es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Once Upon Two Times (2023) ⭐IMDB: 6.9/10 (12 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်း ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကိုလိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။ သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက်ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကိုသိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့…အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ….သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ ……. သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုးခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကိုဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Dono (2023) ⭐IMDB: 5.5/10 (230 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dono (2023) “အဖြည့်ခံတို့ရဲ့ ချစ်လင်္ကာ”======================= မင်းသားကြီး ဆန်နီဒီရောရဲ့သားဖြစ်သူ ရာ့ဂျ်ဗီးရ်ဒီရောရဲ့ ပွဲဦးထွက် rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေ့ဗ်ဟာ start-up လုပ်ငန်းတစ်ခုကို ဦးစီးတည်ထောင်ထားပြီး လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားရုန်းကန်သူဖြစ်ပါတယ်။ဒေ့ဗ်တစ်ယောက် အလုပ်အတွက် ရုန်းကန်နေရတုန်း တစ်နေ့မှာတော့ ဒေ့ဗ်ရဲ့ ဖွင့်မပြောရသေးတဲ့ ငယ်သူငယ်ချင်းခရက်ရှ်လေးအိမ်ထောင်ပြုတော့မယ်လို့ သိလိုက်ပါတယ်။ တစ်ယောက်ကြိတ်ကြိုက် တစ်ယောက်တည်း ကြိတ်ဆွေးနေတဲ့ ဒေ့ဗ်ဟာ တစ်ယောက်တည်း Move on ဖို့အတွက်ငယ်ခရက်ရှ်လေးရဲ့ မင်္ဂလာဆောင်ကို သွားရင်း သတို့သားရဲ့ သူငယ်ချင်းမလေး မက်ဂ်နာနဲ့တွေ့ပြီး Keanu Reeves ရဲ့Destination Wedding ထဲကလို ဇာတ်လမ်းတွေ ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့သွားကြပုံကိုပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့၊ စိတ်အပန်းပြေစေတဲ့ အချစ်ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Crusades (2023) ⭐IMDB: 4.8/10 (190 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 42 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crusades ဆိုတဲ့ ကားလေးကတော့ 2023 ခုနစ်မှာထွက်ရှိထားပြီး Comedy Drama အမျိုးအစားဖြစ်ပါတယ်။ အထက်တန်းကျောင်းသားလူငယ်လေးတွေ ရက်သတ္တပတ်တစ်ခုအတွင်းရှာတဲ့ပြဿနာတွေ အချစ်ရေးကိစ္စတွေကိုရိုက်ကူးထားပြီးတော့ လူငယ်သဘာဝပြဿနာပတ်ရှာကြတာတွေ ပြိုင်ဘက်ကျောင်းအချင်းချင်းမတည့်ကြလို့ အုပ်စုဖွဲ့ရန်ဖြစ်ကြတာတွေ ပါတီပွဲတွေနဲ့ ရဲလိုက်ဖမ်းလို့ဗရမ်းဗတာ အသက်ထွက်မတတ်ပြေးရတာမျိုးတွေ လူငယ်သဘာဝရည်းစားအရှုပ်အရှင်းကိစ္စတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားတဲ့ ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...

The Limits of Control (2009) ⭐IMDB: 6.2/10 (21 k Votes) 🎬 #Crime #Drama #Mystery #Thriller #Music 🗓 2009 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို “တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ” စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။...

The Crusades (2023) ⭐IMDB: 4.8/10 (190 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 42 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crusades ဆိုတဲ့ ကားလေးကတော့ 2023 ခုနစ်မှာထွက်ရှိထားပြီး Comedy Drama အမျိုးအစားဖြစ်ပါတယ်။ အထက်တန်းကျောင်းသားလူငယ်လေးတွေ ရက်သတ္တပတ်တစ်ခုအတွင်းရှာတဲ့ပြဿနာတွေ အချစ်ရေးကိစ္စတွေကိုရိုက်ကူးထားပြီးတော့ လူငယ်သဘာဝပြဿနာပတ်ရှာကြတာတွေ ပြိုင်ဘက်ကျောင်းအချင်းချင်းမတည့်ကြလို့ အုပ်စုဖွဲ့ရန်ဖြစ်ကြတာတွေ ပါတီပွဲတွေနဲ့ ရဲလိုက်ဖမ်းလို့ဗရမ်းဗတာ အသက်ထွက်မတတ်ပြေးရတာမျိုးတွေ လူငယ်သဘာဝရည်းစားအရှုပ်အရှင်းကိစ္စတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားတဲ့ ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...

Horsemen (2009) ⭐TMDB: 59.0% User Score 🎬 #Crime #Drama #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ်ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့…. သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ….. တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ...

The Butterfly Effect 3: Revelations (2009) ⭐TMDB: 55.0% User Score 🎬 #Crime #Drama #ScienceFiction #Thriller 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Time travel ဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် ၂၀၀၉ခုနှစ်ထွက် Sci-fi/Thriller ကားကောင်းတစ်ခုပါ။ ရှေ့မှာ 1နဲ့ 2 လည်း ထွက်ထားပါတယ်။ ဇာတ်လမ်းကတော့ Sam Reide ဆိုသူမှာ အချိန်တွေ ခုန်ကူးပြီး time travelလုပ်နိုင်တဲ့ abilityတစ်ခုရှိပါတယ်။ ဇာတ်လမ်းအစမှာတော့ သူက တခြားသူတွေရဲ့ မှုခင်းတွေ မဖြစ်ခင် အချိန်ကို သွား၊ တရားခံကို ရှာပြီး ရဲလက်အပ်တဲ့ အလုပ်ကို ပိုက်ဆံယူပြီး လုပ်နေတာ ဖြစ်ပါတယ်။ သူ့မှာ Jenna ဆိုတဲ့ ညီမလေး ရှိပြီး အဲ့ဒီညီမလေးကို သူပဲစောင့်ရှောက်ထားတာပါ။ ငယ်ငယ်က သူတို့အိမ် မီးလောင်တော့ Sam ရဲ့ ညီမလေးက မီးထဲ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Samက အချိန်ကူးသွားပြီး Jenna ကို သွားကယ်ခဲ့ပါတယ်။ result အနေနဲ့ သူ့အဖေနဲ့ အမေ သေသွားခဲ့ပါတယ်။ အတိတ်ကို သွားပြင်ရင်း သူ့ရဲ့ အနာဂတ်က အကျိုးဆကိတွေပါ ပြောင်းလဲကုန်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ငယ်ချစ်ဖြစ်တဲ့ Rebecca ရဲ့ ညီမ Liz ရောက်လာတဲ့ အခါမှာ အတိတ်က ဖြစ်ရပ် နောက်တစ်ခုဆီကို ခုန်ကူးရဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းအသွားအလာက မြန်ဆန်ပြီး သရုပ်ဆောင်တွေလည်း ကောင်းတာမလို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။...

Lifeforce (1985) ⭐TMDB: 63.0% User Score 🎬 #Action #Horror #Mystery #ScienceFiction #Thriller 🗓 1985 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 57 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lifeforce (1985)Genre – Action, Horror, MysteryIMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့ လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာ ရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့ Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့် ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာ အမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိ ကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီး သွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိ တခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံ ခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီး ထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါ တခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ် ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ ဒီလိုနဲ့ လန်ဒန်ကို ပြန်ခေါ်ဆောင်လာချိန် ရုပ်အလောင်း ၃ ခုထဲမှာ အမျိုးသမီးခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး လူတွေလည်း ထူးဆန်းစွာ သေဆုံးကြတော့ SAS မှ ကာနယ်ကိန်းတစ်ယောက် စုံစမ်းဖို့ ဖြစ်လာပြီး အသက်ရှင်ကျန်ရစ်သူ ကာနယ်ကာဆန်နဲ့ ထောက်လှမ်းရာမှ သာမန်လူသတ်မှုတွေမဟုတ်ပဲ ထူးဆန်းတာတွေ ပါဝင်လာပြီး ကြီးကျယ်နေတာကို သိလိုက်ရသောအခါ….။ အမျိုးသမီး အပေါ်ပိုင်းနှင့် မိတ်ဖက်ခြင်းကို ဇာတ်လမ်းလိုအပ်ချက်အရ မိမွေးတိုင်း ဖမွေးတိုင်း ပါဝင်နေခြင်းကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါတယ်ဗျ။...

The Butterfly Effect 2 (2006) ⭐TMDB: 49.0% User Score 🎬 #Drama #ScienceFiction #Thriller 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်. အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်. ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်. နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား….ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်. နာမည်ကျော် The Mask ရုပ်ရှင်, Child’s Play 3 ရုပ်ရှင်တွေအပြင်အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring နဲ့ Annabelle တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John R. Leonetti ရိုက်ကူးထားတာဖြစ်လို့ တစ်ကယ်ကို ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ...

Rosario Tijeras (2005) ⭐TMDB: 62.0% User Score 🎬 #Crime #Drama #Romance 🗓 2005 🎞 movie 🌎 #Colombia #Mexico #Spain #Brazil ⏰ 1 နာရီ 57 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.3 ၊ ခရမ်းချဉ်သီး 81 % rating တွေနဲ့အတူ TV series ရော movie ရောထွက်ထားရတဲ့အထိ အောင်မြင်ထားတဲ့ Columbia ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ.. ရိုဆာရီယိုလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို အကြောင်းစုံကြိုးခုန်အောင် ဇာတ်လမ်းဆင်ထားထာပါ။ အရမ်းချော အရမ်းလှ အရမ်းကြမ်း အရမ်းလန်းတဲ့ မမရိုဆာရီယိုက သူ့ကိုယ်သူတောင်မသိလိုက်ဘဲနဲ့ ပတ်ဝန်းကျင်ကြောင့် လမ်းမှားဘက်ရောက်ခဲ့ရသူလေးပါ။ Broken မိသားစုကနေမွေးဖွားလာပြီး ပထွေးဖြစ်သူရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန် သူ့အတွက်အားကိုးစရာဆိုလို့ သူ့အစ်ကိုဂျွန်ဟီဖီကပဲ စောင့်ရှောက်ခဲ့ရတာပါ။ အရွယ်ရောက်လာတော့လည်း လမ်းပေါ်မှာကြီးပြင်းခဲ့တဲ့သူတွေအတိုင်း ပိုက်ဆံရဖို့အတွက် မကောင်းတာမှန်သမျှလုပ်ခဲ့ရသူလေးပေါ့။ ပျော်ရွှင်မှုဆိုတာ ဘယ်လိုပုံစံလဲဆိုပြီး မေ့သွားခဲ့တဲ့ ရိုဆာရီယိုတစ်ယောက် လူကုံထံအသိုင်းအဝိုင်းထဲက သူငယ်ချင်းနှစ်ဦးနဲ့တွေ့ဆုံပြီးနောက်မှာ ဘယ်လိုတွေဇာတ်ခင်းဦးမလဲ? ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ဆက်ပြီးကြည့်ရှုလိုက်ပါတော့နော်...

Divergent (2014) ⭐IMDB: 6.6/10 (482 k Votes) 🎬 #Adventure #Mystery #Action #ScienceFiction #SciFi 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၀ ခုနှစ်တွေတုန်းက post-apoclayptic ဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်ဆို မမှားပါဘူး။ Hunger Game, Maze Runners, Mad max: fury road တို့နဲ့ အချိန်သိပ်မကွာဘဲ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကတော့ IMDb 6.6 ရရှိထားပြီး ဒါရိုက်တာ Neil Brurger က ရိုက်ကူးထားပါတယ်။ Lionsgate Films ကနေ ထွက်ရှိထားပြီး Underworld မင်းသား Theo James နဲ့ The Amazing Spiderman 2 ထဲက MJ မင်းသမီး Shailene Woodley တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ကမ္ဘာစစ်ပွဲကြီး ပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့သူတွေက လုံခြုံရေးကြောင့် နံရံအမြင့်ကြီးတွေ တည်ဆောက်ပြီး မြို့တော်ကြီးကို တည်ခဲ့ကြပါတယ်။ အနာဂတ်မှာ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လူသားတွေကို ဂိုဏ်းငါးခုခွဲပေးတဲ့ စနစ်ကို ဖန်တီးလိုက်ကြတယ်။ မြို့ကို ကာကွယ်သူတွေ၊ လယ်စိုက်သူတွေ၊ အသိပညာကို ထိန်းသိမ်းသူတွေ စသဖြင့်ပေါ့။ ဒါပေမဲ့ သဘာဝကျစွာပဲ ဘယ်ဂိုဏ်းနဲ့မှ မကိုက်ညီတဲ့သူတွေလည်း ပေါ်လာပါတယ်။ ဒီလို မကိုက်ညီတဲ့သူတွေကို လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသူတွေလို့ ယူဆပြီး လိုက်ရှင်းကြပါတယ်။ ဘာတွေ ဘယ်လိုကောင်းအောင်လုပ်လုပ် လူတွေမလို့ကို ပြဿနာတွေ၊ ပဋိပက္ခတွေက တက်နေမှာပဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။...

Allegiant (2016) ⭐IMDB: 5.7/10 (132 k Votes) 🎬 #Action #Adventure #Mystery #ScienceFiction #SciFi #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ ဇာတ်လမ်းရဲ့ကြောရိုး…. အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး…သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။ အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။...

The Divergent Series: Insurgent (2015) ⭐IMDB: 6.2/10 (251 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီး ယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်း တိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင် ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့ လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့ သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကို ဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်...

Remember the Titans (2000) ⭐TMDB: 76.0% User Score 🎬 #Biography #Drama #Sport 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေအတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်…တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကလူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက်လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကိုငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီးတခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ်လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေအချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက်ဘယ်လိုဖြေရှင်းကြမလဲ…လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ…သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှအောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကိုIMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီးဆုပေါင်း ၈ ခုနဲ့ Nominations ၁၇ ခု ရရှိထားတဲ့ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်…File size…   11 GB /   2.8 GB /   1.1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 53m Genre …..  Sport , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Nanban (2012) ⭐IMDB: 7.8/10 (16 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2012 🎞 movie 🌎 #India ⏰ 3 နာရီ 8 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nanban (2012)******************ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်းသူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက်ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Walk the Line (2005) ⭐TMDB: 75.0% User Score 🎬 #Biography #Drama #Music #Romance 🗓 2005 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့I Walk the Lineသီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တော...

Major Payne (1995) ⭐TMDB: 64.0% User Score 🎬 #Adventure #Comedy #Family 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Major Payne (1995)Genre – Adventure, Comedy, FamilyIMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။...

On the Wandering Paths (2023) ⭐IMDB: 6.7/10 (838 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 33 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sur Les Chemins Noirs ဆိုတဲ့ ဇာတ်ကားက သာမန် မြင်တွေ့နေကြ ဇာတ်ကားမျိူး မဟုတ်ပါဘူး။ ၂၀၂၃ မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးက သာမန် ဇာတ်ကားတွေလို ဇာတ်လမ်းကို အသားပေးထားတာဆိုတာထက် ကြည့်ရှုသူကို အတွေးရေစီးကြောင်းထဲမှာ နှစ်မျောစေမဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ ပြင်သစ်တွေက သိတဲ့အတိုင်း အနုပညာဘက်ဆို အရမ်းကို ကောင်းမွန်တာမို့ ဒီကားလေးကလည်း ပြင်သစ်ကားပီပီ ရင်ဘက်ထဲရောက်မဲ့ အနုပညာလေးတစ်ခုဖြစ်ပါတယ် ပြောပြရမယ်ဆိုရင် Pierre ဆိုတဲ့ ပြင်သစ် စာရေးဆရာတစ်ယောက်ဟာ မတော်တဆမှု တစ်ခုဖြစ်ပြီး လမ်းမလျှောက်နိုင်လောက်အောင် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်းသက်သာလာတဲ့အချိန်မှာ အားလုံးတားနေတဲ့ကြားက ပြင်သစ်နိုင်ငံကို လမ်းလျှောက်ပြီးဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဘာအကြောင်း တွေကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလဲ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ စတာတွေကို ဇာတ်ကားတစ်လျှောက်လုံး ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ သဘာဝတရားတွေ ပြည်သူတွေရဲ့ဘဝကို ကြည့်ရမှာဖြစ်ပြီး ကြည့်ရှုသူရဲ့ အတွေးကို ထိစေမှာ ဖြစ်လို့ ရင်ထဲရောက်မဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။...

Suburræterna (2023- ) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Crime #Drama #Action #Romance #Thriller 🗓 2023- 🎞 tv series 🌎 #Italy ⏰ 42 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suburræterna (2023) အတိတ်ကာလ ရောမမြို့.. Your browser does not support the video tag. မြူနီစပယ်နိုင်ငံရေးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အုပ်ချုပ်မှုတွေကြားမှာရောမမြို့ဟာ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တဲ့ကာလ..လူတွေက မြို့တော်ကောင်စီရဲ့အုပ်ချုပ်ရေးပုံစံကို မကျေနပ်လို့ လမ်းမတွေပေါ်မှာဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်..မြို့တော်ကောင်စီနဲ့ ဗာတီကန်တွေ အရေးအခင်းတွေဖြစ်နေကြတဲ့အချိန်မှာမြေအောက်လောကကိုအပိုင်စိုးထားကြတဲ့ ရောမမြို့ရာဇဝတ်ဂိုဏ်းတွေရဲ့ပဋိပက္ခတွေကလည်း စတင်လာပါတော့တယ်။“အာဏာဆိုတာ ပျက်စီးစေတဲ့အရာပဲ။ အကြွင်းမဲ့အာဏာဆိုတာအကုန်လုံးကိုဖျက်ဆီးပစ်နိုင်တယ်။”ဒီဇာတ်ကားမှာ အဖြစ်အပျက်တော်တော်များများက အော်စတီယာဆိုတဲ့ပြည်နယ်လေးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အော်စတီယာဆိုတဲ့ပြည်နယ်ကိုထိန်းချုပ်တာက မူးယစ်ဆေးတရားမဝင်ရောင်းဝယ်နေတဲ့ အန်နာလဲတစ်ဆိုတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးမှာလည်း ပါဝင်ပတ်သက်နေကြပြီးတော့ နိုင်ငံရေးသမားတွေရဲ့လက်ပါးစေလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့အန်နာလဲတစ်ဂိုဏ်းက လုပ်ကြံခံရပြီး အန်နာလဲတစ်ဂိုဏ်းရဲ့သခင်မနဲ့ အခြားမိသားစုဝင်တစ်ချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့စံအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း လုယူခံလိုက်ရပါတယ်။ အန်နာလဲတစ်ဂိုဏ်းရဲ့ဆက်ခံသူဖြစ်တဲ့ စပါဒီနိုက အဲဒီအဖြစ်အပျက်ကြောင့် သူ့မိသားစုအတွက်လက်စားပြန်ချေဖို့ကြိုးစားရာကနေ အစချီပြီး နိုင်ငံရေးလောကမတည်ငြိမ်မှုတွေ၊ရောမမြို့ရဲ့လူတန်းစားမျိုးစုံတွေကြားက အငြင်းပွားမှုတွေကို ရိုက်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ပြိုင်ဘက်ကိုရှုံးနိမ့်အောင်လုပ်ဖို့အတွက် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့လူတွေအာဏာအတွက် သံယောဇဥ်ကိုစတေးခဲ့တဲ့လူတွေ၊ လောဘရမ္မက်မီးအောက်မှာကျေးကျွန်ဖြစ်သွားကြတဲ့သူတွေစတဲ့ လူတန်းစားမျိုးစုံကိုရိုက်ကူးပုံဖော်ထားတဲ့အတွက် ကြည့်ရင်းနဲ့မွန်းကြပ်လာနိုင်ပေမဲ့ ဘဝအတွက် အသိတစ်ခုတော့ရသွားစေမယ့်စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ မကြာသေးခင်ကမှ Netflix က ထွက်ရှိထားတာဖြစ်ပါတယ်။ ( ဒီစီးရီးအတွက်  Yee Wai နဲ့ Thinn တို့က ဘာသာပြန်ပေးထားပြီးအညွှန်းကိုတော့ Yee Wai က ရေးသားပေးထားပါတယ်...

Let's Go To Rose Motel 3 - Wandering (2014) ⭐TMDB: 70.0% User Score 🎬 #Adult #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 26 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Let’s Go To Rose Motel 3 (2014) *****************************၄ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Let’s go to Rose Motel ဆိုတဲ့ရုပ်ရှင်လေးအကြောင်းမိတ်ဆက်ပေးချင်ပါတယ်ဂျယ်ဟီးဟာ အစ်မဖြစ်သူနဲ့အတူ နေနေတဲ့ တည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့မွေးနေ့မှာ သူငယ်ချင်းဖြစ်သူတွေနဲ့ ပျော်ပါးကြရာက ချန်းဝူဆိုတဲ့သူငယ်ချင်းက ချစ်ခွင့်ပန်လိုက်ပါတော့တယ်ချန်းဝူက မိန်းကလေးကိစ္စ ပွေရှုပ်တယ်ဆိုပြီး နာမည်ကြီးတဲ့သူဖြစ်ပါတယ် ပွေရှုပ်တဲ့ချန်းဝူနဲ့ အနေအေးတဲ့ ဂျယ်ဟီးတိုကြားမှာ ဘယ်လိုအခြေအနေတွေ ပေါ်ပေါက်လာမလဲ...