es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Bad CGI Gator (2023) ⭐IMDB: 4.4/10 (185 Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ကြည့်ရှုသူပရိသတ်ကြီးကို ဇာတ်ညွှန်းရေးဆရာZalman ရေးဖွဲ့ထားပြီး ဒါရိုက်တာ Danny Draven ကရိုက်ကူးပုံဖော်ထားတဲ့ Bad CGI Gator ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားက နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြတဲ့ ကောလိပ်ကျောင်းသား ခြောက်ယောက်အပန်းဖြေခရီးထွက်လာကြပုံကို ဇာတ်အိမ်တည်ထားပြီး မင်းသားMichael Bonini နဲ့မင်းသမီး Maddle Lane တို့တစ်တွေ ပါဝင်အားဖြည့် သရုပ်ဖော်ထားပါတယ် ဇာတ်လမ်းအစမှာ ဆမ်တို့သူငယ်ချင်းတစ်တွေ ချက်ဒ်ရဲ့ဦးလေးအိမ်ကို နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်လာကြပုံနဲ့ အစပျိုးထားပြီး ဇာတ်လမ်းက ပိုင်စ်လေ့ လို့ခေါ်တဲ့ တစ်တော့ဆယ်လီ ဖြစ်ချင်နေတဲ့ သူငယ်ချင်းမလေးတစ်ယောက်က ကျောင်းသုံးလက်တော့ပ်တွေကို အောင်မြင်ကျော်ကြား နာမည်ကြီးဖို့အတွက် ရေကန်ထဲကိုလွှင့်ပစ်လိုက်ရာကနေ မထင်မှတ်ဘဲ ဧရာမလူသားစားမိကျောင်းကြီးအဖြစ် ပြောင်းလဲသွားရာကနေ စပါတယ် အဲ့နောက် ဘာတွေဆက်ဖြစ်ကြမလဲ သူတို့တွေကရော ဒီမိကျောင်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ပါ့မလား ဒီမိကျောင်းကြီးလက်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Comedy&Horror အမျိုးအစားကိုမှကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ချစ်ပရိသတ်တွေ အလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်...

The Courier (2012) ⭐TMDB: 49.0% User Score 🎬 #Action #Crime #Drama #Uncategorized #Mystery #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Courier (2012)============== ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Dramaကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်းမှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ်လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက်သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ်ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။ လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှမပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်းနဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ်မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတစ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

My Teacher, My Obsession (2018) ⭐IMDB: 4.4/10 (3 k Votes) 🎬 #Drama #Thriller #TVMovie 🗓 2018 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Teacher, My Obsession (2018)========================= “ချစ်ရသော ကျွန်မရဲ့ဆရာ… ရင့်ကျက်ပြီးယောက်ျားပီသတဲ့ပုံစံမို့ စွဲလန်းခဲ့တာမှားသွားလား ? တကယ်ဆို တွေ့တာနောက်ကျခဲ့တာပဲရှိတာပါ။ လွဲချော်ခဲ့တဲ့အချိန်တွေကို ပြန်အစားထိုးနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ ကျွန်မအတွက် ရလာတဲ့ရလာဒ်က ရူးနေပြီတဲ့လား။ ကျွန်မရူးတယ်ဆိုရင်လည်း အချစ်ရူးပဲဖြစ်မှာပါလေ…(ကိုင်လာ) “ အိမ်ထောင်ရေးပြသာနာကြောင့် ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာကြတဲ့ခရစ်နဲ့ ရိုင်လီတို့သားအဖနှစ်ယောက်။ ခရစ်က ရိုင်လီတို့အင်္ဂလိပ်စာအတန်းမှာစာသင်ရတဲ့ ကျောင်းဆရာဖြစ်ပြီး အရမ်းချောတဲ့ဆရာအသစ်ဆိုပြီး ကျောင်းသူတွေကြားမှာ အာရုံစိုက်ခံရတဲ့ဆရာပေါ့။ ရိုင်လီကတော့ အဖေ့ကြောင့်သာ နေရာအသစ်ကိုပြောင်းခဲ့ရပေမယ့် နေသားမကျသေးတဲ့ ကျောင်းသူသစ်တစ်ယောက်။ အနေစိမ်းစိမ်းဖြစ်နေတဲ့ ကျောင်းသူအသစ်ကို အတန်းဖော်ကိုင်လာက နွေးနွေးထွေးထွေး ကြိုဆိုကူညီပေးခဲ့ပါတယ်။ အမြဲတမ်းတစ်ယောက်တည်းပဲနေတတ်ပြီး ကင်မရာတစ်လုံးနဲ့ပဲ အချိန်ဖြုန်းနေတာကြောင့် သူငယ်ချင်းမရှိတဲ့ ကိုင်လာကရိုင်လီနဲ့အမြဲတမ်းတွဲနေခဲ့ပါတယ်။ သူလိုချင်တဲ့အရာကို ရအောင်လိုချင်တဲ့ ကိုင်လာက အင်္ဂလိပ်ဆရာလည်းဖြစ်၊ သူငယ်ချင်းရဲ့အဖေလည်းဖြစ်တဲ့ ခရစ်ကို သူဘယ်လိုမျိုးစွဲလန်းခဲ့လဲ၊ လိုချင်တာကိုရအောင် ဘယ်လိုမျိုးအရယူခဲ့လဲ စတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ပြထားတာမို့ ဆက်ကြည့်လိုက်ပါဦးနော်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...

Valhalla Rising (2009) ⭐TMDB: 61.0% User Score 🎬 #Action #Adventure #Drama #Fantasy 🗓 2009 🎞 movie 🌎 #Denmark #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

All Ladies Do It (1992) ⭐TMDB: 48.0% User Score 🎬 #Adult #Comedy #Drama 🗓 1992 🎞 movie 🌎 #Italy ⏰ 1 နာရီ 37 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ထုံးစံ အတိုင်း အရမ်းကြမ်းတဲ့ အိမ်ထောင်ရေး ရုပ်ရှင်တစ်ကားကို ၃ ကြိမ်မြောက် ထပ်မံ ဘာသာပြန်ပေးလိုက်ပါပြီ … အိမ်ထောင်ရေး ပညာပေး ဇတ်လမ်း တစ်ခုဖြစ်ပြီး မိန်းမဖြစ်သူမှာ ယောက်ျား ဖြစ်သူထံမှ စိတ်ကျေနပ်မှု မရ၍ အပြင်တွင် တစိမ်းယောင်္ကျား များဖြင့် ခြေလိမ်ရှုပ်သော ဇတ်လမ်းဖြစ်ပါတယ်…. အရမ်းကောင်းတယ် ကြည့်ပါ လို့ပဲ ပြောချင်ပါတယ် ကြည့်လိုက်လို့ နောင်တ မရစေရပါဘူး...

Love at First Like (2023) ⭐IMDB: 6.1/10 (83 Votes) 🎬 #Comedy #Romance #TVMovie #Drama 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

The Last Station (2009) ⭐TMDB: 64.0% User Score 🎬 #Biography #Drama #Romance 🗓 2009 🎞 movie 🌎 #Germany #UnitedKingdom #Russia #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်...

Supercop 2 (1993) ⭐TMDB: 56.0% User Score 🎬 #Action #Asian #Comedy #Crime #JackieChan #Thriller #Adventure 🗓 1993 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ…….. ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ……. အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ...

Elvis & Anabelle (2007) ⭐TMDB: 68.0% User Score 🎬 #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Elvis & Anabelle (2007)=================IMDb Rating – 7.1/10 အလှမယ် အန်နာဘဲလ်က Miss Taxas Rose အဖြစ် သရဖူရပြီးစက္ကန့်ပိုင်းမှာပဲ မေ့လဲပြီး သေဆုံးသွားခဲ့တယ်။ အလှမယ်သေဆုံးကြောင်း သတင်းတွေလည်းပြန့်နေပြီး သုဘရာဇာလုပ်တဲ့ ဆယ်ကျော်သက်ကောင်လေး အယ်လ်ဗစ်က အန်နာဘဲလ်အလောင်းကိုဆေးစီရင်ဖို့လုပ်နေချိန်ပဲ အန်နာဘဲလ်က ရုတ်တရက်ကြီး အသက်ရှင်ပြီး ထလာခဲ့တယ်။ နောက်ပိုင်းမှာတော့ သေရွာကပြန်လာတဲ့ အန်နာဘဲလ်တစ်ယောက်သူ့အမေရဲ့ထိန်းချုပ်မှုအောက်ကလွတ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့စိတ်ကူးနဲ့ အိမ်ကထွက်ပြေးပြီး အယ်လ်ဗစ်ဆီ သွားပါတော့တယ်။ နောက်ပိုင်း သူစိမ်းတွေဖြစ်တဲ့ အယ်လ်ဗစ်နဲ့အန်နာဘဲလ်တို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲ​ဆိုတာကို ဒီအချစ်ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Emmanuelle 3 (1977) ⭐TMDB: 44.0% User Score 🎬 #Adult #Drama #Romance 🗓 1977 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Goodbye Emmanuelle (1977) တတိယ‌မြောက်ဇာတ်လမ်းဖြစ်တဲ့ Goodbye Emmanuelle မှာတော့ အီမန်နျူရယ်နဲ့ သူ့ခင်ပွန်းတို့ဟာ ဆေရှဲလ် နိုင်ငံဘက်မှာဆက်ပြီး အချစ်စွန့်စားခန်းဖွင့်ကြပါတယ်။ ထုံးစံအတိုင်း လူပုဂ္ဂိုလ်အသစ် အတွေ့အကြုံအသစ်တွေနဲ့ကြုံဆုံရပြီး သူတို့ကျွန်းပေါ်မှာ ရိုက်ကွင်းလာရှာတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အီမန်နျူရယ်ဇာတ်လမ်းစမိချိန်မှာ အရင်နဲ့မတူ တမူထူးခြားတာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အီမန်နျူရယ်ဟာ ဒါရိုက်တာကို အစွဲကြီးစွဲလန်းမိသွားပြီး သဒ္ဒါစိတ်ယိုဖိတ်သွားခဲ့သလို အရင်ချစ်မှုရေးရာတွေမှန်သမျှ ပေါ်တင်ခွင့်ပြုပေးခဲ့တဲ့ သူ့ခင်ပွန်းကိုယ်တိုင်ကပါ မနာလိုမှုတွေဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒါဟာ သူတို့ရဲ့ဇာတ်လမ်းအတွက် တကယ်အဆုံးသတ်ဖြစ်လေမလားဆိုတာ ဆက်လက်ရှုစားကြပါ… (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

The Tripper (2006) ⭐TMDB: 49.0% User Score 🎬 #Comedy #Horror 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tripper (2006)=============== လွတ်လပ်မှုကို မြတ်နိုးတဲလူငယ်တစ်သိုက်… ဆေးချမယ်၊ သောင်းကျန်းမယ်၊ကာမဂုဏ်ခံစားမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ကိုယ်ကြိုက်တာလုပ်ခွင့်ရှိမယ်။အဲ့ဒါမျိုးက လွတ်လပ်မှုလား၊ အထိန်းအချုပ်မဲ့တာလား၊ ကောင်းတာလား၊ ဆိုးတာလား၊ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ထဲမှာတော့ လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုပြီးဟစ်ကြွေးနေကြတဲ့ လူငယ်အုပ်စု ဒုက္ခလှလှတွေ့ရပုံလေး ရိုက်ကူးထားပါတယ်။ ဆမန်သာတို့လူငယ်အုပ်စုလေးကတော့ တောအုပ်ထဲမှာဖျော်ဖြေပွဲတစ်ခုကိုဆင်နွဲဖို့ချီတက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲဆိုပေမယ့်လည်း မူးယစ်ဆေးဘာညာအကုန်လုပ်မယ့်ပွဲလေးပါ။ ဆမန်သာက မသွားချင်ပေမယ့် သူ့ရည်းစားဟောင်းလက်ထဲကနေလွတ်ဖို့ လိုက်လာခဲ့ပါတယ်။ တောထဲရောက်တော့ သူငယ်ချင်းငါးယောက်ပေါင်းပြီး ဆေးတွေကွဲလိုက်ကြတာ မြင်လို့မှမကောင်း… သူတို့တင်ပဲမဟုတ် တစ်ခြားလူငယ်တွေလည်း အပျော်ကြူးကုန်ကြပါပြီ။ ဒါပေမဲ့ ဖျော်ဖြေပွဲနဲ့မလှမ်းမကမ်းနေရာကနေ အလောင်းတစ်လောင်းကို စတွေ့ပါတော့တယ်။ညနေပိုင်းရောက်တော့ နောက်ထပ်အလောင်းတစ်လောင်းထပ်တွေ့တော့ ပါတီပွဲကိုဖျက်သိမ်းဖို့လုပ်ပါတော့တယ်။ လူငယ်တွေလည်း အထိတ်တလန့်ဖြစ်ကုန်ကြပြီး ဆမန်သာတို့သူငယ်ချင်းအုပ်စုကလည်း အဖွဲ့ကွဲသွားတဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်….(သွေးသံရဲရဲတွေပါဝင်တာမို့ နှလုံးအားကောင်းသူများသာ ကြည့်ရှုသင့်ပါတယ်ခင်ဗျ ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...

I Don't Expect Anyone to Believe Me (2023) ⭐IMDB: 5.8/10 (311 Votes) 🎬 #Comedy #Thriller #Crime #Drama 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Don’t Expect Anyone to Believe Me (2023)================================ စပိန်စကားပြော Netflixရုပ်ရှင်ကားကောင်းလေးတစ်ကားပါ။Crime ရုပ်ရှင်‌တွေမှာ စပိန်ရုပ်ရှင်တွေဟာ ရိုက်တာအကွက်စေ့လွန်းပြီး ဆရာကျလွန်းတယ်လို့ ထင်မိတယ်။ Money heist စီးရီးကသက်သေပါပဲ။ အခုရုပ်ရှင်မှာလည်း money heist ထဲက ပရောဖက်ဆာလို ဉာဏ်အရမ်းကောင်းတဲ့ ဟွမ်ပါဘလိုဆိုတဲ့ကောင်လေးရှိပါတယ်။ သူက ပရောဖက်ဆာ PhD ဘွဲ့ယူရင်း စာတမ်းပြုစုဖို့ ဘာစီလိုနာကိုကျောင်းလာတက်တဲ့သူပါ။ သူ့မိသားစုတွေကတော့ သူ့လိုရိုးရှင်းတဲ့သူတွေမဟုတ်ဘူး။ သူ့အစ်ကို၀မ်းကွဲဖြစ်သူက မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ သွားငြိပြီး ဟွမ်ပါဘလိုကို စပိန်အမတ်ရဲ့ သမီးနဲ့ ဇာတ်လမ်းဖြစ်အောင်လုပ်ခိုင်းပြီး မလုပ်ရင် သူ့အစ်ကိုကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ဟိုတယ် စာမှစာပဲလုပ်တဲ့ လူရိုး‌လေးဆိုပေမယ့် ခေသူတော့မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သူ့မိသားစုနဲ့အစ်ကိုကို ဘယ်လိုကယ်တင်ပြီးဒုစရိုက်သမားတွေနဲ့အကွက်စေ့စေ့ ရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...

The Christmas Pledge (2023) ⭐IMDB: 4.9/10 (73 Votes) 🎬 #Romance #Drama #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Christmas Pledge (2023)===================== ခရစ်စမတ်ရာသီရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နှင်းတွေနဲ့အတူ လွင့်ပါလာခဲ့ပါပြီ။ ဂျွန်ကတော့ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကွာရှင်းခဲ့ကြပြီး ဓနရှင်ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေလာခဲ့ရတဲ့ကောင်မလေးပါ။ လေယာဉ်တည်ဆောက်မှုပညာရပ်ကို အရမ်းစိတ်ဝင်စားပြီး ထဲထဲဝင်ဝင်လေ့လာသင်ယူထားတဲ့သူလေးပေါ့။ တစ်ရက်မှာတော့ သူကျောင်းကိုအသွား ပြုတ်ကျလာတဲ့ လေယာဉ်ပုံစံငယ်လေးနဲ့ ဆုံ‌တွေ့ခဲ့တယ်။ အဲဒီလေယာဉ်လေးကို ပစ်လိုက်တဲ့သူကတော့ဒက်ကလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တဲ့။ စာမေးပွဲမှာ အဆင့်ကောင်းဖို့လောက်ပဲတွေးပြီး လေယာဉ်ကို အဖြစ်သာတည်ဆောက်ထားတဲ့သူပေါ့။ ဒီလိုနဲ့ပဲ လေယာဉ်တည်ဆောက်ရေးပညာဆရာမလေးဂျွန်ဆီကနေ တွေ့တွေ့ချင်း လက်ချာတွေ ပေးခံရတယ်ဆိုပါတော့။ ဘုနဲ့ဘောက်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ကံကြမ္မာက ဖန်တီးလာလေတော့ ဘွဲ့ယူတာတောင် ဘေးချင်းကပ်ထိုင်ခဲ့ကြရပြီး ရေစက်လေးက အလုပ်ခွင်ထဲထိ ပါလာခဲ့ပြန်ပါတယ်။ ‘ချစ်ခြင်းအစ မုန်းခြင်းက’ဆိုတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ လိပ်ပြာလေးတွေ ဘယ်လိုပျံလာကြမလဲဆိုတာကိုတော့ စောင်လေးခြုံရင်း ကြည့်လိုက်ကြရအောင်ပါပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Kine Soe, June တို့ ဖြစ်ပါတယ်)...

EXmas (2023) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 EXmas (2023)=========== ဒီဇာတ်လမ်းမှာ ဂရေဟမ်က မကြာသေးခင်ကမှ သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးနဲ့ပြတ်ပြီး အသည်းကွဲရင်း အလုပ်တွေနဲ့ပိနေခဲ့တယ်။အဲဒီအချိန် ခရစ္စမတ်ကို အရမ်းသဘောကျတဲ့ သူ့မိဘတွေက ဂရေဟမ်ကို ခရစ္စမတ်ပိတ်ရက် အလည်လာဖို့ပြောတော့ အစက အလုပ်မအားလို့ငြင်းခဲ့သေးတယ်။ ဒါပေမဲ့ နောက်တော့ သူ့ဘဝကြီးက အသည်းကွဲဒဏ်၊ အလုပ်ဒဏ်နဲ့ အတော်ပျက်ဆီးနေတာ သူ့ကိုယ်သူနားလည်သွားပြီးခရစ္စမတ်မှာ သူ့မိသားစုနဲ့ ပျော်ပျော်ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ သူ့မိဘတွေဆီ လေယာဥ်နဲ့သွားပြီး သူ့အိမ်ကိုမပြောမဆို ရောက်ချလာမှ မြင်လိုက်ရတာက သူ့ Exက သူ့အိမ်မှာ သူ့မိဘတွေနဲ့ ခရစ္စမတ်ပျော်နေတာပါပဲ။ နောက်တော့ ဂရေဟမ်တစ်ယောက် သူ့ Ex နဲ့ ဘယ်လိုတွေပြိုင်ဆိုင်ပြီး ရန်ဖြစ်မလဲဆိုတာကို ဟာသပေါင်းစုံနဲ့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Unknown: The Lost Pyramid (2023) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Documentary #History 🗓 2023 🎞 movie 🌎 #UnitedStates #Egypt #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Unknown: The Lost Pyramid (2023)IMDb – 6.7 2023 ခုနှစ်အတွက် Netflix ထုတ် History Documentary ရုပ်ရှင်အသစ်စက်စက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အီဂျစ်နိုင်ငံ၊ ဆီခါရာဒေသမှာ ရှိနေတဲ့ သဲကန္တာရကတော့ အီဂျစ်ရှေးဟောင်းသုတေသနညာရှင်တွေအတွက် မျက်စိကျစရာနေရာတစ်ခုပါ။ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဟောင်းတစ်ဖြစ်လဲ ကမ္ဘာကျော် ဂန္တဝင် ရှေး/သု ပညာရှင်ကြီးတစ်‌ယောက်ဖြစ်တဲ့ ဒေါက်တာ ဇာဟီ ဟာဝါ့စ် ကတော့ ဆီခါရာဒေသရဲ့ ကန္တာရထဲမှာ သူအနှစ်နှစ် အလလ မက်ခဲ့ရတဲ့အိပ်မက်ထဲက ဟူနီဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ပိရမစ်ကြီးကို ရှာဖွေတူးဖော်နေပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့တပည့်လည်းဖြစ် ပြိုင်ဘက်လို့လည်း ပြောလို့ရတဲ့ ကမ္ဘာကျော် ရှေး/သု ပညာရှင် ဒေါက်တာ မိုစတာဖာ ဝါဇီရီက ရှေးဟောင်းသင်္ချိုင်းမြေမှာရှိနေပြီး ဖောက်ထွင်းမခံရသေးတဲ့ ဂူသင်္ချိုင်းတွေကို လိုက်လံတူးဖော်နေပါတယ်။ တစ်နှစ်မှာ အချိန် (၉) လပဲတူးလို့ရပြီး ရာသီဥတုကြောင့် (၃) လတိတိ တူးလို့မရပဲနားထားရတဲ့ သဲကန္တာရအခြေအနေမျိုးမှာ ကမ္ဘာကျော် ရှေး/သု ပညာရှင်ကြီးနှစ်ယောက်၊ ဘယ်သူက သမိုင်းတွင်မဲ့ ရှာဖွေတွေ့ရှိမှုကြီးကို အရင်ဖော်ထုတ်ပြနိုင်မလဲဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ 2022 ခုနှစ်ကမှ အသစ်ထပ်မံ တွေ့ရှိထားတဲ့ မံမီရုပ်အလောင်းတွေနဲ့ ဝါဇီရီ ကျူစာလိပ်အကြောင်းတွေပါ ပါဝင်တဲ့အပြင် ရှေးခေတ်အီဂျစ်ပြည်ရဲ့ သမိုင်းကြောင်းနဲ့ ယုံကြည်မှုတွေ၊ သဲကန္တာရထဲမှာ ပိရမစ်တွေနဲ့ ဂူသင်္ချိုင်းတွေ ရှာဖွေတူးဖော်ကြပုံကို မှတ်တမ်းရုပ်ရှင်အ‌နေနဲ့ ရိုက်ကူးထားတာဖြစ်လို့ အီဂျစ်နဲ့ ပတ်သတ်တဲ့ မှတ်တမ်းရုပ်ရှင် သဘောကျသူတွေအတွက် ‌အတော်လေးကြည့်လို့ကောင်းစေတဲ့ မှတ်တမ်းရုပ်ရုပ်ကားကောင်းတစ်ကားပါပဲဗျ။...

Doom Patrol (2019-2023) ⭐IMDB: 7.8/10 (59 k Votes) 🎬 #SciFi #Fantasy #Drama #Action #Adventure #Comedy #Mystery 🗓 2019-2023 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 54 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doom Patrol Season 1 (2019)Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ Your browser does not support the video tag.ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ…ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတိူ့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။...

BJJ: Woman on Top (2023) ⭐IMDB: 5.9/10 (49 Votes) 🎬 #Adult #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 BJJ: Woman on Top (2023) BJJ ဆိုတာ Brazilian Jiu-jitsu ကိုဆိုလိုပါတယ်။ အားလုံးထင်ထားသလိုတော့မဟုတ်ပါဘူး။ အဲလိစ်က သူ့အဖေသေဆုံးမှုကြောင့် စိတ်ဓာတ်ကျအားငယ်နေရတဲ့ကြားထဲ ပါတီတစ်ခုမှာ ဆေးခတ်ပြီး မုဒိမ်းကျင့်ခံလိုက်ရချိန်မှာတော့ ကိုယ်စိတ်နှလုံးဂျူံးဂျူံးကျပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲတဲ့အထိ ဖြစ်သွားခဲ့တဲ့ စိတ်ဒဏ်ရာရှင် ကောင်မလေးတစ်ယောက်ပါ။ သူ့ကို ငယ်ဘဝကတည်းက ချစ်ရေးဆိုခဲ့တဲ့ သူငယ်ချင်း မာကိုရှိပေမဲ့ သူငြင်းလိုက်တဲ့နောက်မှာတော့ မာကိုက တစ်ခြားတစ်ယောက်ကိုရွေးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မာကိုရည်းစားကတော့ သူ့ကိုကြုံတာနဲ့ စောင်းမြောင်းတိုက်ခိုက်လေ့ရှိပါတယ်။ အဲဒီလို စိတ်ချမ်းသာစရာမရှိတဲ့သူ့ဘဝကို လူတောတိုးရဲအောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် စေတနာအပြည့်နဲ့ အားပေးကူညီခဲ့တဲ့ ဂျူဂျစ်ဆုနည်းပြလူချောကို အားကိုးပုံအပ်မိချိန်မှာ အဲဒီလူဟာလည်း ဆုံးပါးသွားတဲ့ ဇနီးသည်ကိုအခုထိမမေ့နိုင်သေးတဲ့အတွက် သူ့ကိုအပြည့်အဝမေတ္တာမပေးနိုင်ပြန်တဲ့သူဖြစ်နေတဲ့နောက်တော့… Angela Morena, Alexa Ocampo, Jela Cuenca, Julia Victoria အစရှိတဲ့ မျက်နှာသစ်မျက်နှာဟောင်း အမိုက်စားမင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

MFKZ (2017) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Action #Animation #Comedy #ScienceFiction #Crime #SciFi #Thriller 🗓 2017 🎞 movie 🌎 #France #Japan ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီ Mutafukaz လို့ခေါ်တဲ့ ‌animation ‌ကလဲ အဲဒီလိုပါပဲ။ Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊ သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့ အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့ သူငယ်ချင်းသုံးယောက် ‌Dark Meat City လို့ခေါ်တဲ့ ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့ အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့် ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့ အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်း စော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့ super power တွေရလာပါတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ ‌ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲ ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ‌ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရော ထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ Rating အနေနဲ့လဲ Animation တစ်ကားအနေနဲ့ IMDB 6.7 ရထားတော့ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ မှတ်ချက် – ဇာတ်လမ်းက R-rated ဖြစ်တာကြောင့်ရယ် အရသာမပျက်ရလေအောင် မူရင်းအတိုင်း ခပ်ရိုင်းရိုင်း ဘာသာပြန်ထားတာရယ်ကြောင့် ကလေးများကြည့်ရန် အဆင်မပြေပါခင်ဗျာ။...

Just the Way You Are (2015) ⭐IMDB: 6.3/10 (592 Votes) 🎬 #Drama #Romance #Comedy 🗓 2015 🎞 movie 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲအမျိုးတို့ရေ … ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ … ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ … Just the way you are တဲ့ …. ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ အလောင်းအစားတစ်ခုကြောင့် ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် … ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ … အားပေးကြပါဦးနော်...

Trainwreck (2015) ⭐IMDB: 6.2/10 (141 k Votes) 🎬 #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား “တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့ စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံ ပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့ Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့ နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကို အင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီး Amy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ် Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲက တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်‌မောပြီး ဘဝအမောတွေ ပြေစေမယ့် Rom-Com ရုပ်ရှင်လေးကို ခံစားကြည့်ကြပါဦးနော်...