es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Tuxedo (2002) ⭐TMDB: 57.0% User Score 🎬 #Action #Comedy #JackieChan #SciFi #Thriller #ScienceFiction 🗓 2002 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူးညွန်းဆိုနေစရာ မလိုလောက်ပါဘူး။ အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကိုမြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။ အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ အဲ့ဝတ်စုံကို ဝတ်ပြီးတဲ့နောက် သူ့ဆရာရဲ့ အဆက်အသွယ်တွေနဲ့ ဆက်သွယ်ပြီး သူ့ဆရာ ဟန်ဆောင်ကာ သူ့ဆရာကို လုပ်ကြံတဲ့ အဖွဲ့ အစည်းကို ဖော်ထုတ်ဖို့ကြိုးပမ်းသွားတာကို ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ နဲ့ ကြည့်ရမှာဖြစ်ပါတယ်။...

League of Gods: Leizhenzi (2024) ⭐TMDB: 0.0% User Score 🎬 #Drama #Fantasy #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 4 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့်ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ်လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီးရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင်သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူလိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှHappy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Amanat (2022) ⭐IMDB: 6.6/10 (512 Votes) 🎬 #Biography #Drama #History #War 🗓 2022 🎞 movie 🌎 #Russia ⏰ 2 နာရီ 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amanat (2022) ရုရှားစကားပြော သမိုင်းနောက်ခံ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ “တာဝန်ဝတ္တရား”နဲ့ “သူ့ချစ်သူ Lisa” နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ …. ၁၉ ရာစုနောက်ခံ အချစ်ဇာတ်လမ်းကို “စစ်နဲ့ငြိမ်းချမ်းရေး” တို့နဲ့ ရောယှက်ပြီး အလွမ်း/အဆွေး/ခွဲခွာခြင်း/စွန့်လွှတ်ခြင်းတို့ကို သေချာပုံဖော်ထားတာမို့ ကြည့်ရတာနောင်တမရစေနိုင်မယ့် ရှားမှရှား ရုရှားဇာတ်ကားလေးပါ...

A Fish Called Wanda (1988) ⭐TMDB: 72.0% User Score 🎬 #Comedy #Crime 🗓 1988 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့ အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။ သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့ စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူ ရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။ အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကို လေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်က အဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့ သူကဉာဏ်နီဉာဏ်နက်များတယ်။ တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။ သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့ လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး… သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကို အရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။...

1864 (2014-2014) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Drama #War #Politics #History 🗓 2014-2014 🎞 tv mini series 🌎 #Denmark #Norway #Sweden #Germany ⏰ 1 နာရီ 2 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 1864 (2014)စစ်ပွဲတွေဆိုတာ အကျည်းတန်ပါတယ်။စစ်တိုက်ရသူ၊ ရှုံးရသူ၊ နိုင်သွားသူ ဘယ်ဘက်မှာမဆို Your browser does not support the video tag.အပျက်အစီး၊ အဆုံးအရှုံးဆိုတာတော့ ရှိစမြဲပါပဲ။ ဒီ 1864 ဆိုတဲ့ War, Drama မီနီစီးရီးက Dano-Prussian War လို့ခေါ်တဲ့ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကို အခြေခံထားပါတယ်။Ole Bornedal က ဖန်တီး ရိုက်ကူးပေးထားပြီးဒန်းနစ်ရှ်စကားပြော စီးရီးဖြစ်ပါတယ်။ ပထမရှလေးရှ်ဝစ်စစ်ပွဲကြီး ပြီးသွားတဲ့နောက် စစ်သားအသီးသီးလည်းကိုယ့်နေရပ်ဆီ ပြန်လာခဲ့ကြပြီ။ မြို့စားကြီးရဲ့သားဖြစ်သူ ဒစ်ခဟစ်ရယ် ပီတာတို့၊ လောက်စ်တို့ရဲ့ ဖခင်တို့ရယ်ကလည်းကိုယ့်ရွာလေးဆီကို ပြန်လာခဲ့ကြတယ်။ တစ်ယောက်က စစ်ပွဲက ပေးခဲ့တဲ့ စိတ်ဒဏ်ရာ၊ တစ်ယောက်ကစစ်ပွဲကြောင့်ရခဲ့တဲ့ ခြေထောက်ဒဏ်ရာ အသီးသီးနဲ့ပေါ့။ ပီတာတို့အဖေ ဖြစ်သူက အဲဒီဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပြီးစိတ်ဒဏ်ရာရခဲ့တဲ့ ဒစ်ခဟစ်ကတော့ စိတ်က သိပ်မမှန်ချင်သလိုဒေါသတွေ ကြီးတတ်လာပြီး မဟုတ်မဟတ်တွေလည်းသိပ်လုပ်လာပါတယ်။ပီတာနဲ့ လောက်စ်တို့ကလည်း အိမ်ရာမြေ အကျိုးဆောင်မန်နေဂျာရဲ့သမီး အင့်ဂ်နဲ့ သူငယ်ချင်း ဖြစ်လာကြတယ်။ နိုင်ငံရေး အင်အားစုတွေရဲ့ အတ္တတွေ၊ မာနတွေနဲ့အလိမ်အညာစကားတွေကြောင့် ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကြီးဖြစ်ဖို့ တာဆူလာပြန်ပါပြီ။ ဒီတစ်ချိန်မှာတော့ ပီတာတို့ လောက်စ်တို့က အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် စစ်ထဲဝင်ဖို့ ထွက်သွားကြတယ်။တောရွာလေးမှာပဲ တစ်သက်လုံး နေလာခဲ့ရသူတွေအဖို့ကမ္ဘာကြီးကို ထိတွေ့မြင်ခွင့်ရဖို့က သူတို့အတွက် ပိုအားသန်စေပါတယ်။ ဒုတိယစစ်ပွဲကြီးမှာ ဖြစ်လာတော့မယ့် သူတို့နှစ်ယောက်နဲ့ အင့်ဂ်တို့ရဲ့ကံကြမ္မာကိုတော့ ဘယ်သူမှ ကြိုမသိခဲ့ကြပါဘူး။ နိုင်ငံရေးအရှုပ်အထွေးတွေ၊ ကျန်ရစ်ခဲ့သူမိသားစုဝင်တွေရဲ့ ဒရာမာတွေကို ကြည့်ရှုခံစားပေးကြပါဦး...

Hail, Caesar! (2016) ⭐TMDB: 59.0% User Score 🎬 #Comedy #Drama #Mystery #Crime 🗓 2016 🎞 movie 🌎 #UnitedStates #UnitedKingdom #Japan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့ Dark Comedy အမျိုးအစား ဇာတ်လမ်း တစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့ အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှ A-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, Ralph Fiennes, Jonah Hill, Scarlett Johannsson, Frances McDorman, Tilda Swinton နဲ့ Channing Tatum အထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာ စတူဒီယိုရဲ့ အရှုပ်တော်ပုံများကို လိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင် ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။ စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင် ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်း စာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ဒေါ်လာ ၁ သိန်းကို ပေးပြီးဖြေရှင်းရန် ကြိုးစားစဉ်မှာပဲ ဘာ့တ်ဝှစ်လော့တ် ရဲ့ အညှီအဟောက်သတင်းတွေကို အနံ့ရပြီး အမြတ်ထုတ်ချင်နေသူ သိုရာ နဲ့ သတ်စလေ ညီအစ်မတို့ရန် ကလည်း ဉာဏ်နဲ့ ဖြေရှင်း ရပါသေးတယ်။ တစ်ဖက်မှာလည်း စတူဒီယိုအတွက် မင်းသားရှာတဲ့ အလုပ်၊ လင်ကောင်မပေါ်ဘဲ ကလေးရလာမယ့် မင်းသမီးအတွက် စတူဒီယိုပုံရိပ်မကျအောင် ကြံစည်ရပုံတွေ၊ ဘာ့တ်ဝှစ်လော့တ်ကို ဖမ်းခေါ်သွားတဲ့ လူတွေ နောက်ကို စုံစမ်းဖို့ကိစ္စတွေကို ၂၄ နာရီနီးပါးအတွင်းမှာ အက်ဒီမန်းနစ်စ် တစ်ယောက်အကွက်ကျကျ ဘယ်လို စီမံသွားမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။...

Journey with Tarsilinha (2021) ⭐IMDB: 7.3/10 (112 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2021 🎞 movie 🌎 #Brazil ⏰ 1 နာရီ 33 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘရာဇီး adventure animation ဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ ပေါ်တူဂီဘာသာစကားနဲ့ တင်ဆက်ထားတဲ့ ဘရာဇီးဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Celia Catunda နဲ့ Kiko Mistrorigo ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Marisa Orth၊ Alice Barion၊ Maira Chasseroux၊ Ando Camargo၊ Skowa နဲ့ Rodolfo Dameglio တို့ကဆောင်ရွက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက်ရှစ်နှစ်အရွယ်ခန့် တာဆီလီညာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူမအမေနဲ့ ခြံထဲမှာသစ်သီးခူးပြီးပြန်အလာ၊ အမေဖြစ်သူက သေတ္တာလေးတစ်လုံးဖွင့်ပြပြီး သူငယ်ငယ်ကအကြောင်းတွေ သမီးဖြစ်သူကိုပြောပြရင်း သေတ္တာထဲက အမှတ်တရပစ္စည်းလေးတွေ ထုတ်ပြတယ်။ အဲ့အချိန်မှာပဲ လေပြင်းကြီးရုတ်တရက်ကျရောက်လာပြီး သေတ္တာထဲကပစ္စည်းတွေပါ ပါသွားပါတယ်။ လေပြန်အငြိမ်မှာ ထူးဆန်းတဲ့အရိပ်အယောင်တစ်ခု တွေ့မိလို့ နောက်ကလိုက်ဖို့လုပ်နေတဲ့ တာဆီလီညာလေးတစ်ယောက် သူ့အမေရဲ့အဖြစ်ကိုတွေ့ရတော့ ပိုအံ့ဩမိရပြန်ပါတယ်။ အကြောင်းကတော့ သူ့အမေဟာ အရင်ကမှတ်ဉာဏ်တွေကို ထူးထူးခြားခြားဘာတစ်ခုမှ မမှတ်မိတော့တာပါ။ ဒီအဖြစ်ဟာ စောစောကထူးဆန်းတဲ့အရာနဲ့ပတ်သက်မှုရှိမယ်လို့ ယူဆပြီး တာဆီလီညာတစ်ယောက် သူ့အမေရဲ့အမှတ်တရပစ္စည်းတွေကို ယူသွားသူလို့ယူဆရတဲ့ အဆိုပါအရာနောက်ကို စွန့်စားခန်းဖွင့်ပြီးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တာဆီလီညာတစ်ယောက် အမေဖြစ်သူရဲ့အမှတ်တရတွေယူသွားတဲ့ ထူးခြားတဲ့အရာကိုတွေ့ပါ့မလား… သူ့အမေရဲ့အမှတ်တရပစ္စည်းတွေရော ပြန်ရပါ့မလား… သူ့အမေရဲ့မှတ်ဉာဏ်တွေ အရင်အတိုင်း အကောင်းပကတိပြန်ဖြစ်ပါ့မလား… သူ့ရဲ့စွန်းစားခန်းခရီးတစ်လျှောက် ဘာထူးထူးဆန်းဆန်းတွေကြုံရဦးမှာလဲ… ဒါတွေကတော့ ဇာတ်ကားလေးကိုဆက်လက်ရှုစားရင်းနဲ့ တွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဘရာဇီးဇာတ်ကားဖြစ်လို့ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် Animation Studio ကြီးတွေလောက် ဘတ်ဂျက်ပိုင်း၊ လက်ရာပိုင်း၊ သေသပ်မှုပိုင်း မယှဥ်သာပေမယ့် ပေါ့ပေါ့ပါးပါးအပျင်းပြေ entertainment ထက်ပိုတဲ့ ဆင့်ပွားတွေးစရာဒသနလေးတချို့ပါ ပါနေတာတွေ့မိလို့ စာရေးသူအနေနဲ့တော့ သဘောတွေ့မိတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb rating လည်း 7.3 ရထားတာဖြစ်လို့ မဆိုးဘူးလို့ပဲ ညွှန်းဆိုလိုက်ပါတယ်။...

Mathimaaran (2023) ⭐IMDB: 8.6/10 (353 Votes) 🎬 #Bollywood #Drama #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mathimaran (2023) ကိုပုရှင်းတဲ့အမှု မြေနိမ့်ရာလှံစိုက်တတ်တဲ့ လောကကြီးထဲမှာ မပြည့်မစုံနဲ့ မွေးဖွားလာတဲ့သူအဖို့ကဲ့ရဲ့ရှုတ်ချသံသာ စားသုံးရာလို့ဆိုနိုင်သလို လူတွေဟာလည်း ဒီလိုလူတွေဆို အမြဲလှောင်ပြောင်ချင်ကြတယ်လေ။ နယ်မြို့လေးတစ်မြို့က နယ်ဒူမာရန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာလည်းဒီလိုပဲလူ့အကဲ့ရဲ့ခံလူပုလေးတစ်ယောက်ဖြစ်ခဲ့တယ်။ လူတွေနဲ့တန်းတူနေရဖို့အရေး အပတ်တကုပ်ကြိုးစားရင်းနဲ့ ဘဝရဲ့ဒဿနတွေကို ပုံဖေါ်နေခဲ့တယ်။ တစ်ဖက်မှာလည်း ကွင်းဆက်လူသတ်မှုတွေဖြစ်ပွားနေခဲ့ပါတယ်။အသတ်ခံရသူတွေဟာ အိမ်ထောင်သည်အမျိုးသမီးတွေဖြစ်ပြီးရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခံနေရတာပါ။ ဒီလူပုလေးနဲ့ ဒီလူသတ်မှု ဆက်စပ်နေပါ့မလား…။ ဆိုတော့ လူသတ်မှုကို ဖေါ်ထုတ်မယ့်စုံထောက်များ အဖြေရှာလို့ရပါပြီနော်။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Taylor ~ V ~ Cherry ~ KKKZ ~ BpL တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Ferrari (2023) ⭐IMDB: 6.8/10 (15 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Italy #China #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ferrari (2023)=============IMDb Rating – 6.8/10 ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင်ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက်အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင်ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စားခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီbrand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrariတစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ်ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီးသား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီးတစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကိုအဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို အီတလီနိုင်ငံက Mille Migliaမိုင်တစ်ထောင် ကားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့အတူ ထင်ဟပ်ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့Act Molemy, Leonard Lin တို့ဖြစ်ပါတယ်)...

Badi Heroine Banti Hai (2024- ) ⭐IMDB: 8.4/10 (19 Votes) 🎬 #Romance 🗓 2024- 🎞 tv series 🌎 #India ⏰ 31 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Badi Heroine Banti Hai (2023)Badi Heroine Banti S 01 (2024)  ဥပါယ်တံမျှဉ်များနိုင်ငံကြီးနဲ့ချီပြီး ဘာအန္တရာယ်ဘာညာစမကလာ ဇာတ်အလေးကြီးတွေကြည့်ပြီး ဒရာမာတွေနင့်နေအောင် ခံစားရလို့ စိတ်ပင်ပန်းနေပြီလား Amazon ကနေထုတ်လွှင့်ထားပေးပြီး မျက်နှာသစ်ဇာတ်ကောင်များစွာ ပါဝင်ထားတဲ့ suspense thriller ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ Your browser does not support the video tag.သိတဲ့အတိုင်း ဒီ genreက မြှပ်ကွက်တွေ လျှိုကွက်တွေနဲ့ ဘာလားညာလားဆိုပြီး ပရိသတ်တွေတစ်ပိုင်းပြီးတစ်ပိုင်းသိချင်နေရမယ့် ဇာတ်လမ်းမျိုးပါ… ပါတဲ့မင်းသားမင်းသမီးတွေ တော်တော်လန်းတာအပြင် ဖက်ရှင်‌အစုံလည်းပါတာကတော့ ဘောနပ်စ်ပါပဲဇာတ်လမ်းအကျဉ်းကတော့ ဖက်ရှင်ကုမ္ပဏီကြီးရဲ့ သူဌေးကြီး ဗီးရ်ဆင်းဂ်ဟာနီရာဟာ ရုတ်တရက်သေဆုံးသွားပြီး သူ့ရဲ့သေတမ်းစာက ပျောက်ဆုံးနေတဲ့အပြင် သူ့သားနှစ်ယောက် အာဗိတ်နဲ့ အာဂျွန်ကလည်း မတည့်ဘူးလို့ မီဒီယာတွေက ရှယ်ဖွနေကြပါတယ် သူဌေးကြီးမှာ မယားငယ်တစ်ယောက်လဲကျန်ခဲ့တယ် နာမည်ကြီးနေတော့ ကုမ္ပဏီရှယ်ယာတွေက ထိုးကျနေပါတယ်အဲ့ဒါကိုပြန်အောင်မြင်အောင်သားကြီးဖြစ်တဲ့ အာဗိတ်က ကြိုးစားနေစဉ်မှာ သူ့ဘဝထဲကို ကာဂျဲလ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါမှာ…. သူချစ်ခင်အိန္ဒိယဗားရှင်းလို ရှယ်လောင်ချင် လောင်လို့ရတာမို့ ဘောလီးဝုဒ်ပရိသတ်ကြီးလည်း လောင်လို့ရအောင် CM Bollywood Team မှ စေတနာဗလပွနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Shutter (2004) ⭐TMDB: 72.0% User Score 🎬 #Horror #Mystery #Thriller 🗓 2004 🎞 movie 🌎 #Thailand ⏰ 1 နာရီ 36 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အငြိုးနဲ့ သေဆုံးသွားပြီး အသေမ‌‌ဖြောင့်သူတွေကသူ အသက်ရှင်စဉ်ဘဝတုန်းကသူ့အပေါ်မကောင်းပြုခဲ့သူတွေနောက်ကိုတကောက်ကောက်လိုက်နှောင့်ယှက်တတ်တယ်လို့ ပြောရင် သင့်အနေနဲ့ ဘယ်လိုမြင်မိလဲ။ နာနာဘာဝတွေ အသူရကာယ်ဘုံတွေနဲ့လူ့ဘုံကပတ်သက်ဆက်နွှယ်မှုရှိတတ်‌တယ်လို့ယုံကြည်ကြတဲ့ မြန်မာနိုင်ငံမှာတော့ဒါမျိုး ယုံကြည်မှုတွေ အနည်းနဲ့ အများတော့ရှိကြမှာပါ။ IMDB 7.1 ရခဲ့ပြီးအမေရိကန်မှာ remake ပြန်လည်ရိုက်ကူးခဲ့ရတဲ့အထိပေါက်ခဲ့တဲ့ ဒါရိုက်တာ Banjongရဲ့ လက်ရာ…ထိုင်းနိုင်ငံရဲ့ must watch Horrorကားစာရင်းဝင်ဖြစ်တဲ့ Shutter ဇာတ်ကားထဲက ဓါတ်ပုံဆရာ တန်ဟာသူနဲ့တစ်ကျောင်းတည်းဆင်း သူ့ဂျူနီယာညီမလေးရဲ့ဘွဲ့နှင်းသဘင်မှာ ဓါတ်ပုံရိုက်ပေးဖို့အတွက်တက္ကသိုလ်မြေမှာ ‌ခြေထပ်ချခဲ့ရပါတယ်။ သူရိုက်ခဲ့တဲ့ဓါတ်ပုံကိုပြန်ကူး အပြီးမှာတော့ဓါတ်ပုံထဲမှာ အရိပ်တွေ ပုံနှစ်ထပ်ဖြစ်နေတာတွေဖြစ်နေခဲ့လို့ ပုံပိုင်ရှင်ညီမလေး‌ကိုဓါတ်ပုံပြန်မပေးနိုင်တဲ့အပြင်ပုံထဲက အရိပ်က ရိုးရိုးသာမန်အရိပ်မဟုတ်တဲ့အခါ…. တစ်ဆက်တည်းမှာပဲ သူအရမ်းခင်မင်ရတဲ့သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက် သတ်သေကုန်ကြတဲ့အခါ….သူငယ်ချင်းတွေရဲ့ သတ်သေမှုတွေကပုံထဲက အရိပ်နဲ့များ သက်ဆိုင်နေတာလား။သက်ဆိုင်တယ်ဆို ဘာလို့ သက်ဆိုင်နေရတာလဲ။ဘာလို့ ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ပေးတဲ့ တန်မဟုတ်ဘဲသတ်သေတဲ့သူတွေက သူငယ်ချင်းတွေဖြစ်နေရတာလဲဆိုတာကိုတော့ Shutter ဇာတ်ကားထဲမှာ စီးမျောရင်းနဲ့ပဲ ဆက်လက်အဖြေရှာကြည့်ကြပါစို့လားရှင်။ (ဒီဇာတ်ကားရဲ့ဒါရိုက်တာ Banjong ဟာ ဟိုတလောက ဟော့ဖြစ်သွားတဲ့ The Medium (2021) ဇာတ်ကားဖန်တီးသူလဲဖြစ်သလို အာရှတခွင်ပြဲပြဲဆင်အောင်မြင်ခဲ့တဲ့ Pee Mak(2013)ရဲ့ ဒါရိုက်တာလဲဖြစ်ပါတယ်…ဒါ့အပြင် Romance ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြတဲ့ One Day(2016),Hello Stranger(201) ဇာတ်ကားတို့ရဲ့ ဒါရိုက်တာလဲဖြစ်ပါတယ်…ခု Shutter ဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံးလက်ရာဖြစ်ပါတယ်။) ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ The Medium ရဲ့ဘာသာပြန်Hazelမှ ထပ်မံတင်ဆက်လိုက်တာပါ။...

Junkyard Dog (2023) ⭐IMDB: 7.1/10 (916 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Junkyard Dog (2023) ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Miss Meadows (2014) ⭐IMDB: 5.8/10 (10 k Votes) 🎬 #Comedy #Crime #Drama #Romance #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miss Meadows(2014) IMDb rating- 5.8 ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီ အမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက် ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့် သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။ လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant) တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက် ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသား တွေ့ဆုံချစ်ကြိုက်ကြပါလေရော။ အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့ မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီ ရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လား ဆိုတာကတော့ တွေးစရာလေးအဖြစ် ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes က သရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင် အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...

My Life as a Zucchini (2016) ⭐IMDB: 7.8/10 (29 k Votes) 🎬 #Animation #Comedy #Drama #Family #Romance 🗓 2016 🎞 movie 🌎 #Switzerland #France ⏰ 1 နာရီ 7 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးထူးခြားပါတယ်။ ကျွန်တော်စကြည့်တုန်းက ဘာမှမျှော်လင့်မထားပေမယ့် အခုတော့ ကျွန်တော်အကြိုက်ဆုံး stop motion ဇာတ်ကားလို့တောင် ပြောလို့ရပါတယ် ။ အားလုံး stop motion ကာတွန်းလေးတွေကြည့်ဖူးကြမယ် ထင်ပါတယ်။ အများစုကတော့ Shawn The Sheepတို့လို ချစ်စရာ ကောင်းပြီးတော့ ရယ်ရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိ မိဘမဲ့ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ပျော်စရာတမျိုး၊ ဝမ်းနည်းစရာတမျိုး၊ နွေးထွေးစရာတမျိုး ရသအဖုံဖုံ မြောက်အောင် တင်ဆက်ပေးထားလို့ ကျွန်တော်တော့ တော်တော် သဘောကျပါတယ်။ ဇာတ်လမ်း‌အကျဥ်းက Zucchini (ကျွန်တော်ကတော့ ဖိုးသခွားလို့ ချစ်စနိုးနဲ့ ဘာသာပြန်ထားပါတယ်ခင်ဗျာ) ဆိုတဲ့ ကလေးလေးက သူ့အမေနဲ့ နှစ်ယောက်တည်းအတူနေရတာပါ။ တနေ့ကျတော့ Zucchini က သူ့အမေကို မရည်ရွယ်ပဲ သတ်လိုက်သလို ဖြစ်သွားတာကြောင့် မိဘမဲ့ဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမိဘမဲ့ဂေဟာရောက်မှ သူ့ဘဝဟာ စတာပါ။ ဘဝတူကလေး အချင်းချင်းရဲ့ နားလည်မှုတွေ ချစ်ခြင်းတရားတွေ ယုံကြည်မှုတွေ တစ်ယောက်ယောက်တယောက် ကာကွယ်စောင့်ရှောက်ကြပုံတွေကြောင့် ကျွန်‌တော်ကြည့်နေရင်း မျက်ရည်ဝဲမိပါတယ်။ ဇာတ်ကား‌လေးကို ကြည့်ပြီးမှ ကျွန်တော့်မိဘတွေကို ပိုပြီး တန်ဖိုးထားမိပါတယ်။ IMDB အနေနဲ့ 7.8 ရထားပြီးတော့ ခရမ်းချဥ်သီး 99% တောင် ရထားတာမလို့ stop motion ဇာတ်လမ်းတွေထဲမှာတင်မကပဲ animation တွေထဲမှာတောင် rating က အရမ်းကောင်းတဲ့ ထဲ ပါတာမလို့ ဇာတ်လမ်းဘယ်လောက် ကောင်းကြောင်းကတော့ ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ မြင်တွေ့နေကျနဲ့ မတူထူးခြားတဲ့ My Life As a Zucchini ရဲ့ စိတ်ခံစားချက်နဲ့လိုက်တဲ့ အရောင်တင်ဆက်ပြသမှုတွေ ဇာတ်အိမ်ကောင်းမှုတွေကို ခံစားကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ မှတ်ချက် – ပြင်သစ်ဇာတ်လမ်းမလို့ English ဘာသာပြန်ထားတဲ့ စာဖိုင်ကို ပြန်ကြည့်ပြီး မြန်မာမှုပြု ဘာသာပြန်ရတာမလို့ ကျွန်တော်ကြည့်ပြီးပြန်တဲ့ စာဖိုင်နဲ့ ဇာတ်လမ်းထဲက အသံနဲ့က ကွဲနိုင်လို့ ဘာသာပြန်လိုအပ်ရင် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။...

The Vampire Next Door (2024) ⭐IMDB: 4.4/10 (155 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့… ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Beautiful Secretary [SSIS-586] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 {21+} Beautiful Secretary [SSIS-586] ============================ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ညှို့ဓာတ်အပြည့်ပါတဲ့အကြည့်ပိုင်ရှင်မလေးရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ရုပ်ရှင်တကားကိုတင်ဆက်ပေးချင်ပါတယ်………. ဖြူဖွေးနုနယ်လှတဲ့ အသားရည်အပေါ် သင့်တင့်လျှောက်ပတ်စွာရှိနေတဲ့ အသားစိုင်လေးတွေအပြင် ကောက်ကြောင်းဟာလဲလေးကိုင်းသဖွယ် ညွှတ်ကွေးနေတာကြောင့် ပုရိသတို့ရင်ကိုဖိုစေမဲ့အလှတရားအပြည့်ဝရှိနေသူလေးလဲဖြစ်ပါတယ်… ဒီဇာတ်လမ်းမှာဆိုရင်တော့ အလုပ်ကြိးစားတဲ့အတွင်းရေးမှူးမလေးနေရာကနေသရုပ်ဆောင်ထားပြီး အလုပ်ကြိုးစားလွန်းတာကြောင့်ဥက္ကဌကြီးရဲ့ ဆုချပုံအဆန်းတွေကိုလဲ decencored version နဲ့မြင်ရမှာပါ… javဇာတ်လမ်းဇာတ်ကွက်တွေဟာ စိတ်ကူးယဉ်အာသာဖြေရုံသပ်သပ်ဆိုတာကတော့သတိချပ်စေချင်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

The Prequel of Gold Convoyers: A Decisive in Tianya Village (2010) ⭐TMDB: 0.0% User Score 🎬 #Action #Drama #ThePrequelofGoldConvoyers 🗓 2010 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီးအားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီအပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနဲ့ ဂူဖျင်အန်းတို့ လက်ထပ်ပြီးနောက်အေးချမ်းသာယာတဲ့ ဘဝမှာ ဝမ်ကျန့်ဝေးဆိုတဲ့ သားလေးတစ်ယောက်မွေးခဲ့ပါတယ်။ဒါပေမဲ့ ဝမ်ကျောက်ရှင်းဟာ ရုတ်တရက် နဂါးတပ်ရဲ့ အမိန့်ကိုလက်ခံရရှိခဲ့ပါတယ်။ ဖျင်အန်းရဲ့ ထောက်ခံအားပေးမှုကြောင့် ဝမ်ကျောက်ရှင်းတစ်ယောက်ယိုးလန်ဆိုတဲ့ နာမည်ပြောင်းနဲ့ နဂါးတပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ နဂါးတပ်တစ်ခုလုံး ကျရှုံးသွားခဲ့ပြီးဝမ်ကျောက်ရှင်းလည်း အဖမ်းခံခဲ့ရပါတယ်။ နဂါးတပ်ထဲမှာသူလျှိုရှိနေတဲ့အတွက် နဂါးတပ်တစ်ခုလုံး ကျရှုံးခဲ့တာဖြစ်ပြီးအဲ့သူလျှိုကို ကလဲ့စားချေဖို့ ဝမ်ကျောက်ရှင်းတစ်ယောက် ကျိန်ဆိုခဲ့ပါတယ်။ ရန်သူလက်ထဲမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် အိမ်ပြန်ရောက်လာတဲ့ဝမ်ကျောက်ရှင်းဟာ မိသားစုဝင်တွေအကုန် အသတ်ခံလိုက်ရပြီးဖျင်အန်းကို ကိုယ်ရံတော်တပ်က ဖမ်းသွားခဲ့တာကို သိလိုက်ရပါတယ်။တိုင်းပြည်အနှံ့ ဖမ်းမိန့်ထုတ်ခံထားရတဲ့ ဝမ်ကျောက်ရှင်းတစ်ယောက်အကူအညီရှာဖို့အတွက် ထျန်းယာရွာကို ရောက်လာခဲ့ပါတယ်။ လူအများအပြားကို လိုက်လံသတ်ဖြတ်နေတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူ ဖြစ်မလဲ……သူတို့လို ဖမ်းမိန့်ထုတ်ခံထားရတဲ့လူတွေကိုလက်ခံပေးထားတဲ့ထျန်းယာရွာက ရွာသားတွေကရော ဘယ်သူတွေဖြစ်မလဲ……အမြစ်ပြတ်ရှင်းလင်းနိုင်ပါ့မလား.ဆိုတာကို ရုပ်ရှင်ထဲမှာ အဖြေရှာလိုက်ရအောင်နော်။...

I'm a Killer (2016) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Crime #Drama #Mystery #History #Thriller 🗓 2016 🎞 movie 🌎 #Poland ⏰ 1 နာရီ 51 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I’m a Killer (2016) IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်မှု ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေ ဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါ အသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့ သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးက စုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကို စုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်း ဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက် ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်း ဝဇ်ကောက “သွေးစုပ်ဖုတ်ကောင်” လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...

Night Swim (2024) ⭐IMDB: 4.9/10 (5 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Australia #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား “ရေးဝေါ်လာ” နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။  ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး မမြင်သင့် မမြင်အပ်တဲ့ အရာတွေမြင် မမြင်သင့် မမြင်အပ်တဲ့အသံတွေကို ကြားလာရတယ်။ ဒီလိုကနေမှ ရေးဝေါ်လာဟာ သူ့ပုံစံအတိုင်း သူ ဟုတ်မနေတော့တဲ့နောက် အိဗ်ဟာ ဒီကိစ္စကို အဖြေရှာဖို့ကြိုးစားခဲ့တယ်။ သူဘာတွေသိလိုက်ရလဲတော့ ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရလိမ့်မယ်။ စူပါနေထရယ်ဟော်ရာကားတွေရဲ့ ပုံသေနည်းအတိုင်း သုံးထားတာတွေ တော်တော်မြင်ရပေမဲ့ တစ်ချို့နားလေးတွေကတော့ နည်းနည်းဆန်းသစ်တယ်ပြောရမှာမို့ သိပ်လည်း အလန်းစားကြီးမဟုတ်ပေမဲ့ ဟော်ရာဖန်တွေ ကြည့်ပျော်မယ့်ရုပ်ရှင်ပါပဲ။ မင်းသားနေရာကလည်း Kurt Russell ရဲ့သား Wyatt Russell က သရုပ်ဆောင်ထားသလို Hunger Games ထဲပါဖူးတဲ့ မင်းသမီးလှလှလေး Amélie Hoeferle တို့၊ The Banshees of Inisherin နဲ့ BAFTA မှာ ဇာတ်ပို့မင်းသမီးဆုဆန်ခါတင်ဝင်ထားဖူးတဲ့ Kerry Condon တို့လည်း ပါတာမို့ သရုပ်ဆောင်မဆိုး ဇာတ်မဆိုးတဲ့ ဟော်ရာကားလို့ပြောရပါမယ်။ ဘာနေနေ ဂျိမ်းဝမ်ထုတ်တာဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

United States of Love (2016) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #Poland #Sweden ⏰ 1 နာရီ 42 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။ သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာ ဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကို အချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့ အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြား သွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့ အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင် ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာက သူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့ အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီး အတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူ မာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့ မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်… အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလို ခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာက မီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကို ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ… ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်….. ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီး ဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ...