es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Rob Peace (2024) ⭐IMDB: 6.2/10 (538 Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 `သားဖန်တီးတဲ့ကမ္ဘာကို အမေမြင်ချင်ခဲ့တာ” ဆိုတဲ့ ဇာတ်သိမ်းမှာ ရော့ဘ်ပိ့စ်ရဲ့အမေပြောလိုက်တဲ့စကားဟာ ဝမ်းနည်းဆို့နင့်စရာ ကောင်းလှပါတယ်။ ရော့ဘ်ပိ့စ်ဆိုတဲ့လူမည်းကောင်လေးဟာ ဥာဏ်ရည်ထူးချွန်ထက်မြက်သူ ဖြစ်တာကြောင့် မိသားစုကဆင်းရဲပေမယ့် မိခင်ဖြစ်သူက အလုပ်မျိုးစုံ လုပ်ပြီး သားကိုအကောင်းဆုံးကျောင်းကိုမှထားပေးခဲ့တာပါ။ ရော့ဘ်ကလည်း သိတတ်လိမ္မာပြီးကြိုးစားတာကြောင့် နာမည်ကျော် ရေးလ်တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ်။ စိတ်ရင်းလည်းကောင်းတဲ့ရော့ဘ်ရဲ့အိပ်မက်က သိပ္ပံပညာရှင်အဖြစ်နဲ့ ကင်ဆာရောဂါကုသမှုကို ရှာဖွေဖော်ထုတ်ဖို့ပါ။ လူမည်းကလေးငယ်တွေရဲ့ရှေ့ဆောင်လမ်းပြအောင် ကိုယ်တိုင်ရုန်းကန် ကြိုးစားနိုင်ခဲ့တဲ့ရော့ဘ်ရဲ့အားနည်းချက်ကတော့ ဖခင်ကိုသံယောဇဥ် ကြီးလွန်းတာပါပဲ။ ဆေးခြောက်ရောင်းသူတစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရဲ့ဖခင်ဟာ လူသတ်မှုနဲ့ လည်းထောင်ကျနေခဲ့တာဖြစ်ပါတယ်။ ရော့ဘ်လိုဥာဏ်ကြီးရှင်တစ်ယောက်က ဖခင်ကြောင့်လမ်းမှားရောက်သွားခဲ့ပုံကိုတော့ ဖြစ်ရပ်မှန်ကိုပြန်လည် ရိုက်ကူးထားတဲ့ Rob Peace ရုပ်ရှင်ထဲမှာနှမြောစရာကြည့်ရှု့ခံစားမိနိုင်မှာ ဖြစ်ပါတယ်။
...

Immortal Demon Slayer (2017) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Action #Fantasy #Adventure #Family 🗓 2017 🎞 movie 🌎 #China ⏰ 2 နာရီ 2 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ ယခုနှစ်၂၀၁၇ထွက်ကားသစ်လေးပါ။ Action/Fantacyကားအမျိုးအစားဖြစ်ပြီးဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ ဒီကားကိုအင်တာနက်မှာနာမည်ကြီးဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ(ဝူခုန်းဆိုတော့လည်း..)။ ဇာတ်လမ်းလေးကိုတော့ဝူခုန်းကောင်းကင်ဘုံကိုပွဲသွားမကြမ်းခင်နှစ်၅၀၀အချိန်ကိုတည်ထားပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ဝူခုန်းအကြောင်းဇာတ်လမ်းအတိုင်းကောင်းကင်ဘုံကိုအံ့တုဖို့ကြိုးစားတာမျိုးမို့ထွေထွေထူးထူးမပြောတော့ပါဘူး။ ဒီကားမှာထူးခြားတာကဝူခုန်းရဲ့စွမ်းအားတွေကိုEffectကောင်းကောင်းနဲ့ဇာတ်ကားတစ်ကားလုံးကိုဖန်တီးသွားတာပါ။ ဝူခုန်းချစ်သူများအတွက်နောက်ထပ်ပုံစံသစ်တစ်မျိုးနဲ့ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်းဝေဖန်မှုမျိုးစုံရထားတဲ့ကားဖြစ်ပါတယ်။ Action/Fantacyအပြင်ဝူခုန်းရဲ့မေတ္တာရေးပါထည့်သွင်းထားပြီးcomputerအထူးပြုလုပ်ချက်မြိုင်မြိုင်ဆိုင်ဆိင်ရသစုံအောင်ထည့်သွင်းဖန်တီးထားတာတွေ့ရမှာပါ။ သေချာတာတော့ခေတ်သစ်အမြင်တမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဝူခုန်းချစ်သူများကိုယ်တိုင်ဇာတ်ကားကိုကြည့်ရှုပြီးအမြင်ဖလှယ်ကြည့်ကြပါဦးဗျာ။ (ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)
...

Island (2015) ⭐IMDB: 9.4/10 (69 Votes) 🎬 #Drama #Family #Horror #Mystery #Thriller 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Island of Time (2015)*********************ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Oh Ji Hoနဲ့True Beauty ထဲက မင်းသမီးလေး Moon Ga Young တို့ ပါဝင်ထားတဲ့Island of Time ဆိုတဲ့ ရုပ်ရှင်ကား အဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇနီးနဲ့ သမီး သေဆုံးသွားပြီးတဲ့နောက်မှာ ဂျွန်းဟျော့ (Oh Ji Ho)ဟာမွေးရပ်မြေ ဂျယ်ဂျူကျွန်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဂျယ်ဂျူကျွန်းက အိမ်အိုကြီးထဲမှာ သူတစ်ယောက်တည်း လာရောက်နေထိုင်ခဲ့ပြီးသတ်သေဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်။ ဒီအိမ်ကြီးကို ဂျွန်းဟျော့ ရောက်မလာခင် တခြားလူတွေလည်း ပြောင်းလာဖူးကြပေမဲ့အကုန်လုံးက ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ကြုံရပြီးတဲ့နောက်မှာ ဆက်မနေနိုင်ကြတော့ဘဲအိမ်ကြီးကို စွန့်ခွာသွားကြပါတယ်။ ဒါပေမဲ့ ဂျွန်းဟျော့ကတော့ ဒီအိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို သိလာရပြီးနောက်မှာအတွေးတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ အဲဒီ အိမ်ကြီးထဲက ထူးဆန်းတဲ့ အဖြစ်အပျက်က ဘာဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ကြည့်ရှူပေးကြပါဦးနော် .. အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်
...

Real Girl (2018) ⭐IMDB: 6.0/10 (357 Votes) 🎬 #Comedy #Romance 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Real Girl (2018) Live action ရုပ်ရှင်ကားဖြစ်ပါတယ်။ လောကကြီးကိုစိတ်ကုန်နေပြီး လူတွေနဲ့အဆက်အဆံမရှိဘဲ Anime တွေနဲ့သာအချိန်ကုန်နေတဲ့ Otaku ဟီကာရုကို ချစ်စရာကောင်းပြီး ကျောင်းမှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကလေးမ အီရိုဟာလေးက သဘောကျတယ်ဆိုတဲ့အကြောင်းထုတ်ပြောလိုက်တော့ ‌တစ်ကျောင်းလုံးအံ့အားသင့်သွားပါတယ်။ အဲ့ဒီလိုထုတ်ပြောတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကဘာများဖြစ်မလဲ၊ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှုပေးကြပါဦး။
...

Murder at Shijinso (2019) ⭐IMDB: 5.5/10 (271 Votes) 🎬 #Crime #Horror #Mystery #Thriller 🗓 2019 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Murder at Shijinso (2019) ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ Zombies တွေပါဝင်တဲ့စုံထောက်ဇာတ်လမ်းပါ။ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ရောခ့်ဂီတပွဲတော်ဆီကိုခြိမ်းခြောက်စာတစ်စောင်ရောက်လာပါတယ်။ ဒါပေမဲ့လည်း ပွဲစီစဉ်သူကခေါင်းမာစွာနဲ့ မဖြစ်ဖြစ်အောင်ကျင်းပခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပွဲအတွင်းမှာဖုတ်ကောင်တွေပေါ်လာပြီး ဧည့်သည်တွေတည်းခိုတဲ့ ရှီဂျင်းဆိုစံအိမ်တော်မှာလည်း လူသတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ထိုအမှုတွေကို သဲလွန်စကောက်ရင်း ဖော်ထုတ်မယ့်ဇာတ်လမ်းမျိုးပါ။
...

Signal 100 (2019) ⭐IMDB: 5.5/10 (388 Votes) 🎬 #Drama #Horror #Thriller 🗓 2019 🎞 movie 🌎 #Japan ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Signal 100 (2020) Signal ဆိုတာ ငိုခြင်း၊ ရယ်ခြင်း၊ အစာစားခြင်း၊ ဖုန်းပြောခြင်းအစရှိသည်တို့ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အိပ်ငွေ့ချခံထားရတဲ့ကျောင်းသားတွေဟာ ဘာမှန်းမသိရသေးတဲ့ Signal 100 လုံးကိုမပြုလုပ်မိအောင်ရှောင်ရှားပြီး အသက်ရှင်ကျန်ရစ်အောင်လုပ်ရမှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ကားမျိုးပါ။
...

Jason Goes to Hell: The Final Friday (1993) ⭐TMDB: 45% User Score 🎬 #Fantasy #Fridaythe13thCollection #Horror #Thriller 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jason Goes to Hell: The Final Friday (1993) သောင်းကျန်းလွန်းတဲ့ ဂျေဆင်ဗော်ဟီးကို အစိုးရကိုယ်တိုင် မျက်စိဆံပင်မွေးစူးလာပြီး FBI အဖွဲ့တွေ အေးဂျင့်တွေသုံးကာ ဖောက်ခွဲသတ်ဖြတ်ပစ်လိုက်ပါသတဲ့။ ကျည်ပေါက်ရာနဲ့ချီ၊ တစ်ပိုင်းတစ်စစီဖြစ်သွားတဲ့ ဂျေဆင်ကို အစိုးရ ရေခဲတိုက်ထဲပို့ပြီး မှုခင်းဆရာဝန်က ရင်ခွဲစစ်ဆေးရပါတယ်။ တစ်ကယ်တော့ ခွဲစရာ ရင်‌ဘက်တောင် မရှိတော့ပါဘူး။ တစ်စစီဖြစ်နေတဲ့ အသားတုံးတွေပါ။ ဒါပေမဲ့ ဂျေဆင် ဟာ ပြန်လည်ရှင်သန်ထမြောက်ခဲ့ပါတယ်။ ပျက်ဆီးသွားတဲ့ သူ့ကိုယ်ခန္ဓာအစား တွေ့ကရာလူတွေကို ပူးကပ်နေတော့တာပါပဲ။ ဒါပေမဲ့ ကိုယ်ခန္ဓာအပိုင်မရှိတဲ့ ဂျေဆင်ဟာ ပြန်လည်မွေးဖွားဖို့လိုလာတော့ သူ့ရဲ့ တစ်အူထုံ့ဆင်း နှမဖြစ်သူကို ပြန်ပြီး အမဲလိုက်ရတော့တာပေါ့။ ဘာလို့လဲဆိုတော့ ‌ဂျေဆင် ဗော်ဟီး ကို ပြန်လည်မွေးဖွားပေးနိုင်သူက ဗော်ဟီး မိသားစုဝင်ပဲဖြစ်နေလို့ပါ။ ဒီတော့ ၉ ကားမြောက် ဂျေဆင် ကားမှာ နာမည်အတိုင်းပဲ ဂျေဆင် တစ်ယောက် ငရဲပြည်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုကြပါဦးစို့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
...

Doctor Jekyll (2023) ⭐IMDB: 4.7/10 (384 Votes) 🎬 #Drama #Horror #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ horror ရုပ်ရှင်လေးရဲ့ ဇာတ်လမ်းအကျဥ်းကတော့ ရောဘတ်ဆိုတာ ထောင်ကနေ မကြာသေးခင်ကမှ လွတ်လာတဲ့ ကောင်လေးဖြစ်ပြီး အစ်ကိုဖြစ်သူအဆက်အသွယ်နဲ့ trans သူဌေးမကြီး ဒေါက်တာဂျယ်ကယ်ဆီမှာ အိမ်အကူအနေနဲ့ အလုပ်လုပ်ဖို့ ရောက်လာပါတယ် အကြောင်းကတော့ သူထောင်ကျနေတုန်း မွေးခဲ့တဲ့ သမီးလေးကို အုပ်ထိန်းခွင့်ရနိုင်ဖို့က အလုပ်တစ်ခုရှိနေမှ ဖြစ်မှာမို့လို့ပါ ဒီလိုကနေ ပဟေဠိဆန်ဆန် ရှုပ်ထွေးတဲ့ စံအိမ်ကြီးက ရောဘတ်အတွက် ဘယ်လိုအိပ်မက်ဆိုးတွေ စောင့်ကြိုနေမှာလဲ ဆိုတာကတော့
...

Nunakuzhi (2024) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Bollywood #Mystery #Comedy #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nunakkhuzhi (2024) “အပျော်မှအပျက်ဆီသို့” ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။ မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ…ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်းကလေးစိတ်မကုန်သေးသော အက်ဘီ… မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ..သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါသူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ…. သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား … သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား…ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား..စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်)
...

A Room of My Own (2022) ⭐IMDB: 6.2/10 (351 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Georgia #Germany ⏰ 1 နာရီ 45 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ကိုဗစ်ကာလက ဇာတ်လမ်းတစ်ပိုဒ်ဖြစ်ပါတယ် တီနာဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ချစ်သူနဲ့အနေဝေးနေတော့တစ်ယောက်ထဲ မြို့ကိုတက်လာကာ အခန်းငှားနေထိုင်ခဲ့ပါတယ် အခန်းကလည်း နှစ်ယောက်အခုနေရတာဖြစ်တာကြောင့် အဆင်မပြေတာဘာညာတွေဖြစ်ခဲ့ပါတယ် တီနာချစ်သူကကောင်လေးကလည်း အမြဲအလုပ်များနေတဲ့သူကပါ သူမတော့ သူနဲ့အတူတတ်နိုင်သမျှအတူနေချင်တာပေါ့ သို့ပေမဲ့ကောင်လေးကလည်း အလုပ်များနေတယ်လို့ပဲအကြောင်းချက်တွေပဲပေးနေပါတယ် တနေ့တော့သူကောင်လေးပြန်ရောက်လာတော့ သူတို့အတူနေဖို့အဆင်မပြေခဲ့ပါဘူး အဲ့တော့အခန်းကိုပဲပြန်လာရင်းနဲ့ သူ့အခန်းဖော် မက်ဂီနဲ့အတူပြန်နေရင်း သံယောဇဥ်တွေ တဖြည်းဖြည်းညှိတွယ်လာပါတယ် ဒီဇာတ်ကားလေးက lesbianဇာတ်ကားပုံစံပေါက်ပေမဲ့ တီနာဆိုတဲ့ကောင်မလေးအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ဒါမဲ့ဇာတ်လမ်းကအဲ့လောက်မရိုးရှင်းပါဘူး တီနာ့နောက်ကြောင်းကဘာလဲ သူ့ချစ်သူနဲ့အတူနေဖို့ဘာလို့အဆင်မပြေရတာလဲ လူ့ဘဝအကြောင်းကိုသေချာရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
...

Auron Mein Kahan Dum Tha (2024) ⭐IMDB: 5.4/10 (599 Votes) 🎬 #Action #Bollywood #Drama #Romance #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Auron Mein Kahani Dum Tha (2024) ဒီနေ့မှာတော့ action crime drama အမျိုးအစားနဲ့ ဘောလိဝုဒ်ပရိသတ်မဟုတ်တဲ့လူတွေနဲ့တောင် မစိမ်းလောက်မယ့် မင်းသားကြီး Ajay Devgn ရဲ့ဇာတ်ကားအသစ်စက်စက်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ရှ်နား (Ajay Devgn) ဟာ လူသတ်မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့်အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင်ထောင်ကလွတ်တော့မှာပါ။ ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်းစာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။ ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကိုမရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်းဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)
...

Don't Turn Out the Lights (2023) ⭐IMDB: 3.8/10 (472 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အကောင်အထည် မမြင်ရဘဲ creep အခန်းတွေနဲ့ ခြောက်လှန့်တာကို ကြည့်ချင်တဲ့ cm ရဲ့ Horror ပရိသတ်ကြီးကို ဒီတစ်ခါ Don’t turn out the lights ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းမှာ ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်း ဘော်ဒါတစ်သိုက်… ကောလိပ်အသီးသီး တက်နေကြရင်း အုပ်စုထဲက ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို လူစုံတက်စုံနဲ့ ရောက်လာခဲ့ကြပါတယ်။ မွေးနေ့ရှင် ကောင်မလေးက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူ ဘလူးလိုက် ဂီတပွဲတော် ပါတီကို တပတ်တာ ပိတ်ရက် အတူသွားဖို့ လက်မှတ်တွေ ယူလာတဲ့အပြင် အဲဒီကို သွားဖို့အတွက် အာဗီကားကိုပါ သူ့ရည်းစားက စီစဉ်ထားတာပါ။ ပွဲတော်ဆီကို မရောက်ခင် တစ်လမ်းလုံး ပျော်ကြရွှင်ကြ အပီအပြင်ကဲကြဖို့အတွက် ရေမီးအစုံနဲ့ ထွက်လာခဲ့တဲ့ သူငယ်ချင်း အုပ်စု သူတို့ မသိလိုက်တာက..ဒီလမ်းက သူတို့တွေအတွက် မပြန်လမ်းကို အရောက်ပို့မယ့် လမ်းကြောင်း တစ်ခုဖြစ်နေတာကို အချိန်နှောင်းမှ သိလိုက်ရတဲ့ အချိန်မှာတော့
...

The Teenie Weenie Bikini Squad (2012) ⭐IMDB: 4.5/10 (346 Votes) 🎬 #Adult #Romance #Thriller #Comedy #Crime 🗓 2012 🎞 tv movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {21+} The Teenie Weenie Bikini Squad (2012)Comedy/Pornographic ဒီတစ်ခါ Darkside Productionကနေ ထပ်မံတင်ဆက်ပေးချင်တာကတော့ စုံထောက်အက်ရှင်စိတ်ဝင်စားတဲ့အမှောင်လောကသားတို့အတွက် အစုံထောက်မဲ့ စုံထောက်မလေးတွေရဲ့ဇာတ်လမ်းပေါ့။ ဆန်ဒီ၊ နစ်ကီနဲ့ ဂျက်စမင်းဆိုတဲ့ မင်းတုန်းမင်းကြိုက်ဆော်ကြီးသုံးဗွေကအမှုတွေကို အသွင်ယူဖြေရှင်းတဲ့ အလွတ်တမ်းစုံထောက်မလေးတွေ။ဆန်ဒီ့စကားအရဆို အသွင်ယူဖို့အတွက် ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းသွားရသွားရ ကျွန်မတို့ကအဆင်သင့်ပဲတဲ့။သူတို့အဖွဲ့ရဲ့နာမည်က Teenie Weenie Bikini Squad။ အမှုတိုင်းကို အောင်မြင်စွာဖော်ထုတ်ပြီး တရားခံကိုဖမ်းဆီးပေးနိုင်တဲ့ သူတို့သုံးယောက်နေ့မနားညမနား တအားအားစုံစမ်းဖော်ထုတ်ကြပုံကို ခေါင်းကြီးတို့စိတ်ဝင်တစား ရှုမြင်ပုံဖော်ခံစားသက်ဝင်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)
...

The Crow (2024) ⭐IMDB: 4.6/10 (11 k Votes) 🎬 #Action #Crime #Fantasy #Horror #Thriller #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #France #Czechia #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် သဘာဝလွန်ရုပ်ရှင် The Crow 1994 ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်လာပါပြီ။ မင်းသားကတော့ IT ထဲက လူပြက်ကြီး Bill Skarsgård ပါ။ ဒါရိုက်တာကတော့ Ghost in the shell 2017 ရဲ့ဖန်တီးရှင် Rupert Sanders ပါပဲ။ ဇာတ်လမ်းအကျဉ်း **************** ဗင်းဆင့်ရို့ဆိုတဲ့လူဟာ စေတန်နဲ့အပေးအယူလုပ်ထားပြီး အပြစ်မဲ့တဲ့ သူတွေရဲ့ ဝိညာဉ်တွေကို ငရဲကိုပို့ပေးနေပါတယ်။ ဒီလို ပို့ပေးနေသ၍ သူဟာ မသေမျိုးအဖြစ် နေခွင့်ရတာပါ။ တစ်နေ့မှာတော့ အရမ်းချစ်တဲ့ စုံတွဲနှစ်ယောက်ထဲက ကောင်မလေးရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်တယ်။ အဲဒီအချိန်မှာ ကောင်လေးရဲ့ ဝိညာဉ်က အရမ်းကို ဝမ်းနည်းကြေကွဲတဲ့ ရလဒ်အနေနဲ့ တမလွန်ကို ရောက်မသွားဘဲ လေလွင့်သွားပါတော့တယ်။ အဲဒီလေလွင့်သွားတဲ့ဝိညာဉ်ကိုပဲ ကမ္ဘာပေါ်က စေတန်နဲ့ အပေးအယူ လုပ်ထားတဲ့ လက်ပါးစေတွေကို ရှင်းဖို့ စွမ်းအားတွေနဲ့အတူ တာဝန်ပေးခံလိုက် ရပါတော့တယ်
...

Officer Black Belt (2024) ⭐IMDB: 7.6/10 (36 Votes) 🎬 #Action #Comedy #Crime 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Officer Black Belt (2024) ************************* ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့ အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင် Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။ တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ ၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့ အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ.. ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ.. ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့  ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို May Thet မှ ရေးသားပေးထားပါတယ်။)
...

#AAY (2024) ⭐IMDB: 6.8/10 (199 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 AAY (2024) “အချစ်သည်သာ…”IMDb – 7/10 တောာင်ပိုင်းရုပ်ရှင်ကြိုက်နှစ်သက်သူတို့ ရယ်မောပြုံးပျော်ရစေဖို့တလေဂူးအချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ကာသစ်ခ်ဆိုတာ ဟိုက်ဒရာဘတ်ကို တက်အလုပ်လုပ်ရင်းသူ့ဇာတိသူမပြန်ချင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်။ကိုဗစ်ကြီးဖြစ်လို့ ပထမလော့ခ်ဒေါင်းနဲ့ ဒုတိယလော့ခ်ဒေါင်းကြားကာလအချိန် Work from homeဖြစ်သွားတော့သူ့ဇာတိက မိဘတွေအိမ်ကိုပြန်လာခဲ့ပါတယ်။ သူ့ဇာတိသူ မပြန်ချင်ရတာကလည်း သူ့မိသားစုနဲ့ သူ့ဘော်ဒါနှစ်ကောင်ကြောင့်တဲ့။မပြန်မဖြစ် ပြန်လာပြီးတဲ့နောက် မိသားစုနဲ့ ဘော်ဒါနှစ်ကောင်ကလည်း ရှောင်လွဲမရတော့မောင်ကာသစ်ခ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ရတာပေါ့။ ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး ချစ်မိသွားချိန်မှာတော့ကာသစ်ခ်တစ်ယောက် ဇာတိမြို့မှာပျော်လာခဲ့ပေမဲ့သူ့အချစ်ရေးမှာ ဇာတ်ရှုပ်လေးတွေရှိလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Teenz (2024) ⭐IMDB: 7.8/10 (695 Votes) 🎬 #Adventure #Bollywood #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Teenz(2024) ဆယ်ကျော်သက်တစ်သိုက်ရဲ့ ရူးမိုက်မိုက်စွန့်စားခန်း IMDb-7.8/10 ယိုဂီဘာဘူကြီး တစ်ဖြတ်တစ်ကဒ်ပါဝင်ထားတဲ့Thriller ဇာတ်လမ်းတစ်ပုဒ်။ အသက် ၁၃ နှစ်အရွယ်ဆယ်ကျော်သက်ကလေးတစ်သိုက်ရဲ့ဗီဇတစ်ယောက်တစ်မျိုးနဲ့ အရာရာကိုလက်တည့်စမ်းချင်တဲ့စိတ်ကနေဖြစ်ပေါ်လာတဲ့ဇာတ်လမ်းတစ်ပုဒ်…။ ကျောင်းစာဆိုတာအရေးမကြီး ပြင်ပလက်တွေ့ကမ္ဘာကအရာတွေကိုပဲ လက်တည့်စမ်းချင်တာ ၊အသက် ၁၃ နှစ်အရွယ်ရောက်ပြီမို့ လူကြီးတွေဆီက လေးစားမှုတွေရချင်တာဆိုတဲ့က‌လေးတစ်သိုက် ၊ဘာမဆိုစွန့်စားဖို့ အသင့်ဖြစ်ပြီလို့ထင်ကြတဲ့ ကလေးတစ်သိုက် ၊ သူတို့အဖွဲ့ထဲကသူငယ်ချင်းတစ်ယောက်ရဲ့ အဘွားဇာတိက သရဲရေတွင်းနဲ့ ထူးဆန်းတဲ့သရဲဇာတ်လမ်းတွေကိုကြားပြီးသွားတဲ့အချိန်မှာ မိဘတွေကိုအသိမပေးဘဲ ၊ အတန်းလစ်ပြီးအရဲစွန့်သွားစပ်စုကြဖို့တက်ညီလက်ညီ ဆုံးဖြတ်လိုက်ကြတော့တယ် သူတို့သွားမိတဲ့နေရာက ထင်ထားသလို သရဲရေတွင်းတစ်ခုတည်းမဟုတ်ဘဲဆယ်ကျော်သက်ကလေးတွေအတွက် လက်လှမ်းမမှီတဲ့အရာများစွာနဲ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့…………. အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Mr. Bachchan (2024) ⭐IMDB: 4.3/10 (5 k Votes) 🎬 #Action #Bollywood #Crime #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 29 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း”Genre – Action, Crime, Drama အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကိုငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကိုအခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn ကRaid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Tejaပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီးအကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကိုအကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။ တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှမြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက်ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Split (2016) ⭐IMDB: 7.3/10 (568 k Votes) 🎬 #Horror #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသော James McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကို စိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီး ဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့ စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်… ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သော ရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့် အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်…. သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့ လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသော နာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသော ကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ် စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင် ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကို အနိုင်ယူကာ ကိုယ်ရည်သွေး စိတ်များ အချိန်အတိုင်းတာ တစ်ခုစီ အလှည့်ကျ ထွက်ပေါ်ခဲ့ပါတော့တယ်…. တစ်ရက်မှာတော့ ကယ်ဗင် ရဲ့ မသိစိတ် အတွင်းမှ ဒင်းနစ် ထွက်ပေါ်ခဲ့ပြီး ကေစီ နှင့် သူငယ်ချင်း မိန်းကလေး ၂ ဦးကို ဖမ်းခေါ်၍ အခန်းတစ်ခုအတွင်း သော့ခတ်ထားခဲ့ပါတော့တယ်… ထို ၃ ဦးသည် ဟစ်ဝတ် ၊ ပတ်ထရစ်ရှာ ၊ ဒင်းနစ် တို့ အပြင် ကိုယ်ရည်သွေး ပုံစံ တစ်ခုစီ ဖြင့်ဆက်ဆံရမည်ဖြစ်ပြီး မည်သို့ မည်ပုံ လွတ်မြောက်အောင် ကြိုးစားမည် ဆိုသည်ကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ…. ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူများကတော့ Nyi Than Lwin နှင့် Tariq L Walker တို့ဖြစ်ပါတယ်
...

Pilot (2024) ⭐IMDB: 6.6/10 (170 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pilot (2024) ************* ဒီတစ်ခေါက် ကျွန်တော်တို့ Channel Myanmar ကနေ Cockpit ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ Pilot ဆိုတဲ့ ဟာသရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရင်းနှီးပြီးသား Hospital Playlist ထဲမှ Jo Jung Suk၊ Work Later Drink Now ထဲမှ Han Sun Hwa၊ Twenty-Five Twenty-One ထဲမှ Lee Joo Myung၊ D.P ထဲမှ Shin Seung Hoတို့နဲ့အတူ အခြားသော နာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။ ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။ လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့ ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။)
...