အကုန်လုံးဆီက သတင်းတွေကို သူ့တယောက်တည်း
ဆီကို တင်စေတယ်။ အဆစ်တိုကို မျက်စိ၊ နား ပိတ်ထားတာ။ တလောက အဆစ်တိုရဲ့ ဂဒက် ငဗျူတကောင်က လဖက်ခြောက်ကို ကျော်ပြီး အဆစ်တိုဆီ စစ်ရေး အစီရင်ခံလို့ နာရီပိုင်းအတွင်း အရန်အင်အားကို ပို့ပစ်သတဲ့။ အဆစ်တို သိပြီး ဉာဏ်ကောင်းလာရင် ထိုးချလို့ မရ ဖြစ်မှာစိုးလို့တဲ့။
ခဝေးတွေကိုလည်း ဒုတ်ဘတ်ဘတ်က အဆစ်တိုဘုရားဒကာက လဗျော့ ဆိုပြီး သတင်းလွှင့်ထားတာ အတော် အောင်မြင်နေပြီလေ။ တဖက်က ကြေးမခေါ်သေးလို့သာ အဆစ်တိုကို မျှောထားတာ။ ဟိုဖက်က “ဟိုင်း” တာနဲ့ အဆစ်တိုနဲ့ ဆွေမျိုး ၇ ဆက်ကို မျောက်တုပ်ပြီး ရောင်းစားတော့မှာ။
ခုဆို အဆစ်တို အသက်ပေးပြီး ကာကွယ်ထားတဲ့ ကျားဖျန့် အဖွဲ့ကြီးကို တြုပ်တင်မက သင်းဘောသီးထောင်းတွေ ကပါ ဖျဲမယ် ခွဲမယ် တဂဲဂဲ လုပ်နေပြီမို့ စပ်ဖျဲဖျဲ မျက်ခွက်ဘေမက် ရင်မှာ မီးတောက်နေရပြီလေ။
သတင်းသဲ့သဲ့ကြားမိတာက လောက်ကိုင်ဝရမ်းပြေး ၁၀ ကောင် တြုပ်လက်အပ်ဖို့ သဘောတူလိုက်ရပြီတဲ့။ အဆစ်အနေနဲ့ အကြီးပိုင်းတကောင်ရဲ့ မိမဆုံးမ ဖမဆုံးမလေးပါ တြုပ်က ကျားဖျန့်ခေါင်းစဉ်အောက်က ထပ်တောင်းနေလို့ အဆစ်တို တို့ တိုင်ပတ်နေသတဲ့။ အာ့ကြောင့်ဖြစ်မယ် မကြာခင် ဒင်းတို့ကြားထဲက ခေါင်တကောင် ဖြုတ်ထုတ်သ-တ်ဖို့ ရှိသတဲ့။
အကြံသမား ဖြစ်တဲ့ လဖက်ခြောက်ကတော့ သစ်ကိုင်းခြောက်ပေါ်က လဒအို ရုပ်နဲ့ ခပ်တည်တည်။
“ကြင်စိုးအတွက် ဖတ်စာ”
*****
တကယ့်မျောက်လိုလည်း အဆော့မမက်နဲ့။
လဖက်ခြောက်ကိုလည်း ပေါ့မတွက်နဲ့။
တကယ့်မျောက်လို အဆော့မက်ရင် မျောက်ရှုံးကြီးဖြစ်လိမ့်မယ်။
လဖက်ခြောက်ကို ပေါ့တွက်ရင် နောက်ဆုံးခရီးလစ်လိမ့်မယ်။
********
ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ဘရုတပ်စ် အာမီ၏ သရုပ်မှန် ကဏ္ဍ)
👍 639❤ 149👏 72😁 17🥰 4🔥 3👎 1
အကြံကုန်လို့ ဇလုံခေါက်နေတဲ့ ဂျပေါင်ကုအတွက် ခရစ်စမတ်အကြိုလက်ဆောင်အနေနဲ့ တင်နီလာအေးက မန်တုံ ဖြိုလိုက်တယ်။ အခု နမ္မတူ ဆို့စ်အောက်။ အကိုထွင်းတို့လည်း မြောက်ဦး ပုလိပ်စခန်း သိမ်းပစ်တယ်။ မြနန္ဒာအေးတို့လဲ လောက်ကိုင်ကို ဆက်တွယ်နေလေရဲ့။ ချီးနားရဲ့ ဖိအား ဘယ်လိုပဲရှိရှိ ညီနောင် ၃ဖောက်ကတော့ ရှေ့သို့ခရီးဆက်နေတယ်။
ခဝေးတပ်ကို ကျန်အဖွဲ့တွေ အကုန်ဝိုင်းဝုန်းကြဖို့ မပြတ်တိုက်တွန်းနေတာလဲ သတိထားမိရဲ့။ ချီးနားကို တဖက်လှည့်နဲ့ မက်စိပြန်ပေးနေတဲ့ သဘော။ ငတို့ ၃ ဖွဲ့ အပစ်ရပ်ရုံနဲ့ ဒီတော်လှန်ရေးက မပြီးသွားဘူး။ ကြည့် တနိုင်ငံလုံး ခွေးပုကို ရေနွေးပူနဲ့ဝိုင်းပက်နေတာ မြင်ပုလားပေါ့။
ကြင်စိုးကတော့ ချီးနားခြေသလုံးဖက်ပြီး မြောက် ၃ ဖွဲ့ကို ရသလောက်ထိန်းဖို့ လုပ်မှာပေါ့။ ဟိုင်အီးနားတွေ အဝိုင်းခံရတဲ့ သားကောင်လို့
စ-စ် မျက်နှာတခုလျော့ နည်းလား။ အသက်ရှုချောင်မယ်လေ။ စ-စ်ကိုင်း မကွေး ချင်း ကချင် ကရင်ဖက် ခြေဦးလှည့်ဖို့ ပိုအခွင့်သာမယ်။
ဒါဘေမက် ကေနုတို့ဖက်မလဲ ပဲခူးရိုးမထိတောင် ရောက်နေပြီမဟုတ်လား။ နတ်သံကွင်းကို အပြတ်ဗျင်းထားတာ ပူပူလောလောရှိသေး။ သံလွင်ကမ်းဘေးက ပွိုင့် ၉၃၉ မိုလိုကျိုး စခန်းလဲ တက်ကြိတ်ပစ်တာက ကျွတ်ဆင်။
ကဲ ချီးနားအကြောင်း ပြန်ဆက်ရရင် သူတို့ တကယ်ကြောက်တာက ငတို့ပြည်သူပဲ။ ဒါကြောင့် တဖက်မှာ မြောက် ၃ ဖော်ကို အပစ်ရပ် ဖိအားပေးနေချိန် ဝမ်ယိကိုယ်တိုင် မြန်မာ့ အနာဂါတ်ရဲ့ အခရာဟာ မြန်မာပြည်သူတွေသာ ဖြစ်ပါတယ်လို့ အဖိအဖော့လုပ် ထွက်ပြောတာ။ ဒွန္နယာကြီးက ကိုယ်ကျိုးစီးပွားအဦးမှုသူ ချည်းမို့ ၁ ယုတ် သော ၂ ယုတ်သော အန်ကယ်ဆမ်ရော အတူတူနဲ့ အနူနူပါပဲ။
သူ့အကျိုး ဘာရ/ဘာယုတ်မလဲက စဉ်းစားချက် နံပါတ်တစ်။ ကျန်တာက အပလာ ဘာညာပေါ့။ ပိုက်လိုင်းနား ကောက်ရိုးပုံ မီးထိုင်ရှို့နေရင်တောင် ငရှီအဖို့ အိပ်မပျော်သော ညအသင်္ချေပဲလေ။ ပါးစပ်ဖျားကတော့ မြန်မာ့အရေး ပြည်တွင်းရေးပါလို့ အော်နေသာ။
အက်ပြည်တွင်းရေးကို မရမက သူဝင်ရှုပ်နေတာလဲ အထင်အရှား။
အခုလဲ ၃ ကြိမ်မြောက် ဆွေးနွေးပွဲ နောက်လထဲလုပ်ဦးမတဲ့။ မင့်တို့လဲ တော်၊ မအလလဲတော် ဒါပဲထပ်ပြောမှာပါပဲ။ တကယ်လို့ မြောက် ၃ ဖွဲ့ အားမတန်လို့ အထိုက်အလျောက် မာန်လျော့ရသည်တိုင် နွေဦးက သိပ်ပူစရာရှိမယ်မထင်ပါဘူး။ ၁၀၂၇ ကရတဲ့ ပစ္စည်းတွေ ကျန်အဖွဲ့တွေကိုသာ ပေးလိုက်။ ခဝေးပုကို အမြစ်ဖြုတ်ဖို့ လက်ယားနေသူ သိန်းသောင်းချီရှိ ရယ်ဒီပဲလေ။
ကြားမိသလောက် မြောက် ၃ ဖွဲ့ကလဲ ကျန်တဲ့တော်လှန်ရေးအဖွဲ့တွေကို ပစ္စည်းလေးပါး ဒါယကာလုပ်ဖို့ အသင့်ပါပဲတဲ့။ ဆိုတော့ကာ လုပ်စရာရှိတာဆက်လုပ်၊ ဖြုတ်စရာရှိတာဆက်ဖြုတ်ကြရုံသာပ။
ဂျပုရဲ့ နေဝင်ချိန်က ရောက်ကိုရောက်တော့မှာ။ စ-စ်ရေး အခြေအနေမလှလို့ ကျန်တဲ့ ကဏ္ဍတွေ ဟန်ကျနေလား ကြည့်ပြန်တော့ စုတ်ပြတ်သပ်နေဘီပဲ။ ဒေါ်လှ လက်ထဲမရှိ။ ပို့ကုန်သမားတွေ လည်ပင်းညှစ်။ ပြည်ပရောက် ငတို့အိပ်ထောင်ထဲ ဇွတ်နှိုက်။ ဒါဘေမက် မှန်းချက်နဲ့ နှမ်းထွက်က မကိုက်။
Worker Remittance ဆို ကြင်စိုး စာ ထထုတ်လိုက်မှ ဆယ်ပုံတပုံတောင် ပြန်မဝင်တော့ပုတဲ့။ အက်လို ဖြစ်နေရမှာ။ ဒီပွဲက ဂျပုကို ဘက်ပေါင်းစုံက ဝိုင်းကင်တဲ့ပွဲ။
ပြည်ပရောက် ရွှေမြန်မာတွေ ဂျပုဆီငွေပြန်မလွှဲတာကလည်း မြေပြင်တိုက်ပွဲတွေနည်းတူ အရေးကြီးသာပဲ။ ကြင်စိုး စမုံတုံးရေး တို့အရေး မဟုတ်လား။ အောင်မောင်းတို့ တောင့်ထား။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ပုန်းကြောင် ဘိုင်ပြတ်၊ ရေသောက် ဗိုက်မှောက်၊ ဂျပုတယောက်-ငရဲရောက် ကဏ္ဍ)
❤ 607👍 349👏 40🔥 2
ဒီရက်ပိုင်း တော်လှန်ရေးခရီးယာယီများနေလို့ ဖွဘုတ်ဖက် ခြေဦးမလှည့်နိုင် ဖြစ်နေရပါတယ်။
ဒါပေသိ လိုင်းမိတုံးလေ
hot issue ကို မီရာမှတ်တိုင်ကနေ
၀င်ငံလိုက်ပါရစေ။
ပြည်သူသာ အဓိကပါဗျာ။
****
"MNDAA ၏ ပြောကြားချက်များ"
******
၂၀၂၃- နိုဝင်ဘာ ၃/ Voice of Spring
"၁၀၂၇ စစ်ဆင်ရေးက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။
မိသားစုအချင်းချင်းကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။
ပြည်သူလူထတရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။
ပြည်သူလူထုတရပ်လုံး စိတ်ချထားပါ။
ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ"
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း
Source: https://www.facebook.com/thevoiceofspring/posts/675565941343056
People's Spring
ဦးစွာ ဒီပြည်သူလူထုရဲ့ ထောက်ခံမှုအပေါ်ကို အထူးကျေးဇူးတင်ပါတယ်။
ရှင်းရှင်းပြောရရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြည်သူလူထုရဲ့ ထောက်ခံမှုရှိမှပဲ အသက်ရှင်နိုင်မယ်။
ပြီးတော့ တိုက်ရည် ခိုက်ရည်လည်း ပိုမို တိုးတက်လာနိုင်တာပေါ့။ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ချထားလို့ရပါတယ်ဗျ။
ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့လည်း ၁၀၂၇ စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်မှာပါတဲ့ ရည်မှန်းချက်ကို ဖော်ဆောင် နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။
ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။
ပြည်သူလူထုတစ်ရပ်လုံးစိတ်ချထားပါ။
ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း
Source: https://www.facebook.com/LuduNwayOo/posts/675972321268230
၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇) ရက်/ MNDAA ၏ အိတ်ဖွင့်ပေးစာမှ ကောက်နုတ်ချက်များ
🔻 မိမိတို့ (MNTJP/MNDAA)သည် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီအားတော်လှန်နေသော လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုများကိုလိုလားသော နိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇ၀တ်ကျူးလွန်နေမှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေမှုများကို ဆက်လက်ပြစ်တင်ရှုတ်ချကြရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ကြရန် နှင့် တရားမျှတစွာဆင်နွှဲနေသော မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို အားပေးထောက်ခံကြရန် လေးနက်စွာဖြင့် တိုက်တွန်းအပ်ပါသည်။
🔻 စစ်ကောင်စီ၏အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုထံသို့ ပြန်လည် အပ်နှင်းရန် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ဆွဲတင်ရန်နှင့် ပြည်တွင်းစစ်မီးကိုအမြန်ဆုံးချုပ်ငြိမ်းစေရန် တို့အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း မိမိတို့နှင့်အတူ၊ နွေးဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စုစည်းညီညွတ်စွာ ဖြင့် တော်လှန်တိုက်ပွဲဝင်ကြရပါမည်။
🔻 မဟာမိတ်တပ်ပေါင်းစုတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး မိမိတို့တွင် ရှိသမျှအင်အားများကို တပြိုင်နက်တည်း စုစုစည်းစည်းအသုံးပြုနိုင်ပါက ယခုအချိန်သည် မိမိတို့အဖွဲ့အစည်းအသီးသီး၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် အသီးသီးကို ကျိန်းသေပေါက်အကောင်အထည်ဖော်နိုင်မည့် မဟာအခွင့်အရေးလည်းဖြစ်သည့်အပြင် ပြည်တွင်းစစ် ရပ်တန့်ကာ စစ်မှန်သော နိုင်ငံတော်သစ်ကြီးတစ်ခုကိုလည်း အတူတကွ တည်ဆောက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
❤ 526👍 337👏 40🔥 5😁 5
"စခဝေးဖတ်စာ-၁၈"
အကိုထွင်း သိပ်သစ္စာမဲ့သာဖဲ။ တို့ကဖြင့် ဘယ်သူတြားပျက်ပျက် ကိုယ်မပျက်စိတ်ထားနဲ့ မိုခါကိစ္စမှာ ရခိုင်အတွက် ကူညီပေးခဲ့ဘေမက် ခုတော့လုပ်ရက်လိုက်ထှာတဲ့။ အဟင့် ရွှတ်…ဖတ်။ မအလ ငိုလေဘီ။ မနေ့က တိုင်းသိပြည်သိကမ္ဘာသိငိုချင်း ချတာ ကြားရ နားဝမှာချို။
အောက်ခြေရင်းတွေလဲ တဖြုံဖြုံကေး။ ပြေးသူပြေး သေးသူသေး။ ကုန်းကြမ်းမှာ ရင်းလိုက်လင်းဝင်။ မြို့တွေလဲ နေ့မြင်ညပျောက် ငတို့လက်ထဲရောက်။ အောက်ချင်းငှက်တို့ တူမီးမြေမှာ ၇ မြို့ ဆို့စ်အောက်။ တနိုင်ငံလုံး ၁၈ မြို့ရှိပြီလေ။ ငတို့ဖက်က သိမ်းထားတာ။ ဆိုဒေါ့ သူငိုတာ မဆန်း။
ကျက်သဒုံးက မျက်ရည်ချုချင်သေးတာ။ သာလွန်အင်အားသုံးတာကိုးတဲ့။ စတန်းဒတ်အာမီကြီးခမျာ့ လက်နက်အင်အားလူအင်အား မမျှလို့ ခံလိုက်ရတဲ့အထာ။ ဒီတခါ ဟ ပေးထားတယ်လို့တောင် မပြောနိုင်။ ပြည်ပက ဒရုန်းပညာရှင် ၆၅၀၀ ကူတိုက်လို့ ရှုံးရတာတဲ့။ ဒရုန်းဗုံး နှစ်သောင်းခွဲကျော်ကြီးများတောင် မညှာမတာ ကြဲတာကိုးတဲ့။ အားမတန်လို့ မာန်လျော့လိုက်ရပါဒယ်ပေါ့လေ။
ဘိုတုရဲ့ ပြိတ္တာမျက်ရည် စီးတွေတွေ ဇာတ်လမ်းပမာ နားဆင်စရာမှာ ပိုက်ချံကိစ္စလဲ ပြောသွားလေရဲ့။ ကောလင်းကဘဏ်တွေ ပီဒက်တွေ ဝင်လုတာ သန်းပေါင်း ၄ သောင်းကျော်ပါသွားသတဲ့။ တချို့ဘဏ်ဝန်ထမ်းတွေ အဖျက်အမှောင့်လုပ်ရပ်တွေမှာ အလိုတူအလိုပါတဲ့။ ပီဒက် တွေက ငွေရလွယ်တဲ့ဘဏ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာသတဲ့။ ငိုငို အားရအောင် ငိုချလိုက်။ ထိန်းမထားနဲ့ မအိမ်လုံး။
ဘိုတု အက်လို ငိုလို့မှမဆုံးသေး။ ဘိုတင်က စာရင်းအင်းနဲ့ ဘိုတုနှာနုဖြတ်ရိုက်ပြလိုက်တယ်။ ကောလင်းဘဏ်က သိမ်းရတဲ့ငွေ အတိအကျ က သန်းပေါင်း ၄၄ သောင်းကျော်တဲ့။ ဘယ်ဘဏ်က ဘယ်လောက် အရွက်ရေအတိအကျနဲ့ ကြေညာသွားလေရဲ့။ ခုငွေစျေးနဲ့ဆို ဒေါ်လှ ၁၃ သန်း လောက်ရှိမယ်။ တုံးကျော်မနဲ့ လကွင်းချမ်းမကို ခါးထစ်ခွချီပြီး ဖက်ငိုကြပေါ့။
ဘယ်ကိုသွားမလဲ ဆိုတဲ့ဘီးကြဲကြီး နရသိန် ဂန္ဓာရီခရီး ၁၀ နှစ်ကြာ ထွက်သွားတဲ့သတင်းလဲ တွေ့မိ။ ဘောင်ပြကို ဘိုတုဇစ်ဖြုတ်ပြလိုက်တဲ့ အကွက်။ မဲမဲ မြင် အကုန်ကိုက်မှာနော်ဆိုတဲ့ မက်စိပေးတာ။ ကိုက်ကြပလေ့စေ။ ခဝေးမျိုးတုံးလေ ပွဲသိမ်းမြန်လေပဲ။
C လုတ် နေဗီလာတာ မုတ္တမတွေ ကြံဖန်ဂုဏ်ဆာနေလေရဲ့။ ဟိုကဖြင့် ခေါဘဏီထမိန်အောက်ဝှက်ထားတဲ့ ကျားဖြန့်ခေါင်းတွေ လာဖမ်း တာနေမှာ။ ရန်ကွမ်းမှာ အက်ကောင်တွေပုန်းနေတာ လိပ်စာနဲ့အတိအကျ သာကောကသိဒယ်။ မော့ဆက်တွေ အိုက်ခမန်းကိုဖမ်းသလို မလုပ်ဘူး လို့ မပြောနိုင်။ ကျိရသေးဒါပေါ့။
လောက်ကိုင်လဲ မြို့ထဲဝင် ဆော်နေပတဲ့ အမျိုးတို့။ မင်ဂါချိန် ကျပြီ။ ဆော်သာဆော် အော်တောင်မလွတ်နဲ့။ နောက်ထပ်သူရဘွဲ့ ဘယ်သူ ရမလဲ သိချင်လှဘီ။ သူရဘွဲ့ချီးမြှင့်တယ်ဆိုလို့ ဘာများလဲလို့။ သူ့စခန်း သူများရသွားလို့ သူရဘွဲ့ပေးတာပဲ။ များများ ပေးနိုင်ပါဇီ။
ယွစိတို့ အက်စ်အက်စ် ညီနောင် အပစ်ရပ်တဲ့သတင်းလဲ စောင့်ကြည့်သင့်။ ဘာအထာလဲပေါ့။ ကြောင်ကြာကြာတော့ ရေမငုတ်နိုင်ပါဘူး။ မကြာခင် ဘာလဲဘယ်လဲ သိရမှာပါ။
ကေနုက ပဒိုတောနီး ပြောချက်ကလဲ လန်ထွက်။ ဂျပုကောင် အရှုံးပေး၊ အညံ့ခံ၊ လက်မြောက်ဒူးထောက်မှ စကားပြောမတဲ့။ ဒါဘဲလေ။ အဖက်လုပ်စရာလား။
ယနေ့အတွက် စခဝေးဖတ်စာ-၁၈
********
လအုကိုလဲ ထညက်မသုတ်နဲ့။
ဂျပုကိုလဲ အဖက်မလုပ်နဲ့။
လအုကို ထညက်သုတ်တော့ ပွက်ဆိတ်လာကိုက်လိမ့်မယ်။
ဂျပုကို အဖက်လုပ်တော့ လာဘ်တိတ်ကာခိုက်လိမ့်မယ်။
******
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ကြင်စိုးနိဂုံး ၂၀၂၃ ကဏ္ဍ)
❤ 495👍 366👏 46😁 26🥰 13
" စခဝေးဖတ်စာ-၁၇ "
တချို့(တချို့) ရှစ်ပူးတွေနဲ့ အေဘီဟောင်းတွေ တော်လှန်ရေးအောင်ခါနီးတော့ နေမထိထိုင်မသာ အတော်ဖြစ်နေကြတာ ဖုံးမရဖိမရ။ ဘာနဲ့တူသလဲဆိုတော့ ရှေ့ဖဲဝိုင်းထဲဘောင်မဝင်လို့ နောက်ကခြင်ထောင်ထဲငုတ်တုတ်ထိုင်ပြီး ဟိုဟာပစ်လိုက်လေ၊ ဒီဟာလေး မျှော်ဖဲထားလိုက် လေ၊ ဟိုဖဲကောက်စားလိုက်ပါ့လား၊ ဘာလားညာလားနဲ့ ဖဲမီးလှုံဆြာကြီးလုပ်နေကြတာ ရုပ်ပျက်ဆင်းပျက်။
အက်လောက်တတ်နေရင်လဲ ရှေ့ထွက်လာရိုက်လေလို့ သွားမခေါ်မိလေနဲ့။ သူတို့အလှည့်တုံးက ခွက်ခွက်လန်အောင်ရှုံးထားတာ ပုဆိုးဝတ်စရာတောင်မကျန်တော့လို့ ခြင်ထောင်ထဲကနေ တကောင်မှမထွက်ရဲကြဘူး။ ဒါကြောင့် နောက်ကနေ ဟောင်နေတာပေါ့။
ပိုဆိုးတာက ဒီတော်လှန်ရေးအောင်သွားမှာကို မသိစိတ်ရော၊ သိစိတ်ရောကနေ လက်မခံနိုင် ဖြစ်နေကြတာ။ ဣဿာမစ္ဆရိယ ပေါ့။ သူတို့လို ရှုံးဖော်ရှုံးဖက် မျှော်နေကြတာ။ နွေဦးလဲ ငတို့ ၈၈ တုံးကလို မလွယ်ပါဘူးကွာ။ နောက်ဆုံးတော့ ငတို့လို အရှုံးနဲ့ ဇာတ်သိမ်းရမှာဖဲ။ အက်လို သူတို့အငုံ့စိတ်က ဖြစ်စေချင်နေကြတာ။
ဒင်းတို့တွေကို ကြင်စိုးနဲ့ တန်းတူ ဓမ္မန္တရာယ်တွေလို့ မှတ်ယူရမယ်။ ခေတ်သစ်လူများ အောင်မြင်မှာကို မနာလိုမရှုစိမ့်လွန်းအားကြီးပြီး ကပျက်ယပျက် ဇွတ်လိုက်ဖျက်နေကြသူတွေ။ နွေဦးရဲ့ အမှိုက်သရိုက်တွေ။ လောင်လိုကီးတွေ။
ဒင်းတို့အကြောင်း ထူထူကြီး စာရင်းတို့ထားဖို့လိုတယ်။ တော်လှန်ရေးအောင်အပြီး အထာမထားရမယ့်စာရင်းမှာ ဒင်းတို့တွေလဲ ထိပ်ဆုံးက ပါသနော် အမျိုးတို့။
အက်အချိန်ကလဲ မဝေးတော့ပု မဟုတ်လား။ ခုတော့ လုပ်စရာရှိတာ ဆက်ဝုန်းကြစို့။ 1127 ဖက် အာရုံစိုက်ကြရအောင်။ ဒီစ-စ်က ဗြောင် ကြေညာပြီး တိုက်တဲ့စ-စ်မို့ သတိတချက်လွတ်လို့မရ။
နေ့တိုင်း အဆီတထပ်အသားတထပ် လွေးနေကြဆိုဘေမက် ဒီရက်ပိုင်း အောင်ပွဲသတင်းတွေလဲ လျော့မတွက်ပါနဲ့။ စားမြိန်တဲ့ အောင်ပွဲ တွေ မနည်းလှပါဘူး။ အကိုထွင်းတို့ လေးရပ်ဝတီမှာ စခ အုပ်ချုပ်ရေး လုံးဝရပ်သလောက်ဖြစ်သွားပြီဆိုတဲ့သတင်း။ ကလေးမြို့နယ်-ရန်ကြီးအောင် စခန်းသိမ်းအောင်ပွဲသတင်း။ မဟာဗျူဟာကျတဲ့ ရွှေပြည်အေးမြို့သိမ်း တိုက်ပွဲသတင်းတွေလဲ အဆီနဲ့တဝင်းဝင်းမဟုတ်လား။
တင်နီလာအေးနဲ့ မန်းပီဒီအက်ဖ် တပ်ဖွဲ့တွေ မတ္တရာအထိ စခန်းသိမ်းဆင်နွှဲလာနိုင်ပြီ။ မတ္တရာဆိုတာ ဒို့မန်းလေးမြို့ကြီးရဲ့ ပတ်လည်ပဟိုရ် နီးနီးဆိုမှ နီးနီးလေး။ မြနန္ဒာအေးအောင်တို့ရဲ့ အိမ်အပြန်လမ်းကလဲ ခရီးပေါက်သထက်ပေါက်လာ။ နေစိမ့်သူကြီး SSPP/SSA တောင် နမ့်ခမ်း က ကျားဖြန့်ဝင်စီးပြီးသာကောလက်အပ်။
မဲလုံးတကောင် ပတ်ဟောင်နေတာကြည့်ရင် ဒင်းတို့တွေ ဘယ်လောက် အပူလုံးကြွ ယူကျုံးမရ ရှုံးနေတာ မြင်သာပ။ အကိုထွင်းတို့ကိုတောင် ပွဲလန့်တုံးဖျာခင်းသူတွေလို့ စွတ်စွဲလိုက်သေး။ ပွဲကလန့်ရုံ ဘယ်ဟုတ်မလဲ။ ဒီပွဲက ကြင်စိုးတသိုက် အပြတ်ဖြုတ်ပြီး စိတ်ကြိုက်ပြန်ကမယ့်ပွဲ
ကိုယ့်နေရာ ကိုယ့်ဖျာခင်း အောင်မြေနင်းကြတဲ့ပွဲ။
C-လုတ် နေဗီ ရန်ကွမ်းလာတာလား။ ကျားဖြန့်အကြွေးလာတောင်းတာ နေမပေါ့။ မဟုတ်တော့ရော ဘာဖစ်။ ဘမောတွေ ပဏ္ဏာယူ အာသာဖြေရုံထက် မပို။ လိုနေတာက ငတို့လက်တွေ ခိုင်ခိုင် တွဲ။ ရှေ့ဆက် ချီကြဖို့သာ။ ဆေးပေါင်းခတဲ့ညကစလို့ ခွေးအပေါင်းကြွဖို့သာ။ ကေနုနယ်က ပီဒက်တွေလဲ ဆယ်လ်မွန်ငါးတို့ အိမ်အပြန် ခရီးနှင်နေပြီ။ အိုခီနော်။
ယနေ့အတွက် စခဝေးဖတ်စာ-၁၇
*******
လောင်လိုကီးတို့လဲ ခွင့်မပေးလေနဲ့။
ဗြောင်ဆိုတီးဖို့လဲ တွန့်မနှေးစေနဲ့။
လောင်လိုကီးတို့ကို ခွင့်ပေးရင် လွဲချက်ထွေတတ်တယ်။
ဗြောင်ဆိုတီးဖို့ကို တွန့်နှေးရင် ပွဲဆက်ရှည်တတ်တယ်။
******
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (နပတကောင်းကင်ယံ မရဏမောင်းသံ ပျံလွင့်နေ ကဏ္ဍ)
❤ 523👍 330👏 42🔥 4🥰 2
" စခဝေးဖတ်စာ-၁၆ "
အတည်ပြောမယ်။ ညဆို ကျော်နဲ့ မြတ်နိုးAye နဲ့ တူတူအိပ်ပါတယ်။ သူက သူ့အိပ်ရာမှာအိပ်။ ကျော်က ကျော့်ခုတင်ပေါ် စောင်ခြုံကွေး။ ညတိုင်း အက်လိုပဲ။ သူလဲ ညဆိုအိပ်။ ကျော်လဲ ညဆိုအိပ်တာပဲလေ။ အိပ်တဲ့နေရာ မတူတာလေးတခုပဲ။
ဟော အခု အင်ဒိုဖက်က သတင်းထုတ်တယ်။ နုကြည်, EROsတွေ စခဝေးအဖွဲ့တွေနဲ့ တွေ့သတဲ့။ အင်ဒိုပြောတာ မှားလားဆိုတော့ မမှား။ အက် အဖွဲ့တွေအားလုံးနဲ့ သူတွေ့တယ်။ အတူတူတော့ မဟုတ်။ သီခြားစီတွေ့တယ်။ တဖွဲ့ဘာပြောတာ ကျန်အဖွဲ့က ဘယ်သိမလဲ။ အကုန် မျက်နှာစုံညီတွေ့ပြီး ဆွေးနွေးကြတာမှ မဟုတ်ဘဲ။
အဲဒါကို ကျော်နဲ့ မြတ်နိုးAyeနဲ့ တူတူဖက်အိပ်နေကြဘီလို့ တထစ်ချစွပ်စွဲလို့ ဘယ်ဖြစ်မလဲ။ အားနာစရာကြီး။ ဟုတ်လဲ မဟုတ်ဘဲနဲ့ဗျာ။
မလည်ရှုပ်လုပ်တာက အင်ဒို။ ခမျာ့မလဲ အာဆမ်ချဲလ်လုပ်နေတုံး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးရေး အတိုင်းအတာတခု အောင်မြင်ခဲ့ပါတယ် ပြဖို့လိုတာကိုး။ သူရှေ့က ဂျွမ်းကောင် ဟွန်ဆန်ထက် စွမ်းနိုင်ခဲ့တယ်ပေါ့။ တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ တွေ့နိုင်ခဲ့ပါတယ်ပေါ့။
ဒါပြချင်တာ။ သဟာကြောင့် ခုလို သတင်းထထုတ်တော့ ဖွကောင်တွေအကြိုက်ဖြစ်ရော။
နုကြည်က စခဝေးတွေကို အရေးအရာလုပ်၊ ပရောပရီလုပ်နေပတဲ့။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိလို့ ပြောထားပြီး အပြောတမျိုး အလုပ် တမျိုး စလာဘီ။ ကောင်းကြသေးရဲ့လား။ အမယ်မင်း ဘာဖစ် ညာဖစ်... ဘာပု ညာပု လက်သီးလက်မောင်းတန်း ဒိုက်ဗင်ဆယ်မျိုးလောက် ပြိုင်တူ ဝိုင်းထိုးကုန်ကြလေရဲ့။ အသာလုပ်ကြပါကွယ်ရို့။
အက်လောက် အားလျားနေကြရင် 1127 ဖက် လှည့်ကြပါတော့လား။ တလပြည့် နောက်တဆင့်တက်မတဲ့။ ကြင်စိုးအတွက် မရဏခေါင်း လောင်းသံ။ ပြီးခဲ့တဲ့ ၁ လ နဲ့တင် ခရေက ကြွေလုလု။ နောက်တလှိုင်းဆို နိဋ္ဌိတံ။ အလံဖြူတောင် ထောင်ချိန်ရမယ်မထင်။ မိုင်းကျက် ကို အမဲဝိုင်းဖျက် ချက်ကလဲလက်ကုန်။ ခုတလော စခန်းသိမ်းရင် ဟောင်ဝစ်ဇာက ကြမ်းခင်းစျေး။ မပါမဖြစ်။
Welcome to Chinland ဆိုတာကြီးကလဲ စွန်းမိုက်စ်။ အနဲတို့ကို ကော်ပီပေးချက်က အလွင့်ကြီး။ ဒီကရှေ့လျှောက် နေပူတော်ဝပ်ကျင်းထဲက ကောင်တွေနဲ့ အနဲတို့မဆက်ဆံနဲ့တော့ဆိုတဲ့အထာ။ နယ်စပ်တွေ တခုပြီးတခု ဘိုတုအဖို့ ပြုတ်ပြုတ်ပြုံး။
ဒီကြားထဲ သာကောက နယ်စပ်မှ သွေးပူလေ့ကျင့်ခန်းလုပ်နေလေရဲ့။ ဘာအထာလဲတော့မသိ။ C-လုတ် လူမှုကွန်ယက်မှာ မအလ လေတပ် တည်နေရာနဲ့ အင်အားတွေ ထတင်ထား။ ကြည်တောက်ရှင်း။ ငတို့ဗျင်းဖို့ တမင်လုပ်ပေးထားသလားပဲ။ တွေးမိသလောက် သာကော လိုင်း
ကျသွားပြီထင့်။ ဂျပုကို ဟယ်နင့်သာလူမိုက် ဒုစရိုက်ဆိုပြီး စွန့်ပစ်လိုက်ဟန်ရှိ။
ဂျပုကိုဖြုတ်။ ဘောင်ပြကိုတင်။ ကြားဖြတ်အစိုးရဖွဲ့မို့ ကြံစည်နေသံလဲ ကြား။ ဒမက် ဘောင်ပြများ မအဘူးမှတ်။ လုပ်ချင်ပုလို့ ငြင်းသတဲ့။
အေးလေ။ ဒီအဆင်နဲ့ဒီအဆင် လုပ်စရာလား။ အနေအထိုင်မတတ် သူ့ပါ ရောကြိတ်ခံရမှာ။ ငတို့က ဘာလာလာဒေါင်း။ အကုန် ခဝေးမောင်း သလို ရေနွေးပူနဲ့ဝိုင်းပက်ကြရုံပ။
ဖောင်ပိတ်သတင်း- နုကြည်က စခဝေးတွေနဲ့ တွေ့ဆုံမှုမရှိ/ပြောဆိုမှုမရှိ/ဘာမှမဘာပါဘူးတဲ့ (ကဲ စဆရကများတန်းဖြုတ်လို့ရပါပီ)
ယနေ့အတွက် စခဝေးဖတ်စာ-၁၆
*****
အတုအယောင်လဲ အားမကျလေနဲ့။
ဂျပုတကောင်လဲ အနားမရစေနဲ့။
အတုအယောင် အားကျတော့ မွဲတတ်ပြီး ရှက်ရလိမ့်မယ်။
ဂျပုတကောင် အနားရတော့ ပွဲပြတ်တီး ခက်ကြလိမ့်မယ်။
*****
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (အာရုံများရင် နေ့ဆွမ်းလွတ်တတ်တယ် ကဏ္ဍ)
👍 552❤ 162👏 45🔥 5🥰 1
Photo unavailableShow in Telegram
***
ဥုံ အထက်မှာဒရုန်း
အောက်မှာတုံးလုံး
ပြေးဆြာပြေး သေးဆြာသေး
ဆန့်ကျင်ဘက်
ရန်သူတို့နှင့် ငါတို့
စ-စ်ခဝေးများကြား
မအလပဲ ဗျာများပါဇီ။
****
😁 475👍 172❤ 54🤣 48🔥 2
" စခဝေးဖတ်စာ-၁၅ "
မဆွက ကြမ်းမယ်ရမ်းမယ်အထာနဲ့ အမေဂျမ်းပင့် ကနားပေးသာပဲ။ ကြွလာတာက ဦးရှင်ကြီးဖြစ်ပြီး ကံဆိုးသူ ငပြူဖြစ်။ စနိုက်ပါစာမိ မပြန်လမ်းကြွမြန်းသွားပါရောလား။ ငပြူတွေ ဒီရက်ပိုင်း အတော်ကံဇာတာတက်နေတာ။ တနေ့ကလဲ ငတို့ပီဒက် ၂ ယောက် ဂျိမ်းစ်ဘွန်း အထာနဲ့ အလင်းဝင်ချင်ယောင်ဆောင်။ ပြူခေါင်းဆောင်နဲ့ ချွေရံနောက်ပါတသင်းကို ဗျင်းပြီး မိခင်တပ်ရင်းပြန်လာသတဲ့။ မစ်ရှင် အကွန် ပလစ်ရှ် ဒဘလယ်အိုဆဲဗင်း စတိုင်နဲ့။ စွန်းမိုက်စ်။
ဘုရားသုံးဆူ ဗြူတီပါလာမှာ အေးချမ်းဆိုတဲ့ဘိုမှူး အေးချမ်းသွားတဲ့သတင်းကလဲ ကျွတ်ဆင်။ အလောင်းပြင်တဲ့သူ ရေချိုးပေးရ သက်သာ တာပေါ့။ မသေးခင် အလှတောင် ပြင်သွားပေးသေး။ ဘိုတုဒပဲ့တွေက အက်လို အမြော်အမြင်ကြီးတာ။ ဖြူးမလဲ ယုတ်ဆဲ တသိုက် လူလာ ဖမ်းတာ ငတို့ပီဒက်ကွန်မန်ဒိုလက်ချက်နဲ့ ဒုရဲစုတ် နေဝန်းထွင်း ေသတွင်းဆင်းသွားသတဲ့။
လေးရပ်ဝတီအမျိုးရို့ ဆီမှာလဲ တိုက်-၄… ပြေး-၄၀ တဲ့။ စခန်း ၄ ခု သိမ်းပြလိုက်တာ မတိုက်ရဘဲ စခန်း ၄၀က ထွက်ပြေးသွားကြသတဲ့။ မဲလုံးစကားနဲ့ ပြောရရင် “ဟ” ပေးတဲ့ ဗျူဟာပေါ့။ အကိုထွင်းကတော့ လက်ဝါးပြကာရတဲ့နိုင်ငံတော် ဆိုပြီး မိန့်မိန့်ကြီးပြုံးနေမှာ။ သောက် ခဝေးတွေ ဓါးစာခံလုပ် ဒိုင်းကာထားတဲ့ ရဟန်းရှင်လူ တရာကျော်လည်း အကိုထွင်းတို့ ကယ်ထုတ်ပြ။ ဂါဇာတောင် အဲ့လောက်မစွမ်း။
ဂျပုတော့ ၁၀ ရက်လောက် တွင်းအောင်းနေရာကနေ လူလုံးထွက်ပြချင်ယောင်ဆောင်။ ဆေးရုံပေါ်က တို/ရှည်တွေကို ပြုံးလို့ရွှင်လို့ အားပေးသပေါ့။ ကြားမိ သလောက် အက်ပုံတွေက အဟောင်းတွေတဲ့။ လိမ်စရာမရှိ အောက်မွှေးတောင် ကျစ်ဆံမြီး ထိုင်ကျစ်ဖို့ ဝန်လေးတဲ့ကောင်မှ မဟုတ်ဘဲ။ မထူးဆန်း။
ဒဂယ်က သူကိုယ်တိုင် မိုက်ကနဲ မူးမေ့လဲ အိုင်စီယူထဲ မှာလိုလိုကြား။ ဟုတ်မှာဖဲ။ အသိမ်းခံလိုက်ရတဲ့ စခန်းအရေအတွက်က ဂျပုရဲ့ အပေါ်သွေးပဲလေ။ ညီနောင် ၃ ဖော် စုစုပေါင်းကိုက စခန်းပေါင်း ၂၀၀ ကျော်ဆိုတော့ ဂျပုရဲ့သွေးပေါင်ချိန်လဲ အက်လောက်တော့ အနည်းဆုံးပဲ။
ဒမက် ဂျပုကို တခုတော့ မဖြစ်မနေ ချီးကျူးရမယ်။ ဒိုပင်ရဲစခန်းက သူ့လူတွေကို ပြန်ဗုံးကြဲပစ်တဲ့အကွက်က သူမို့စွမ်းနိုင်တာ။ သူ့လ-က် န-က် ငတို့လ-က် န-က် ဖြစ်အောင် လုပ်ပြတဲ့နေရာမှာလဲ တဖက်ကမ်းခတ် သူထူးချွန်။ ငတို့အတွက် ထောက်ပို့က သူရှိနေလို့သာဖဲ။ နို့မို့ ဒလောက် ဖူလုံမယ်မထင်။
ဆိုက်ဂိတ်ကတောင် ဂျပုကို ခေါင်းကြီးနေရာအစားထိုးဖို့ ကမ်းလှမ်းသင့်တယ်။ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ခြေစွမ်းမှာ ခေါင်းကြီးလောက်တော့ ဂျပုက ပျင်းသနားဒယ်။ *မနု ဖန်တွေအတွက် သတင်းကောင်း** {ဤကားစကားချပ် :-)>}
ဒီအချိန် တလအတွင်း ဂျပု အောင်ဖေဖြစ်/မဖြစ် လောင်းကြေးဖွင့်ရင် ဘွတ်ကီးဒိုင် ဒေဝါလီပဲ။ တလောက သိမ်းဆည်းရမိတဲ့ နှုတ်ခမ်းနီ ရဲ့ manufacturing date ပဲကြည့်လေ။ နိုဝင်ဘာ ၂၀၂၃ တဲ့။ အခုထုတ် အခုရှေ့တန်းပို့နေရဘီ။ မကြာခင် စခဝေးတသိုက် မီးကုန်၊ယမ်းကုန် ခဲယမ်းကုန် စမုံတုံးတော့မယ့် သဘော။ ပေါက်တယ်နော့။
ဖောင်ပိတ်သတင်း- ကျင်စန်းကျော့ ထိလို့ C-လုတ်က နယ်စပ်တကြော တပ်ဖြန့်ထားပတဲ့။ ဟောင်ဝစ်ဇာတွေ အပုံလိုက်။ ဒီတခါ နယ်ကျော်လာလို့ကတော့ ဂျပုတော့ အထုခံရဘီထင့်။ မနေတတ်မထိုင်တတ် ဆန္ဒကလဲ ပြထားသေးတာကိုး။ လှဘီလေ။
စကားမစပ်…….. ဟိုအကောင် ကျက်သဒုံး လေဘဲပုံ လာလာမပြကြပါနဲ့။ သူ့ပုံကြည့်မယ့်အစား ကွကိုယ်ဖြဲကြည့်ကြပါ။ အက်ဒါကမှ ကျက်သရေရှိသေး။ ချစ်ချာ့လေး။ မယုံ လုပ်ကျိ ကြည့်ကျိ ကျ ။ (မျက်စိပြောတာနော်)
အိုခီ။ တော်သေဘီ (ကြင်စိုး)။
ယနေ့အတွက် စခဝေးဖတ်စာ-၁၅
*****
ဂွေးအုလဲ မနွေးစေနဲ့
ခွေးပုလဲ မပြေးစေနဲ့
ဂွေးအုနွေးရင် ချွမ်ပြေးတတ်လို့ နေလို့ခက်မယ်။
ခွေးပုပြေးရင် ရန်ကြွေးဆပ်ဖို့ ကြေဖို့ခက်တယ်။
******
ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (တြုပ်ပြေး ဂျပု၏ လေသင်ဒုန်း ဖြတ်ခဏ်း ကဏ္ဍ)
👍 345❤ 73😁 21👏 5🔥 1
" စ-စ်ခဝေးဖတ်စာ-၁၄ "
ရဲဘော်တို့ ဘယ်သူ့မှတော့ ပြန်မပြောနဲ့။ ဒါဘေမက် မေ့နေအုံးမယ်။
ဂျပုရဲ့လက်ရုံး၊ လ-က်န-က်ပွဲစား တကောင်တော့ မော်စကိုဗီဇာ ငါးလေးလီ ရသွားပတဲ့။ အချင်းချင်းကိုက်ကြတာတဲ့။
ခဝေးကိုခဝေးဆွဲလေချင်းပေါ့။ ဒီဘဲက ကြင်စိုးရဲ့အတွင်းစည်း။ လူရင်းလူယုံ အဝယ်တော်အကြီးစား။ ၂၀၁၇ လောက်ကထဲကဇင်ကြီးတို့ဆီကနေ မနည်းမနော သူပဲဝယ်ပေးနေတာ။ တလောက မြနန္ဒာအေးအောင်တို့ ရလိုက်တဲ့ ယူကရိန်းတင့်ကားဆိုတာဒီသကောင့်သား ဝယ်ပေးထားတာပေါ့။
သူ့ကို ပြီးခဲ့တဲ့နှစ်က အန်ကယ်ဆမ်နဲ့ အီးယူက ဆန်ရှင်ချ။ မခံစားနိုင်။ ပျာယိပျာယာနဲ့ ဇင်ကြီးကို အပူသွားကပ်။ ဆန်ရှင်ကနေ လွတ်အောင်ကူပါကယ်ပါပေါ့။ အက်သတင်း ရုစကီထောက်လှမ်းရေး လက်ထဲရောက်သွားရာကနေ ခုလို နှစ်၂၀၊ ကစ်သဟယ် ဖြစ်ကုန်တာတဲ့။
ဂျပေါင်ကုတော့ လက်ရုံး တဖက်ပြီးတဖက်ပြုတ်။ အောက်မှာလဲ အလံတိုင်တောင် မကျန်တော့။ အခြေအနေ မကောင်းပါဘူးဆိုမှ။ ဒီရက်ပိုင်း ဝပ်ကျင်းမှာလုပ်တဲ့ အစည်းအဝေးအတော်များများလဲ သူမပါ။ သူ့ကိုအောင်ဖေလုပ်ပြီး ဘောင်ပြတို့တသိုက် ကြားဖြတ်အစိုးရဖွဲ့မို့ လိုင်းကျသွားပြီလို့လဲကြားမိ။ ဂျပုနေရာ မြမြလာမယ်လို့လဲ မှန်းနေကြလေရဲ့။ ဘဒူ လာလာ ငတို့အတွက် မထူး။
တိုက်ကြေကို ဖောက်စွပ်၊ ဖြတ်ဆက်၊ အခွံချိန်း၊ အလုံးချိန်း ကြိုက်သလိုသာလုပ်။ အကုန် သံရည်ကျိုစက်ပို့ပစ်မယ်။ လာ… ထားးးးး။
ဒီအဆင်နဲ့ ဒီအဆင် တဆုံးကင်ရုံသာပ။ ဒီရက်ပိုင်း အောက်ချင်းငှက်တို့ ဌာနေမှာလဲ အောင်ပွဲတွေက တပွေ့တပိုက်။ ၁၀၂၇ ကို အမီလိုက် လာချေဘီ။ ငွေတောင်ပြည်မှာလဲ စခန်းတခုပြီးတခုသိမ်း။ မိနန္ဒာအေးအောင်တို့ကတော့ တနေ့ စခန်း ၃ ခုလောက်မှ မသိမ်းရရင် စားဝင် အိပ်ပျော်ဟန်မတူ။ သိမ်းလိုက်တိုင်း ဟောင်ဝစ်ဇာလောက်မှ မရရင် နေ့တွက်ကိုက်တယ် သူတို့မထင်။
လောက်ကိုင် လား။ ခဏစောင့်။ မင်ဂါချိန် ရောက်တာနဲ့ တွယ်ပြမတဲ့။ အိမ်းး ။
ပေါက်တောမှာလဲ အကိုထွင်းတို့ တကျော့ပြန်ထိုးစစ် စတင်နေပြီတဲ့။ ကေနုကလဲ “ဖံ” သိမ်းတော့မလိုလိုကြား။ ချ ချ။ ရှစ်ခွင်တိုင်း အကုန်ဝိုင်းလို့ကင် ဂျပုဖျင်ကို။
ဖမ်းမိတဲ့ လေဘဲကလဲ အကုန်ဖော်သတဲ့။ အသေးစိတ် မသိသေးပေမယ့် ဂျပုတို့အဖို့မတော့ အိပ်မက်ဆိုးတွေပဲဖြစ်မှာ သေချာ။ဒီကြားထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေက ဒီရေအလား တနေ့တခြား ဝင်လာမစဲ တသဲသဲတဲ့။ ကျန်တဲ့သူတွေလဲ ပြူတစ်ပြူတစ်ဆိုပဲ။
ကဲ ဝီဇီကိန်ဂူ-ပျံတော်မူ လို့ ရဘာဘီ။
ယနေ့အတွက် စ-စ်ခဝေးဖတ်စာ-၁၄
*******
ကျူပင်ခုတ်ရင်လဲ ကျူငုတ်မကျန်စေနဲ့
ကြူလင်ပြုတ်ရင်လဲ လူယုတ်မကျန်စေနဲ့
ကျူပင်ခုတ် ကျူငုတ်ကျန်တော့ ပြန်ပွားလိမ့်မယ်။
ကြူလင်ပြုတ် လူယုတ်ကျန်တော့ ရန်များလိမ့်မယ်။
********
ဆို့စ်- ကျူးလိပေါင်သတင်းစဉ် ( ရှစ်ခွင်တိုင်း-အကုန်ဝိုင်းကင် ငကြင့်ဖြစ်အင် ကဏ္ဍ)
👍 563❤ 171👏 51🥰 9🔥 5
Elige un Plan Diferente
Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.