es
Feedback
ဘောကြိုက်

ဘောကြိုက်

Ir al canal en Telegram
1 291
Suscriptores
-224 horas
+107 días
+2830 días
Archivo de publicaciones
စပိန်အသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားပြီဖြစ်ပါတယ်။ 🇪🇸🏆 ဒါဟာ ရိုးရိုးတန်းတန်း နိုင်ပွဲတစ်ခုတင် မဟုတ်ပါဘူး။ တစ်ဖက
စပိန်အသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားပြီဖြစ်ပါတယ်။ 🇪🇸🏆 ဒါဟာ ရိုးရိုးတန်းတန်း နိုင်ပွဲတစ်ခုတင် မဟုတ်ပါဘူး။ တစ်ဖက်သတ် အပြတ်အသတ် ခြေစွမ်းပြသွားတဲ့ Masterclass ပွဲစဉ်တစ်ပွဲပါ။ ပွဲစကတည်းက ပွဲပြီး whistle မှုတ်တဲ့အထိ စပိန်က ပြင်သစ်ကို အဖက်ဖက်က အသာစီးရယူပြီး အဆင့်အတန်းချင်း ကွာခြားအောင် ကစားပြသွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ထားတဲ့ ပြင်သစ်ရဲ့ တိုက်စစ်ကို လုံးဝအသံတိတ်သွားစေခဲ့သလို၊ ကွင်းရဲ့ နေရာစုံကို စိုးမိုးထားပြီး တစ်ပွဲလုံးမှာ အမြန်စား ခြေစွမ်းတွေကို တစ်ောက်လျှောက် ပြသသွားခဲ့ပါတယ်။ ဒီညပွဲမတိုင်ခင်က ပြင်သစ်အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် လူအများစုက မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမဲ့ စပိန်အသင်းက သူတို့ဟာ ဘာကြောင့် လက်ရှိ ဥရောပချန်ပီယံ ဖြစ်နေရတာလဲဆိုတာကို လူတိုင်းသိအောင် ကောင်းကောင်းကြီး သက်သေပြလိုက်ပါတယ်။ လာမယ့် ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ပဲ တွေ့ရပါစေ၊ အခုဆိုရင် စပိန်အသင်းက ကမ္ဘာ့ချန်ပီယံသစ် ဖြစ်လာဖို့အတွက် အလားအလာအကောင်းဆုံး အသင်းအဖြစ် ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ 🌍👑

💬 လာမင်း ယာမားလ်: "ကျွန်တော့်ရဲ့ ပြောကြားချက်တွေကို လူတွေအထင်လွဲသွားကြတာလား? မဟုတ်ပါဘူး၊ အထင်လွဲစရာ မရှိပါဘူး။ ကျွန်တော့်ကို
💬 လာမင်း ယာမားလ်: "ကျွန်တော့်ရဲ့ ပြောကြားချက်တွေကို လူတွေအထင်လွဲသွားကြတာလား? မဟုတ်ပါဘူး၊ အထင်လွဲစရာ မရှိပါဘူး။ ကျွန်တော့်ကို ပြင်သစ်အသင်းကို ကြောက်သလားလို့ မေးကြလို့ ကျွန်တော်က မကြောက်ဘူးလို့ပဲ ဖြေခဲ့တာပါ။ ဒါကလည်း ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ဥရောပချန်ပီယံတွေဖြစ်ပြီး ဘယ်ပွဲစဉ်ကိုမှ ကြောက်ရွံ့နေစရာ မလိုပါဘူး။" လာမင်း ယာမားလ်ဟာ သူပြောခဲ့တဲ့စကားတွေကို တစ်လုံးမှ ပြန်မပြင်ခဲ့ပါဘူး။ ဒါတင်မကသေးဘဲ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ ရင်ဆိုင်ရမယ့်အပေါ် ဘာကြောက်ရွံ့မှုမှ မရှိဘူးဆိုတာကိုပါ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းဟာ တကယ့်အသင်းကောင်းတစ်သင်းဆိုတာ သူသိပေမဲ့ ဥရောပချန်ပီယံတွေအတွက်တော့ ဘယ်လိုစိန်ခေါ်မှုမျိုးကမှ ကြောက်လန့်စရာ မဟုတ်ပါဘူး။ ရွေးချယ်ခံရသူတစ်ဦးရဲ့ စိတ်ဓာတ်ခိုင်မာမှုမျိုးပါပဲ။

‼️ ကျွန်တော်တို့အားလုံးဟာ ဘောလုံးလောကရဲ့ သမိုင်းဝင်အခိုက်အတန့်ကြီးတစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်!! ✅ အာဂျင်တီးနားရဲ့ စတု
‼️ ကျွန်တော်တို့အားလုံးဟာ ဘောလုံးလောကရဲ့ သမိုင်းဝင်အခိုက်အတန့်ကြီးတစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်!! ✅ အာဂျင်တီးနားရဲ့ စတုတ္ထမြောက် ကမ္ဘာ့ဖလားအိပ်မက်။ ✅ ပြင်သစ်ရဲ့ တတိယမြောက် ကမ္ဘာ့ဖလားအိပ်မက်။ ✅ စပိန်ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားအိပ်မက်။ ✅ အင်္ဂလန်ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားအိပ်မက်။ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဘဝ ဖြတ်သန်းမှုကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဗိုလ်စွဲမယ့်အရေး။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ ဧကရာဇ်အဖြစ် သက်သေပြဖို့ ကီလီယန် အမ်ဘာပေရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားအိပ်မက်။ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ပြီး Ballon d'Or ကို သေချာပေါက် သိမ်းပိုက်မယ့် ဟာရီကိန်း။ ဒါမှမဟုတ် ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ သူ့ရဲ့ခေတ်ကို တရားဝင်စတင်ဖို့ ကမ္ဘာ့ဖလားကို ဆွတ်ခူးမယ့် လာမင်း ယာမားလ်။ ဘာပဲဖြစ်လာဖြစ်လာ၊ ဒါဟာ သမိုင်းတွင်မယ့် ဖြစ်ရပ်တစ်ခု ဖြစ်နေမှာပါ။

‼️ နော်ဝေနိုင်ငံလက်ရွေးစင်အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားခရီးစဉ်ကို အောင်မြင်စွာဖြတ်သန်းပြီးနောက်
‼️ နော်ဝေနိုင်ငံလက်ရွေးစင်အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားခရီးစဉ်ကို အောင်မြင်စွာဖြတ်သန်းပြီးနောက် အမိမြေသို့ ပြန်လည်ရောက်ရှိလို့နေပါပြီ။ တစ်နိုင်ငံလုံးကို အိပ်မက်တွေမက်စေခဲ့တဲ့ သူရဲကောင်းအသင်းသားတွေကို ကြိုဆိုဖို့အတွက် ပရိသတ်ပေါင်း ၉၀,၀၀၀ ကျော်ဟာ တော်ဝင်နန်းတော် (Palacio Real) ရှေ့မှာ စုဝေးခဲ့ကြပါတယ်။ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ပရိသတ်တွေနဲ့အတူ အိမ်ရှေ့မင်းသား ဟာကွန် (Haakon) ကိုယ်တိုင်ပါဝင်ပြီး နော်ဝေလူမျိုးတို့ရဲ့ ရင်ထဲမှာ ထာဝရအမှတ်ရနေစေမယ့် ရိုးရာ ဗိုက်ကင်းလှေလှော်ခြင်း အောင်ပွဲခံမှုကို အတူတကွ ဖော်ဆောင်ခဲ့ကြပါတယ်။ ဒါဟာ ဘောလုံးပွဲတစ်ခုထက်မက ပိုမိုနက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိပါတယ်။ နှစ်ပေါင်း ၂၈ နှစ်ကြာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ပြီးနောက် နော်ဝေအသင်းဟာ သမိုင်းသစ်ရေးထိုးဖို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ကာ၊ ဘရာဇီးအသင်းကို ပြုတ်ကျအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ လေးစားမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာလင်း ဟာလန်းပြောခဲ့သလိုပါပဲ — "ကျွန်တော်တို့ နော်ဝေကို ကမ္ဘာ့မြေပုံပေါ် ရောက်အောင် ပြန်တင်ပေးနိုင်ခဲ့ပြီ။" သူတို့ ကမ္ဘာ့ဖလားဖလားကြီးကို မကိုင်မြှောက်နိုင်ခဲ့ပေမဲ့ ဘယ်သူမှ လုယူလို့မရမယ့်အရာတစ်ခုကိုတော့ ရရှိပိုင်ဆိုင်သွားခဲ့ပါပြီ။ အဲဒါကတော့ သန်းပေါင်းများစွာသော လူတွေရဲ့ အားကျလေးစားမှုပဲ ဖြစ်ပါတယ်။

‼️ ဟာလန်းကတော့ တကယ့်ကို အူကြောင်ကြောင်နဲ့ ချစ်ဖို့ကောင်းတဲ့ လူကြီးပါ။ မကြာသေးခင်က ကမ္ဘာ့ဖလားပွဲတွေပြီးလို့ နော်ဝေးကို ပြန်ရော
‼️ ဟာလန်းကတော့ တကယ့်ကို အူကြောင်ကြောင်နဲ့ ချစ်ဖို့ကောင်းတဲ့ လူကြီးပါ။ မကြာသေးခင်က ကမ္ဘာ့ဖလားပွဲတွေပြီးလို့ နော်ဝေးကို ပြန်ရောက်လာတဲ့ ဟာလန်းတစ်ယောက် လေဆိပ်မှာ ရက်ကွန်းအရုပ်ကြီးကို ဖက်ပြီး ဆင်းလာတာ အားလုံးအမြင်ပါပဲ။ တကယ်တော့ ဒီကောင်လေးနဲါက ဇာတ်လမ်းရှိပါတယ်။ ဟာလန်း အမေရိကန်ကို ရောက်ခါစ ဟိုတယ်အခန်းထဲက အပြင်အဆင်တွေကို ဗီဒီယိုရိုက်ပြတုန်းက ဒီရက်ကွန်းရုပ်ကြီးက အခန်းထဲမှာ အလှပြထားတာပါ။ စဉ်းစားသာကြည့်တော့... သူက သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲမှာတင် ၇ ဂိုးတောင် သွင်းပြီး နော်ဝေးအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အထိ ပို့ပေးထားတဲ့သူ။ တစ်ကမ္ဘာလုံးက ဝိုင်းချစ်နေရတဲ့အပြင် ပိုက်ဆံဆိုတာလည်း လျှံပယ်နေတာပဲ။ ဘဝက အားလုံးပြည့်စုံနေတဲ့ Super Star ကြီးပါ။ ဒါပေမဲ့ တွေးကြည့်ရင် ရယ်ချင်စရာကြီးပါပဲ၊ ဒီလောက် ကမ္ဘာကျော်တဲ့သူက ဟိုတယ်အခန်းထဲက အလှစိုက် ရက်ကွန်းရုပ်ကြီးကို သဘောကျလို့ဆိုပြီး နော်ဝေးအထိ အသည်းအသန် သယ်လာတာ။ သူ့ကို မေးတော့လည်း အဲဒီကောင်လေးက ကျွန်တော့်နောက်ကို အိမ်အထိ လိုက်လာတာတဲ့။ သူ့ရဲ့ ဒီလို ဖြူစင်ပြီး ကလေးဆန်တဲ့ အပြုအမူလေးတွေကို မြင်ရင် ဘယ်လိုမှ မချစ်ဘဲ မနေနိုင်တော့ပါဘူး။

🔴 ကမ္ဘာ့ဖလားပြိုင်ပွဲက အာဂျင်တီးနားနဲ့ ဆွတ်ဇာလန်တို့ပွဲစဉ်အပြီးမှာ... ဆွတ်ဇာလန်ကစားသမား Johan Manzambi ဟာ မက်ဆီရဲ့ ဂျာစီအင်္
🔴 ကမ္ဘာ့ဖလားပြိုင်ပွဲက အာဂျင်တီးနားနဲ့ ဆွတ်ဇာလန်တို့ပွဲစဉ်အပြီးမှာ... ဆွတ်ဇာလန်ကစားသမား Johan Manzambi ဟာ မက်ဆီရဲ့ ဂျာစီအင်္ကျီကို လက်ထဲမှာ ကိုင်ပြီး ကွင်းထဲကနေ ပြုံးပြုံးကြီး ထွက်ခွာလာခဲ့ပါတယ်။ သူ အမြတ်တနိုး အားကျရတဲ့ အိုင်ဒေါကြီးရဲ့ ဂျာစီကို ရလိုက်တာကြောင့် Manzambi တစ်ယောက် တစ်ပြုံးပြုံး ဖြစ်နေခဲ့တာပါ။ သူ့အသင်း ကမ္ဘာ့ဖလားကနေ ထွက်လိုက်ရပေမဲ့၊ ဒဏ်ရာကြောင့် သူ့နိုင်ငံအတွက် အရေးအကြီးဆုံးပွဲစဉ်ကို မကစားပေးနိုင်ခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ သူဟာ မျက်နှာထက်က အပြုံးတွေနဲ့ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါကို အပြင်မှာကျ မက်ဆီကို ဘယ်သူမှ မချစ်ကြပါဘူးလို့ ပြောနေတဲ့လူတွေကို အံ့ဩလို့မဆုံးဘူးဗျာ။ ဒါဟာ ဒီကမ္ဘာ့ဖလားရဲ့ အလှပဆုံး ပုံရိပ်လွှာတစ်ခုပါပဲ။ ခင်ဗျားသာ ဘောလုံးပွဲကို တကယ်ချစ်တဲ့သူဆိုရင် မက်ဆီကိုလည်း မချစ်ဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ ⚽❤️

➤ ၂၀၂၄ မှာတုန်းက ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို နိုင်ခဲ့တယ်။ ➤ ၂၀၂၄ မှာပဲ အိုလံပစ်ပြိုင်ပွဲရဲ
➤ ၂၀၂၄ မှာတုန်းက ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို နိုင်ခဲ့တယ်။ ➤ ၂၀၂၄ မှာပဲ အိုလံပစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာလည်း စပိန်အသင်းက ပြင်သစ်အသင်းကို ထပ်နိုင်ခဲ့ပြန်တယ်။ ➤ ၂၀၂၅ ရောက်တော့ နေးရှင်းလိဂ် (Nations League) ဆီမီးဖိုင်နယ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို ထပ်ပြီး အနိုင်ယူခဲ့တယ်။ ➤ အခု အခု ၂၀၂၆ မှာတော့... ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်မှာ စပိန်နဲ့ ပြင်သစ်တို့ ထပ်မံထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းအနေနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးမှာ ကလဲ့စားချေ ခြေပနိုင်မလား... ဒါမှမဟုတ် စပိန်အသင်းကပဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြိုင်ပွဲကြီး ၄ ခုစလုံးမှာ ပြင်သစ်ကို အပြတ်အသတ်အနိုင်ယူပြီး မကြုံစဖူး ထိပ်တန်းအဆင့် သာလွန်မှုကို ထပ်မံသက်သေပြသွားမလား... တကယ့်ကို ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ပွဲကောင်းကြီးတစ်ပွဲ ဖြစ်လာတော့မှာပါ။

🇨🇭 လူသတိမထားမိဘဲ ကျန်ရစ်ခဲ့နိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှုတ်ဆက်ထွက်ခွာမှုတစ်ခု Xherdan Shaqiri၊ Yann Sommer၊ Stephan Li
🇨🇭 လူသတိမထားမိဘဲ ကျန်ရစ်ခဲ့နိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှုတ်ဆက်ထွက်ခွာမှုတစ်ခု Xherdan Shaqiri၊ Yann Sommer၊ Stephan Lichtsteiner၊ Fabian Schär တို့နဲ့အတူ တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆွတ်ဇာလန်ရဲ့ ရွှေရောင်မျိုးဆက်ထဲက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်သူ Granit Xhaka ... သူ့ရဲ့ စတုတ္ထမြောက် ကမ္ဘာ့ဖလား ဖြတ်သန်းမှုမှာတော့ ချာကာတစ်ယောက် သူ့ရဲ့ ကစားသမားသက်တမ်းတစ်လျှောက် အဝေးဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားဆိုရင်တော့ သူဟာ အသက် ၃၈ နှစ် ရှိနေပြီဖြစ်တာမို့ အခုပြိုင်ပွဲဟာ ကမ္ဘာ့ဖလားဇာတ်ခုံပေါ်မှာ သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့လိုက်ရတာလည်း ဖြစ်သွားနိုင်ပါတယ်။

💬 အာလင်ဟာလန်း "ဒီပြိုင်ပွဲအပြီးမှာတော့ ကျွန်တော်တို့ နော်ဝေနိုင်ငံကို ကမ္ဘာ့မြေပုံပေါ် ရောက်အောင် (လူတွေသတိထားမိအောင်) ဆွဲတင
💬 အာလင်ဟာလန်း "ဒီပြိုင်ပွဲအပြီးမှာတော့ ကျွန်တော်တို့ နော်ဝေနိုင်ငံကို ကမ္ဘာ့မြေပုံပေါ် ရောက်အောင် (လူတွေသတိထားမိအောင်) ဆွဲတင်နိုင်ခဲ့ပြီလို့ ပြောရမှာပါပဲ။ အခုချိန်ကစပြီး ဒီစံနှုန်းတွေကို ဆက်ထိန်းထားဖို့ပဲ လိုပါတော့တယ်။ ကျွန်တော် တကယ့်ကို အတိုင်းအထက်အလွန် ဂုဏ်ယူမိပါတယ်။ ကမ္ဘာ့အကောင်းဆုံး အသင်းကြီးတွေထဲကတစ်ခုဖြစ်တဲ့ ဘရာဇီးလ်ကိုတောင် အနိုင်ယူဖို့ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပြီလေ။ နောက်ဆုံးမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ရပေမဲ့ သူတို့တွေကို အတော်လေး ရုန်းကန်ရအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ တကယ်လို့ အခြေအနေသာ နည်းနည်းလေး ပြောင်းလဲသွားခဲ့ရင် ရလဒ်က တစ်မျိုး ဖြစ်သွားနိုင်တာပေါ့။ ကျွန်တော်တို့ရှေ့မှာ ကမ္ဘာ့ဖလားတွေ၊ ယူရိုပြိုင်ပွဲတွေ အများကြီး လာဦးမှာပါ။ အခုအချိန်ဟာ ကျွန်တော်တို့အသင်း အခြေခိုင်အောင် တကယ်လုပ်ရမယ့် အချိန်ဖြစ်ပြီး လက်ရှိမှာလည်း ကျွန်တော်တို့ဆီမှာ တကယ့်ကို အလားအလာရှိတဲ့ မျိုးဆက်သစ် ကစားသမားကောင်းတွေ ရှိနေပါတယ်။"

💬 ဂရန်နစ်ရှာကာ "အီဂျစ်နဲ့ ကိပ်ဗာဒီပွဲတွေတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရက်သားနဲ့ ခင်ဗျားတို့က ကျွန်တော့်ကို တကယ်ကြီး ထပ်ရှင်းပ
💬 ဂရန်နစ်ရှာကာ "အီဂျစ်နဲ့ ကိပ်ဗာဒီပွဲတွေတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရက်သားနဲ့ ခင်ဗျားတို့က ကျွန်တော့်ကို တကယ်ကြီး ထပ်ရှင်းပြစေချင်သေးတာလား? ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝ သက်တမ်းတစ်လျှောက်လုံးမှာ ဒိုင်ဗင်ပစ် (Simulation) တာကို စစ်ဆေးပြီး ကစားသမားတစ်ယောက်ကို ဒုတိယအဝါကတ် (အနီကတ်) ပြဖို့အတွက် VAR က ကြားဖြတ်ဝင်လာတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒါပေမဲ့ ပွဲတစ်ပွဲလုံး အာဂျင်တီးနားကစားသမားတွေ ကျွန်တော်တို့ကို တောက်လျှောက် Foul လိုက်လုပ်နေတုန်းကကျတော့ အဲဒီ VAR ကပဲ ဝင်မလာခဲ့ဘူးလေ။"

၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းဘက်ကပဲ အကုန်အကျိုးအမြတ်ရသွားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အဓိကအငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကိ
၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းဘက်ကပဲ အကုန်အကျိုးအမြတ်ရသွားခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ အဓိကအငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကိုကြည့်ရတာ ကာတာကမ္ဘာ့ဖလားတုန်းကထက်တောင် ပိုပြီး အခြေအနေဆိုးနေသလိုပါပဲ။ 🇩🇿 အယ်လ်ဂျီးရီးယားပွဲ: မက်ဆီက အိုက်ဆာ မန်ဒီကို ခြေထောက်နဲ့ နင်းမိခဲ့ပေမဲ့ ကတ်လည်းမပြသလို VAR လည်း ဝင်မကြည့်ခဲ့ပါဘူး။ 🇦🇹 သြစတြီးယားပွဲ: မက်ဆီ ဂိုးမသွင်းခင်မှာ မက် အယ်လစ်စတာက ရှလာဂါကို Foul လုပ်ခဲ့ပုံပေါ်လို့ သြစတြီးယားအသင်းက ကန့်ကွက်ခဲ့ပေမဲ့ VAR က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ 🇨🇻 ကိပ်ဗာဒီပွဲ: အာဂျင်တီးနားရဲ့ ဒုတိယဂိုး မရခင်အဆင့်မှာ တဂ်လီယာဖီကိုရဲ့ ဖျက်ထုတ်ပုံက ပြစ်ဒဏ်ဘောဖြစ်လို့ အယူခံဝင်ခဲ့ကြပေမဲ့ VAR က ပြန်လည်စစ်ဆေးခြင်း မရှိခဲ့ပါဘူး။ 🇪🇬 အီဂျစ်ပွဲ: အီဂျစ်အသင်း သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးဟာ ဂိုးပေါက်နဲ့ မီတာ ၈၀ ကျော်အကွာ ဘောလုံးစတင်တည်ကတည်းက Foul ဖြစ်ခဲ့တယ်ဆိုပြီး ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ 🇪🇬 အီဂျစ်ပွဲ (နောက်ထပ်တစ်ခု): အာဂျင်တီးနားအသင်း ပွဲသိမ်းဂိုး မသွင်းခင်လေးမှာ အီဂျစ်အသင်းက ပင်နယ်တီရဖို့ အယူခံဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပွဲက ဆက်သွားခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာပဲ အာဂျင်တီးနားက ဂိုးသွင်းသွားခဲ့ပါတယ်။ 🇨🇭 ဆွစ်ဇာလန်ပွဲ: ကွင်းလယ်နားမှာ ဒိုင်ဗင်ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် VAR က ဝင်ရောက်စွက်ဖက်ပြီးနောက် အမ်ဘိုလိုဟာ အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ပရိသတ်တွေ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံး VAR ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုတည်းဆိုရင်တော့ တိုက်ဆိုင်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပွဲစဉ်တိုင်းလိုလိုမှာ အသင်းတစ်သင်းတည်းကပဲ ဒီလိုအကျိုးအမြတ်တွေ ဆက်တိုက်ရနေမယ်ဆိုရင်တော့ လူတွေအနေနဲ့ သံသယဝင်ပြီး မေးခွန်းထုတ်ကြမှာကတော့ သဘာဝပါပဲ။

FIFA ရဲ့ ကိုယ်ပိုင်စည်းမျဉ်းစာအုပ်ထဲမှာကို အတိအလင်းပြဌာန်းထားတာပါ။ ပြိုင်ဘက်ကစားသမားက ဒိုင်ဗင်ပစ်လို့ ကတ်ပြားပြတဲ့နေရာမှာ လူမ
+1
FIFA ရဲ့ ကိုယ်ပိုင်စည်းမျဉ်းစာအုပ်ထဲမှာကို အတိအလင်းပြဌာန်းထားတာပါ။ ပြိုင်ဘက်ကစားသမားက ဒိုင်ဗင်ပစ်လို့ ကတ်ပြားပြတဲ့နေရာမှာ လူမှားပြီး ပြမိတာမျိုးဆိုရင် VAR အနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ ဒီတော့ တကယ်ဆိုရင် ဒီဖြစ်ရပ်ဟာ VAR ပြန်ကြည့်ဖို့ လုံးဝမလိုသလို၊ အမ်ဘိုလိုလည်း အနီကတ်နဲ့ အထုတ်ခံရဖို့ လုံးဝမထိုက်တန်ပါဘူး! ❌🟥 ဗာဂျင်တီးနားတို့ကတော့ ထပ်လုပ်လိုက်ပြန်ပါပြီ...

‼️ နော်ဝေအသင်း အင်္ဂလန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲသိမ်းခရာသံအပြီးမှာပဲ အာလင်း ဟာလန်းတစ်ယောက် ဂျုဒ် ဘယ်
‼️ နော်ဝေအသင်း အင်္ဂလန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပွဲသိမ်းခရာသံအပြီးမှာပဲ အာလင်း ဟာလန်းတစ်ယောက် ဂျုဒ် ဘယ်လင်ဟမ်ကို သွားရောက်ဂုဏ်ပြုဖို့ အချိန်ပေးခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်က နော်ဝေအသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တဲ့ သွင်းဂိုး (၂) ဂိုးစလုံးကို သွင်းယူခဲ့တာ ဖြစ်ပေမဲ့လည်း၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ခဏတာ မေ့ဖျောက်ပြီး သူ့ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ သမိုင်းဝင်ခြေစွမ်းပြမှုကို အသိအမှတ်ပြု ပွေ့ဖက်ဂုဏ်ပြုခဲ့တာပါ။ တကယ်ကို လေးစားဖို့ကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ပါပဲ။ နိုင်ပွဲရချိန်မှာတင် ကြီးကျယ်ခမ်းနားတာမဟုတ်ဘဲ ရှုံးနိမ့်ချိန်မှာ ပိုလို့တောင် ကြီးမြတ်ကြောင်း ပြသခဲ့ပါတယ်။ အကယ်၍ သင် ရှုံးနိမ့်ရမယ်ဆိုရင်တောင် အာလင်း ဟာလန်းလို ဂုဏ်သိက္ခာရှိရှိ၊ နှိမ့်ချမှုအပြည့်နဲ့ လူကြီးလူကောင်းပီပီသသပဲ ရှုံးနိမ့်လိုက်ပါ။ ❤️

💬 လီယွန်နယ်မက်ဆီ “ဒါဟာ ကျွန်တော့်အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်လာတော့မှာပါ။ အင်္ဂလန်နဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ
💬 လီယွန်နယ်မက်ဆီ “ဒါဟာ ကျွန်တော့်အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်လာတော့မှာပါ။ အင်္ဂလန်နဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကျွန်တော်ရော ကျွန်တော့်အသင်းပါ ရှိသမျှ ခွန်အားအားလုံးကို ပုံအောပြီး ကစားသွားမှာ ဖြစ်ပါတယ်။ ဘာတစ်ခုမှ ချန်မထားခဲ့ဘဲ ဒီပွဲကို နိုင်ဖို့အတွက်ဆိုရင် အရာအားလုံးကို စွန့်စားသွားဖို့အထိ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။”

‼️ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် FIFA အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်းကြီး (၄) သင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရေ
‼️ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် FIFA အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်းကြီး (၄) သင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ 🇫🇷 ပြင်သစ် (၁) vs စပိန် (၃) 🇪🇸 🇦🇷 အာဂျင်တီးနား (၂) vs အင်္ဂလန် (၄) 🏴󠁧󠁢󠁥󠁮󠁧󠁿 အရည်အချင်းရှိတဲ့သူတွေကတော့ အမြဲတမ်း ထိပ်ဆုံးကို ရောက်လာစမြဲပါပဲ။🔝

‼️ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွဲဆိုင်းများ ပြင်သစ် Vs စပိန် အင်္ဂလန် Vs အာဂျင်တီးနား ဘယ်အသင်းတွေက ဗိုလ်လုပွဲကို တက်လှမ်းသွားမလဲ
‼️ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွဲဆိုင်းများ ပြင်သစ် Vs စပိန် အင်္ဂလန် Vs အာဂျင်တီးနား ဘယ်အသင်းတွေက ဗိုလ်လုပွဲကို တက်လှမ်းသွားမလဲ?

‼️အမ်ဘိုလိုကို ဟန်ဆောင်လှဲချလို့ဆိုပြီး ၂ ဝါ ၁ နီဖြင့်ထုတ်ပယ်
‼️အမ်ဘိုလိုကို ဟန်ဆောင်လှဲချလို့ဆိုပြီး ၂ ဝါ ၁ နီဖြင့်ထုတ်ပယ်

ဟာလန်း အရှိန်အဝါက ကိုလံဘီယာအထိပါ ကူးစက်သွားပါပြီ။ 🇨🇴🤯 ကိုလံဘီယာနိုင်ငံ၊ အယ်လ်ကာမင်ဒီဘိုလီဗာ (El Carmen de Bolívar) မှာ မွေ
ဟာလန်း အရှိန်အဝါက ကိုလံဘီယာအထိပါ ကူးစက်သွားပါပြီ။ 🇨🇴🤯 ကိုလံဘီယာနိုင်ငံ၊ အယ်လ်ကာမင်ဒီဘိုလီဗာ (El Carmen de Bolívar) မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးကို ဒီကမ္ဘာ့ဖလားရဲ့ အတောက်ပဆုံးကြယ်ပွင့်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အားလင်း ဟာလန်း အာရီယေတာ အက်စ်ထရာဒါ (Erling Haaland Arrieta Estrada) လို့ အမည်ပေးပြီး အိမ်ထောင်စုစာရင်းမှာ နာမည်သွင်းလိုက်ပါတယ်။ ကိုလံဘီယာအသင်းအတွက်တော့ ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ တိုက်စစ်မှူးတွေ သိပ်ကို လိုအပ်နေတာမို့... ဒီကလေးငယ်လေးဟာ ကိုလံဘီယာရဲ့ ဂိုးသွင်းဘုရင်အသစ်စက်စက် ဖြစ်လာမယ့် လမ်းစလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပါပဲ။ 🇨🇴⚽

‼️ အာလင်း ဟာလန်းကတော့ အင်္ဂလန်မှာ မွေးဖွားခဲ့ပြီး သူ့ဘဝရဲ့ ပထမဆုံးနှစ်အနည်းငယ်ကို အဲဒီမှာပဲ ဖြတ်သန်းခဲ့တာပါ။ တကယ်လို့သာ သူရွေ
‼️ အာလင်း ဟာလန်းကတော့ အင်္ဂလန်မှာ မွေးဖွားခဲ့ပြီး သူ့ဘဝရဲ့ ပထမဆုံးနှစ်အနည်းငယ်ကို အဲဒီမှာပဲ ဖြတ်သန်းခဲ့တာပါ။ တကယ်လို့သာ သူရွေးချယ်ခဲ့ရင် အခုအချိန်မှာ ဆုဖလားတွေရဖို့ အခွင့်အရေး ပိုများတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားနေလောက်ပါပြီ။ ဒါပေမဲ့ သူကတော့ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ ထည့်မတွေးခဲ့ပါဘူး။ မွေးရာဇာတိအရ အင်္ဂလိပ်လူမျိုး ဖြစ်နေပေမဲ့ နော်ဝေနိုင်ငံမှာပဲ ကြီးပြင်း၊ ပညာသင်ပြီး အရွယ်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း နော်ဝေနိုင်ငံသားတစ်ယောက်လို့ပဲ အမြဲခံယူထားခဲ့တာမို့ နိုင်ငံတကာ ဘောလုံးစင်မြင့်ထက်မှာ Viking တို့ရဲ့နိုင်ငံကို ကိုယ်စားပြုဖို့ သူ ဘယ်တုန်းကမှ မဝေခွဲခဲ့ပါဘူး။ "ကျွန်တော် အင်္ဂလန်အသင်းမှာ ကစားခွင့်ရနိုင်ခဲ့လားဆိုတော့ ရနိုင်တာပေါ့၊ အဲဒီမှာ ၃ နှစ်၊ ၄ နှစ်လောက် နေခဲ့တာကိုး။ ဒါပေမဲ့ နော်ဝေမှာ နေခဲ့တဲ့သက်တမ်းက ပိုကြာတာမို့ နော်ဝေကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်က သဘာဝအတိုင်းပဲ ဖြစ်လာခဲ့တာပါ။ တကယ်လို့သာ ကျွန်တော့်အဖေက အင်္ဂလန်မှာ အကြာကြီး ဆက်ကစားခဲ့ရင် အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ မပြောနိုင်ပေမဲ့ အခုတော့ ကျွန်တော်ဟာ နော်ဝေနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဒါကိုလည်း အရမ်းဂုဏ်ယူပါတယ်။" သူ ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာတဲ့အချိန်၊ အင်္ဂလန်အသင်းက ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်တွေအထိ တက်လှမ်းနေတာကို မြင်နေရတဲ့အချိန်မှာတောင် နိုင်ငံကူးပြောင်းကစားဖို့ သူ လုံးဝမစဉ်းစားခဲ့ပါဘူး။ နော်ဝေအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ပဲ သူ အိမ်မက်မက်ခဲ့ပြီး အခုတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ အခု ဒီနေ့ညမှာပဲ သူဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူတို့ကို ပြိုင်ပွဲကနေ အိမ်ပြန်ပို့နိုင်ဖို့အတွက် အစွမ်းကုန် ပုံအောကစားသွားတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက် ပိုမိုက်သွားအောင် အင်္ဂလန်ကို ငြင်းပယ်ခဲ့တဲ့ ဟာလန်းပါပဲ။

‼️ မက်ဆီနဲ့ ဗိုလ်လုပွဲ ကစားချင်တဲ့ လာမင်း ယာမားလ်ရဲ့ အိပ်မက် "ကျွန်တော့်ရဲ့ အိပ်မက်ထဲက ကမ္ဘာ့ဖလားဗိုလ်လုပွဲကတော့ စပိန် နဲ့ အာ
‼️ မက်ဆီနဲ့ ဗိုလ်လုပွဲ ကစားချင်တဲ့ လာမင်း ယာမားလ်ရဲ့ အိပ်မက် "ကျွန်တော့်ရဲ့ အိပ်မက်ထဲက ကမ္ဘာ့ဖလားဗိုလ်လုပွဲကတော့ စပိန် နဲ့ အာဂျင်တီးနား ပွဲစဉ်ပါပဲ။ အဲဒီပွဲကျရင် ဘယ်သူ့ဆီက ဂျာစီတောင်းမလဲဆိုရင်တော့ သေချာပေါက် မက်ဆီ ဆီကပေါ့" ပြင်သစ်နဲ့ ပွဲကြီးပွဲကောင်း မကစားခင်ကတည်းက စပိန်ရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမားလ်က သူ့ရဲ့ စိတ်ကူးယဉ် အဖြစ်ချင်ဆုံး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အခြေအနေကို ဖွင့်ဟခဲ့ပါတယ်။ သူက မိခင်စပိန်အသင်းကို ဗိုလ်လုပွဲအထိ တက်စေချင်ရုံတင်မကဘဲ တစ်ဖက်မှာလည်း အာဂျင်တီးနားအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံချင်နေတာပါ။ လက်ရှိ ဘာစီလိုနာရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံထားတဲ့ ဒီလူငယ်လေးဟာ အာဂျင်တီးနားနဲ့သာ တကယ်တွေ့ခဲ့ရင် သမိုင်းတစ်လျှောက် GOAT ဖြစ်တဲ့ မက်ဆီဆီကနေ ဂျာစီသွားတောင်းဖို့ ဝေခွဲမရ ဖြစ်နေမှာ မဟုတ်ပါဘူး။ အနာဂတ်ရဲ့ ရွေးချယ်ခံရသူလို့ တင်စားခံထားရတဲ့ ယာမားလ်တစ်ယောက် ကမ္ဘာ့အဆင့် အမြင့်ဆုံးစင်မြင့်ထက်မှာ လီယွန်နယ် မက်ဆီနဲ့ အပြိုင်ကျဲချင်နေတာပဲ ဖြစ်ပါတယ်။ ဒီပွဲသာ တကယ်ဖြစ်လာခဲ့ရင်တော့ ပရိသတ်တွေအတွက် ရင်ခုန်စရာ အကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမားကြီးရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်ဟာ မျိုးဆက်သစ်တွေထဲမှာ အတောက်ပဆုံးဖြစ်မယ့် မျက်နှာသစ် အကျော်အမော်လေးနဲ့ ရင်ဆိုင်ရင်း ဇာတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို သမိုင်းတွင်ကျန်ရစ်မယ့် ဒဏ္ဍာရီဆန်ဆန် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။