es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
In a Land That No Longer Exists (2022) ⭐IMDB: 6.3/10 (242 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။ တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ဖက်ရှင်မော်ဒယ်ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဒါရိုက်တာ Aelrun Goette ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး သူ့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ ဆိုထားပါတယ်။ ဇာတ်လမ်းရသမြောက်အောင် တချို့နေရာလေးတွေမှာ ပြုပြင်ထားတာကလွဲလို့ ဖြစ်ရပ်မှန်နဲ့ အတူတူပါပဲ။ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဂျာမနီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ယုံကြည်ရာကို အရောက်သွားကြမဲ့ သူတို့တွေ၊ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အချင်းချင်းလက်တွဲပြီး ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ …

In a Land That No Longer Exists (2022) ⭐IMDB: 6.3/10 (242 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။ တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ဖက်ရှင်မော်ဒယ်ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဒါရိုက်တာ Aelrun Goette ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး သူ့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ ဆိုထားပါတယ်။ ဇာတ်လမ်းရသမြောက်အောင် တချို့နေရာလေးတွေမှာ ပြုပြင်ထားတာကလွဲလို့ ဖြစ်ရပ်မှန်နဲ့ အတူတူပါပဲ။ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဂျာမနီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ယုံကြည်ရာကို အရောက်သွားကြမဲ့ သူတို့တွေ၊ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အချင်းချင်းလက်တွဲပြီး ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ …

Bon Bini: Judeska in da House (2020) ⭐IMDB: 5.7/10 (365 Votes) 🎬 #Comedy 🗓️ 2020 🎞️ Movie 📺 720p 🌎 #Netherlands ⏰ 1 နာရီ 20 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bon Bini: Judeska in da House (2020)=========================== အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှုဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့်ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်းအား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာကသရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ်မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီးကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင်လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfire ဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကိုရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေးရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီးနှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါတော့တယ်။ စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော်လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ်တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထားကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာတဲ့ ဝန်ကတော် လက်စ်လော့ပဲဖြစ်ပါတယ်။ မဟုတ်မခံ ကိုယ့်ကိုလာလုပ်ရင် နှစ်ဆလောက်ပြန်တွယ်ရမှကျေနပ်တဲ့ ဂျူဒပ်စကာနဲ့ လူမျိုးရေးခွဲခြား ဧည့်ဝတ်မကျေတဲ့ လက်စ်လော့တို့ ထိပ်တိုက်တွေ့ကြပုံများကို ဟာသနှောကာကြည့်ရှုရမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာအကြောင်းရာထက် တင်ပြပုံကိုသာဦးစားပေးကြည့်သင့်ကြောင်းသတင်းပါးလိုပါတယ်။ ကြည့်ရှုခံစားကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Aung Kaung Paing ဖြစ်ပါတယ်)

The House of No Man (2023) ⭐IMDB: 6.3/10 (256 Votes) 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Vietnam ⏰ 1 နာရီ 43 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The House Of No Man(2023) ************************** ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်…ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်… အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်..လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား .. ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့ သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်…ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်..သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect… ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း….

Bon Bini: Judeska in da House (2020) ⭐IMDB: 5.7/10 (365 Votes) 🎬 #Comedy 🗓️ 2020 🎞️ Movie 📺 1080p 🌎 #Netherlands ⏰ 1 နာရီ 20 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bon Bini: Judeska in da House (2020)=========================== အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှုဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့်ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်းအား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာကသရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ်မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီးကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင်လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfire ဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကိုရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေးရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီးနှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါတော့တယ်။ စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော်လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ်တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထားကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာတဲ့ ဝန်ကတော် လက်စ်လော့ပဲဖြစ်ပါတယ်။ မဟုတ်မခံ ကိုယ့်ကိုလာလုပ်ရင် နှစ်ဆလောက်ပြန်တွယ်ရမှကျေနပ်တဲ့ ဂျူဒပ်စကာနဲ့ လူမျိုးရေးခွဲခြား ဧည့်ဝတ်မကျေတဲ့ လက်စ်လော့တို့ ထိပ်တိုက်တွေ့ကြပုံများကို ဟာသနှောကာကြည့်ရှုရမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာအကြောင်းရာထက် တင်ပြပုံကိုသာဦးစားပေးကြည့်သင့်ကြောင်းသတင်းပါးလိုပါတယ်။ ကြည့်ရှုခံစားကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Aung Kaung Paing ဖြစ်ပါတယ်)

One on One (2017) ⭐⁉️ 🎬 #Adult #Drama #Romance 🗓️ 2017 🎞️ Movie 📺 720p 🌎 #PuertoRico #UnitedStates #SouthKorea ⏰ 1 နာရီ 27 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ********************** ဒိုယောင်းက အားကစားတက္ကသိုလ်ကနေ ဘွဲရပြီးနောက် အလုပ်လက်မဲ့ဖြစ်နေခဲ့ပါတယ်,, တစ်နေ့မှာ သူနေတဲ့ရပ်ကွက်ထဲမှာ နာမည်ကြီးအားကအားကစားသတင်းကြေညာသူ ဟန်ဆယ်ဟီနဲ့ ဆုံမိသွားပါတယ် ဟန်ဆယ်ဟီဆီက အာရုံစိုက်မှု ရရှိဖိုအကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး ,, ဒီလိုနဲ့ ဟန်ဆယ်ဟီ သွားနေကြ အားကစားခန်းမကို သိသွားပြီးတဲ့နောက် အားကစားနည်းပြအဖြစ် အလုပ်ဝင်လိုက်ပါတော့တယ် ,,, ဒါပေမယ့် အားကစားခန်းမထဲက တစ်ယောက်ချင်းလေ့ကျင့်ပေးတဲ့အတန်းတွေနဲ့ နည်းပြရဲ့ နောက်ကွယ်ကဇာတ်လမ်းကို သိသွားတဲ့နောက် ဒိုယောင်းအနေနဲ့ ဟန်ဆယ်ဟီကို ဘယ်လိုတွေ ကယ်တင်ပေးသွားမလဲ,,,

Bullied (2021) ⭐IMDB: 5.2/10 (163 Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Australia ⏰ 1 နာရီ 21 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rock Sugar (or) Bullied (2021)====================== ကျောင်းသားကားတွေကြည့်ဖူးနေရင် ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ အဖြစ်တွေကိုလည်း မစိမ်းလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတာကိုရိပ်မိပြီး ကာကွယ်ပေးဖို့က မိဘတွေအတွက် အဓိကတာ၀န်တစ်ခုလို့ဆိုရမှာပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းဟာမိဘ‌တွေသတိမူမိစေမယ့် ဇာတ်လမ်းမျိုးဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းမှာတော့-ရှားလာ့ထ်‌ဆိုတဲ့ ၁၂ နှစ်အရွယ် ကလေးမလေးဟာ ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရသူပေါ့။ သူ့ကိုအမြဲအနိုင်ကျင့်တဲ့ ကောင်မလေးကလည်း အားကစားထူးချွန်သူ၊ ဆရာတွေရဲ့အချစ်တော်ပါ။တကယ်တမ်းပြဿနာဖြစ်လာတိုင်း ဆရာတွေက သူ့ဘက်မပါပါဘူး။ မိဘတွေကပါ သူ့ကိုဆိုးတယ်လို့မြင်ကြပါတယ်။ ဒီလိုနဲ့ အမျိုးမျိုးခြိမ်းခြောက် အနိုင်ကျင့်ခံနေရပေမဲ့ သူဆိုးတယ်ပဲ အမြင်ခံရတဲ့၁၂ နှစ်အရွယ် ကလေးမရဲ့စိတ်ဟာ အတော်ဖိစီးလာတဲ့အခါ… ဇာတ်လမ်းကြည့်စမှာ ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ plot မျိုးပါ၊ကြည့်ရင်းနဲ့ ဇာတ်အလှည့်အ‌ပြောင်းတွေက လျှို့ဝှက်သည်းဖိုလားလူသတ်ကားလားလို့တောင် ထင်မိလာစေပါတယ်။ ရှားလာ့ထ်တစ်ယောက် သူအနိုင်ကျင့်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မိသားစုကြားမှာ ဘာပြဿနာဘယ်လိုဝင်လာမလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)

Nurse Betty (2000) ⭐IMDB: 6.3/10 (36 k Votes) 🎬 #Comedy #Crime #Drama #Romance 🗓️ 2000 🎞️ Movie 📺 720p 🌎 #Germany #UnitedStates ⏰ 1 နာရီ 50 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nurse Betty (2000)==============IMDb Rating – 6.3/10 ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ…ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main characterဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာစီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ်ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွားတယ်။ ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိလိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rockတို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)

Embrace of the Serpent (2015) ⭐IMDB: 7.8/10 (24 k Votes) 🎬 #Adventure #Biography #Drama 🗓️ 2015 🎞️ Movie 📺 720p 🌎 #Colombia #Venezuela #Argentina ⏰ 2 နာရီ 4 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Embrace of the Serpent(2015) ************************** ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲ တစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။ သူတို့နှစ်ဦးလုံးရဲ့ခရီးစဥ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဥ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ဒီခရီးစဥ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊ အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

Nurse Betty (2000) ⭐IMDB: 6.3/10 (36 k Votes) 🎬 #Comedy #Crime #Drama #Romance 🗓️ 2000 🎞️ Movie 📺 1080p 🌎 #Germany #UnitedStates ⏰ 1 နာရီ 50 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nurse Betty (2000)==============IMDb Rating – 6.3/10 ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ…ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main characterဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာစီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ်ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွားတယ်။ ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိလိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rockတို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)

Embrace of the Serpent (2015) ⭐IMDB: 7.8/10 (24 k Votes) 🎬 #Adventure #Biography #Drama 🗓️ 2015 🎞️ Movie 📺 1080p 🌎 #Colombia #Venezuela #Argentina ⏰ 2 နာရီ 4 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Embrace of the Serpent(2015) ************************** ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲ တစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။ သူတို့နှစ်ဦးလုံးရဲ့ခရီးစဥ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဥ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ဒီခရီးစဥ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊ အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

The Reunion (2011) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Comedy 🗓️ 2011 🎞️ Movie 📺 720p 🌎 #UnitedStates #Denmark ⏰ 1 နာရီ 32 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Reunion (2011)==============IMDb Rating – 5.8/10 ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့်အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ်တန်းလုံးကိုဖိတ်ကြားထားပါတယ်။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့်ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့စည်းရုံးနေတယ်။ သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေတာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းသုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာအတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ်ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)

The Reunion (2011) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Comedy 🗓️ 2011 🎞️ Movie 📺 1080p 🌎 #UnitedStates #Denmark ⏰ 1 နာရီ 32 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Reunion (2011)==============IMDb Rating – 5.8/10 ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့်အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ်တန်းလုံးကိုဖိတ်ကြားထားပါတယ်။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့်ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့စည်းရုံးနေတယ်။ သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေတာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းသုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာအတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ်ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)

Lovers Daughter of Friends (2019) ⭐⁉️ 🎬 #Adult #Drama 🗓️ 2019 🎞️ Movie 📺 1080p 🌎 #⁉️ ⏰ 1 နာရီ 4 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lovers-Daughter.of.Friends(2019) ******************************** ဒီ(18+)ကားက တခြားကားတွေနဲ့ကွဲပြားတာက မင်းသမီးက cute type မဟုတ်ဘဲ sexy type ဖြစ်နေတာပါပဲ…ဒီဇာတ်ရုပ်နဲ့ပိုလိုက်ဖက်တယ်လို့တောင်ပြောလို့ရပါတယ်.. ပါဝင်တဲ့အိပ်ရာခန်းတွေကလည်း တော်တော်ပွင့်လင်းမြင်သာမှုရှိလို့ ကြည့်ရတာ ဆင်ပြေချောမွေ့ပါတယ်..ဇာတ်လမ်းကတော့ အဆင်မပြေအထီးကျန်နေတဲ့ကောင်မလေးတစ်ယောက် ရင်ဖွင့်ဖို့ ယုံကြည်အားကိုးရတဲ့ ဦးလေးကြီးတစ်ယောက်ဆုံတွေရာကနေ စထားပါတယ်..ကျန်တာကတော့ ဆက်လက်ရှုမြော် ကြပါကုန်…

Star Trek: Picard (2020-2023) ⭐IMDB: 7.4/10 (86 k Votes) 🎬 #SciFi #Fantasy #Action #Adventure #Drama 🗓️ 2020-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Star Trek: Picard IMDb Rating – 7.5/10Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း Star Trek လို့ဆိုလိုက်တာနဲ့ စတားဖလိ၊ ဖယ်ဒရေးရှင်း၊ အန်တာပရိုက်စ်၊ ရိုမြူလန်၊ ကလင်းဂွန်ဆိုတာတွေ ခေါင်းထဲတန်းဝင်လာကြမှာပါ။ Star Trek franchise က အနာဂတ်ခေတ်ရဲ့ အာကာသခရီးသွားကိစ္စတွေအကြောင်း၊ ဂြိုဟ်သားအင်ပါယာတွေအကြောင်း၊ ခေတ်လွန်နည်းပညာတွေအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ပြနေတဲ့ Franchise ကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ၊ စီးရီးပေါင်းများစွာ ထွက်ရှိထားခဲ့ပြီဖြစ်ပြီး ယခုထပ်မံထွက်ရှိလာတာကတော့ Star Trek: Picard ဆိုတဲ့အမည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး Jean-Luc Picard ရဲ့ နောက်တစ်ဖန်စွန့်စားခန်းတွေကို ရိုက်ကူးတင်ပြထားတဲ့ စီးရီးပါပဲ။ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးပစ်ကာ့၊ စပျစ်ခြံထဲမှာ အေးဆေးအနားယူနေရသော်လည်း ဘဝကို အသက်မဲ့စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်။ ဒီလို လူပိုသက်သက်တစ်ယောက် ဖြစ်နေရတာကို ငြီးငွေ့လာတဲ့သူဆီ အမျိုးသမီးငယ်လေးတစ်ယောက် ရောက်လာခဲ့တယ်။ လာသူက သူနဲ့မသိကျွမ်းဖူးပါပဲ သူကို အကူအညီ လာတောင်းတဲ့သူ။ သူ ကူညီနေတုန်းမှာပဲ သူ့မျက်စိရှေ့တင် အသတ်ခံလိုက်ရတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းတွေအကြောင်း၊ ဆင်သက်တစ်အသက်လို့ခေါ်တဲ့ အဆင့်လွန်စက်ရုပ်လူသားတွေအကြောင်း အကုန်သိလာရပြီး အရှုပ်ထုပ်ကြီးထဲကို ဝင်ပါရတော့တာပဲ။ Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး အတော်လေး အခြေအနေကောင်းပါတယ်။ဇာတ်လမ်းကိုပြောရရင် …season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ Season 2 မှာတော့ အင်တာပရိုက် နဲ့ ဖက်ဒရေရှင်းအဖွဲ့တွေ အရင်ကနှိမ်နင်းသုတ် သင်ခဲ့ဖူးတဲ့ ဘို့ဂ်မျိုးနွယ်စုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ ဘို့ဂ်ဘုရင်မဟာ ပစ်ကာ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်နေစဉ် …ပစ်ကာ့ရဲ့ရန်သူဟောင်းကြီးလို့ပြောလို့ရတဲ့ ကျူဟာ အတိတ်ကို ၂၀၂၄ ခုနှစ် အတိတ်ကိုခရီးသွားပြီး သမိုင်းကိုပြောင်းကာ ပစ္စုပ္ပန် ဖြစ်တည်မှုတစ်ခုလုံးကိုပါ ပြောင်းလဲပစ်ပါတော့တယ်။ ဒီလိုပြောင်းလဲမှုကြောင့် ဖက်ဒရေးရှင်းအဖွဲ့ဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ Reality တစ်ခုဖြစ်သွားပြီး မဟာမိတ်ကိုဖက်ဒရေးရှင်းမှာ ပစ်ကာ့ဟာ အာဏာရှင်နိုင်ံငံကြီးရဲ့ ခေါင်းဆောင်ဖြစ်နေပြီး စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အုပ်စိုးထားတဲ့ နာမည်ဆိုးနဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အရှိတရားတွေလွဲမှားနေတာကို နားလည်သွားတဲ့ ပစ်ကာ့ဟာ မူလအခြေအနေကိုပြန်သွားနိုင်ဖို့….အချိန်ခရီးသွားမှုတွေနဲ့  စွန့်စားခန်းတွေ လုပ်ဆောင်ရတာကို ကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing  ဖြစ်ပါတယ်။)

Anecdotes Of The Yellow River (2023) ⭐TMDB: 20.0% User Score 🎬 #Action #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 18 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ကူမုရွာ”ဟာ ရေကြီးမှုနှင့်တွေ့ကြုံနေရပြီး ဆည်မြောင်းရေသိုလှောင်ရေးဌာနက‘ထျန်ယိ’နဲ့ သူ့အပေါင်းပါ ရှန့်ယွမ်ဟန်’တိုဟာ ဌာနရဲ့စေခိုင်းမှုအရ ထိုရွာကို ပြဿနာဖြေရှင်းဖို့ သွားပါတော့တယ်။ ‘ကူမု’ရွာနဲ့ဆက်စပ်စီးဆင်းနေတဲ့ မြစ်ဝါမြစ်မှာ သတိုသမီးရုပ်အလောင်းတွေဟာမျောပါလာပြီး ဒေသခံရွာသူရွာသား‌တွေကတော့ ထိုဖြစ်စဉ်ဟာမြစ်စောင့်နတ်၏အလိုမကျမှုကြောင့် ကပ်ဆိုးကျရောက်တယ်လို့ထင်မှတ်ပြီး “မာစန်းလီ”ဆိုသူရဲ့ဦးဆောင်မှုနဲ့ ယဇ်ပူဇော်ပသလေ့ရှိပါတယ်။ -ဒီတစ်ကြိမ် ယဇ်ပူဇော်ခံဟာ ‘ထျန်ယိ’တိုရဲ့ အသိမိတ်ဆွေဟောင်း “ယွမ်ယင်း”ဖြစ်နေတဲ့အခါ…အဖြစ်မှန်ဟာ တကယ်တော့…’ချယ်ရုံ’နိုင်ငံရဲ့ဘုရင်မဟာ နိုင်ငံစစ်ဘေး‌ကျရောက်မည့်အရေးကိုကြိုမြင်ခဲ့တဲ့အတွက် တစ်တိုင်းပြည်လုံးက စစ်သည်တွေနဲ့ ရတနာတွေအားလုံးကို ‌မြေအောက်မှာမြှုပ်နှံပြီး မိမိကိုယ်ကိုတိုင်းပြည်အတွက် စတေးခံကာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသေဆုံးသွားခဲ့ပါတယ်။ ∆ထိုဘုရင်မရဲ့ဂူသင်္ချိုင်းဟာ ‘မြစ်ဝါမြစ်က လူစားတယ်’ဆိုတဲ့ယုံတမ်းစကားတွေနဲ့ တကယ်ပဲဆက်နွှယ်နေမလား…∆ဒဏ္ဍာရီရဲ့နောက်ကွယ်မှာ ဘယ်လိုရာဇဝင်တွေကို ချိတ်ပိတ်ထားသလဲ?∆အဖြစ်မှန်ကိုဖော်ထုတ်ဖို ရေအောက်မှာရှိတဲ့ ဂူသင်္ချိုင်းကိုဆင်းသွားတဲ့မာစန်းလီ၊ထျန်ယိနဲ့ အပေါင်းပါတွေကရော အန္တရာယ်ကင်းကင်း ဒဏ္ဍာရီကိုဖော်ထုတ်နိုင်မလား-သူတိုပါ ဒဏ္ဍာရီအဖြစ် ပျောက်ကွယ်သွားဦးလေမလား…

The Greatest Showman (2017) ⭐IMDB: 7.5/10 (291 k Votes) 🎬 #Biography #Drama #Musical 🗓️ 2017 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘဝကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်ဝင်တဲ့အခါမှာ လည်း အလုပ်က ဒေဝါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဉ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ ရှိုးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘဝဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ရှုစားရမှာမို့ ပရိ သတ်အကြိုက်တွေ့မှာ သေချာပါ တယ်။ X-Man လို့ ပရိသတ်အသိများတဲ့ သရုပ်ဆောင် ဟျူးဂျက်ခ် မန်းက ဆပ်ကပ်တည်ထောင်သူ ပီတီဘာနမ်နေရာကနေ သရုပ်ဆောင်ထားပြီး ဇက်ခ်အက်ဖ်ရွန်၊ မစ်ရှဲလ်ဝီလျံ၊ ရီဘက်ကာဖာဂူ ဆန်၊ ဇန်ဒါရာ၊ ကီရာလာဆက် တယ် စတဲ့ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) ——————————————————————————- ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်၀င်တဲ့အခါမှာ လည်း အလုပ်က ဒေ၀ါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဥ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ ရှုိးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘ၀ဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ရှုစားရမှာမို့ ပရိ သတ်အကြိုက်တွေ့မှာ သေချာပါ တယ်။ X-Man လို့ ပရိသတ်အသိများတဲ့ သရုပ်ဆောင် ဟျူးဂျက်ခ် မန်းက ဆပ်ကပ်တည်ထောင်သူ ပီတီဘာနမ်နေရာကနေ သရုပ်ဆောင်ထားပြီး ဇက်ခ်အက်ဖ်ရွန်၊ မစ်ရှဲလ်၀ီလျံ၊ ရီဘက်ကာဖာဂူ ဆန်၊ ဇန်ဒါရာ၊ ကီရာလာဆက် တယ် စတဲ့ သရုပ်ဆောင်များစွာ ပါ၀င်အားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)

Don Jon (2013) ⭐IMDB: 6.5/10 (243 k Votes) 🎬 #Adult #Comedy #Drama #Romance 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb (6.5) / Rotten Tomatoes (80%) မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်….လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ…အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ…အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။ အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ ” အပြာကားစွဲတဲ့ စိတ်ရောဂါ “တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ်ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ သဘောတရားက “လိင်ကိစ္စဟာ တစ်ယောက်ထဲဆန္ဒပြည့်ဝလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး လိင်ဆက်ဆံဖော်နဲ့ အပေးအယူမျှတ ရပါတယ်” ကဲ ဇာတ်ကားအညွှန်းလေးကို ပြောပြရမယ်ဆိုရင် ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့ကောင်လေးဟာ ဆော်ကြည်ဘဲတစ်ပွေပေါ့ဗျာ အပတ်တိုင်း နိုက်ကလပ် သွားတယ် အပတ်တိုင်းလည်း နိုက်ကလပ်ကနေ ဆော်အလန်း တစ်ပွေ ရတယ် အမြဲတမ်းလည်း ကောင်မလေးအလန်းတွေနဲ့ လိင်ဆက်ဆံတယ် ဒါပေမယ့် သူ စိတ်ကျေနပ်မှု အပြည့်အဝမရဘူး သူနဲ့ကြိုက်တဲ့ကောင်မလေးတွေက တင်ပါး၊ရင်သား၊ ရုပ်ရည် ဘာမှ အပြစ်ပြောစရာမရှိဘူး ဒါပေမယ့် သူ့စိတ်ထဲ တစ်ခုခုလိုနေတယ် သူကြည့်နေကြ အပြာကားတွေ လောက်တောင် အဲ့ကောင်မလေးတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး နောက်ဆုံးမှာတော့ sexy တအားကျတဲ့ sex စကေးလည်းကြမ်းတဲ့ (barbara sugarman)Scarlett Johnson နဲ့ ကလပ်မှာတွေ့ပါတော့တယ် ကဲ ဂျွန်နီလေးတစ်ယောက် Scarlett Johnson နဲ့တွေ့မှပဲ သူစွဲလမ်းနေတဲ့ အပြာကားကို စွန့်လွှတ်နိုင်မှာလား….Scarlet Johnson နဲ့ Julianne Moore ကရော ဘယ်လိုတွေ စကေးပြသွားမလဲဆိုတာ….။

The Nurse (2023-2023) ⭐IMDB: 7.0/10 (907 Votes) 🎬 #Biography #Crime #Drama #Thriller 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #Denmark ⏰ 43 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nurse (2023)The Nurse (2023) ============== IMDb Rating – 6.9/10 [ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည်]2012 ခုနှစ် ————— Arne ဆိုတဲ့ သက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက် ဒိန်း မတ် နိုင်ငံက ဆေးရုံတစ်ခုမှာ .. ရောဂါလက္ခဏာ ကြီးကြီးမား မား မရှိပါဘဲ သေဆုံးသွားခဲ့တယ်။ အလောင်းကို စစ်ကြည့်တဲ့ အခါ diazepam လွန်ကဲမှုကြောင့်လို့ အဖြေထွက်တယ်။ ဆေးရုံက ဆေးမှားထိုးတာ မဟုတ်ကြောင်း သေချာတဲ့အတွက် လူနာဟာ သူ့ကိုယ်သူ ဆေးထိုး သေကြောင်းကြံတယ်လို့ ‌သတ်မှတ်လိုက် ကြတယ်။ 2014 ခုနှစ် —————- Pernille ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဒိန်းမတ်ဆေးရုံကြီးမှာ သူနာပြုအနေနဲ့ ပထမဆုံး အလုပ်ဆင်းခွင့်ရခဲ့တယ်။ Christina ဆိုတဲ့ သူနာပြုက သူ့ရဲ့ အလုပ်၀င်စ ကာလတွေမှာ သင်ပြလေ့ကျင့် ပေးတယ်။ တစ်ခုသော ညမှာ လူနာတစ်ယောက် ရုတ်တရက် သေ ဆုံးတယ်။ လူနာခန်းထဲက အမှိုက်ခြင်းထဲမှာ Diazepam တွေပါတဲ့ ဆေးထိုးပြွန်ကို Pernille တွေ့သွားတယ်။ သေဆုံးရခြင်း အကြောင်း ရင်း တူညီတဲ့ ဖြစ်ရပ်တွေ စိပ်လာတဲ့အခါ သံသယ၀င်စရာတွေ ပေါ် ပေါက်လာခဲ့ပါတယ်။ဘာကြောင့် ဒီလိုတွေ ဖြစ်နေတာလဲ၊ ဘယ်သူက လုပ်နေတာလဲ၊ ဘာကြောင့် လုပ်နေတာလဲ ဆိုတာတွေသိရဖို့ . . . (၄)ပိုင်းတည်းပါဝင်တဲ့ ဖြစ်ရပ်မှန် ဒီစီးရီးထဲမှာစူးစမ်းကြည့်ကြဦးစို့။(ဒီစီးရီးရဲ့ အညွှန်းကို Act Molemy မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး သူများကတော့ CM Team ဖြစ်ပါတယ်။)File Size………….(400 MB) / (1.0 GB)

Gurudev Hoysala (2023) ⭐IMDB: 7.3/10 (451 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 11 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gurudev Hoysala 2023IMDb 7.6/10 ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက်ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ်ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုးသဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲအဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ် အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီးအဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ…သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလားဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင်