သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း
Ir al canal en Telegram
Mostrar más
2 179
Suscriptores
-224 horas
+307 días
+3830 días
Archivo de publicaciones
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၃ ရက်
အကြမ်းဖက်အာဏာသိမ်းစစ်ကော်မရှင်သည် မင်းတုန်းမြို့ပေါ်၌ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂)အတွက် ၊ စစ်အင်အား အများအပြား ဖြည့်တင်း၍ အတင်းအကျပ် ပြုလုပ်ခဲ့ရာ ၊ (၁၂.၁.၂၀၂၆)ရက်နေ့တွင် မင်းတုန်းမြို့မှ မဲပုံးများအား သရက်မြို့သို့ ပို့ဆောင်နိုင်ရန်အတွက် ၊ စကမတပ်ဖွဲ့ဝင် အင်အား (၂၅၀)ခန့်က ၊ မင်းတုန်း - သရက် လမ်းပိုင်းအတိုင်း နယ်မြေရှင်း စစ်ကြောင်းထိုးလာရာ ၊ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာအနီးအရောက် ၊ နံနက် (၁၁)နာရီ (၁၀)မိနစ်ချိန်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ်-၄တပ်ရင်း ၊ မိုင်းတပ်စိပ်မှ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ၊ အပြန်အလှန်ပစ်ခတ်မူ အပြင်းအထန် ဖြစ်ပွားပြီး တိုက်ပွဲချိန် (၁၅)မိနစ်ခန့် အတွင်း ၊ စကမတပ်ဖွဲ့ဝင် မျက်မြင် (၄)ဦးထိ သေဆုံးခဲ့ပြီး ၊ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
▪ မိုင်းထိမှန်ပျက်စီးသွားသောကားအားမီးရှို့ဖျက်စီးခြင်း
▪ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်
(၃.၁.၂၀၂၆)ရက်နေ့တွင် သရက်မြို့နယ် ၊ ဆင်ကော်ရဲစခန်းအားစစ်ကူပေးနိုင်ရန်အတွက် ၊ သရက်ကပစ (၁၂)မှ ကား(၃)စီးဖြင့် ရန်သူအင်အား (၁၀၀)ခန့် ထပ်မံအင်အားဖြည့်လာရာ ၊ မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက် ည (၁၁)နာရီ (၃၀)မိနစ်အချိန်တွင် ကျွန်ုပ်တို့ ဖြတ်တောက်ရေးအဖွဲ့မှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ပျက်စီးသွားသော ကား (၁)စီးအား ကျွန်ုပ်တို့မှ မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၆ ရက်
၁။ ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက် ခရိုင်အမှတ်-၄တပ်ရင်း အနေဖြင့် (၂၄.၁၂.၂၀၂၅) ရက်နေ့ နံနက်(၀၅:၂၀)ချိန်မှ စတင်ပြီး သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ အင်အား (၃၅)ဦးခန့်ရှိ နယ်မြေရဲစခန်းအား (၆.၁.၂၀၂၆) ရက်နေ့ထိ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါသည်။
၂။ တိုက်ပွဲတွင်း ကျွန်ုပ်တို့မှ စခန်းအား ဝိုင်းပတ်ပိတ်ဆို့ထားပြီး 122MM ရှော့တိုက်ဒုံး(၂)လုံးဖြင့် စတင်ပစ်ခတ်ကာ၊ တိုက်ခိုက်ရေး ဒရုန်း(၂)စီးဖြင့် (၆၀)မမ ဗုံးသီးများ၊ လက်လုပ်ဒရုန်းဗုံးသီးများ၊ မီးလောင် ဗုံးများအသုံးပြု ကျဲချတိုက်ခိုက်ခဲ့ပါသည်။ ရန်သူ့ဘက်မှ စခန်းအတွင်း အခိုင်အမာပြုလုပ်ထားသော ဘန်ကာများ၊ လှိုင်ခေါင်းများအတွင်း ပုန်းခိုခုခံပြီး ကပစ(၁၂)မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းမှ ကာမီကာဇေဒရုန်းများ၊ တိုက်ခိုက်ရေးဒရုန်းများဖြင့် အကြိမ်ကြိမ်ပစ်ကူပေး ခုခံခဲ့ကာ ကပစ(၁၂)မှနေ၍ (၁၄:၃၀)ချိန်တွင် အင်အား(၆၀)ခန့်ပါ သံပြားကာကား(၂)စီးဖြင့် စစ်ကူပေးရန်ထွက်လာရာ၊ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးတွင် ကား(၁)စီး အရှိန်လွန်တိမ်းမှောက်ပြီး အများအပြား ဒဏ်ရာရရှိကာ နောက်ပြန်ဆုတ်သွားခဲ့ပါသည်။
၃။ (၂၈.၁၂.၂၀၂၅)ရက်နေ့တွင် သရက်ရဲစခန်းမှူး တင်အောင်မိုး ဦးဆောင်၊ အင်အား(၅၀)ခန့်သည် ဆင်ကော်ရဲစခန်းအားစစ်ကူပေးနိုင်ရန်၊ ကပစ(၁၂)မှ စုဖွဲ့၍ စစ်ကြောင်းထိုး ထွက်ခွာလာရာ (၂၉.၁၂.၂၀၂၅)ရက်နေ့တွင် သရက်မြို့နယ်၊ အောက်မမြင့်ကျေးရွာသို့ ရောက်ရှိပြီး ရွာသူ/သား များအား၊ ရွာလည်တွင်စု လူသားဒိုင်းအဖြစ် ပြုလုပ်ကာ၊ နေအိမ်များအား ဝင်ရောက်မွှေနှောက်၍ တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်ကြပြီး၊ ဆင်ကော်သို့ဆက်မတိုးပဲ အောက်မမြင့် ကျေးရွာအနီးတွင် တပ်စွဲနေပါသည်။
၄။ (၃.၁.၂၀၂၆)ရက်နေ့တွင် နောက်ထပ်စစ်ကူပေးနိုင်ရန်အတွက်၊ ကပစ (၁၂)မှ ကား(၃)စီးဖြင့် ရန်သူအင်အား (၁၀၀)ခန့် ထပ်မံအင်အားဖြည့်လာရာ ၊ မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက် ည (၁၁)နာရီ (၃၀)မိနစ်အချိန်တွင် ကျွန်ုပ်တို့ ဖြတ်တောက်ရေးအဖွဲ့မှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူကား (၂)စီး မိုင်းထိမှန်ပျက်စီးပြီး ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပါသည်။
၅။ (၅.၁.၂၀၂၆) ရက်နေ့တွင် အောင်လံမှစစ်ကူပေးရန် ဖြည့်တင်းလာသော ရန်သူ့အင်အား(၂၀၀)ခန့် သည် သရက်-မင်းတုန်းလမ်းပိုင်းပေါ်ရှိ၊ ကျောက်ကြီးကျေးရွာ နှင့် ညောင်ကြပ် ကျေးရွာကြား တစ်လျှောက်တွင် ဖြန့်ကျက်နေရာယူထားပြီး၊ (၆.၁.၂၀၂၆)ရက်နေ့ တွင် မင်းတုန်းမြို့နယ် (၅)မိုင်စစ်ဆေးရေးဂိတ် သို့ ရောက်ရှိလာကာ ဆင်ကော်ရဲစခန်းအား စစ်ကူပေးနိုင်ရေး နှင့် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ရေး၊ စစ်ကြောင်း ထိုးရန်ပြင်ဆင်နေပါသည်။
၆။ ဆင်ကော်ရဲစခန်းအား တိုက်ခိုက်သော(၂၄.၁၂.၂၀၂၅)မှ (၆.၁.၂၀၂၆) ရက်နေ့အထိ တိုက်ပွဲကာလ(၁၄)ရက် အတွင်း ရန်သူ့ဘက်မှ ကပစ(၁၂)ကနေ လက်နက်ကြီးပစ်ကူများ ၊ ဒရုန်းတိုက်ခိုက်မူများ အများအပြား ပြုလုပ်ခဲ့သောကြောင့် ဆင်ကော်ကျေးရွာ နှင့် မြို့လှကျေးရွာမှ ပြည်သူနေအိမ်များထိမှန်ပျက်စီမူများရှိပြီး ပြည်သူအများအပြား အရေးပေါ်စစ်ရှောင်နေရာကာ ကျွန်ုပ်တို့ဘက်မှ ရန်သူ့ကာမီကာဇေ ဒရုန်း(၂)စီးအား သိမ်းပိုက်ဖျက်စီးနိုင်ခဲ့ကာ၊ ရန်သူ့ဘက်မှ (၅)ဦးခန့် သေဆုံးမှုရှိပြီး၊ ထိခိုက်ဒဏ်ရာရ (၁၀) ဦးခန့်ရှိနိုင်ကာ မိမိတို့အဖွဲ့ဝင်များ ထိခိုက်မှုမရှိပါ။
၇။ (၆.၁.၂၀၂၆)ရက်နေ့ လက်ရှိအချိန်ထိ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များအတွင်း ရန်သူ့အင်အား (၅၀၀)ခန့် ရောက်ရှိနေပြီး စစ်ကြောင်းထိုးလျှက်ရှိရာ၊ စစ်ရေးအခြေအနေတင်းမာလျှက်ရှိပါသောကြောင့် ၊ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
ပြည်သူ့စစ်(ပျူ)နှင့်အတူ ဖမ်းဆည်းရမိသော မူးယစ်ဆေးများအား ဖျက်ဆီးခြင်း
၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၂) ရက်
သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာလမ်းပိုင်းပေါ်ရှိ ၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်ပြီး ၊ အကြမ်းဖက်စစ်ကော်မရှင် နှင့် ပူးပေါင်း၍ ၊ မူးယစ်ဆေးများသယ်ယူရောင်းချခြင်းနှင့် မှောင်ခိုလုပ်ငန်းများပြုလုပ်နေသော ၊ လက်နက်ကိုင် ပြည်သူ့စစ် (ပျူ)ခေါင်းဆောင် ဖိုးပြား၏ တပည့် ၊ နေသွေး (ပျူ) ၊ အသက် (၃၆)နှစ်အား ၊ (၂၅.၁၁.၂၀၂၅)ရက်နေ့ ၊ နေ့လည် (၁၁)နာရီအချိန်တွင် ၊ မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀၀၀၀)နှင့်အတူ ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာ လမ်းပိုင်းပေါ်တွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှ ၊ ဖမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
ဖမ်းဆည်းထားသော နေသွေး(ပျူ) အား ထိန်းသိမ်းထားပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးလျှက်ရှိကာ ၊ ၎င်းနှင့်အတူ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀၀၀၀)အား ၊ (၁၀.၁၂.၂၀၂၅) ရက်နေ့တွင် ၊ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်
အကြမ်းဖက်စစ်ကော်မရှင်မှ အတင်းအကျပ်စီစဥ်နေသော ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ၊ ဒေသအတွင်း နယ်မြေထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ၊ (၈.၁၂.၂၀၂၅)ရက်နေ့တွင် ၊ သရက်မြို့မှ အင်အား (၃၀)ခန့်ပါ စစ်တပ်စစ်ကြောင်း (၁)ကြောင်း ၊ ကံမမြို့နယ် ၊ ရေနံ့သာရဲကင်းစခန်းမှ စစ်တပ်၊ရဲ ပူးပေါင်း အင်အား (၄၀)ခန့်ပါ စစ်ကြောင်း (၁)ကြောင်းဖြင့် ၊ သရက် - ကံမ လမ်းပိုင်းအတိုင်း (၂)ဖက်ညှပ် စစ်ကြောင်းထိုးလာရာ ၊ နံနက် (၉)နာရီ အချိန်တွင် ၊ ကံမရေနံသာစခန်းမှ ထွက်လာသော အင်အား (၄၀)ခန့်ပါ ရန်သူ့စစ်ကြောင်းအား ၊ ကံမမြို့နယ် ၊ နတ်မီးတောက်ကျေးရွာအနီးတွင် ၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း ၊ တပ်ခွဲ (၃) မှ ၊ အသင့်စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ ၊ တိုက်ပွဲဖြစ်ပွားချိန် (၅)မိနစ်ခန့်အတွင်း ရန်သူ့ဘက်မှ မိုင်းကွင်းထဲဝင်လာသော (၆)ဦးခန့် ထိခိုက်သေဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
တိုက်ခိုက်ခံလိုက်ရပြီး အထိနာသွားသော ရန်သူ့စစ်ကြောင်းသည် ၊ လက်ကျန်တပ်ဖွဲ့ဝင် အင်အား (၃၀)ခန့်ဖြင့် ၊ သရက် - ကံမ လမ်းပိုင်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးလာပြီး ၊ လမ်းပိုင်းပေါ်ရှိ ထန်းဖြူကျေရွာနှင့် ရေတွင်းကြီးကျေးရွာမှ ဒေသခံပြည်သူ နေအိမ်များကို ၊ ဖောက်ထွင်းမွှေနှောက်လာပြီး ထွက်ခွာလာရာ ၊ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးအရောက် ၊ နေ့လည် (၁၂)နာရီ ချိန်တွင် ၊ နောက်ထပ်အသင့်နေရာယူထားသော ၊ ကျွန်ုပ်တို့ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း ၊ မိုင်းတပ်စိတ်မှ စောင့်ကြိုပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၊ တိုက်ပွဲဖြစ်ပွားချိန် (၃၀)မိနစ်အတွင်း ၊ ရန်သူ့ဘက်မှ (၁၀)ဦးခန့် ထပ်မံ ထိခိုက်သေဆုံးပြီး ၊ ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့၏ ထိုကြားဖြတ်တိုက်ခိုက်မူများ အပြီးတွင် ၊ တိုက်ခိုက်ခံလိုက်ရသော အကြမ်းဖက်စစ်ကော်မရှင် စစ်ကြောင်းမှ ၊ လက်ကျန်တပ်ဖွဲ့ဝင်များသည် ၊ သရက်မြို့မှ ထွက်လာသော စစ်ကြောင်းနှင့် ပူပေါင်းမိပြီး သရက်မြို့နယ် ၊ စက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ၊ လက်နက်ကြီးတပ်ဆင်ကာ တိုက်ပွဲဖြစ်ပွာရာ အနီးတဝိုက်သို့ ရမ်းသမ်းပစ်ခတ်မူများ ရှိပြီး ၊ တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ပါသဖြင့် ၊ သရက် - ကံမ လမ်းပိုင်းအား အသုံးပြုသွားလာကြမည့် ခရီးသွားပြည်သူများအနေဖြင့် သတိပြု သွားလာကြပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း ၊ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၁) ၊ သင်တန်းဆင်းအခမ်းအနား Video မှတ်တမ်းအား ထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၏ ၊ အခြေခံစစ်ပညာသင်တန်း ၊ အပတ်စဥ် (၁၁) သင်တန်းဆင်းပွဲ ၊ အခမ်း အနားအား (၅.၁၂.၂၀၂၅) ရက်နေ့တွင် ၊ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအား ကျောင်းဆင်းစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်း စစ်ရေးပြဝင်ရောက်နေရာယူချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ၊ အလံတော်အလေးပြုခြင်း ၊ သစ္စာအဓိဋ္ဌာန် (၄)ချက် ဆိုခြင်း ၊ တပ်ရင်းမှူးမှ မိန့်ခွန်းပြောကြာခြင်း ၊ ထူးချွန်ဆုရ သင်တန်းသားများအား ဆုပေးခြင်းများ ၊ တပ်ရင်းမှ စစ်မေလေးများ၏ ဖျော်ဖြေရေးအစီအစဥ်များ ၊ အားကစားပြိုင်ပွဲများ နှင့်အတူအောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုပေးပါသော ၊ မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် ဧည့်သည်တော်များအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
" တော်လှန်ပြည်သူလူထုအားလုံး မင်္ဂလာပါ "
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် - ၄ တပ်ရင်း၏ ၊ Facebook Page အသစ် Link ဖြစ်ပါသည်။
https://www.facebook.com/share/1DUWF7pjYa/
ပြည်သူများအား အသိပေးလိုသည်များ နှင့် သတင်းထုတ်ပြန်မူများအား ၊ ဤ Facebook Page နှင့် အတူ ယခုTelegram Channel တွင်လည်း ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းအနေဖြင့် ၊ မိမိတို့ စစ်ရေးလှုပ်ရှားရာဒေသအတွင်းရှိ ၊ ဒေသခံပြည်သူများ နှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံပြီး ၊ လက်ရှိတော်လှန်ရေးအတွင်း ၊ စစ်ရေး ၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မူ အခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးတိုင်ပင်ချင်းများကိုလည်း စဥ်ဆက်မပြတ်ပြုလုပ်လျှက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်-၄တပ်ရင်း
▪ သတင်းထုတ်ပြန်ကြေညာချက်
▪ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၅) ရက်
သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာလမ်းပိုင်းပေါ်ရှိ ၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်ပြီး ၊ အကြမ်းဖက်စစ်ကော်မရှင် နှင့် ပူးပေါင်း၍ ၊ မူးယစ်ဆေးများသယ်ယူရောင်းချခြင်းနှင့် မှောင်ခိုလုပ်ငန်းများပြုလုပ်နေသော ၊ လက်နက်ကိုင် ပြည်သူ့စစ် (ပျူ)ခေါင်းဆောင် ဖိုးပြား၏ တပည့် ၊ နေသွေး ၊ အသက် (၃၆)နှစ်အား ၊ (၂၅.၁၁.၂၀၂၅)ရက်နေ့ ၊ နေ့လည် (၁၁)နာရီအချိန်တွင် ၊ မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀၀၀၀)နှင့်အတူ ၊ မင်းတုန်းမြို့နယ် ၊ ပုသိမ် - မုံရွာ လမ်းပိုင်းပေါ်တွင် ၊ ဖမ်းဆည်းရရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၏ ၊ Facebook Page အား ပို့စ်တင်ခြင်း နှင့် message ပို့ခြင်းများကို ပိတ်ပင်ထားခြင်းခံရသဖြင့် ၊ ပြည်သူများအား အသိပေးလိုခြင်း နှင့် သတင်းထုတ်ပြန်ချက်များကို ကျွန်ုပ်တို့၏ ယခု Telegram Channel တွင်သာ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
သရက်ခရိုင်အမှတ်၄တပ်ရင်း
