es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Killer Inside Me (2010) ⭐IMDB: 6.1/10 (35 k Votes) 🎬 #Crime #Drama #Mystery #Uncategorized #Thriller 🗓 2010 🎞 movie 📺 #1080p #720p 💿 607.8 MB ⦿ 1.7 GB 🌎 #UnitedKingdom #Sweden #Canada #UnitedStates ⏰ 1 နာရီ 50 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Killer Inside Me (2010)====================IMDb rating – 6.1/10 ပရိတ်သတ်ကြီးတို့ကိုဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့Thriller ဆန်ဆန်ရိုက်ကူးထားတဲ့ crime ရုပ်ရှင်ကားလေးပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ တက္ကဆက်အနောက်ပိုင်းနယ်မြို့လေးမှာတာဝန်ကျနေတဲ့ ရဲအရာရှိ လုဖော့ဒ်ဟာ သူ့ရဲ့မွေးစားအစ်ကိုဖြစ်သူ မိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းခဲ့ရာကနေ အပျက်မကလေး ဂျိုစီနဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ပါတယ်။ဂျိုစီဆိုတဲ့ ကောင်မလေးကို မြို့ရဲ့မျက်နှာဖုံးလို့ဆိုရမယ့် သူဋ္ဌေးကြီးကွန်ဝေးရဲ့သားဖြစ်သူ အယ်လ်မာကွန်ဝေးက စွဲလမ်းနေခဲ့တော့သားဖြစ်သူကို အဲဒီအပျက်မလေးနဲ့ဝေးသွားအောင်လုပ်ပေးဖို့လုဖော့ဒ်ကို သူဋ္ဌေးကြီးက အကူအညီတောင်းခဲ့ပါတယ်။ အဲဒီလိုကနေ လုဖော့ဒ်နဲ့ ဂျိုစီကြားမှာ သံယောဇဉ်တွေငြိတွယ်သွားခဲ့ပြီးတဲ့နောက်မှာတော့…ဂျိုစီနဲ့ အယ်လ်မာကို သတ်သွားခဲ့တဲ့ တရားခံက ဘယ်သူလဲ၊ အဲဒီအမှုရဲ့ သံသယတရားခံ ဂျွန်နီပါပါကိုယ်တိုင်က ထောင်ထဲမှာ ကြိုးဆွဲချသေသွားခဲ့တာ ဘာကြောင့်လဲ၊ တကယ့် တရားခံအစစ်က အားလုံးထင်မှတ်မထားတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုတာကို သည်းထိတ်ရင်ဖို ဇာတ်လမ်းရဲ့အဆုံးသတ်မှာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...

Maggie Moore(s) (2023) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Comedy #Crime #Mystery #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 527.0 MB ⦿ 966.0 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maggie Moores (2023) ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီးဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။ 2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလားဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။ အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

Dude, Where's My Car? (2000) ⭐IMDB: 5.5/10 (143 k Votes) 🎬 #Comedy #Mystery #SciFi 🗓 2000 🎞 movie 📺 #720p #1080p 💿 924.6 MB ⦿ 1.9 GB 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dude, Where’s My Car? (2000)====================== အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကားကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ်ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်းအစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့“ဂျက်စီနဲ့ ချက်စတာ” ဆိုတာပါပဲ။ ၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆိုပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ်နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချလောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက်ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာတို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက်ရှင်းရပါတော့တယ်။ ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့်မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်းအလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော်ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက်စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှုတွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Kuntilanak 3 (2022) ⭐IMDB: 4.2/10 (167 Votes) 🎬 #Adventure #Fantasy #Horror 🗓 2022 🎞 movie 📺 #720p #1080p 💿 642.9 MB ⦿ 1.3 GB 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kuntilanak 3 (2022) Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။ ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့အင်ဒိုနီးရှားသူလေးဒင်ဒါ‌ကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့်မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်းအိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့…. ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း စပ်စုရင်းနဲ့ ကျောင်းသားတွေ တစ်စတစ်စပျောက်ဆုံးနေကြောင်းနဲ့ကျောင်းသားတစ်ယောက်က ကျောင်းမှာ Kuntilanakကို တွေ့ခဲ့တယ်ဆိုတဲ့သတင်းကို မြင်လိုက်ရပြီး ဒင်ဒါနောက်လိုက်သွားချိန်မှာတော့…. မာသာဟက်တီကျောင်းတော်ကြီးရဲ့ ပဟေဠိတွေကို ဒင်ဒါတို့မောင်နှမ ၃ ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

Andy Somebody (2023) ⭐IMDB: 4.0/10 (77 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 515.3 MB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Andy Somebody (2023) ဒီဇာတ်လမ်းကတော့ သာမန်လူရိုးလူဖြောင့်တစ်ယောက်က ဒုစရိုက်သမားတစ်ယောက်လိုငွေတွေလိမ်လည်ထွက်ပြေးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ဇာတ်လမ်းပေါ့။အန်ဒီက စာရင်းကိုင်တစ်ယောက်ပါ။ သူက ပလတ်စတစ်ဆာဂျင်ဒေါက်တာရှစ်ဖလက်ဆီမှာစာရင်းကိုင်လုပ်တယ်။ဒေါက်တာဆိုလို့အထင်ကြီးမသွားနဲ့ဦး။ ရှစ်ဖလက်ကအခွန်တွေရှောင်တယ် တရားမဝင်ဆေးတွေဖြန့်တယ်ပလတ်စတစ်ဆာဂျင်လုပ်စရာမလိုတဲ့သူတွေကို နတ်သမီးလောက်လှနေရင်တောင် နင်ကဘီလူးမလောက်ပဲလှတယ်ပြင်မှဖြစ်မယ်ဆိုတာမျိုးပြောပြီး ခွဲစိတ်မှုတွေအတင်းလုပ်ခိုင်းတယ်။ အန်ဒီက အဲ့ဒါတွေကိုသဘောမတွေ့ဘူး။ တစ်နေ့တော့ ဒေါက်တာက အခွန်ရှောင်မှုနဲ့ဂျေးထဲအောင်းရခါနီးဖြစ်တော့ အန်ဒီ့ကိုစာရင်းတွေလိမ်လည်ပြီးဆွဲခိုင်းသူလစ်ဖို့ရာကမ်းလွန်အကောင့်တွေအတင်းဖန်တီးခိုင်းလုပ်တယ်။ အဲ့မှာနဂိုထဲကစိတ်ညစ်ပြီးပြေးဖို့ကြံနေတဲ့အန်ဒီကမထူးပါဘူးဆိုပြီး ဒေါက်တာ့ရဲ့ပိုက်ဆံသုံးသန်းကိုယူပြီးပြေးပါလေရော။ဒေါက်တာကလဲ သူ့တပည့်ကျော်စီအိုင်အေထွက်လူမိုက်ကို အန်ဒီ့နောက်လိုက်ဖို့လွှတ်လိုက်ရာကနေဒုစရိုက်သမားမဟုတ်တဲ့ အန်ဒီတစ်ယောက်သူတို့လက်ကဘယ်လိုပြေးမလဲဆိုတာကို ဒီဟာသအက်ရှင်ဇာတ်လမ်းမှာကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။...

Queen of the Desert (2015) ⭐IMDB: 5.7/10 (12 k Votes) 🎬 #Adventure #Biography #Drama #History #Romance 🗓 2015 🎞 movie 📺 #720p #1080p 💿 774.6 MB ⦿ 1.7 GB 🌎 #UnitedStates #Morocco #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Queen of Desert (2015) ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ကတ်ထရုဘဲလ်က တကယ်ရှိခဲ့သလို ဒီဇာတ်ကလည်း ဖြစ်ရပ်မှန် အခြေအတည်ထားတဲ့ ဇာတ်ပါ။ သရုပ်ဆောင်ပိုင်းအနေနဲ့ဆိုရင်လည်း ဝါရင့်မင်းသမီးကြီး Nicole Kidman က ကတ်ထရုဘဲလ်အဖြစ် သရုပ်ဆောင်ထားတဲ့အပြင် Robert Pattinson နဲ့ James Franco တို့လို ထိတ်ထိတ်ကြဲတွေကပါ ပါ၀င်ထားလို့ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

A Place to Fight For (2023) ⭐IMDB: 6.1/10 (312 Votes) 🎬 #Drama #Romance #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 994.1 MB ⦿ 1.8 GB 🌎 #France ⏰ 1 နာရီ 43 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Place to fight for (2023) ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ်ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲသူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...

A Place to Fight For (2023) ⭐None 🎬 #Drama #Romance #Thriller 🗓 None 🎞 movie 📺 None 💿 None 🌎 #France ⏰ None 👑 Channel Myanmar ဇာတ်ညွှန်း 📜 None...

A Place to Fight For (2023) ⭐IMDB: 6.1/10 (312 Votes) 🎬 #Drama #Romance #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 994.1 MB 🌎 #France ⏰ 1 နာရီ 43 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Place to fight for (2023) ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ်ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲသူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...

A Place to Fight For (2023) ⭐IMDB: 6.1/10 (312 Votes) 🎬 #Drama #Romance #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 1006.8 MB ⦿ 1.8 GB 🌎 #France ⏰ 1 နာရီ 44 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Place to fight for (2023) ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ်ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲသူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...

The Redeemers (2022) ⭐IMDB: 5.7/10 (62 Votes) 🎬 #Comedy #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 628.4 MB ⦿ 1.4 GB 🌎 #Finland ⏰ 1 နာရီ 29 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Redeemers (2022) Cult ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဘာသာရေးကားတော်တော်များများမှာ မြင်ဖူးနေကျဖြစ်မှာပါ။ တစ်သီးပုဂ္ဂလကွဲထွက်နေတဲ့ ဘာသာရေးလိုက်စားသူ အသင်းအဖွဲ့တွေကိုဆိုလိုတာပါ။ ဒီဇာတ်ကားက Dark Comedy ဆန်တယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်… ဇက်ဝါကာ ဆိုတဲ့ အမည်သာရှိတဲ့လူသားတစ်ဦးကို အနန္တဘုရားအဖြစ်သဘောထားပြီး ကိုးကွယ်နေကြတဲ့အဖွဲ့တစ်ခုနဲ့ စတင်ပါတယ်။ အသင်းဖွဲ့ရဲ့အဓိကလုပ်ငန်းစဥ်က ဘာသာရေးဆွယ်ရတာပါ။ ကိုယ်တော်ငယ်ရယ် ကြီးကြပ်သူရယ်က တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး ဇက်ဝါကာကို သက်ဝင်ယုံကြည်ဖို့ လိုက်ဆွယ်ကြဖို့ စေခိုင်းခြင်းခံရပါတယ်။ ကိုယ်တော်ငယ်လေးကတော့ ဝါနုသေးတော့ လူငယ်ဆန်ပြီး ကြီးကြပ်သူက မောက်မာကြမ်းတမ်းတဲ့ပုံစံပါ။ တစ်နေ့မှာ ထုံးစံအတိုင်း လူဆွယ်ဖို့ အိမ်တစ်အိမ်ကိုဝင်လိုက်တဲ့အခါ လင်မယားနှစ်ယောက်ရဲ့ သရော်မှုကြောင့် မလုပ်သင့်မလုပ်အပ်တာကိုကြူးလွန်မိတဲ့အခါ… ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShein Waiyanမှ ပြန်ဆို ရေးသားထားပါတယ်)...

50/50 (2011) ⭐IMDB: 7.6/10 (337 k Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 📺 #720p #1080p 💿 965.2 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDb 7.6 ထိရရှိထားပြီး Rotten Tomatoes မှာ 93% ထိရရှိထားတဲ့ comedy/drama လေး တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားကို Joseph Gordon-Levitt နဲ့ Jurassic park က မမ Bryce Dallas Howard လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ရေဒီယို ရုံးမှာအလုပ်လုပ်တဲ့ အသက် 27 နှစ်အရွယ် MC တစ်ယောက်ဟာ အရမ်းရှားတဲ့ ကျောရိုးကင်ဆာတစ်ခုဖြစ်နေတာသိလိုက်ရပါတော့တယ် 50% ပဲအသက်ရှင်နိုင်ချေရှိတဲ့ ကင်ဆာကို ကုသနေတုန်းမှာ MC တစ်ယောက် ခင်မင်မှုနဲ့ ချစ်ခင်မှု အကြောင်းကို သတိပြုလာမိပါတော့တယ် သေဆုံးနိုင်လောက်တဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အချိန်မှာ ဘေးကလူတွေက ဘယ်လိုပြောင်းလဲသွားမှာလဲ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ မှတ်ယူထားတဲ့လူတစ်ယောက်က လောကကြီးကိုဘယ်လိုမြင်လဲ ဆိုတာကို ရိုက်ပြပေးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်...

Gilda (1946) ⭐TMDB: 76.0% User Score 🎬 #Drama #FilmNoir #Romance #Thriller 🗓 1946 🎞 movie 📺 #720p #1080p 💿 886.7 MB ⦿ 2.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့The Shawshank Redemptionဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့“Put the Blame on Me”နဲ့“Let Be the Night Forever”ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

Gilda (1946) ⭐IMDB: 7.6/10 (34 k Votes) 🎬 #Drama #FilmNoir #Romance #Thriller 🗓 1946 🎞 movie 📺 #720p #1080p 💿 886.7 MB ⦿ 2.0 GB 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့The Shawshank Redemptionဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့“Put the Blame on Me”နဲ့“Let Be the Night Forever”ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

Kutch Express (2023) ⭐IMDB: 6.7/10 (316 Votes) 🎬 #Bollywood #Drama #Family 🗓 2023 🎞 movie 📺 #720p #1080p 💿 844.5 MB ⦿ 2.0 GB 🌎 #India ⏰ 2 နာရီ 7 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb-6.7/10 ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ‌ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူး သူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူးမွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ…. ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန်ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ… အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလား ဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ… (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်)...

The Flood (2023) ⭐IMDB: 3.2/10 (919 Votes) 🎬 #Action #Horror #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 565.4 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Flood (2023)================ ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြောနေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator)စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေတွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာလည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက်ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့်မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သားတွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက်ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီးတခြားသူတွေနဲ့ကွဲပြားနေပါတယ်။ တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်းသဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လိုကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေ‌အနေကိုဘယ်လိုကျော်ဖြတ်သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat  ဖြစ်ပါတယ်)...

Fatafati (2023) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Bollywood #Drama #Uncategorized 🗓 2023 🎞 movie 📺 #720p #1080p 💿 974.6 MB ⦿ 2.0 GB 🌎 #India ⏰ 2 နာရီ 10 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 FatafatiIMDb-8/10 အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက်လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ်သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကိုခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါbody shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါ အဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်းတဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦးဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီးသူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ် ထပ်ဆောင်းအနေနဲ့ဒီ” Fatafati “ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကိုထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့တိုက်တွန်းလိုက်ပါရ‌စေလားရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်)...

Key to Love (2023) ⭐IMDB: 5.5/10 (124 Votes) 🎬 #Drama #Romance #TVMovie #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 663.4 MB ⦿ 1.4 GB 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Key to Love (2023)=============== ကျွန်တော်တို့ဟာ ဘဝရဲ့တစ်ကွေ့ကွေ့မှာချစ်ခြင်းမေတ္တာနဲ့ တွေ့ဆုံကြဖူးမှာပါ။ ဒီရုပ်ရှင်ဟာလည်း အချစ်အကြောင်းဖော်ကြူးရိုက်ကူးထားတယ်ဆိုပါတော့ဗျာ။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ ဂျော့်ရှ်ကအဖိုးဆုံးပြီး အမွေတွေရတော့ မြို့ကြီးကနေ သူရဲ့ချက်မြုပ်ဇာတိနယ်မြို့လေးကို ပြန်လာရတယ်။ ဇာတ်လိုက်မင်းသမီးလေးက အမွေရထားတဲ့စာအုပ်ဆိုင်လေးကိုဦးစီးပြီး နယ်မြို့လေးမှာပဲငြိမ်းချမ်းစွာနေထိုင်နေတယ်ပေါ့။ မင်းသားနဲ့မင်းသမီး အမှတ်မထင်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တွေ့ဆုံမှုကအစမကောင်းခဲ့ဘူး။ နောက်မှ သေချာတွေ့ဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက်ချစ်ခင်စုံမက်သွားကြတယ်။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီလောက်လည်း ဘယ်လွယ်ကူမလဲဗျာ။ ဂျော့ရှ်အဖိုးဆီကနေ ငွေတွေခွာယူနေတဲ့ ဗီလိန်ရှေ့နေကြီးနဲ့ သူ့သမီးကလည်းမင်းသားနဲ့မင်းသမီးရဲ့ချစ်ခြင်းကို အမျိုးမျိုးဝင်နှောက်ကြသေးတာပေါ့။ အဆုံးမှာတော့ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေဖြစ်ပြီး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ ခရင့်ချ်ဖြစ်တဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီရုပ်ရှင်လက်မလွှတ်တန်းကြည့်သင့်ပါတယ်လို့အကြံပေးပါရစေခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

二手搭档 (2023) ⭐TMDB: 40.0% User Score 🎬 #Comedy 🗓 2023 🎞 Movie 📺 #720p #1080p 💿 547.9 MB ⦿ 961.2 MB 🌎 #China ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရတဲ့ Comedyဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် ဘယ်အိမ်ရောင်းရောင်း ရောင်းမထွက်တဲ့ကံကောင်းအိမ်ခြံမြေလုပ်ငန်းက ကွမ်းမင်ရှင်း……နဲ့ဘယ်အိမ်မဆို ရအောင်ရောင်းနိုင်တဲ့လှပသောမြို့ပြ အိမ်ခြံမြေလုပ်ငန်းက ရှန့်ချင်း…… သူတို့နှစ်ယောက်ဟာ ရောင်းအားရဖို့အရေးလုပ်ငန်းခွင်မှာအပြင်းအထန်ယှဉ်ပြိုင်ကြတာပေါ့။ဒီလိုနဲ့အကြိတ်အနယ်ပြိုင်ကြရင်အချစ်မီးပွါးလေးတွေဖြစ်လာကြတယ်။ အချစ်စစ်အချစ်မှန်တွေရှားပါးနေတဲ့ခေတ်ကြီးမှာသူတို့တွေဟာ အချစ်ကိုအမိအရဖမ်းဆုပ်ထားနိုင်မလား……လောကဒဏ်ရဲ့ရိုက်ခတ်မှုတွေကြားမှာယိမ်းယိုင်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည်ရမှာဖြစ်ပါတယ်...

The Post (2017) ⭐IMDB: 7.2/10 (157 k Votes) 🎬 #Biography #Drama #History #Thriller #War 🗓 2017 🎞 movie 📺 #720p #1080p 💿 994.2 MB ⦿ 2.5 GB 🌎 #UnitedStates #UnitedKingdom #India #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Post(2017) ************** IMDb….7.3,,,,,Rotten ….88 ဒါရိုက်တာက Steven Spielberg ….အဓိက သရုပ်ဆောင်တွေက Meryl Streep, Tom Hanks နဲ့  Sarah Paulson  …. Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေ အခြားဆုပေါင်းများစွာ ရတာတွေ အသာထား .. .ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်…. အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာ ပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာ Katherine Graham (မင်းသမီးကြီး Meryl Steep) ပါ…အယ်ဒီတာကတော့ Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်. .သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့ The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်… အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေ အန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်… အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ…သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်…...