es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Hoax: The Kidnapping of Sherri Papini (2023) ⭐IMDB: 5.2/10 (497 Votes) 🎬 #Crime #Drama #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 28 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ သင်ခန်းစာယူစရာ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အိမ်ထောင်ရေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ရှယ်ရီပါပီနီ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ခင်ပွန်းသည်၊သားသမီး နှစ်ယောက်တို့နဲ့ ပျော်ရွှင်စရာမိသားစု ဘဝလေး ပိုင်ဆိုင်ထား သူပါ။ တစ်နေ့မှာ ရှယ်ရီပါပီနီ ရုတ်တရက် ပျောက်ဆုံး သွားတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူကလိုက်ရှာရင်း တစ်စတစ်စနဲ့ အမှန်တရားတစ်ခုဟာပေါ်ပေါက်လာပါတော့တယ်။ ရှယ်ရီပါပီနီ ဘာတွေဆက်ဖြစ်ခဲ့လဲ သူမရဲ့ မိသားစုလေးနဲ့ ပြန်လည်တွေ့နိုင်မလား ဘယ်လိုတွေ ရှေ့ဆက်ဖြစ်သွားမှာလဲ ဆိုတာ ဒီဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ်
...

E-Sarn Zombie (2023) ⭐IMDB: 5.5/10 (42 Votes) 🎬 #Action #Comedy #Horror 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 41 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 E-Sarn Zombie (2023) ပိတ်ရက်လေးမှာ အဝchillချင်သူတွေအတွက် ထိုင်းဇွန်ဘီးကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။castတွေအနေနဲ့ကတော့ ဟိုတလောကခေတ်ထသွားတဲ့ ဂေါပက‌တွေ လက်တစ်လုံးခြားရိုက်စားလုပ်တဲ့ကားThe Believer ထဲကမင်းသားနဲ့ Bad Genius ကားထဲက မင်းသမီးချောလေးက ပါဝင်အားဖြည့်ထားပါတယ်။ နန်အီဒန်ရွာလေးမှာဖွင့်ထားတဲ့ ဂွဒ်စတိုးဆိုင်က တခြား‌ဆိုင်ခွဲတွေနဲ့မတူဘဲရောင်းအားကလည်းထိုးကျပြီးbad review တွေဝေနေလို့ ရုံးချုပ်က အစ်တီချိုင်ကို မန်နေဂျာသစ်အနေနဲ့ စည်းကမ်းကြပ်ဖို့ လွှတ်လိုက်ပါတယ်။အဲဒီမှာပဲ စည်းကမ်းကိုတဖွဖွပြောနေတဲ့အစ်တီချိုင်နဲ့ ပေကပ်ကပ်ဂျစ်ကန်ကန် နွန်တွန်တို့ တွေးကြတော့တာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ နွန်တစ်ယောက် ဆိုင်ကရက်လွန်အသားတွေ ခိုးခိုးသွားတာကိုအစ်တီချိုင် သိလိုက်ရပြီး နွန်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားချိန်မှာတော့… စီရီပွန်ဂီတပွဲကို အသေရရအရှင်ရရနှစ်သက်ကြတဲ့ နန်အီဒန်ရွာသား အီဆန်သားတွေစီရီပွန်ဂီတပွဲနေ့မှာပဲ ဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ‌ဆိုတာကို အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Char Ouတို့ပဲ ဖြစ်ကြပါတယ်။
...

Café Funiculi Funicula (2018) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Adventure #Asian #SciFi #Fantasy #Drama #Romance 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုးရှင်းပြီး ထူးခြားဆန်းကြယ်တဲ့ ဂျပန်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလိုဇာတ်လမ်းဖဲြ႕စည်းတင်ပြမှုမျိုးက ရိုးရိုးလေးနဲ့ ထူးခြားဆန်းကြယ်လို့ ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိညှုိ့ယူခေါ်ဆောင်သာြးနိုင် တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပေးချင်တဲ့မက်ဆေ့ချ်ကလည်း အတော္လေးတန်ဖိုးရှိပြီး ကောင်းမနွ်ပါတယ် ခံစားမှုတေနွဲ့အတူ အားပေးလိုက်ကြပါဦး. (ဘာသာျပန္ေပးထားသူကေတာ့ Tar Tee Poe ပါ)
...

Battle of the Warriors (2006) ⭐TMDB: 65% User Score 🎬 #Action #Drama #War #Adventure 🗓 2006 🎞 movie 🌎 #China #Japan #SouthKorea #HongKong #Netherlands ⏰ 2 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ်။ ဒီရုင်ရှင်ထဲမှာတော့ ရှေးခေတ်စစ်ပွဲတွေမှာ ထိုးစစ်ဆင်တဲ့ဘက်နဲ့ ခုခံကာကွယ်တဲ့ဘက်တို့ရဲ့ စစ်သူကြီးတွေ၊ တပ်မှူးတွေရဲ့ စစ်ရေးဗျူဟာ‌တွေ၊ နည်းပရိယာယ်တွေကို ရှူစားရမှာပါ။ ဇာတ်အိမ်လည်းကောင်း သရုပ်ဆောင်ပိုင်းလည်း မညံ့တဲ့အပြင် တရုတ်စစ်ပွဲရုပ်ရှင်တို့ထုံးစံအတိုင်း ကြက်သီးထစရာနောက်ခံတေးနဲ့ တိုက်ပွဲဇာတ်၀င်ခန်းတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် စစ်ပွဲရုပ်ရှင်တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အထူးသင့်တော်တဲ့ရုပ်ရှင်တစ်ခုဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။
...

American Cherry (2023) ⭐IMDB: 4.8/10 (155 Votes) 🎬 #Drama #Romance #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြဿနာရှိတဲ့ ဆယ်ကျော်သက်ကောင်လေး ဖင်းက သူရဲ့ ကျောင်းဟောင်းက သူငယ်ချင်း အယ်ဒီတာ အပေါ် ချစ်မိသွားတာကို အယ်လီဇာကိုရော သူ့မိသားစုရော သိလိုက်ရတဲ့ အချိန် ဘာတွေဖြစ်သွားမလဲကို ကြည့်ရမှာပါ မိဘနဲ့ သားသမီးကြားက ပြဿနာတွေ အမေရိကန်မြို့ကျဉ်းကျဉ်းလေးက မိသားစုနေထိုင်မှုတွေပါ မြင်တွေ့ရမှာဖြစ်ပြီး ငြိမ့်ငြိမ့်လေး သွားတဲ့ဇာတ်ကား မို့လို့ မိုးအေးအေးလေးနဲ့ သေချာပေါက်စီးနင်းလိုက်ပါလို့ကောင်းမဲ့ ဇာတ်ကားပါ
...

Panchayat (2020) ⭐TMDB: 79% User Score 🎬 #Comedy #Drama 🗓 2020 🎞 Series 🌎 #India ⏰ 46 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Panchayat (2020-2023)Panchayat (2020)”ရွာပျော်” ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်…။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ “ကိုတင့်တို့ရပ်ကွပ်”ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Doctor Who (2024) ⭐TMDB: 64% User Score 🎬 #Action #Adventure #Drama #SciFi #Fantasy 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 50 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doctor Who (2024) Sci-ficလာကမှာ ဂုရုစီးရီးကြီးဖြစ်တဲ့ Doctor Who… 1960 ကျော်ကာလထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အပိုင်းအများဆုံး scifi serie အဖြစ်လည်းဂင်းနစ်စံချိန်တင်ထားပါတယ် … BBC ရဲ့ ရှေ့ဆောင်လမ်းပြစီးရီးကြီးဖြစ်ခဲ့ပါတယ်..အရှေ့မှာ Doctor Who အတွဲ 14 တွဲအထိထွက်ရှိခဲ့ပြီး အခုက ဇာတ်လမ်းကျောရိုးမပြောင်းလဲဘဲ သရုပ်ဆောင်အသစ်တွေနဲ့ မိတ်ဆက်လာတဲ့အတွက် အရင်စီစဉ်တွေမကြည့်ထားလည်းဒီစီးရီးနဲ့ Doctor Who universe ကိုကောင်းကောင်းနားလည်သွားပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းက ဒေါက်တာဟူးဆိုတာအချိန်ခရီးသွား ဂ်ြုလ်သားတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ စက်ယန္တရားနဲ့ စကြ၀ဠာရဲ့ကြိုက်တဲ့နေရာနဲ့အချိန်ကို ခရီးသွားနိုင်ပြီး အသက်လည်း နှစ်ထောင်ချီနေတဲ့ immortal တစ်ယောက်ပါ သူသေသွားလည်း နောက်ထပ်ပုံစံ ခန္တာအသစ်နဲ့ ပြန်၀င်စားနိုင်တဲ့အတွက် အတော်လေးကြမ်းပါတယ် အခုစီးရီးမှာမြင်တွေ့ရမယ့် ဒေါက်တာဟာလည်း 15 ယောက်မြောက် ဒေါက်တာဖြစ်ပါတယ် …တစ်ပိုင်းနဲ့တစ်ပိုင်း ဖြေရှင်းစရာ ပြဿနာတစ်ခုစီနဲ့သွားတဲ့အတွက်ကြည့်ရတာ အထနှေးပြီးပျင်းတာမျိုးမဖြစ်ရပါဘူး .. သဘာ၀လွန်ဖြစ်ရပ်တွေ ၊.ဂြိုလိသားတွေ ၊.ကမ္ဘာပျက်ကိန်းတွေကနေ လူသားတွေကို ကယ်တင်မယ့် Doctor Who ရဲ့စွန့်စားခန်း‌တွေကို ခံစားကြည့်ကြဖို့ ပြောချင်ပါတယ်
...

Star Wars: Tales of the Empire (2024) ⭐TMDB: 78% User Score 🎬 #Animation #SciFi #Fantasy #Action #Adventure 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 17 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Star Wars: Tales of the Empire (2024) ဒီကာတွန်းစီးရီးကတော့ စတားဝေါ ဇာတ်လမ်းတွေထဲက နာမည်ကြီးမှော်ဆရာမ ဖြစ်တဲ့ Morgan Elsbeth ရဲ့ ဇာတ်ကြောင်းပါပဲ။ သူဟာ Ahsoka စီးရီးမှာလည်း အရေးကြီးတဲ့ ဇာတ်ကောင်ဖြစ်သလို အင်ပါယာနဲ့ ပူးပေါင်းသွားပုံ၊ ဗိုလ်ချုပ်ကြီး သရောင်းနဲ့တွေ့ပုံတွေက စိတ်ဝင်စားဖို့ကောင်းတာကြောင့် စတားဝေါ ဇာတ်လမ်းတွေ အချိတ်အဆက်လေး စုံသွားအောင် တင်ထားပေးလိုက်ပါတယ်။ ၆ ပိုင်းပဲရှိတာမို့ တစ်ထိုင်တည်းကြည့်လို့ရပါတယ်။
...

Fiasco (2024) ⭐TMDB: 64% User Score 🎬 #Comedy 🗓 2024 🎞 Series 🌎 #France ⏰ 39 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fiasco (2024) ၂၀၂၄ ဧပြီလကထွက်ရှိထားတဲ့ Fiasco ပြင်သစ်စီးရီးဟာ Comedy အမျိုးအစားဆိုပေမယ့် ဟားတိုက်ရယ်မောနေရမှာမျိုးမဟုတ်ဘဲ ထေ့လုံးတွေ၊ ပါးနပ်တဲ့ဟာသတွေနဲ့အရည်အသွေးမြင့်တဲ့တင်ဆက်မှုပုံစံတွေကို မှတ်တမ်းရုပ်ရှင်တစ်ခုအသွင်ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။အပိုင်း ၇ ပိုင်းပါဝင်တဲ့ mini-serie ကို ကိန်းရုပ်ရှင်ပွဲတော်မှာလည်းပြသခဲ့ပါတယ်။ Comedy ဖြစ်ပေမယ့် အညှာအတာမရှိတဲ့ရုပ်ရှင်လောကအကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။အဓိကဇာတ်ကောင်ရာဖယ်လ်ဗဲလွန်းဟာ ပြင်သစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ခဲ့တဲ့အဘွားဖြစ်သူကိုဂုဏ်ပြုဖို့ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်ရုပ်ရှင်ရိုက်ကူးမှုကိုစတင်ခဲ့ပါတယ်။ ပထမဆုံးရိုက်ကူးခွင့်ရတဲ့ရုပ်ရှင်ဖြစ်လို့စိတ်လှုပ်ရှားနေတဲ့ရာဖယ်လ်ဟာ ရိုက်ကွင်းကိုရည်မှန်းချက်ကြီးကြီးနဲ့ စွန့်စွန့်စားစားအကောင်အထည်ဖော်ခဲ့ပေမယ့် မထင်မှတ်ဘဲ ရိုက်ကွင်းမှာအလွဲလွဲအချော်ချော်တွေဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် အဖွဲ့သားတစ်ဦးက ရိုက်ကွင်းနောက်ကွယ်ကမသင့်တော်တဲ့ဖြစ်ရပ်တွေကို ခိုးမှတ်တမ်းတင်ထားပြီးရုပ်ရှင်ကိုပျက်စီးရာပျက်စီးကြောင်းကြံစည်လာတဲ့အခါရာဖယ်လ်နဲ့အဖွဲ့ဟာ ဒီသစ္စာဖောက်ကိုဖော်ထုတ်ဖို့ကြိုးစားရင်းရုပ်ရှင်ကိုဘယ်လိုကယ်တင်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။Fiasco စီးရီးဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်း ပြင်သစ်Netflix မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး Globalမှာတော့ နံပါတ် ၇ နေရာမှာ ခြောက်ရက်ကြာအောင်နေရာယူထားနိုင်ခဲ့ပါတယ်။
...

Spartacus (2010-2013) ⭐IMDB: 8.5/10 (258 k Votes) 🎬 #Drama #Action #Adventure #Biography #Romance 🗓 2010-2013 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 55 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spartacus (2010)Spartacus ( 2010 – 2013) Genre – Action, Adventure, Biography IMDb – 8.5/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ) ၁၉၉၀ကျော်ကာလတွေမှာ မွေးပြီး ၂၀၁၀ကျော်လောက်မှာ ခိုးကူးခွေခေတ်ကို ဖြတ်သန်းဖူးတဲ့ဆယ်ကျော်သက်တွေထဲတော့ Spartacusကို မသိတဲ့လူ တော်တော်ရှားလိမ့်မယ်။ အဲဒီခေတ်တုန်းက ကျွန်တော်တို့အတွက်တော့ စပါတာကတ်စ်ကဟာ သောက်ရမ်းသတ် သောက်ရမ်းကြမ်း ဟိုအခန်း ဒီအခန်းတွေ ဖောခြင်းသောခြင်းပါတဲ့ ကားအနေနဲ့နာမည်ကျော်ခဲ့တယ်။သူ့နောက်တော့ Bansheeတို့ ဘာတို့ပေါ့။ အဲဒီတုန်းကတော့ ရုပ်ရှင်ခွေတွေတော့ တော်တော်ပေါပေမဲ့ ကျွန်တော်တို့ဆီတော့ စီးရီးခွေပေါပေါများ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ မနည်းရှာဝယ်ကြည့်ရတာပဲ။ ၂၀၁၄-၁၅ ဝန်းကျင်လောက်ကျတော့ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ Websiteတွေပေါ်နေပြီ။ ကျွန်တော်တို့ဆီတော့ မိတ္တူဆိုင်တွေက သူတို့ Hardiskထဲ အခွေကကားတွေကူးထားတာတွေ , မြန်မာစာတန်းထိုးကားတွေတင်ပေးတဲ့ဆီတွေက ကူးလိုက် ကူးထားတာတွေကို တစ်ကား၂၀၀နဲ့ရောင်းနေပြီ။၂၀၁၆လောက်မှာတော့ ကျွန်တော်တို့တွေ Channel Myanmarကို စသိနေပြီ။ အဲဒီတုန်းကတော့ ရှားလော့တို့ The Shannara Chroniclesတို့ DC’s Legends of Tomorrowတို့လို စီးရီးတွေစတင်နေပြီ။ ခုဆို အရင်တုန်းက သိပ်ပေါပေါများများမတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စီးရီးတွေလည်း တစ်ပတ်တစ်ပတ်ကို ၁၀ခုလောက်နီးနီးတင်နေပြီ။ အကောင်းတွေကြည့်ရတာများတော့ ဟိုးတုန်းက စီးရီးခွေတွေက သိပ်မပေါခဲ့ချိန်တုန်းက ဘယ်စီးရီးကြည့်ကြည့် ကြည့်ကောင်းနေတဲ့အရသာမျိုးတော့ ပြန်မရတော့ဘူး။ စပါတာကတ်စ်ကတော့ ဟိုးတုန်းကလည်း ကြည့်ကောင်းခဲ့သလို ဒီတလော ကျွန်တော်ပြန်ကြည့်ဖြစ်တာမှာလည်း တော်တော်ကြည့်ကောင်းတဲ့ စီးရီးအဖြစ်နဲ့ရှိနေတုန်းပဲ။ ဒီဘက်ခေတ်ထွက်တဲ့ စီးရီးအများစုထက်တော့ သာနေသေးတယ်။စပါတာကတ်စ်ဆိုတဲ့ နာမည်က ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ရဲ့နာမည်။ စပါတာကပ်စ်က 103–71 BCကြားထဲ သမိုင်းမှာ တကယ်ရှိခဲ့တဲ့သူ။ ရောမပြည်ကြီးရဲ့ လှုမှုနဲ့ စီးပွားရေးအတွက် ကျွန်စနစ်က တော်တော်အရေးပါခဲ့တယ်။ အဲဒီကျွန်တွေထဲ အမြင့်ဆုံးအဆင့်က ဂလက်ဒီရေတာတွေ။ ဂလက်ဒီရေတာတွေက သူတို့အတွက် ပိုအရေးပါလောက်မယ်။ ငွေရော ဂုဏ်ရော ပေးနိုင်သကိုး။ ရောမခေတ်က ဂလက်ဒီရေတာသတ်ကွင်းကို ကြည့်ခဲ့ကြတဲ့ ပွဲကြည့်စင်ကြီးဖြစ်ခဲ့တဲ့ ကိုလော့စီယမ် (colosseum)ဟာလည်း ဒီနေ့ထက်ထိ တည်နေပြီး။ ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါနေတာကို ကြည့်ရင် ဂလက်ဒီရေတာတွေဟာ ရောမအတွက် အရေးပါခဲ့တာကို မြင်သာပါတယ်။ ကျွန်တွေဟာ ရောမကို ခဏခဏအာခံခဲ့ကြပေမဲ့။ Third Servile Warခေါ် Gladiator War ခေါ် the War of Spartacusကပဲ ရောမပြည်ရဲ့အချက်အချာဖြစ်တဲ့ အီတလီကို တုန်လှုပ်စေခဲ့တယ်။ အဲဒီစစ်ပွဲမှာ ပုန်ကန်ခဲ့ကြတဲ့ ကျွန်ခေါင်းဆောင်တွေထဲက တစ်ယောက်က စပါတာကတ်စ်ပါပဲ။ ကားလ်မာ့စ်ကလည်း စပါတာကတ်စ်ကို “the most splendid fellow in the whole of ancient history” လို့ ပြောခဲ့ဖူးတယ်။ ဒီစပါတာကတ်စ် စီးရီးကလည်း တကယ်ရှိခဲ့တဲ့ စပါတာကတ်စ်ရဲ့ သမိုင်းကို အခြေခံပြီး ကွန့်ထားတဲ့ စီးရီးပါပဲ။ ပရိုဂျူဆာတွေဟာ စပါတာကတ်စ်ရဲ့ သမိုင်းမှတ်တမ်းတွေကို လေ့လာပြီး ဒီစီးရီးကို ပုံဖော်ခဲ့ကြတယ်။ စပါတာကတ်စ်စီးရီးဟာ ဆီဆန်၃ခုထွက်ခဲ့ပြီး ဒီ၃ခုမှာ စပါတာကတ်စ်ရဲ့ ဂလက်ဒီရေတာဘဝရောက်လာပုံကနေ ကျွန်တွေကို စုစည်းပြီး ရောမကိုပုန်ကန်ခဲ့ပုံတွေရော ဘဝနိဂုံးအထိရော ပုံဖော်ထားခဲ့တယ်။ စပါတာကတ်စ်ဟာ ကျွန်တကာထဲကမှ ဂလက်ဒီရေတာကွင်းထဲ ကွပ်မျက်ခံရဖို့ အထည့်ခံရတဲ့ အဆိုးဆုံးကျွန်အဆင့်ကနေ ရောမရဲ့ ဒဏ္ဍာရီတစ်ခုလိုအဖြစ် နတ်ဘုရားတွေစောင်မခြင်းခံရတဲ့သူအဖြစ်ကို ဘယ်လိုရောက်လာလဲ စိတ်လှုပ်ရှားစရာ သတ်ပွဲတွေနဲ့အတူတူ တစ်ဆင့်ခြင်း ဒီစီးရီးမှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။စပါတာကတ်စ်စီးရီးဟာ ဆီဆန်၃ခုနဲ့ Prequelတစ်တွဲထွက်ခဲ့ပြီး။ Spartacus: Blood and Sand ( 2010 ), Spartacus: Vengeance (2012 ) , Spartacus : War of the Damned ( 2013 ) တို့ကတော့ မူလ အတွဲတွေဖြစ်ပြီး Spartacus: Gods of the Arena (2011)ကတော့ Lentulus Batiatusရဲ့ ပထမဆုံးဂလက်ဒီရေတာ Gannicus အကြောင်းပါပဲ။ စပါကတ်စ်စီးရီးနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာတစ်ခုကတော့ Spartacus: Blood and Sandကိုရိုက်ပြီးတဲ့နောက်မှာ စပါတာကတ်စ်မင်းသား Andy Whitfieldဟာ ပြန်ရည်ကျိတ်ကင်ဆာဖြစ်ပြီး နောက်အတွဲတွေကို ဆက်မရိုက်နိုင်တော့တာပါပဲ။ ဒါကြောင့်ပဲ ၂၀၁၁မှာ ဒုတိယတွဲမထွက်ဘဲ Prequelထွက်ခဲ့ရတာပါပဲ။ ဒီရောဂါနဲ့ပဲ ၂၀၁၁မှာပဲ အန်ဒီဟာ ဆုံးပါးသွားခဲ့တယ်။ Starzက Liam McIntyreကို နော...

Anna (2019) ⭐IMDB: 6.6/10 (96 k Votes) 🎬 #Action #Thriller 🗓 2019 🎞 movie 🌎 #France #UnitedStates #Canada #Russia #Guadaloupe #Serbia #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anna (2019) IMDb Rating (6.6) မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ ဇာတ်လမ်းကတော့…. အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာ သူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ် ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက် သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ…. သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ.. သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ.. အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေ နိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။ စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။
...

October (2018) ⭐IMDB: 7.5/10 (18 k Votes) 🎬 #Bollywood #Drama #Romance 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (Blu Ray 1080p Quality Update) အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီးRotten tomato ကတော့ 86% ရရှိထားပါတယ်။ Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီးအဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကိုRomance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။ လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။ အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက်ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့်အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)
...

Nalla Nilavulla Rathri (2023) ⭐IMDB: 5.2/10 (318 Votes) 🎬 #Action #Bollywood #Comedy #Drama #Uncategorized #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nalla Nilavulla Rathri (2023)”မာယာဝဲဂယက်”===================================== နာမည်ကြီး မာလျာလမ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားကြတဲ့သည်းထိတ်ရင်ဖို တောင်ပိုင်းရုပ်ရှင်ကောင်းတစ်ခုကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲအော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။ စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်းကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်းအဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။ အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာတစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Mr. Bachelor (2023) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 # ⏰ 2 နာရီ 15 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr.Bachelor (2023) “၃၁ယောက်မြောက် သတို့သမီး” ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက်ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်တယ်။ သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကိုကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းကမက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီးမိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။ အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကိုကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Star (2024) ⭐IMDB: 7.1/10 (943 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Star 2024 (မင်းသားရူးကာလိုင်) ယခုတစ်ခါမှာတော့ IMDb 7.2/10 ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးတစ်ယောက်ရဲ့ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကာလိုင်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ဘက်မှာ ဝါသနာပါပြီးတော့တမီးလ်ရုပ်ရှင်လောကမှာ နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူ ဘယ်လောက်တောင်ဝါသနာပါလဲဆိုရင် သူ့ကို လူတွေက ဟီးရိုးဆိုပြီးတော့ခေါ်ကြတဲ့အထိပါပဲ။ ဒီလို ဝါသနာထုံတဲ့ကာလိုင်ကို အဖေဖြစ်သူကလည်း အနောက်ကနေ အမြဲတမ်း ပံ့ပိုးပေးခဲ့ပေမယ့်မိခင်ဖြစ်သူကတော့ ကာလိုင်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်နေခဲ့ပါတယ်။ သို့ပေမဲ့လည်းကာလိုင်လေးဟာ သရုပ်ဆောင်ပိုင်းကိုပဲ ဝါသနာထုံနေတော့ သရုပ်ဆောင်လိုင်းဘက်ကိုပဲမရောက်ရောက်အောင် ကြိုးစားရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အချိန်မှာတော့ ……မင်းသားဖြစ်ဖို့ ကြိုးစားနေရင်း အချစ်နဲ့တွေ့လာတဲ့အခါမှာတော့ …..ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ …. မင်းသားဖြစ်ဖို့ကြိုးစားတဲ့လမ်းမှာရော ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Apocalypse Now (1979) ⭐TMDB: 83% User Score 🎬 #Drama #Mystery #War 🗓 1979 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 2 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apocalypse Now (1979)=================IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင်God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီးခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေအလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေအကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်းစကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်းမထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်းရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကိုအမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာကခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေကပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားကအမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလိုပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီးပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်…လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်….အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင်ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာတစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကိုအထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီးတောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်ကဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာစီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်းပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာအရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြားဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားကမျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာကကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်ကဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီးသူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ကျွန်တော်ကြားနေရတယ်။အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင်အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မ...

Under Paris (2024) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Action #Drama #Horror #Thriller #Mystery #Sport 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 45 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Under ရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thriller အမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့် အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွ လှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင် ရောက်နေတာကို သိရှိလိုက်ရပါတယ်။ အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးက သားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့ မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပ သွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင် ကြိုးစားကြရပါတော့တယ်
...

Varshangalkku Shesham (2024) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valshangakku shesham 2024(ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့်IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှစိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီးသရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့ကအဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း)မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလိုဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခုရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားကသူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင်သူတို့နှစ်ဦးရဲ့characterdevelopment တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ်စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင်ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)
...

Operation Scorpio (1992) ⭐TMDB: 63% User Score 🎬 #Action #Comedy 🗓 1992 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 40 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ကွန်ဖူးကားဟောင်းလေးတစ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်ပြီးတော့သားကိုဆရာဝန်တစ်ယောက်ဖြစ်စေချင်တဲ့အဖေဖြစ်သူဖေ့ချိုင်နဲ့ ကွန်ဖူးသိုင်းပညာတွေကိုသာစိတ်ဝင်စားတဲ့သားဖြစ်သူဖေ့ယွိရှူးတို့ သားအဖ၂ယောက်ရှိကြတယ်။ ဒဏ္ဍာရီထဲကသူရဲကောင်းတွေလို မတရားမှုမှန်သမျှကိုဝင်ကယ်ချင်တဲ့ဖေ့ယွိရှူးကြောင့် ပြဿနာတွေခဏခဏကြုံပြီး တစ်နေ့မှာတော့စီးပွားရေးသမားတစ်ယောက်အိမ်ကို လိင်ကျွန်အဖြစ်ပို့ခံရတော့မယ့်အစေခံမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသားအဖနှစ်ယောက်ဟာအိမ်ကရှောင်ပြေးခဲ့ရတဲ့အထိဒုက္ခကြုံလာခဲ့တယ်။ မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ အားယီးဆိုတဲ့အမဲသားဆန်ပြားကြော်ဆိုင်မှာခဏခိုလှုံခွင့်ရခဲ့ကြတယ်။ ဖေ့ယွိချိုင်ရဲ့သူရဲကောင်းဖြစ်ချင်စိတ်ဟာပိုပြီးပြင်းပြလာခဲ့ပါတယ်။ ကွန်ဖူးသိုင်းတွေကိုရူးသွပ်တဲ့ကောင်လေးတစ်ယောက်ကမိန်းကလေးတွေကိုလိင်ကျွန်အဖြစ်ရောင်းဝယ်ဖောက်ကားနေတဲ့ အဖွဲ့အစည်းကိုတွန်းလှန်ပစ်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
...

The Strangers: Chapter 1 (2024) ⭐IMDB: 4.8/10 (7 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Spain #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာရုပ်ရှင် အသစ်ကောင်းတာလေး ထွက်ပါတယ်။ ဒီကားက အဆက်လည်းထွက်ဦးမှာဖြစ်ပြီး နောက်တစ်ကားဆို ပိုကြမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း **************** စုံတွဲတစ်တွဲက ၅ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံထဲကို ကားပတ်မောင်းကြတယ်။ ထုံးစံအတိုင်း လူနည်းစုလေးပဲ နေတဲ့ မြို့ကိုရောက်သွားတယ်၊ ကားပျက်သွားတယ်၊ အိမ်ငှားပြီး ညအိပ်ရတယ်။ ညကျတော့ မျက်နှာဖုံးနဲ့လူတစ်စု ရောက်လာပြီး လိုက်သတ်တယ်။ အဓိကကတော့ ဘယ်သူတွေက ဘာလို့ ဒီလိုလုပ်ရပြီ သူတို့စုံတွဲ လွတ်အောင်ဘယ်လိုရုန်းရမလဲ ပြထားတာပါပဲ။ ကြည့်ကြည့်ကြပါဦး။
...