es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
You Hurt My Feelings (2023) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 730.2 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You Hurt My Feelings (2023) ~ IMDb – 7/10, Rotten Tomatoes – 95% ~ တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ မက်တို့ ‌ဈေး၀ယ်ရင်း ဘက်စာအုပ်ကို ဒန်ကမကြိုက်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ ကြားလိုက်ရတဲ့အခါ…ဘက်ရဲ့ ဒန်အ‌ပေါ် နှစ်ရှည်လများ ယုံကြည်ခဲ့တာတွေ ပျောက်ဆုံးသွားသလိုခံစားလိုက်ရတဲ့အခါ… တကယ်တမ်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေ အဆင်ပြေအောင် စိတ်သက်သာအောင် လိမ်တာမဟုတ်တဲ့ အဖြူရောင်မုသားတွေသုံးတတ်ကြတာကို သတိထားမိသွားတဲ့အခါ… ဒါက ခွင့်လွှတ်ဖို့ ထိုက်တန်လားဆိုတာကိုတော့ နာမည်‌ကျော် A24 ကနေ လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့ ကားသစ်လေးကြည့်ရင်းဆုံးဖြတ်ပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Last Night in Soho (2021) ⭐IMDB: 7.0/10 (152 k Votes) 🎬 #Uncategorized #Horror #Mystery #Thriller #Drama 🗓 2021 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.0 GB 🌎 #UnitedKingdom #China ⏰ 1 နာရီ 57 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက်တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ…...

1944 (2015) ⭐IMDB: 7.0/10 (6 k Votes) 🎬 #Drama #History #War 🗓 2015 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 866.8 MB 🌎 #Estonia #Finland ⏰ 1 နာရီ 41 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်အတွင်းက အက်စ်တိုးနီးယားနိုင်ငံရဲ့ အရှေ့တိုင်းစစ်မျက်နှာစာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကိုအခြေခံ ရိုက်ကူးတင်ဆက်ထားပြီး ရသစုံပေးနိုင်သော စစ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာပါဘဲ။ ဇာတ်လမ်းအကျဉ်းကတော့ အက်စ်တိုးနီးယားနိုင်ငံဟာ ကြားနေနိုင်ငံအဖြစ် ကြေငြာခဲ့ပေမယ့်လည်း ၁၉၄၀ခုနှစ်မှာ ဆိုဗီယက်ကသိမ်းပိုက်ခြင်းခံခဲ့ရပြီး ၁၉၄၁ခုနှစ်မှာ နာဇီဂျာမန်ရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရတယ်။ သူတို့လက်အောက်သို့ကျရောက် နေစဉ် အတောအတွင်းမှာ ဆိုဗီယက်ကဖွဲ့စည်းထားတဲ့ အက်စ်တိုးနီးယန်းတပ်ဖွဲ့နဲ့ နာဇီတို့လက်နက်တပ်ဆင်ပေးထားတဲ့ အက်စ်တိုးနီးယန်းအဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ကြပုံကို စစ်ပွဲရဲ့ ရသအပြင် ဒရာမာဆန်ဆန် ရိုက်ကူးထားလို့ ဆုတံဆိပ်များ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်တို့ကို တင်ဆက်ပေးလိုက်ပါတယ်.....

The Fourth Mother (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 Movie 📺 #1080p #720p 💿 1.3 GB ⦿ 504.2 MB 🌎 # ⏰ 1 နာရီ 17 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ***************************** အွန်းမီဟာ ရည်းစားဖြစ်သူ ယောင်းဂျယ်ရဲ့အိမ်ကို အလည်လိုက်သွားတဲ့အခါ ယောင်းဂျယ်ရဲ့ဦးလေးဖြစ်သူကို သဘောကျမိသွားပါတယ် ဦးလေးဖြစ်သူနဲ့တွေ့ခွင့်ရဖို့ အွန်းမီဟာ ယောင်းဂျယ်တို့ တူအရီးနှစ်ယောက်ကိုအိမ်ကို ဖိတ်လိုက်ပါတယ် .. ဒါပေမယ့် ဦးလေးဖြစ်သူ ပါမလာဘဲ ယောင်းဂျယ်တစ်ယောက်တည်း လာခဲ့တဲ့အခါ အွန်းမီအမေကို တွေ့ပြီး ထူးခြားတဲ့ခံစားချက်မျိုးကို ခံစားမိသွားပါတယ်သားအမိနှစ်ယောက်နဲ့ တူအရီးနှစ်ယောက်တို့ရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး...

Allelujah (2022) ⭐IMDB: 5.9/10 (895 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 478.1 MB 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Allelujah (2022)============IMDb Rating – 5.9/10 လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာကမလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်းအထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်းဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက်ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံးဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်းနဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက်ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်းပေါ်လာတဲ့အခါမှာတော့ . . .ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခုရသွားစေမယ့်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...

Friday Killer (2011) ⭐IMDB: 6.4/10 (157 Votes) 🎬 #Action #Comedy #Drama 🗓 2011 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 512.8 MB 🌎 #Thailand ⏰ 1 နာရီ 31 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Friday Killer (2011) 2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။ သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။ Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း … သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့… ဆက်လက်ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Khine Khine Waiပါ။)...

Saturday Killer (2010) ⭐IMDB: 6.1/10 (126 Votes) 🎬 #Action #Comedy #Drama #Romance #Crime 🗓 2010 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 538.4 MB 🌎 #Thailand ⏰ 1 နာရီ 38 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saturday Killer (2010) ဘန်းပလာမာရဲ့ နာမည်ကျော်ကြေးစားလူသတ်သမားဖြစ်တဲ့ ဘဲကြီး Tee Rifle ဟာ သူ့ကိုယ်သူလူဖြစ်ရှုံးတဲ့သူလို့ သတ်မှတ်ထားသူပါ။ ဘာလို့လဲဆိုတော့ သူက စွမ်းဆောင်ရည်မရှိဘဲ ပန်းသေနေလို့ပါပဲ။ ပန်းသေနေတဲ့ ဘဲကြီး Tee Rifleက တစ်နေ့မှာတော့ Chris ဆိုတဲ့ မိန်းမလှလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ Chris ကတော့ သူ့အဖေကိုသတ်သွားတဲ့သူကို ပြန်လက်စားချေချင်နေတဲ့သူပေါ့။ အချစ်ကပေးတဲ့ အားဆေးလို့ပဲဆိုရမလား? Tee Rifleကတော့ Proကျကျ လူသတ်ရင်း Chrisအတွက် ဇွဲမလျှော့ဘဲ သူ့ညီလေးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့အရေး အဖြစ်မရှိတဲ့ စာကလေးငှက်လိုဘဝကနေ ကြီးထွားလာတဲ့ နဂါးကြီးဖြစ်အောင် ကြိုးစားမယ့်နည်းမျိုးစုံကို Saturday Killer ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဟာသအနှောလေးတွေနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Khine Khine Waiပါ။)...

The Myth (2005) ⭐IMDB: 6.1/10 (16 k Votes) 🎬 #Drama #Action #Adventure #Comedy #Fantasy 🗓 2005 🎞 movie 📺 #1080p #720p 💿 3.5 GB ⦿ 1.5 GB 🌎 #SouthKorea #HongKong #China ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး “အဆုံးမဲ့အချစ်” ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်…တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်…. သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား… အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား… ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား……..ဆိုတာ။ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။...

The Myth (2005) ⭐IMDB: 6.1/10 (16 k Votes) 🎬 #Drama #Action #Adventure #Comedy #Fantasy 🗓 2005 🎞 movie 📺 #1080p #720p 💿 3.5 GB ⦿ 1.5 GB 🌎 #SouthKorea #HongKong #China ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး “အဆုံးမဲ့အချစ်” ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်…တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်…. သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား… အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား… ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား……..ဆိုတာ။ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။...

Silverman (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2023 🎞 Movie 📺 #1080p #720p 💿 2.0 GB ⦿ 777.5 MB 🌎 #SouthKorea ⏰ 1 နာရီ 37 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Silver Man (2023) *****************အသက် ၆၁ နှစ်အရွယ် Lee Soon Chulကပင်စင်စား အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်ပြီးတော့ဇနီးဖြစ်သူ သေဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ တစ်ယောက်တည်း အသက်မရှင်ချင်တော့တာကြောင့် သတ်သေဖို့ စိတ်ကူးနေသူဖြစ်တယ် … တစ်နေ့တော့ ဆေးလ်ဗားမန်းဆိုတဲ့ အမြန်ချောပို့ စင်တာအကြောင်းကို စိတ်ဝင်စားပြီး စိတ်ပြေလက်ပျောက် အလုပ်လျှောက်ဖို့သွားခဲ့တယ်… ဆေးလ်ဗားမန်းစင်တာက အလုပ်အကိုင်ရှာဖွေရ ခက်ခဲတဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတွေကို အမြန်ချောပို့ အလုပ်ပေးတဲ့ စင်တာဖြစ်တယ် Lee Soon Chulက အလုပ်သွားလျှောက်ရာမှ အောင်ခဲ့ပေမဲ့ စာချုပ်ချုပ်ရမှာ ငွေကြိုသွင်းရမယ့် အချက်ကို မကြိုက်လို့ မလုပ်ခဲ့ဘူး…ဒါပေမဲ့ သိချင်စိတ်ကို ထိန်းမရတဲ့ အကျင့်ရှိတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ ချောပို့သမားနောက်ကို ငွေ ၁သောင်းပေးပြီး နောက်က တောက်လျှောက်လိုက်ကြည့်ခဲ့တဲ့အခါမှာတော့…. အသက် ၆၁နှစ်အရွယ် သိချင်စိတ်ပြင်းပြပြီး ဘာမဆိုဝင်ပါတတ်တဲ့ Lee Soon Chulနဲ့ အသက်ကြီးနေပြီဖြစ်သော်လည်း ပိုက်ဆံ အတွက် ချောပို့လုပ်ငန်းကို လုပ်ကိုင်နေရရှာတဲ့ဆေးလ်ဗား ချောပို့သမားတို့ရဲ့ပစ္စည်းသွားပို့ရင်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ အဖြစ်အပျက်လေးတွေကို ကြည့်ရှုရမှာမို့ စိတ်ဝင်စားစရာကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်...

Vampire's Kiss (1988) ⭐IMDB: 6.1/10 (19 k Votes) 🎬 #Comedy #Crime #Fantasy #Horror 🗓 1988 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 830.5 MB 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vampire’s Kiss (1988) ~ IMDb – 6.1/10, Rotten Tomatoes – 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး… ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား… ထင်ယောင်ထင်မှား ဖြစ်တာပဲလား… ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)...

Polar (2019) ⭐IMDB: 6.3/10 (95 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2019 🎞 movie 📺 #1080p #720p 💿 899.8 MB 🌎 #UnitedStates #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ… သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်… ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်...

Last Kind Words (2012) ⭐IMDB: 4.8/10 (2 k Votes) 🎬 #Drama #Horror #Mystery #Romance #Thriller 🗓 2012 🎞 movie 📺 #1080p #720p 💿 1.3 GB ⦿ 550.0 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Last Kind Words (2012)=================Horror, mystery စိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီးလူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတောထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်ကအမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။ တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေးခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ်လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...

Eradication (2022) ⭐IMDB: 4.1/10 (400 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 📺 #1080p #720p 💿 1.1 GB ⦿ 414.0 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eradication (2022)============== ကမ္ဘာတစ်ခုလုံး ဗိုင်းရပ်စ်ကပ်ရာဂါကြီးဖြစ်လာတဲ့အခါလူဦးရေလည်း လျော့နည်းသွားပြီး လူအချင်းချင်းလည်းထိတွေ့ခွင့်မရှိတော့ပါဘူး။ ရောဂါရဲ့သဘာဝက လူချင်းထိတွေ့တာနဲ့ ကူးစက်မှုဖြစ်ပြီး ခဏအတွင်းသေပါတယ်။ဒီရောဂါကို immune ( ခုခံကာကွယ်နိုင်)တဲ့လူက ဒေးဗစ်ဆ်ုတဲ့ လူတစ်ယာက်ပဲရှိပါတယ် ။ ဒေးဗစ်ကို အစိုးရအဖွဲ့က သီးသန့်လူသူကင်းတဲ့အိမ်ကြီးမှာထားပြီး နေ့စဉ်သွးဖောက်ထုတ်ခိုင်းပါတယ်။ ဒေးဗစ်ရဲ့မိန်းမ ဆမ်က ဒီစမ်းသပ်ချက်မှအလုပ်လုပ်နေတာကြောင့်ဒေးဗစ်ကလည်း ယုံယုံကြည်ကြည်နဲ့သွေးကိုပေးတယ်။ဒါပေမယ့် တကယ့်လက်တွေ့မှာတာ့ သူထင်ထားသလိုမဟုတ်ဘဲ အကုန်လွဲမှားနေကြာင်းသိလိုက်ရတဲ့အခါဒေးဗစ်တစ်ယာက် ဘာတွေရှေ့ဆက်ရင်ဆ်ုင်သွားရမလဲကြည့်ရမှာဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...

The Seduction Game (2011) ⭐IMDB: 5.3/10 (50 Votes) 🎬 #Adult #Thriller #Romance 🗓 2011 🎞 movie 📺 #720p 💿 777.8 MB 🌎 #Thailand ⏰ 1 နာရီ 28 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ထိုင်းမလေးတွေရဲ့ တင်းတင်းရင်းရင်း ကျစ်ကျစ်လစ်လစ် အလှလေးတွေကိုခံစားကြည့်ရအောင်ဗျာ ထိုင်းမလေးတွေက အရမ်းချစ်ဖို့ကောင်းပြီးဆွဲဆောင်မှုအားကောင်းတယ်ဆိုတာတော့ လက်မခံလို့ မရတဲ့အချက်တခုပဲ ဝဒ်က အရမ်းကိုကြိုးစားနေတဲ့ ဇာတ်ညွှန်းရေးဆရာတယောက်သူက သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ဇာတ်ညွှန်းရေးတယ်သူ့မှာအရမ်းချစ်ဖို့ကောင်းတဲ့ ချစ်ဇနီးလေးတစ်ယောက်ဘန်ကောက်ကအိမ်ကိုရောင်းခဲ့ပြီး ဇနီးလေးကို သူအလုပ်လုပ်နေတဲ့မြို့လေးဆီ ခေါ်လာခဲ့တယ်တနေ့ ဝဒ်အလုပ်သွားရာလမ်းမှာ လူတယောက်ကို အရှိန်ပြင်းပြင်းနဲ့ကားဝင်တိုက်မိပါတယ်သေလားရှင်လားမသိပဲ ပြစ်မှုရင်ဆိုင်ရမှာကြောက်တဲ့အတွက်အိမ်သယ်လာခဲ့ရာမှ…. မိန်းမတယောက်ရဲ့ မူယာ ပိုက်ဆံနံ့ရတာနဲ့ မျက်ကလူးဆန်ပြာဖြစ်တက်တဲ့မိန်းမတွေရဲ့ သဘောထား၊ အသည်းယားစရာမာယာတွေကိုအဖေါ်ချွတ်ခန်းတွေဖောဖောသီသီ သုံးထားတာဖြစ်လို့DS Fans တွေလက်ထဲ ထည့်ပေးလိုက်ပါတယ်...

Daughter of the Bride (2023) ⭐IMDB: 7.3/10 (94 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 789.2 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Daughter of the Bride (2023) ~ IMDb – 7.3/10, Rotten Tomatoes – 50% ~ အခု မိတ်ဆက်ပေးမယ့် Daughter of the Bride ဆိုတဲ့ ဇာတ်ကားလေးကတော့ IMDb 7.3/10 အထိ ရရှိထားတဲ့ ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ Scout Guide to the Zombie Apocalypse မှာ မင်းသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ အခြားနာမည်ကြီး Drama ဇာတ်ကားတွေမှာလည်း ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Halston Sage ရဲ့ကားသစ်လေးပါ။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကျော် ဝါရှိတဲ့ သရုပ်ဆောင် Aidan Quinn နဲ့ မင်းသမီးကြီး Marcia Gay Harden ကပါ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝကို ရှယ်ပါပဲ။ ဇာတ်ကြောင်းလေးဟာဆိုရင်တော့ဖြင့် ဖခင်နဲ့ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရတဲ့ သမီးနဲ့အမေနှစ်ဦးအပေါ် အခြေခံပြီးတော့ ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ကိတ်ဟာ ငယ်စဉ်ကတည်းက မိခင်နဲ့ပဲ နှစ်ဦးတည်းကြီးပြင်းလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ရှိရင်းစွဲအခြေအနေမှာပဲ ကျေနပ်တင်းတိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်ဆိုတဲ့ ဆန်းကြယ်တဲ့အရာကို နှစ်ဦးလုံး မြည်းစမ်းလိုက်ရတဲ့အခါ သမီးနဲ့မိခင်နှစ်ဦးကြားမှာ ပြဿနာ အကြောင်းကြောင်းဖန်လာပါတော့တယ်။ ကိတ်တီလေးဟာ မိခင်ရဲ့ နောက်အိမ်ထောင်ပြုမယ့်ကိစ္စကြောင့် စိတ်သောကရခဲ့ရုံသာမက သူကိုယ်တိုင်ကလည်း ဘယ်လိုရိုမန်တစ်ဆန်ဆန် အဖြစ်အပျက်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာအပြင် ရသမျိုးစုံ ခံစားရစေမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Alex Cross (2012) ⭐IMDB: 5.2/10 (35 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2012 🎞 movie 📺 #1080p #720p #480p 💿 2.3 GB ⦿ 1.1 GB ⦿ 650.3 MB 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ဇာတ်ကား​ပီပီ​ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​က​ Box Office မှာထင်ထားသလောက် ဝင်ငွေမရခဲ့ပေမဲ့ ဝတ္ထု​ပရိသတ်​အချို့​ကတော့​ အကြိုက်တွေ့ခဲ့ပါတယ်။ ဇာတ်လမ်း​မှာ plot twist တစ်ခုလည်းပါဝင်ပြီး Action Thriller နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်ပါတယ်။...

Bakit 'di mo sabihin? (2022) ⭐TMDB: 100.0% User Score 🎬 #Drama #Romance 🗓 2022 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 845.1 MB 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။...

Oh Belinda (2023) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Comedy #Drama #Fantasy 🗓 2023 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 766.5 MB 🌎 #Turkey ⏰ 1 နာရီ 38 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Oh Belinda (2023) ဒီဇာတ်လမ်းကတော့ လက်ရှိအချိန်ကနေ ရာဇဝင်ထဲ Webtoon ထဲ ဝတ္ထုထဲ ရောက်သွားတဲ့ဇာတ်လမ်းမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကြော်ငြာရိုက်ရင်း ကြော်ငြာထဲက ဇာတ်ကောင်အမျိုးသမီးရဲ့ကမ္ဘာကိုရောက်သွားတဲ့အကြောင်းပါ။ ~ ဇာတ်လမ်းအကျဥ်း ~ ဒီလာရာဟာ အောင်မြင်တဲ့တူရကီသရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်။ တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ သူ့ဘဝက အစစအရာရာ ချောမွေ့နေခဲ့တယ်။ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်မခံလိုက်ခင် အချိန်ထိပေါ့။ ခေါင်းလျှော်ရိုက်တဲ့ Scene ပြီးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဟန်ဒန်ဖြစ်နေတာတွေ့လိုက်ရပါတော့တယ်။ ကြော်ငြာထဲကအတိုင်း ကလေးနှစ်ယောက်အမေ အိမ်ထောင်သည် ဘဏ်ဝန်ထမ်း ဟန်ဒန်ပေါ့။ ဒီဘက်ကမ္ဘာမှာလည်း ဒီလာရာရဲ့လောကက သူတွေအကုန်ရှိနေပေမဲ့ ဘယ်သူမှသူ့ကိုမမှတ်မိကြပါဘူး။ ဘယ်သူမှမမှတ်မိ အရူးလိုဝိုင်းကြည့်ခံရပြီး ဟန်ဒန်တို့အိမ်သားတွေကလည်း ဟန်ဒန်စိတ်ဖောက်သွားတယ်အထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ပြင်နေပါတယ်။ အဲဒီနောက် ဒါဟာသူ့အတွက် Test တစ်ခုဆိုတာ ဒီလာရာသဘောပေါက်သွားပါတယ်။ သရုပ်ဆောင်လုပ်နေရင်း ဒီလောကထဲရောက်လာတဲ့အတွက် ဒီလောကထဲကပြန်ထွက်ဖို့ သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဒန်အစစ်ရဲ့ ညစ်ပတ်တဲ့အမှန်တရားတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဘဝကြီးကရှုပ်ထွေးလာတဲ့အခါ ဒီလာရာတစ်ယောက်သူ့ကမ္ဘာကိုပြန်သွားနိုင်တော့ပါ့မလား… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

Love in a Pandemic (2023) ⭐IMDB: 5.7/10 (28 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.1 GB ⦿ 519.8 MB 🌎 #Nigeria ⏰ 1 နာရီ 28 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love in a Pandemic (2023) ************************* (၂၀၂၀) ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ကိုဗစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးကြောင့် ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အလုပ်တွေအားလုံး ပိတ်ချပစ်လိုက်ရပြီး လော့ဒေါင်းကာလကြီးတစ်ခု စတင်ခဲ့ပါတယ်။ ဒီလော့ဒေါင်းကာလကြီးက တော်တော်ကိုကြာမြင့်ခဲ့တာကြောင့် New normal အနေနဲ့ ကျောင်းသားတွေ online class တက်ကြတာ၊ ဝန်ထမ်းတွေ Work from home အလုပ်ဆင်းကြတာ ဒါမျိုးတွေပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လူလူချင်းထိတွေ့ခွင့်မရှိလို့ ဆဲလ်ဖုန်း လိုမျိုး electronic devices တွေက တစ်ဆင့်စတင်တဲ့ ပုံပြင်လေးတွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ ကိုဗစ်လို့ပြောလိုက်တာနဲ့ လူတိုင်းလူတိုင်းမှာ ပြောစရာပုံပြင်လေးတွေ ကိုယ်စီရှိကြမှာပါ။ ပြင်းထန်တဲ့ကိုဗစ်လှိုင်းအတွင်း ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေအနေနဲ့ကတော့ ဝမ်းနည်းစရာပုံပြင်တွေ၊ ချစ်ရတဲ့သူတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့သူတွေအတွက်တော့ ပျော်စရာဇာတ်လမ်းလေးတွေ အစရှိသဖြင့်ပေါ့။ ဒီဇာတ်ကားမှာဆိုရင်လည်း ဇာတ်ဆောင်ဖြစ်သူဘိုလန်လီက သူ့ရဲ့ကိုဗစ်ပုံပြင်လေးကို ဆွဲဆောင်မှုရှိရှိ ပြန်ပြောင်းပြောပြသွားတာကို တွေ့မြင်ရမှာပါ။ အထီးကျန်ရမှာကိုကြောက်တဲ့ဘိုလန်လီအတွက်ချစ်ရသူက ကိုဗစ်ကာလအတွင်း ရှေ့တန်းကတိုက်ပွဲဝင်ရမဲ့ ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့တဲ့အပြင် ထင်မှတ်မထားတဲ့ဖောက်ပြန်မှုတွေကိုပါ လုပ်နေခဲ့တဲ့အခါမှာတော့ ဘိုလန်လီ့အနေနဲ့ ဒီထဲကရုန်းထွက်ဖို့ ဘယ်လိုတွေကြိုးစားရမလဲ။ သူ့ဘဝရဲ့အချစ်စစ်ကို ဘယ်လိုများရှာတွေ့သွားမလဲ။ လော့ဒေါင်းကာလအတွင်း သူ့ဘဝအတွက်တက်လမ်းတစ်ခုကို ရှာဖွေနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဇာတ်ကားကတော့ Love in A Pandemic ကပ်တွင်းကချစ်ခြင်းလို့အမည်ရပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ Romance comedy အမျိုးအစားဖြစ်တာကြောင့် ဇာတ်ကားလေးကြည့်ရင်း မိမိရဲ့ကိုဗစ်ကာလအမှတ်တရတွေကို စမြုံပြန်လွမ်းနိုင်ကြပါစေဗျ...