es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
ZENSHU (2024) ⭐IMDB: 6.7/10 (353 Votes) 🎬 #Animation #Drama #Action #Adventure #SciFi #Fantasy #Comedy #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anime ကို တော်တော်များများကြည့်ရသူတိုင်း Isekai ဆိုတဲ့ အမျိုးအစားကို သိကြမှာပါ မသိတဲ့ သူတွေ အတွက်ကတော့ Isekai ဆိုတာ ရိုးရိုးပြောရရင် တခြား ကမ္ဘာကို ရောက်သွားတာကို ဆိုလိုတာပဲ မျိုးစုံကို ရောက်ကြတာပါ တခြားကမ္ဘာကို ရောက်ပြီးတော့ အစွမ်းတွေ အများကြီးရသွားတာလည်း ကြည့်ဖူးပြီးပြီ နောက်ဆုံး တခြားကမ္ဘာမှာ ဓားတစ်ချောင်းလာဖြစ်တဲ့ ဇာတ်လမ်းကိုပါ ကြည့်ဖူးပြီးကြပါပြီ ဒီတစ်ခါမှာတော့ Natsuko လို့ ခေါ်တဲ့ Animator တစ်ယောက်က အစာအဆိပ်သင့်ပြီးတော့ ဆုံးသွားတဲ့ အခါမှာ သူ ငယ်ငယ်တည်းက ကြိုက်ခဲ့တဲ့ anime ထဲကို ရောက်သွားတာကို မြင်ရမှာပါ အဲဒီလို ရောက်သွားတဲ့ အခါမှာတော့ ဘယ်လို အစွမ်းတွေရလာမလဲ ဒီဇာတ်လမ်းကို သိပြီးသားဖြစ်နေတဲ့ လူတစ်ယောက် အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက် ကျော်ဖြတ်သွားမလဲဆိုတာကို animation အလန်းစားတွေနဲ့ တွေ့ရမှာပါ
...

The Thundermans: Undercover (2025) ⭐IMDB: 6.0/10 (168 Votes) 🎬 #Action #Adventure #Kids #SciFi #Fantasy #Comedy #Crime #Drama #Family #Thriller 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Thundermans: Undercover (2025)IMDb ( 5.9/10 )============================================ ဒါကတော့ စူပါဟီးရိုး မိသားစု ဟာသစီးရီးလေးပါ။အပိုင်းတိုင်းမှာ မရီရတဲ့အခန်းမရှိလောက်အောင်ကို ကြည့်လို့ကောင်းပါတယ်။ ဒီစီးရီးလေးမှာ ဟစ်ဒန်းဗေးဆိုတဲ့ မြို့လေးမှာ ပုံမှန်ဘဝကိုနေဖို့ကြိုးစားနေတဲ့ စွမ်းအားရှင်မိသားစုရဲ့ အလွဲတွေကို ပျော်ပျော်ကြီးကြည့်ရမှာပါ။ သူတို့က မိသားစုဝင် ၆ယောက်ရှိပြီး တစ်ဦးချင်းစီတိုင်းမှာ စွမ်းအားကိုယ်စီရှိကြပါတယ်။အဖေ ဟန့်ခ်က အားသန်ပြီး မိုးပေါ်ပျံနိုင်ပါတယ်။ အမေဖြစ်သူ ဘာ့ဘ်ကတော့ လျှပ်စစ်တွေထုတ်နိုင်ပါတယ်။အကြီးဆုံးအမွှာမောင်နှမဖြစ်တဲ့ မိန်းခလေး ပိုးဘီနဲ့ မက်စ်တို့ကတော့အမွှာဖြစ်တဲ့အလျောက် တူညီတဲ့စွမ်းအားတွေရှိကြပါတယ်။ သူတို့နှစ်ယောက်လုံးပိုင်ဆိုင်ထားတဲ့စွမ်းအားက ပါးစပ်ကနေ လေပူ၊ လေအေးတွေထုတ်နိုင်ပြီးပစ္စည်းတွေကိုလည်း စိတ်နဲ့ရွှေ့နိုင်ကြပါတယ်။ စွမ်းအားတွေတူညီကြပေမဲ့သူတို့နှစ်ယောက်ရဲ့ ရည်မှန်းချက်ချင်းကတော့ မီးနဲ့ရေလို့ပါပဲ။ ဖီဘီက စူပါဟီးရိုးလုပ်ပြီး လူတွေကယ်တင်ချင်ပေမယ့်မက်စ်ကတော့ စူပါဗီလိန်လုပ်ပြီး မွှေချင်တာပါ။အလတ်ကောင်ဖြစ်တဲ့ ဘစ်လီကတော့ DC က Flash လိုပါပဲ အမြန်ပြေးနိုင်ပါတယ်။ အငယ်ဆုံးမလေးဖြစ်တဲ့ ကလိုဝီကတော့ တစ်နေရာကနေတစ်နေရာကို တစ်ဟုတ်ချင်းသွားနိုင်တဲ့ တယ်လီပေါ့စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒီထဲမှာကျွန်တော်သဘောအကျဆုံးဇာတ်ကောင်ကတော့ လူဆိုးဘွဲ့ရဖို့ ကျောင်းပြန်တက်နေရတဲ့ပေါက်ကရတွေလုပ်တဲ့ မက်စ်ရဲ့ ဗီလိန်သူငယ်ချင်း ယုန်လေးပါ။ အစကတော့သူကလူပါပဲ။ဆိုးနေလို့ဆိုပြီး ဖီဘီတို့ရဲ့အဖေက သူ့ကိုယုံပြောင်းပေးလိုက်တာ။ သူတို့မိသားစုကလည်း စူပါမန်းလိုပါပဲ။တစ်ခါတလေကျ မစ်ရှင်ဆောင်ရွက်ဖို့ သာမန်လူလိုလဲ အယောင်ဆောင်ပြီးလှုပ်ရှားကြရသေးတယ်။အောက်မှာ ပထမအပိုင်းရဲ့ ဇာတ်လမ်းပုံစံလေးနည်းနည်းပြောပြပေးမယ်။ တစ်နေ့ လျို့ဝှက်နိုင်ငံမှာ လူဆိုးတွေရဲ့ အချက်ပြချက်တွေပေါ်နေလို့ ဘယ်သူလွှင့်နေတာလဲသိရအောင်အယောင်ဆောင်ပြီး စုံစမ်းဖို့ သမ္မတကြီးဖင်ကန်က မိုးကြိုးအမွှာဖြစ်တဲ့ ဖီဘီနဲ့ မက်စ်ကို အမိန့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ညီမဖြစ်သူ ကလိုဝီက သူ့ရဲ့ ကျော်ကြားမှုကြောင့်လာပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်နေတယ်။ ဒါကိုမသင်္ကာတဲ့သူ့ရဲ့အမွှာအကိုအမက သက်သေပြပေးဖို့ သူတို့ရဲ့ မစ်ရှင်မှာ ကလိုဝီ့ကို ခေါ်လာပြီးလျို့ဝှက်နိုင်ငံမှာ သာမန်မိန်းခလေးအဖြစ်အယောင်ဆောင်ကာ ကျောင်းတက်ခိုင်းရင်းသူ့ကိုစူပါဟီးရိုးမှန်းမသိကြတဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်မိအောင်ကြံစည်ကြပါတော့တယ်။ သူတို့ရဲ့ အကြံအစည်ပဲအောင်မြင်သွားမလား ကလိုဝီရဲ့ သူငယ်ချင်းနှစ်ယောက်ကပဲတကယ့်သူငယ်ချင်းအစစ်တွေဖြစ်မလား သိရအောင် ပထမပိုင်းလေးမှာပဲစတင်ရှာဖွေပြီး တစ်စီးရီးလုံးရဲ့ မှန်းဆရမယ့် Plot twist တွေ၊ဟာသတွေကို ပျော်ပျော်ကြီးကြည့်ရှုခံစားလိုက်ကြရအောင်။
...

Sponsor (2025) ⭐IMDB: 7.8/10 (10 Votes) 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 59 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sponsor (2025) IMDb Rating (7.8) ဂျပ်စမင်းနဲ့အဲလိစ်တို့ဟာ ညီအစ်မတွေဖြစ်ပြီး ဂေါက်ရောဂါနဲ့လမ်းမလျှောက်နိုင်တဲ့ဖခင်ကြီးနဲ့ကျောင်းပညာရေးထူးချွန်တဲ့ ညီမငယ် အဲလိစ်တို့ကို ဂျပ်စမင်းကပဲ ဦးဆောင်နေရပါတယ်။ ဂျပ်စမင်းအလုပ်ကလည်းအချိန်ပိုင်းမော်ဒယ်ဖြတ်လျှောက်သဘောဆိုတော့ ရံဖန်ရံခါအဆင်မပြေလှပါဘူး။ ဒါပေမယ့်လည်း ရှေးရိုးစွဲပြီးကိုယ်ကျင့်တရားကိုအလေးပေးသွန်သင်ခဲ့တဲ့ မိဘတွေကြောင့် လမ်းမှားမရောက်အောင်ထိန်းသိမ်းနိုင်ခဲ့သလိုသူ့ကိုတစ်ဖက်သက်ချစ်နေတဲ့ ငယ်သူငယ်ချင်း အားရီးစ်ကိုလည်း ဂျပ်စမင်းက အခွင့်အရေးမပေးခဲ့ပါဘူး။ ဒါပေမယ့် သူတို့အဖေရောဂါသည်းထန်လာပြီး မဖြစ်မနေဆေးရုံတင်လိုက်ရချိန်မှာတော့ သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အပြင်မှာသွားတွေ့ရုံ၊တွဲပြီးပွဲတက်ရုံဆိုတဲ့ အလုပ်တစ်ခုကို လက်ခံလိုက်မိရာကနေ အဲ့ဒီဖောက်သည်က သူ့ကိုတန်းတန်းစွဲလာချိန်မှာတော့ ဂျပ်စမင်းတစ်ယောက်အရင်လို ရုန်းထွက်နိုင်ဦးမလား၊သူ့ညီမငယ်ဖြစ်သူ အဲလိစ်မှာရော ငွေရှာဖို့ဘယ်လိုအကြံအစည်တွေရှိနေဦးမလဲ? ဝါရင့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Angela Morena နဲ့ Micaella Raz တို့ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Blue Wolves of Mibu (2024) ⭐IMDB: 8.0/10 (109 Votes) 🎬 #Animation #Action #Adventure #History 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 7.9/10 Rurouni Kenshin တို့လိုမျိုး စစ်ပြီးခေတ်ကာလ ဆာမူရိုင်း Ronin တွေအကြောင်းတွေကို သဘောကျမယ်ဆို သူတို့ကို အဓိကအခြေခံတင်ဆက်ထားတဲ့ အသစ်ထွက်နေတဲ့ သမိုင်းနောက်ခံ Samurai Anime စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ Kyoto မြို့မှာ ဂျပန်ဘုရင်က နိုင်ငံခြားသားတွေကို ဝင်လာခွင့်ပြုထားတဲ့အတွက် ကုန်ဈေးနှုန်းတွေတက် ပြည်သူတွေက စီးပွားရေးကျ ဒုက္ခတွေရောက် ခိုးဆိုးလုနှိုက်တွေပေါ လူသတ်သမားတွေပေါတော့ ပြည်သူတွေဟာ အထိတ်တလန့်နဲ့ ညညဆို စိတ်ချလက်ချ မထွက်ရဲတော့တဲ့ ခေတ်တစ်ခုပေါ့။ ကလေးတွေကို ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေ ရှိမယ်၊ အကျင့်စာရိတ္တမကောင်းဘူးဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် တရားစီရင်ပြီး အများပြည်သူရှေ့ ခေါင်းပြတ်ထားခဲ့တဲ့ လူသတ်သမားမျိုး စသဖြင့် ပေါင်းစုံ သောင်းကျန်းနေကြတာပေါ့။ အဲဒီမှာ Edo ကနေ Kyoto ကို ရောက်လာကြတဲ့ Mibu ရွာအခြေစိုက် Miburo ဆိုပြီး Ronin ဆာမူရိုင်းတွေက ကောလဟာလတွေ နာမည်ဆိုးတွေနဲ့ ကျော်ကြားနေတယ်။ MC က အခုလာပါပြီ ၁၃ နှစ်ပဲ ရှိသေးတဲ့ Dango ဆိုင်မှာ မွေးစွားအဘွားဖြစ်သူရယ် မွေးစားညီမလေးရယ် စားပွဲထိုးနေတဲ့ ဆံပင်ဖြူဖြူ မျက်လုံးပြာနဲ့ Nio လို့ခေါ်တဲ့ မိဘမဲ့ကောင်လေးတစ်ယောက်။ သူက Kyoto မြို့ကြီးကို ကာကွယ်ပေးချင်နေပြီး သူယူဆထားတဲ့ တရားမျှတမှုဆိုတာကို ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်ပြင်းပြတဲ့ကလေး။ တစ်ရက်ကျ ဒီ Miburo အဖွဲ့က လူနှစ်ယောက် သူတို့ဆီ မုန့်လာစားရင်းနဲ့ ဒီကောင်လေးရဲ့ အလားအလာကို မြင်ပြီး သူတို့အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့အခါမှတော့ Nio တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ၊ သူများတွေပြောနေတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Miburo အဖွဲ့က တကယ်တမ်း ဘယ်လိုလဲ၊ သူလက်ကိုင်ထားတဲ့ တရားမျှတမှုက သူများတွေနဲ့ ဘယ်လိုကွာခြားမလဲ စသဖြင့် ညီအစ်ကိုဆရာသမား၊ သူငယ်ချင်း သံယောဇဉ်မေတ္တာတွေနဲ့ အဖွဲ့အစည်းတစ်ခုကို အခြေပြုရိုက်ကူးထားတဲ့ Anime စီးရီးတစ်ခု ဖြစ်ပါတယ်။
...

The Fire Inside (2024) ⭐TMDB: 69% User Score 🎬 #Drama #History 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Fire Inside ဇာတ်ကားက စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်ကောင်အဓိကကတော့ သူရဲ့အိပ်မက်ကို လိုက်ချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ််။ သူဟာ လက်ဝှေ့လောကမှာ အောင်မြင်ချင်တဲ့သူဖြစ်ပြီး၊ အခက်အခဲတွေကြုံရပါတယ်။ ဒါပေမယ့် သူဟာ စိတ်အားထက်သန်တွေ လျော့သွားတတ်သူမဟုတ်ပါဘူး။ သူရဲ့ရင်ဆိုင်မှုတွေကိုကြည့်ပြီး တော့ပြန်ပြီးစိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တဲ့ဇာတ်ကားပါပဲ။ ဒါရိုက်တာ ရေချယ် မော်ဆန်က ဇာတ်လမ်းကို တင်ဆက်ရာမှာ ရှုခင်းတွေ၊ စိတ်ကူးတွေအပြည့်အဝ ထည့်သွင်းထားပြီး မိန်းကလေးရဲ့ စိတ်အခြေအနေတွေကို ခံစားရစေပါတယ်။ ဇာတ်ကောင်ရဲ့ရင်ဆိုင်မှုတွေက ပရိသတ်ကို လည်းဘယ်လိုကျော်လွှာရမလဲဆိုတာမျိုးကို အားဖြစ်စေခဲ့တယ် လမ်းပြတဲ့သူ ကိုယ်စားပြုပေးတဲ့သူတစ်ယောက်ဖြစ်ပေးခဲ့တယ်။ ဒီဇာတ်ကားဟာ လူတိုင်းရဲ့ အိပ်မက်တွေနဲ့ ရင်ဆိုင်ကြိုးစားနေတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိပါတယ်။သူဟာ အခက်အခဲတွေကို ကျော်လွှားပြီးတော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့ပါတယ်။ အခက်အခဲတွေကြောင့် ဘယ်လို မချိုးမလှဖြတ်လို့မရတဲ့အခါမျိုးမှာလည်း အောင်မြင်ဖို့အတွက်မဖြစ်မနေကြိုးစားနေခဲ့တယ်။ “The Fire Inside” ကတော့ အိပ်မက်တွေကို ယုံကြည်စွာလိုက်ခဲ့တဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အားလုံးကိုလည်းကြိုးစားလာဖို့အတွက်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
...

Wolf Man (2025) ⭐IMDB: 5.9/10 (10 k Votes) 🎬 #Horror #Thriller 🗓 2025 🎞 movie 🌎 #UnitedStates #NewZealand #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ Substance လိုပဲ ဘော်ဒီဟော်ရာကိုမှ သမန်း ဝံပုလွေဟော်ရာစတိုင်ရိုက်ထားတာပါ။ ဝံပုလွေလူသားကို ကြောက်စရာပုံမျိုးနဲ့ ဖန်တီးထားပြီး အထူးပြုလုပ်ချက်မသုံးဘဲ ရှေးစတိုင် မိတ်ကပ်နဲ့ပဲ ဖန်တီးထားတာပါ။ ဇာတ်လမ်းကောင်းကောင်းနဲ့ ကြောက်ဖို့ကောင်းတာကြိုက်ရင် ကြည့်လိုက်ပါဦး။ ဇာတ်လမ်းအကျဉ်း ************* အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေ ကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။ တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာ ဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီး ပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိ လိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။ အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင် တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေ အဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။
...

Maidaan (2024) ⭐IMDB: 7.9/10 (22 k Votes) 🎬 #Biography #Bollywood #Drama #History #Sport 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 59 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maidaan (2024) “ပြိုင်ပွဲ”IMDb – 8.4/10 တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှShaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက်အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက်အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။ အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီးဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။ ၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Bilik Tepi (2023) ⭐TMDB: 0% User Score 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 11 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bilik Tepi (2024) IMDb Rating (6.3) ဘရန်ဒန်၊ မာလာသီနဲ့ဟာနာတို့ဟာ သူငယ်ချင်းသုံးယောက်ဖြစ်ပြီး အပန်းဖြေခရီးတစ်ခုထွက်လာကြတာပါ။ တစ်လမ်းလုံး ချောချောမွေ့မွေ့နဲ့ ဘာပြဿနာမှမရှိခဲ့ပေမယ့် သူတို့တည်းခိုရမယ့်နေရာမှာ ဇာတ်လမ်းစပါတယ်။ အဲ့ဒီနေရာဟာ တစ်ခြားတည်းခိုသူမရှိသလို စကားမပြောတတ်တဲ့ အစောင့်ဖြစ်သူနဲ့ အဖော်အမျိုးသမီးဆီကလည်း ဘာအကူအညီမှမရပါဘူး။ ဖုန်းလိုင်းလည်းမမိ၊တစ်ချို့ မီးတွေကလည်းမလာသလို အလုပ်သမားနှစ်ယောက်ကလည်း သူတို့ကိုစကားမပြောချင်သလိုရှောင်ဖယ်ဖယ်အနေအထားမှာဖြစ်တဲ့အတွက် ထပ်ပြီး အကူအညီမတောင်းပဲ နေလိုက်ကြပါတယ်။ ဒါပေမယ့် ဟာနာ မျက်လုံးထဲမှာ မျက်မမြင်ကလေးမလေးပုံရိပ်တစ်ခုကို အကြိမ်ကြိမ်မြင်နေရပြီး တစ်ကြိမ်မှာတော့ အဲ့ဒီကလေးမလေးကသူ့နားကပ်ပြီး ‘ပြေး’ လို့တစ်လုံးပြောပြီး ပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီအချိန်ကျမှ ဒီကိုရောက်ကတည်းက သူတို့ကြုံနေရတဲ့ဖြစ်ရပ်တွေကိုပြန်စဉ်းစားမိရင်း ထူးခြားမှုတွေကိုသတိထားမိလာရင်း ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားကြရတော့မှာဖြစ်ပါတယ်။ ပဟေဠိဆန်တဲ့ ဒီနေရာနဲ့ထူးခြားတဲ့ ဝန်ထမ်းနှစ်ယောက်က ဘယ်သူတွေလဲ? ဟန်နာအာရုံထဲက မျက်မမြင်ကလေးမလေးကဘယ်သူလဲ? သူတို့အတွက် အချိန်မှီလွတ်မြောက်နိုင်ဖို့အခွင့်အရေးရော ရှိပါဦးမလား? ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

What a Feeling (2024) ⭐IMDB: 6.4/10 (171 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Austria ⏰ 1 နာရီ 46 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What a Feeling (2024) IMDb Rating (6.4) မာရီသရိစ်ဟာ အောင်မြင်ပြီး စည်းစနစ်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ပွဲမှာခင်ပွန်းဖြစ်သူက လမ်းခွဲစကားပြောလာတာကိုခံခဲ့ရပါတယ်။ အောင်မြင်ချမ်းသာပြီး အချိန်နဲ့ငွေတွေပိုလျှံနေတဲ့သူတွေဖြစ်လေ့ရှိတဲ့သက်လက်ပိုင်းစိတ်ဝေဒနာ ဒါမှမဟုတ် စိတ်အပြောင်းအလဲတစ်ခုကြောင့်သာဖြစ်ပြီး နောက်တစ်ယောက်တွေ့လို့မဟုတ်သလိုသူ့အပြစ်ကြောင့်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း စည်းစနစ်ကြီး လွန်းလှတဲ့သူ့ကို ရုတ်တရက်ရိုက်ချသလိုခံစားလိုက်ရတဲ့ မာရီအတွက်တော့ အတော်ခံစားခဲ့ရပြီးအဲ့ဒီညမှာ မူးမူးနဲ့ Lesbian ဘားတစ်ခုကိုရောက်သွားခဲ့ပြီး အဲ့ဒီဖာရီဘာဆိုတဲ့ အမျိုးသမီးနဲ့ရင်းရင်းနှီးနှီးရင်ဖွင့်ဖြစ်ခဲ့ပြီးအမူးလွန်မှောက်သွားခဲ့ပါတယ်။ ဖာရီဘာကတော့ သူနဲ့ဆန့်ကျင်ဘက် လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ပါ။ ချစ်သူတွေထည်လဲတွဲတတ်သူ၊ အသဲခွဲတတ်သူဖြစ်ပြီး စည်းမျဉ်းတွေကိုချိုးဖောက်ပုန်ကန်ရင်းရှင်သန်နေတဲ့သူ၊ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်ဆီက အမျိုးသမီးနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးမသိလိုက်ရခင်မှာကိုယ်စီငြိတွယ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကိုယ်တိုင်ရဲ့ဝိရောဓိတွေနဲ့တစ်ကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ What a Feeling ဟာအခုနောက်ပိုင်းအတွေ့ရကျဲသွားတဲ့ Rom/com စစ်စစ်လေးတစ်ကားဖြစ်ပြီး၊ သဘာ၀ကျတဲ့ဟာသတွေ၊သရုပ်ဆောင်နှစ်ယောက်ကြားက ပီပြင်တဲ့ Chemistry တွေနဲ့သွက်သွက်လက်လက်ဆွဲဆောင်နိုင်တဲ့ အချစ်ကားလှလှလေးလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Brothers (2009) ⭐TMDB: 73% User Score 🎬 #Drama #Thriller #War 🗓 2009 🎞 tv series 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသား Tobey Maguire , Jake Gyllenhaal , မင်းသမီး နာတာလီပေါ့ထ်မန်းတို့ပါဝင်ထားတဲ့ စစ်ပွဲအခြေပြု Drama,Thriller,War အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating  (7.1) ရရှိထားတဲ့ဇာတ်ကားပါ။ Tobey နဲ့ နာတာလီပေါ့ထ်မန်း က လင်မယား….ကလေးနှစ်ယောက်လဲရှိတယ်….Jake နဲ့ Tobey က ညီအစ်ကိုတွေ… Tobey ကတော့ အမေရိကန်မရိန်းတပ်ကဗိုလ်ကြီး… Jake ကတော့ ထောင်ထွက်အပေအတေ… အာဖဂန်နစ်စတန်ကစစ်ဆင်ရေးတစ်ခုမှာ Tobey တစ်ယောက် အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတဲအခါမှာတော့
...

Forbidden Fairytale (2025) ⭐IMDB: 7.7/10 (14 Votes) 🎬 #Comedy #Romance 🗓 2025 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Forbidden Fairytale (2025) ************************** IMDb….7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်း ထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။) Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedy ရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့ Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။ တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကား နောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကို ရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ… အဖေ့ကို ကတိ ပေးထားခဲ့တဲ့အတိုင်း အောင်မြင်တဲ့ ပုံပြင်ရေးဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ဒန်ဘီတစ်ယောက် ကတိအတိုင်း ဖြစ်လာနိုင်မလား..။ အပြာဝတ္ထုတွေရေးတဲ့ စာရေးဆရာမအဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ ဇာတ်လမ်လေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦး..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲဖြစ်ပါတယ်
...

The Mask of Zorro (1998) ⭐TMDB: 66% User Score 🎬 #Action #Adventure #Comedy #Romance #Thriller #Western 🗓 1998 🎞 movie 🌎 #UnitedStatesofAmerica #Germany ⏰ 2 နာရီ 17 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mask of Zorro (1998)IMDb Rating (6.8) / Rotten Tomatoes (84 %) ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ ဇာတ်လမ်းကတော့…. ၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ထွက်ပြေးတော့မယ့်အခန်းနဲ့စပါတယ်။ အဲဒီ ဒေသကို စပိန်တွေအုပ်စိုးခဲ့စဉ်တစ်လျှောက် ပြည်သူတွေကိုနိုင်ထက်စီးနင်းလုပ်ခဲ့တာကြောင့် ဇောရိုးဆိုတဲ့မျက်နှာဖုံးရှင်လူစွမ်းကောင်းက စပိန်အစိုးရကို တော်လှန်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။  ဒါကြောင့် ဒွန် ရာဖေယဲလ်ဟာ ထွက်ပြေးခါနီးဆဲဆဲမှာ ဇောရိုးကို သုတ်သင်နိုင်ဖို့ အစီအစဉ် တစ်ခုဆွဲခဲ့ပါတယ်။ ဒါပေမယ့် မင်းသားတို့ ညီအကိုက ကူညီပေးခဲ့လို့ အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။ ဒွန် ရာဖေယဲလ်ဟာ ဇောရိုးဘယ်သူလည်းလို့ ရိပ်မိသွားလို့ သွာဖမ်းတဲ့အခါ ဇောရိုးတစ်ဖြစ်လည်း စပိန်လူကြီးလူကောင်းဖြစ်တဲ့ ဒွန် ဒီယေဂိုဟာ ချစ်လှစွာသော ဇနီးသည်ကိုဆုံးရှုံးရတဲ့အပြင် သမီးလေးကိုလည်း ရန်သူရဲ့ခေါ်ဆောင်သွားခြင်းခံရပါတယ်။ သူကိုယ်တိုင်လည်း ထောင်ထဲမှာ အနှစ် ၂၀ လောက် အကျဉ်းချခံတဲ့ ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါက ပထမပိုင်းဇာတ်လမ်းပါ။ ဒုတိယပိုင်းဇာတ်လမ်းကတော့ အဲဒီအဖြစ်အပျက်တွေ ဖြစ်ပြီး နောက်နှစ်ပေါင်း ၂၀ လောက်အကြာမှာ ကာလီဖိုးနီးယားကို စပိန်တို့ ပြန်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ မြို့တော်ဝန်အဖြစ် ဒွန် ရာဖေယဲလ်ပြန်ရောက်လာပြီး ပြည်သူတွေကို မညှာမတာနှိပ်စက်ကာ ရွှေထုတ်ယူရာမှာ အသုံးချ ခဲ့ပါတယ်။ အကျဉ်းကျနေခဲ့တဲ့ ဒွန် ဒီယေဂိုလည်း လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ပြီး သူ့ကိုကူညီခဲ့ဖူးတဲ့ ညီအကိုနှစ်ယောက်တည်းက ညီဖြစ်တဲ့ မင်းသားနဲ့တွေ့ပြီး ဇောရိုးဘဝကို လက်ဆင့်ကမ်းပေးခဲ့ကာ ပြည်သူတွေကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Nyi Nyi Kyaw Myint မှ တင်ဆက်ထားပါတယ်။)
...

Tom and Jerry: Shiver Me Whiskers (2006) ⭐TMDB: 69% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင် ရတနာသိုက်ရှာပုံတော် ထွက်ကြမှာပဲဖြစ်ပါတယ်။ ဓါးပြညီနောင်၃‌ဦးထဲက အနီရောင်ဓါးပြကြီးရဲ့ သင်္ဘောသားတွေ ဖြစ်ကြတဲ့ တွမ်နဲ့ ဂျယ်ရီတို့ မထင်မှတ်ဘဲ ရတနာသိုက်မြေပုံ ပါတဲ့ ဖန်ပုလင်း တစ်ပုလင်းကို ကောက်ရခဲ့ပါတယ်။ အဲဒီမြေပုံက တခြားမဟုတ်ဘဲ ဓါးပြကြီး၃ယောက် ငယ်စဉ်ကတည်းက လိုက်ရှာ နေခဲ့တဲ့ စပန်းနစ်ရှ်မိန်းဆိုတဲ့ အဖိုးတန်ရတနာသိုက်ကြီးရဲ့ မြေပုံဖြစ်နေတာပါ။ တွမ်နဲ့ ဂျယ်ရီတို့တွေ မြေပုံရထားတာကိုသိသွားတဲ့နောက် ဓါးပြညီအစ်ကိုတွေရဲ့ မြေပုံလုပွဲတွေက ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမြေပုံက ဒီတိုင်း သာမန်မဟုတ်ဘဲ ကျိန်စာသင့်နေတဲ့မြေပုံဖြစ်ပြီး ရှာ‌တွေ့သူ မှန်သမျှကို ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့မြေပုံ ဖြစ်နေပါတယ်။ ရတနာသိုက်ကိုလည်း ထောင်ချောက်အထပ်ထပ်နဲ့ ကာရံ ထားလို့ ရယူဖို့လည်း မလွယ်တဲ့အနေအထားပါ။ ဒီလိုမျိုး အန္တရာယ်များတဲ့ ရတနာသိုက်ကို တွမ် ဂျယ်ရီနဲ့ ဓါးပြတွေဘယ်သူပိုင်ဆိုင်သွားမလဲ၊ ဘယ်လိုအန္တရာယ်‌တွေနဲ့ ရင်ဆိုင် စွန့်စားသွားရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
...

Pepe (2024) ⭐IMDB: 6.3/10 (397 Votes) 🎬 #Documentary #Drama 🗓 2024 🎞 movie 🌎 #DominicanRepublic #France #Namibia #Germany ⏰ 2 နာရီ 3 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pepe (2024) IMDb Rating (6.3) / Rotten Tomatoes (74%) ကိုလမ်ဘီယာတောထဲမှာ ပီပီလို့ခေါ်တဲ့ ရေမြင်းလေး အသတ်ခံခဲ့ရတယ်။ အသတ်ခံခဲ့ရတဲ့ ရေမြင်းလေးပီပီရဲ့ ရင်တွင်းစကားသံတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အမေရိကမှာ ပထမဆုံးနဲ့နောက်ဆုံးအသတ်ခံခဲ့ရတဲ့ရေမြင်းလေး ပီပီက သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ပြောဆိုခဲ့တဲ့ပုံစံလေးကို ရိုက်ကူးထားတဲ့ Documentary နဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုကို ပေါင်းစပ်ဖန်တီးထားတဲ့ Director နယ်လ်ဆန်ကာလို့စ်ရဲ့ လက်ရာကောင်းတစ်ပုဒ်ဖြစ်တာမို့ မတူညီတဲ့ပုံစံလေးတစ်ခုနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)
...

My Doctor's Secret Life (2023) ⭐IMDB: 5.5/10 (143 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Doctor’s Secret Life (2024) IMDb Rating (5.5) Veronica West ရဲ့ ဘဝက ပြည့်စုံလွန်းပါတယ်။ သူက နာမည်ပျက်မရှိတဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ချစ်သူကလည်း ကောလိပ်ကျောင်းဆရာဖြစ်ပါတယ်။ အိမ်ကောင်းကောင်းမှာ နေပြီး အလုပ်အကိုင်ကလည်း ကောင်းလွန်းလှတဲ့ အပြင် သူ့စာအုပ်ကလည်း ရောင်းအကောင်းဆုံး စာရင်းဝင် ဖြစ်နေပါတယ်။ ဒီလို အားလုံး ပြည့်စုံနေတဲ့ Dr. West ရဲ့ ဘဝမှာ ဘယ်သူ့ကိုမှ မပြောပြဖူးတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိလို့နေပါတယ်။ သူ့အတိတ်က လျှို့ဝှက်ချက်က တစ်ရက်မှာ သူ့လက်ရှိကို လာပြီး နှောင့်ယှက်မယ်ဆိုတာ သူ မသိခဲ့ပါဘူး။ သူ့စာအုပ် လက်မှတ်ထိုးပွဲကနေ စလာတဲ့ နှောင့်ယှက်မှုတွေဟာ သူ့ရုံးခန်းကို ဖျက်ဆီးပြီး သူ့ချစ်သူကိုပါ အန္တရာယ်ပြုတဲ့အထိ ဖြစ်လာတဲ့အခါ Dr. West ဟာ သူ့ကို နှောင့်ယှက်နေတဲ့ လက်သည်ကို ရှာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)
...

Family Blood (2018) ⭐IMDB: 4.2/10 (3 k Votes) 🎬 #Horror #Thriller #Drama 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ellie လို့ခေါ်တဲ့ ဆေးစွဲတာကနေ နလန်ထူကာစ အမျိုးသမီးတယောက်က မြို့သစ်တခုကို ဆယ်ကျော်သက်အရွယ် သူ့ကလေးနှစ်ယောက်နဲ့ ပြောင်းလဲ အခြေချနေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား ဆေးမသုံးပဲ မနေနိုင်တာကြောင့် အခက်တွေ့နေရပါတယ်။ တနေ့ Christopher ဆိုတဲ့ လူနဲ့တွေ့တော့ သူ့ဘဝ တဆစ်ချိုးပြောင်းလဲလာပါတော့တယ်။ စွဲလမ်းမှုကို အခြားစွဲလမ်းမှုနောက်တမျိုးနဲ့ အစားထိုးမယ်ဆိုတာကနေ Ellie က ဘယ်လိုမှ မဆိုင်တဲ့ပုံစံပြောင်းသွားတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ Horror/ Thriller အမျိုးအစားဖြစ်တာကြောင့် အဲဒီလို mystery ဆန်ဆန် ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့လူတွေ အတွက်ဇာတ်ကားကောင်းတခုဖြစ်မှာပါ။
...

Early Man (2018) ⭐IMDB: 6.1/10 (24 k Votes) 🎬 #Action #Animation #Thriller #Family #Comedy #Adventure #Fantasy #Sport 🗓 2018 🎞 movie 🌎 #France #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်​ခါ​တော့ ၂၀၁၈ ခုနှစ်​ထွက်​ထားတဲ့ Early Man ဆိုတဲ့ ​ကျောက်​​ခေတ်​ကာလကို ​နောက်​ခံထားပြီးရိုက်​ကူးထားတဲ့ Animation ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဒီကား​လေးကို ဒါရိုက်​တာ Nick Park ကရိုက်​ကူးခဲ့တာဖြစ်​ပြီး Aardman Animation က ​နေထုတ်​လုပ်​ဖြန်​့ချီထားတာဖြစ်​ပါတယ်​ ဒီကား​လေးက ​ကျောက်​​ခေတ်​ကာလက​နေ​ကြေး​ခေတ်​​ပြောင်​းတဲ့ကာလမှာ ​ကျောက်​​ခေတ်​မှာ ​အေး​ဆေ​း​နေခြင်​တဲ့ ​ကျောက်​​ခေတ်​လူသား​လေး Dug က သူ့အိမ်​ကို အ​နှောက်​အယှက်​​ပေးဖျက်​ဆီး မယ်​့ လူဆိုးကြီး Nooth ရဲ့ရန်​က​နေကာကွယ်​တာကို ရိုက်​ကူးပြထားတာဖြစ်​ပါတယ်​ ဇာတ်​ကား​လေးက​တော်​​တော်​ ​ကောင်​းပြီး ဒီကားထဲမှာပါတဲ့ သီချင်​း​လေး​တွေကလဲ ​တော်​​တော်​ ​ကောင်​းပါတယ်​ ဒီကား​လေးထဲမှာ Dug အဖြစ်​ Eddie Redmayne က သရုပ်​​ဆောင်​ထားပြီး Goona အဖြစ်​ Maisie Willians နဲ့ လူဆိုးကြီး Lord Noothဖြစ်​ Tom Hiddlestom က အသံသရုပ်​​ဆောင်​​ပေးထားတာဖြစ်​ပါတယ်​ ကဲ Animation ပရိတ်​သတ်​ကြီးအ​နေနဲ့က​တော့လက်​လွတ်​မခံသင်​့တဲ့ကား​လေး ဆိုတာ​ပြောလိုက်​ပါရ
...

Fast X (2023) ⭐IMDB: 5.7/10 (131 k Votes) 🎬 #Action #Adventure #Crime #Thriller #Mystery 🗓 2023 🎞 movie 🌎 #UnitedStates #China #Japan #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့  Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++Fast X (2023) IMDb Rating (5.7) / Rotten Tomatoes (57%) Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။ သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါ Han အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့ နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင် ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။ အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ။ မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်။
...

F9: The Fast Saga (2021) ⭐IMDB: 5.2/10 (169 k Votes) 🎬 #Action #Adventure #Crime #FastandFurious #Thriller 🗓 2021 🎞 movie 🌎 #UnitedStates #Thailand #Canada #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့  Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++ F9: The Fast Saga (2021) IMDb Rating (5.2) / Rotten Tomatoes (59%) ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ။ အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်။ ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်။ လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ? ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ? ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား။ ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ။ Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့။ F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ်။ ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ။ သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး။ ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ။
...

Fast & Furious 6 (2013) ⭐IMDB: 7.0/10 (425 k Votes) 🎬 #Action #Crime #FastandFurious #Thriller 🗓 2013 🎞 movie 🌎 #USA #UnitedStates #Japan #Spain #HongKong #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့  Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်…ဒီမှာhttps://www.channelmyanmar.to/category/special-package/fast-and-furious/ကြည့်ပါ။ +++++++++++++++++++Fast & Furious 6 (2013) IMDb Rating (7.0) / Rotten Tomatoes (71%) Fast and Furious အဆက်အနေနဲ့ထွက်ရှိထားတဲ့ နံပါတ် ၆ ခုမြောက်ဇာတ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း နာမည်ကျော်မင်းသားမင်းသမီးတွေ ကားတွေ သေနတ်တွေနဲ့ အက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
...