cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Eleven Sports

Mostrar más
Publicaciones publicitarias
18 060
Suscriptores
+724 horas
+1517 días
+82030 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

■ ပီရူးနှင့် အုပ်စုနောက်ဆုံးပွဲတွင် မက်ဆီ ပါဝင်ကစားရန် မသေချာ Read More - - - >>> https://news-eleven.com/article/293150
Mostrar todo...
■ ပီရူးနှင့် အုပ်စုနောက်ဆုံးပွဲတွင် မက်ဆီ ပါဝင်ကစားရန် မသေချာ     

အာဂျင်တီးနားအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ပီရူးနှင့် ယှဉ်ပြိုင်ကစားရမည့် ကိုပါအမေရိက အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ပါဝင်ကစားရန် မသေချာကြောင်း သိရသည်။ အာဂျင်တီးနားအသင်းသည် နှစ်ပွဲကစားအပြီးမှာပင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အုပ်စုနောက်ဆုံးပွဲမှာ အရေးမကြီးတော့သဖြင့် နည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီကို အနားပေးဖွယ်ရှိနေကြောင်း သိရသည်။ အာဂျင်တီးနားနည်းပြ စကာလိုနီသည် အဆိုပါအုပ်စုနောက်ဆုံးပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

👍 3
■ ဗာရန်းကို ခေါ်ယူရန် ကိုမိုအသင်း ဆန္ဒရှိနေ Read More - - - >>> https://news-eleven.com/article/293146
Mostrar todo...
■ ဗာရန်းကို ခေါ်ယူရန် ကိုမိုအသင်း ဆန္ဒရှိနေ

စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းသည် မန်ယူအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့် ပြင်သစ်နောက်ခံလူ ဗာရန်းကို ခေါ်ယူရန် ဆန္ဒရှိနေ ကြောင်း သိရသည်။ ဗာရန်း(၃၁ နှစ်)ကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည့်အနက် ကိုမိုအသင်းကလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ကိုမိုအသင်းသည် စပိန်လက်ရွေးစင်ဟောင်း ဖာဘရီဂတ်စ် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့်အသင်းဖြစ်သည်။

👍 2
■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက် Read More - - - >>> https://news-eleven.com/article/293138
Mostrar todo...
■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ကိုလံဘီယာ - ကော်စတာရီကာ (မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် နံနက် ၄:၃၀ နာရီ) ကော်စတာရီကာအသင်းက အုပ်စုအဖွင့်ပွဲမှာ နာမည်ကြီး ဘရာဇီးလ်အသင်းကို သရေကစားခဲ့တယ်။ ဒါပေမဲ့ ကော် စတာရီကာအဖို့ နှစ်ပွဲဆက်တိုက် ကံကြမ္မာကောင်းရဖို့တော့ ဖြစ်နိုင်ခြေ မရှိလှဘူး။ ဒီပွဲမှာလည်း ကော်စတာရီကာ ဘရာဇီးလ်နဲ့ပွဲလိုပဲ ခံစစ်ကို လုံးလုံးလျားလျား အားပြုကစားပါလိမ့်မယ်။ ကိုလံဘီယာအသင်းမှာ အသင်းခေါင်းဆောင် ဟာမီးစ်ရိုဒရီဂွက်ဇ်က ငယ်မူငယ်သွေးပြပြီး ခြေစွမ်းပြနေတယ်။ ကစားသမားပိုင်းကလည်း အတော်လေးကွာပါတယ်။ ကိုလံဘီယာ ဂိုးပြတ်နိုင်ဖို့များတယ်။

👍 5
■ လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုအပြီးတွင် အဲရစ်တန်ဟက်ဂ်နှင့် မန်ယူအသင်း ထပ်မံသက်တမ်းတိုးသွားမည် Read More - - - >>> https://news-eleven.com/article/293148
Mostrar todo...
■ လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုအပြီးတွင် အဲရစ်တန်ဟက်ဂ်နှင့် မန်ယူအသင်း ထပ်မံသက်တမ်းတိုးသွားမည်     

မန်ချက်စတာယူနိုက်တက်အသင်းသည် လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုကာ ခေါ်ယူရန် ကိစ္စအတွက် အပြီးသတ်ပြီးပါက လက်ရှိအသင်းနည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်နှင့် ထပ်မံသက်တမ်းတိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။      အဲရစ်တန်ဟက်ဂ်သည် မန်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး  ၂၀၂၄-၂၅ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။  အဲရစ်တန်ဟက်ဂ်၏ ရာထူးသက်တမ်းမှာ ပြီးခဲ့သည့် ရာသီက အလှုပ်ခတ်ဆုံး အနေအထား အထိ ရောက်ရှိခဲ့ပြီး ဘောလုံးရာသီတွင်း ရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။ 

👍 6
#EURO2024 ■ ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ESPN ရွေးချယ် Read More - - - >>> https://news-eleven.com/article/293144
Mostrar todo...
■ ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ESPN ရွေးချယ်     

နာမည်ကျော် အမေရိကန်မီဒီယာ ESPN က ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ဂျော်ဂျီယာကစားသမားနှစ်ဦး ပါဝင်ခဲ့ကြောင်း သိရ သည်။      ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီးနောက် ကမ္ဘာတစ်လွှားမှ မီဒီယာအများအပြားက အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ကြရာ ESPN လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

👍 4
■ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာနည်းပြဘဝ ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည် Read More - - - >>> https://news-eleven.com/article/293143
Mostrar todo...
■ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာနည်းပြဘဝ ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည်     

ဘာစီလိုနာအသင်း၏ နည်းပြသစ် ဟန်ဆီဖလစ်ခ်သည် အသင်းသစ်နှင့် ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။  ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ သွားရောက်မညြ်ဖစ်ပြီး Champions Tour 2024 ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။  ဘာစီလိုနာအသင်းသည် အဆိုပါပြိုင်ပွဲတွင် မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်တို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  မန်စီးတီးနှင့်ပွဲကို ဇူလိုင်(၃၀)တွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်၍ နည်းပြသစ် ဟန်ဆီဖလစ်ခ်၏ ပွဲဦးထွက်ဖြစ်လာမည်ဖြစ်သည်။ 

👍 10
■ လူစီဘရွန့်ဇ်နှင့် လမ်းခွဲလိုက်ကြောင်း ဘာစီလိုနာ အတည်ပြု Read More - - - >>> https://news-eleven.com/article/293141
Mostrar todo...
■ လူစီဘရွန့်ဇ်နှင့် လမ်းခွဲလိုက်ကြောင်း ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာအသင်းက အင်္ဂလန်အမျိုးသမီးနောက်ခံလူ လူစီဘရွန့်ဇ်(၃၂ နှစ်)နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ လူစီဘရွန့်ဇ်သည် ၂၀၂၂ ခုနှစ်တွင် မန်စီးတီး နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ဘာစီလိုနာအသင်းသည် ယခုအခါ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့်အတွက် လူစီဘရွန့်ဇ်နှင့် လမ်းခွဲခဲ့ခြင်းလည်းဖြစ်သည်။ ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ဆဲဖြစ်သည့် လူစီဘရွန့်ဇ်ကို ချယ်လ်ဆီးအမျိုးသမီးအသင်းက ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။

👍 4
#EURO2024 ■ ချက်-တူရကီပွဲတွင် အဝါကတ် (၁၆) ကြိမ်၊ အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင် Read More - - - >>> https://news-eleven.com/article/293145
Mostrar todo...
■ ချက်-တူရကီပွဲတွင် အဝါကတ် (၁၆) ကြိမ်၊ အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်     

ဇွန် (၂၆) ရက်က ချက်အသင်းနှင့် တူရကီအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် အဝါကတ် (၁၆) ကြိမ်နှင့် အနီကတ်(၂)ကြိမ် ပြခဲ့ရပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ခဲ့ကြောင်း သိရသည်။      အုပ်စု (F) နောက်ဆုံးပွဲဖြစ်သည့် ယင်းပွဲစဉ်၌ တူရကီအသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင်ရရှိသည့် အနိုင်ဂိုး ကြောင့် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

👍 6😱 2
Photo unavailableShow in Telegram
★ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ရလဒ် မြန်မာ ၁-၅ ဗီယက်နမ် - မြန်မာအသင်းသည် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် အုပ်စုမှ ထွက်ခဲ့ရသည်။ Photo: MFF
Mostrar todo...
👍 11😁 6🥴 3 1
#EURO2024 ■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဟာရီကိန်းနှင့် ဘာပေတို့ အပြိုင်ရေပန်းစားနေ Read More - - - >>> https://news-eleven.com/article/293139
Mostrar todo...
■ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဟာရီကိန်းနှင့် ဘာပေတို့ အပြိုင်ရေပန်းစားနေ     

အင်္ဂလန်အသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ကြောင်း သိရသည်။      အင်္ဂလန်အသင်းသည် ပြိုင်ပွဲမတိုင်မီကတည်းက ရေပန်းအစားဆုံးဖြစ်ခဲ့သော်လည်း အုပ်စုအဆင့်တွင် ခြေစွမ်းမပြ နိုင်ခဲ့သည့်အတွက် ရေပန်းစားမှု လျော့ကျခဲ့ရသည်။  သို့သော် အုပ်စုပွဲစဉ်များအပြီးတွင် ပွဲစဉ်လမ်းကြောင်း ချောင်သွားသည့်အတွက် အင်္ဂလန်အသင်းအနေဖြင့် ရေပန်းအစားဆုံးပြန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

🥴 9👍 4😁 2
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.