es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Man in Love (2014) ⭐IMDB: 6.9/10 (1 k Votes) 🎬 #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Man in Love (2014) ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ… အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ…။ မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-min မင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin… ဇာတ်လမ်းကတော့… ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။ အဲ့ဒီအပေးအယူကဘာလဲ… လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ…. ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။
...

Sausage Party: Foodtopia (2024) ⭐IMDB: 6.0/10 (352 Votes) 🎬 #Animation #Comedy #Action #Adventure #SciFi #Fantasy 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 26 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sausage Party: Foodtopia(2024)IMDb: 5.8/10Rotten Tomatoes: 71%Genre: Animation/Adventure/Comedy Sausage Party ရုပ်ရှင်ကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Sausage Party: Foodtopia ကတော့ ယခင်ထွက်ရှိလာတဲ့ Sausage Party ရဲ့အဆက် အပိုင်း ရှစ်ပိုင်းပါတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ မျက်နှာမြင် ရယ်ချင်ပါစေ၊ အသံကြားအူတက်ပါစေဆိုတဲ့ ဆုနဲ့မွေးကတည်းကပြည့်လာတဲ့ နာမည်ကြီး ဟာသမင်းသား Seth Rogen ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတာမလို့ မရယ်ရမှာတော့ ပူစရာမလိုပါဘူး။ Animation ဆိုပေမယ့် မိသားစုနဲ့အတူကြည့်ဖို့၊ ကလေးတွေကြည့်ဖို့ထုတ်ထားတဲ့ Animation မဟုတ်ပဲ Dark Comedy နဲ့ 18+ တွေဖောဖောသီသီပါဝင်မှာဖြစ်ပါတယ်။ ကြည့်ရတာသဘောတွေ့မယ့်စီးရီးစ်ဆိုလည်းမမှားပါဘူး။ ဇာတ်ညွှန်းဖရန့်ခ်နဲ့ဘရန်ဒါတို့ဦးဆောင်လာတဲ့ အစားအသောက်တော်လှန်ရေးကြီးဟာ ပထမ Sausage Party ဇာတ်လမ်းမှာအောင်မြင်မှုရခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်လဲဆိုရင် လူသားတွေအကုန်သေတဲ့အထိကိုအောင်မြင်မှုရခဲ့ပါတယ်။ ဖရန့်ခ်ဟာ အစားအသောက်တွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူသားတွေမရှိတဲ့ ကမ္ဘာမှာအစားအသောက်တွေကြီးစိုးခဲ့ပါတယ်။ ခက်တာက သူတို့မထင်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကပေါ်လာခဲ့ပြီး အစားအသောက်တွေအကုန်လုံးက ဖရန့်ခ်တို့ကိုမယုံကြည်တော့ပါဘူး။ ဖရန့်ခ်၊ ဘယ်ရီနဲ့ ဘရန်ဒါတို့သုံးယောက် ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ။ အစားအသောက် နိဗ္ဗာန်ဘုံကြီးကိုရော ပြီးသည်အထိတည်ဆောက်သွားနိုင်မှာလား။ ဖရန့်ခ်အဖြစ် ဟာသမင်းသား Seth Rogenဘရန်ဒါအဖြစ် ဟာကမင်းသမီး Kristen Wiigဆမ်မီအဖြစ် မင်းသား Edward Nortonဘယ်ရီအဖြစ် ဟာသမင်းသား Michael Sera တို့က အသံသရုပ်ဆောင်ထားပါတယ်။ အညွှန်းရေးသားသူ
...

Let Me Eat Your Pancreas (2017) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Drama #Romance #Animation 🗓 2017 🎞 movie 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Let Me Eat Your Pancreas (2017)IMDb – 7.1/10My Drama List – 8.2 “ငါတို့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက ငါတို့နှစ်ယောက်ကို ဆုံစေခဲ့တာပဲ” အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်းအတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီးဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီးအာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီးရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။ တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီးဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကိုရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား… Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ animeအဖြစ်ထပ်မံအသက်သွင်းခဲ့ပါတယ်။ မင်းသား Takumi Kitamura မင်းသမီး Minami Hamabe တို့သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
...

Ikaw at ako (2023) ⭐IMDB: 6.8/10 (13 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 35 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 You and Me (2023) ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကိုရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက်အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲအတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက်မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်
...

Paruvu (2024) ⭐IMDB: 6.6/10 (132 Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 tv series 🌎 #India ⏰ 39 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paravu (2024) IMDb-6.6/10 အိမ်အပြန် ခယောင်းလမ်း ပါလဗီက တစ်အိမ်လုံးနဲ့ဆန့်ကျင် အိမ်ကသဘောမတူတဲ့သူနဲ့ခိုးရာလိုက်ပြေးပြီး အိမ်နဲ့အဝေးမှာ အခြေချနေခဲ့တာ ကိုယ်ဝန်သုံးလရသည်ထိ ၊မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီးမိသားစုဝင်တွေကလည်း စိတ်နာပြီးပစ်ထားခံရတဲ့သူ တစ်နေ့မှာတော့ ဇာတိမှာကျန်ခဲ့တဲ့ ဦးလေးဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့်ပါလဗီတစ်ယောက် သူ့ခင်ပွန်း ဆူဒီးရ်နဲ့အတူ ဇာတိကိုချက်ချင်းထပြန်တော့တာပဲ ကားပေါ်ရောက်မှ ဆူဒီးရ်သိလာရတဲ့အမှန်တရားကပါလဗီနဲ့ သူတို့ကိုလာခေါ်တဲ့ဝမ်းကွဲအစ်ကိုဆိုတဲ့သူကြားကတင်းမာတဲ့ဆက်ဆံရေးနဲ့ ပါလဗီ့ကိုတစ်အိမ်သားလုံးကဖယ်ကျဉ်ထားကြတယ်ဆိုတာပဲ လမ်းတစ်ဝက်မှာ အဝေးပြေးလမ်းကိုရှောင်ပြီး လူပြတ်တဲ့ လမ်းကြိုလမ်းကြားကမောင်းတဲ့ဝမ်းကွဲအစ်ကိုရဲ့ အမူအယာတွေနဲ့ ပါ့လဗီအိမ်ကို ဖုန်းဆက်ကြည့်ချိန်မှာလည်းမဖိတ်ခေါ်မလိုလားမှုတွေက crime thriller ဇာတ်လမ်းတစ်ပုဒ်အစပျိုးရာဖြစ်လာခဲ့တယ် ဒီမိသားစုတွေကြားဘယ်လိုတင်းမာမှုတွေ ဆက်ဖြစ်လာဦးမလဲ နောက်ပြန်လှည့်မရတဲ့ခရီးမှာရှေ့ဆက် ဘယ်လိုအဖြစ်အပျက်တွေဆက်ဖြစ်လာဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Layangan Putus: The Movie (2023) ⭐IMDB: 6.1/10 (121 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 31 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 layangan putus (2023)(IMDb 6.1/10) ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက်အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေအာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့်အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ်အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့်သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာအိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnဖြစ်ပါတယ်
...

Sunny (2024) ⭐IMDB: 7.3/10 (352 Votes) 🎬 #Mystery #Drama #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 35 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာနေပြီး ဂျပန်နိုင်ငံသား မာဆာ ဆာကာမိုတိုနဲ့ အိမ်ထောင်ရက်သားကျ၊ သားလေး တစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အမေရိကန်လူမျိုး ဆူဇီ ဆာကာမိုတို တစ်နေ့မှာတော့ လေယာဉ်နဲ့ခရီးထွက် သွားတဲ့ အမျိုးသားနဲ့ သားလေးတို့ရဲ့ လေယာဉ်က ပျက်ကျပြီး အလောင်းတွေ ရှာမတွေ့ဖြစ်ခဲ့ပါတယ် အမျိုးသားနဲ့ သားဖြစ်သူကို တစ်ပြိုင်နက်တည်း ဆုံးရှုံး လိုက်ရလို့ လစ်ဟာနေတဲ့ ဘဝကြီးထဲကို ရုတ်တရက် အမျိုးသားအလုပ်လုပ်တဲ့ ကုမ္ပဏီကဆိုပြီး လူတစ်ဦး ရောက်လာကာ အမျိုးသားကိုယ်တိုင်တီထွင်ထားတယ်ဆိုတဲ့ “Sunny” အမည်ရ အိမ်သုံးစက်ရုပ်တစ်ရုပ်ကို လက်ဆောင် လာပေးသွားပါတယ်.. အရင်ကတည်းက စက်ရုပ်ဆို မုန်းတီးနေတဲ့ ဆူဇီတစ်ယောက် Sunny ရဲ့ ကျောချမ်းစရာ အပြုအမူတွေကိုတွေ့ပြီး စွန့်ပစ်ဖို့ လုပ်ပေမဲ့လည်း မရတဲ့အဆုံး ရေခဲသေတ္တာတီထွင်တဲ့အပိုင်းမှာ အလုပ်လုပ်တယ်လို့သိထားတဲ့ အမျိုးသားက တီထွင်ထားတဲ့ စက်ရုပ်ဆိုတာကြောင့် နောက်ကွယ်က မသိသေးတဲ့အကြောင်း တွေကို ဖော်ထုတ်ဖို့လုပ်ရာက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရမလဲ…. အိမ်သုံးစက်ရုပ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား… လူတွေမသိကြသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ.. အလောင်းရှာမတွေ့သေးတဲ့ သူ့အမျိုးသားနဲ့ သားလေးကရော တကယ်ဆုံးပါးသွားတာ ဖြစ်နိုင်မလား…. တကယ့်နောက်ကွယ်က ရန်သူက ဘယ်သူလဲ ဆိုတာကို စုံစမ်း ဖော်ထုတ်သွားတဲ့အကြောင်း ရှုစားရမှာ ဖြစ်ပါတယ် ဂျပန်ဆိုတဲ့အတိုင်း မြင့်မားလွန်းတဲ့ နည်းပညာတွေအကြောင်း ထည့်သွင်းပြထားတာကို မြင်တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ Culture တွေနဲ့အတူ ဇာတ်လမ်းကျောရိုးကိုယူထားပြီး တင်ဆက်ပုံကောင်းတာကြောင့် စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ File Size – 463 MB / 178 MB Quality –WEB-DL 1080p 5.1CH , 720p Episodes –  10 Eps Duration –  35 min Subtitle – Myanmar Hardsub Format – Mp4 Genre : Mystery, Drama, Comedy, Sci-Fi & Fantasy Translator – Chothet_mlmt Encoder – Min Wai ( Season 1)Onging Season Ep-1 (1080p)>>CM App/YoteShin/Megaup/Usersdrive Ep-1 (720p) >>>CM App/YoteShin/Megaup/Usersdrive/StreamSb Ep-2 (1080p)>>CM App/YoteShin/Megaup/Usersdrive Ep-2 (720p) >>>CM App/YoteShin/Megaup/Usersdrive/StreamSb ကျန်ရှိသောအပိုင်းများကိုလဲ ဆက်လက်တင်ဆက်သွားပါမည်။
...

Lumberjack the Monster (2023) ⭐IMDB: 5.9/10 (940 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lumberjack the Monster (2023) Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာလူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလားဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလားစတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Hmwe&Khaingပဲ ဖြစ်ပါတယ်။
...

Titip Surat Untuk Tuhan (2024) ⭐IMDB: 7.1/10 (13 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 21 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Titip Surat Untuk Tuhan 2023 အညွှန်း “ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ”“မင်း နှလုံးသားထဲမှာ” တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။ အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။ တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်။
...

Ship of the Damned (2024) ⭐IMDB: 2.7/10 (183 Votes) 🎬 #Action #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာ အပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာ Horror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကို ဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကို လိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီး မကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလို လူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲ ထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေ ရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲ ဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့် လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုး လူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့
...

Léon: The Professional (1994) ⭐TMDB: 83% User Score 🎬 #Action #Crime #Drama #Thriller 🗓 1994 🎞 movie 🌎 #France #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Leon: The Professional (1994)IMDb: 8.5/10Genre: Action, Crime, Drama The Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို DEAအရာရှိတွေက တစ်ယောက်မကျန် ရှင်းသွားခဲ့တယ်။သူတို့မိသားစုထဲက Mathildaဆိုတဲ့ ကလေးမလေးကို Leonက ကယ်ထားခဲ့တယ်။Mathildaက သူ့တစ်မိသားစုလုံးက သူ့ကို အနိုင်ကျင့်နေတာမို့ သူ့မိသားစုကိုသူ့ဘာသာတောင် သတ်ချင်နေတဲ့သူမို့ သူ့မိသားစုသေသွားတာကတော့ Mathildaအတွက်ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ လေးနှစ်သား သူ့မောင်လေး သေသွားတာတဲ့အတွက်တော့သူက အဲဒီယစ်မျိုးအရာရှိဆိုးတွေကို ကလဲ့စားချေချင်ခဲ့တယ်။ဒီလိုနဲ့Mathildaက Leonကိုနားပူနားဆာလုပ်ပြီး သူ့ကို လုပ်ကြံသတ်ဖြတ်တတ်အောင် သင်ပေးခိုင်းတယ်။Leonလည်း မနိုင်တဲ့အဆုံးသင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ကြား ဘာမှန်းမသိတဲ့တစ်စုံတရာပေါ်ပေါက်လာသလိုကလဲ့စားချေတဲ့ခရီးမှာလည်း ပြဿနာတွေပေါ်လာခဲ့တယ်။ ဒီနေရာမှာ သူတို့ဖောင်းထုခံခဲ့ရတဲ့ အချက်က Leonနဲ့ Mathildaရဲ့ ဝေဝါးနေတဲ့ဆက်ဆံရေးပဲဖြစ်လိမ့်မယ်။ ဒါကလည်း ဒါရိုက်တာ Luc Bessonရဲ့ မိန်းမ Maiwennဖြေရှင်းတဲ့စကားအရတော့ ဒီဇာတ်လမ်းက သူတို့ဆက်ဆံရေးကို မှီးထားတယ်လို့ဆိုခဲ့တယ်။ဒါရိုက်တာနဲ့ သူ့မိန်းမကလည်း ဒီလိုမျိုးအသက်ကွာခြားမှုကြီးတဲ့ အချစ်မျိုးကို ပိုင်ထားတဲ့လူတွေပဲ။Bessonအသက်၂၉ Maiwennအသက် ၁၂မှာ သူတို့စုံတွဲဟာ စတွေ့ခဲ့ကြပြီး တရားဝင်စတွဲတာကတော့Maiwennအသက် ၁၅မှာပါ။ Maiwennအသက် ၃၃မှလက်ထပ်ခဲ့ပြီး Maiwennဟာ၁၆နှစ်မှာ ကိုယ်ဝန်ရခဲ့တယ်။ဒီရုပ်ရှင်ထဲက Leonနဲ့ Mathildaရဲ့ဆက်ဆံရေးဟာ စွပ်စွဲကြသလိုမဟုတ်ဘူးလို့တော့ ပြောရခက်ပါတယ်။ ကိုယ်ပိုင်အမြင်ရလည်း သူတို့ဆက်ဆံရေးဟာအဲဒီလိုဆက်ဆံရေးမျိုးပါပဲ။ သူတင်ဆက်ပြတဲ့ပုံအရတော့ ဒါကိုအပြစ်လို့ မြင်ဖို့တော့တော်တော်ခက်လိမ့်မယ်။ အကြောင်းရင်း သိနေသကိုး၊။ ဟိုစာစုတစ်ခုရဲ့ခေါင်းစဉ်လိုပေါ့“တူညီတဲ့ရှုထောင့်ကနေကြည့်ရင် ဖြစ်ရပ်တိုင်းဟာ မှန်တယ်”တဲ့။ကျွန်တော်တို့နားလည်နိုင်တာကတော့ လောကကြီးမှာ နားလည်စရာ ဘာမှမရှိတာကို နားလည်ဖို့ပါပဲ။ မူရင်းဗားရှင်းမှာတော့ ၁နာရီ၅၀သာရှိပေမဲ့ အခု EXTENDEDဗားရှင်းမှာတော့ ၂နာရီ ၁၃မိနစ်အထိပါပါတယ်။Mathildaက Leonကို အတူအိပ်ဖို့ပြောခဲ့ပြီး လီယွန်က ငြင်းလိုက်တာတွေ။Leonရဲ့ငယ်ဘဝနောက်ကြောင်း။ သူတို့အတူတူ အိပ်ယာထဲရိုးရိုးသားသားအိပ်တာတွေ။Mathildaက Russian rouletteလုပ်ပြီး ခြိမ်းခြောက်တာတွေအပြင် တခြားအခန်းတွေလည်း ပါပါတယ်။
...

The Diary of a Teenage Girl (2015) ⭐IMDB: 6.8/10 (34 k Votes) 🎬 #Adult #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီနီဆို တဲ့ ကာတွန်းရေးဆွဲသူအဖြစ်ဆန္ဒပြင်းပြတဲ့ ၁၅ နှစ်အရွယ်ကောင်မလေးက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုရှိလာတဲ့ အချိန် သူမ အမေရဲ့ ရည်းစားဖြစ်သူနဲ့ပက်သက်မိတဲ့အချိန်မှာတော့ …….. ဒီဇာတ်ကားကတော့ ကာတွန်းရေးဆွဲသူလည်းဖြစ် တဲ့ စာရေးဆရာမ Phoebe Gloeckner ရဲ့ ၂၀၀၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်၊ ကဗျာရော ကာတွန်းရော နှစ်မျိုးစပ်ထားလို့ ထင်ရှားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။ အချိန်က ၁၉၇၆ ခုနှစ် ဆန်ဖရန်စစ္စကို ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ ၁၅ နှစ်အရွယ် မီနီ ဆိုတဲ့ကောင်မလေးက သူ့ အပျိုစင်ဘဝကို သူမအမေရဲ့ရည်းစားဆီမှာဆုံးရှုံးလိုက်တဲ့ အချိန်မှာတော့ သူမကိုယ်တိုင် ခံစားချက်တွေ, အတွေ့အကြုံတွေ/ ဆယ်ကျော်သက်ကောင်မလေး တယောက်ရဲ့ စိတ်အတက်အကျ တွေ တိတ်ခွေဒိုင်ယာရီ နဲ့ အသံသွင်းပြောပြထားတာကို တင်ဆက်ပြသထားပါတယ်
...

Election (2024) ⭐IMDB: 6.6/10 (632 Votes) 🎬 #Action #Bollywood #Romance #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Election (2024)============= ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင်Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်းရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက်ခြေချလိုက်တဲ့အခါမှာတော့ အကြမ်းဖက်မှုတွေ ယှဉ်ပြိုင်မှုတွေ သစ္စာဖောက်မှုကို ကြုံတွေ့လာရတဲ့အခါ….. ဘာတွေများ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုအားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။
...

Tusk (2014) ⭐IMDB: 5.3/10 (64 k Votes) 🎬 #Comedy #Horror 🗓 2014 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tusk (2014) Tusk ဟာ နာမည်ကျော်A24ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါမျိုးမကြိုက်ရင် စိတ်ညစ်မခံနိုင်ရင်တော့ မကြည့်သင့်ပါဘူး။ Body Horror ကို မြည်းစမ်းကြည့်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ နှစ်ခြိုက်ပါတယ်ဆိုတဲ့သူတွေကိုပဲ ကြည့်ဖို့ညွှန်းချင်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဝေါလေ့စ်က ဟာသပေါ့ကတ်စ်ချန်နယ်တစ်ခုကိုလုပ်နေတာဖြစ်ပြီး အင်တာဗျူးလုပ်ဖို့ လော့စ်အိန်ဂျလိစ့်ကနေ ကနေဒါကိုခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာဗျူးလုပ်မယ့်သူက သေနေပြီဖြစ်လို့ ဘုံဆိုင်မှာထိုင်ညစ်နေတုန်း “အခန်းလည်းငှားမယ် အတွေ့အကြုံ‌တွေကိုမျှဝေမယ်ဆိုတဲ့” ကြော်ငြာစာတစ်ခုတွေ့ပြီး လိပ်စာအတိုင်းသွားပါတယ်။ ကံဆိုးချင်တော့ သူသွားတွေ့တဲ့သူက ကွင်းဆက်လူသတ်သမားဖြစ်နေတဲ့အပြင် ဆိုက်ကိုပါ ၀င်နေတဲ့သူကြီးဖြစ်နေတော့ အရှင်လတ်လတ် လူဘ၀ကနေ ဖျံဘ၀ကို အပြောင်းခံလိုက်ရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)
...

Gaanth Chapter 1: Jamnaa Paar (2024) ⭐IMDB: 7.8/10 (9 k Votes) 🎬 #Drama #Crime 🗓 2024 🎞 tv series 🌎 #India ⏰ 30 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gaanth Chapter 1: Jamnaa Paar (2024) လကြတ်ညရဲ့ အိပ်မက်ဆိုးGenre – Drama, Mystery, ThrillerIMDB – 7.8/10 – နမိတ်မကောင်းတဲ့ လကြတ်ညတစ်ည– လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ်– မိသားစုလိုက်ကြီး ခွေးပါမကျန် ထူးခြားစွာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေမှု– ပဟေဠိဆန်သော ပူဇော်ပသမှု– ဖုံးကွယ်ထားသော မြေအောက်ခန်း စသဖြင့် အခြေအနေများနဲ့ ရှုပ်ထွေးပလီသော လူသတ်မှုကြီးကို… အရင် အမှုမှာ ပြဿနာရှာထားလို့ တာဝန်ဆိုင်းငံ့ခံရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများနဲ့ ဒေါသအိုးကြီးအင်စပတ်တာဂါဒါဆင်းဂ်ရယ်၊ အထက်ကချောက်တွန်းပြီး လွှတ်ထည့်လိုက်တဲ့ အရာရှိမလေး ဆတ်ယာဝတီရယ်၊ဆေးရုံမှာ တစ်ယောက်တည်းသီးခြားနေပြီး သူများတွေ အမြဲတမ်း အနိုင်ကျင့် နှိမ်တာကို ခံရပေမဲ့ ပညာစွမ်းရည်မှာကျသူမတူအောင် ထူးချွန်တဲ့ ဆရာဝန်မလေး ဆက်ရှီမာမူရယ် ဒီ သုံးယောက်သားဟာ ဝင်္ကပါလို အကွေ့အကောက်လှည့်ကွက်များပြီးထူးခြားဆန်းကြယ်လှတဲ့ ဒီလူသတ်မှုကြီးကို ကံကြမ္မာတစ်ခုကြောင့် လာဆုံတွေ့ပြီး ဖြေရှင်းဖို့ ဖြစ်လာခဲ့တဲ့အခါ…….။ စုစုပေါင်း ၈ ပိုင်းတိတိ ပါဝင်ပြီး Rating ကောင်းရထားတဲ့ သည်းထိတ်ရင်ဖို အိန္ဒိယစုံထောက်စီးရီးကို CM မှအပိုင်းအားလုံး တင်ဆက်ပေးသွားမှာ ဖြစ်လို့ အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)
...

Friend Zone (2019) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Asian #Comedy #Romance 🗓 2019 🎞 movie 🌎 #Thailand ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??… Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ် မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ် Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလား ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲ အဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလား ဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကို ငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်❤️❤️ သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်..။ (ဘာသာပြန်ပေးထားသူတွေကတော့ Kyi Nue Zin & Nang Mwe Kham တို့ပါ)
...

The Young Wife (2023) ⭐IMDB: 5.2/10 (55 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာဆိုရင် လက်ထပ်တော့မဲ့အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့အခက်အခဲတွေ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကပေးတဲ့ဖိအားတွေ အိမ်ထောင်တစ်ခုထူထောင်တော့မဲ့ ခေါင်းစဥ်အောက်မှာ ကိုယ့်ရပ်တည်မှု…… ကိုယ့်ဆုံးဖြတ်ချက်ကိုစိန်ခေါ်ခံရတာတွေ ဒါတွေအတွက် သူဘယ်လိုရင်ဆိုင်ဖြေရှင်းရတာတွေကို သူရဲ့အတွေးအခေါ် ခံယူချက်….. သူနဲ့ပတ်သက်တဲ့မိသားစု မိတ်ဆွေအပေါင်းအသင်းတွေရဲ့အယူအဆတွေကိုပါ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ် ခံစားကြည့်ကြပါအုံး
...

Danshari Paradise (2023) ⭐IMDB: 6.4/10 (34 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 42 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Danshari Paradise (2024) ~ IMDb – 6.5/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အမှိုက်အကြောင်းပါ။ ဂျပန်တွေ အမှိုက်ပစ်တဲ့စည်းကမ်းကပဲ နည်းနည်းလေး အလုပ်ရှုပ်နေလားလို့ ဘာလို့လားမသိပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေက အမှိုက်မပစ်ကြတဲ့လူတွေ၊ မလိုတာတွေ အိမ်မှာ စုပုံထားပြီး အိမ်က အမှိုက်ပုံဖြစ်နေတဲ့လူတွေရဲ့ အကြောင်းပါ။ တစ်အိမ်လုံးအမှိုက်ပုံစစ်စစ်ဖြစ်နေတဲ့ တော်တော်ဆိုးဆိုးလူတွေနဲ့ သူတို့ကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ သန့်ရှင်းရေးကုမ္ပဏီက လူတွေအကြောင်း။ အိမ်သန့်ရှင်းပြီးနောက်နဲ့ အိမ်မသန့်ရှင်းခင်က သူတို့ဘဝတွေ သူတို့အပြောင်းအလဲတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ အကြောင်းအရာလည်းဆန်းသစ်သလို တင်ပြပုံလည်းကောင်းတော့ ကြည့်လို့ကောင်းတယ်။ သူတို့လူနေမှုအကြောင်း နည်းနည်းပါးပါးသိရတော့ မဆိုးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Leave Her to Heaven (1945) ⭐TMDB: 74% User Score 🎬 #Drama #FilmNoir #Romance #Thriller 🗓 1945 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Leave Her to Heaven(1945)IMDb: 7.6/10Rotten Tomatoes: 85%Genre: Drama/Film-Noir/Romance သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့်တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင်ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ”မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရောသူ့အလှမှာ နစ်မြောသွားတယ်” ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်းအဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာနယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ရဲ့ဒဏ်ကိုရစ်ချက်ဒ်ခံနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မှာလဲ။သဝန်တိုတတ်တဲ့လူ၊ အတွေးလွန်တတ်တဲ့လူဆိုရင် ဒီရုပ်ရှင်ကိုသဘောကျမှာသေချာပါတယ်။
...

Love Letter (1995) ⭐TMDB: 77% User Score 🎬 #Uncategorized #Drama #Romance 🗓 1995 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Letter ( 1995 ) Directed by Shunji Iwai ရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက အာရှရုပ်ရှင်ဂရုတစ်ခုမှာ ဖတ်ခဲ့ဖူးတာက ” ရှန်းဂျီအီဝေရဲ့ ရုပ်ရှင်တွေက ကမ္ဘာပေါ် နိဗ္ဗာန်ကို ပစ်ချပြလိုက်သလို ရုပ်ရှင်တွေပဲ”တဲ့။ နှစ်တွေကြာလာလေ အီဝေကိုပိုသိလာလေ ကျွန်တော့် ဒီစကားကို ပိုထောက်ခံမိလာလေပဲ။ အီဝေ့ရုပ်ရှင်တွေက လှပတာတစ်ခုသက်သက်ကြောင့်နဲ့တော့ ဒီလိုပြောတာမဟုတ်ဘူး။ အီဝေ့ရုပ်ရှင်အများစုမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ဖြတ်သန်းရတတ်တယ်။ တစ်ချို့ကားတွေဆို အဲဒီဝမ်းနည်းစရာအခိုက်အတန့်ကို ဖြတ်သန်းတဲ့ အခိုက်အတန့်အကြောင်းကိုပဲ ရိုက်ပြထားတာ။ မရှိတော့တဲ့ ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ ကိုယ်မသိခဲ့ ရာဇဝင်ကို ပြန်လည်တူးဖော်ရတာမျိုးပေါ့။ အီဝေ့ရုပ်ရှင်တွေဟာ ဒီအခိုက်အတန့်တွေကို ဖြတ်သန်းပြီး အဆုံးမှာ ကမ္ဘာကြီးဟာ လှပနေပါသေးတယ်လို့ ကျွန်တော်တို့ကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ တစ်စုံတရာမရှိတော့ရင်တောင် ကျန်ခဲ့သေးတဲ့ အမှတ်တရတွေက ကျွန်တော်တို့ရှင်သန်မှုတွေကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ အကြောင်းတရားတွေကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ အီဝေ့ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ နိဗ္ဗာန် တည်ရှိနေသေးကြောင်း, အဲဒီနိဗ္ဗာန်ဟာ ကျွန်တော်တို့ရဲ့ချစ်ခဲ့ခြင်းတွေ အမှတ်ရနေခြင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ အီဝေဟာ ကမ္ဘာပေါ်ကို နိဗ္ဗာန်ပစ်ချလိုက်တာထက် ကမ္ဘာအစစ်ထဲက နိဗ္ဗာန်ကို မြင်သာလာအောင် ပြပေးခဲ့တယ်ဆို ပိုမှန်လိမ့်မယ်။
...