ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Gunner (2024) ⭐IMDB: 5.7/10 (33 Votes) 🎬 #Action #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင် Morgan Freeman ပါဝင်ပြီး မင်းသား Luke Hemsworth က အဓိက ဇာတ်ဆောင် Lee Gunner အဖြစ်ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ရုပ်ရှင် တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************** Lee Gunner က ဂုဏ်ပြုဆုတံဆိပ်ရ အမေရိကန်အထူးတပ်ဖွဲ့ စစ်ပြန်တစ်ဦးပါ။ သူက စစ်ပွဲတွေထဲမှာပဲအချိန်ကုန်နေခဲ့တာကြောင့် မိသားစုနဲ့ ဝေးကွာခဲ့တယ်။ သူအိမ်ကိုပြန်လာတဲ့အခါမှာတော့ သူ့သားတွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ပြီး အေးစက် နေခဲ့သလို ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းခဲ့ရပါပြီ။ တစ်ဖက်မှာတော့ ထောင်ကျနေတဲ့မူးယစ်ရာဇာ Kendrick Lyker နဲ့ သားဖြစ်သူ Dobbs တို့ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းက Gunner တို့ရဲ့ နယ်တဝိုက်မှာ ကြီးစိုးနေခဲ့တယ်။ စစ်ပွဲကနေ ပြန်လာပြီး ကလေးတွေနဲ့ ရင်းနှီးမှုယူဖို့ တောထဲကို Camping ထွက်လာတဲ့ Lee Gunner တို့အဖွဲ့ဟာ တောထဲကို ရောက်တဲ့အခါ မထင်မှတ်ပဲ မူးယစ်ဂိုဏ်းရဲ့ဆေးချက်ခန်းတစ်ခုနဲ့ တည့်တည့်တိုးမိပါတော့တယ်။ ပစ်ခတ်မှုတွေကြားမှာ ကလေးနှစ်ယောက်ဟာ မူးယစ်ဂိုဏ်းလက်ထဲ ရောက်သွားပြီးတော့ အဖေဖြစ်သူ Lee Gunner က သူ့ကလေးတွေကို ဘယ်လိုပြန်ကယ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှူစားကြရမှာပါ။ အက်ရှင် အတိုက်အခိုက် အသတ်အပုတ် တွေနဲ့ CGI ကောင်းကောင်းတွေ သုံးပြီး ဖန်တီးထားတာဖြစ်လို့ အနှစ်အပြည့်နဲ့ ခံစားကြည့်ရှုလိုက်ကြရအောင် ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Wil ဖြစ်ပါတယ်...
Tsugaru Lacquer Girl (2023) ⭐IMDB: 7.3/10 (53 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tsugaru Lacquer Girl 2023 IMDb-7.3/10 မျိုးနဲ့ရိုးနဲ့ လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ယွန်းထည်လက်မှုပညာသည်မျိုးရိုး အာအိုကီတို့မိသားစုခေတ်စနစ်ပြောင်းလဲမှုတွေကြား လက်မှုပစ္စည်းကိုတန်ဖိုးထားဝယ်ယူမှုတွေကျဆင်းကုန်သလိုလက်မှုပညာရှင်တွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း ပိုပိုများလာတယ် အာအိုကီတို့မိသားစုမှာ သားဖြစ်တဲ့သူက လူငယ်ပီပီလွတ်လွတ်လပ်လပ်နဲ့ ဆံသပညာရှင်ဖြစ်ဖို့ပဲအားသန်တဲ့သူ ၊အာအိုကီ့ဇနီးကလည်း အလုပ်ကိုပဲဦးစားပေးလွန်းတဲ့ ခင်ပွန်းကိုစိတ်ပျက်ပြီးထားသွားတဲ့အချိန် ဒီတာဝန်တွေအားလုံးကမီယာကို့ပေါ်ပဲရောက်လာတော့တယ် ၊ခေတ်ရေစီးကြောင်းနဲ့အညီ လက်မှုပညာလုပ်ငန်းကိုအားစိုက်လုပ်ချင်စိတ်ရှိတဲ့ မီယာကိုတစ်ယောက်မိသားစုလုပ်ငန်း ၊ ဝင်ငွေနဲ့ တန်းဖိုးထားရာတွေကြားကြိုးစားရပ်တည်ပုံကိုရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်...
Tucker and Dale vs. Evil (2010) ⭐TMDB: 74% User Score 🎬 #Comedy #Horror 🗓 2010 🎞 movie 🌎 #Canada #India #USA #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tucker & Dale vs. Evil (2010) IMDb Rating (7.5) / Rotten Tomatoes (85%) သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေပိုကြိုက်တက်ကြပါတယ်။အဲ့လို ကြိုက်တတ်ကြတဲ့အတွက်လည်း အချင်းချင်းစနောက်ပြီး ချောက်တက်လှန့်တတ်ကြပါတယ်။အဲ့လို ချောက်လှန့်ရာကနေ မတော်တဆဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေရှိပါတယ်။အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီးထွက်ရာမှာမတော်တဆမှုတွေနဲ့ ကြုံရတာကို ဟာသဆန်ဆန်နဲ့ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းကတော့….အယ်လီဆန်တို့ ကျောင်းသားတစ်သိုက်က တောအုပ်ထဲမှာအပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့ မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အဝတ်အစား နဲ့အတီးအတ အမူအယာတွေကြောင့် ကျောင်းသားတစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ ဒီလိုနဲ့ ကျောင်းသားလေးတွေ စခန်းချမဲ့နေရာကို အရောက်မှာ ကျောင်းသားတစ်ယောက်ကသူတို့ စခန်းချတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု့တွေ အကြောင်းကို ပြောပြတာပေါ့။ဒီလို စနောက်ရင်းနဲ့ ရေကူးကြတဲ့ အချိန်မှာပဲအယ်လီဆန် တစ်ယောက် ကျောက်တုံးပေါ်က ချော်ကျပြီး ဒဏ်ရာရသွားပါတော့တယ်။ဒါကို မြင်တဲ့ တက်ကာ နဲ့ ဒေးလ်က သဘောရိုးနဲ့ ကူညီဖို့ လှေပေါ်ခေါ်တင်သွားတာကို ကျောင်းသားတစ်သိုက်ကဖမ်းခေါ်သွားတယ်လို့မြင်ပြီး အယ်လီဆန်ကို ပြန်ရဖို့ ကြိုးစားပါတယ်။အဲ့လို ကြိုးစားရင်းနဲ့ပဲ ကျောင်းသားတွေ မတော်တဆဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် သေကုန်ပါလေရော။အဲ့သေဆုံးမှုတွေကလည်း တက်ကာ၊ ဒေးလ် တို့ နဲ့ သွားသွား ဆက်စပ် နေတဲ့အခါမှာတော့ …… ဒီလို အရှုပ်ထုပ်ဇာတ်လမ်းတွေကနေ လူရိုးနှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ ဘယ်လိုရုန်းထွက်ဖြေရှင်းမလဲကျောင်းသားတွေကကော တက်ကာ နဲ့ ဒေးလ် တို့ကို အထင်လွဲနေတာ ပျောက်သွားမလားသဘောရိုးနဲ့ ကူညီပေမယ့် ဘယ်လို တစ်လွဲတွေဖြစ်မလဲဒီသေဆုံးမှုရဲ့အမှန်တရားကရောဘာလဲ ဆိုတာတွေကိုဟာသဆန်ဆန် ကြောက်စရာလန့်စရာလေးတွေနဲ့ တွဲဖက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို မှီငြမ်းပြီး ကိုရီးယားကလဲHandsome Guys (2024)ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးထားပါသေးတယ်။...
Mari(dos) (2023) ⭐IMDB: 4.7/10 (600 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #India #Spain ⏰ 1 နာရီ 43 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mari(dos) (2023) IMDb 4.7 စပိန်စကားပြော နှစ်ယောက်တွဲ ဟာသရုပ်ရှင်လေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် နှင်းပြိုကျမှုကြောင့် နှင်းလျှောစီးသူတွေ ဒဏ်ရာအများအပြားရတဲ့သတင်းကြားကြားချင်း တိုနီ ဆိုသူကစိုးရိမ်စိတ်ကြီးစွာနဲ့ ကားမောင်းလာပါတယ် လမ်းမှာ အီမီလီယိုဆိုတဲ့ ဘုဆတ်ဆတ်လူတစ်ယောက်ကိုပါကားပေါ် လမ်းကြုံခေါ်တင်ခဲ့ပြီး နှင်းပြိုကျတဲ့ မတော်တဆမှုကြောင့်သူတို့မိန်းမနှစ်ယောက်လုံး ဆေးရုံတင်ထားရမှန်း သိသွားတယ် ဒီလိုနဲ့ ဆေးရုံကို ရောက်လာပြီး လူနာမေးတဲ့အခါမှလူနာအမျိုးသမီး လာရူရာဆန်ချီဇ်ဟာသူတို့နှစ်ယောက်လုံးရဲ့ ဇနီးသည်တစ်ယောက်တည်းဆိုတာ သိသွားတဲ့အခါ အကောင်းမြင်တဲ့ ပါတိုနဲ့ အဆိုးမြင်စိတ်ရှိသူ အီမီလီယိုတို့နှစ်ယောက်သားသူတို့ကို လိမ်ညာပြီး လက်ထပ်ခဲ့တဲ့ အမျိုးသမီး သတိရမလာသေးခင်ဘယ်လိုတွေ ဆက်လက်စခန်းသွားကြမလဲဆိုတာကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ BpL ~ Yunni ~ Linn Lunn တို့ ဖြစ်ပါတယ်...
Horrible Bosses (2011) ⭐IMDB: 6.9/10 (473 k Votes) 🎬 #Comedy #Crime 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horrible Bosses (2011) Extended Cut Version IMDb Rating (6.9) / Rotten Tomatoes (69%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ….သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်…သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီးသက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲနစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲသဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားကသူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ်ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာသွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့..သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံးသူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီးညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။...
Horrible Bosses 2 (2014) ⭐IMDB: 6.3/10 (186 k Votes) 🎬 #Comedy #Crime 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ….သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်…သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီးသက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲနစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲသဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားကသူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ်ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာသွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့..သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံးသူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီးညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။...
Zevcat (2023) ⭐IMDB: 3.3/10 (103 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Turkey ⏰ 2 နာရီ 3 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တူရကီ psychological drama ကားလေးတစ်ကားပါ ဇာတ်လမ်းအကျဉ်းကတော့ ဘဟာ ဆိုတဲ့ကောင်မလေး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်သိပ်ဖြစ်ချင်နေခဲ့တာပါ…..အဲဒီလိုနဲ့ တနေ့မှာ ခက်ဒစ်ဆိုတဲ့ သူဌေးနဲ့တွေ့ပြီး သူ့ရဲ့ အိမ်က အခက်အခဲတွေကိုပြောပြလိုက်တော့ အဲဒီသူဌေးက ဖြေရှင်းကယ်တင်ပေးရာကနေ သူလည်း သူဌေးနဲ့လက်ထပ်လိုက်ပါတယ်……. ဖြစ်ချင်နေတဲ့ ဆန္ဒလည်းပြည့် အခက်အခဲတွေလည်းရှင်းသွားတော့ ပျော်နေရမှဲ့ ဘဟာ ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာပဲ မထင်မှတ်တာတွေဆက်တိုက်ကြုံလာချိန်မှာတော့ သူ့ရဲ့ အခက်အခဲတွေ ဆန္ဒတွေအတွက် ရင်းနှီးပေးလိုက်ရတာ တန်ရဲ့လား ဘယ်လိုရောပြန်ရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားပါပဲ...
Deliver Us (2023) ⭐IMDB: 4.8/10 (2 k Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Estonia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Watchmen: Chapter I (2024) ⭐IMDB: 7.1/10 (777 Votes) 🎬 #Animation #Drama #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 **”Watchmen: Chapter I” (2024)** ဟာ Alan Moore နဲ့ Dave Gibbons တို့ရဲ့ အထင်ကရ ဂရပ်ဖစ်ဝတ္ထုကို ကာတွန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အချိန်ကာလ တလှည့်စီဖြစ်ပျက်နေတဲ့ ၁၉၈၅ ခုနှစ်မှာ လူမှု အသိုင်းအဝိုင်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် စူပါဟီးရိုးတွေကို တရားမ၀င်သောကမ္ဘာတခုမှာ ဖြန့်ကြက်ထား တာပါ။ ဇာတ်လမ်းရဲ့အဖွင့်မှာတော့ လူရွှင်တော် “The Comedian” လို့ လူသိများတဲ့ အစိုးရကထောက်ပံ့ထားတဲ့ စူပါဟီးရိုးတစ်ဦး သတ်ဖြတ်ခံရမှုနဲ့အတူ စတင်ထားပါတယ်။ Rorschach က ဒီအမှုကိုလိုက်တဲ့အခါမှာ အမှုက ပိုမိုနက်ရှိုင်း လာတာနဲ့အမျှ Nite Owl၊ Silk Spectre၊ Dr. Manhattan နဲ Ozymandias အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပါ၀င်တဲ့ ရှုပ်ထွေးတဲ့ ပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်တွေ့ရှိ ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုဟာ သူတို့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ရုံတင်မက သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် အလားအလာရှိပြီစ ကမ္ဘာကြီးတခုလုံးကို ပြာပုံအတိဖြစ်စေမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကပဲ ဒီဇာတ်ကားရဲ့အနှစ်သာရကို ဆက်လက်ကြည့်ရှု ခံစားကြည့်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ PHONIX ဖြစ်ပါတယ်...
The Five (2023) ⭐IMDB: 3.8/10 (91 Votes) 🎬 #Drama #Western #Action 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 15 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ကောင်းဘွိုင်အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဘာဘရာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဝရမ်းပြေးငါးယောက်ကိုစုဖွဲ့ပြီးတော့ ဘဏ်ဖောက်ကြတဲ့အကြောင်းကိုရိုက်ထားတာပါ…ထိုကောင်းဘွိုင်ငါးယောက်ဟာ ဘဏ်ဖောက်ခဲ့ပြီးပိုက်ဆံကို ဘာဘရာဆီကိုပေးလိုက်ပါတယ်…ဘာဘရာကပိုက်ဆံတွေကိုယူသွားပြီး လုံခြုံတဲ့နေရာမှာပြန်တွေ့ဖို့ချိန်းထားကြတာပါ… ဒီတော့ ကောင်းဘွိုင်ငါးယောက်က ဘဏ်ဖောက်ခဲ့ပြီးတော့ ချိန်းထားတဲ့နေရာမှာ ဘာဘရာကိုစောင့်နေခဲ့ကြပါတယ်…ဘာဘရာကနောက်ကျနေတဲ့အတွက် ကောင်းဘွိုင်ငါးယောက်အကြား အခြေအတင်ဖြစ်စရာကိစ္စလေးတွေဖြစ်လာခဲ့ပါတယ်…ဒီတော့ ဘယ်လိုဆက်ဖြစ်သွားမလဲ..ဘာဘရာကငွေတွေယူပြီးထွက်ပြေးသွားတာလား…ချိန်းထားတဲ့နေရာကိုရောက်ရှိလာမလားဆိုတာကြည့်ရှုကြည့်လိုက်ပါခင်ဗျာ...
Ang kapitbahay (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 52 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size_(850MB)/(400MB)Quality_Blu-Ray 1080p / 720pFormat_mp4Duration_00:50:00Genre_AdultSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by alias...
Rose (2022) ⭐TMDB: 79% User Score 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Denmark ⏰ 1 နာရီ 41 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒိန်းနစ်ရုပ်ရှင်ကား Rose ဟာ ညီအမနှစ်ယောက်ဖြစ်တဲ့ Inger နဲ့ Ellen အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး ပဲရစ်ကိုသွားတဲ့ ခရီးတစ်လျှောက် ညီအမနှစ်ယောက်ရဲ့ဖြစ်ရပ်တွေကို ရိုက်ကူးပေးထားတာပါ။ Inger ဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါကို ခံစားနေရပြီး ခရီးတစ်လျှောက်လဲ ကားပေါ်မှတခြားခရီးသည်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။ ပဲရစ်ကို ရောက်တဲ့အခါ Inger ရဲ့ အတိတ်ကဖြစ်ရပ်တွေကိုသိလာရပြီး Inger စိတ်ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းတွေကိုပါ သိလာရတယ်။ Rose ရုပ်ရှင်မှာ ညီမဖြစ်သူ Ellen တစ်ယောက် အမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို တွေ့ရမဲ့အပြင် ၁၅၀၀ အချစ်က Inger ကို ဘယ်လိုလူမျိုးဖြစ်သွားအောင် ပြောင်းလဲပေးလိုက်နိုင်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Thunderbirds (2004) ⭐TMDB: 50% User Score 🎬 #Action #SciFi #Adventure #Comedy #Family 🗓 2004 🎞 movie 🌎 #France #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Thunderbirds (2004)” အနာဂါတ်မှာ ကမ္ဘာကြီးကို International Rescue လို့ခေါ်တဲ့ အဖွဲ့ဟာ Thunderbirds လို့ခေါ်တဲ့ ယာဥ်တွေကို စီးနင်းပြီး ကာကွယ် စောင့်ရှောက် လျက်ရှိပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် International Rescue ဟာထိပ်ဆုံးကနေ ဖြေရှင်းပေးနေကျပါ။ International rescue အဖွဲ့က ထင်သလို JusticeLeague တို့ Avengers တို့လို လူကြီး Super Heroes တွေ မဟုတ်ပဲနဲ့ Tracy မိသားစုလေးပဲဖြစ်ပါတယ်။ တနေ့ သူတို့ဟာ လူဆိုးအဖွဲ့ကြီး တခုနဲ့ ရင်ဆိုင်ရတဲ့အချိန် တမိသားစုလုံး အဖမ်းခံလိုက်ရတဲ့ အခါမှာ အခြားသူတွေနဲ့ ယှဥ်ရင် နောက်ကောက်ကျနေတဲ့ သားအငယ်ဆုံးဖြစ်သူAllan Tracy နဲ့ သူ့သူငယ်ချင်းများက ဦးဆောင် ဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကFamily Genre ဖြစ်တာကြောင့် မိသားစုနဲ့ ပျော်ပျော်ပါးပါး ကြည့်ဖို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းပါရစေခင်ဗျာ။...
Chime (2024) ⭐IMDB: 6.7/10 (596 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Japan ⏰ 45 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size_(600MB)Quality_Blu-Ray 1080p / 720pFormat_mp4Duration_00:44:00Genre_Horror, ThrillerSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by WiRa Aung...
Our Lady of the Assassins (2000) ⭐TMDB: 73% User Score 🎬 #Crime #Romance #Drama 🗓 2000 🎞 movie 🌎 #Colombia #France #Spain ⏰ 1 နာရီ 41 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။...
Radio (2003) ⭐TMDB: 72% User Score 🎬 #Biography #Drama #Sport 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ …..ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)...
Lost in the Stars (2023) ⭐TMDB: 64% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 2 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူးဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီးဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာအကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promoteလုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ် အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကိုဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာမင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကိုအပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။(၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေကလင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာသူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ဟယ်ဖေးဟာဘယ်လိုငြင်းငြင်းဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။ မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား……ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား……ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား…..မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံးအရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။...
Color of Victory (2024) ⭐IMDB: 6.0/10 (40 k Votes) 🎬 #Biography #History #Sport #Drama 🗓 2024 🎞 movie 🌎 #Turkey ⏰ 2 နာရီ 37 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ခက်ခဲတဲ့စစ်ပွဲကာလမှာ ပြည်သူတွေကို ခွန်အားတက်စေခဲ့တဲ့ မျှော်လင့်ချက်၊ ဘောလုံးအားကစားနဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုတွေနဲ့ အောင်ပွဲများကို မီးမောင်းထိုးပြကာ ဆွဲဆောင်မှုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ တင်ဆက်ပေးထားပါတယ်။...
A Killer in the House (2024) ⭐IMDB: 2.8/10 (74 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လီယိုက ဆိုက်ကိုဖြစ်နေတဲ့ stalker တစ်ယောက်ပါ။ လူသတ်ဖို့လည်း လက်မရွံ့သလို စိတ်ရူးပေါက်တိုင်း လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့သူဆိုလည်း မမှားပါဘူး။ အဲဒီလို သူ့မျက်လုံးထဲ တခြားသူတွေနဲ့မတူအောင် အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် ဝင်လာသူကတော့ အေဗာပဲ ဖြစ်ပါတယ်။ အေဗာက မင်းသမီးဖြစ်ချင်လို့ လူရွေးပွဲတွေလိုက်ဖြေပြီး သရုပ်ဆောင်ဖြစ်ရဖို့ ကြိုးစားနေသူပါ။ သူက ရုပ်ရည်လေးကလည်းရှိသူမို့ အခန်းဖော်သူငယ်ချင်း အမြောက်ကောင်းမှုကြောင့် သူ့အနားကပ်လာတဲ့ ယောက်ျားလေးတွေနဲ့လည်း မကြာခဏ တွဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ သူ့ဘဝထဲ ဆိုက်ကို stalker လီယိုက သူ့လမ်းမှာ ရှုပ်နေတဲ့လူတွေကို ရှင်းထုတ်ဖို့အကြံနဲ့ ဝင်ရောက်လာခဲ့ချိန်မှာတော့...
When Frank Met Carlitos (2023) ⭐TMDB: 81% User Score 🎬 #Biography #Comedy #Drama #Music 🗓 2023 🎞 movie 🌎 #Spain #Argentina #Mexico ⏰ 1 နာရီ 12 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When Frank met Carlitos 2023 Frank Sinatra အမေရိကန်မှာ ဆယ်စုနှစ် ၅၀ ခုစာလောက်အထိအောင်မြင်မှုတွေရရှိခဲ့တဲ့ နာမည်ကျော်အဆိုတော် ရုပ်ရှင်သရုပ်ဆောင်ကြီးတစ်ယောက်သူငယ်စဉ်ဘဝ အတွေ့အကြုံနုစဉ်က သူ့ရဲ့အိုင်ဒေါကြီးဖြစ်ခဲ့တဲ့ကာလို့စ်ဂါဒယ်ကို NBC Stand up showမှာ သွားတွေ့ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အခက်အခဲတွေအားလုံးကို ဖိုက်တာတစ်ယောက်လို ကျော်လွှားပြခဲ့တဲ့Frankရဲ့နောက်ကွယ်က inspiration ဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်နဲ့ပထမဆုံးတွေ့ဆုံမှုမှသည် အတွေ့အကြုံနုသေးတဲ့ Frankကို ခုလိုသမိုင်းဝင် အနုပညာရှင်ကြီးအဖြစ်ဘယ်လိုတွေသင်ပြသွားမလဲဆိုတာ ရှုစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)...
