ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Face Off: 48H (2021)
⭐IMDB: 6.7/10 (77 Votes)
🎬 #Action #Crime #Drama #Comedy
🗓️ 2021 🎞️ Movie 📺 720p
🌎 #Vietnam
⏰ 1 နာရီ 50 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Face off: 48H (2021)
ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူးဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါ
ဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါမင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါသူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် အဖြေရှာကြည့်ဖို့အတွက်ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynn ပဲ ဖြစ်ပါတယ်။
Face Off: 48H (2021)
⭐IMDB: 6.7/10 (77 Votes)
🎬 #Action #Crime #Drama #Comedy
🗓️ 2021 🎞️ Movie 📺 1080p
🌎 #Vietnam
⏰ 1 နာရီ 50 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Face off: 48H (2021)
ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူးဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါ
ဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါမင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါသူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် အဖြေရှာကြည့်ဖို့အတွက်ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynn ပဲ ဖြစ်ပါတယ်။
Sexy Home Service (2018)
⭐⁉️
🎬 #Adult #Drama #Romance
🗓️ 2018 🎞️ Movie 📺 720p
🌎 #⁉️
⏰ 1 နာရီ 33 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
****************************
ဂျုံဟျွန်းဆိုတဲ့ ကောင်လေးက Batman အနှိပ်ခန်းမှာ အလုပ်လုပ်ရင်း သူ့ချစ်သူနဲ့ တစ်အိမ်တည်းအတူတူနေကြတယ်…
ဒါပေမဲ့ တစ်နေ့မှာ အနှိပ်ခန်းအတွက် လူသစ်သွားခေါ်ဖို့ အင်းချွန်းလေဆိပ်ကို သွားရာမှာ
ရည်းစားဟောင်းထိုင်းမလေးကို ဖျတ်ကနဲ လှမ်းတွေ့လိုက်ရတယ်..
အဲဒီအချိန်မှာပဲ ရည်းစားဟောင်းကို ချစ်တဲ့ စိတ်တွေ ပြန်လည် နိုးထလာပြီးတော့
လက်ရှိချစ်သူနဲ့ အချစ်ရေးမှာ အဆင်မပြေမှုတွေဖြစ်လာခဲ့တယ် ဖြစ်ချင်တော့ ရည်းစားဟောင်း
ထိုင်းမလေးကအနှိပ်ခန်းမှာ အလုပ်လုပ်ဖို့ ကိုရီးယားကို လာတာဖြစ်နေခဲ့တယ် ကိုယ်ချစ်တဲ့သူက ဒီလို လုပ်စားတာကိုမခံစားနိုင်တဲ့ ဂျုံဟျွန်းတစ်ယောက် သူ့ကို ပြန်ပိုင်ဆိုင်ရဖို့ ဘယ်လိုတွေ ကြိုးစားမလဲ လက်ရှိချစ်သူနဲ့အချစ်ရေးကလည်း ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာရယ် အနှိပ်ခန်းက ကောင်မလေးတွေရဲ့ ဒုက္ခတွေအပြင်
ခပ်ကြမ်းကြမ်း အချစ်ဇာတ်ခင်းကြတာတွေပါပါဝင်ပါတယ်…စကီအလန်းတွေပါဝင်တာမို့ ဒေါင်းရကျိုးနပ်စေမှာပါ…
Sexy Home Service (2018)
⭐⁉️
🎬 #Adult #Drama #Romance
🗓️ 2018 🎞️ Movie 📺 1080p

Shadows in the Palace (2007)
⭐IMDB: 6.3/10 (557 Votes)
🎬 #Crime #Drama #Mystery #Thriller #History #Horror
🗓️ 2007 🎞️ Movie 📺 720p
🌎 #SouthKorea
⏰ 1 နာရီ 54 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shadows in the Palace(2007)
****************************
နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်…
နန်းတွင်းသူတွေဟာနန်းတွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်…
ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် …
အဲဒါကို အလောင်းစစ်ဆေးတဲ့ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင်
ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာအမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်..ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ..ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲက
အရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက်
လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို သေသေချာချာ ရိုက်ကူးပြထားတဲ့
ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်….
Shadows in the Palace (2007)
⭐IMDB: 6.3/10 (557 Votes)
🎬 #Crime #Drama #Mystery #Thriller #History #Horror
🗓️ 2007 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 54 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shadows in the Palace(2007)
****************************
နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်…
နန်းတွင်းသူတွေဟာနန်းတွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်…
ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် …
အဲဒါကို အလောင်းစစ်ဆေးတဲ့ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင်
ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာအမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်..ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ..ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲက
အရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက်
လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို သေသေချာချာ ရိုက်ကူးပြထားတဲ့
ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်….
The Kangaroo Conspiracy (2022)
⭐IMDB: 5.9/10 (562 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 720p
🌎 #Germany
⏰ 1 နာရီ 43 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Kangaroo Conspiracy (2022)========================IMDb Rating – 5.9/10
အခုလို ပူလောင်နေရတဲ့အချိန်မှာ ညစ်ညမ်းဟာသမပါတဲ့ အဖြူရောင်ပြက်လုံးလေးတွေကို တောင့်တနေတယ်ဆိုရင်တော့ ဒီကားကို လုံးဝrecommend ပေးချင်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အဆိုတွေ၊နိုင်ငံတကာပြက်လုံးတွေနဲ့ မြူးမြူးသွက်သွက်လေး တင်ဆက်ပေးထားတာကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို အတော်အသင့်သိရှိနေတဲ့သူတွေဆိုရင် တွေးတွေးပြီးကိုရယ်ရစေမဲ့ကားမျိုးပါပဲ။
ဇာတ်လမ်းအညွှန်း______________မာ့အူဝယ် နဲ့ ဇာတ်လိုက်ကျော် သားပိုက်ကောင်တို့က တိုက်ခန်းတစ်ခုတည်းမှာ အတူနေထိုင်ကြတဲ့ ရန်ဖြစ်ပြန်ချစ်ညီအစ်ကိုတွေပါ။ အူဝယ်ကဘေးအခန်းမှာနေတဲ့ မာရီယာဆိုတဲ့ တစ်ခုလပ်မလေးကို ကြိတ်ကြွေနေတာဖြစ်ပြီး နီးစပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့သူပေါ့။ ဒါပေမဲ့သူတို့နှစ်ယောက် ဒိတ်ကြည့်တဲ့အခါမှာ သားပိုက်ကောင်ကြောင့် ကမောက်ကမတွေ ဖြစ်ခဲ့ရပြီး ရှေ့ဆက်လို့မရဖြစ်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ မာရီယာရဲ့ ခင်ပွန်းဟောင်း ဂျိုးကလည်း ထောင်ကလွတ်လာပြီး သူ့ဆီပြန်ချဉ်းကပ်လာပြန်ပါတယ်။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အလောင်းအစားတစ်ခု ပေါ်လာပြီး ဒီဇာတ်လမ်းကြီး စတင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ မာရီယာ့ရဲ့ အမေဖြစ်သူ လစ်စဘက်ကို “ရာသီဥတုပြောင်းလဲမှုဆိုတာ တကယ်မရှိဘူး”လို့ သူယုံကြည်နေတဲ့အရာကနေ အစွဲလွတ်သွားအောင် လုပ်ပေးနိုင်ရင် သူတို့နှစ်ယောက် ထပ်ဒိတ်လို့ရမှာဖြစ်ပြီးရှုံးခဲ့ရင်တော့ အူဝယ်တို့နေတဲ့ တိုက်ခန်းကို မာရီယာ့ဆီ ပေးလိုက်ရမှာပါ။ဒီတော့ လစ်စဘက်ကို အစွဲကျွတ်အောင် ချွတ်ပေးနိုင်မလား၊ အူဝယ်နဲ့ မာရီယာပဲ ပြန်အဆင်ပြေသွားမလား၊ ဒါမှမဟုတ် ဂျိုးနဲ့ပဲ ဇာတ်ပေါင်းထုပ်သွားမလား ဆိုတာကိုတော့ သားပိုက်ကောင်ရဲ့ ရှုပ်ထွေးပွေလီခရီးစဉ်ကနေ ရယ်စရာလေးတွေနဲ့အတူ ပြောပြပေးသွားပါလိမ့်မယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)
The Kangaroo Conspiracy (2022)
⭐IMDB: 5.9/10 (562 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p

Mrs. Davis (2023- )
⭐IMDB: 7.2/10 (4 k Votes)
🎬 #Comedy #Drama #Sci-Fi #SciFi #Fantasy
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 55 မိနစ် 53 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mrs. Davis (2023)
ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ဘယ်လိုဖျက်ဆီးရမလဲ တွေးနေတဲ့သူ ဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီမစ္စစ်ဒေးဗစ်က သူ့ကို အမြဲလာလာဆက်သွယ်နေတယ်။ သူခိုင်းချင်တာ ရှိတဲ့အကြောင်း ပြောပေမဲ့ လစ်ဇီက အမြဲရှောင်တယ်။ နောက်တော့ အကြောင်းတိုက်ဆိုင်လာတာနဲ့ မရှောင်ဖြစ်တော့ဘဲ မစ္စစ်ဒေးဗစ်နဲ့ အပေးအယူတစ်ခုလုပ်ကြတယ်။ မစ္စစ်ဒေးဗစ်က လစ်ဇီကို ဟိုလီဂရေးကို လိုက်ရှာခိုင်းတယ်။ လစ်ဇီက သူရှာလို့တွေ့ရင် မစ္စစ်ဒေးဗစ်က ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်ရမယ်လို့ တောင်းဆိုတယ်။ သဘောတူတဲ့အတွက် လစ်ဇီဟာ ဆုံးစမြုပ်နေတဲ့ ဟိုလီဂရေးကို အပူတပြင်း လိုက်ရှာပါတော့တယ် File size…(834 MB)/(444 Mb)
Forever My Girl (2018)
⭐IMDB: 6.6/10 (19 k Votes)
🎬 #Drama #Romance #Music #Comedy
🗓️ 2018 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ်မှာထွက်ရှိထားတဲ့ ဒရမ်မာအမျိုးအစားကားဖြစ်ပါတယ်။။
ကန်းထရီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ်ဟာ အောင်မြင်မှုနောက်ကိုလိုက်ရင်း
ချစ်သူကောင်မလေးကိုလက်တွဲဖြုတ်ခဲ့ပါတယ်…
နောင်ရှစ်နှစ်အကြာမှာမွေးရပ်မြေကသူငယ်ချင်းဟောင်း
တစ်ယောက်ရဲ့အသုဘကိုလာရင်းနဲ့
သူတို့အချင်းချင်းတွေ့ဆုံဖို့ဖြစ်လာပါတော့တယ်….
အောင်မြင်မှု့နောက်ကိုလိုက်ရင်းနဲ့ ချစ်ရသောချစ်သူကိုပစ်ထားခဲ့ရပေမယ့်
လီယမ်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးပို့ထားတဲ့ Voice Message လေးရှိတဲ့
ဖုန်းအစုတ်လေးကိုပဲ ၈ နှစ်ကြာကြာပေတေကိုင်ရင်း
မနက်နိုးတိုင်း အိပ်ခါနီးတိုင်း နေ့တိုင်းကိုအဲဒီ Message လေးနားထောင်ပြီး
သူ့ရဲ့နေ့ရက်တိုင်းလိုလိုကို ဖြတ်သန်းခဲ့တာပါ….
ဒီလိုမျိုးချစ်သူကို ချစ်တတ်တဲ့စိတ်ကတော့ တကယ်ကိုလေးစားစရာပါပဲ…
သင်တို့မှာသာအဲလိုချစ်သူတစ်ယောက်ရှိရင် ဒီကားလေးကို Share ရင်း
သူ႕ကိုမ်ွေ၀ေပးလိုက္ပါ….
တကယ်တော့ အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက်နေမှ အချစ်လို့မခေါ်ပါဘူး…
အချစ်ဆိုတာ သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထားတတ်တဲစိတ်လေးတစ်ခုပါ…
ဒီကားလေးဟာအေးစက်တဲ့ကားလေးတစ်ကားလို့ထင်ရပေမယ့်
ဒီခေတ်အသုံးအနံႈးနဲ့ပြောရမယ်ဆိုရင်
တကယ္ကို ရို တဲ့ကားေလးတစ္ကားပါ…
စာအုပ်နဲ့ရုပ်ရှင်အကြားကွဲလွဲမှုတွေရှိနေတယ်လို့ဒီကားဟာ
ေ၀ဖန္ခံခဲ့ရေပမယ့္
ပရိသတ်အားပေးမှုကိုရရှိထားပြီး Box Office မှာ
အမြတ်အစွန်းများစွာရရှိထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…
File Size : (849 MB) and (265 MB)Quality :BluRay 1080pRunning Time : 1hr 48minFormat : Mp4Genre : Animation, ActionSubtitle : Myanmar Subtitle (Hard Sub)Source :BluRay 1080pTranslated byNeveEncoded byMoe Myint Lwin
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
The Silent Sea (2021- )
⭐IMDB: 6.9/10 (23 k Votes)
🎬 #Adventure #Drama #Mystery #SciFi #Fantasy #Thriller
🗓️ 2021- 🎞️ Series 📺 1080p
🌎 #SouthKorea
⏰ 48 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Silent Sea ( 2021 )မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့
ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကိုအဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာလကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့အပြင် ဇာတ်လမ်းအပြင်အဆင်အတွက်အသေးစိတ်ဖန်တီးထားပြီး ကမ္ဘာကျော်လက်ရာဖြစ်လာဦးမလားလို့ထင်ကြေးပေးနေကြတဲ့ Netflix စီးရီးကောင်းလေးဖြစ်တာကြောင့်လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ Quality : NF-WEB DL 1080p & 720pFormat : mp4Total Episodes : 8Duration : 50minGenres : Sci-Fi , Fantasy , DramaAired On : 24 December 2021Subtitle : Myanmar Subtitle ( Hardsub )
Air (2023)
⭐IMDB: 7.6/10 (44 k Votes)
🎬 #Drama #Sport #History
🗓️ 2023 🎞️ Movie 📺 4K
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Air (2023)==========IMDb Rating – 7.6/10
Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသားကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။
ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမားမိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်းဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက်လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရုပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။
မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ(Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ရည်ရွယ်ရိုက်ကူးခဲ့ပေမဲ့အကြိုပွဲတွေမှာ လူကြိုက်များလွန်းလို့ ရုံတင်ဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းနိုက်ကီကုမ္ပဏီဟာ ဘတ်စကတ်ဘောအားကစားလောကမှာ မာကတ်တင်းအတွက် ကစားသမားကောင်းတွေမရှာနိုင်လို့ အက်ဒီးဒက်စ် တို့ကွန်ဗာ့စ်တို့ကို မယှဉ်နိုင်တော့ဘဲ နောက်ဆုတ်ထွက်ခွာရမယ့်အခြေအနေဖြစ်နေပါပြီ။ နိုက်ကီရဲ့ စီအီးအို ဖေးလ် (ဘန်) ဟာ သူ့ရဲ့ ဘတ်စကတ်ဘောဌာနအတိုင်ပင်ခံ ဆန်နီ(မက်ဒေမွန်) ကို ဒေါ်လာ ၂ သိန်းခွဲသုံးပြီးဘတ်စကတ်ဘောကစားသမား ၃ ယောက်နဲ့ စာချုပ်ချုပ်ဖို့ရှာခိုင်းပေမဲ့ဆန်နီကတော့ ဒေါ်လာ ၂ သိန်းခွဲလုံးကို အထက်တန်းကျောင်းချန်ပီယံသစ်၊ NBA ကို စပြီးခြေချေတော့မယ့် မိုက်ကယ်ဂျော်ဒန်အပေါ်မှာပဲပုံအောဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ မိုက်ကယ်ဂျော်ဒန်ကလည်း အက်ဒီးဒက်စ် ပရိသတ်ဖြစ်နေပြီးဖိနပ်စာချုပ်အတွက် အက်ဒီးဒက်စ်ကိုပဲ သွားဖို့အားသန်နေပါတယ်။ဒါကို နိုက်ကီအဖွဲ့ကဘယ်လိုအိုက်ဒီယာတွေ၊ ဘယ်လိုသမိုင်းဝင်သဘောတူညီချက်တွေနဲ့ ဆွဲဆောင်ခဲ့လဲဆိုတာ ဒီရုပ်ရှင်မှာ စိတ်ဝင်စားစရာ မြင်ရမှာပါ။ ဘိုင်အိုဂရပ်ဖီ၊ ဒရာမာ၊ အားကစား၊ စီးပွားရေးရုပ်ရှင်အမျိုးအစားကြိုက်တတ်သူတွေ၊ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအချိန်ပေးရတာတန်မယ့် ရုပ်ရှင်ဖြစ်ပါကြောင်း…..
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
Air (2023)
⭐IMDB: 7.6/10 (44 k Votes)
🎬 #Drama #Sport #History
🗓️ 2023 🎞️ Movie 📺 1080p

Department Q: The Keeper of Lost Causes (2013)
⭐IMDB: 7.2/10 (31 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2013 🎞️ Movie 📺 1080p
🌎 #Denmark #Germany #Sweden #Norway
⏰ 1 နာရီ 37 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး
ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး
ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့
စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်
အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။
တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ
ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို
ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက
အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က
ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ
ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့
အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့
ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့
၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း
ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့
ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ
ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး
အမှုပိတ်ထားတာပါ။
ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ
နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု
ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့်
စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ
ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ
း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့
သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက
ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း
ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင်
သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ
အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း
IMDB မနည်းတာကို တွေ့ရှိရမှာပါ။
How to Blow Up a Pipeline (2022)
⭐IMDB: 7.2/10 (3 k Votes)
🎬 #Crime #Drama #Thriller #Western
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
How to blow up a Pipeline (2023)
ဒီကားကတော့ မြှောက်ထိုးပင့်ကော်ပဲ ပြောရမလား ရှေ့ဆောင်လမ်းပြပဲပြောရမလားပေါ့။ဘက်ဂျက်နည်းနည်းနဲ့တကယ်ကောင်းအောင်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။
ဇာတ်ကားနာမည်အတိုင်း တကယ်ကို ရေနံပိုက်လိုင်းကြီးတစ်ခုကို ဖောက်ခွဲဖျက်ဆီးပုံကို အဆင့်လိုက်ကို ပြသထားတာပါ။ဖောက်ခွဲတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဓာတုစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေကြောင့်ကင်ဆာတွေဖြစ်၊မိသားစုတွေသေ၊ အိမ်မြေတွေဆုံးရှုံးဘဝတွေပျက်ခဲ့ရတဲ့ လူတစ်စုပါပဲ။သူတို့တွေဟာ ဒီစက်ရုံတွေကြောင့် မကြာခင် ကမ္ဘာကြီး ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေအများကြီးထပ်သေကြရတော့မှာကို သတိထားမိတဲ့ သူတွေလို့ပဲပြောရမှာပေါ့။ကမ္ဘာအနှံ့မှာ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်နေကြပေမယ့်ကော်ပိုရိတ်ကြီးကတွေ မမှုတဲ့အကြောင်းကိုမီးမောင်းထိုးပြထားတာပါပဲ။ဒီတော့ နောက်ဆုံးကြံရာမရတဲ့အခြေအနေမှာ မက္ကဆီကိုက ဧရာမ ရေနံပိုက်လိုင်းကြီးကို မရရအောင်ဖောက်ခွဲဖို့ ကြိုးစားပုံကိုပြသထားတာပါပဲ။လူတစ်ယောက်ချင်းဆီရဲ့ ဝမ်းနည်းစရာဘဝတွေကိုပြလိုက် လက်ရှိအချိန် ဧရာမဗုံးကြီးကိုလုပ်ပြီးပိုက်လိုင်းကိုဖောက်ခွဲတာကိုပြလိုက်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ကြည့်လိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

A Lonely Place to Die (2011)
⭐IMDB: 6.2/10 (30 k Votes)
🎬 #Action #Adventure #Crime #Thriller
🗓️ 2011 🎞️ Movie 📺 720p
🌎 #UnitedKingdom
⏰ 1 နာရီ 40 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမား
အုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့
တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါ
အရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့
လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီး
အဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ.
ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့
သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးက
ဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာ
ရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ
၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့်
Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့
ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ
A Lonely Place to Die (2011)
⭐IMDB: 6.2/10 (30 k Votes)
🎬 #Action #Adventure #Crime #Thriller
🗓️ 2011 🎞️ Movie 📺 1080p
🌎 #UnitedKingdom
⏰ 1 နာရီ 40 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမား
အုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့
တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါ
အရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့
လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီး
အဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ.
ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့
သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးက
ဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာ
ရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ
၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့်
Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့
ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ
Paint (2023)
⭐IMDB: 5.1/10 (1 k Votes)
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Paint (2023)
ကြည့်ဖူးသမျှထဲက အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေကိုချည်း စာရင်းလုပ်လိုက်တယ်ထား။ ၂၀၀ ၃၀၀လောက်ရတယ်ထားဦး။ အဲဒီထဲက ၁၀၀ကိုပြန်ရွေးလိုက်တယ်ထား။ ရွေးလို့ရချင်မှလည်းရမှာပေမဲ့ ရွေးလိုက်တယ်ပဲထားပါတော့။ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အဲဒီ ၁၀၀ကို ဘယ်ကားကတော့ ဘယ်ကားထက်ပိုကောင်းပါတယ်ဆိုပြီး ၁ကနေ၁၀၀ထိ စာရင်းလုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒီ၁၀၀ဟာ ကြည့်ဖူးသမျှထဲက အကောင်းဆုံးကားတွေကိုရွေးထားတာဆိုတော့ ဒါရိုက်တာကောင်းတွေချည်းပါနေမှာလည်း သေချာတယ်။အဲဒီဒါရိုက်တာအားလုံးကို ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက် ပိုတော်ပါတယ်လို့ သွားအကဲဖြတ်ဖို့တော့ မဖြစ်နိုင်ဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ အကုန်လုံးမာစတာတွေချည်း ဖြစ်နေမှာပဲ။ဒီတော့ ရုပ်ရှင်တွေကို ဘယ်ကားကတော့ ညံ့တယ်လို့ပြောလို့အဆင်ပြေပေမဲ့ ဘယ်ကားကတော့ အကောင်းဆုံးပါလို့ ပြောဖို့တော့ မဖြစ်နိုင်ဘူး။ ရွေးချင်သပဆို ကျွန်တော်တို့ရွေးလို့ရတာက ကိုယ့်ပုဂ္ဂလိကအကြိုက်ဆုံးရုပ်ရှင်ကိုတော့ ရွေးလို့ရမယ်။ဒါပေမဲ့ တကယ့်အကြိုက်ဆုံးရုပ်ရှင်ကတော့ သိပ်ကောင်းတဲ့ကားတောင် ဟုတ်ချင်မှဟုတ်မယ်။ လူတစ်ယောက်ချင်းစီအပေါ်ပဲ မူတည်နေလိမ့်မယ်။ သူ့ကိုရောင်ပြန်ဟပ်တဲ့ကားတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ မဟုတ်လည်း သူ့စိတ်ဝင်စားမှုကို ရောင်ပြန်ဟပ်တဲ့ကားမျိုးပေါ့။တစ်ချို့ကျလည်း ကားတစ်ကားရယ်မဟုတ်ဘဲ ကားအမျိုးအစားနဲ့ ကြိုက်ကြတာလည်း ရှိတာပဲ။ တစ်ချို့ဆို သရဲကားချည်းကြိုက်ကြတာလည်းရှိတာပဲ။ Art House ကားချည်း ကြိုက်ကြတာလည်းရှိတာပဲ။ Family drama ချည်းကြိုက်ကြတာလည်းရှိသလို ရိုးရိုးဒရာမာချည်းကြိုက်ကြတာလည်းရှိတာပဲ။ကျွန်တော့်အသိတစ်ချို့ကျလည်း သူတို့ကိုယ်တိုင်ကိုက အနုပညာကိုချစ်တဲ့လူတွေဆိုတော့ အနုပညာသမားတွေအကြောင်း ရိုက်ထားတဲ့ကားတွေကို ကြိုက်တတ်ကြတယ်။ ဒီလိုကိုယ်ကြိုက်တတ်တဲ့ အမျိုးအစားထဲက အကောင်းဆုံးကားကနေလည်း ကိုယ့်အကြိုက်ဆုံးကား ထွက်လာတတ်တယ်။
မဆီမဆိုင် ဒါတွေ ဘာလို့ပြောနေတာလဲဆို ဒီကားက သိပ်ကောင်းတဲ့ကားမျိုးလည်းမဟုတ်ဘူး။ ကြည့်ပျော်နေတဲ့ကားမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီကားကို ကြည့်လို့အရမ်းကြီးမကြိုက်ရင်တောင် ချစ်တော့ချစ်မိမယ့် လူတန်းစားမျိုးက သီးသန့်ရှိတယ်။အစောကပြောခဲ့သလို အနုပညာသမားတွေအကြောင်း ရိုက်ထားတာကို ကြိုက်တတ်တဲ့လူတွေပေါ့။ တခြားလူတွေကြည့်ရင်တော့ လလေးလုံးကားလို့ ဆဲကောင်းဆဲလောက်တယ်။ ဆဲလည်း ဆဲချင်စရာကောင်းတာပဲ။ဒါပေမဲ့ တစ်ကားလုံးကြည့်လိုက်ရင်တော့ ဆိုခဲ့တဲ့ ကားအမျိုးအစားကိုမှ ကြိုက်တတ်တဲ့လူတွေအတွက် သဘောကျချင်စရာကောင်းတဲ့ အချက်လေးတွေ တွေ့လာလိမ့်မယ်။ အနုပညာသမားတွေနဲ့ လူတွေကြားက အခြေအနေတွေကို သရော်ထားတာတွေကို သဘောကျကောင်းကျမိမယ်။ဒီကားရဲ့ဇာတ်ကိုကလည်း တကယ်ရှိခဲ့တဲ့ BoB Ross လို့ခေါ်တဲ့ ပန်းချီဆရာကို အခြေခံပြီး စိတ်ကူးယဉ်ဇာတ်ကောင်နဲ့အစားထိုးဖန်တီးထားတာပဲ။ မင်းသားက Owen Wilson။ ကျွန်တော်တော့ ဒီကားကိုသဘောကျတဲ့အချက်ထဲ သူပါတယ်။ကျွန်တော့်တစ်သက်တာမှာ အကြိုက်ဆုံးရုပ်ရှင်က Midnight In Paris ဖြစ်နေတဲ့နောက် အဲဒီထဲကအဓိကဇာတ်ကောင် Owen Wilson ရဲ့ ဒီလိုကာရိုက်တာမျိုးကို မြင်ရတာက တော်တော်လေး အဆာပြေတယ်ပြောရမှာပဲ။Midnight In Parisလို ကားကောင်းမျိုးတော့မဟုတ်ပေမဲ့ Midnight In Paris ကိုကြိုက်တဲ့လူတွေတော့ အိုဝင့်ကို Artist တစ်ယောက်အနေနဲ့ ပုံဖော်ထားတဲ့ ဒီကားကို သဘောကျလောက်တယ်။ဘာနေနေပါ သရဲကားတွေ ဟော်ရာကားတွေ မကြိုက်တတ်တဲ့လူတွေရှိကြသလို ဒီလိုကားမျိုးတွေကို မကြိုက်တဲ့လူတွေလည်းရှိတာပါပဲ။ဒီတော့ ဒီရုပ်ရှင်ဟာ အဲဒီလိုလူတွေအတွက်မဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ဒီလိုရုပ်ရှင်တွေကို ကြိုက်တတ်တဲ့လူတွေအတွက်ပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။