ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Cure (1995) ⭐TMDB: 79% User Score 🎬 #Adventure #Drama #Family 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cure (1995) IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေးပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။ အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။ အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
Venus and Mars (2007) ⭐TMDB: 59% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Venus and Mars (2007) *********************** IMDb… 5.8 Venus and Mars ရုပ်ရှင်ကတော့ 2007ခုနှစ်မှာ ပြသခဲ့ပြီး Sul Kyung Guနဲ့ Kim Tae Heeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Hard- Boiled Romantic Comedy ဇာတ်လမ်းဖြစ်ပါတယ်။ အကျင့်စရိုက်ချင်းမတူညီကြတဲ့ ဆန်းမင် (Sul Kyung Gu)နဲ့ ဂျီနာ (Kim Tae Hee)တို့ စုံတွဲက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်ထပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ပိုင်ဆိုင်မှုတွေကို တစ်ဝက်စီခွဲပြီး ကွာရှင်းလိုက်ရပါတော့တယ်။ တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ ဂျီနာနဲ့ ဆန်းမင်က ကွာရှင်းပြီး ၃လအကြာမှာပဲ နာရီချိန်သီးကြောင့် အသေအကျေတိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အစွဲလန်းလွန်ရောဂါကြောင့် နာရီချိန်သီးကို အသည်းအသဲပြန်တောင်းနေတဲ့ ဆန်းမင်နဲ့ ကွာရှင်းထားတဲ့ကိစ္စကြောင့် ပြဿနာပေါင်းစုံတက်နေတဲ့ ဂျီနာတို့ အချင်းချင်းအရွဲ့တိုက်ရာကနေ နောက်ဆုံးမှာ နှစ်ယောက်လုံး ထိခိုက်ဆုံးရှုံးလာတဲ့အခါ… ခြေတစ်လှမ်းနောက်ဆုတ်ပြီး နှစ်ယောက်သားအဆင်ပြေသွားမလား ကြားထဲမှာ ဘယ်လိုပြဿနာတွေ ပေါ်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။)...
Tales of Halloween (2015) ⭐IMDB: 5.5/10 (15 k Votes) 🎬 #Horror #Thriller #Adventure #Comedy #Fantasy 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tales of Halloween (2015) IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ် ပါတယ်။ ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ လူသားစား ဖရုံသီး၊ Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။ အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။ Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Anora (2024) ⭐IMDB: 7.9/10 (54 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anora (2024)=========IMDb Rating (8.1)Rotten Tomatoes (96 %) 2024 ရဲ့အော်စကာဆုကိုမှန်းထားကြတဲ့ ဒါရိုက်တာ Sean Baker ရဲ့ Anora ရုပ်ရှင်ကားကြီးထွက်ရှိလာပါပြီ။NEON ကုမ္ပဏီက ဖြန့်ချိထားတဲ့ ဒီရုပ်ရှင်နဲ့ ဆရာကြီး Sean Baker ကတော့Cannes Film Festival ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို လောလောလတ်လတ်ရရှိခဲ့ပြီးပါပြီ…ထပ်ပြီးတော့ အော်စကာနဲ့ Golden Globe ဆုပေးပွဲကြီးတွေမှာ တစ်ပြေးနေမယ်လို့ခန့်မှန်းထားကြတဲ့၂၀၂၄ တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့….အဖော်အချွတ်ကလပ်မှာ အဖော်ချွတ် ဒန်ဆာမယ်အဖြစ် လုပ်တဲ့ အန်နိုရာ(ခေါ်)အန်နီဟာတစ်နေ့တော့ သူ့ကလပ်ကို လူချမ်းသား ရုရှားက RK လေး အီဗန်နဲ့ဆုံဖြစ်ကြပါတယ်။ အန်နီကလည်း အဖွားဖြစ်သူက ရုရှားဖြစ်တဲ့အတွက် ရုရှားစကားတတ်တာကြောင့် ၂ ယောက်သားအတိုင်အဖောက်ညီပြီးနောက်နေ့မှာ အန်နီကို အီဗန်က သူ့အိမ်မှာ သီးသန့်ခေါပြီး အသုံးတော်ခံဖို့ ဖိတ်လိုက်ပါတယ်.. ဒီလိုနဲ့ အဖော်အချွတ်မယ်လေးကို စွဲလန်းသွားတဲ့ အီဗန်က သူနဲ့အတူတစ်ပတ်လောက် ရည်းစားအဖြစ်နေပေးဖို့ တောင်းဆိုရာကနေလက်စ်ဗီးဂက်မှာ လက်ထပ်ဖို့အထိဖြစ်သွားတဲ့အခါမှာတော့…. ရုရှားက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီး အီဗန်ရဲ့ မိဘတွေကသူတို့ရဲ့ရွှေပေါ်မြတင် သားလေးနဲ့ အဖော်အချွတ်မယ်ကိုသဘောတူပါ့မလား…ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ….။ ဇာတ်လမ်းက ရိုးရိုးလေးဖြစ်ပေမယ့်…ဇာတ်ကားက ဘာလို့ နာမည်ကြီးပြီး ဆုဝင်တန်းဝင်ကားဖြစ်နေလဲဆိုတာကတော့ ကိုယ်တိုင်ခံစားကြည့်မှ သိနိုင်မှာပါ… Screams ရုပ်ရှင်တွေနဲ့နာမည်ကြီးခဲ့တဲ့မင်းသမီးချော Mikey Madison ရဲ့ ခန္တာကိုယ် အလှအပတွေကို ဘွင်းဘွင်းကြီး မြင်ရမယ့်ကားပါ။အဖော်အချွတ်အခန်းတွေ စကားအသုံးအနှုန်းတွေကြမ်းတာတွေကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ မင်းသားကတော့ ရုရှားက တက်သစ်စမင်းသားချောလေး Mark Alexandrovich Eidelstein ဖြစ်ပြီးရူးရူးမိုက်မိုက်နဲ့ အချစ်ကြမ်းတဲ့ သူဌေးသားလေးနေရာကနေ အထာကျစွာပါဝင်ထားပါတယ်။...
No Heaven, But Love. (2024) ⭐TMDB: 100% User Score 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Heaven, But Love. (2024) **************************** Mr. Plankton , Strong Girl Namsoon တို့မှ မင်းသမီး Lee Yoo Mi ရဲ့ GL ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဂင်ဂျူယောင်း (Park Soo-Yeon) ဟာဆိုရင် ဂျောင်ဆန်းအထက်တန်းကျောင်း မိန်းကလေးတိုက်ကွမ်ဒိုအဖွဲ့မှာ ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်းရင်း တိုက်ကွမ်ဒိုလေ့ကျင့်နေသူလေးပါ။ တစ်နေ့ တိုက်ကွမ်ဒိုအဖွဲ့ဝင်များက ဂျူယောင်းကို ဝိုင်းရိုက်နေစဉ်မှာ Lotteria မှာ အလုပ်လုပ်တဲ့ နာယယ်ဂျီ (Lee Yoo Mi) က ဂျူယောင်းကို တွေ့ပြီး ကူညီပေးရင်း နှစ်ယောက်သား ရင်းနှီးသွားကြတော့တာပေါ့။ အဲဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် ယယ်ဂျီက ဂျူယောင်းတို့အိမ်မှာ အတူနေဖို့ဖြစ်လာပြီး တိုက်ကွမ်ဒိုကစားတာ ခဏနားထားတဲ့ ဂျူယောင်းရဲ့ သူငယ်ချင်းအုပ်စုနဲ့အတူ ခရီးထွက်ဖို့ အကြောင်းဖန်လာပါတော့တယ်… အပြန်အလှန် ဖေးမနားလည်ပေးရင်း တစ်စထက်တစ်စ ပိုမိုရင်းနှီးလာကြတဲ့ ယယ်ဂျီနဲ့ ဂျူယောင်းတို့ နှစ်ဦးကြားက သူငယ်ချင်းသံယောဇဉ်လေး အရောင်စွန်းစပြုလာတဲ့အခါမှာတော့… ၁၉၉၉ ခုနှစ် ၊ ဘယ်အရာမှ မလွယ်ကူနေခဲ့တဲ့ အဲဒီအချိန်ကာလတုန်းက နွေရာသီထက်ကို ပူပြင်းနေခဲ့တဲ့ ကောင်မလေးနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Carry-On (2024) ⭐IMDB: 6.5/10 (119 k Votes) 🎬 #Action #Crime #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Carry-On (2024) IMDb Rating (6.7) / Rotten Tomatoes (88%) Kingsman မင်းသား Taron Egerton နဲ့ Ozark ထဲက မင်းသားကြီးJason Bateman တို့ပါဝင်ထားတဲ့ လေယာဉ်အကြမ်းဖက် ပြန်ပေးဆွဲ Carry- on ထွက်လာပါတယ်။ အီသန်ကိုပက်ခ်က ခရစ်စမတ်မှာ သူ ၃ နှစ်တာ လေဆိပ်စစ်ဆေးရေးဝန်ထမ်းအဖြစ်လုပ်ခဲ့တဲ့ အလုပ်ကနေထွက်ပြီး ရဲသင်တန်းတက်ဖို့ ဒွိဟတွေဖြစ်နေပါတယ်။ ဒါပေမယ့် သူနောက်ဆုံးအလုပ်ထွက်စာတင်မယ့်နေ့မှ အထက်လူကြီးက သူ့ကို ရာထူးတစ်ဆင့်မြှင့်ပြီး အိတ်တွေကို စကန်ဖတ်စက်နဲ့ စစ်ဆေးရတဲ့နေရာမှာ အစမ်းခန့်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ သူ့နောက်ဆုံးနေ့မှာပဲ လူ ၂၅၀ ပါဝင်တဲ့ လေယာဉ်ကို ဇီဝဓာတ်ငွေ့နဲ့အဆိပ်ခတ်ပြီး လေယာဉ်ပေါ်မှာ ပါတဲ့ အမတ်ကို ရုရှားစပိုင်က လုပ်ကြံဖို့ ကြိုးစားပါတယ်။ ပြဿနာတစ်ခုရှိတာက အဆိပ်ဗုံးထည့်ထားတဲ့အိတ်ကို စကန်ဖတ်စက်မှာဖြတ်လို့မရတာပါ။ ဒီအတွက် အဲ့ဒီနေ့မှာ အစားထိုး စကန်ဖတ်စက်ကိုင်ရတဲ့ အီသန်ကိုပက်ခ်ကို လုပ်ကြံရေးသမားက အမျိုးမျိုးအကြပ်ကိုင်ခြိမ်းခြောက်ပြီး လေယာဉ်ပေါ်တက်ဖို့ ကြိုးစားပါတယ်။ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အီသန်တစ်ယောက် ဒီအခြေအနေက ဘယ်လိုရုံးထွက် စွန့်စားသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာကြည့်ရမယ့် Thriller ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
The Empire (2024) ⭐IMDB: 5.2/10 (997 Votes) 🎬 #Comedy #Drama #ScienceFiction #Adventure #SciFi 🗓 2024 🎞 movie 🌎 #France #Italy #Germany #Belgium #Portugal ⏰ 1 နာရီ 51 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Empire (2024) IMDb Rating (5.2)/ Rotten Tomatoes (64%) ပြင်သစ်ကထုတ်လုပ်လိုက်တဲ့ ကောင်းကင်တိုက်ပွဲ ” Star Wars” ဇာတ်ကားကြီးလာပါပြီ။ Star Wars ရုပ်ရှင်နဲ့ Hollywood နာမည်ကြီးရုပ်ရှင်တွေကို အပြောင်အပျက်ရိုက်ကူးထားတာဖြစ်ပြီး Parody , Comedy , Sci-Fi အမျိုးအစားဖြစ်တာကြောင့် ပြင်သစ်စတိုင် လွန်လွန်ကျူးကျူးတွေနဲ့ ပေါ့ပေါ့ပါးပါး ခွီနေရမှာပါ။ ဇာတ်လမ်းကတော့…. ပြင်သစ်နိုင်ငံက ရွာလေးတစ်ရွာမှာ တမူထူးခြားတဲ့ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ ဒီကလေးတစ်ယောက်ကြောင့် အကောင်းနဲ့အဆိုးဆိုတဲ့ လူ့ကိုယ်ခန္ဓာထဲဝင်နိုင်တဲ့ အာကာသအပြင်ဘက်က အင်ပါယာကြီးနှစ်ခုကြား တိုက်ပွဲတွေ ဖြစ်လာမဲ့အကြောင်းပါပဲ။ ဇာတ်လမ်းကရှယ်မိုက်သလို ပြင်သစ်မင်းသမီးလေး Anamaria Vartolomei ကလဲ ရှယ်လှတာပါပဲ။ တခါတလေ လောကကြီးကိုအရွဲ့တိုက်ရင်းနဲ့ အလှအပလေးတွေခံစားချင်တယ်ဆိုရင်တော့ ဒီပြင်သစ်ဟာသကားလေးက ကွက်တိပါပဲ ညီကိုတို့ရေ။ အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khant Sett Naing မှတင်ဆက်ထားပါတယ်။)...
Christmas on Windmill Way (2023) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas on Windmill Way (2023) IMDb Rating (5.2) Chad Michal Murray ရဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Christmas On Windmill Way နဲ့ မိတ်ဆက်ပေးပါရစေ။ ပရိဘောဂတွေရောင်းတဲ့ စက်ရုံရဲ့ အမွေခံသမီးဖြစ်သူ Mia က ခရစ္စမတ် မုန့်ဖုတ်ပြိုင်ပွဲမှာ သူ့အဖွား Ann ရဲ့ မုန့်တွေ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် တက်တက်ကြွကြွနဲ့ အားပေးနေခဲ့တယ်။ ဒါပေမဲ့ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံပါဝင်တဲ့ခြံကြီးကို သူ့အဖွား Ann က ရောင်းလိုက်ပြီဆိုတာလည်းသိရော Mia ရဲ့ တက်ကြွနေတဲ့စိတ်တွေလည်း ချက်ချင်းထိုးကျသွားတယ်။ အဲဒီအပြင် သူတိုရဲ့ပိုင်နက်ထဲ ဟိုတယ်ဆောက်ဖို့ ဝယ်ခဲ့တဲ့ကုမ္ပဏီရဲ့ အိမ်ခြံမြေ developer က Mia ကို အထက်တန်းကျောင်းတုန်းက တွဲပြီးထားသွားတဲ့ သူ့ရည်းစားဟောင်း Brady ဖြစ်နေတာလည်းသိရော အခြေအနေတွေ ပိုရှုပ်ထွေးလာခဲ့တယ်။ မိသားစုအမွေအနှစ်ဖြစ်တဲ့ စက်ရုံကို ဖြိုချခံရဖို့ကိန်းဆိုက်လာလို့ Mia သူနဲ့ Brady ကြားက ခံစားချက်တွေကိုလည်း ဖြေရှင်းရင်း စက်ရုံကိုကယ်တင်ဖို့ အခက်အခဲတွေကြားက လုံးပန်းရမဲ့ကြိုးစားမှုတွေကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Sugarplummed (2024) ⭐IMDB: 6.9/10 (907 Votes) 🎬 #Comedy #Romance #Fantasy #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sugarplummed (2024) IMDb Rating (7.0) Rating ကြမ်းတဲ့ Holiday Romance ကားလေးက Chrismas ရဲ့ လှပမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တို့ကို ကြည့်ရှုသူတွေအနေနဲ့ အနုပညာရသမြောက်စွာခံစားနိုင်ရန် မင်းသမီး Maggie Lawson နဲ့ Janel Parrish တို့က တွဲဖက်ညီညီ တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွန်းမှာတော့ အမ်မလီက ခရစ်စမတ်ကို နှစ်တိုင်းလိုလို အစီအစဉ်တကျ ကျင်းပဖို့ ကြိုးစားခဲ့ပြီး၊ မိသားစုဝင်တွေကို နီးစပ်စေချင်ခဲ့တာပါ။ အဲ့တာကြောင့် မျှော်လင့်ထားတဲ့ ခရစ်စမတ်ဖြစ်လာစေဖို့ Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်ကမ္ဘာက ဇာတ်ကောင်တစ်ဦးဆီ အကူအညီပေးဖို့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်စည်းကမ်းတွေက လက်တွေ့ကမ္ဘာမှာတော့ ပြဿနာတွေ ဖြစ်စေတာကို အမ်မလီ တစ်ယောက် မသိခဲ့ဘူး။ အဲ့လိုနဲ့ အမ်မလီ နဲ့ Sugarplummed တို့က အခက်အခဲတွေကြားထဲက အမ်မလီလိုချင်တဲ့ ရုပ်ရှင်ဆန်ဆန် ခရစ်စမတ်ကို ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့ပေါ့။ ရုပ်ရှင်ဆန်ဆန် Chrismas လေးက တကယ်ပဲ အကောင်အထည်ပေါ်သွားမလား၊ Sugarplummed ဆိုတာဘယ်လိုမျိုးလဲ၊ တကယ့်လက် တွေ့မှာကောရှိနိုင်သလား ဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုရင်း ခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)...
Princesa Adormecida (2024) ⭐IMDB: 3.7/10 (117 Votes) 🎬 #Comedy #Fantasy #Romance 🗓 2024 🎞 movie 🌎 #Brazil ⏰ 1 နာရီ 21 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sleeping Princess (2024) Princesa Adormecida Paula Pimenta ရဲ့ဝတ္ထုကိုအခြေခံထားရိုက်ကူးထားတဲ့ Sleeping Princess ဇာတ်ကားဟာဆိုရင် ခေတ်သစ်တော်ဝင်နွယ်ဖွားကောင်မလေးတစ်ယောက်ရဲ့ဘဝကြောင်းကိုပုံဖော်ထားတဲ့ Fantasy, Romance, Comedy အမျိုးအစား Brazilian Portuguese စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Áurea Bellora ဆိုတဲ့ Lichtenstein နိုင်ငံငယ်လေးက တော်ဝင်နွယ်ဖွားမိန်းကလေးဟာ ငယ်ငယ်က လုပ်ကြံခံရပြီးသေဆုံးသွားခဲ့တယ်လို့ ကမ္ဘာတစ်ဝှမ်းသိရှိခဲ့ကြပါတယ်။ ဒီဇာတ်လမ်းကို အမြဲတမ်းနားထောင်ခဲ့ရတာကတော့ Rosa ဆိုတဲ့ Brazil နိုင်ငံကကောင်မလေးတစ်ယောက်ပေါ့။ တစ်ဖက်မှာတော့ မင်းသမီးလေးရဲ့မိဘတွေဟာ Queen of Disguise အနေနဲ့ Evil Mouth လို့လူသိများတဲ့ Marie Malleville ရဲ့ခြိမ်းခြောက်မှုတွေကို အလူးအလဲခံနေခဲ့ရပါတယ်။ Marie ဆိုတာက မင်းသမီးလေးရဲ့အဖေကို သဘောကျနေခဲ့သူဖြစ်ပြီး တခြားသူနဲ့လက်ထပ်သွားတာကြောင့် လက်စားချေဖို့ ကြိုးစားနေသူတစ်ဦးဆိုရင် မမှားပါဘူး။ သူလိုချင်ခဲ့တဲ့ကြင်ယာတော်နေရာကို လုယူသွားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မင်းသမီးလေးတို့မိသားစုရဲ့ပျော်ရွှင်မှုဆိတ်သုဉ်းရအောင် မင်းသမီးလေးကိုမရမကလုပ်ကြံဖို့ကြိုးစားတတ်တဲ့ Marie က မင်းသမီးလေးအသက်ရှင်နေဆဲဆိုတာသိသွားမှာလား။ မင်းသမီးလေးကရော တကယ်ပဲအသက်ရှင်နေသေးသလား။ Rosa နဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိမှာလဲဆိုတာကို ခန့်မှန်းရင်း ရင်ခုန်စရာကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် ကြည့်ရှုရတာတန်စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
Small Things Like These (2024) ⭐IMDB: 6.9/10 (13 k Votes) 🎬 #Drama #History 🗓 2024 🎞 movie 🌎 #Ireland #Belgium #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန် သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ် Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့ အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက် ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန် ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့ စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့် နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။ နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့ သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ် ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ် မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့ သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို ရိုက်ပြထားတာပါဖြစ်ပါတယ်။ မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။...
I Think We're Alone Now (2018) ⭐IMDB: 5.7/10 (13 k Votes) 🎬 #Drama #Mystery #SciFi #ScienceFiction 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Think We’re Alone Now (2018)****************************** Delက ကမ္ဘာမြေပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူတစ်ယောက်လို့ … သူ့ကိုယ်သူထင်နေတဲ့လူတစ်ယောက်ပါ။ သူက လူသူဝေးရာမြို့ငယ်လေးတစ်မြို့မှာ… စိတ်ကူးယဉ်ကမ္ဘာလေးဖန်တီးပြီးကျေနပ်နေသူတစ်ယောက်ပါ။ သူနေထိုင်တဲ့မြို့လေးဟာ… ကပ်ဆိုးတစ်ခုကြောင့်တစ်မြို့လုံးကလူတွေသေဆုံးခဲ့တာပါ။ အဲဒီမြို့မှာသူတစ်ယောက်တည်းနေထိုင်ရင်း… သူ့ကိုယ်သူကမ္ဘာမြေကြီးရဲ့နောက်ဆုံးလူသားလို့ထင်နေချိန်မှာ…Graceဆိုတဲ့ ကောင်မလေးတစ်ယောက်… သူ့ဆီကိုရောက်လာခဲ့ပါတယ်။ သူက Graceကို သူ့ကမ္ဘာငယ်လေးဆီမှာမနေစေချင်ပါဘူး။ ထွက်သွားခိုင်းပေ့မယ့် Graceက ဆက်နေခဲ့ပါတယ်။ လူတွေအားလုံးသေဆုံးပြီး ချောက်ခြားစရာမြို့ပျက်မှာ… သူတို့နှစ်ယောက်ကထူးဆန်းတာတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေတုန်းမှာ သူတို့ မမျှော်လင့်တာတွေ… အံအားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ရပါတယ်။ ကိုင်း သူတို့ ဘာတွေကြုံရမလဲ… ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..ဒီကားထဲက အဓိက သရုပ်ဆောင်ကြီးကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ မင်းသမီးလေးကလည်း နင်းကန်လှလွန်းပါတယ်… ပြီးတော့ IMDb…5.6 နဲ့ Rotten ….63% လည်းရထားလေတော့ အတော်လေးအောင်မြင်တဲ့ကားလို့ဆိုရမှာပဲဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်...
Bird of Paradise (2023) ⭐IMDB: 5.8/10 (68 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bird of Paradise (2024) ဆွီဒင်နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာ အကောင်းဆုံးအယ်ဒီတာဆုကို ရရှိထားတဲ့ Bird Of Paradise 2023 ရုပ်ရှင်ဇာတ်ကားကြီး။ ကတ်ဆိုတဲ့အချိန်ပိုင်းသရုပ်ဆောင်တစ်ယောက်က ကိုယ်ပိုင်သီးသန့်ဘဝလေးမှာ နေထိုင်တတ်သူတစ်ယောက်ပါ။ ပါတီပွဲတစ်ခုမှာ ဒိုမိနစ်ဒွန်နဝေးဆိုတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မထင်မှတ်ထားလောက်အောင် နာမည်ကျော်ကြားသွားတဲ့အခါ.. ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဂျာနယ်လစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရပြီးနောက် ဒီဇာတ်ကားအတွက် အရင်ရွေးချယ်ထားတဲ့သရုပ်ဆောင်ဆာရှာဟာ အသတ်ခံလိုက်ရတာကို ကတ်တစ်ယောက် သိလိုက်ရတဲ့အခါ ကတ်တစ်ယောက် ဆာရှာအသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဆာရှာဟာ ဒီရုပ်ရှင်ကားကြောင့် အသတ်ခံခဲ့ရတာလား? ဒါမှမဟုတ် သူ့ရဲ့အတိတ်က ပတ်သက်ခဲ့သူတစ်ယောက်ယောက်ရဲ့ လက်ချက်လား? စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်လောကနဲ့ LA မှာ ဖြစ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ပြဿနာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
The Volunteers: To the War (2023) ⭐TMDB: 61% User Score 🎬 #Drama #History #thevolunteerstrilogy #War 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 20 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ….ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင်မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး…ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်…ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ.. ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်းတရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်… သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို..တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်… ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great Warဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်…အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ…တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေလက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်…မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး…ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်… တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့… စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်…သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့… မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်…သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး…ဇာတ်လမ်းဆိုတာလည်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့ အလိုအတိုင်း ရိုက်ထားတာမို့….တရုတ်ဖက်က ရိုက်ပြထားတာက တကယ်ဟုတ်မဟုတ်ဆိုတာတော့ကိုယ်တိုင်ပဲ သမိုင်းကြောင်းရှာပြီး မှန်မမှန်စီစစ်နိုင်ဖို့ CM မှာ အတူကြည့်လိုက်ကြစို့… ဒုတိယမြောက်ကားလဲရှိသေးပြီး ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်...
Flow (2024) ⭐IMDB: 7.9/10 (11 k Votes) 🎬 #Adventure #Animation #Fantasy #Family 🗓 2024 🎞 movie 🌎 #Latvia #Belgium #France ⏰ 1 နာရီ 25 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ထွက်ထားတာ မကြာသေးတဲ့ Animated movie လေး တစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးထဲမှာဆိုရင်တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါ လှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ် အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့ မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီး အခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါ Flow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာ ရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်...
Hercules (2014) ⭐IMDB: 6.0/10 (167 k Votes) 🎬 #Action #Adventure #Fantasy 🗓 2014 🎞 movie 🌎 #Hungary #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hercules (2014) IMDb Rating (6.0) ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ တနေ့တော့ သူ့တို့အဖွဲ့ဆီကို အာဂျင်နီးယားဆိုတဲ့ မိန်းမလှလေးတစ်ယောက်ရောက်ရှိလာပြီး သူတို့တိုင်းပြည်ကိုကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ဘုရင်/မှော်ဆရာ ရီးဆပ်စ်ရဲ့အန္တရာယ်က ကာကွယ်ပေးဖို့ရွှေတွေပုံပေးပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီကမ်းလှမ်းချက်ကို သူတို့အဖွဲ့လက်ခံလိုက်ချိန်မှာတော့ သူတို့ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ လှည့်ကွက်တွေ ပရိယာယ်တွေ သစ္စာဖောက်မှုတွေ အစုံစုံနဲ့တကွ ကြုံဖူးသမျှမှာ အကြီးမားဆုံးစွန့်စားခန်းကြီးရှည်ကြီးနဲ့ အတိတ်ကရန်ကြွေးတွေကိုပါ ဖြေရှင်းရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီအချက်တစ်ချက်တည်းနဲ့ တင် ပရိတ်သတ်ကိုကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုပြီး၊ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဇာတ်ရှိန်အတက်အကျ ကောင်းမွန်ပါတယ်။ထွက်ရှိခဲ့စဉ်ကလဲ BO မှာအောင်မြင်ခဲ့သလို ဝေဖန်သူတွေကြားမှာလည်းမျက်နှာပန်းလှခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ ဟာကျူလီကို ပုံဖော်ကြတဲ့ ရောမခေတ်ကားတွေထဲမှာ တမျိုးတဘာသာ အရသာပေးစွမ်းထားပါတယ်။...
A Monster in Paris (2011) ⭐TMDB: 69% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Music #Romance #SciFi 🗓 2011 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 30 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီး IMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက် စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီး အိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။ အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crush ပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။ အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီး အဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။ အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူ အဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့က ကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကို သီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။...
Mind Wave (2024) ⭐IMDB: 5.7/10 (67 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 17 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mind Wave ဇာတ်ကားလေးဟာ ၂၀၂၄ ခုနှစ်ထွက် ကနေဒါနိုင်ငံက Flying Cloud Productions ထုတ် ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကနေဒါနိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား လင်မယား ၂ ယောက်အကြောင်း ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မဲ့ ကနေဒါနိုင်ငံရွေးကောက်ပွဲမှာ နိုင်ငံခြားနိုင်ငံတစ်ခုရဲ့ မသိမသာကြားဝင်ဖို့ ကြိုးစားမှုတွေက သူတို့ ၂ ယောက်ရဲ့ အတိတ်တွေ အနာဂတ်တွေကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေနိုင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်...
The Con Artists (2014) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Action #Comedy #Crime #Drama #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Con Artists (2014) ********************* IMDb… 6.5 ဒီတစ်ခါမှာတော့ Kim Woo Bin၊ Lee Hyun Woo၊ Ko Chang Seok တို့ အဓိကသရုပ်ဆောင်ထားပြီးပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့ The Con artist ဆိုတဲ့ရာဇဝတ် ဟာသဇာတ်ကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ အီဂျီဟျော့ကတော့ ငွေစက္ကူအတုပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့အပြင် မီးခံသေတ္တာတွေကိုဖောက်ထွင်းပြီး ကျောက်မျက်ရတနာတွေ ပိုက်ဆံတွေကို ခိုးယူကာ အထက်တန်းဆန်တဲ့ဘဝမှာနေထိုင်နေသူတစ်ဦးပါ။အဲဒီလိုနဲ့ အီဂျီဟျော့က စီမံချက်ရေးဆွဲသူ ဂူအင်း၊ နည်းပညာဘက်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ ဟက်ကာ ဂျုံဘယ်တို့နဲ့ အတူ ပူးပေါင်းပြီး ဖောက်ထွင်းခဲ့တဲ့ ရတနာဆိုင်ကသူဌေးဂျိုဒယ်ဂျင်းရဲ့ ရတနာဆိုင်ဖြစ်နေပါတော့တယ်။အဲဒီအချိန်မှာပဲ သူဌေးဂျိုဒယ်ဂျင်းကလည်း အင်ချွန်း အကောက်ခွန်ဌာနကို ဖောက်ထွင်းဖို့အတွက်ကျွမ်းကျင်တဲ့လူကို ရှာဖွေနေခဲ့တာကြောင့် သူတို့ ၃ ဦးကို အလုပ်အတူတူ တွဲလုပ်ဖို့အတွက်ကမ်းလှမ်းလာပါတော့တယ်။ဒီလိုနဲ့ သူတို့တွေ အတူပူးပေါင်းကာ လုံခြုံရေးတင်းကျပ်တဲ့ အကောက်ခွန်ရုံးထဲကို ဝင်ပြီးတော့မိနစ် 40 အတွင်းမှာ 150 ဘီလီယံဝမ်ကို ခိုးယူဖို့အတွက် ဘယ်လိုတွေကြိုးစားသွားကြမလဲ..။သူတို့ရဲ့ အစီအစဉ်ကရော အောင်မြင်သွားမလားဆိုတာတွေကိုတော့ ဒီကားလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်...
Two Weeks Notice (2002) ⭐TMDB: 64% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #Australia #USA #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ” လမ်းခွဲဖို့ နှစ်ပတ် အလို ”—————————- ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင်မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါအမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့…ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့်ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်….ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါလူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး… တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီးဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်…ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး လိုနေတာနဲ့အသင်းတိုက် ကို မဖျက်ဘူး ငါ့ဆီမှာတော့ ဒီ ကန်ထရိုက် ကိစ္စ တစ်ခု ပြီးတဲ့အထိ အလုပ်လုပ်ရမယ်လို့အပေးအယူ လုပ်ပါတယ်…ဒီတော့ လူစီတယောက်လဲ သူမုန်းတဲ့ ခရိုနီသူဌေးလက်အောက် မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့တဦးကိုတဦးအမြင်မကြည်ကြတဲ့ သူဌေးနဲ့ရှေ့နေ့တို့ ဘယ်လိုစခန်းသွားကြမလဲနှစ်ပတ်အလိုကိစ္စတွေမှာရော ဘာတွေဖြစ်လာမလဲဆိုတာ အချစ်ရိုမန့်ဇာတ်ကားလေးလိုကြည့်ရှုရမှာပါ။ ဆန်ဒရာဘူးလော့ခ်က ဝါရင့်သရုပ်ဆောင်ဖြစ်တာနဲ့အညီ ဇာတ်ကားရဲ့ကာရိုက်တာနဲ့ကိုက်ညီအောင်ဒီထဲမှာ အရမ်းကို အူကြောင်ကြောင်နိုင်တဲ့ မိန်းမအလုပ်ပဲ သိ အလုပ်ပဲ ရှိတစ်လောကလုံးနဲ့ အဆင်ပြေအောင် မပေါင်းတတ်သူမိတ်ကပ်လိမ်းတာလဲ နည်းမကျဝတ်တာစားတာက တောဂိုက်နဲ့ တကယ့်ကို ဇာတ်ကိုသယ်ပို့သွားနိုင်ပါတယ်။ဒီလိုအူကြောင်ကြောင်ပုံလေးနဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေမလဲဆိုတာ ကြည့်ကြပါစို့။...
