es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
A Father's Nightmare (2018) ⭐IMDB: 5.5/10 (286 Votes) 🎬 #Thriller #TVMovie 🗓️ 2018 🎞️ Movie 📺 1080p 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Father’s Nightmare (2018)===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ်သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင်မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက်လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ်တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများတယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ်ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင်လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ်ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ်သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေးပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရတယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစားစရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာကသူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ်ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်းတယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုးတစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံအစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရောဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Qodrat (2022) ⭐IMDB: 6.5/10 (576 Votes) 🎬 #Action #Drama #Fantasy #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Indonesia #Malaysia ⏰ 1 နာရီ 42 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Qodrat (2022) ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလိုအလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင်ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

La Trampa (2022) ⭐IMDB: 5.6/10 (28 Votes) 🎬 #Action #Comedy 🗓️ 2022 🎞️ Movie 📺 720p 🌎 #DominicanRepublic ⏰ 1 နာရီ 29 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 La Trampa (2022) ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။ လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။ တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။ La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ… ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ… ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

La Trampa (2022) ⭐IMDB: 5.6/10 (28 Votes) 🎬 #Action #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #DominicanRepublic ⏰ 1 နာရီ 29 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 La Trampa (2022) ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။ လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။ တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။ La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ… ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ… ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Paachuvum Albhuthavilakkum (2023) ⭐IMDB: 7.6/10 (910 Votes) 🎬 #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 50 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paachuvum Albhuthavilakkum 2023 2023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုများစွာကိုရရှိထားပါတယ် ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သားလူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီးကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေအလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီးတစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင်ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါ ပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ်

Paachuvum Albhuthavilakkum (2023) ⭐IMDB: 7.6/10 (910 Votes) 🎬 #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 50 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paachuvum Albhuthavilakkum 2023 2023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုများစွာကိုရရှိထားပါတယ် ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သားလူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီးကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေအလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီးတစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင်ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါ ပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ်

If Looks Could Kill (1991) ⭐IMDB: 5.8/10 (7 k Votes) 🎬 #Action #Comedy 🗓️ 1991 🎞️ Movie 📺 720p 🌎 #UnitedStates #Canada ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။ သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ လတ်တလောဖြစ်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးဆန်းစွာအသတ်ခံရမှုနဲ့အတူ အော်ရန့်ဘာ့ဂ်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ရောက်လာတာပါ။ ဒါပေမဲ့ အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီးတော့ ကျောင်းသားလေးမိုက်ကယ်ကော်ဘန်ကို အသွင်ယူအေးဂျင့်လို့ ထင်သွားကြတဲ့အခါ… စိုင်ကော်လို့ခြုံပေါ်ရောက်တာမဟုတ်တဲ့ နာမည်ကော်လို့ အေးဂျင့်ဖြစ်သွားတဲ့ မိုက်ကယ်ကော်ဘန်တစ်ယောက် နိုင်ငံရေးပြဿနာထဲကို ဘုမသိဘမသိဝင်ပါမိရင်းနဲ့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ အားလုံးကြည့်ရှုခံစားရင်း ရယ်မောခြင်းနဲ့ ဘဝအပန်းဖြေလိုက်ရအောင်ပါ။

FUBAR (2023) ⭐TMDB: 69.0% User Score 🎬 #Action&Adventure #Comedy #Drama #Comedy #Action #Adventure #Thriller 🗓️ 2023 🎞️ tv series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 50 မိနစ် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 FUBAR (2023)ပရိသတ်အချစ်တော်မင်းသားကြီးအာနိုးရဲ့ အသစ်ထွက် Action/comedy စီးရီးလေးလာပါပြီ။ မင်းသားကြီးအာနိုးနဲ့အတူ မင်းသမီးချောလေး Monica Barbaro (Top Gun: Maverick ထဲက Phoenix)က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ စီအိုင်အေစုံထောက်တစ်ယောက်ဖြစ်တဲ့ လုခ်က မကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိသားစုနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းတော့ဖို့ စိတ်ကူးထားသူပါ။ သူသိပ်ချစ်တဲ့သမီးဖြစ်သူ အမ်မာဟာဆိုရင်လည်း ဆေးလိပ်မသောက် အရက်မသောက် တယောတီးတဲ့နေရာမှာလည်းအလွန်တော်တဲ့ ဂုဏ်ယူရတဲ့ ဖေဖေ့သမီးလေးပေါ့။ ဒါပေမယ့် အငြိမ်းစားမယူခင်လေးမှာပဲ နောက်ဆုံးအနေနဲ့ ရန်သူ့နယ်မြေထဲ အသွင်ယူစုံစမ်းနေတဲ့အေးဂျင့်တစ်ယောက်ကို သွားကယ်ပေးရမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ အမိန့်ကျလာခဲ့ချိန်မှာတော့.. မလွှဲမရှောင်သာ စစ်ဆင်ရေးကို စတင်ခဲ့ရပြီး ရန်သူ့နယ်မြေထဲရောက်သွားခဲ့ချိန်မှာပဲ ရန်သူ့နယ်မြေထဲမှာ သူ လုံးဝမထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်.. အဲဒါကတော့ သူ့ရဲ့ အချစ်ရဆုံး အလိမ်မ္မာတုံး သမီးလေးပါပဲ.. အံ့ဩထိတ်လန့်ခြင်းများစွာနဲ့ လုခ်တစ်ယောက် စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား.. သူ့သမီးအမ်မာကရော ဘာဖြစ်လို့ ရန်သူ့နယ်မြေထဲကို ရောက်နေခဲ့တာလဲ.. သူတို့နှစ်ဦးအချင်းချင်း လျှို့ဝှက်ထားတာက ဘာတွေဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။

FUBAR (2023) ⭐TMDB: 69.0% User Score 🎬 #Action&Adventure #Comedy #Drama #Comedy #Action #Adventure #Thriller 🗓️ 2023 🎞️ tv series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ ⁉️ (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 FUBAR (2023)ပရိသတ်အချစ်တော်မင်းသားကြီးအာနိုးရဲ့ အသစ်ထွက် Action/comedy စီးရီးလေးလာပါပြီ။ မင်းသားကြီးအာနိုးနဲ့အတူ မင်းသမီးချောလေး Monica Barbaro (Top Gun: Maverick ထဲက Phoenix)က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ စီအိုင်အေစုံထောက်တစ်ယောက်ဖြစ်တဲ့ လုခ်က မကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိသားစုနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းတော့ဖို့ စိတ်ကူးထားသူပါ။ သူသိပ်ချစ်တဲ့သမီးဖြစ်သူ အမ်မာဟာဆိုရင်လည်း ဆေးလိပ်မသောက် အရက်မသောက် တယောတီးတဲ့နေရာမှာလည်းအလွန်တော်တဲ့ ဂုဏ်ယူရတဲ့ ဖေဖေ့သမီးလေးပေါ့။ ဒါပေမယ့် အငြိမ်းစားမယူခင်လေးမှာပဲ နောက်ဆုံးအနေနဲ့ ရန်သူ့နယ်မြေထဲ အသွင်ယူစုံစမ်းနေတဲ့အေးဂျင့်တစ်ယောက်ကို သွားကယ်ပေးရမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ အမိန့်ကျလာခဲ့ချိန်မှာတော့.. မလွှဲမရှောင်သာ စစ်ဆင်ရေးကို စတင်ခဲ့ရပြီး ရန်သူ့နယ်မြေထဲရောက်သွားခဲ့ချိန်မှာပဲ ရန်သူ့နယ်မြေထဲမှာ သူ လုံးဝမထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်.. အဲဒါကတော့ သူ့ရဲ့ အချစ်ရဆုံး အလိမ်မ္မာတုံး သမီးလေးပါပဲ.. အံ့ဩထိတ်လန့်ခြင်းများစွာနဲ့ လုခ်တစ်ယောက် စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား.. သူ့သမီးအမ်မာကရော ဘာဖြစ်လို့ ရန်သူ့နယ်မြေထဲကို ရောက်နေခဲ့တာလဲ.. သူတို့နှစ်ဦးအချင်းချင်း လျှို့ဝှက်ထားတာက ဘာတွေဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။

Blood & Gold (2023) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Action #Drama #War 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Germany ⏰ 1 နာရီ 39 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blood And Gold (2023) ~ IMDb – 6.6/10, Rotten Tomatoes – 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ – ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅… ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

Murder by Numbers (2002) ⭐IMDB: 6.1/10 (60 k Votes) 🎬 #Crime #Mystery #Thriller 🗓️ 2002 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Murder by Numbers (2002) အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac နဲ့ နာမည်ကျော် မင်းသမီးကြီး Sandra Bullock တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Aung Win Htutပါ။)

Murder by Numbers (2002) ⭐IMDB: 6.1/10 (60 k Votes) 🎬 #Crime #Mystery #Thriller 🗓️ 2002 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Murder by Numbers (2002) အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac နဲ့ နာမည်ကျော် မင်းသမီးကြီး Sandra Bullock တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Aung Win Htutပါ။)

Mother's Day Is Cancelled (2023) ⭐IMDB: 4.8/10 (91 Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 720p 🌎 #⁉️ #Mexico ⏰ 1 နာရီ 31 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.9 GB)/(1 GB)/(500 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:30:00Genre…ComedySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Aung Khant Paing

Mother's Day Is Cancelled (2023) ⭐IMDB: 4.8/10 (91 Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #⁉️ #Mexico ⏰ 1 နာရီ 31 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.9 GB)/(1 GB)/(500 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:30:00Genre…ComedySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Aung Khant Paing

Faithfully Yours (2022) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Thriller #Mystery 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Netherlands #Belgium ⏰ 1 နာရီ 35 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Faithfully Yours (2022)=================IMDb Rating – 5.5/10 အိမ်ထောင်ရှိတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် Bodil နဲ့ Isabel၊သူတို့ယောကျ်ားတွေ မသိအောင် ဖောက်ပြန်ဖို့ Belgian ကမ်းခြေဆီပိတ်ရက် ခရီးထွက်သွားကြတယ်။ ကမ်းခြေမှာ တစ်ယောက်တစ်နေရာဆီ လျှောက်သွားပြီး ပျော်ရင်း သူတို့ယောကျ်ားတွေကိုတော့ အတူတူရှိနေကြောင်း လိမ်ဖို့ အစီအစဥ်နဲ့​ပေါ့။ Isabel ရဲ့ ယောကျ်ားက သူ့မိန်းမကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ အဲဒါကို သိတဲ့ Isabelက သူ့ဖုန်းကို Bodil ဆီ ပေးထားပြီး Bodil ကလည်း Isabel ယောကျ်ားဆီ ဓာတ်ပုံတွေပို့ရင်း အိမ်မှာရှိနေကြောင်း Isabel ဟန်ဆောင်ပြီး လိမ်တာပေါ့။ ဒါပေမဲ့ Bodil တခြားယောကျ်ားတစ်ယောက်နဲ့ ကမ်းခြေသွားအပြီး အိမ်ပြန်တော့ ကြမ်းပြင်မှာ သွေးတွေရွှဲပြီး Isabel ​ပျောက်သွားတာကို သိရတယ်။ သူတို့ယောကျ်ားနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်လာပြီး ​ရဲတွေကစစ်ဆေးတော့ Bodil လိမ်ရင်း လိမ်ရင်းနဲ့ သူ့အလိမ်တွေကြားရှုပ်ကုန်တော့တယ်။ နောက်ပိုင်း Isabel အသတ်ခံလိုက်ရတာဖြစ်ကြောင်းသိလိုက်ရချိန်မှာတော့ Bodil ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ တရားခံကဘယ်သူလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သံသဃတွေနဲ့ ​ကြည့်ရှုရမယ့်Mystery ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

Bullet to the Head (2012) ⭐IMDB: 5.7/10 (51 k Votes) 🎬 #Action #Crime #Thriller 🗓️ 2012 🎞️ Movie 📺 720p 🌎 #USA #UnitedStates #India #Switzerland #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး

Bullet to the Head (2012) ⭐IMDB: 5.7/10 (51 k Votes) 🎬 #Action #Crime #Thriller 🗓️ 2012 🎞️ Movie 📺 1080p 🌎 #USA #UnitedStates #India #Switzerland #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး

Of an Age (2022) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 720p 🌎 #Australia ⏰ 1 နာရီ 40 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Of an Age (2022)=============IMDb Rating – 7.2/10Rotten Tomatoes – 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ်လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရတဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျားရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီလေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် …ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

Of an Age (2022) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Australia ⏰ 1 နာရီ 40 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Of an Age (2022)=============IMDb Rating – 7.2/10Rotten Tomatoes – 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ်လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရတဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျားရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီလေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် …ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

When Love Springs (2023) ⭐IMDB: 6.2/10 (369 Votes) 🎬 #Comedy #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 720p 🌎 #Australia ⏰ 1 နာရီ 24 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 When Love Springs (2023)===================IMDb Rating – 6.2/10 Junior PR ဖြစ်တဲ့ Rory Richards က သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည် ​ကတိကဝတ်ပြန်တည်ပွဲအတွက်Lilac Lake တည်းခိုခန်းကို ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ သူ့ကိုလမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း Jason နဲ့ တန်းတိုးတာပဲ။Jason မှာက ဘာဘီရုပ်လိုလှတဲ့ ရည်းစားကောင်မလေးအသစ် ရှိနေပြီ။ ကောင်မလေး ချောချောလေးရနေပြီဖြစ်တဲ့ Ex ကို ပြန်တွေ့တော့ FA Rory လည်း လန့်ပြီး အရှက်မကွဲချင်လို့ဟိုတယ်ပိုင်ရှင်သား Noahကို သူ့ရည်းစားပါလို့ လိမ်ပြောလိုက်တယ်။ Noah မှာက သူ့အလုပ်တွေနဲ့ ရှုပ်နေပြီးသား။သူတို့ဟိုတယ် အခြေအနေမကောင်းတော့လို့ မရောင်းရအောင် ကြိုးစားနေတဲ့အချိန် Rory က သူ့ကို သူ့ရဲ့ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ ဂျီတိုက်ခဲ့တယ်။ Noah လည်းငြင်းပေမဲ့ နောက်ဆုံးတော့ သူတို့တွေ အပေးအယူတစ်ခုပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးထဲမှာ ဟာသရသပေါင်းစုံနဲ့ ဆက်လက်ကြည့်ရူလို့ရပါတယ်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)