es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Shaakuntalam (2023) ⭐IMDB: 4.7/10 (680 Votes) 🎬 #Bollywood #Drama #Fantasy #Romance #History 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 23 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shaakuntala (2023) ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့်မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူမိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ်ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကိုလိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲမင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကိုဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ်

Shaakuntalam (2023) ⭐IMDB: 4.7/10 (680 Votes) 🎬 #Bollywood #Drama #Fantasy #Romance #History 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 23 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shaakuntala (2023) ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့်မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူမိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ်ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကိုလိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲမင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကိုဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ်

Circle Line (2023) ⭐IMDB: 3.8/10 (244 Votes) 🎬 #Action #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Singapore ⏰ 1 နာရီ 20 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ -ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကိုကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက်-အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီးမြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါ System ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာမရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီးအသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ……မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ……အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာသားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကိုဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်……

Stranger Than Fiction (2006) ⭐IMDB: 7.5/10 (232 k Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓️ 2006 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်

Di Renjie Flying Head Rakshasa (2020) ⭐IMDB: 7.8/10 (6 Votes) 🎬 #Drama #Fantasy #Mystery #Action 🗓️ 2020 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက်effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခုထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲတစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာအခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာလျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီးပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။ လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီးအန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကိုရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။

Stranger Than Fiction (2006) ⭐IMDB: 7.5/10 (232 k Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓️ 2006 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်

Grudge Match (2013) ⭐IMDB: 6.4/10 (62 k Votes) 🎬 #Comedy #Drama #Sport 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီး အဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာက လက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာ ဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကက အနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို 2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။

Devil's Pass (2013) ⭐IMDB: 5.7/10 (26 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedKingdom #Russia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား ၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကို စွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The Dyatlov Pass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်က ဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီး စိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆ မှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့ အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာ ဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင် းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလား မသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ် အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။ သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horror ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ သူတို့တွေ ဘာတွေဆက်ဖြစ်ကြလဲ၊ ဘယ်လိုကြုံတွေ့သွားကြလဲ ဒီလိုသိချင်စိတ်တွေ၊ ကြည့်ချင်စိတ်တွေ ခေါ်ဆောင်ပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းပြီးသွားရင်လည်း လျို့ဝှက် ဆန်းကြယ်ကိစ္စကို ဘာကြောင့်လဲ၊ ဘာကဘယ်လိုလဲ ဆိုတဲ့ အတွေးတွေကို စိတ်ထဲတနုံ့နုံ့နဲ့ ဆက်တွေးမိစေမယ့် ဇာတ်လမ်းလေးမျိုးဖြစ်ပါတယ်။ ကျောထဲက အရိုးတွေပါ ချမ်းစိမ့်ကြီးဖြစ်သွားစေမယ့် horror ဇာတ်လမ်းကောင်းလေးလည်း ဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်။)

Grudge Match (2013) ⭐IMDB: 6.4/10 (62 k Votes) 🎬 #Comedy #Drama #Sport 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီး အဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာက လက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာ ဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကက အနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို 2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။

Devil's Pass (2013) ⭐IMDB: 5.7/10 (26 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Russia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား ၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကို စွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာ သေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The Dyatlov Pass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်က ဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီး စိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆ မှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့ အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာ ဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင် းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလား မသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ် အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။ သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horror ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ သူတို့တွေ ဘာတွေဆက်ဖြစ်ကြလဲ၊ ဘယ်လိုကြုံတွေ့သွားကြလဲ ဒီလိုသိချင်စိတ်တွေ၊ ကြည့်ချင်စိတ်တွေ ခေါ်ဆောင်ပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းပြီးသွားရင်လည်း လျို့ဝှက် ဆန်းကြယ်ကိစ္စကို ဘာကြောင့်လဲ၊ ဘာကဘယ်လိုလဲ ဆိုတဲ့ အတွေးတွေကို စိတ်ထဲတနုံ့နုံ့နဲ့ ဆက်တွေးမိစေမယ့် ဇာတ်လမ်းလေးမျိုးဖြစ်ပါတယ်။ ကျောထဲက အရိုးတွေပါ ချမ်းစိမ့်ကြီးဖြစ်သွားစေမယ့် horror ဇာတ်လမ်းကောင်းလေးလည်း ဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်။)

That Thing You Do! (1996) ⭐IMDB: 7.0/10 (71 k Votes) 🎬 #Comedy #Drama #Music #Romance 🗓️ 1996 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 27 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။

The Magic Flute (2022) ⭐IMDB: 5.6/10 (486 Votes) 🎬 #Adventure #Fantasy #Musical #Family #Music 🗓️ 2022 🎞️ Movie 📺 720p 🌎 #Germany ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Magic Flute (2022)================= သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသအမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှတစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခုခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လားငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ်ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။ Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကိုတက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက်ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေးထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zwe Win Tun ဖြစ်ပါတယ်)

That Thing You Do! (1996) ⭐IMDB: 7.0/10 (71 k Votes) 🎬 #Comedy #Drama #Music #Romance 🗓️ 1996 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 27 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။

The Magic Flute (2022) ⭐IMDB: 5.6/10 (486 Votes) 🎬 #Adventure #Fantasy #Musical #Family #Music 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Germany ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Magic Flute (2022)================= သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသအမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှတစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခုခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လားငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ်ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။ Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကိုတက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက်ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေးထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zwe Win Tun ဖြစ်ပါတယ်)

Tokyo Story (1953) ⭐IMDB: 8.2/10 (64 k Votes) 🎬 #Drama 🗓️ 1953 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 16 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tokyo Story (1953) ~ IMDb – 8.2/10, RT – 100%, Meta – 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ… ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်… တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်… ငါလွမ်းမိလာတယ်… လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ… သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

Tokyo Story (1953) ⭐IMDB: 8.2/10 (64 k Votes) 🎬 #Drama 🗓️ 1953 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 16 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tokyo Story (1953) ~ IMDb – 8.2/10, RT – 100%, Meta – 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ… ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်… တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်… ငါလွမ်းမိလာတယ်… လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ… သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

Afam (2023) ⭐IMDB: 5.0/10 (15 Votes) 🎬 #Adult #Comedy 🗓️ 2023 🎞️ Movie 📺 4K 🌎 #Philippines ⏰ 1 နာရီ 56 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 AFAM (2023) ဒေစီနဲ့ ဟေဇယ်တို့ဟာ ကလေးဘဝကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့သလို လက်ရှိမှာလည်း အပန်းဖြေစခန်းတစ်ခုတည်းမှာ အတူတူလုပ်နေကြပါတယ်။ သူတို့ဟာ ငယ်ဘဝကတည်းက အချင်းချင်းသဘောတူစာချုပ်တစ်ခုထားရှိခဲ့ပြီး အဲဒါကတော့ ယောက်ျား တစ်ယောက်ကိုဘယ်တော့မှ နှစ်ယောက်လုံး ပြိုင်တူမချစ်မိကြေး၊ ယောက်ျားတစ်ယောက်အတွက် သူတို့ရဲ့သူငယ်ချင်းအချစ် မပြိုကွဲရေးတွေပါပဲ။ ဒါပေမဲ့လည်း ငယ်ဘဝအိပ်မက်တွေနောက်ကို အတူတူလိုက်ကြရင်း အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် အလားအလာရှင် ဖော်ရိန်နာတစ်ယောက်ကိုမှ အတူတူမျက်စိကျသွားတဲ့အခါမှာတော့ သဘောတူစာချုပ်တွေ၊ သူငယ်ချင်းသံယောဇဉ်တွေကိုခဏခေါက်ထားပြီးတော့ နှစ်ယောက်ကြားမှာ ပညာကုန်ထုတ်သုံးရင်း မီးပွင့်မတတ်တစ်ဂျိန်းဂျိန်းပြိုင်ရမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးနှစ်ယောက်ရဲ့ ပွင့်ပွင့်လင်းလင်းပညာပြိုင်ခန်းတွေလည်းအများကြီးပါဝင်သလို အချစ်ဟာသပုံစံမျိုးနဲ့ မြူးမြူးသွက်သွက် တင်ဆက်ထားတဲ့အတွက် ရယ်ရင်းမောနေရမယ့်ဇာတ်ကားတစ်ကားဖြစ်တာမို့ ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Acidman (2022) ⭐IMDB: 5.4/10 (411 Votes) 🎬 #Drama #SciFi 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.4/10 ဒီတစ်ခေါက် ရုပ်ရှင်ပရိသတ်ကြီးကို Sci-fi/Drama အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Acidman ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရာစုနှစ်တစ်ခုလောက်ဝေးကွာနေတဲ့ အဖေနဲ့သမီး ပြန်လည်ဆုံတွေ့ကြပြီး ဖြစ်လာတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ သမီးဖြစ်သူ Maggie ဟာ တစ်နေ့မှာရုတ်တရက်ကြီး သူ့အဖေအိမ်ကို ရောက်ချလာပါတယ်။ သူ့အဖေဆိုသူကတော့ သားသမီးတွေကို တစ်ခါမှမဆက်သွယ်ဘဲ လူသူကင်းမဲ့တဲ့ တောထဲတောင်ထဲမှာ ဂြိုလ်သားတွေအချက်ပြတာလို့ သူထင်နေတဲ့ အလင်းတွေကို စူးစမ်းရင်း ခွေးတစ်ကောင်ကလွဲလို့ တခြားဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းနေနေတာပါ။ အဲလိုနဲ့ သားအဖနှစ်ယောက် ဆုံတွေ့ကြရင်း သံယောဇဥ်ကြိုးတွေ ပြန်သွယ်နိုင်ပါ့မလား… Maggie တစ်ယောက် ရုတ်တရက်ရောက်လာရတဲ့အကြောင်းရင်းကရော သူပြောသလို သူ့အဖေအဆင်ပြေရဲ့လား လာကြည့်တာဟုတ်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရူခံစားပေးကြပါဦးရှင်

Acidman (2022) ⭐IMDB: 5.4/10 (411 Votes) 🎬 #Drama #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.4/10 ဒီတစ်ခေါက် ရုပ်ရှင်ပရိသတ်ကြီးကို Sci-fi/Drama အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Acidman ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရာစုနှစ်တစ်ခုလောက်ဝေးကွာနေတဲ့ အဖေနဲ့သမီး ပြန်လည်ဆုံတွေ့ကြပြီး ဖြစ်လာတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ သမီးဖြစ်သူ Maggie ဟာ တစ်နေ့မှာရုတ်တရက်ကြီး သူ့အဖေအိမ်ကို ရောက်ချလာပါတယ်။ သူ့အဖေဆိုသူကတော့ သားသမီးတွေကို တစ်ခါမှမဆက်သွယ်ဘဲ လူသူကင်းမဲ့တဲ့ တောထဲတောင်ထဲမှာ ဂြိုလ်သားတွေအချက်ပြတာလို့ သူထင်နေတဲ့ အလင်းတွေကို စူးစမ်းရင်း ခွေးတစ်ကောင်ကလွဲလို့ တခြားဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းနေနေတာပါ။ အဲလိုနဲ့ သားအဖနှစ်ယောက် ဆုံတွေ့ကြရင်း သံယောဇဥ်ကြိုးတွေ ပြန်သွယ်နိုင်ပါ့မလား… Maggie တစ်ယောက် ရုတ်တရက်ရောက်လာရတဲ့အကြောင်းရင်းကရော သူပြောသလို သူ့အဖေအဆင်ပြေရဲ့လား လာကြည့်တာဟုတ်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရူခံစားပေးကြပါဦးရှင်

Amelia (2009) ⭐IMDB: 5.8/10 (13 k Votes) 🎬 #Adventure #Biography #Drama #Romance 🗓️ 2009 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amelia(2009) ************ Amelia Earhartဆိုသူဟာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့ တစ်ဦးတည်း ဖြတ်ပျံသန်းပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးပါပဲ။အခြားစံချိန်တင် ပျံသန်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့ စွန့်စားမှုတွေအကြောင် းစာအုပ်ထုတ်ဝေရေးသားခဲ့ပြီး 1935 ဝန်းကျင်မှာတော့အမေရိကမှာနာမည်အကြီးဆုံး အမျိုးသမီးပါပဲ။၁၉၃၇ခုနှစ်မှာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပျံရင်း စံချိန်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ကံအကြောင်းမလှဘဲ ဒီပျံသန်းမှုလုပ်ဆောင်နေစဥ်အတွင်းမှာပဲAmeliaနဲ့ သူ့ရဲ့လမ်းကြောင်းပြဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပါဘူး။ဒီရုပ်ရှင်ဟာ သူ့ရဲ့ ပျံသန်းမှုခရီးစဥ်တွေအကြောင်း၊ အမျိုးသမီးလေယာဥ်မှူးတစ်ယောက်ရဲ စွန့်စားမှုတွေ၊ဘာကြောင့်ပျောက်ဆုံးသွားရတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ Biography ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်