es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Rooban (2024) ⭐IMDB: 8.0/10 (262 Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rooban 2024 (အပစ်ပယ်ခံ လူသားတစ်ယောက်)IMDb – 8.6/10 တောအုပ်ကြီးတစ်ခုရဲ့ ဘေးကရွာလေးတစ်ရွာ ရှန်မူဂမ်ဆိုတဲ့လူတစ်ယောက်သူ့ရဲ့အမျိုးသမီးဖြစ်သူ နဲ့အတူ နေထိုင်ပါတယ်။ သူတို့အိမ်ထောင်သက်က အနည်းငယ်ကြာပြီဆိုပေမဲ့ သားသမီးမထွန်းကားတာကြောင့်သူတို့ကို လာဘ်မကောင်းဘူး နမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံးကသာရေးနာရေးကိစ္စ အဝဝမှာ လူလုပ်ပြီးမဖိတ်ဘဲ ပစ်ပယ်ထားကြပါတယ်။ ဒါတင်မကသေးဘဲ အတင်းအဖျင်းတွေပါပြောသေးတော့ ရှန်မူဂမ်တစ်ယောက်စိတ်ထဲသိမ်းထားရတာတွေများလာတဲ့နောက် မဖြေသိမ့်နိုင်တော့ဘဲ အရက်တွေသောက်ပြီးတစ်ရွာလုံးကို ငိုပြီးသူ့ခံစားချက်တွေကို ပြောပါတော့တယ်။ အဲ့လိုပြောရင်းပဲ သူ့ကိုဒီလိုပစ်ပယ်ထားတဲ့ ရွာသားတွေ တစ်နေ့သူ့ခြေရင်းမှာခပြီးဝပ်တွားတောင်းပန်လာစေရမယ်လို့ ကျိန်ဆိုသွားခဲ့ပါတယ်။ဆိုတော့ အပစ်ပယ်ခံဆင်းရဲသား ရှန်မူဂမ်တစ်ယောက် သူပြောသလိုဖြစ်သွားမှာလားဘာတွေလုပ်ပြီးဖြစ်အောင်လုပ်မှာလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)
...

Honey (1981) ⭐TMDB: 47% User Score 🎬 #Adult #Drama 🗓 1981 🎞 movie 🌎 #Italy #Spain ⏰ 1 နာရီ 26 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miele di donna aka honey(1981) ဒီတစ်ခါ DS ရဲ့ ဝါရင့်ပရိသတ်ကြီးအတွက်ငယ်ငယ်ကခွေထိုးကြည့်ဖို့ အသဲအသန်ငှါးပြီး အသေအလဲခိုးကြည့်ခဲ့ရတဲ့Old but gold ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက ပြင်သစ်ကားလေးဆိုတော့ ထုံးစံအတိုင်းပြောရရင်သဘာဝကိုသဘာဝအတိုင်းချပြပြီး ရသမြောက်စေတဲ့ ပန်းချီကားလေးပေါ့ဗျာ အခုဇာတ်ကားလေးထဲမှာလည်း ထုတ်ဝေသူတစ်ယောက်ကိုသေနတ်နဲ့ချိန်ပြီး သူ့ဝတ္ထုကိုဖတ်ကြည့်ခိုင်းတဲ့စာရေးဆရာမရဲ့ဇာတ်လမ်းဟာ ဘယ်လောက်သဘာဝဆန်မလဲဆိုတာပရိသတ်ကြီးပဲခံစားကြည့်ရှုဆုံးဖြတ်ပေးဖို့ ပြောလိုပါတယ်
...

Rakshana (2024) ⭐IMDB: 7.6/10 (1 k Votes) 🎬 #Bollywood #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား)IMDb – 8.1/10 ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ……..ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား …..ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ …… ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကိုကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Super Nani (2014) ⭐IMDB: 4.7/10 (524 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Super Nani (2014)”တုနှိုင်းမဲ့မေတ္တာ”============================= 3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲအလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်းသန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိသူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာသူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကိုပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။ သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက်အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေကဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Polarized (2023) ⭐IMDB: 6.6/10 (383 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom #Canada ⏰ 1 နာရီ 45 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေး တစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေ ရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်း မိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီး ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာ မြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေ မန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေး ခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့ မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေး အလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။ အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်း လာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့ နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေ ဖြစ်လာချိန်မှာတော့…။ ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့ သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင် တာမို့ အားပေးကြည့်ရှုကြပါဦးလို့
...

Non Negotiable (2024) ⭐IMDB: 5.5/10 (582 Votes) 🎬 #Action #Comedy #Thriller 🗓 2024 🎞 movie 🌎 #Mexico #Argentina ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Non Negotiable” ရုပ်ရှင်ဟာ 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မက္ကဆီကို မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်ရေးရဲဌာနရဲ့ ကျွမ်းကျင် ဓားစာခံညှိနှိုင်းရေးမှူး Alan Bender ကို အဓိကဦးတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ Alan ဟာ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာအောင်မြင်နေပေမဲ့ သူ့ရဲ့ဇနီး ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးသာယာမှုအပိုင်းကို လျစ်လျူရှုနေတာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက တင်းမာလာခဲ့ပါတယ်။ ဒီအခြေအနေကိုဖြေရှင်းနေစဉ်မှာပဲ ပြန်ပေးသမားတဦးက နိုင်ငံတော်သမ္မတနဲ့ Alan ရဲ့ဇနီးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီး လိုက်တဲ့အခါမှာ သူဟာ အသက်အန္တရာယ်စွန့်စားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပြန်ပေးဆွဲသူ Vicente Zambrano ဟာ လူမှုတရားမျှတမှုကို ရှာဖွေသူဖြစ်ပြီး သူနှစ်သက်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းအတွက် အစိုးရကို အလှူငွေပေးဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Alan နဲ့ Vicente တို့ကြားက တင်းမာသောအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက် လာသည်နှင့်အမျှ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာအရ ဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ၊ အတိတ်ကဒဏ်ရာဟောင်းတွေနဲ့ သွေးကြွေးဆပ်ချင်နေတဲ့ Vicente ကို Alan က ဘယ်လိုစည်းရုံးသွား မှာလဲ၊ သူတို့နှစ်ဦးကြား ဉာဏ်ကစားမှု ခံစားချက်အားပြိုင်မှုတွေကို သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမယ့် မှုခင်းအက်ရှင်ကားကောင်းတခု ဖြစ်ပါတယ်။
...

Janet Planet (2023) ⭐IMDB: 6.5/10 (721 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီး တွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကို ကြိုတင်အသိပေးပါစေ။ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်း ဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင် ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့ တင်စားထားတာမျိုးပါ။ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီ ရိုက်ပြထားပါတယ်။ အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်း အာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက် တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီ ဝင်လာခဲ့ကြပါတယ်။ အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာ ဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘော လူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့ အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့ စိတ်ထဲကျန်နေခဲ့မှာပါ။ ဆို‌တော့… ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။
...

The Canterville Ghost (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Animation #Comedy #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #India #Canada ⏰ 1 နာရီ 28 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲ လာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့ ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်… နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့ ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေ အကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိ ရာဇဝင်ရှိခဲ့ပါတယ်… ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့ အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့ အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက် ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင် ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ… အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ… ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ ဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့် မောင်းထုတ်နေရတာလဲ… နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား… သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့ အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်
...

Hard Miles (2023) ⭐IMDB: 6.4/10 (581 Votes) 🎬 #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာ စိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့ စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊ စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကို လမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီက Review ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေက လူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့ တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
...

MaXXXine (2024) ⭐IMDB: 6.7/10 (16 k Votes) 🎬 #Adult #Crime #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MaXXXine (2024)Pearl (2022)X (2022) နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာအသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။Breaking Bad ထဲက ဆရာကြီး Giancarlo Esposito ကလည်း ဆရာကြီးအဖြစ် ပါဝင်ထားတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်း မက်ဆင်းဟာ ပုလဲလက်ကနေ လွတ်လာပြီး အပြာသရုပ်ဆောင်ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေပါပြီ။နာမည်ကျော် ဟော်ရာရုပ်ရှင်မှာ ပါဝင်ဖို့ အရွေးခံပြီးမှ အတိတ်က အမှုတွေအကြောင်းအကုန်သိတဲ့ လူတစ်ယောက်ကလိုက်လာပြီး ရည်ရွယ်ချက် တစ်ခုနဲ့ နှောင့်ယှက်လာပါတယ်။ဘဝမှာ လိုချင်တာရဖို့ ဘာမဆိုလုပ်ရတဲ့ မက်ဆင်းတစ်ယောက်အတိတ်က ရန်သူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲဆိုတာ ဒီရုပ်ရှင်မှာ တွေ့ရပါလိမ့်မယ်။ထုံးစံအတိုင်း မလုံ့တလုံ၊ သွေးသံရဲရဲ တွေပဲမို့ ၁၈+ သတ်မှတ်ထားတာကိုတော့ သတိပြုကြပါ။
...

Wake (2024) ⭐TMDB: 34% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 24 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror/Thriller ရုပ်ရှင်တစ်ခုပါ။ လိတ်ခ်လို့အမည်ရတဲ့မိန်းကလေးတစ်ယောက်က ဟောလီးဝုဒ်မှာ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Wake ဆိုတဲ့ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးမယ့်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးနေရာမှာပါ၀င်ရဖို့ အသည်းအသန်ဖြစ်နေပါတယ်။ လိတ်ခ်ဟာ Wake မူလရုပ်ရှင်ရဲ့ သရုပ်ဆောင်ဖြစ်ခဲ့ဖူးတဲ့ အကယ်ဒမီဆုရှင်အမျိုးသမီးကြီးဖြစ်တဲ့ မစ္စအေဘယ်လ်ဆိုသူဆီသွားပြီးတော့ သူမ ခေါင်းဆောင်မင်းသမီးနေရာကို ရနိုင်ရေးအတွက် ကူညီပေးဖို့တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ မင်းသမီးကြီးက သူမကို ကိုယ့်ရဲ့ဇာတ်ကောင်နဲ့တသားတည်းကျအောင် ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ သရုပ်ဆောင်နည်းနာတွေကိုပဲ သင်ပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတော့ လိတ်ခ်တစ်ယောက်လည်း မင်းသမီးကြီးရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ လိတ်ခ်တစ်ယောက် မင်းသမီးကြီးနားကနေ ဒီနည်းလမ်းကိုသင်ယူနေတဲ့အချိန်မှာ သူမရဲ့စိတ်ထဲက ကွယ်ပျောက်နေတဲ့မှတ်ဉာဏ်တွေ တစတစပြန်ပေါ်လာတဲ့နောက်မှာတော့ လိတ်ခ်နဲ့ မင်းသမီးကြီးအေဘယ်လ်တို့က ဘယ်လိုဆက်စပ်နေကြတာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Primer (2004) ⭐TMDB: 68% User Score 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Primer (2004)Genre – Drama, Sci-fi, Thriller အင်ဂျင်နီယာ သူငယ်ချင်း ၄ ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အတူတူလုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းပြင်ပ အားတဲ့အချိန်လေးမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂိုထောင်လေးထဲ ကိုယ်ပိုင် တီထွင်ဖန်တီးမှုလေးတစ်ခု လုပ်နေကြတာပါ။ အင်ဂျင်နီယာ အခက်အခဲ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီစက်ပစ္စည်းလေးဟာ တစ်ခုခုထက် ပိုမိုထူးခြားသာလွန်နေတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဒီ ၄ ယောက်ထဲက ဒီအကြံရဲ့ မူလပိုင်ရှင်လို့ ပြောရမယ့် သူငယ်ချင်း ၂ ယောက်က ဒါကို တခြားလူတွေမသိအောင် လျှို့ဝှက်စမ်းသပ်ကြပြီးတော့ တစ်ယောက်ယုံကြည်မှုအပေါ်ကို တစ်ယောက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမယ့် သိပ္ပံအင်ဂျင်နီယာအကြောင်း ဦးစားပေးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
...

Pearl (2022) ⭐IMDB: 7.0/10 (110 k Votes) 🎬 #Adult #Drama #Horror #Thriller 🗓 2022 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pearl (2022) ~ IMDb – 7.5/10, Rotten Tomatoes – 90% ~ Hereditary တို့ Midsommar တို့လို မာစတာပိစ် Horror Thriller ကားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောကြတဲ့ The House of the Devil ကို ရိုက်ခဲ့တဲ့ Ti West ဟာ 2022 မှာ A24 နဲ့ပေါင်းပြီး X နဲ့ ပြန် Comeback ခဲ့ပါတယ်။ X ဟာ အတော်အောင်မြင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့အပြင် စတီဖင်ကင်းရဲ့ ချီးကျူးမှုပါခံခဲ့ရတယ်။ သူ့ Prequel ဖြစ်တဲ့ Pearl ကလည်း မာတင်စကောဆေးစိလို ရုပ်ရှင်လောကရဲ့ ဆရာကြီးက ချီးကျူးတာပါခံခဲ့ရသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတင်မကသေးပဲ A24 ဖန်တွေကလည်း သူတို့ရဲ့ Favourite Movie list တွေမှာ ထိပ်ဆုံးနေရာပါပေးထားကြတာတွေလည်း မနည်းပါဘူး။ သိပ်မကြာခင် X ရဲ့ နောက်ဆက်တွဲကားဖြစ်တဲ့ Maxxxine လည်း ထွက်ဖို့ရှိပါတယ်။ X Trilogy ဖြစ်လာမှာပါပဲ။ X မှာတော့ Mia Goth ဟာ Pearl နေရာကရော Maxine နေရာကရော ပြောင်မြောက်အောင် သရုပ်ဆောင်ခဲ့ပြီး နောက်ထွက်မယ့်ကားရော ခုကားရောက သူ့ဇာတ်ကောင် ၂ကောင်အကြောင်းကို ပြန်ခွဲထုတ်ထားတဲ့ ရုပ်ရှင်တွေပါပဲ။ အခု Pearl မှာတော့ Mia Goth ဟာ ဇာတ်ညွှန်းပါ ဝင်ရေးထားသလို သူ့လုပ်ကွက်အပြည့်နဲ့ဆိုတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း အပြည့်အဝပြထားခဲ့ပါတယ်။ ပထမကားကတော့ 1979 မှာ ဇာတ်အိမ်တည်ထားပြီး ဒီကားကိုတော့ 1918 မှာ ဇာတ်အိမ်တည်ထားပါတယ်။ X မှာ တွေ့ခဲ့ကြတဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်တို့ရဲ့ ငယ်ဘဝနဲ့ အဲဒီလယ်တောအိမ်ကြီးရဲ့ ဇစ်မြစ်ကို ရိုက်ပြထားတာပါ။ X မှာပြောခဲ့တဲ့ ဟောင်းဝက်စ်က စစ်ပြန်ဖြစ်ကြောင်း ဘာညာကိုရောပေါ့။ ပါးလ်ရဲ့ စိတ်အခြေအနေ ဘာလို့ ဒီလောက်ထိဆိုးသွားလဲဆိုတာကိုရော သေချာပြထားပါတယ်။ သို့ပေမဲ့ သူက X နဲ့တော့ ပုံစံကွဲထွက်နေပြီး Psychological slasher ပုံစံဘက်ကို ပိုတာသွားပြီး ကလပ်စစ်ကားတစ်ကားပုံစံပါ ဆန်နေပါတယ်။ Pearl ဟာ The Wizard of Oz, The Texas Chain Saw Massacre နဲ့ Mary Poppins စတဲ့ ဟောလိဝုဒ်ရွှေခေတ်ကကားတွေကို homage ပေးထားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားသလို Horror Slasher ကားပေမဲ့ ဒီအရသာတွေထက် ကလပ်စစ်ရုပ်ရှင်တစ်ကားလို ဟန်ပန်နဲ့ စီနီမာတွေက ပိုဖုံးလွှမ်းသွားပြီး Horror ကား တစ်ကားကြည့်ရတာနဲ့မတူဘဲ ဒါမှ ရုပ်ရှင်ကွလို့ ထအော်လို့ရတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပါပဲ။ လူတိုင်းတော့ ကြိုက်ပါ့မလား မသိပေမဲ့ တော်တော်တော့ ကြည့်ရအရသာရှိတဲ့ ကားပါပဲ။ X ကိုကြိုက်တဲ့သူတွေဟာ Pearl ကို ပိုကြိုက်နိုင်ခြေများသလို X ကို မကြိုက်ခဲ့တဲ့သူတွေလည်း Pearl ကို ကြိုက်နိုင်ခြေရှိတာမို့ မြည်းတော့ မြည်းစမ်းကြည့်သင့်ပါတယ်။ A24 ကားဖြစ်သလို မာတင်စကောဆေးစိတောင် ချီးကျူးရတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တာပါပဲ။ ဒီနှစ်ကားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်ဟာ Ray and Faye Copeland ဆိုတဲ့ လူသတ်မှုနဲ့သေဒဏ်ပေးခံခဲ့ရတဲ့ ဆိုက်ကို လင်မယားကို အခြေတည်ပုံဖော်ထားတာဖြစ်ပြီး Faye Copeland ဟာ သေဒဏ်ပေးခံရတဲ့ အသက်အကြီးဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

The Impossible (2012) ⭐IMDB: 7.5/10 (247 k Votes) 🎬 #Drama #History #Thriller #Adventure 🗓 2012 🎞 movie 🌎 #Spain #Thailand #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိထားတဲ့ thriller/disaster film အမျိုးအစားဖြစ်ပြီးတော့ IMDb rating 7.6 အထိရရှိထားပါတယ်။ Spider-man မင်းသား Tom Holland ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကအိန္ဒိယသမုဒ္ဒရာထဲမှာဖြစ်ခဲ့တဲ့ငလျင်ရဲ့နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေ ထိုင်းနိုင်ငံရဲ့ကမ်းခြေအချို့ကိုရိုက်ခတ်တဲ့အချိန်မှာ အားလပ်ရက်အပန်းဖြေခရီးထွက်လာကြရင်း ဒီအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရတဲ့နိုင်ငံခြားသားမိသားစုတစ် စုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုကထိုင်းနိုင်ငံခေါက်လက်ကမ်းခြေကို ခရစ်စမတ်ပိတ်ရက်မှာလာလည်ခဲ့ကြပါတယ်။ သူတို့မိသားစုဟာဒီ်အဖြစ်ဆိုးကြီးမဖြစ်ခင်ခရစ်စမတ်နေ့အထိ ပျော်ပျော်ရွှင်ရွှင်ပဲ အားလပ်ရက်ကိုကမ်းခြေမှာဖြတ်သန်းနေခဲ့ကြတာပါ ခရစ်စမတ်အပြီးနောက်တစ်ရက်မှာတော့ မထင်ထားခဲ့တဲ့အဖြစ်ဆိုးကြီးနဲ့အတူမိသားစုငါးယောက် ကတကွဲတပြားစီဖြစ်ခဲ့ကြပါတယ်။ အဲ့ထဲကသားအကြီးဆုံးလေးလူးကပ်စ်နဲ့မိခင်ဖြစ်သူကတစ်နေရာ သားအငယ်လေးနှစ်ယောက်နဲ့ဖခင်ဖြစ်သူကတစ်နေရာစီဖြစ်သွားခဲ့ပါတယ်။ သူတို့မိသားစုတွေဘယ်လိုအခက်အခဲတွေကြုံရမှာလဲ? ပြန်ပြီးတွေ့ကြမလားဆိုတာကတော့ဒီကားလေးထဲမှာဆက်ကြည့်ပေးကြပါဦး။ ဒီကား​လေးက​တော့ ၂၀၁၂ ခုနှစ်​ကထွက်​ရှိထားတဲ့ thriller/disaster film အမျိုးအစားဖြစ်​ပြီး​တော့ IMDb rating 7.6 အထိရ႐ွိထားပါတယ္​။ Spider-man မင်​းသား Tom Holland ပါ၀င်​သရုပ်​​ဆောင်​ထားတဲ့ရုပ်​ရှင်​ကားတစ်​ကားလည်​းဖြစ်​ပါတယ်​။ ၂၀၀၄ ခုနှစ်ကအိန္ဒိယသမုဒ္ဒရာထဲမှာဖြစ်​ခဲ့တဲ့ငလျင်​​ရဲ့​နောက်​ဆက်​တွဲ ဆူနာမီ​ရေလှုိင်​း​တွေ​ ထိုင်​းနိုင်​ငံရဲ့ကမ်​း​ခြေအချို့ကိုရိုက်​ခတ်တဲ့အချိန်​မှာ အားလပ်​ရက်​အပန်​း​ဖြေခရီးထွက်​လာကြရင်​း ဒီအဖြစ်​ဆိုးကြီးနဲ့ကြုံခဲ့ရတဲ့နိုင်​ငံခြားသားမိသားစုတစ်​ စုအ​ကြောင်​းကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​။ ဇာတ်​လမ်​းအကျဥ်​းက​တော့ မိသားစုတစ်​စုက​ထိုင်​းနိုင်​ငံ​ခေါက်​လက်​ကမ်​း​ခြေကို ခရစ်​စမတ်​ပိတ်​ရက်​မှာလာလည်​ခဲ့ကြပါတယ်​။ သူတို့မိသားစုဟာဒီ်​အဖြစ်​ဆိုးကြီးမဖြစ်​ခင်​ခရစ်​စမတ်​​နေ့အထိ ​ပျော်​​ပျော်​ရွှင်​ရွှင်​ပဲ အားလပ်​ရက်​ကိုကမ်​း​ခြေမှာဖြတ်​သန်​း​နေခဲ့ကြတာပါ ခရစ်​စမတ်​အပြီး​​နောက်​တစ်​ရက်​မှာ​တော့ မထင်​ထားခဲ့တဲ့အဖြစ်​ဆိုးကြီးနဲ့အတူမိသားစုငါး​ယောက်​ ကတကွဲတပြားစီဖြစ်​ခဲ့ကြပါတယ်​။ အဲ့ထဲကသားအကြီးဆုံး​လေးလူးကပ်​စ်​နဲ့မိခင်​ဖြစ်​သူကတစ်​​နေရာ သားအငယ်​​လေးနှစ်​ေ​ယာက်​နဲ့ဖခင်​ဖြစ်​သူကတစ်​ေ​နရာစီဖြစ်​သွားခဲ့ပါတယ်​။ သူတို့မိသားစု​တွေဘယ်​လို​အခက်​အခဲ​တွေကြုံရမှာလဲ? ပြန်​ပြီး​တွေ့ကြမလားဆိုတာက​တော့ဒီကား​လေးထဲမှာဆက်​ကြည်​့​ပေးကြပါဦး။
...

Tarot (2024) ⭐IMDB: 5.2/10 (54 Votes) 🎬 #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 29 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tarot (2024)************* အပိုင်းသစ် ၆ ယနေ့ထွက် Tarot ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်‌ဆက်ပေးချင်ပါတယ်ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်းအော်စကာဆုရထားတဲ့ Parasite ဇာတ်ကားထဲကမင်းသမီးကြီး ဂျိုယောဂျောင်းအပြင်နာမည်ကြီး တီဗီရှိုးဖြစ်တဲ့ Single’s Inferno က Dex တို့ဖြစ်တာကြောင့်ကြည့်ရှုသူပရိသတ်စိတ်တိုင်းကျစေမှာသေချာတာမို့ ဒီတစ်ပတ်ကစပြီး ချန်နယ်မြန်မာမှာ အတူတူကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်Horror/Thriller ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အပြင် တစ်ပိုင်းချင်းတိုင်းကလည်း မတူညီတဲ့ဇာတ်လမ်း၊ ကာရိုက်တာတွေနဲ့ဖြစ်တာကြောင့်ကြည့်ရှုသူပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာတော့အသေချာပါပဲ Tarot ဆိုတဲ့ဇာတ်လမ်းနာမည်အတိုင်း တားရော့ကတ်တွေနဲ့ဇာတ်အိမ်ကိုတည်ထားပြီးမတူညီတဲ့အပိုင်းတိုင်းက ကာရိုက်တာတွေရဲ့ တားရော့ကတ်ကိုလက်ခံရရှိပြီးနောက်ပိုင်းကျိန်စာရဲ့သက်ရောက်မှုကြောင့် နေ့စဉ်ဘဝမှာဘယ်လို ထိတ်လန့်စရာ၊ကြောက်မက်ဖွယ်ရာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုတော့ Myat Myo Oo မှ ရေးသားပေးထားပါတယ် Drama: TarotGenres: Thriller, Mystery, HorrorCountry: South KoreaEpisodes: 7Aired: Jun 14, 2024 – ?Aired On: TuesdayDuration: 34 min.Translated by Miri, Thet Hnin & ChothetEncoded by Heather Oo >>>>>TELEGRAM CHANNEL<<<<<
...

The Serpent Queen (2022) ⭐IMDB: 7.7/10 (8 k Votes) 🎬 #Drama 🗓 2022 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 52 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Series ကတော့ 2022 က ထွက်ရှိခဲ့တဲ့ နိုင်ငံတကာမှာ လူကြိုက်များခဲ့တဲ့ Synopsys of The Serpent Queen ရဲ့ အဆက် Season 2 ဖြစ်ပါတယ်။ Season 1 မှာတော့ ကတ်သရင်းတစ်ယောက် ပြင်သစ်နန်းတော်ထဲကို ရောက်လာပြီးနောက် ထီးနန်းအုပ်စိုးခဲ့တာဖြစ်ပြီး အခု Season 2 မှာတော့ သူ့ရဲ့သား ချား ဘုရင် ၉ ကို ထီးနန်းလွှဲအပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာမဲ့ ၁၆ ရာစု ဥရောပနိုင်ငံတွေရဲ့ အာဏာအားပြိုင်မှု‌တွေ၊ နန်းတွင်း နဲ့ နိုင်ငံရေး၊ ဘာသာရေး အရှုပ်အထွေးတွေကို ဆက်လက် ရှုစားကြရမှာပါ။ Historical Drama အမျိုးအစားဖြစ်လို့ သမိုင်းကြောင်း၊ ဘာသာရေး၊ အချစ်ရေး၊ မိသားစုရေးရာ စသဖြင့် Series တစ်ခုတည်းမှာတင် အကြောင်းအရာမျိုးစုံကို တဝကြီးကြည့်ရှု ကြရမှာပါ။
...

1899 (2022) ⭐IMDB: 7.3/10 (110 k Votes) 🎬 #Mystery #Drama #Horror #SciFi 🗓 2022 🎞 tv series 🌎 #Germany #UnitedStates ⏰ 51 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1899 (2022) နာမည်​ကျော်Dark series ပရိုဂျူဆာ​တွေရဲ့ နောက်ထပ်mystery,horror, thriller seriesတစ်ခုဖြစ်တဲ့ 1899seriesထွက်လာပါပြီ။Darkအ​ကြောင်းကို သိသူ​တွေအတွက် ဒီseriesက ​ဘယ်​လောက်Mind-blownလုပ်ဦးမလဲဆိုတာ ရိပ်စားမိကြမှာပါ။ လက်ရှိ IMDb9.2နဲ့ RT 71%ရထားပါတယ်။ Darkလိုမျိုး Time travel genreထပ်သုံးမှာမဟုတ်ဘူးလို့ ​ပြောထားတာလည်းရှိ​တော့ အခုseriesနဲ့Dark ချိတ်ဆက်ပေးမ​လားဆိုတာ​​​ ​စောင့်ကြည့်ရမှာပါ။​သေချာတာတစ်ခုက​တော့ Mysteries​ပေါင်းများစွာနဲ့ ကြည့်သူ​​တွေရဲ့စိတ်ကိုကောင်း​ကောင်းကြီးအလုပ်​ပေးဦးမှာပါ။ ဇာတ်လမ်းအညွှန်းက​​တော့ လန်ဒန်က နယူး​ယောက်ကို ​ရေ​နွေး​ငွေ့သင်္ဘော Kerberosနဲ့ ထွက်ခွာလာတဲ့ လူတစ်စုဟာ လမ်းခုလတ်မှာခရီးဖင့်စရာကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ Prometheusလို့​ခေါ်တဲ့ကုမ္ပဏီတူသင်္ဘောတစ်စင်းဟာ ​ပျောက်ဆုံးသွားတာ ၄လ​ကျော်ထိရှိပြီဆို​ပေမဲ့ Kerberosသင်္ဘောဖြတ်သွားတဲ့အချိန်မှ ကိုဩဒိနိတ်နဲ့တည်​နေရာကို အချက်ပြလာလို့ နဂိုလမ်း​ကြောင်းက​ ပြန်လှည့်ပြီးသွားကယ်ဖို့ ကြိုးစားရာမှ Kerberos​ပေါ်က ခရီးသည်​တွေအ​နေနဲ့ထူးဆန်း​ပွေလီတဲ့ ပ​ဟေဠိများစွာနဲ့ ပတ်သက်မိသွားပါ​တော့တယ်။ အညွှန်းကိုတော့JimXက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့JimX, Leonard Lin,Act Molemy, Lai Laii, Mary Christတို့ပဲ ဖြစ်ပါတယ်။
...

Pied Piper (2016) ⭐IMDB: 7.2/10 (77 Votes) 🎬 #Action #Adventure #Thriller 🗓 2016 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 5 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pied Piper(2016)**************** စ/ဆုံး ဒီတစ်ခါမှာတော့ မှုခင်းစီးရီးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ CMပရိသတ်ကြီးတို့အတွက်တစ်ပိုင်းပြီးတစ်ပိုင်းမထတမ်းကြည့်ချင်အောင် ဆွဲဆောင်နိုင်မဲ့ စိတ်ဝင်စားစရာမှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း Evilive, Beyond Evil နဲ့ အခုထုတ်လွှင့်နေတဲ့ The Auditors စီးရီးတွေထဲက ဝါရင့်မင်းသားကြီး Shin Ha-kyun၊The Uncanny Counterစီးရီးထဲက မင်းသားကြီး Yoo Jun-sang နဲ့The Escape of Seven ထဲကမင်းသမီး Jo Yoon-hee တို့လို ဝါရင့်သရုပ်ဆောင်တွေကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း————– ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကိုအင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။နာမည်‌ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ “ဟာမယ်လင်းက ပုလွေဆရာ”ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီးကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုးမတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့ အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်းသူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့သူပေးတဲ့အမိန့်တွေအတိုင်း လိုက်လုပ်စေတာပါ။အဲဒီလို သရုပ်မှန်မသိရတဲ့ ပုလွေမှုတ်သူဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာရင်းအပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကိုပါထိခိုက်လာတဲ့အခါမှာတော့အရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ ကျွမ်းကျင်စေ့စပ်ညှိနှိုင်းသူ Joo Sung-Chanလက်ထောက်ဗိုလ်ကြီး Yeo Myaung-haတို့အဖွဲ့ ဘယ်လို‌တွေကိုင်တွယ်ဖြေရှင်းကြမလဲ။အဓိကသတင်းကြေငြာသူတစ်ယောက်ဖြစ်တဲ့ Yoon Hee-sung ဆိုသူနဲ့ရော ဘယ်လိုတွေပတ်သက်နေမလဲ။ပုလွေဆရာရဲ့ သရုပ်မှန်ကိုရော ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာတွေကိုစိတ်လှုပ်ရှားစရာလှည့်ကွက်တွေနဲ့အတူ ပရိသတ်ကြီးကိုယ်တိုင်ပဲ လိုက်လံတွေးတောရင်းနဲ့ အဖြေရှာကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းအညွှန်းကိုတော့ Wutyi မှ ရေးသားပေးထားပါတယ် Drama: Pied PiperGenres: Action, Thriller, Mystery, DramaCountry: South KoreaEpisodes: 16Aired: Mar 7, 2016 – Apr 26, 2016Aired On: Monday, TuesdayOriginal Network: tvNDuration: 1 hr. 5 min.Translated By Double M, Yee Wai, Kaung Htet Zin, Stary, Zoronoa & Shwe PyaeEncoded by Heather Oo >>>>>>TELEGRAM CHANNEL<<<<<< Episode 01[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish [1080p]     »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 02[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 03[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 04[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 05[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 06[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 07[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 08[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 09[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 10[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 11[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 12[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 13[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 14[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 15[720p]       »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 16[720p]       »»»
...

Pee Nak 3 (2022) ⭐IMDB: 5.1/10 (268 Votes) 🎬 #Comedy #History #Horror 🗓 2022 🎞 movie 🌎 #Thailand ⏰ 1 နာရီ 51 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြည့်ချင်လွန်းလို့ မျှော်နေကြသူတွေအတွက် Pee nak 3 ဟာ ရုံတင်ပြီး တစ်လအကြာမှာ ထွက်ရှိလာခဲ့ပါပြီ ၁ နဲ့ ၂ ကြည့်ပြီးသူတွေကတော့ ဘယ်လောက်ရယ်ရကြောင်း ဘယ်လောက်‌‌ကြောက်ဖို့ကောင်းကြောင်းတွေကို သိထားပြီး ဖြစ်မှာပါ အခု ၃ မှာ လည်း ၁ နဲ့ ၂ တုန်းကထက် ကြမ်းတဲ့ ဇာတ်အိမ်နဲ့ အလန်းစားရိုက်ပြသွားလို့ ထိုင်းမှာ ရုံပြည့်လျံလို့ ၂ပတ်ကနေ ၃ပတ်ထိ ပြသခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်း ထမ်မနာခါနိမစ်ကျောင်းတော်က သင်္ချိုင်းမြေတူးသမားအော့တ်ဟာ ဒုတိယကမ္ဘာစစ်ကာလက အုတ်ဂူတစ်ဂူကို တူးဖော်မိခဲ့တယ် အုတ်ဂူတွင်းက ရွှေခြေချင်းတစ်ခုကိုတွေ့လို့ လောဘစိတ်နဲ့ယူမိရာက ကျိန်စာမိခဲ့ပြီး အ​ရေပြားတွေက မြွေအရေခွံတွေအဖြစ်ပြောင်းလာခဲ့တယ် ဒါ့အပြင် ကျိန်စာရဲ့အစပထမဖြစ်တဲ့ ဖော့နာခ့်ကိုပါ သူပိုင်တဲ့ရွှေခြေချင်းကို ပြန်ယူဖို့ နိုးထလာစေပါတော့တယ် အော့တ်တို့ သူငယ်ချင်းတစ်စု ကျိန်စာပြေစေဖို့အပြင် အငြိုးတရားနဲ့လိုက်လာနေတဲ့ ဖော့နာ့ခ် သရဲလက်ကလွတ်ဖို့ပါ ကြိုးစားရပါတော့တယ် မရည်ရွယ်ဘဲ ထိခဲ့တဲ့ကျိန်စာကနေပြေဖို့အပြင် ဖော့နာ့ခ်လက်ကပါ အော့တ်တစ်ယောက် အသက်ဘေးလွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာ ဟာသနှောပြီးတင်ဆက်ပေးထားပါတယ် ။ ( အညွှန်းရေးသားထားသူကတော့
...

The Education of Charlie Banks (2007) ⭐TMDB: 61% User Score 🎬 #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fred Drust ရိုက်ကူးတဲ့ The Education of Charli Banks ကတော့ သူငယ်ချင်းဆက်ဆံရေးနဲ့ အမှားကိုပြန်ပြင်ဖိုကြိုးစားတဲ့အကြောင်းကို အတွေးအခေါ်ပိုင်းဆိုင်ရာ ကြွယ်ဝစွာနဲ့ ရိုက်ကူးထားတဲ့ ကောလိပ်လူငယ်ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Charli Banks က သူငယ်ငယ်က အရမ်းကြောက်ခဲ့တဲ့ လူကြမ်းသူငယ်ချင်း Mick Leary ကို ပါတီပွဲခေါင်မိုးထပ်မှာ ကောင်လေးနှစ်ယောက်ကို ရန်ဖြစ်ပြီးသေမတက်ရိုက်နှက်မှုနဲ့ ရဲကို ခိုးပြီးတိုင်ကြားခဲ့တယ်။ ဒါပေမဲ့ Charli က Mick သူ့ကိုသစ္စာဖောက်ပြီး တိုင်လိုက်မှန်းသိရင် Mick ရဲ့လက်ချက်ကိုမိမှာကြောက်ပြီး မျက်မြင်သက်သေကို ပြန်ရုတ်သိမ်းခဲ့တာမို Charli ထောင်ကနေ လွတ်လာခဲ့တယ်။ ဒီလိုနဲ့သုံးနှစ်ကြာပြီး Charli နေတဲ့ ကောလိပ်အဆောင်ကို Mick ပြန်ရောက်လာတော့ Charli သူ့ရဲ့ လျှိဝှက်ချက်ကို ဆက်ထိန်းထားနိုင်မလား၊ Mick ကရော အရင်လို မဆိုးသွမ်းတော့ဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားမလဲဆိုတဲ့အဆက်ကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...