ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Every Minute Counts (2024) ⭐IMDB: 7.2/10 (406 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #Mexico ⏰ 35 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Every Minute Counts (2024)IMDB – 7.4/10 Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့မက်ဆီကို စီးရီးကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ ၁၉၈၅ ခုနှစ် မက်ဆီကိုစီးတီး အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ငလျင်ကပ်ဘေးဒုက္ခကြီးအကြောင်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ လူပေါင်းများစွာ ထောင်သောင်းချီ သေကြေပျက်စီးခဲ့ရတဲ့ဘေးအန္တရာယ်ဆိုးကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ အပိုင်း ၁၀ ပိုင်း ပါဝင်ထားပြီးဒီ ငလျင်စတင်ဖြစ်တဲ့အချိန်ကစလို့လူအမျိုးမျိုး ရှုထောင့်ပေါင်းစုံကနေဇာတ်ကို ရုပ်လုံးဖော်ထားပါတယ်။ အထွေထွေဆေးရုံက အတိတ်မှာ အမည်းစက်ရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်၊အလုပ်ထွက်ခါနီး သူနာပြုတစ်ယောက်၊ အောင်မြင်ကျော်ကြားမှုကိုလိုချင်တဲ့ သတင်းထောက်မ စသဖြင့် သူတို့ကိုယ်စီရဲ့အမြင်လေးတွေကနေ ချည်းကပ်ပြီး ရိုက်ကူးထားတာပါ။ စကေးပြင်းတဲ့ ငလျင်တစ်ခုဟာ ဘယ်လောက်ကြောက်မက်ဖွယ်ရာကောင်းတာတွေအရေးကြုံလာချိန် လူသားတွေရဲ့ ကူညီလိုမှုအတ္တဆန်မှုတွေကို မီးမောင်းထိုးပြထားတာဆိုရင်လည်း မမှားပါဘူး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
Midnight Family (2024) ⭐IMDB: 6.8/10 (425 Votes) 🎬 #Drama 🗓 2024 🎞 tv mini series 🌎 #Mexico #UnitedStatesofAmerica ⏰ 45 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Midnight Family 2024 IMDb Rating (6.4) ဒီဇာတ်လမ်းတွဲလေးကတော့ မက္ကဆီကိုမြို့က တာမာယိုဆိုတဲ့ ဆေးကျောင်းသူကောင်မလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမမှာ အဖေ၊ အစ်ကို၊ မောင်လေးနဲ့ သူမအပါအဝင် မိသားစုလေးယောက်ရှိပါတယ်။ သူတို့မိသားစုဟာ ဆေးဘက်အကူမျိုးရိုးဖြစ်ပြီး သူမက ရှားရှားပါးပါး တစ်မျိုးလုံးမှာ ဆရာဝန်ဖြစ်လာမဲ့ ဆေးကျောင်းသူလေးပေါ့။ ဒီတော့ သူတို့လေးယောက်သားဟာ ဆေးလိုင်စင်မရှိတဲ့ ဆေးရုံကားကလေးနဲ့ မက္ကဆီကိုတစ်မြို့လုံးကို ပတ်ပြီး အရေးပေါ်လူနာတွေကို ကယ်ဆယ်ရေးဆင်းပြီး ဆေးရုံတွေကနေ ဝန်ဆောင်ခယူကာ စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းရတယ်။ အမေဖြစ်သူက သူတို့ကို ထားပစ်ခဲ့တဲ့အတွက် စိတ်ဒဏ်ရာကိုယ်စီ အခက်အခဲကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းနေကြတယ်။ တစ်နေ့မှာတော့ မိတဆိုးသားသမီးတွေရဲ့ အားကိုးရာဖြစ်တဲ့ အဖေဖြစ်သူက ခွဲစိတ်မှရမဲ့ နှလုံးရောဂါရှိနေကြောင်း သိလိုက်ပေမဲ့ သားသမီးတွေကို မပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို လောကဓံအလယ်မှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဒီမိသားစုလေး သန်းခေါင်ယံမှာ သမာအာဇီဝကျကျ ငွေရှာရင်း အပြန်အလှန်ဖေးမကြပုံတွေကို ရယ်တလှည့် ငိုတလှည့်နဲ့ မိသားစုမေတ္တာကို ထင်ထင်ရှားရှား ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)...
Children of the Church Steps (2024) ⭐IMDB: 6.8/10 (381 Votes) 🎬 #Drama #History #Thriller 🗓 2024 🎞 tv mini series 🌎 #Brazil ⏰ 51 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Children of the Church Steps (2024) *************************************** အပိုင်း (၁ မှ ၄) စ/ဆုံး ဒီစီးရီးလေးကတော့ ဒီနှစ် အောက်တိုဘာလထဲမှာ Netflix ကအသစ်ထွက်ရှိထားတာဖြစ်ပါတယ်။ ပေါ်တူဂီစကားပြော ဘရာဇီး series ဖြစ်ပြီးတော့Drama History အမျိုးအစား mini series ဖြစ်ပါတယ်။ ဒီ series ကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၂၃ ရက် ညမှာ ဖြစ်ပွားခဲ့တဲ့ဝမ်းနည်းဖွယ်အဖြစ်ဆိုးတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ကန်ဒယ်လားရီးယားဘုရားကျောင်းအပြင်ဘက်လှေကားထစ်တွေပေါ်မှာ အိပ်နေကြတဲ့ အိမ်ခြေရာမဲ့ကလေးတွေကို ဝင်ရောက်ပစ်ခတ်မှုမှာကလေးငယ် ၆ ယောက်နဲ့ ဆယ်ကျော်သက် ၂ ယောက် သေဆုံးခဲ့ပြီးအခြားကလေးငယ်နဲ့ ဆယ်ကျော်သက်များစွာ ဒဏ်ရာရခဲ့ကြပါတယ်။ ဒေါက်ကလက် ဆက်ချ် ပီပေါ့ကာနဲ့ ဂျေဆူးဆိုတဲ့ ကလေးတွေရဲ့ဘရာဇီးရဲ့လမ်းမတွေပေါ်မှာ ဘယ်လိုကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ… ဘယ်လို အိပ်မက်တွေရှိခဲ့ကြလဲ… အဖြစ်ဆိုးနဲ့ ဘယ်လိုကြုံခဲ့ရလဲ… ဆိုတာ ကိုယ်တွေ့ကြုံခဲ့ကြသူတွေရဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတာမို့လို့ကြည့်ရှုခံစားကြပါဦးနော် .. ။ (အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်)...
Bandish Bandits (2020) ⭐IMDB: 8.6/10 (19 k Votes) 🎬 #Family #Drama #Music #Romance 🗓 2020 🎞 tv series 🌎 #India ⏰ 1 နာရီ 7 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bandish Bandits (2024) “ဂန္ထဝင်ဂီတ” ယခုတဖန် တင်ဆက်ပေးမှာကတော့ ဟင်ဒီမြူဇစ်ကယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲပါပဲ။ မြူဇစ်ကယ်ရုပ်ရှင်တွေကို ဖန်တီးတဲ့နေရာမှာပြောင်မြောက်လှတဲ့ဒါရိုက်တာကြီးအာနန်တီဝါရီရဲ့ လက်ရာပေါ့။ မှတ်မိအောင်ပြောရရင် ဗစ်ကီရဲ့ မြူဇစ်ကယ်ရုပ်ရှင် Love Per Square Foot (2018)ကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ။ ၂၀၁၉ခုနှစ်က ပထမတွဲထွက်ရှိခဲ့တဲ့ဒီရုပ်သံစီးရီးကတော့ အောင်မြင်မှုတွေနဲ့အတူ ၂၀၂၄မှာဒုတိယတွဲထွက်ရှိလာတာမို့ နှစ်တွဲစလုံးကို cm bollywood teamကနေတင်ဆက်ပေးလိုက်ပါတယ်။ ရာဒေဆိုတာ ဘုရင်ကတောင်မြောက်စားရတဲ့ အဘိုးဖြစ်သူဂန္ထဝင်တေးဂီတပညာရှင်ကြီးရဲ့မြေးတစ်ယောက်။ အဘိုးဖြစ်သူရဲ့ အရိုက်အရာကိုဆက်ခံဖို့ နေ့မနားညမနားကြိုးစားပေမဲ့မိသားစုအခက်အခဲကြောင့် နန်းတော်မှာ စာရင်းကိုင်ဝင်လုပ်နေရတဲ့သူ။ တာမာနာကတော့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ယောက်။ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်အရ သီချင်းအသစ်ထုတ်ဖို့ရှိပေမဲ့ ခေါင်းထဲမှာအဆင်ပြေတဲ့သီချင်းတစ်ပုဒ်မှရောက်မလာလို့ ဘူနေတဲ့ နာမည်ကျော်အဆိုတော်မလေး။အကြောင်းတိုက်ဆိုင်လို့ ဂန္ထဝင်အဆိုတော်ဖြစ်ချင်တဲ့ရာဒေနဲ့ ပေါ့ပ်အဆိုတော်မလေးတာမာနာတို့ဆုံကြတဲ့အခါ။ တာမာနာက သူ့ရဲ့ နောက်လာမဲ့သီချင်းမှာ ရာဒေကို ဝင်ဆိုစေချင်ပြီးရာဒေကတော့ သူ့ဂီတကိုပဲ ဂီတလို့မြင်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့…။Shankar–Ehsaan–Loyလို အောင်မြင်တဲ့တေးဂီတအဖွဲ့ကနေနောက်ခံတေးသီချင်းတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)...
Jentry Chau vs. The Underworld (2024) ⭐IMDB: 7.9/10 (1 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Family #Horror 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jentry Chau vs the Underworld (2024) IMDb Rating (7.9) / Rotten Tomatoes (100%) ဒီစီးရီးလေးကတော့ Netflix ကနေ သိပ်မကြာခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Animated Series လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ထရီချောင်ဆိုတဲ့ အမေရိကန်-တရုတ် ကပြားကောင်မလေးဟာ ဆိုးလ်မြို့မှာကျောင်းတက်နေရင်း တစ်နေ့မှာတော့ နတ်ဆိုးတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ ဒါပေမဲ့ ဒီကောင်မလေးဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ ထူးခြားတဲ့အစွမ်းတွေရှိနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုရင်ကိုယ်တိုင်က သူ့ကိုလိုက်ရှာနေပြီးတော့ အစွမ်းတွေကိုသိမ်းယူဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒီကောင်မလေးတိုက်ခိုက်ခံရတာကိုသိလိုက်ရတဲ့အခါ သူ့အဘွားရဲ့အမဖြစ်သူက ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် မွေးရပ်မြေတက္ကဆက်ကိုပြန်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ကြီးတော်ဖြစ်သူက သူ့အစွမ်းတွေကိုသုံးတတ်အောင် လေ့ကျင့်ပေးပြီးတော့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size…(400 MB) / (200 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Action & Adventure, Animation, Comedy, Sci-Fi & FantasyDuration….00:30:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Vader ========================================= Season 01 Episode 1 720p –Yoteshin/Gdot/Megaup/Telegram Episode 2 720p –Yoteshin/Gdot/Megaup/Telegram Episode 3 720p –Yoteshin/Gdot/Megaup/Telegram Episode 4 720p –Yoteshin/Gdot/Megaup/Telegram Episode 5 720p –Yoteshin/Gdot/Megaup/Telegram Episode 6 720p –Yoteshin/Gdot/Megaup/Telegram Episode 7 720p –Yoteshin/Gdot/Megaup/Telegram Episode 8 720p –Yoteshin/Gdot/Megaup/Telegram ကျန်အပိုင်းများ ဆက်လက်တင်ပေးသွားပါမယ်။...
The Apartment (1960) ⭐TMDB: 82% User Score 🎬 #Comedy #Drama #History #Romance 🗓 1960 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ဟောလိဝုရဲ့ နာမည်ကျော် ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ ဖြစ်တဲ့ Billy Wilder ရဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ Billy Wilder ရဲ့ နာမည်ကြီးဇာတ်ကား Top 3 ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ တခြားနာမည်ကြီး ဇာတ်ကားတွေဖြစ်နဲ့ Sunset Boulevard နဲ့ Some like it hot တို့ကိုလည်း CM မှာတင်ပေးထားတာရှိပါတယ်။ ဒါဆိုရင်ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်ဗျာ။ ဒီဇာတ်ကားလေးကတော့ Rom/Com အမျိုးအစား ဇာတ်ကားပဲဖြစ်ပါတယ်။ ဘက်စ်တာ ဟာ အာမခံရုံးတစ်ခုမှာ အလုပ်လုပ်တာဖြစ်ပြီး ပထက်လူကြီးတွေဆီကနေ မျက်နှာသာရဖို့ သူ့ရဲ့ တိုက်ခန်းကို လူကြီးတွေကို ပေးသုံးလေ့ရှိပါတယ်။ ဘာလို့ပေးသုံးတာလဲဆိုတော့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့နေရာမှာ သုံးဖို့ပါ။ ဒါကြောင့်ပဲ မျက်နှာသာပေးခံရပြီး ရာထူးတွေတိုးရင်းက သူအခန်းပေးသုံးနေတဲ့ သူဌေးရဲ့ ကောင်မလေးက သူကြိုက်နေတဲ့ ကောင်မလေးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ဒီအချိန်မှာ သူဌေးကို မလွန်ဆန်နိုင်တာကဘတစ်ဖက် ကောင်မလေးကိုချစ်တဲ့အချစ်စိတ်က တစ်ဖက်နဲ့ ဘက်စ်တာတစ်ယောက် ဗျာများရပါတော့တယ်။ ဘက်စ်တာတစ်ယောက် ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို ဒီ classic film လေးကို ကြည့်ရှုပြီး ခံစားသွားပေးကြပါဦး။...
Champions (2018) ⭐IMDB: 7.2/10 (12 k Votes) 🎬 #Comedy #Drama #Sport #Family 🗓 2018 🎞 movie 🌎 #Spain ⏰ 2 နာရီ 6 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Champions(2018)****************** IMDb…7.3 ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လည်းတော်သလို စိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီ သူ့အသင်းက နည်းပြအချင်းချင်း သဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်.. ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်…အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်.. တိုက်တာကလည်းရဲကားကိုမှ..အဲဒီမှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့.. လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲဒီမှာဇာတ်လမ်းကစပြီ.. မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့ အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့…ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး… ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ...
Heat (1995) ⭐TMDB: 79% User Score 🎬 #Action #Crime #Drama 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 52 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 HEAT (1995) ****************** IMDb…8.3,,,,Rotten…86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်…. ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ…. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ… အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး. ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်...
The Horse Immortal (2025) ⭐TMDB: 0% User Score 🎬 #Fantasy #Horror #Mystery #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ရိုးသားပြီးဗဟုသုတနည်းတဲ့ရွာသူရွာသားတွေကိုအသုံးချပြီးတော့ ရှေးရိုးနတ်အယူအဆတွေကိုသုံးပြီးတော့အကျိုးအမြတ်ထုတ်တဲ့ရွာသူကြီးနဲ့ နတ်ဆရာကို ပြန်ပညာပေးတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ တရုတ်ပြည်အရှေ့မြောက်ဒေသမှာ မြေခွေး၊ မြွေ၊ ကြွက် စတဲ့ သတ္တဝါ(၅)မျိုးကိုနတ်အဖြစ်နဲ့ကိုးကွယ်တဲ့ဓလေ့ရှိကြတယ်။ ရွာလေးတစ်ရွာမှာမိန်းမပျိုလေးတွေဟာ အကြောင်းမဲ့ထူးထူးဆန်းဆန်းအမြဲသေကြတယ်။အဲဒါဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရွာသင်္ချိုင်းမှာ ကြွက်သောင်းကျန်းတဲ့အချိန်ကြွက်သတ်ဆေးချပြီး နှိမ်နင်းခဲ့တဲ့အတွက် ကြွက်နတ်အမျက်ထွက်ပြီးနှစ်စဉ်မိန်းကလေးတွေကိုစားတာဖြစ်တယ်ဆိုပြီးတော့ နတ်ဆရာကပြောပါတယ်။ ဒါကိုယုံကြည်ကြတဲ့ရွာသားတွေက လူသတ်သမားကိုရှာဖို့မကြိုးစားပဲကြွက်သတ်ခဲ့တဲ့သူကိုသာအပြစ်ပုံချခဲ့ကြတယ်။ တစ်နေ့မှာတော့မြို့ကမှုခင်းဆရာဝန်လေးတစ်ယောက်ရောက်လာပြီး အရာအားလုံးကိုသိပ္ပံနည်းကျကျတွေးတောပြီး စုံစမ်းလိုက်တဲ့အခါမှာတော့...
Paper Dream (2022) ⭐IMDB: 5.8/10 (104 Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #Iran ⏰ 1 နာရီ 40 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paper Dream (2024) IMDb Rating (5.8) ခါလက်ဆိုတဲ့အယ်လ်ဘီနိုလူမျိုး ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ကထဲကသူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကြောင့်လူတွေနဲ့အဆက်အသွယ်မရှိခဲ့ပါဘူး။ အဲ့ကနေမှ သူ့ရဲ့ရိုးသားမှုကိုအသုံးချပြီးနာမည်ကြီးအောင်လုပ်ပေးတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံစည်းခဲ့တဲ့အခါ သူ့ဘ၀မှာနာကျင်စရာတွေထပ်ပြီးခံစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Pyae Aung Kyawဖြစ်ပါတယ်။)...
The Call of the Wild (2020) ⭐IMDB: 6.7/10 (60 k Votes) 🎬 #Adventure #Drama #Family 🗓 2020 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။ စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။...
Geostorm (2017) ⭐IMDB: 5.3/10 (124 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2017 🎞 movie 🌎 #USA #UnitedStates #HongKong #Japan #UnitedArabEmirates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ် ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်…. ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်… Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.3 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော် ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့အတွက် ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသထဲ စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်ခဲ့တယ် ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ် ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့…. နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်… အဲဒီလို ဖြစ်ပြီး ဟောင်ကောင် မှာလဲ အပူရှိန်လွန်ကဲကာဂစ်လိုင်းတွေ ပေါက်ကွဲတဲ့ သတင်း ဖြစ်ပွားခဲ့ပြန်တယ် အဲဒီသတင်းကြောင့် ဒက်ချ်ဘွိုင်း ကို ဦးဆောင်နေတဲ့အဖွဲ့ဟာအလုပ်တွေရှုပ်ပြီး ဘာကြောင့်မှန်း အဖြေရှာမရ ဖြစ်ခဲ့တယ် ဒီလိုနဲ့ မတ် ဟာ ဒီစနစ်ကို စတင်ဦးဆောင်တည်ဆောက်ခဲ့သူသူ့အကို ဂျိတ် ကို နာဆာ ကို ပြန်လာပြီး ဒီ ပြသနာတွေကို အဖြေရှာဖို့ပြန်လိုက်ရှာခေါ်ရပါတော့တယ် ပထမတော့ ဂျိတ် ဟာ ဒီကိစ္စတွေနဲ့ဝေးဝေးနေချင်ပေမယ့် သူ့ဘ၀ တစ်ခုလုံးနီးပါး ရင်းပြီး အချိန်ပေးခဲ့တဲ့ဒက်ချ်ဘွိုင်း ရဲ့ ပြဿနာကို အဖြေရှာဖို့ ပြန်လက်ခံခဲ့ပါတယ်… ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ဘဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေဝသ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့တဲ့အခါ….. ရုပ်ရှင်ကား ကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ် ခန့် ရှိပြီးAction, Sci-Fi, Thriller အမျိုးအစား ဖြစ်လို့ ဇတ်လမ်းစတင်ချိန်မှဇတ်လမ်းအဆုံးသတ်ချိန်ထိ ရင်တမမ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူတွေကတော့ စောဝဏ္ဏ နှင့် အိစံ တို့ပဲ ဖြစ်ပါတယ်...
Rogue River (2011) ⭐IMDB: 4.3/10 (2 k Votes) 🎬 #Horror #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့ စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလို မာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။ နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ ကားလမ်းဘေးကို ပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။ လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ ဂျွန်နဲ့လီယာတို့ ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေ တစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ် သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကို အကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။...
The Franchise (2024) ⭐IMDB: 6.5/10 (4 k Votes) 🎬 #Comedy 🗓 2024 🎞 tv series 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 30 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး လူတော်တော်များများဟာ စူပါဟီးရိုးရုပ်ရှင်တွေကို သဘောကျ တတ်ကြပါတယ် ။ ဒါပေမဲ့ အဲဒီရုပ်ရှင်တွေ ဖြစ်လာဖို နောက်ကွယ်က ပေးဆပ်မှုတွေကတော့ တစ်ခါတလေမှာ အမေ့လျော့ခံဖြစ်နေ တတ်ကြပါတယ် ။ ဒီတစ်ခေါက် The Franchise လိုခေါ်တဲ့ စီးရီးသစ်မှာတော့ ဘက်ပေါင်းစုံက ပြဿနာအမျိုးမျိုးတက်နေတဲ့ Tecto : The Eye of Storm ဆိုတဲ့ စူပါဟီးရိုးရုပ်ရှင်ကို ထုတ်လုပ်ဖို ကြိုးစားကြတဲ့ အဖွဲသားတွေအကြောင်းကို ဟာသဇာတ်နှောရင်း ရိုက်ကူးပြထားတာဖြစ်ပါတယ် ။ အချင်းချင်း မျက်နှာကြောမတည့်ကြတဲ့ သရုပ်ဆောင်တွေ ၊ လောကကြီးနဲ့ ကင်းကွာနေတဲ့ ဒါရိုက်တာ ၊ ဒါ့အပြင် ပြိုင်ဘက် ရုပ်ရှင်တစ်ကားကပါ ဝင်ရှုပ်လာတဲ့အခါ လက်ထောက်ဒါရိုက်တာ ဒန်နီရယ်တစ်ယောက် ဘယ်လိုစခန်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ ဒါဆိုရင်တောင် Tecto : The Eye of Storm ရုပ်ရှင်ကြီး အောင်မြင်စွာ အဆုံးသတ်သွားမလားဆိုတာကိုတော့ CM နဲ့ အတူတူ စောင့်ကြည့်လိုက်ရအောင်နော်...
Cross (2024) ⭐IMDB: 7.2/10 (22 k Votes) 🎬 #Crime #Drama #Mystery #Action #Thriller 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတွဲက Amazon Primeက ထုတ်လွှင့်ထားတဲ့ မှုခင်းစုံထောက် ဇာတ်လမ်းတွဲဖြစ်ပြီး IMDb 7.2, RT 76% အထိ ratingကောင်းတွေ ရထားတာဖြစ်ပါတယ်။ ဇာတ်ရဲ့ အကျဉ်းချုပ်ကတော့ ဝါရှင်တန်ဒီစီက သေမှုသေခင်းပိုင်းစုံထောက်နဲ့ စိတ်ရောဂါပါရဂူ အဲလက်ခရော့စ်ဟာ သာမန် သေကြောင်းကြံစည်မှုပုံစံ ဖန်တီးပြီး ရဲတွေမျက်စိလည်တဲ့ အထိ ပိပိရိရိ လူသတ်နေတဲ့ ကွင်းဆက်လူသတ်သမားရဲ့ အမှုတစ်ခုကို လိုက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုလို့ ဘယ်သူမှမထင်ဘဲ သာမန်ဆေးလွန်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ထင်နေတဲ့အမှုတွေက သေချာပြင်ဆင်ပြီး သတ်ဖြတ်ထားတဲ့ လူသတ်ထားတဲ့ လူသတ်မှုဖြစ်ကြောင်း အဲလက်ခရော့စ်က ယုံကြည်ထားပြီး လူသတ်သမားကိုလိုက်စုံစမ်းရာမှ တချိန်က အမျိုးသမီးဖြစ်သူရဲ့သေဆုံးမှုနဲ့ လက်ရှိကိစ္စတွေကြား ပတ်သက်မှုရှိနေတာ သိလာတဲ့အခါစုံထောက်ခရော့စ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်း သွားမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။...
Sweetpea (2024) ⭐IMDB: 7.2/10 (12 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 50 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB rating 7.2/10အထိရရှိထားတဲ့ Dark comedy, drama စီးရီးစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာ “Miss Peregrine and The peculiar chilchildren”ဇာတ်ကားထဲက အမ်မာဖြစ်တဲ့ Ella Purnell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်း ရီယန်းနန်လူးဝစ်ဟာ လူတွေအားလုံးကိုအကောင်းမမြင်တတ်တဲ့ကောင်မလေးပါ ဒီလိုဖြစ်နေတာကလည်း သူ့အပေါ်မှာကောင်းပေးတဲ့လူမရှိလို့လို့ပြောရမှာပါပဲ သူ့ဘဝတစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့လူတွေမှန်သမျှဟာ သူ့ကိုအရေးမစိုက် ဂရုမပြုဘဲ အနိုင်ကျင့်ဖိနှိပ်ခဲ့ကြတာကြောင့်ပါ သူမအားကိုးရတဲ့တစ်ဦးတည်းအဖေဖြစ်သူကိုဆုံးရှုံးရပြီးနောက် သူ့ရဲ့အစ်မရင်းကိုယ်တိုင်ကပါ သူ့ဘက်ကိုမကြည့်ဘဲ သူတို့အဖေပိုင်ဆိုင်တဲ့အိမ်ကြီးကိုရောင်းဖို့လုပ်ပါတယ် ရောင်းဖို့အတွက်အကျိုးဆောင်လုပ်ပေးမယ့်အေးဂျင့်ကလည်း သူမကို ငယ်စဥ်ကတည်းက စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ကျောင်းကအနိုင်ကျင့်သူဖြစ်နေပါတယ် ဒါတင်မကသေးဘဲ ရီယန်းတစ်ယောက်ဟာ အလုပ်မှာလည်းအဆင်မပြေပါ မိမိကို ငဲ့မကြည့်ဘဲအနိုင်ကျင့်ဖိနှိပ်ဖို့ပဲသိတဲ့လူတွေကြောင့် ရီယန်းရဲ့စိတ်ခံစားချက်တွေမထိန်းနိုင်လောက်တဲ့အထိများလွန်းလာပြီး ပေါက်ကွဲထွက်လာတဲ့အခါ...
You Would Do It Too (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Crime #Mystery #Thriller 🗓 2023 🎞 tv series 🌎 #Spain ⏰ 32 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 You Would Do It Too (2024)Original title: Tú también lo haríasIMDB – 6.8/10 ၉၁၁ ကို ဖုန်းဝင်လာတယ်၊ ဘယ်သူလဲ မပြောဘူး အသံတချို့သာ ကြားနေရတယ်၊“ပစ်လေ ပစ်လိုက်ပါ” “မင်းခေါင်းကို ပစ်ဖောက်ခွဲပစ်မယ်” “ဒီဖက်ကို လမ်းပြောင်းလိုက်စမ်း”စသဖြင့် သံသယဖြစ်စရာများနဲ့ ဖုန်းဝင်ရောက်လာမှုကြောင့်သဲလွန်စတွေနဲ့အတူ ရဲတွေ ခြေရာခံခဲ့တယ်။ အဲဒီမှာ လေဆိပ်နဲ့ မြို့ထဲတစ်နေရာ ပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီးကိုနေရာတစ်ခုမှာ ရပ်ထားတာတွေ့တယ်။ အထဲမှာက ကျားမ အရွယ်စုံ လူပေါင်းစုံ ၆ ယောက် ရှိနေတယ်။သေဆုံးနေတဲ့လူက ၃ ယောက်။ ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတဲ့လူတစ်ယောက်က ရှိနေသေးတယ်။ဘာတွေဖြစ်ခဲ့တာလဲ ဘာကြောင့်လဲဆိုပြီး ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ခက်ခဲနက်နဲတဲ့အမှုကြီးကို စုံထောက်ဖြစ်သူ ဖရန်ဂါဇာနဲ့ ဇာတ်လမ်းရှိဖူးသူ အရာရှိရေဘက္ကာတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် Disney Plus ကနေ တင်ဆက်ပေးထားတဲ့ စပိန်စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ Money Heist ထဲမှာ မော်စကိုနေရာက ဘဲကြီးလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
A Man on the Inside (2024) ⭐IMDB: 7.7/10 (24 k Votes) 🎬 #Comedy #Crime 🗓 2024 🎞 tv series 🌎 #Chile #UnitedStates #UnitedStatesofAmerica ⏰ 36 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် comic actor Ted Dansonရဲ့မြူးမြူးကြွကြွစုံထောက်ဇာတ်လမ်းတွဲသစ်လေးဖြစ်တဲ့ A Man on the Inside ဒီကားလေးကတော့ ပင်စင်ယူသွားပြီဖြစ်တဲ့ တက္ကသိုလ်ပါမောက္ခတစ်ယောက်ရဲ့အလွတ်တမ်းစုံထောက်ဘဝကို ရိုက်ကူးထားတဲ့The mole agent ဆိုတဲ့ Documentary လေးကို ပြန်ရိုက်ကူးထားတာပါ။ ချားစ်တစ်ယောက် ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီး အလုပ်ကလည်းပင်စင်ယူသွားပြီဆိုတော့ တစ်ယောက်တည်းအိမ်မှာပဲအောင်းနေပြီးတော့ဘာမှမလုပ်မကိုင်ဘဲ အထီးကျန်ဘဝကို ဖြတ်သန်းနေရတာပေါ့။ သမီးဖြစ်သူကလည်း ကိုယ့်အိမ်ထောင် ကိုယ့်မိသားစုနဲ့ဖြစ်နေပြီမလို့ချားစ်ကိုပဲ အချိန်မပေးနိုင်တဲ့အခါမှာ စကားပြောဖော်သူငယ်ချင်းလည်းမရှိနေတဲ့ချားစ်အတွက် စိတ်ပူနေတာပေါ့။ ဒီလိုနဲ့ သမီးဖြစ်သူက ချားစ်ကို စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပြီး ချားစ်ကိုအလုပ်ပြန်လုပ်ဖို့ တွန်းအားပေးပြီးတဲ့နောက်မှာ ချားစ်တစ်ယောက်အလွတ်တမ်းစုံထောက်အေဂျင်စီက ဂျူလီရဲ့အလုပ်ခေါ်စာကိုတွေ့ပြီးအလုပ်သွားပြန်လျှောက်ရာကနေ သက်ကြီးဂေဟာတစ်ခုကပတ္တမြားလည်ဆွဲပျောက်ဆုံးမှုကြီးကို စုံစမ်းရဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamမှဖြစ်ပါတယ်)...
Jung Kook: I Am Still the Original (2024) ⭐IMDB: 8.4/10 (112 Votes) 🎬 #Documentary #Music 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 47 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JUNG KOOK: I AM STILL – THE ORIGINAL (2024) ************************************************* အပိုင်း (၁ မှ ၃) စ/ဆုံး “Golden Maknae”လို့ တင်စား ခေါ်ဝေါ်ကြတဲ့ BTS မန်ဘာ JungKook ရဲ့ I AM STILL Documentary ထွက်ရှိလာပါပြီ။ Solo Album “Golden” ဖြစ်မြောက်ရေးအတွက် ၈လတာ ကြိုးစားအားထုတ်ခဲ့မှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Jung Kook ရဲ့ Global Hits Songs တွေဖြစ်တဲ့ Seven၊ 3D နဲ့ Standing Next To You အပါအဝင် B Side Track တွေအတွက်ပါ ရေကုန်ရေခမ်း ကြိုးစားထားပုံတွေကို ရှူစားရမှာပါ။ စစ်မှု မထမ်းခင်မှာ Solo Album အတွက် ဘယ်လောက် အားထုတ်ထားခဲ့သလဲဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မဲ့ Documentary ကောင်းတစ်ခု ဖြစ်တာမို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။)...
Senna (2024) ⭐IMDB: 8.3/10 (13 k Votes) 🎬 #Drama #Biography #Sport 🗓 2024 🎞 tv mini series 🌎 #Brazil ⏰ 59 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ( Season 1 ) – အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး – ကားဆိုပြိုင်ကားမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရှယ်ကြည့်လို့ကောင်းစေမဲ့ Formula One ပြိုင်ကားတွေနဲ့ ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Mini Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Series နာမည်ကတော့ Senna ဖြစ်ပြီး လက်ရှိ IMDb Rating 8.6 အထိတောင်ရရှိထားတာဖြစ်ပါတယ်။ ဒီ Series လေးကဘယ်သူ့အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာလည်း ဆိုရင်တော့ အိုင်ယာတွန်ဆန်နာဒီဆေးလ်ဗားဆိုတဲ့ Formula One ချန်ပီယံရှစ်ကို ၃ ထပ်ကွမ်းရရှိခဲ့တဲ့ဂန္တဝင် ဘရာဇီးပြိုင်ကားသမားကြီး အပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ ဒီ Series မှာဆိုရင်တော့သူ့ကိုကလေးဘ၀ကတည်းက အဖေ့ခြေရာ နင်းပြီး ပြိုင်ကားလောကကိုအရမ်းစိတ်ဝင်စားလာခဲ့တဲ့ ကောင်လေး တစ်ယောက်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီး သူ့သွေးထဲမှာလည်းပြိုင်ကား မောင်းတဲ့သွေးတွေအပြည့်စီးဆင်းနေခဲ့ပါတယ်။ ဒီလိုနဲ့အရွယ်နည်းနည်းရောက်လာတဲ့အခါမှာ Mario-Kart ထဲကလို ပြိုင်ကားသေးသေးလေးတွေကိုစမောင်းခဲ့ပြီး ပြိုင်ပွဲတွေမှာတခြား ကလေးတွေကိုအမြဲတမ်းကျော်တက်ပြီး ပထမနေရာကိုသိမ်းနေကျ ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာလည်းပြိုင်ပွဲတွေဆက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကိုထုတ်ဖော်ပြသဖို့သူငယ်ချင်းကအကြံပေးလာတဲ့ အခါမှာတော့ အင်္ဂလန်မှာကျင်းပတဲ့ Formula Ford ဆိုတဲ့ Formula One ကိုဝင်ပြိုင်ဖို့လမ်းစတစ်ခုကိုရွေးချယ်ဖြစ်ခဲ့ပါတော့တယ်။ မိဘဖြစ်သူနဲ့မိန်းမကို Formula Ford တစ်ရာသီပြီးရင် ဘရာဇီး ပြန်လာမယ်လို့ကတိပေးခဲ့တဲ့အတိုင်းပြန်လာခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်း တွေကိုအပြည့်အ၀ပြသခဲ့တဲ့ Formula Ford ချန်ပီယံဆိုတဲ့နေရာကြောင့် ပိုမြင့်တဲ့ Formula 2000 မှာဝင်ပြိုင်ဖို့အပြင် Formula One ကို ဝင်ပြိုင်ဖို့အိပ်မက်ကလည်းလမ်းစပေါ်လာခဲ့တဲ့အတွက်ချက်ချင်း ပြန်လာခဲ့ပြီးနောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Formula One မှာချန်ပီယံ ဖြစ်ဖို့ကြိုးစားပုံတွေကို အခက်အခဲပေါင်းစုံ အနိမ့်အမြင့်မျိုးစုံနဲ့ ပြိုင်ကားချစ်သူတွေအတွက် စိတ်ဝင်စားစရာကြည့်ရှုရမဲ့ Mini Series လေးပဲဖြစ်ပါတယ်။...
