es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Host (2013) ⭐IMDB: 5.8/10 (117 k Votes) 🎬 #Action #Adventure #Drama #Sci-Fi #Romance #ScienceFiction #Thriller #SciFi 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #Switzerland #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့ မင်းသမီးချောလေး Saoirse Ronan ရဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့ လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေက လူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီး လူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲ လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါ အပိုင်သိမ်းဖျက်ဆီးတာပါ တွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူး ခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။ အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ ကောင်မလေးလည်း ပါတာပေါ့။ သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်က အပိုင်စီးလိုက်တဲ့အခါမှာ…

After Masks (2021) ⭐IMDB: 3.1/10 (1 k Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 After Masks (2021)================ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ်ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကိုရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုးသမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black LivesMatter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူးဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်းကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေအတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလတစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

I Give It a Year (2013) ⭐IMDB: 5.7/10 (38 k Votes) 🎬 #Comedy #Romance 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedKingdom #France #UnitedStates #Germany ⏰ 1 နာရီ 37 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက် မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါ သက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့. နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့ အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကို နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်. အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူ တစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်. ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကို Flashback Scene များနဲ့ ဟာသနှောတင်ဆက်ထားပါတယ်. သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ. နတ်ကလည်း သူ့ကို အလုပ်အပ်မယ့် အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့ အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို. ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ ရည်းစားဟောင်း. ကလိုဝီအပေါ်မှာ အချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့.. စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေ ဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကို အကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

After Masks (2021) ⭐IMDB: 3.1/10 (1 k Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 After Masks (2021)================ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ်ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကိုရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုးသမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black LivesMatter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူးဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်းကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေအတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလတစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

I Give It a Year (2013) ⭐IMDB: 5.7/10 (38 k Votes) 🎬 #Comedy #Romance 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #France #UnitedStates #Germany ⏰ 1 နာရီ 37 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက် မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါ သက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့. နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့ အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကို နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်. အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူ တစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်. ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကို Flashback Scene များနဲ့ ဟာသနှောတင်ဆက်ထားပါတယ်. သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ. နတ်ကလည်း သူ့ကို အလုပ်အပ်မယ့် အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့ အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို. ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ ရည်းစားဟောင်း. ကလိုဝီအပေါ်မှာ အချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့.. စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေ ဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကို အကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

The Judgement (2021) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Biography #Crime #Drama #Thriller 🗓️ 2021 🎞️ Movie 📺 720p 🌎 #Netherlands ⏰ 2 နာရီ 10 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Judgement [De veroordeling] (2021)=============================Genre – Biography, Crime, DramaIMDb Rating  – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရလောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက်ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီးထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကိုစိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါတော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကားအရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်းခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ်အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာသတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

The To Do List (2013) ⭐IMDB: 5.8/10 (41 k Votes) 🎬 #Comedy #Romance 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းက လောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီး အဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက် ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီး ကြွေသွားမိသွားပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်က ရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။ စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့ သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့် ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲ ကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြား ဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်

The Judgement (2021) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Biography #Crime #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Netherlands ⏰ 2 နာရီ 10 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Judgement [De veroordeling] (2021)=============================Genre – Biography, Crime, DramaIMDb Rating  – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရလောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက်ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီးထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကိုစိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါတော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကားအရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်းခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ်အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာသတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

The To Do List (2013) ⭐IMDB: 5.8/10 (41 k Votes) 🎬 #Comedy #Romance 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းက လောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီး အဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက် ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီး ကြွေသွားမိသွားပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်က ရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။ စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့ သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့် ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲ ကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြား ဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်

Detective Dee's Ghost Blood Hand (2020) ⭐TMDB: 40.0% User Score 🎬 #Fantasy #Mystery 🗓️ 2020 🎞️ Movie 📺 1080p 🌎 #China ⏰ 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာသက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်ကတလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ်လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားကဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက်လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Pillow Party Massacre (2023) ⭐IMDB: 3.3/10 (187 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horrorကြိုက်တဲ့လူတွေအတွက် Netflixရဲ့ ရှပ်ရှင်အသစ်လာပါပြီ။ ပျော်စေပျက်စေ စရင်းနဲ့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရလို့ ဝမ်းနည်းစရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပြီး ၂နှစ်အကြာမှာ သူငယ်ချင်းတစ်သိုက် ငယ်ငယ်တုန်းက နွေရာသီ အားလပ်ရက်တိုင်း လာလေ့ရှိတဲ့ အိမ်ကို ဆမန်သာ၊ မိုင်းစ်၊ အလာနာ နဲ့ မစ်ကီတို့ သူငယ်ချင်းတစ်သိုက် ပြန်ချိန်းလိုက်ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို ဘယ်လိုမကောင်းတဲ့အရာတွေက စောင့်ကြိုနေမလဲ၊ အဲဲဒီ မကောင်းတဲ့အရာကနေ ဆမန်သာတို့ လွတ်မြောက်သွားနိုင်ပါ့မလား၊ ဘာလို့ အဲဒီမကောင်းတဲ့အရာကြီးက ဘာလို့လိုက်သတ်နေတာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Screamလိုမျိုးပုံစံမျိုးဆိုတော့ တရားခံက ဘယ်သူလဲဆိုတာ ကြည့်ရင်းရှာဖွေလိုက်ကြပါအုန်း။

Evil Dead II (1987) ⭐IMDB: 7.7/10 (172 k Votes) 🎬 #Comedy #Evil Dead Franchise #Fantasy #Horror 🗓️ 1987 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil Dead II (1987) ================= IMDb 7.7 / Rotten Tomatoes 95% ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ် Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ် ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်

The Evil Dead (1981) ⭐IMDB: 7.4/10 (219 k Votes) 🎬 #Horror 🗓️ 1981 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကို ရောက်အသွား စပ်စုတက်တဲ့ လူငယ်သဘာ၀ ဗီဇ အရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စု ကို ပြန်ဖို့ မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ ဒီ ဇတ်ကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါအပိုင်း ၁ ကို ကြိုက်တယ် ဆိုရင်တော့ အပိုင်း ၂ နဲ့ ၃ ကို ဆက်တင်ပေးပါမယ် File size…1.90GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by CM Team Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Evil Dead II (1987) ⭐IMDB: 7.7/10 (172 k Votes) 🎬 #Comedy #Evil Dead Franchise #Fantasy #Horror 🗓️ 1987 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil Dead II (1987) ================= IMDb 7.7 / Rotten Tomatoes 95% ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ် Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ် ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်

The Evil Dead (1981) ⭐IMDB: 7.4/10 (219 k Votes) 🎬 #Horror 🗓️ 1981 🎞️ Movie 📺 1440p 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကို ရောက်အသွား စပ်စုတက်တဲ့ လူငယ်သဘာ၀ ဗီဇ အရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စု ကို ပြန်ဖို့ မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ ဒီ ဇတ်ကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါအပိုင်း ၁ ကို ကြိုက်တယ် ဆိုရင်တော့ အပိုင်း ၂ နဲ့ ၃ ကို ဆက်တင်ပေးပါမယ် File size…1.90GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by CM Team Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Conception (2022) ⭐IMDB: 5.2/10 (25 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Conception (2022)============== မိသားစုတစ်ခုမှာ ကလေးရှိတာက ရတနာလေးတစ်ခုပဲလို့ဆိုတတ်ကြတယ်။ တချို့အတွက်ကျလည်း ရတာ,နာ လေးတဲ့။ဒီဇာတ်ကားထဲက အေမီကတော့ တစ်ဦးတည်းသောသမီးဆိုတော့ ကလေးတွေအများကြီးနဲ့ သာယာတဲ့ မိသားစုတစ်ခုကိုမျှော်လင့်နေတဲ့သူပေါ့။ ဒီတော့ သူအိမ်ထောင်ကျပြီးတဲ့အခါမှာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့သားသမီးတွေယူဖို့ အမျိုးသားဖြစ်သူ ဗစ် နဲ့ အားကြိုးမာန်တက်ကြိုးစားပါတော့တယ်။ ဗစ် ကတော့ ကလေးရရာလမ်းကြောင်းကို ဝင်ခလုတ် ထွက်ခလုတ်ဆက်တိုက်လျှောက်လှမ်းနေရတော့ရှယ်အကြိုက်တွေ့တာပေါ့။ ဒါပေမဲ့ သနားစရာကောင်းတာက ဗစ်ခမျာ လချီကြိုးစားပေမဲ့ရင်သွေးလေးက ရမလာခဲ့ဘူး။ ဒီတော့ ကလေးရူးရူးနေတဲ့ အေမီအတွက် နောက်ဆုံးလက်နက်ဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားလေးလွယ်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို ဆေးပညာရှု့ထောင့်ကနေရော ဟာသအမြင်လေးနဲ့ပါ တွဲဖက်ရိုက်ကူးပြထားတာမို့ ဇာတ်လမ်းအစအဆုံး ပျင်းမနေရဘဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့ရနိုင်မဲ့ ဇာတ်လမ်းမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Khine Soe,Ngwe Zin တို့ဖြစ်ပါတယ်)

The Blessing Bracelet (2023) ⭐IMDB: 6.7/10 (399 Votes) 🎬 #Romance #TVMovie #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Blessing Bracelet (2023) ~ IMDb – 6.7/10, Rotten Tomatoes – 100% ~ Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ် ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီး ဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ ​အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာ သူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet လေးတွေက ဒေါင်းန်ဘဝထဲကို ဘယ်လိုကောင်းချီးတွေ ပြန်လည်ယူဆောင်လာပေးမလဲ၊ အေဒမ်က သူ့ဘဝထဲကိုဘယ်လိုရောက်လာမလဲဆိုတာကို ဇာတ်ဝင်တေးငြိမ့်ငြိမ့်လေးတွေနဲ့အတူခံစားကြရမှာပါ။ ကျွန်တော်ကတော့ Hope ဆိုတဲ့ဇာတ်ဝင်တေးလေးကို သဘောကျပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

The Blessing Bracelet (2023) ⭐IMDB: 6.7/10 (399 Votes) 🎬 #Romance #TVMovie #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Blessing Bracelet (2023) ~ IMDb – 6.7/10, Rotten Tomatoes – 100% ~ Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ် ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီး ဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ ​အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာ သူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet လေးတွေက ဒေါင်းန်ဘဝထဲကို ဘယ်လိုကောင်းချီးတွေ ပြန်လည်ယူဆောင်လာပေးမလဲ၊ အေဒမ်က သူ့ဘဝထဲကိုဘယ်လိုရောက်လာမလဲဆိုတာကို ဇာတ်ဝင်တေးငြိမ့်ငြိမ့်လေးတွေနဲ့အတူခံစားကြရမှာပါ။ ကျွန်တော်ကတော့ Hope ဆိုတဲ့ဇာတ်ဝင်တေးလေးကို သဘောကျပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Prime Time (2021) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 720p 🌎 #Poland ⏰ 1 နာရီ 32 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Prime Time (2021) 1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Prime Time (2021) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Poland ⏰ 1 နာရီ 32 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Prime Time (2021) 1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)