ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Jawan (2023)
⭐IMDB: 7.5/10 (64 k Votes)
🎬 #Action #Bollywood #Thriller #Adventure
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 51 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jawan (2023) “စစ်သည်တော်”
IMDb-7.5/10
ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။
King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။
ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီးဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။
ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။
ဥပဒေ…။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။
ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့်ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်
ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။
အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်…၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ နှစ်ဦးသားအတူချစ်ခရီးလမ်းကိုလျောက်လှမ်းနေတဲ့ အရာရှိအမျိုးသမီးကလည်း အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိသွားချိန်မှာတော့။
အက်ရှင်၊အချစ်၊အလွမ်း၊မေတ္တာတရား စတဲ့ ရသစုံလင်စွာနဲ့ စောင့်မျှော်ရကျိုးနပ်တဲ့ ရုပ်ရှင်ကားကြီးကိုကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Jigarthanda (2014)
⭐IMDB: 8.2/10 (13 k Votes)
🎬 #Action #Bollywood #Comedy #Crime #Drama #Thriller
🗓 2014 🎞 movie
🌎 #India
⏰ 2 နာရီ 44 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jigarthanda (2014) “ဘိုင်စကုတ်ဂန်းစတား”IMDb-8.2/10
မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီးဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီးဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ဒုတိယမြောက်ကား “Jigarthanda double X 2023” မလာခင်လေးမှာဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။
ဇာတ်လမ်းအကျဉ်းကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ထုတ်လုပ်သူရှာတွေ့သွားတယ်။
ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာသူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကိုထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။
ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန်ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Martyrs (2008)
⭐IMDB: 7.0/10 (103 k Votes)
🎬 #Horror #Drama #Thriller
🗓 2008 🎞 movie
🌎 #France #Canada
⏰ 1 နာရီ 40 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။
ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။
ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။
ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလားဆိုတာကို စိတ်ကျဉ်းကြပ် ဖိစီးဖွယ် အသက်ရှုမဝကြည့်ရမယ့် Horror ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb မှာ Rating 7/10 ရရှိထားပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ တည်ဆောက်ထားပြီး နိုင်ငံတကာက အကြီးအကျယ်အားပေး ဆွေးနွေးကြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မြန်မြန်သာ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုပါတယ်။...
My Lucky Stars (1985)
⭐TMDB: 62.0% User Score
🎬 #Action #Comedy #Crime #JackieChan
🗓 1985 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 37 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။
မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ဘယ်လိုနှာဘူးကျဦးမလဲ၊ တလွဲတွေလုပ်ကြဦးမလဲ၊ လွဲရင်း လွဲရင်းနဲ့ မစ်ရှင်ကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်ကြမလဲဆိုတာ အူတက်အောင်ရယ်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်ညစ်စရာတွေပျောက်သွားအောင် အူတက်ပြီး ရယ်ရတဲ့ဇာတ်ကားမျိုးကို ရှာနေတယ်ဆိုရင်တော့ ဒီကားသာ ကြည့်လိုက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။...
About a Boy (2002)
⭐TMDB: 67.0% User Score
🎬 #Comedy #Drama #Romance
🗓 2002 🎞 movie
🌎 #France #UnitedKingdom #UnitedStates #Germany #UnitedKingdom #UnitedStatesofAmerica #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
About a Boy (2002)
~ IMDb – 7.1/10, Rotten Tomatoes – 93% ~
ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။
ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။
ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
First Sunday (2008)
⭐TMDB: 57.0% User Score
🎬 #Comedy #Crime #Drama #Action
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rapper လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့
နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။
အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက်
တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။
ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရော
ဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့
သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့
အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ဖို့ပါပဲ။
ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့
သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။
ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။
အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။
ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။
အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး
ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို
ရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။...
Are You Ok Baby? (2023)
⭐IMDB: 8.0/10 (333 Votes)
🎬 #Bollywood #Crime #Drama #Family
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 50 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Are You Ok Baby? (2023) မေမေ့ကလေးငယ်
ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြားပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေတော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကိုမွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာမစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲလာတဲ့အခါ ….
ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီးလူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။
ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ….မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်
ဒီဇာတ်လမ်းလေးကိုတော့ Dee~ Yoon~ Alex~ ToMo ~ BpL မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Barnyard (2006)
⭐TMDB: 58.0% User Score
🎬 #Animation #Comedy #Adventure #Drama #Family
🗓 2006 🎞 movie
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Barnyard (2006)IMDb 5.6/10
ကလေးတွေသဘောကျမဲ့
barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့
ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ
ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။
လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။
အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ
သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။
အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ
ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း
ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။
မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့
အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့
မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့
အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊
စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို
သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ “Barnyard” ဆိုတဲ့
ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့
ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း
ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Langitngit (2023)
⭐IMDB: 5.7/10 (26 Votes)
🎬 #Adult #Thriller
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 53 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Langitngit (2023)
လေလာက မိသားစုအခြေအနေအရ ခဏကျောင်းထွက်ပြီး နောက်ဆုံးနှစ်အတွက် ကျူရှင်စရိတ်ရှာနေပါတယ်။ သူရလာတဲ့အလုပ်က အိမ်ကဝေးလွန်းတဲ့အတွက် အလုပ်နဲ့အနီးအနားမှာ အခန်းရှာရင်း တိုက်ခန်းငှားခလည်းမတတ်နိုင်လို့ အဘွားကြီးနှစ်ယောက်သာနေတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးမှာ တစ်ယောက်စာအခန်းကျဉ်းလေး ငှားနေရပါတယ်။
အဘွားကြီးနှစ်ဦးမှာ တစ်ဦးက အိမ်ရှင်ဖြစ်ပြီး တစ်ဦးကတော့ အိမ်ဖော်ပါ။ အိမ်ဖော်အဘွားကြီးဟာ ညသန်းခေါင်ကျော်တာနဲ့ ဒီအိမ်မှာမနေတော့ပဲ အိမ်ကိုပြန်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကတော့ ဒီအိမ်ကြီးဟာ ညနေစောင်းတာနဲ့ ထူးဆန်းတဲ့အသံတွေကြားရလေ့ရှိပြီး အဲ့ဒီအသံတွေဟာ သရဲခြောက်တာလို့ယုံကြည်လို့ပါပဲ။ တစ်ညမှာတော့ လေလာကိုယ်တိုင် အဲဒီအသံတွေနဲ့ကိုယ်တွေ့ကြုံရဖို့ဖြစ်လာပါတယ်။ ညသန်းခေါင်အသံတွေကြောင့် တစ်ဖက်ခန်းကိုချောင်းကြည့်လိုက်ချိန်မှာ တွေ့လိုက်ရတာကတော့ သူ့ဘေးချင်းကပ်ခန်းမှာ အားရပါးရလိင်ဆက်ဆံနေကြတဲ့လူငယ်စုံတွဲတစ်တွဲပါပဲ။
နောက်နေ့မှာ သိလိုက်ရတာက သူညကမြင်လိုက်ရတဲ့ကောင်လေးဟာ အိမ်ရှင်အဘွားကြီးရဲ့တစ်ဦးတည်းသောမြေးငယ် ပိုပွိုင်းဖြစ်ပြီး ရည်းစားထားဖို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ ဘာသာရေးအစွန်းရောက်အဘွားဖြစ်သူကြောင့် ကောင်လေးဟာ သူ့ရည်းစားတွေကို အခန်းထဲမှာပဲခေါ်ဧည့်ခံရရှာတာဖြစ်ပါတယ်။ အဲဒီညနောက်ပိုင်းမှာ အပျိုစင်တစ်ယောက်သာဖြစ်နေသေးတဲ့ လေလာတစ်ယောက် အတွေ့အကြုံသစ်ကိုစူးစမ်းလိုတဲ့စိတ်နဲ့ တဏှာရမ္မက်တွေထန်လာခဲ့သလို သဘောကောင်းပုံရတဲ့ အိမ်ရှင်အဘွားကြီးကလည်း မျက်နှာဖုံးကွာကျစပြုလာတဲ့နောက် ဒီအိမ်ကြီးမှာ ခြောက်ခြားစရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။
စူပါမော်ဒယ်တစ်ယောက်လို ပိန်ပိန်ပါးပါးညိုချောလေး Manang Medina နဲ့ ဖြူဖြူဖွေးဖွေးရေဆေးငါးလိုအကိတ်ကြီး Zia Zamora ဆိုတဲ့ မင်းသမီးအသစ်လေးနှစ်ယောက်ကိုပွဲဦးထွက်မိတ်ဆက်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်း တစ်ခြားဟာတွေလည်းကောင်းပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Sayen: Desert Road (2023)
⭐IMDB: 5.1/10 (98 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
🌎 #Chile
⏰ 1 နာရီ 34 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sayen: Desert Road (2023)
ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ “Sayen” ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။
ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကို ရောက်လာခဲ့ပါတယ်။ ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲ ဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။ ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့ စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ဆာယန်တစ်ယောက် ဘယ်လိုသတင်းတွေသိရမလဲ အဲဒီသတင်းကြောင့် ဘယ်လိုအခက်အခဲတွေကို ထပ်ပြီးကြုံတွေ့ခဲ့ရလဲ…
ဒါ့အပြင် ပထမအပိုင်းမှာမပါခဲ့တဲ့ သူ့အဘွားကိုသတ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီ အက်တီယွန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်သူတွေကို အပြီးတိုင် လက်စားချေခဲ့ပုံတွေကို ရိုက်ကူးပေးထားပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Mysterious Things in the Deep Forest (2023)
⭐TMDB: 0.0% User Score
🎬 #Adventure #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 44 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တော်လှန်ရေးခေတ်ကိုအခြေခံပြီးရိုက်ထားတဲ့စွန့်စားခန်းဇာတ်ကားလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့(၃)နှစ်တုန်းက ပိုင်ရှန်တောနက်ထဲမှာပျောက်သွားတဲ့မီးရထားပေါ်မှာဇနီးပါသွားတာကြောင့်တောနက်ထဲဝင်ရှာမယ့် …….မာဟိန်ယွမ်အစ်မဖြစ်သူကိုရှာဖို့အတွက် ခဲအိုနဲ့အတူစွန့်စားမယ့်…… ဖုကွေ့အဲဒီမီးရထားပေါ်မှာပဲပါသွားတဲ့ ညီလေးကိုရှာမယ့် ….. ခါဝါဂူချီ
ဂျပန်လူမျိုးခါဝါဂူချီခိုင်းသမျှကို အခကြေးငွေနဲ့လုပ်ပေးပြီးလောဘကြီးတဲ့ ဓားပြဗိုလ်…. ပေပါ့ထျန်းရည်ရွယ်ချက်မတူတဲ့ဒီလူတွေဟာအုပ်စုဖွဲ့ပြီးပိုင်ရှန်းတောင်ကတောနက်ကြီးထဲကိုဝင်ကြတဲ့အခါဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်ကြိုနေမလဲ……မီးရထားကြီးဆန်းကြယ်စွာပျောက်သွားတဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ...
Hurricane Season (2023)
⭐IMDB: 6.2/10 (60 Votes)
🎬 #Drama #Thriller #Crime
🗓 2023 🎞 movie
🌎 #Mexico
⏰ 1 နာရီ 39 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hurricane Season ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် Netflix က
ထုတ်လုပ်ခဲ့တဲ့ Mexican ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့လည်း
သရုပ်ဆောင်တာတွေက သဘာဝကျလွန်းလို့ ရုပ်ရှင်တစ်ကား
ဆိုတာကိုတောင် မေ့နေမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အဓိကကျောရိုးလေးကတော့ နယ်မြို့လေးတစ်မြို့မှာ
တည်ထားတာဖြစ်ပါတယ်။ အဲ့မြို့မှာ စုန်းမကြီးလို့ လူတွေက ခေါ်ကြတဲ့
Gay တစ်ယောက်ရှိပြီး ထုံးစံအတိုင်း သူ့အကြောင်း သွားပုပ်လေလွင့်တွေက
အများကြီးပေါ့။ အဲ့ဒါကိုမှ အဲ့ gay နဲ့ ပတ်သက်နေတဲ့ လူငယ်တစ်ယောက်နဲ့
သူ့ရဲ့မိသားစုအကြောင်းတွေကို ထိထိမိမိ ကိုယ်တိုင်ဝင်ရောက်ခံစားရသလို
ရိုက်ကူးပြထားပါတယ်။ တစ်ရက်တော့ အဲ့ဒီ နာမည်ပျက်နေတဲ့ စုန်းမလို့ခေါ်တဲ့
gay ရဲ့အလောင်းကို တွေ့လိုက်ရတဲ့အခါ အဲ့ဒါရဲ့ နောက်ကွယ်က ဘယ်လို
ဇာတ်လမ်းတွေ အကြောင်းရင်းတွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာ
mystery ဆန်ဆန် ကြည့်ရှုရမဲ့ mexico ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...
Flaming Cloud (2023)
⭐TMDB: 20.0% User Score
🎬 #Drama #Fantasy
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 47 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတာ့ အချစ်စစ်နဲ့ ပတ်သတ်ပြီးနတ်ဘုရားတွေရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တဲ့လောင်းကစား တစ်ခုကနေစတင်လာခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ…
ကောင်းကင်ဘုံမှာ အချစ်စစ်နဲ့ပတ်သက်ပြီးလောင်းကစားလုပ်ဖို့စတင်ခဲ့တာလောင်းကြေးကတော့ တိမ်လွှာ မီးတောက်လို့ခေါ်တဲ့နတ်ဘုရားတွေရဲ့ သေဆုံးခြင်းပေါ့…အဲ့ဒီအတွက် ဝမ်စန်းကွေ့ဆိုတဲ့ ကလေးလေးဟာ အချစ်စစ်နဲ့ကျိန်စာဖြေရမယ့် လူသားတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတယ်…
ငယ်စဥ်ကတည်းက မိဘမရှိ အဖွားနဲ့နေခဲ့ရပြီး သူငယ်ချင်းဆိုတာလည်းမရှိသူတစ်ယောက်ပါ…တစ်နေ့မှာ သူသွားနေကျ စွန့်ပစ်ပန်းခြံတစ်ခုရဲ့ ကိုယ်ပိုင်နေရာလေးကိုလာသိမ်းပိုက်တဲ့ ထင်ထင် ဆိုတဲ့ကောင်မလေး တစ်ယောက်ပေါ်လာခဲ့တယ်…
ထင်ထင်နဲ့အစမှာတော့ မတည့်ကြပေမယ့်ပြေလည်မှုရပြီးနောက်မှာသူငယ်ချင်းမရှိတဲ့ဝမ်စန်းကွေ့အတွက်တော့ သံယောဇဥ်တွေတွယ်လာခဲ့တယ်…အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကျိန်စာဆိုးကပေါ်ထွက်လာခဲ့တော့တာပါပဲ…နမ်းလိုက်တဲ့ ဘယ်သူမဆို ချက်ချင်း အိပ်ပျော်သွားခဲ့တယ်..ကျိန်စာဆိုးကြောင့်နားလည်မှုလွဲခဲ့ပြီး ထင်ထင်နဲ့ကွဲကွာခဲ့တဲ့အပြင်တစ်ဦးတည်းသောအဖွားလည်းဆုံးရှုံးခဲ့ရတဲ့ ဝမ်စန်းကွေ့…
ရှေ့ဆက်ပြီး ကျိန်စာဆိုးနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ…ထင်ထင်ကရော အချစ်စစ်ဖြစ်လာနိုင်မလား…ကျိန်စာဆိုးကိုရောဖြေရှင်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြရအောင်...
Snaker in Golden (2023)
⭐TMDB: 0.0% User Score
🎬 #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 17 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပြန်ရှောင်ယာတို့ရဲ့ ယွိကျန့်ဂိုဏ်းဟာ ခေတ်အဆက်ဆက် မိစ္ဆာဖမ်းခြင်းနဲ့နာမည်ကြီးတဲ့ဂိုဏ်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကခေါင်း၉လုံးနဲ့ မြွေတစ်ကောင်ဟာ ကိုယ်ပေါ်မှာ ရွှေရောင်တွေတောက်ပပြီး အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်ပုံအဖြစ်ဖန်ဆင်းပြီးသူ့ကိုယ်သူ ရွှေမြွေသခင်မဆိုပြီး အမည်ခံကာ လူ့လောကကို အန္တရာယ်ပြုလျက်ရှိပါတယ်။
ပြည်သူတွေဟာ ဒုက္ခများစွာရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာမိစ္ဆာဖမ်းသူနန်ဟွာဟာ ရွှေမြွေသခင်မကို အနိုင်ယူပြီးသူမရဲ့ခေါင်းကိုဖြတ်ကာ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ဒါပေမဲ့ရွှေမြွေသခင်မရဲ့ ခန္ဓာကိုယ်က သေဆုံးသွားခဲ့ပေမဲ့လဲဝိညာဉ်ကမသေသွားပါဘူး။ မသေခင်မှာမိစ္ဆာအရှင်လောကထဲ ပြန်လာဦးမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။
နှစ်ထောင်ချီကြာပြီးနောက် ရွှေမြွေသခင်မကို ထိန်းချုပ်ထားတဲ့မိစ္ဆာသတ်နန်းဆောင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး ရွှေမြွေသခင်မတယောက် ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့...
Perfect Harmony (2022)
⭐IMDB: 6.8/10 (436 Votes)
🎬 #Comedy #Romance #TVMovie
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။
ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ နာအိုမီလို့ ခေါ်တဲ့ သူငယ်ချင်း ၂ယောက် ရှိပါတယ်။ ဂျက်နဲ့ ဘာရက်နဲ့က အချင်းချင်း သတ်ရင်းနဲ့သာ အချိန်ကုန်နေကြတာ ဆိုင်မွန်နဲ့ နာအိုမီကတော့ လက်ထပ်ပြီး မင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။ ဂျက်တို့တတွေရဲ့ သူငယ်ချင်းဖြစ်သူ၂ယောက်က မင်္ဂလာဆောင်အတွက် ဂျက်တို့ကို အကူညီတောင်းလာတဲ့အခါမှာတော့ အကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဂျက်နဲ့ ဘာရက်တို့ မင်္ဂလာပွဲအတွက် ကူညီရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ …. ဘယ်လို ကတောက်ကဆလေးတွေဖြစ်မလဲ …. သူတို့အချင်းချင်း ညှိနှိုင်းကြရင်း သူတို့၂ယောက်လုံး လိုအပ်နေတဲ့ Perfect Harmony လေးကို ရှာတွေ့သွားကြမလား ….. ဆိုတာကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီ ရုပ်ရှင်က ပေးချင်တဲ့ message ကိုသာ ခံစားမိမယ်ဆိုရင် ဝါကျွတ်ရင် လက်ထပ်ချင်တဲ့စိတ်တွေပါ ပေါက်လာပါလိမ့်မယ်။ Review ရေးတဲ့ လူလည်း Perfect Harmony ကို ရှာတွေ့ချင်ပြီး Reviewကို ဖတ်နေတဲ့ CMပရိသတ်ကြီးလည်း Perfect Harmonyကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း reviewလေးကို အဆုံးသတ်ပါရစေ။
အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Skanda: The Attacker (2023)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 44 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Skanda (2023)===============================
တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြောTollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကိုစီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။
ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာမတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်းအကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။
အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့်အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။
အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသားဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီးမင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော်အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Deadly Desire (2023)
⭐IMDB: 6.0/10 (52 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deadly Desire (2023)===============IMDb Rating – 6.0/10
ငယ်သူငယ်ချင်းဖြစ်သူ မယ်လိုဒီ့ကိုပြန်အဆက်အသွယ်လုပ်လိုက်ရာမှ ကံဆိုးမှုတွေကြုံလာရတဲ့ ဆိုဖီယာ။ ဆိုဖီယာ အိမ်ထောင်မပြုခင်အပျိုနောက်ဆုံးညပါတီပွဲကျင်းပဖို့အတွက် သူငယ်ချင်းတွေကိုခေါပြီးအပန်းဖြေအိမ်မှာ သွားနေကြတယ်။ အဲ့ထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ငယ်သူငယ်ချင်းဟောင်း မယ်လိုဒီလည်းအပါအဝင်ပေါ့။
ဒါပေမဲ့ အပျော်တွေကနေ ကံဆိုးမှုတွေအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ မယ်လိုဒီက ဘယ်လိုကံဆိုးမှုတွေကို ယူဆောင်လာတဲ့ဆိုတာကို ကြည့်ရှုရမဲ့ လူသတ်ကားတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...
Sound of the Police (2023)
⭐IMDB: 5.6/10 (186 Votes)
🎬 #Crime #Documentary
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sound of the Police (2023)===================
2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့်အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်းဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက “Black LivesMatter” လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက်မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့်မသွားခဲ့ပါဘူး။
ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါလူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentaryရုပ်ရှင်ပါ။
ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်းတွေအပေါ် အမေရိကန်ရဲတွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက်မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်းကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထားပါတယ်။
လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါတယ်။ အမေရိကန်မှာ လူမည်းတွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန်နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with the Wind လို အမေရိကန်ပြည်တွင်းစစ်နောက်ခံ၀တ္ထုမျိုးကို ဖတ်ဖူးရင်တော့ လူဖြူလူမည်းကိစ္စကိုပိုပြီးဇာတ်ရည်လည်မယ်ထင်ပါတယ်။
အမေရိကန်လူမည်းတွေရဲ့ဘ၀ဟာ ကျွန်စနစ်ပျက်သုဉ်းပြီး နှစ်ရာချီလာတဲ့ အခုချိန်အထိ ဖိနှိပ်ခံနေရဆဲ၊ ကြမ်းတမ်းနေဆဲပါပဲ။ လူချင်းအတူတူ အပေါ်ယံ အသားအရောင်ကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံတယ်ဆိုတာကလည်း အတော်ကြီးဆိုးတဲ့ လူမဆန်မှုပါ။ လူသားချင်းစာနာမှုနဲ့ကြည့်တတ်မယ်ဆိုရင် ဒီရုပ်ရှင်မှာမြင်ရမယ့်အကြောင်းအရာတွေက စိတ်မခိုင်သူတို့အတွက် မျက်ရည်ကျလောက်တဲ့အထိ ခံပြင်းဒေါသထွက်စရာ၊ စိတ်မကောင်းစရာအဖြစ်တွေကို ခံစားသိမြင်ကြရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Twinkle, Twinkle, Lucky Stars (1985)
⭐TMDB: 67.0% User Score
🎬 #Action #Comedy #JackieChan
🗓 1985 🎞 movie
🌎 #HongKong
⏰ 1 နာရီ 34 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။
ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။
ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ if you need a good laugh, you better watch it လို့ သာပြောချင်ပါတယ်...
Thomas a Peeper (2023)
⭐IMDB: 7.2/10 (47 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thomas A Peeper (2023)==================
ဒီဇာတ်ကားလေးကတော့ မစ်မိုဒက်စ်တီဟာ သူမအိမ်မှာအသစ်ခန့်ထားတဲ့ ဥယာဉ်မှူးရယ်၊ သူမနဲ့ကွာရှင်းတော့မယ့်ယောက်ျားဟောင်းရဲ့မတော်တဆမှုမှာ ဘယ်လိုပတ်သက်နေသလဲဆိုတာ ကြည့်ရူရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်တည်ထားတာကလည်း ရိုးရိုးရှင်းရှင်းဖြစ်ပြီး ဟာသအနှောလေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...
