ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Sister Street Fighter: Fifth Level Fist (1976) ⭐TMDB: 56% User Score 🎬 #Action #Crime 🗓 1976 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (၁၉၇၆)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Fifth Level Fist” ဇာတ်ကားက ကိုယ်ခံပညာအက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီးတော့ ရှေ့က ထွက်ရှိခဲ့တဲ့ “Sister Street Fighter” ဇာတ်ကားတွေရဲ့ နောက်ထွက် ဇာတ်လမ်းလို့ ပြောလို့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ကီမိုနိုဆိုင်ပိုင်ရှင် မိဘတွေရဲ့ သမီးဖြစ်သူ ကီကုကို စစမြင်လိုက်ရင်တော့ အမျိုးသမီးအများစုလို သိမ်မွေ့နူးညံ့တဲ့ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်သာသာပဲလို့ ထင်ရစရာရှိပါတယ်။ တကယ်တမ်းတော့ ကရာတေးကိုယ်ခံပညာကို နှစ်သက်တဲ့ အမျိုးသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကရာတေးကို စိတ်ဝင်စားသလို ဒီကိုယ်ခံပညာရပ်မှာပါ ကျွမ်းကျင်မှုရှိတဲ့ ကီကု တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ အစ်ကို အသတ်ခံလိုက်ရရာကနေ ဝင်ကူညီရင်း ရဲတွေ စုံစမ်းထောက်လှမ်းနေတဲ့ မူးယစ်ရာဇာတွေနဲ့ ပတ်သက်မိပါတော့တယ်။ ဒီ “Sister Street Fighter: Fifth Level Fist” ဆိုတဲ့ ဇာတ်ကားလေးမှာ ကီကုတစ်ယောက်ရဲ့ အန္တရာယ်မှန်းသိသိနဲ့ တစ်ယောက်တည်း တိုးဝင်ရာကနေ လူဆိုးတွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်တာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကီကုတစ်ယောက် ကလဲ့စားပဲ ချေနိုင်သွားမလား၊ ဆုံးရှုံးစရာတွေနဲ့ပဲ ရင်ဆိုင်ရမလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားနိုင်ပါပြီ။...
Nickel Boys (2024) ⭐IMDB: 7.3/10 (6 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nickel Boys (2024) IMDb Rating (7.3) / Rotten Tomatoes (90%) ဒီဇာတ်ကားတော့ ၁၉၆၀ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းတစ်နေရာဖြစ်တဲ့ ဖလော်ရီဒါမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာတုန်းက လူမည်းတွေဟာ လူဖြူတွေနဲ့ တန်းတူအခွင့်အရေးကို စတင်တောင်းဆိုချိန် ပြည်တွင်းလှုပ်ရှားမှုတွေ ဆန္ဒပြနေတဲ့အချိန်ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ကတစ်ခုဖြစ်လို့ နှစ်ပေါင်း ၅၀ ကျော်အောင် ထိန်းသိမ်းလာခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ပြည်တွင်းလှုပ်ရှားမှုဦးဆောင်ခဲ့သူ လူမည်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမာတင်လူသာကင်း ရဲ့ လှုပ်ရှားမှုတစ်စေ့တစောင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၆၀ နှောင်းပိုင်း အမေရိကမှာ လူမည်းတွေပေါများလာခဲ့တဲ့အချိန် နစ်ကယ်အကယ်ဒမီ လို့ ခေါ်တဲ့ လူမည်းလူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ကျောင်းတစ်ခုရှိခဲ့ပါတယ်။ ဒီကျောင်းဟာတော့ အပြင်ပန်းမှာတော့ ငွေကြေးမတတ်နိုင်တဲ့ကျောင်းသားတွေ ထူးချွန်ပေမယ့်လည်း ဘဝအခွင့်အရေးမပေးတဲ့ လူမည်းတွေကို လူမည်းတွေသီးသန့်အခွင့်ရေးပေးတဲ့ဘော်ဒါကျောင်းအဖြစ် ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ဖြစ်ချင်တော့ အဲဒီကျောင်းဟာ လူအများသိသလို ပရဟိတကျောင်း ဟုတ်မနေဘဲနဲ့ အတွင်းပိုင်းမှာကျောင်းသားတွေကို နှိပ်စက်ပြီး ကျွန်သဖွယ် ကျောင်းကိုဦးစည်းနေတဲ့သူတွေအတွက် အလုပ်လုပ်ပြီး ငွေရှာခိုင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။ တစ်နေ့ အယ်လ်ဝုဒ်လို့ခေါ်တဲ့ကျောင်းသားလေးဟာ အထက်တန်းကျောင်းမှာ ထူးချွန်ပြီး နစ်ကယ်အကယ်ဒမီကိုရောက်သွားခဲ့ပါတယ်။ အယ်လ်ဝုဒ်ကျောင်းထဲရောက်သွားတဲ့အခါမှာ ကျောင်းထဲကသူ့လို တခြားသူတွေ ဘယ်လိုဘဝမျိုးရောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Street (2015) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Action 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2015 လောက်က ဝရုန်းသုန်းကားထွက်လာတဲ့ ဖိုက်တင်ကားတွေထဲကတစ်ကားပါပဲ ထူးခြားတာတစ်ခုကို ပြောရမယ်ဆိုရင် ဒီဇာတ်ကားက တခြားဖိုက်တင်ကားတွေလိုမဟုတ်ဘဲ ဘက်ဂျက်နဲနဲနဲ့ ရှိတာလေးကို ရှာကျန်သုံးပြီး ရိုက်ထားရတဲ့ကားလို့ပြောလို့ရတယ် ဇာတ်လမ်းဇာတ်ကွက်ကတော့ ဖိုက်တင်ကားတွေရဲ့ သမာရိုးကျဇာတ်အိမ်အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ ဆေးဆွဲနေတဲ့ အမေနဲ့ ကျောင်းနေအရွယ်ညီမလေးကို စောင့်ရှောက်နေရတဲ့ စထရိဆိုတဲ့ ရိုးသားကြိုးစား ကူညီတတ်တဲ့ ကောင်လေးတစ်ကောင်ဟာ မထင်မှတ်ဘဲ ရုရှားဒုစရိုက်သမားတွေနဲ့ ဆက်နွယ်မိရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ...
Paddington in Peru (2024) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Adventure #Animation #Comedy #Family #Mystery 🗓 2024 🎞 movie 🌎 #UnitedKingdom #France #Japan #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paddington in Peru (2024) IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံလေး Paddington ကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်း ပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။ အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။)...
The Decoy Bride (2011) ⭐IMDB: 6.1/10 (13 k Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Decoy Bride (2011) ********************** IMDb….6.1 နာမည်ကျော်ရုပ်ရှင်မင်းသမီး လာရာတိုင်လာဟာ သူ့ဘဝကို လိုက်အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီတွေကို မုန်းတီးလွန်းတာကြောင့် စာရေးဆရာချစ်သူ ဂျိမ်းစ်အာဘာနဲ့ မင်္ဂလာဆောင်ကို ပါပါရာဇီတွေတစ်ယောက်မှ မသိလိုက်ရအောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားခဲ့ပါတယ်။ လူဦးရေ ၇၅ ဦးသာရှိတဲ့ စကော့တလန်ကျွန်းငယ်လေးဟက်ဂ်မှာ ကေတီဟာ ရောဂါကြောင့်သေရတော့မယ့်မိခင်နဲ့အတူ ဟိုတယ်စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပြီး တစ်ရက်မှာတော့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးကို လာရာနဲ့ ဂျိမ်းစ်တို့ မင်္ဂလာဆောင်ဖို့ရောက်ရှိလာရာကနေ ကေတီနဲ့ ဂျိမ်းစ်တို့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လာရာနောက်ကို အသည်းအမဲလိုက်နေတဲ့ ပါပါရာဇီ ဘယ်လာနီကြောင့် လာရာထွက်ပြေးသွားတဲ့အခါ ကေတီက သတို့သမီးအတုလုပ်ပေးဖို့ငှားရမ်းခံခဲ့ရပြီး ဂျိမ်းစ်နဲ့လည်း ပိုနီးစပ်လာခဲ့ပါတယ်။ ကေတီနဲ့ဂျိမ်းစ်ဟာ အချင်းချင်းချစ်မိခဲ့ကြပေမဲ့ ဂျိမ်းစ်ကတော့ လာရာနဲ့ကတိထားခဲ့တာကြောင့် လာရာ့ဆီပဲ ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် တကယ်ပဲလာရာနဲ့လက်ထပ်သွားမှာလား။ တကယ်ချစ်ရတဲ့ ကေတီကို ရွေးချယ်သွားမှာလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ JULY ပဲ ဖြစ်ပါတယ်...
Laura (2024) ⭐IMDB: 6.5/10 (195 Votes) 🎬 #Drama #Biography 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laura (2024) IMDb Rating (6.5) လော်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ပါ။ ဒီကောင်မလေးက မတော်တဆမှုကြောင့် ကျောရိုးမကြီးထိပြီး သွက်ချာပါဒလိုက်သွားလို့ အိပ်ယာထဲပဲ လှဲနေရတဲ့ကောင်မလေးပေါ့။ ဒီဇာတ်လမ်းက သူ့ဘဝကို သူအရှုံးမပေးခဲ့တဲ့အကြောင်း ဇာတ်လမ်းလို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီထက်တော့ ပိုကျယ်ပြန့်ပါတယ်။ အရှေ့တိုင်းတစ်ခွင်လုံးရဲ့ ဖိုဝါဒီကြီးစိုးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းက ပြထားတယ်။ လော်ရာနဲ့ သူ့ရည်းစားရဲ့ အခြေအနေကနေ ထင်ဟပ်ပြီး ဒီအချက်ကိုပြထားသလို ဒီလိုကြီးစိုးမခံရဖို့ သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး သိခဲ့ရသလိုမျိုးလည်း ပြထားတယ်။ လော်ရာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုရဲ့လက်သည်ဟာ သူ့ကောင်လေးဖြစ်သလို သူ့ကောင်လေးက မတော်တဆမဖြစ်ခင်မှာရော ဖြစ်ပြီးနောက်မှာရော သူ့ဆီက အမြတ်ထုတ်ဖို့ကြိုးစားခဲ့တာကို သူမယူရင် ငါ့ဘယ်သူယူမှာလဲဆိုတဲ့စိတ်နဲ့ သည်းညည်းခံနေခဲ့တဲ့ ကောင်မလေးကနေ ဒီနှောင်ကြိုးတွေကနေ လွတ်လပ်သွားတဲ့ ကောင်မလေးဖြစ်လာခဲ့ပုံကိုပါ ပြထားတယ်။ ဇာတ်သွက်သွက်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ထိုင်းတို့ ဖိလစ်ပိုင်တို့ အင်ဒိုတို့က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းလို့ပြောလို့ရတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
The Lion King at the Hollywood Bowl (2025) ⭐IMDB: 7.0/10 (177 Votes) 🎬 #Documentary #Family #Music 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 8 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lion King at the Hollywood Bowl (2025)============================ IMDb rating – 7/10 ငယ်ငယ်တုန်းက ကျွန်တော်အပါအဝင် လူကြီးလူငယ်မရွေးကြိုက်ခဲ့ကြတဲ့၊အခုအချိန်ထိ ကြိုက်နေဆဲဖြစ်ကြတဲ့ The Lion King (1994) ကာတွန်းရုပ်ရှင်လေးကိုအခုအခါမှာတော့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ Hollywood Bowl ပြဇာတ်ရုံကြီးမှာသီချင်းတွေနဲ့ သီဆိုကျင်းပခဲ့ပြီးပါပြီ။ ရုပ်ရှင်ထဲမှာ ပါဝင်အသံသရုပ်ဆောင်ပေးခဲ့ကြတဲ့ လူဟောင်းတွေကိုလည်းအများကြီးပြန်မြင်တွေ့ရမှာဖြစ်ပြီး ၎င်းရုပ်ရှင်သီချင်း တွေကိုထုတ်လုပ်ဖန်တီးပုံအဆင့်ဆင့်ကိုပါ မြင်တွေ့ရမှာရယ်၊ငယ်ငယ်က The Lion King ရုပ်ရှင်ထဲ အရမ်းကြိုက်ခဲ့ရတဲ့သီချင်းတွေကိုပါ စင်မြင့်ထက်မှာ ဖျော်ဖြေထားတာကိုပါ တွေ့ရမှာဆိုတော့အရမ်းအရမ်းကို ကျေနပ်အားရစေမှာပါ။ ဒီ concert film ကြီးကိုထိုင်ကြည့်နေရုံနဲ့တင် အပြင်မှာ တကယ်ရောက်သွားသလိုခံစားချက်ပါ ရရှိမှာဖြစ်ပါတယ်။...
The Killing Jar (2010) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Drama #Mystery #Thriller #Crime 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Killing Jar (2010) ********************** IMDb….5.8 လျှို့ဝှက်သည်းဖို ဇာတ်ကားမျိုး ကြိုက်သူတွေအတွက် ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဝေးလံခေါင်သီတဲ့ နေရာဒေသတစ်ခုရဲ့ လမ်းဘေး စားသောက်ဆိုင်လေး တစ်ဆိုင်မှာ လူ ခုနှစ်ယောက်ဟာ တိတ်ဆိတ်စွာ ညနေခင်းအချိန်လေးကို ကိုယ်စီ ဖြတ်သန်းနေကြပါတယ်။ အဲဒီဆိုင်နားက မြို့တစ်မြို့မှာ လေးလောင်ပြိုင် လူသတ်မှု ဖြစ်တဲ့အကြောင်း ဆိုင်မှာ ဖွင့်ထားတဲ့ ရေဒီယိုကနေ သတင်းလွှင့်သွားတာကို အားလုံး ကြားလိုက်ကြရတယ်။ အဲဒီနောက် ဆိုင်ထဲကို ထူးထူးဆန်းဆန်း သူစိမ်းတစ်ယောက်ဝင်လာပြီး အဲဒီလူရဲ့ ပုံစံက ထူးဆန်းနေတာကြောင့် အားလုံးက သူ့ကို ရေဒီယိုထဲမှာ လွှင့်သွားတဲ့ လေးလောင်ပြိုင် လူသတ်သမားလို့ ထင်သွားကြပါတယ်။ ဒါပေမဲ့ ဘယ်သူက အဲဒီ လေးလောင်းပြိုင် လူသတ်မှုကို တကယ် ကျူးလွန်ခဲ့တာလဲ။ အဲဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ BZW ပဲ ဖြစ်ပါတယ်...
Imago (2023) ⭐IMDB: 6.2/10 (109 Votes) 🎬 #Drama #Biography #Music 🗓 2023 🎞 movie 🌎 #Poland #Netherlands #Czechia #CzechRepublic ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imago (2024) IMDb Rating (6.2) အရွေ့တွေအရ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့၁၉၈၀ကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ကွန်မြူနစ်ပိုလန်ပြည်သူ့သမ္မတနိုင်ငံရဲ့ မှုန်ရီပြာတဲ့ အခြေအနေနဲ့ ခေတ်ကာလကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းပုံနဲ့ ရင်ဆိုင်ပုံတွေကို ပြထားတယ်လို့ပြောလို့ရပါတယ်။ post-punk psychological dramaလို့ ဆိုပါတယ်။ ဂီတအကြောင်းလည်း နည်းနည်းတော့ပါသလို အဓိကဇာတ်ကောင်ကလည်း ပိုလန်က နာမည်ကြီးအဆိုတော်ဖြစ်သွားခဲ့တဲ့အပိုင်းလည်းပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက်လည်းမဟုတ်သလို လူတိုင်းအတွက်လည်းမဟုတ်ပါဘူး။ ဒီနိုင်ငံတွေရဲ့ အရွေ့တွေကို ကျွန်တော်တို့ထက်ပိုကျွမ်းဝင် စိတ်ဝင်စားတဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားရကျေနပ်ကြလိမ့်မယ် မထင်ပါဘူး။ (ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Pal Pal Dil Ke Paas (2019) ⭐IMDB: 4.5/10 (1 k Votes) 🎬 #Bollywood #Romance 🗓 2019 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…” ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်။ ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီးတောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကိုစီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။ တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက်ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကိုဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့မြိုကြီးသူဆာဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ…. ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကိုကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
Nanay, tatay (2024) ⭐IMDB: 7.9/10 (32 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 36 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nanay, Tatay (2024) IMDb Rating (8.0) ဘတ်တီနာ၊အောလစ်ဗ်နဲ့ ပေါ်လာ တို့ဟာ မိဘမဲ့ကလေးတွေဖြစ်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့လမ်းမှာတွေ့တဲ့ လင်မယားနှစ်ယောက်က ကယ်တင်သွားခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အဲ့ဒီဇနီးမောင်နှံဟာ သမီးငယ်ကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေဖြစ်ပြီး သူတို့သုံးယောက်လုံးကို မွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ဘ၀ကနေ ချက်ချင်းစံအိမ်ကြီးတစ်လုံးမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို ရောက်သွားပေမယ့်လည်း အိမ်ကြီးပေါ်ကိုရောက်မှ ထူးဆန်းတဲ့အဖြစ်တွေ လျှို့ဝှက်ချက်တွေနဲ့ ခြောက်လှန့်မှုတွေကို သူတို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီကြုံတွေ့လာရပါတော့တယ်။ ဒီအိမ်ကြီးရဲ့အခြောက်အလှန့်က ဘယ်သူ့ဝိဉာဉ်အစွဲဖြစ်မလဲ? အိမ်ရှင်လင်မယားရဲ့သေဆုံးသူ သမီးလေးလား? ဘတ်တီနာတို့သုံးယောက်ဘက်ကရော အပြည့်အ၀ရိုးသားမှုရှိရဲ့လား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Secret Short-Time Affair – Tsubasa Amami (IPZZ-001-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tsubasa Amami ကတော့ JAV မင်းသမီးတွေထဲ အတော်ကို ရှေးကျလွန်းပြီး ခုထိလဲ ပန်းပန်နေဆဲမင်းသမီးတလက်ပါ။အရှေ့တိုင်းမင်းသမီးတွေထဲ ရှားပါးတဲ့ မျက်လုံးမျက်ခုံးထူထူထဲထဲနဲ့ စူးရှတဲ့မျက်ဝန်းတွေကြောင့် အကြည့်ခံတဲ့အလှပိုင်ရှင်ဖြစ်ပါတယ်။ IPZZ-001-Decensored ဒီဇာတ်လမ်းကတော့ IPZZ စီးရီးရဲ့ ပထမဆုံးဇာတ်လမ်းဖြစ်တာနဲ့အညီတက်သစ်စကာလက MC အနုလေးတွေနဲ့ တွဲရိုက်ထားတဲ့ စတိုးဆိုင်အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Home Sweet Loan (2024) ⭐IMDB: 8.1/10 (668 Votes) 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Home Sweet Loan (2024) IMDb Rating (8.1) ဒီဇာတ်လမ်းကတော့အင်ဒိုနီရှားနိုင်ငံက လူလတ်တန်းစားအလုပ်သမားတွေရဲ့ လက်တွေ့ကျတဲ့ ငွေကြေးအခက်အခဲနဲ့ မိသားစုပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေနဲ့ မိသားစုအပေါ်ထားရတဲ့ တာဝန်ဝတ္တရားတွေကြား လွန်ဆွဲရင်း မိသားစု၊ သူငယ်ချင်းဆက်ဆံရေးနဲ့ ကိုယ့်အိပ်မက်အတွက်ရုန်းကန်မှုတွေကို ရင်ထဲထိအောင်ရိုက်ကူးထားပါတယ်။ Plot summary: တစ်ပဲခြောက်ပြားလစာလေးနဲ့ မော်ဒယ်လုပ်နေရတဲ့ Kaluna မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒါကတော့ တစ်နေ့ကျရင် သူ့ကိုယ်ပိုင်အိမ်လေးတစ်ခုဝယ်နိုင်ရမယ်ဆိုတာပါပဲ။ဒါပေမယ့် သူအခုနေနေတဲ့မိဘအိမ်က သူမောင်နှမတွေရဲ့မိသားစုက အတော်လေးကျပ်တည်းနေပြီး အိမ်ကို Kaluna ကပဲ အကုန်ထောက်ပံ့ကာ အိမ်ဖော်တစ်ယောက်လိုနေနေရတယ်။လူဦးရေများတဲ့အိမ်မှာနေနေရတဲ့ Kal က သူ့ကိုယ်ပိုင်လွယ်လွယ်လပ်လပ် သီးသန့်နေရာလေးကို အရမ်းလိုချင်ပြီး ကိုယ်ပိုင်အိမ်ဝယ်ဖို့ပိုက်ဆံစုနေပေမယ့် မိသားစုရဲ့ငွေကြေးအခက်အခဲတွေကြားမှာ သူ့အိပ်မက်တွေကိုစွန့်လွှတ်ပြီး မိသားစုကိုပဲဦးစားပေးရမလား၊ တစ်ခါလောက်တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ပိုင်အိပ်မက်တွေနောက်ပဲလိုက်မလား… ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
My Fault: London (2025) ⭐TMDB: 71% User Score 🎬 #Drama #Romance 🗓 2025 🎞 movie 🌎 #Spain #UnitedKingdom ⏰ 2 နာရီ 1 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ အလန်းစားလူငယ် Cast တွေနဲ့ ရိုက်ကူးထားတဲ့အချစ်အနမ်းခပ်ကြမ်းကြမ်း ဒရမ်မာကားကောင်းဖြစ်ပါတယ် ငယ်ငယ်ထဲက ကွဲသွားပြီး အင်္ဂလန်မှာ နောက်အိမ်ထောင်ကျသွားတဲ့ မိခင်ရဲ့လှမ်းခေါ်မှုကြောင့်အမေရိကန် ဖလော်ရီဒါကနေ အင်္ဂလန်က အမေနောက်ကို လိုက်သွားဖို့ နိုအာဆိုတဲ့ ကောင်မလေးမှာ ကံပါလာပါတယ်သူနေရာမယ့် အိမ်မှာ သူ့ပထွေးနဲ့ သူ့ရဲ့သားဖြစ်သူ နစ်ခ်တို့နဲ့ အတူနေဖို့ရှိလာတယ် နစ်ခ်က မြေအောက်လက်ဝှေ့ဝိုင်းတွေထိုး ကားတွေပြိုင်မောင်းတတ်တဲ့ RK Bad Boy လေးပေါ့ရောက်ခါစတော့ နိုအာနဲ့ နစ်ခ်တို့ ဘယ်လိုမှ အစေးမတည့်ပေမဲ့.. နောက်ပိုင်းအနေနီးလို့ ကိစ္စတစ်ခုကနေတစ်ခု တစ်ခုသံယောဇဉ်တွေတွယ်ပြီးအကြောင်းတိုက်ဆိုင်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။...
Hard Truths (2024) ⭐TMDB: 62% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Spain #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အော်စကာဆန်ကာတင် ၇ ဆုတောင်ရဖူးတဲ့ ဒါရိုက်တာကြီး Mike Leigh ရဲ့ ဒရာမရုပ်ရှင်အသစ်ပါ။ ဒီရုပ်ရှင်ကလည်း ဆု ၂၀ လောက်ရထားပြီး ဆန်ကာတင်မျိုးစုံ ၄၀ လောက်ဝင်ထားတဲ့ ရုပ်ရှင်ပါပဲ။ ပန်စီဆိုတဲ့အမျိုးသမီးဟာ ဒေါသကြီးပြီး စိတ်ကျဝေဒနါ ခံစားနေရတာပါ သူမဟာ မြင်မြင်သမျှလူတွေအားလုံးကို မကောင်းမြင်နေပြီး အပြစ်မရှိအပြစ်ရှာ လိုက်ပြီးရန်ထောင်နေတတ်တဲ့သူပါ ဒါကြောင့်လည်း ဘယ်ကိုပဲသွားသွား လူတိုင်းနဲ့ရန်ဖြစ်ရလေ့ရှိတဲ့ လူ့ဂွစာတစ်ယောက်ပေါ့ သူမဟာသူစိမ်းတွေကိုတင်မဟုတ်ဘဲ သူမရဲ့မိသားစုဝင်တွေကိုပါ ဝေဖန်ပြစ်တင်တတ်တာမလို့ ခင်ပွန်းဖြစ်သူနဲ့ရော သားဖြစ်သူနဲ့ပါ ရင်းနှီးချစ်ခင်မှုမရှိတော့ဘဲ အနေမဝေးပေမဲ့ သွေးအေးလာခဲ့တာပေါ့ သူမကိုစိတ်မပျက်ဘဲ ဆက်ပြီးနားလည်ပေးနိုင်တဲ့တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ညီမဖြစ်သူ”ရှန်တဲလ်ပါ” သူမရဲ့ငယ်ဘဝမှာရော ဘယ်လိုတွေကြုံခဲ့ရလို့ဒီလိုဖြစ်နေတာလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာကြည့်ရှုလိုက်ပါ...
Salsa (2024) ⭐IMDB: 5.8/10 (230 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Croatia #Montenegro #Bosnia&Herzegovina #BosniaandHerzegovina #Serbia ⏰ 1 နာရီ 41 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Salsa (2024) IMDb Rating (5.8) ခရိုအေးရှား ( Comedy , Horror )ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့ Salsa (အင်္ဂလိပ်နာမည် – Summer Teeth ) ဟာဆိုရင်တော့ ဉရောပအရှေ့တောင်ပိုင်းရဲ့ နွေရာသီအငွေ့အသက်များစွာနဲ့အတူ ဗာထရိုဆလာ့ရဲ့ ကံဆိုးပုံတွေ ဘူပိတ်ရတဲ့ကြားထဲ သူငယ်ချင်းဖြစ်သူက အကူအညီတောင်းလို့ သူငယ်ချင်းအဘွားဖြစ်သူရှိရာ ရွာလေးကို ခရမ်းချဉ်သီးကူဆွတ်ပေးရင်း အပိုဝင်ငွေလေးရအောင်သွားကာမှ ရွာမှာလူမျိုးစုံရှိတဲ့အတွက်ကြောင့် အနေရခက်ပုံတွေ လူမျိုးစုံလို့ ထူးဆန်းရတဲ့အထဲမှ ခရမ်းချဉ်သီးကိုအကြောင်းပြုပြီး ဇွန်ဘီကပ်ဆိုက်တာတွေကို Slow-burn ( romance ) နေရာမှာ slow-burn ( zombie apocalypse ) အစားထိုးဝင်ရောက်လာကာ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
Stripped: Nashville (2024) ⭐IMDB: 4.9/10 (48 Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stripped Nashville (2024)ကဲ ဒီတစ်ခါမှာတော့ ညီကိုတို အကြိုက်stripper ချောချောလေးတွေကို အင်တာဗျူးထားတဲ့မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ။ Strippers တွေ အဖော်အချွတ်မယ်တွေ ဆိုတာနဲ့ကျွန်တော်တို အများစု အတွေးထဲမှာ ပေါ်လာမှာကမလုံတလုံတွေ ဝတ်ထားတဲ့ အကမယ်တွေ တိုင်ကိုပတ်ပြီးကနေတဲ့ မိန်းကလေးတွေပဲ ဖြစ်ပါတယ် ၊ပြီးရင်တော့ သူတိုရဲ့ နောက်ကြောင်းပေါ့ ၊ဘာလို ဒီဘဝ အခြေအနေကို ရောက်လာသလဲ ၊ဘာတွေက တွန်းပိုလိုက်တာလဲပေါ့။ ဒီမှတ်တမ်းရုပ်ရှင်လေးမှာတော့ ဒါတွေအကုန်လုံးကိုကြည့်ရှုခံစား သိရှိနိူင်မှာ ဖြစ်ပါတယ် ။ တစ်ချိုက ကျွန်တော်တို ထင်တာနဲ့လည်း လွဲကောင်းလွဲနိုင်နေပါသေးတယ် ၊ဒီလောကထဲကို ဝါသနာပါလို ဝင်လာတဲ့ သူတွေလည်း ရှိသလိုအခြေအနေတချိုက တွန်းပိုလို ရောက်လာတာတွေလည်း ရှိပါတယ် ။ဒီ မှတ်တမ်းထဲမှာတော့ အလာရီယာ၊ ဖရာရီ၊ ဒီဗိုင်း ၊ ကေတန် ၊ ဆေဒီ ၊ဘယ်လီ ၊ မာရီ ဆိုတဲ့ ဒီလောကထဲမှာ ကျင်လည်နေတဲ့ မိန်းမလှလေး ၇ယောက်ရဲ့ဘဝဇာတ်လမ်းကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ် ။ ( စာကြွင်း ။ ။ တချိုသော ဇာတ်ဝင်ခန်းတွေမှာ လူအများနဲ့ ကြည့်ဖို မသင့်တော်တဲ့ဇာတ်ဝင်ခန်းလေးတွေ ပါတာမို တစ်ယောက်တည်းကြည့်ဖို အကြံပြုပါတယ်...
Belyas (2025) ⭐TMDB: 10% User Score 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 10 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Belyas (2025) ယိုဆေဖာဟာ အနိုင်ကျင့်တတ်တဲ့၊ ကိုယ့်သဘောနဲ့ကိုယ်ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ခင်ပွန်းသည်နဲ့အိမ်ထောင်ရေးမှာပိတ်မိနေတဲ့ အိမ်ရှင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေရိုက်သွင်းခဲ့တဲ့ သူဟာအသုံးမကျတဲ့သူ၊မဖြစ်ထွန်းတဲ့သူ အစရှိတဲ့စကားတွေကိုနားယောင်ပြီး သူ့ခင်ပွန်းရဲ့သူ့အပေါ်ကျွန်သာသာဆက်ဆံမှုကို သူကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားခဲ့တာပါ။ တစ်နေ့တော့ သူတို့ပိုင်အခန်းလွတ်တစ်ခန်းကိုပြောင်းရွှေ့လာတဲ့ မိန်းမချင်းလိင်တူချစ်သူစုံတွဲတစ်တွဲဟာ သူ့အခြေအနေကိုရိပ်စားမိလာကူညီပေးရာကတစ်ဆင့် ဒီလိုငြီးငွေ့ဖွယ်ဘ၀ထဲက သူ့ကိုကယ်ထုတ်သွားနိုင်မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Manorajyam (2024) ⭐IMDB: 8.9/10 (317 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manorajyam (2024)”ယုံကြည်မှု”========================= ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြောဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ မာနူကတော့ ဩစတြေးလျမှာနေထိုင်တဲ့ ကီရာလာမြိုကစီးပွားရေးသမားတစ်ယောက်ပါ။ သူဟာ ဩဇီမှာပဲတွေ့တဲ့ မာလျာလမ်ကောက်မလေးတစ်ယောက်နဲ့ပဲလက်ထပ်ထားပြီး ဘဝကို ပုံမှန်ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ မာနူဟာ သူ့ရဲ့ လူရှုပ်သူငယ်ချင်းတစ်ယောက်ကြောင့်သူ့မိန်းမကိုသူ သံသယဝင်လာပြီး သစ္စာရှိမရှိစမ်းသပ်ဖိုကြိုးစားရာကနေသူ ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့သံသယတွေက မှန်နေလား ဒါမှမဟုတ် သံသယလွန်ကဲမှုကြောင့်မဖြစ်သင့်တာတွေဖြစ်မှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို CM Bollywood အဖွဲသားတွေကနေညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
The Perfect Mother (2024) ⭐IMDB: 5.6/10 (34 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Perfect Mother (2024)====================== မိခင်တစ်ယောက်ရဲ့ မေတ္တာက ဘယ်လောက်ကြီးမားလဲဆိုတာ…..လင်ဒါက ယောက်ျားက ဆေးမှုနဲ့ ထောင်ထဲရောက်သွားလို ယောင်းမအိမ်မှာသားလေးနဲ့ကပ်နေနေရပြီး လုပ်ခ အနည်းဆုံးလခလေးနဲ့ရှင်သန်နေရတဲ့မိခင်တစ်ယောက်ပါ။ ဒီလိုနဲ့ သူ့ယောက်ျားထောင်ကပြန်ထွက်လာပြီမလို သူတိုအခက်အခဲတွေအဆင်ပြေတော့မယ်အထင်နဲ့လင်ဒါတစ်ယောက်ပျော်လိုမဆုံးသေး ယောက်ျားက သားနဲ့သူ့ကိုထားသွားရမယ့်ကိစ္စဖန်လာပြန်ပါတယ်။ ယောက်ျားလည်း မရှိပဲ တစ်ယောက်တည်း အလုပ်လုပ်လိုက် ကလေးနဲ့အချိန်ကုန်လိုက်သူမအပေါ် လောကဓံက မျက်နှာသာမပေးပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုတစ်ခုပြီးတစ်ခုကံဆိုးနေတဲ့အခါ သူ့သားလေးကိုကာကွယ်ဖို ဘယ်လိုကြိုးစားမလဲဆိုတာကရုဏာသက်ဖွယ် ရင်တစ်မောမောကြည့်ရမှာဖြစ်ပါတယ်။ လူမည်းတွေရဲ့ အဆင့်အတန်းခွဲခြားခံရမှု ရာဇဝတ်မှု မှတ်တမ်းဝင်တာနဲ့ထောင်ထဲက ထွက်လာပြီး နေထိုင်စားသောက်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကိုပါကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ရုပ်ရှင်ပါ။ သားလေးနဲ့တူတူနေနိုင်ဖို အစွမ်းကုန်ကြိုးစားနေကြတဲ့လင်မယားနှစ်ယောက်ကို ကြည့်ရတာ စိတ်ဝင်စားဖိုလည်းကောင်း ရင်ထဲလည်းထိရပါတယ်။ ပိတ်ရက်မှာ မိသားစုနဲ့တူတူကြည့်လိုကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာမိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။...
