ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Holdovers (2023)
⭐IMDB: 8.0/10 (21 k Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Holdovers (2023)
~ IMDb – 8/10, RT – 96%, Meta – 82% ~
တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It’s a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို… နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ဒီကာလဟာ ဘယ်လောက်နွေးထွေးမလဲ ပြေးကြည့်စရာမလိုဘူးရယ်။ ဒါပေမဲ့လည်း ပိုနွေးထွေးတဲ့ကလာလတစ်ခုမှာ အထီးကျန်ရတဲ့အခါမှာလည်း ပိုဝမ်းနည်းစရာကောင်းတာလည်း ဖြစ်မြဲသဘောတရားတစ်ခုပဲ။ ဒီရုပ်ရှင်ကတော့ အနွေးထွေးဆုံးကာလမှာ အထီးအကျန်ဆုံးဖြစ်ရတဲ့ ဖော်ဝေးသူတွေအကြောင်းလို့ ပြောလည်း မမှားဘူး။
ဇာတ်အိမ်ကိုတော့ ၁၉၇၀ကာလရဲ့ နယူးအင်္ဂလန်တစ်နေရာက ဘော်ဒါကျောင်းတစ်ခုမှာတည်ထားတယ်။ စစချင်းတော့ ရုပ်ရှင်ဟာ ခင်ဗျားကို အဲဒီကျောင်းက လူအများစုနဲ့ မိတ်ဆက်ပေးသွားလိမ့်မယ်။ ခရစ္စမတ်ပိတ်ရက်တွေ မစခင်ကာလပေါ့။ အဲဒီမှာ စည်းကမ်းအရမ်းကြီးသလို အမြဲဘုကလန့်လုပ်တတ်လို့ ကျောင်းအုပ်အပါအဝင် အားလုံးမေတ္တာပို့တာ ခံရနေကျ ဆရာတစ်ယောက်ရှိတယ်။ ဒီဘဲက ဘယ်လောက်ဘုကလန့်လုပ်သလဲဆို မိဘတွေလည်း လာကြိုဖို့ရောက်နေသလို နောက်လေးဆယ့်ငါးမိနစ်မှာ ချာ့ချ်ကျောင်းထဲ ဒေသနာယူပြီး ပိတ်ရက်အိမ်ပြန်ရတော့မယ့် ကျောင်းသားတွေကို သင်ခန်းစာအသစ်ကောက်သင်တဲ့အထိကို ဘုကလန့်လုပ်တတ်တယ်။ ဒီနောက်တော့ ခရစ္စမတ်နဲ့ နယူးရီးယားပိတ်ရက်အတွက် အားလုံးအလျှိုလျှို အိမ်ပြန်သွားလိုက်ကြတာ နောက်ဆုံး ကျောင်းမှာပဲဆက်နေဖို့ အအပ်ခံထားရတဲ့ ကျောင်းသားငါးယောက်ရယ် ဆရာတစ်ယောက်ရယ် ထမင်းချက်မိန်းမကြီးတစ်ယောက်ရယ်ပဲ ကျန်တော့တယ်။ ဒီကျောင်းသားတွေက အစကတည်းက ခပ်ဆိုးဆိုးခပ်ပေပေကျောင်းသားတွေဆိုတော့၊ နဂိုကတည်းက စည်းကမ်းကြီးတဲ့ဆရာကလည်း ပိုကြပ်တော့ ကျောင်းသားတွေနဲ့ဆရာကြားက တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်ဆိုသလိုအဖြစ်တွေကို မြင်ရတော့တာပဲ။ ဒီနောက်တော့ နဂိုမူလ အအပ်ခံထားရတဲ့ ကျောင်းသားလေးယောက်စလုံးပြန်သွားကြပြီး ပြန်မလို့လုပ်ပြီးမှ ကျန်ခဲ့တဲ့ကျောင်းသားတစ်ယောက်ရယ် ဆရာရယ် ထမင်းချက်ရယ် ဘော်ဒါကျောင်းကြီးထဲ ကျန်ခဲ့ကြပြီ။ တရွေ့ရွေ့နဲ့ လူသူတွေပါးသွားလိုက်တာ… ဒီမှာမှ တကယ့်ဇာတ်စတယ်ပြောရမှာပဲ။ ဒီဇာတ်က အဓိကပုံဖော်သွားတာလည်း သူတို့၃ယောက်အကြောင်းပဲ။ သူတို့ သုံးယောက်ဟာ ဒီတိုင်းအထီးကျန်နေတဲ့လူတွေမဟုတ်ဘဲ ကိုယ့်ဒဏ်ရာနဲ့ ကိုယ်ရှိနေတဲ့ လူတွေချည်းပဲဖြစ်ကြောင်း ဒါရိုက်တာက ပါးပါး ပါးပါးချင်းနဲ့ ရုပ်လုံးပေါ်လာအောင် ရိုက်ပြတယ်။ မတည့်နေရာက သူတို့ချင်းအဖော်ပြုရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာရင်း တစ်ယောက်အတွက်တစ်ယောက် နွေးထွေးပေးချင်လာတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ အရာအားလုံးအဆင်ပြေလေသတည်းတော့မဟုတ်ဘူးပေါ့။ ဒုက္ခတွေ အပူတွေက တစ်ခုအပေါ် တစ်ခုဆင့်လျက်ပဲ။ ဒါပေမဲ့လည်း ဒုက္ခတွေပါ နွေးထွေးသွားစေမယ့် ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာက လှလှပပလေး တင်ပြသွားနိုင်ခဲ့တယ်။
Alexander Payne ရဲ့ ကာလအတန်ကြာပြီးမှ ပြန်စရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို သူရိုက်ခဲ့တဲ့ The Descendants တို့၊ Sideways တို့လို ကွာလတီမျိုးကို သူပြန်အသက်သွင်းနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်က ခရစ္စမတ်ရုပ်ရှင်ဖြစ်နေတဲ့အပြင်ကို သူ့ရဲ့ တခြားဘက်ခြမ်းမှာလည်း Dead Poet Society ကို တခြားဗားရှင်းတစ်မျိုးနဲ့ ရိုက်ပြထားသလို ခံစားမှုမျိုးလည်းရနေတယ်။ ဆန့်ကျင်ဘက်ပေါ့။ မနာခံတဲ့ လူဘော်ကြော့ခပ်ဆိုးဆိုးကျောင်းသားတွေရယ် သူတို့လိုလူစားတွေကို မုန်းတီးစိတ်နည်းနည်းရှိနေတဲ့ စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်ရယ်ကို ပြထားသကိုး။ ဒါလည်း အစမှာပါပဲ။ သူပြချင်တာကို ဆက်သွားဖို့ သူ့ကာရိုက်တာတွေကို ပုံဖော်နေဆဲကာလမှာပဲ ဒီလိုခံစားချက်မျိုးပေးထားတာပါ။
ဒီရုပ်ရှင်မှာ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Paul Giamatti ကြီးကိုတော့ တော်တော်လေးချီးကျူးရပါမယ်။ လူ့ခွစာကန့်လန့်ဆရာတစ်ယောက်ကနေ သနားစရာကောင်းတဲ့ ဆရာအိုကြီးတစ်ယောက်အဖြစ် တငွေ့ချင်းပြောင်းသွားတဲ့အရွေ့ကို ပေါလ်ဟာ ကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ ပေါလ်ဟာ Cinderella Man နဲ့ ဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ဖူးသလို အခုရုပ်ရှင်နဲ့လည်း ရွှေကမ္ဘာလုံးပွဲမှာ သရုပ...
The Ex-Files 4: Marriage Plan (2023)
⭐IMDB: 5.5/10 (94 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 9 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်ရောက်လာပြီဖြစ်တဲ့ယွီဖေးနဲ့ မုန့်ယွင်တို့ သူငယ်ချင်း ၂ ယောက်ဟာဒီတစ်ခါမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဥ်ဆွဲတဲ့ဆီကို ရောက်လာကြပါတော့တယ်
မိဘက ကြင်ဖက်တွေ့ခိုင်းတဲ့အခါ လာတွေ့တဲ့တစ်ဖက်မိန်းကလေးဆီက အချစ်ကို အရင်ဆုံးမျှော်လင့်တဲ့ မုန့်ယွင်လက်ရှိချစ်သူနဲ့ အိမ်ထောင်မပြုခင်မှာအိမ်ထောင်သည်ဘဝကို လက်တွေ့ခံစားကြည့်လို့ရအောင်ချစ်သူနဲ့ တစ်မိုးအောက်မှာ အတူတူနေကြည့်တဲ့ ယွီဖေး
မုန့်ယွင် ကြင်ဖက်တွေ့ရတဲ့မိန်းကလေးတွေက အိမ်ထောင်ရေးကိုအပေးအယူလို သဘောထားနေသလိုချစ်သူနဲ့ တစ်အိမ်ထဲနေကြည့်တဲ့ ယွီဖေးတစ်ယောက်အိမ်ထောင်သည်ဘဝဆိုတာ သူထင်ထားသလို ပျော်ရွှင်ကြည်နူးစရာ မကောင်းတော့တဲ့အခါ
လူတွေဘာကြောင့် အိမ်ထောင်ပြုကြတာလဲဆိုတာကို အဖြေရှာနေတဲ့ သူတို့ သူငယ်ချင်း ၂ ယောက်ဒီတစ်ခါမှာရော အိမ်ထောင်သည်ဘဝကို တကယ်ပဲ ပျော်ရွှင်စွာနဲ့ကူးပြောင်းနိုင်ပြီလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦး
အရင် EX FILES ဇာတ်လမ်းတွေရဲ့ အဆက်မို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ်...
Shahid (2012)
⭐IMDB: 8.2/10 (17 k Votes)
🎬 #Biography #Bollywood #Drama #Crime
🗓 2012 🎞 movie
🌎 #India
⏰ 1 နာရီ 52 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shahid (2012) “အမှန်တရားဘက်တော်သား”IMDb -8.2/10
ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်ယောက် အကြံရခဲ့တာဖြစ်ပါတယ်။
ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်။
အဓိကရုဏ်းမှာ ကမောက်ကမဖြစ်နေတဲ့ကြား ရှာဟစ်ဒ်တစ်ယောက် အကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုလိုက်သွားခဲ့ပေမဲ့ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်ပြီး ဘုံဘေကိုပြန်လာခဲ့ပေမဲ့ ရဲဘက်ကသတင်းရပြီး ရှာဟစ်ဒ်တစ်ယောက် အကြမ်းဖက်ကာကွယ်ရေးဥပဒေ(POTA)နဲ့ငြိပြီး ဖမ်းခံရပါတော့တယ်။
အကြမ်းဖက်မှုနဲ့ဖမ်းခံရ အတင်းအကြပ်အပြစ်တွေဝန်ခံခဲ့ရပြီး ထောင်နန်းစံခဲ့တဲ့ ရှာဟစ်ဒ်တစ်ယောက် ထောင်ထဲမှာ ဦးနှောက်ဆေးချင်သူတွေ ဖျက်ဆီးချင်သူတွေ ဒုနဲ့ဒေးရှိနေပေမဲ့ ကံကောင်းချင်တော့ လမ်းညွှန်ပေးမယ့်သူနဲ့ဆုံပြီး ထောင်ကလွတ်လာချိန်မှာ ဥပဒေပညာကိုသင်ယူလို့ ရှေ့နေဖြစ်လာပါတော့တယ်။
တစ်ချိန်ကကိုယ်တိုင် POTAဥပဒေနဲ့ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရတဲ့ ရှာဟစ်ဒ်တစ်ယောက် သူ့လိုအဖြစ်မျိုးထပ်မကြုံရလေအောင် အကြမ်းဖက်သမားရယ်လို့ စွပ်စွဲခံရ ခေါင်းစဉ်တပ်ခံရတဲ့သူတွေကို အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားရင်း အမှန်တရားအတွက် အများနဲ့တစ်ယောက် ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာ ရှုစားလိုက်ကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Pontypool (2008)
⭐IMDB: 6.5/10 (35 k Votes)
🎬 #Horror #SciFi #Mystery #ScienceFiction
🗓 2008 🎞 movie
🌎 #Canada
⏰ 1 နာရီ 37 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ Horror&Mystery ဇာတ်ကားအမျိုးအစားကိုမှ
ကြိုက်နှစ်သက်တဲ့ ကြည့်ရှု့သူပရိတ်သတ်ကြီးကို ဒါရိုက်တာ
Bruce McDonaldရိုက်ကူးတင်ဆက်ထားတဲ့ Pontypoolဆိုတဲ့ rating 6.5/10
ရရှိထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ…
ဒီဇာတ်ကားဟာ ပေါင့်တီပူးလ်မြို့ အွန်တာရီနိုမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းဖွယ်
ကူးစက်ရောဂါအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး မင်းသားStephen McHattieနဲ့
မင်းသမီး Lisa Houleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာ ဂရန့်မက်ဇီတစ်ယောက် အွန်တာရီနိုမြို့လေးမှာ ရှိတဲ့ရေဒီယိုအသံလွှင့်ရုံမှာ
အသံလွှင့်နေရင်း ထူးဆန်းတဲ့ သတင်းစကားတစ်ခုကိုကြားဖြတ်ဖမ်းမိလိုက်ပါတယ်
အဲ့တာကတော့ မြို့ထဲက ဒေါက်တာမန်ဒန်ရဲ့ရုံးမှာ လူထုအုံကြွမှုတစ်ခုဖြစ်နေတယ်လို့
ကြားလိုက်တာဖြစ်ပါတယ် ဂရန့်တို့တစ်တွေလည်း ဒါဟာ ကောလဟာလသက်သက်လား
စနောက်နေတာသက်သက်လားဆိုပြီး ဝေခွဲမရဖြစ်ကုန်ပါတယ် အဲ့နောက် တဖြည်းဖြည်းချင်းနဲ့
လူထုဆူပူအုံကြွမှုအကြောင်းတွေ အကြမ်းဖက်ဖြိုခွင်းတာတွေ စတဲ့အကြောင်းတွေပဲ
ဆက်တိုက်ဝင်လာနေပါတယ် ဒီလိုနဲ့ အတည်ပြုဖို့ကြိုးစားနေကြတဲ့အချိန်မှာပဲ နောက်ဆုံးမှာ
ထူးဆန်းတဲ့ကပ်ရောဂါတစ်ခုပျံနှံ့နေလို့ ပေါင့်တီပူးလ်မြို့ကို ကန့်သတ်ထိန်းချုပ်ထားလိုက်ပြီ
ဆိုတဲ့အကြောင်းသိရှိလိုက်ရပါတယ် ရောဂါကလည်း ထူးဆန်းစွာပဲ လူ့ခန္ဓာကိုယ်အသွေးအသားနဲ့
လေထဲကနေတဆင့်ကူးစက်တာမဟုတ်ဘဲ ပြောနေတဲ့စကားလုံးတွေကတဆင့် ကူးစက်နေတာ
ဖြစ်ပါတယ် အဲ့ဒီနောက် ရောဂါပိုးက စကားလုံးတွေကနေ ဘယ်လိုမျိုးကူးစက်တာဖြစ်မလဲ
ဘယ်စကားလုံးတွေကရော ရောဂါပိုကိုပျံ့နှံ့စေတာဖြစ်မလဲ ရေဒီယိုအသံထုတ်လွှင့်တင်ဆက်နေတဲ့
ဂရန့်တို့တစ်တွေကော ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရမလဲ သူတို့တွေ ဒီကူးစက်ရောဂါကနေ
အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုမျိုးရင်ဆိုင်ကျော်လွှားကြမလဲ အစိုးရကကော ကာကွယ်
ဆေးကိုအချိန်မှီတွေ့ရှိပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်စီးမျော
ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Horror ဇာတ်လမ်းကောင်းကောင်းလေးကိုမှ
ကြိုက်နှစ်သက်တဲ့ကြည့်ရှုသူတွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး
တစ်ကားဖြစ်ပါတယ်...
Wheel of Love (2023)
⭐IMDB: 5.8/10 (98 Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #Poland
⏰ 1 နာရီ 47 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ro လွန်းလို့မျက်ရည်ပါကျရမယ့် အချစ်ဇာတ်ကားလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb မှာ Rating
5.8 အထိရရှိ ထားပါတယ်။ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ဆောင်ကတော့
မက်စ်ဆိုတဲ့အားကစားဖိနပ်ကုမ္ပဏီပိုင်ရှင် မက်စ်ဖြစ်ပြီး သူကတော့အသက် ၄၄ ရှိပြီ
ဖြစ်တဲ့ အချစ်ကိုတစ်ခါမှသေချာမခံစားဖူးပဲ ကောင်မလေးတွေကိုလိုက်ပလေးနေတဲ့
စားဘဲကြီးပါ။ဒီနေ့တွေ့မနက်ဖြန်–သဘက်ခါထားသွားမယ်ဆိုတဲ့ စကားကသူ့ရဲ့
လက်သုံးစကားဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးက ဂျူလီယာလို့ခေါ်တဲ့
ဝှီးချဲလေးနဲ့ ကောင်မလေးကိုတွေ့လိုက်တဲ့အခါမှာတော့ သူ့အတွက်ပြောင်းလဲသွားပါ
တော့တယ်။အဲ့ဒီကောင်မလေးနဲ့ ရင်းနှီးခွင့်ရဖို့အတွက် မက်စ်ကိုယ်တိုင်ကဝှီးချဲနဲ့
ခြေထောက်မသန်စွမ်းသလို ဟန်ဆောင်ပြီးကြိုးစားပါတော့တယ်။အချိန်တွေ
ကြာလာတာနဲ့အမျှ မက်စ်ကသူ့ဘ၀မှာတစ်ခါမှမခံစားဖူးတဲ့ အချစ်ဆိုတဲ့အရာကြီးရဲ့
စစ်မှန်တဲ့ အရသာကိုသိရှိလာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားမှာဘယ်လို
အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်ကြမလဲ။လိမ်ညာတာ လှည့်စားတာတွေကို
မကြိုက်တဲ့ ဂျူလီယာနဲ့ လိမ်ညာထားတဲ့မက်စ်တို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ကြမလဲ
ဆိုတာကို ကြည့်ရမဲ့ဒရာမာကားလေးပဲဖြစ်ပါတယ်။...
Fast Charlie (2023)
⭐IMDB: 5.9/10 (2 k Votes)
🎬 #Action #Crime #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quality….Webrip 1080p / 720pFormat…mp4Duration….01:32:00Genre…Action, Crime, DramaSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Mia...
Blood Vessel (2023)
⭐IMDB: 4.5/10 (174 Votes)
🎬 #Adventure #Drama #Thriller
🗓 2023 🎞 movie
🌎 #Nigeria
⏰ 2 နာရီ 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။
ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် အပါအ၀င် လူခြောက်ဦးဟာ သမုဒ္ဒရာထဲမှာစောင့်ဆိုင်းနေတဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ကအရမ်းကြီးမရှုပ်ထွေးနေပေမဲ့ ဇာတ်အိမ်တော်တော်ခိုင်တဲ့အထဲ ပါတယ်လို့ပြောရပါမယ်။ ဇာတ်ကြောင်းဟာ အာဘီနဲ့ အိုရင်နှစ်ယောက်တည်းရဲ့အကြောင်းအပြင် နောက်ထပ်လိုက်ပါလာခဲ့တဲ့ လူလေးယောက်ရဲ့အကြောင်းကိုပါ ထည့်ရိုက်ထားပါတယ်။
အာဘီနဲ့ အိုရင်ကို အိုရင်ရဲ့ချစ်ခြင်းကို အဖေဖြစ်သူက ဘာကြောင့် ခါးခါးသီးသီး တားမြစ်ကန့်ကွက်ရတာလဲ၊ သင်္ဘောပေါ်က နောက်ထပ်ခရီးသွားလေးဦးကရော ဘယ်လိုအကြောင်းတွေကြောင့် ဒီသင်္ဘော၀မ်းဗိုက်ထဲကနေ အတူလိုက်လာဖို့ အကြောင်းဖန်လာခဲ့ရတာလဲ၊ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးတွေ ကျရောက်လာတဲ့အခါမှာရော ဒီခြောက်ယောက်ဟာ ရှင်သန်နိုင်ပါ့မလားဆိုတာကို ထိတ်တလန့်လန့်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Mansion 24 (2023- )
⭐IMDB: 4.7/10 (294 Votes)
🎬 #Mystery #Action #Adventure #Horror
🗓 2023- 🎞 tv series
🌎 #India
⏰ 33 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mansion 24 (2023)Mansion 24 (2023) “ပဟေဠိ စံအိမ်”Disney+ Hotstarကနေထုတ်လွှင့်ခဲ့ပြီး တောင်ပိုင်းမင်းသမီးချောဗာရာလက်ရှ်မီးဆာရာသ်ကူးမား
အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။
ဇာတ်အိမ်တစ်ခုရဲ့ နောက်မှာပဲ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။
Your browser does not support the video tag.အမ်ရူသာဆိုတာ ထောက်လှမ်းရေးသတင်းထောက်တစ်ယောက်။
အိပ်ရာထဲလဲနေတဲ့ အမေဖြစ်သူကိုပြုစုရင်း စိတ်ပင်ပန်းနေရတယ်။အိပ်ရာထဲလဲရတာကလည်း
အဖေဖြစ်သူ ရှေးဟောင်းသုသေတနပညာရှင်ကြီးက တန်ဖိုးရှိရှေးဟောင်းရတနာတွေနဲ့
ထွက်ပြေးသွားတယ်ဆိုပြီး မီဒီယာတွေရော ရဲတွေရော ရှေးဟောင်းသုသေတနအသိုင်းအဝိုင်းကပါ
တံဆိပ်အကပ်ခံရတဲ့စိတ်နဲ့ပါ။ အမှန်တရားကိုသိရဖို့အတွက် သတင်းထောက်အမ်ရူသာတစ်ယောက်
အဖေဖြစ်သူကို နောက်ဆုံးတွေ့လိုက်ရတယ်ဆိုတဲ့ စံအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။
အဲဒီစံအိမ်ကြီးရဲ့ထူးခြားချက်က ဝင်ပြီးသွားတဲ့လူတိုင်း အသက်ရှင်လျက်ပြန်ထွက်မလာကြတော့တာပဲ။
အဲဒီလို စံအိမ်ကြီးထဲကိုမှ အားလုံးတားနေတဲ့ကြားကနေ စံအိမ်ကြီးဆီကိုရောက်သွားတဲ့အခါမှာတော့…။
စံအိမ်ကြီးထဲက တဖက်လပ်အစောင့်အဘိုးကြီးနဲ့တွေ့ပြီး ပဟေဠိဆန်ဆန်ဇာတ်လမ်းတွေကို နားထောင်ရင်း
အဖြေရှာရတဲ့အခါမှာ…။အမ်ရူသာတစ်ယောက် စံအိမ်ကြီးထဲမှာ ဘာကိုသတိထားမိသွားမှာလဲ။
ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကိုရော ရှာတွေ့မှာလား။
ဘ၀မှာ ကြုံတွေ့ရတဲ့လူတိုင်းဆီကနေ မေးခွန်းတစ်ခုနဲ့ အစပြုခဲ့ကြတယ်။တချို့မေးခွန်းတွေက
အဆုံးသတ်ချိန်ထိ အဖြေရှာမတွေ့ခဲ့ရဘူး။ဒီလိုပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကို ရှာနေခဲ့တာလား။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ Alex~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
A Christmas Serenade (2023)
⭐IMDB: 5.5/10 (67 Votes)
🎬 #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါ
အလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါ
ဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်………
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Silent Witness (2013)
⭐IMDB: 6.9/10 (915 Votes)
🎬 #Crime #Drama #Family #Mystery #Thriller
🗓 2013 🎞 movie
🌎 #China
⏰ 1 နာရီ 55 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့
CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့
မိတ်ဆက်ပေးပါဦးမယ်။
Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။
အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့
Ji Zihan တို့က ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့
အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့
စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။
လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာ
နာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။
တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့
ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။
သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲ
ယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။
သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။
ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူက
ထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။
သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့
ရှေ့နေဆိုလည်း မမှားပါဘူး။
တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံး
ရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။
နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို အပြိုင်ဖြေရှင်းကြမှာပေါ့နော်။
ဆိုတော့ ဒီရှေ့နေနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသွားမလဲ၊ အသက် ၂၀ ပဲရှိသေးတဲ့
လင်းမုန့်မုန့်ကရော တကယ်ပဲ လူသတ်တရားခံလား၊ ဒီအမှုက
လူတွေထင်ထားသလို ရိုးရှင်းလား၊ နောက်ကွယ်မှာ
ဘာတွေရှိနေမလဲဆိုတာကိုတော့
ပရိသတ်ကြီးတို့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။
ဘာသာပြန်သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို
တကယ် သဘောကျမိပါတယ်။
အမှုတစ်ခုတည်းကို လှည့်ကွက်ပေါင်းများစွာနဲ့ ဟာခနဲ
ဟင်ခနဲဖြစ်အောင် ရိုက်ပြသွားသလို လူသတ်သမားက
ဟိုလူလား ဒီလူလားဆိုပြီး ခန့်မှန်းရတာမလို့ ရင်လည်းခုန်ရပါတယ်။
အချိန်ကုန်ခံရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ကားလို့
မြင်မိတာမလို့ အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။...
P.I. Meena (2023- )
⭐IMDB: 7.4/10 (3 k Votes)
🎬 #Crime #Mystery #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 40 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
P.I. Meena (2023)PI Meena (2023) “စုံထောက်မလေးမီနာနှင့် ဗိုင်းရပ်စ်ကပ်ဆိုးကြီး”
IMDB 7.3/10အခုတစ်ခါတင်ဆက်ပေးမဲ့ စီးရီးကောင်းလေးက ပရိသတ်ကြီး အကြိုက်တွေ့မှာဖြစ်တဲ့
crime/thriller စီးရီးလေးဖြစ်ပြီး Tooth Pari ဗန်ပိုင်းယားစီးရီးထဲက
မင်းသမီးချောလေး တန်နရာက ဦးဆောင်ပါဝင်ထားပါတယ်
Your browser does not support the video tag.ဇာတ်လမ်းအကျဉ်းလေးကတော့…
မီနာဟာ သူ့အလုပ်သူလည်းစိတ်ကုန် လောကကြီးကိုလည်းစိတ်ကုန် ဆေးရုံမှာလဲ
ကိုမာဝင်နေတဲ့မောင်လေးနဲ့ ဘဲကလည်းမရှိ အလုပ်ကပင်ပန်း နည်းပေါင်းစုံနဲ့ဘူနေတဲ့
အလွတ်စုံထောက်မလေးပါမိုးလေဝသသတင်းဆိုတာ ကြိုခန့်မှန်းကြပေမဲ့ မထင်မှတ်ထားတဲ့အချိန်မျိုးမှာ
ကိုယ်မသိလိုက်ဘဲနဲ့တောင် မုန်တိုင်းအလယ်ရောက်နေတာမျိုး ဖြစ်သွားတတ်ပါတယ်…မီနာရဲ့ဘဝကလည်း အဲ့လိုပါပဲ
ကိုယ့်ဟာကိုယ် လမ်းလျှောက်နေရင်း ဆိုင်ကယ်ကို ကားနဲ့တိုက်ပြေးသွားလို့ တိုက်ခံရတဲ့ကောင်လေးကို ဆေးရုံပို့ပေးခဲ့ပါတယ်
ကောင်လေးကတော့ ကိုမာဝင်ပြီးမကြာခင်မှာ သေဆုံးသွားခဲ့တယ်အဲ့ကောင်လေးအတိုက်ခံရတာ သွေးရိုးသားရိုးမဟုတ်ဘဲ ပိုကြီးမားတဲ့ ကိစ္စတွေ
နောက်ကွယ်မှာရှိနေတာကို မီနာတစ်ယောက်မသိခဲ့ဘဲ ကောင်လေးရဲ့အမေက
အကူအညီတောင်းလို့ အမှုကိုဆက်စုံစမ်းခဲ့တဲ့အခါမှာ…..ဇာတ်အိမ်ကောင်းကောင်းနဲ့ ရင်ခုန်ခံစားရတဲ့ အရသာကို ကောင်းကောင်းပေးစွမ်းနိုင်မှာမို့
ပရိသတ်တို့ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Cabin in the Woods (2011)
⭐IMDB: 7.0/10 (443 k Votes)
🎬 #Horror #Mystery #Thriller
🗓 2011 🎞 movie
🌎 #USA #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့
ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။
IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်
အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။
Thor မင်းသား Chris Hemsworth နဲ့ Grey’s Anatomy ထဲက
Jesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာ
မြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။
ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။
တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။
ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်
လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကို
လာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်
ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား...
Fashion (2008)
⭐TMDB: 64.0% User Score
🎬 #Bollywood #Drama #Romance
🗓 2008 🎞 movie
🌎 #India
⏰ 2 နာရီ 45 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fashion (2008) “အိပ်မက်များဆီသို့…”IMDb – 6.9/10
ဘောလိ၀ုဒ်ရဲ့ ဘုရင်မတွေထဲက နှစ်ပါးဖြစ်တဲ့ ပရီရန်ကာနဲ့ ကန်ဂနားတို့ အပြိုင်ကြဲထားကြတဲ့ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၀၈ခုနှစ်ဆိုတဲ့ ခေတ်ကာလတစ်ခုမှာ ရူပီး သန်းတစ်ရာ့ရှစ်ဆယ် အကုန်ကျခံရိုက်ကူးထားပြီးသန်းခြောက်ရာကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် အဓိကဇာတ်ကောင်နေရာမှာဆို မင်းသားတွေကိုပဲနှစ်သက်လက်ခံကြတဲ့ခေတ်တစ်ခုမှာ မင်းသမီးတွေအနေနဲ့ အဓိကဇာတ်ကောင်နေရာကနေတင်ဆက်ထားပြီးလူကြိုက်များအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။အဲဒါအပြင်ကို နိုင်ငံတကာအိန္ဒိယရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဒီရုပ်ရှင်နဲ့ပဲ ပရီရန်ကာရောကန်ဂနားပါ ထူးချွန်ဆုတွေအသီးသီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မြို့သေးသေးလေးက အိပ်မက်အကြီးကြီးနဲ့ ကောင်မလေးတစ်ယောက်။ကမ္ဘာကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်နဲ့အတူ မွမ်ဘိုင်းမြို့တော်ကြီးကိုရောက်လာပါတော့တယ်။အပြိုင်အဆိုင် အတိုက်အခိုက်တွေများလှတဲ့ မော်ဒယ်လ်လောကကြီးထဲမှာအိပ်မက်အကြီးကြီးအတွက် ပေးဆပ်မှုအကြီးကြီးရှိတတ်တယ်ဆိုတာ သိသွားပြီးချိန်မှာတော့သူဖြစ်ချင်တဲ့အိပ်မက်အတိုင်း အကောင်အထည်ဖော်နိုင်မှာလား၊ပတ်ဝန်းကျင်နဲ့လိုက် အရောင်တွေပြောင်းသွားပြီး ဘ၀ပဲပျက်သွားမလားဆိုတာဖက်ရှင်ဒီဇိုင်းဆန်းတွေနဲ့အတူ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်ချင်တဲ့ မင်းသမီးတွေရဲ့အလှကို ငေးမောခံစားကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Can't Buy Me Love (1987)
⭐TMDB: 70.0% User Score
🎬 #Comedy #Drama #Romance
🗓 1987 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Can’t Buy Me Love (1987)
ရော်နယ်လ်မီလာဆိုတဲ့ အပယ်ခံကျောင်းသားလေးက ငကြောင်စာဂျပိုးလေးတစ်ကောင်ဖြစ်ရတာကိုစိတ်ကုန်လာလို့ ကျောင်းမှာပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေးနဲ့ ဟန်ဆောင်တွဲပြီး လူရာဝင်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်လာအောင်ကြိုးစားမှုကို ပုံဖော်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဆယ်ကျော်သက်ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ရော်နယ်လ်ဟာ စင်ဒီမန်စီနီလို့ခေါ်တဲ့ ကျောင်းနေဖက် ပန်းဖွားမယ်ခေါင်းဆောင် အချောအလှလေးရဲ့အိမ်မှာ မြက်ရိတ်ပေးတဲ့ကောင်လေးဖြစ်တယ်။ တစ်နေ့ စင်ဒီက ပါတီတစ်ခုကို သူ့အမေမသိအောင် ခိုးဝတ်သွားတဲ့ သူ့အမေရဲ့လည်သာအပေါ်ထပ်မှာ ဝိုင်စွန်းလာခဲ့တယ်။ ပြန်လျှော်လို့လည်းမရ၊ ဆိုင်ရှင်နဲ့လည်း အပေးအယူလုပ်မရဖြစ်နေတဲ့စင်ဒီ့ကို မြင်လိုက်ရတဲ့ရော်နယ်လ်ဟာ သူမြက်ရိတ်လို့ရလာတဲ့ပိုက်ဆံထဲက အဝေးကြည့်မှန်ပြောင်းဝယ်ဖို့လုပ်ထားတဲ့ ဒေါ်လာတစ်ထောင်ကို စင်ဒီသူနဲ့တစ်လဟန်ဆောင်တွဲပြီး လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ဖို့အတွက် အပေးအယူလုပ်ခဲ့တယ်။ သူတို့ရဲ့ ဟန်ဆောင်အချစ်ခရီးလမ်းလေးမှာတွေ့ကြုံရတဲ့ အချိုးအကွေ့တွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
ဒီကားလေးထဲမှာတော့ အောင်မြင်မှုဒဏ်မခံနိုင်ဘဲ အသက်၄၄မှာတင် ဆေးလွန်ပြီဂ အသက်ဆုံးရှုံးသွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ပင်ကိုသဘာဝအချောအလှလေး Amanda Peterson နဲ့ လူပျိုပေါက်အရွယ်ကတည်းက လန်ထွက်နေပြီး အခုထိကို ချောနေ၊ ခန့်နေဆဲဖြစ်တဲ့ မင်းသားကြီး Patrick Dempsey တို့ရဲ့ အတွဲအဖက်မိမိ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
The Doll Factory (2023)
⭐TMDB: 72.0% User Score
🎬 #Drama
🗓 2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 52 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Doll Factory (2023)
Your browser does not support the video tag. အိုင်းရစ်ဆိုတဲ့ မိန်းမငယ်လေးဟာ ကံအကြောင်းမလှလို့ သူရဲ့ အမြွှာအစ်မနဲ့အတူ အရုပ်ဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ ဝါသနာ အစစ်အမှန် ပန်းချီပညာနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ အရုပ်တွေကို ဆေးခြယ်တဲ့ အလုပ်လုပ်ရင်း ဘဝကို ရှင်သန်နေသူပါ။လှပတဲ့ ရုပ်ရည်နဲ့ ထင်ရှားတဲ့ ဆံပင်ကြောင့် သူဟာ ယောက်ျားနှစ်ယောက်နဲ့ ဆုံခဲ့ရတယ်။ တစ်ဦးဖြစ်တဲ့ ဆိုင်းလက်စ်ကတော့ ခင်မင်ချင်လို့ဆိုတဲ့ အကြောင်းရင်းနဲ့ ချဉ်းကပ်လာတယ်။ ကျန်တစ်ဦးဖြစ်တဲ့ လူးဝစ်ကတော့ သူ့ရဲ့ပုံကို ပန်းချီရေးဆွဲချင်လို့ ဖြစ်ပါတယ်။ဒီလိုနဲ့ အိုင်းရစ်အတွက် သူဝါသနာပါတဲ့ ပညာကို ဆည်းပူးဖို့၊ အရုပ်ဆိုင်က အလုပ်သမဘဝက ရုန်းထွက်ဖို့ အခွင့်အရေးတစ်ခု ရရှိလာခဲ့ပါတယ်။ သို့ပေမဲ့ အိုင်းရစ် မသိလိုက်တာက သူနဲ့ ပတ်သတ်မိတဲ့ ယောက်ျားနှစ်ယောက်လုံးရဲ့ နောက်ကြောင်းတွေက ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာပါပဲ။...
The Wild (2023)
⭐IMDB: 6.3/10 (13 Votes)
🎬 #Action #Crime #Drama
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 51 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wild(2023)
***************
ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့
ဖိုက်တာတစ်ဦးဖြစ်ပါတယ်… သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလို
မြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါ
အချီကြီးထိုးလေ့ရှိတယ်…
တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်..
အတွေ့အကြုံလည်းများသလို ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့
သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့ တစ်ဖက်ပြိုင်ဘက်က
ပွဲအပြီးသေဆုံးသွားပါတယ်…..ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်…
နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာ လွတ်လာပြီး
အေးဆေးလေးနေမယ်လို့ကြိုးစားခါမှ
သူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့…
သတ်ဖြတ်ခန်းတွေနဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...
Runner (2022)
⭐IMDB: 5.6/10 (97 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #France #Germany #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 15 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Runner (2022)
မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ခံစားချက်နဲ့ မရေရာတဲ့ အနာဂတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အသွင်အပြင်…ပြီးတော့ ဖခင်ရုတ်တရတ် ကွယ်လွန်သွားတဲ့ ၁၈ နှစ်ပြည့်စ ကျေးလက်မိန်းမငယ်လေး…
ဒီကားက လူများ လူနိုင်တဲ့ IMDb ရိတ်တင်သာ မကောင်းရင်နေမယ် နှယ်နှယ်ရရရုပ်ရှင်တစ်ကားတော့မဟုတ်ပါဘူး။ TIFF မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာလည်း Best Film ဆုတွေချိတ်ထားပါတယ်။ ဒီလူငယ်အမျိုးသမီးဒါရိုက်တာအတွက် ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်တဲ့အပြင် ရုပ်ရှင်သမိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Ingmar Bergman ရဲ့ နာမည်ကို အစွဲပြုပေးထားတဲ့ Ingmar Bergman Debut Award လည်း ရထားပါတယ်။ ဒီ့ပြင်ကိုမှ Screening လုပ်ခဲ့တဲ့ ပွဲတော်တွေကိုကြည့်ရင် အနောက်တိုင်းက ရုပ်ရှင်ပွဲတော်တွေအပြင်ကိုမှ Shanghai International Film Festival တို့ Golden Horse Film Festival တို့လို အရှေ့တိုင်းရဲ့ ကျက်သရေဆောင်ပွဲတော်ကြီးတွေလည်း ပါဝင်နေပါတယ်။
ဇာတ်လမ်းအကြောင်းကို ပြန်ဆက်ရရင်… ဖအေတစ်ခုသမီးတစ်ခုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ တစ်ရက် ဖခင်ဖြစ်သူ တိမ်းပါးသွားတဲ့နောက် ဖခင်ရဲ့ မသေခင်ဆန္ဒဖြစ်တဲ့ မွေးရပ်မြေမှာမှ အမြှုပ်ခံချင်တယ်ဆိုတဲ့ ဆန္ဒကို ဖော်ဆောင်ပေးဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖခင်အလောင်းကြီးသယ်ပြီး အီလီနွိုက်ကို ချီတက်ခဲ့ပါတယ်။အဲဒီမှာမှ ချစ်ခြင်းမေတ္တာနဲ့ ဆုံးရှုံးမှုအကြောင်းကို နားလည်တဲ့ လူငယ်လေး၂ဦးကြားက အဓိပ္ပါယ်ပါတဲ့ နှောင်ကြိုးလေးကိုတွေ့ရမှာပါ။ အမေရိကရဲ့ ကျေးလက်မြင်ကွင်းတွေကို လက်တွေ့ဆန်မှုနဲ့ ကဗျာဆန်မှုကြား ကျကျနန ပြသွားပြီး Still Life Image တွေကိုလည်း တွေ့မြင်ရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Fellow Travelers (2023-2023)
⭐IMDB: 7.8/10 (4 k Votes)
🎬 #Drama #Romance
🗓 2023-2023 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 8 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fellow Travelers (2023) ဒုတိယ ကမ္ဘာစစ်ကြီးအပြီး စစ်အေးခေတ်ကာလ ၁၉၅၀ ဝန်းကျင်
Your browser does not support the video tag.မက်ကာသီစင်ကာလလို့ ခေါ်ဆိုရမယ့် အချိန်ကာလကို အမှီပြုပြီးအကျင့်စရိုက်မတူကွဲပြား ရည်မှန်းချက်ကြီးမားတဲ့ ဟော့ကင်းနဲ့ကျောင်းဆင်းပြီးကာစ ကတ်သလစ်ဘာသာဝင် လူငယ်လေးဖြစ်တဲ့တင်မိုသီ ဒီအမျိုးသားနှစ်ဦးရဲ့ အချိန်ကာလ အခက်အခဲမျိုးစုံကြားထဲကအချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာပါ။အမေရိကန်-ဗီယက်နမ် စစ်ပွဲခေတ်ကာလ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ချိန်ဒစ်စကိုဂီတ တစ်ခေတ်ဆန်းချိန်၊ အေအိုင်ဒီအက်စ် ကူးစက်ရောဂါ အမေရိကားမှာစတင်ရောက်ရှိ ပြန့်ပွားချိန်တွေကိုနောက်ခံထားပြီး အပိုင်း(၈)ပိုင်းပါဝင်မယ့်ဒီမီနီစီးရီးက ၂၀၂၃ အောက်တိုဘာ ၂၉ ကမှ ပူပူနွေးနွေး အပိုင်း (၁) ထွက်ရှိလာတာပါ။(18+ scences) အချို့ ပါဝင်တာမို့လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးသမိုင်းကြောင်းဝတ္ထုတွေရေးရာမှာ နာမည်ကြီး စာရေးဆရာဖြစ်တဲ့ သောမတ်စ်မယ်လွန်၂၀၀၇ ခုနှစ်က ရေးသားထုတ်ဝေထားတဲ့ စာအုပ်ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။...
The Chivalrous Detective: The Rat Heist (2019)
⭐TMDB: 0.0% User Score
🎬 #Adventure #Drama #Mystery #TheLegendofDetectiveSleekRat
🗓 2019 🎞 movie
🌎 #China
⏰ 1 နာရီ 26 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါလေးကတော့ အပိုင်း (5) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီးအကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်
The Legend of Detective Sleek Rat – Channel Myanmar
နန်းမြို့တော်မှာရှိတဲ့ အချမ်းသာဆုံးကုန်သည်တွေရဲ့ အိမ်တော်သုံးခုလုံးမှာ ပစ္စည်းတွေအခိုးခံခဲ့ရပါတယ် ။ကင်းလှည့်သမားတွေပြောပုံအရ သူခိုးက အဝတ်ဖြူဝတ် ၊ကျောက်ခဲဖြူလက်နက်ပုန်းသုံးပြီး သိုင်းပညာမြင့်မားပါတယ်တဲ့ ။
အဲဒီလိုသဲလွန်စတွေနဲ့ကိုက်ညီနေတာက ခိုင်ဖုန်းရုံးတော်ကအဆင့်လေး ကိုယ်ရံတော်ပိုင်ဖြစ်နေပါတယ် ။ ဒီလိုနဲ့ လောကတစ်ခွင်သတင်းမွှေးတဲ့သူရဲကောင်းပိုင်တစ်ယောက် သူခိုးအဖြစ် အစွပ်စွဲခံရတော့ပါတယ် ။
ခိုင်းဖုန်းရုံးတော်ကလည်း သူရဲကောင်းပိုင်ကိုယုံကြည်တာကြောင့်ဒီသတင်းကို ရှန်းယန်မှာအမှုစုံစမ်းနေတဲ့ သူရဲကောင်းပိုင်ဆီကိုလူလွှတ်ပြောပြလိုက်ချိန်မှာတော့…
သူရဲကောင်းပိုင်ပုံစံဟန်ဆောင်နေတာဘယ်သူများလဲ ?ပိုင်ယွိထန်နဲ့ဒီအမှုကတကယ်ပဲဆက်စပ်မှုရှိနေမလား ?ဒါ့အပြင် ခိုင်းဖုန်းရုံးတော်က ပိုင်ယွိထန်အတွက်အဖြစ်မှန်ကိုဘယ်လိုစစ်ဆေးသွားမလဲဆိုတာကိုဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင်...
The Chivalrous Detective: The Rat Heist (2019)
⭐TMDB: 0.0% User Score
🎬 #Adventure #Drama #Mystery #TheLegendofDetectiveSleekRat
🗓 2019 🎞 movie
🌎 #China
⏰ 1 နာရီ 28 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါလေးကတော့ အပိုင်း (4) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီးအကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်
The Legend of Detective Sleek Rat – Channel Myanmar
ငြိမ်းချမ်းသာယာတဲ့ ချင့်ယန်ခရိုင်မှာ ရုတ်တရက် လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ယန့်မင်းသားကြီးရဲ့ သားတော်မင်္ဂလာပွဲမှာ သတို့သမီးက မင်္ဂလာဦးညမှာထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ တရားခံက အဓမ္မကျင့်ခဲ့ပြီးမှ သတ်သွားခဲ့တာဖြစ်ပါတယ်။ထူးဆန်းတာက သတို့သမီးဟာ သေဆုံးချိန်မှာ မျက်နှာက ပြုံးနေပြီး နာကျင်မှုမရှိသလို ပုံပေါက်နေပါတယ်။
သူရဲကောင်းစုံထောက်ပိုင်ယွိထန်နဲ့ ကျန်ကျောင်းတို့ဟာ ရှောင်းယောင်ဂိုဏ်းမှလုပ်တယ်လို့သံသယဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတော့တယ်။အဲ့နောက်မှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတော့တယ်။
လူသတ်တရားခံက ဘယ်သူဖြစ်မလဲ……လွန်ခဲ့တဲ့ ၁၅ နှစ်က ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။...
