es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Scooby-Doo! and the Loch Ness Monster (2004) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Mystery 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူးဘီ ဒူးဘီ ဒူး!! မွန်းစတားရှာပုံတော်စပါပြီ။ဘလိတ်မျိုးနွယ်ရဲ့ရဲတိုက်ကြီးမှာ လုပ်မယ့် အားကစားပွဲကို ဘလိတ်မျိုးနွယ်၀င်ရှန်နွန်က ဦးဆောင်လုပ်မှာဖြစ်ပြီးတော့ ရှန်နွန်ရဲ့၀မ်းကွဲညီအစ်မနဲ့သူငယ်ချင်းတွေကလည်း ပွဲကို လာရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မွန်းစတားကြီးရှိတယ်လို့ယူဆချက်တွေနဲ့အတူ မတော်တဆမှုတွေကိုလည်း ကြုံလာခဲ့တဲ့အခါမှာတော့ ရှန်နွန်နဲ့အဖွဲ့က အားကစားပွဲကိုမစတင်ခင်မှာ မွန်းစတားကြီးရဲ့တည်ရှိမှုကို စုံစမ်းအတည်ပြုဖို့ဖြစ်လာပါတော့တယ်။ မွန်းစတားကြီးက အမှန်တကယ်တည်ရှိနေတာလား ဒီလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်က ဘယ်လိုမျိုးလဲဆိုတာကို သိရဖို့ ဇာတ်လိုက်ကျော်ကြီး စကူးဘီနဲ့အတူ ရှန်နွန်တို့သူငယ်ချင်းတစ်သိုက်ရဲ့ မွန်းစတားရှာပုံတော်ကြီးကို လိုက်လံကြည့်ရှူလိုက်ပါဦး။
...

Forest Killer (2024) ⭐IMDB: 4.2/10 (59 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #Czechia #CzechRepublic #Slovakia ⏰ 1 နာရီ 18 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချက်ပ် ရီပါးပလစ် နိုင်ငံက တောအုပ်ကြီးထဲမှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ၃ ခု တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ချက်ပ်စကားပြော ဇာတ်ကားတကားဖြစ်ပါတယ် လူသတ်သမားရဲ့ လုပ်ရှားမှုတွေ သူ့အပြုအမူ ကို တွေ့မြင်ရမှာမို့ Murder mystery ကြိုက်တဲ့သူတွေအတွက် စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားပါ
...

Prison Break (2005) ⭐TMDB: 81% User Score 🎬 #Action #Crime #Drama #Mystery #Thriller #Adventure 🗓 2005 🎞 tv series 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prison Break (2005-2017) IMdb Rating (8.3) Prison Break လို့ပြောလိုက်တာနဲ့ တစ်ချိန်က စီးရီးလောကမှာ မသိသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးပါရစေ။ဒီစီးရီးကို DVD ခေတ်ကတည်းကအခွေပေါင်းများစွာနဲ့ကြည့်ခဲ့ဖူးတဲ့သူတွေရှိသလို တခြားနေရာတွေကလည်း ကြည့်ဖူးသူတွေရှိကြမှာပါ။အခုကတော့ မကြည့်ဖူးသူတွေပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ပြန်ကြည့်ချင်သူများပဲဖြစ်ဖြစ် ပြန်လည်ခံစားကြည့်ရှုနိုင်ဖို့BluRay 1080p HEVC Quality နဲ့ CM Version ကို တင်ဆက်ပေးတာပါ။ ဇာတ်လမ်းကတော့… မိုက်ကယ်စကိုးဖီးဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတရားစီရင်မှုအမှားကြောင့် ထောင်ချောက်ဆင် သေဒဏ်ချခံလိုက်ရတဲ့ အကိုဖြစ်သူ လင်ကွန်းဘားရိုးစ်ကို ကယ်တင်ဖို့အတွက်သူကိုယ်တိုင် ထောင်ကျခံ၊ ထောင်ဖောက်ပြီးထွက်ပြေးဖို့အစီအစဉ်ဆွဲရာက ဇာတ်လမ်းစပါတယ်။အဲဒီထောင်ဟာ သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ အကျဉ်းထောင်ဖြစ်တာကြောင့်ထောင်ရဲ့ပုံကြမ်းအသေးစိတ်အချက်အလက်တွေကို ခန္ဓာကိုယ်ပေါ်မှာ တက်တကူးရေးထိုးပြီးသေချာဗျူဟာချပြီးမှ ကယ်ထုတ်ဖို့ အကွက်ကျကျစီစဉ်ထားတာပါ။ဒီလိုနဲ့ ထောင်ထဲရောက်လာတဲ့အချိန်မှာ စီစဉ်ထားတဲ့အတိုင်းကြိုးစားရင်းမမျှော်လင့်ထားတဲ့ အခက်အခဲတွေ အနှောင့်အယှက်တွေကြားကထောင်ဖောက်ဖို့အတွက် အကောင်အထည်ဖော်ပါတော့တယ်။ Prison Break က ၂၀၀၅ ခုနှစ်မှာ Season-1 စတင်ထွက်ရှိခဲ့ပြီး Season-5 ကိုတော့ ၂၀၁၇ မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်…စုစုပေါင်း အပိုင်း (၉၀) ထိထွက်ရှိထားပြီး Season-6 ထွက်ဦးမယ်လို့လဲ သတင်းတချို့ ကြားနေရပါသေးတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Vader မှ တင်ဆက်ထားပါတယ်။)
...

22 Jump Street (2014) ⭐IMDB: 7.0/10 (414 k Votes) 🎬 #Action #Comedy #Crime 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ် 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲ၀င်တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်.. ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ် 2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့
...

Paris Has Fallen (2024) ⭐IMDB: 6.5/10 (556 Votes) 🎬 #Action #Adventure #War #Politics 🗓 2024 🎞 Series 🌎 #UnitedKingdom #France #Germany #UnitedStatesofAmerica ⏰ 45 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paris Has Fallen ပြင်သစ်ကာကွယ်ရေးဝန်ကြီးချုပ် ဖီးလစ်ဘာဒင်နဲ့ ဗြိတိန်အမ်အိုင်စစ် အရာရှိခေါင်းဆောင် ရိုဝင်တို့ဟာ ပြင်သစ်နိုင်ငံ ဗြိတိန်သံရုံးမှာ ကျင်းပတဲ့ ပွဲတစ်ခုကို တက်ရောက်လာတုန်းမှာ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ အနုကြမ်းစီး တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကတော့ နယ်ခြားကြေးစားတပ်ဖွဲ့ခေါင်းဆောင် ဂျေကော့ ပီရာ့စ်ဖြစ်ပြီး သူ့ကို အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့လက်ထဲ နှစ်နိုင်ငံပေါင်းပြီး ထိုးကျွေးခဲ့တဲ့ ဖီးလစ်ဘာဒင်နဲ့ ရိုဝင်တို့ကို ဂလဲ့စားချေဖို့ ပြန်လာခဲ့တာပါ။ ဒီတော့ ငရဲတံခါးဝက ပြန်လာခဲ့တဲ့ ကြေးစားစစ်သား ပီရာ့စ်တစ်ယောက် ဘယ်လိုလျို့ဝှက်ချက်မျိုးကို ဆုပ်ကိုင်ထားတာလဲ၊ ဖီးလစ်နဲ့ ရိုဝင်တို့ အာဖဂန်နစ္စတန်မှာ ကျူးလွန်ခဲ့တဲ့ကိစ္စက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ၊ ဘယ်သူက လူဆိုးလဲ ဘယ်သူက လူကောင်းလဲ အစရှိသဖြင့် ဇာတ်လမ်းမြုပ်ကွက်များစွာနဲ့ ကြည့်ရှုရမယ့် အက်ရှင်ဇာတ်လမ်းတွဲကောင်းပဲဖြစ်လို့ ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။
...

Dying to Be Famous (2024) ⭐IMDB: 3.4/10 (85 Votes) 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dying to be Famous (2024) နာမည်ကြီး influencer ဖြစ်ဖို့ ကြိုးစားနေတဲ့ London က မကြာခင်မှာပဲ သူ့ဖခင်ဆီက အမွေသုံးစွဲခွင့်ကုန်ပြီး ဆင်းရဲတော့မှာဖြစ်ပေမဲ့သူ့အမေက အဲဒီအကြောင်းကိုဖုံးကွယ်ထားတာမို့ မသိခဲ့ဘူး။ ဒါပေမဲ့ London ရဲ့ ကျော်ကြားမှုနောက်ကိုလိုက်တဲ့ခရီးလမ်းက စိတ်ဖိစီးမှုတွေ အခက်အခဲတွေအများကြီး ရင်ဆိုင်လာရတဲ့အခါ London ရဲ့အတိတ်ကအရိပ်မဲတစ်ခုက ဘယ်လိုပြန်ပေါ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမဲ့ Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ စိတ်ကျန်းမာရေးအပေါ်ထိခိုက်စေတဲ့ Social Media ရဲ့ ဆိုးကျိုးတွေနဲ့၊ အခုခေတ်လူငယ်တွေရဲ့ နာမည်ကြီးချင်စိတ်တွေ၊အောင်မြင်တဲ့သူဖြစ်ဖို့ ဘယ်အရာမဆိုလုပ်ရဲကြတဲ့ ပြိုင်ဆိုင်မှုပေါတဲ့ influencer တွေရဲ့လောကအကြောင်းကို သင်ခန်းစာယူဖွယ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Den Sista Resan (2024) ⭐IMDB: 8.2/10 (2 k Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 30 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက်ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက်Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူအဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာhighest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။
...

Sleep Tight (2011) ⭐IMDB: 7.2/10 (48 k Votes) 🎬 #Crime #Horror #Thriller #Drama 🗓 2011 🎞 movie 🌎 #Spain #Mexico ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sleep Tight (2011) IMDb Rating (7.2) / Rotten Tomatoes (92%) တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်… အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ??? ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။ သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ…….။ ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။ စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။
...

The Killer with No Name (2024) ⭐IMDB: 5.7/10 (111 Votes) 🎬 #Thriller #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ crime/drama ကားလေးကို တင်ဆက်ပေးပါမယ် ဇာတ်လမ်းလေးက နာမည်ကျော် podcast host တစ်ယောက်ဖြစ်သူ ဖီအိုနာမစ်ချယ်ဆန်ဟာ သူ့မိဘတွေရဲ့ နှစ်၄၀ပြည့်မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် ဇာတိမြို့ကိုပြန်ရောက်လာခဲ့ပါတယ် ပါတီပွဲမှာ အရင်ကမိတ်ဆွေဟောင်းတွေနဲ့ ပြန်နှုတ်ဆက်ကြရင်း သူ့ကို အခုလို နာမည်ကျော် မှုခင်းလေ့လာသူတစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ရဲမှူးကြီးနဲ့ ပြန်တွေ့ကြတယ် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းနဲ့ သူတို့မြို့က မဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုအကြောင်း စကားရောက်သွားကြရင်း ရဲမှူးကြီးက ဒီအမှုကို ပြန်စုံစမ်းစစ်ဆေးဖို့ကိစ္စမှာ ဖီအိုနာကို ပါဝင်မလား မေးလိုက်ပါတယ် ဖီအိုနာက စိတ်ဝင်စားတဲ့အတွက် ဒီအမှုကို နှစ်ယောက်အတူဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချပြီးချိန် နောက်တစ်နေ့မနက်ခင်းမှာ ရဲမှူးကြီးက သေနေခဲ့ပါပြီ ရဲမှူးကြီး ဘာကြောင့်သေဆုံးသွားရသလဲ သူတို့စုံစမ်းမယ့်အမှုက ဘယ်သူတွေနဲ့ဆက်စပ်နေတာလဲ ဆိုတာကို ဖီအိုနာနဲ့အတူ အဖြေရှာလိုက်ကြပါဦး
...

Waves (2019) ⭐IMDB: 7.5/10 (33 k Votes) 🎬 #Drama #Romance #Sport 🗓 2019 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Waves (2019) **************** IMDb….7.7 အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုလေးယောက်ရှိတဲ့အထဲမှာ နပမ်းအားကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူက သူ့ခြေရာနင်းပြီးနပမ်းကစားသမားဖြစ်လာတဲ့သားဖြစ်သူကို အောင်မြင်စေချင်ခဲ့တယ်… အဲဒီအတိုင်းပဲ တွန်းအားလည်း အရမ်းပေးခဲ့တယ်…. သားဖြစ်သူကတော့ မိဘကတစ်ဖက် အားကစားကတစ်ဖက် ချစ်သူကတစ်ဖက် ဖိအားတွေနဲ့ပေါ့…. ဒီဇာတ်ကားလေးက မိသားစုမှာ အဖြစ်များတဲ့ ပြသနာတွေကို ကောင်းကောင်းကြီး ပုံဖော်ထားပြီး ကာရိုက်တာတွေဟာအ‌ရှေ့တိုင်းဆန်တာကိုတွေ့ရမှာဖြစ်တယ်…. IMDb လည်း 7.7 တောင်ရရှိထားတယ်…. ဆုပေါင်း(၁၃)ဆုလည်းရရှိထားပြီး အခြားဆု (၃၆)ဆုအတွက်လည်း ဆန်ကာတင် စာရင်းဝင်ခဲ့သေးတယ်… ဘာကြောင့်ဆုတွေ ဒီလောက်တောင်ရခဲ့သလဲဆိုတာကိုတော့ ကိုယ်တိုင်သာ ခံစားကြည့်ကြပါ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်
...

The Walk (2015) ⭐IMDB: 7.3/10 (137 k Votes) 🎬 #Drama #History #Adventure #Biography 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rotten Tomatoes 83%, IMDb 7.3 ၁၉၇၄ခုနှစ်မှာ ပြင်သစ်လူမျိုး ကောင်းကင်ကြိုးတန်းလျှောက်သူ Philippe Petitဟာ အထပ်၁၁၀မြင့်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(World Trade Center) အမြွှာမျှော်စင်ရဲ့ ခေါင်မိုးထပ်မှာ စွန့်စွန့်စားစား ကောင်းကင်ကြိုးတန်းလျှောက်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ The Walk ရုပ်ရှင်ဟာ ဖီးလစ်ပတေး (Philippe Petit) ရဲ့ အတ္ထုပ္ပတ္တိဖြစ်ရုံသာမက 9/11တိုက်ခိုက်မှုမှာ ပျက်စီးခဲ့ရတဲ့ အမြွှာမျှော်စင်ကြီးရဲ့ မှတ်တမ်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှတ်တမ်းရုပ်ရှင်စစ်စစ်မဟုတ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းမျိုးပါ။ ၂၀၁၅ခုနှစ်မှာ ထွက်ထားခဲ့တဲ့ရုပ်ရှက်ဖြစ်တဲ့အတွက် 3Dခံစားချက်အသားပေး အသည်းတအေးအေးပြကွက်တွေ လည်းအပြည့်ပေါ့။ ၁၉၉၀ခုနှစ်နဲ့အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့သူတွေအဖို့ ၂၀၀၁ခုနှစ်မှာ တီဗွီဖန်သားပြင်ထက်အထိတ်တလန့်နဲ့ မြင်တွေ့ကြုံကြိုက်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီရုပ်ရှင်ရိုက်ကူးချိန်မှာ မျှော်စင်ကြီး၂ခုစလုံးက အပြင်မှာရှိမနေခဲ့တော့ပါဘူး။ ဒါကြောင့် အထူးပြုလုပ်ချက်နည်းပညာတွေ မြိုငိမြိုင်သုံးပြီးဖန်တီးထားတဲ့ ရုပ်ရှင်ပြကွက်တွေဟာ ထွက်ရှိလာချိန်မှာ အများရဲ့ချီးကျူးမှုကို လက်ခံရရှိခဲ့ပါတယ်။ Philippe Petit ရဲ့ဆောင်ပုဒ်အတိုင်း “မဖြစ်နိုင်တာမရှိ အိမ်မက်တွေနောက် လိုက်လျှောက်ပါ (Nothing is Impossible, Follow your Dreams)” ဆိုတဲ့ ခံစားချက်အပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
...

Aurora Teagarden Mysteries: A Lesson in Murder (2024) ⭐IMDB: 6.8/10 (136 Votes) 🎬 #Mystery #TVMovie #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aurora Teagarden Mysteries Series ထဲက Canadian Director Jessica Harmon ရဲ့ ဒုတိယမြောက် လက်ရာဖြစ်တဲ့ A Lesson in Murder ဇာတ်လမ်းဟာဆ်ိုရင်တော့ဖြင့် Crime, Mystery, Thriller အမျိုးအစားဖြစ်ပါတယ် ဖြစ်ရပ်မှန်မှုခင်းဘာသာရပ်ကို သင်ကြားပေးနေတဲ့ Professor Lindo နဲ့ Aurora တို့ရဲ့ အတန်းက ကျောင်းသားတစ်ယောက်က သူတို့သင်ကြားခဲ့တဲ့ အဆိပ်တစ်မျိူးနဲ့ပဲ အဆိပ်ခတ်ပြီး လုပ်ကြံခံလိုက်ရပါတယ် အဲဒီအခါမှာ စုံထောက်အဖွဲ့နဲ့ပူးပေါင်းပြီး တရားခံရှာဖို့ကြိုးပမ်းပါတော့တယ် အဲဒီအချိန်မှာတော့သံသယတရားခံများစွာ ပေါ်ထွက်လာခဲ့ပြီး သံသယရှိ‌‌သူတွေကြားမှာ Professor Lindoရဲ့လက်‌ထောက်‌ဟောင်းကိုယ်တိုင် ပါဝင်နေတဲ့နောက်မှာတော့ … Aurora ရဲ့ စူးစမ်းစိတ်နဲ့ သူ့ကျောင်းသားရဲ့အမှုမှန်ကို ဖော်ထုတ်လိုစိတ်‌က ဒီအမှုအမှန်တရားပေါ်လာဖို့ တကယ်ပဲ အထောက်အကူဖြစ်လာမလား စုံထောက်အဖွဲ့ကရော ဒီအမှုရဲ့ သက်သေ‌တွေရှာဖွေရင်း တရားခံအမှန်ကို ရှာတွေ့နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ခန့်မှန်းရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် True Crime ဝါသနာရှင် တွေအတွက်တော့ ကြည့်ရတာတန်မယ့် ဇာတ်ကားလေးဖြစ်လို့ အားပေးကြပါဦး
...

It's What's Inside (2024) ⭐IMDB: 6.6/10 (15 k Votes) 🎬 #Comedy #Mystery #ScienceFiction #Thriller #Horror #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.6/10 ( Rotten Tomatoes -80%) 2024မှာအသစ်ထွက်ရှိထားတဲ့ဒီကားလေးကတော့ Horror/Sci-fi အမျိုးအစားပါ လူကြီးမင်းတို့ တစ်ခါတစ်ရံမှာ ”အခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီးနေဖူးကြည့်ချင်စိတ်ဖြစ်မိကြတတ်မှာပါ” ဒီဇာတ်ကားကတော့………. ကောလိပ်တုန်းက သူငယ်ချင်းတစ်သိုက် သူငယ်ချင်းဖြစ်သူရူဘင်ရဲ့မင်္ဂလာပွဲမရောက်ခင် လူပျ်ိုညကို ဂုဏ်ပြုပေးဖို့ ရူ့ဘင်အိမ်ကြိီးကိုရောက်လာခဲ့ကြတယ် တစ်ချိန်ထဲမှာပဲ ကျောင်းတုန်းကပြသနာတွေတက်ခဲ့ဖူးတဲ့သူငယ်ချင်းဉာဏ်ကြီးရှင်ဖို့ဘ်စ်ဟာ နှစ်တွေအကြာကြီးပျောက်ကွယ်နေခဲ့ပြီးမှ အဲ့ဒီညမှာ လက်ဆွဲသေတ္တာတစ်လုံးဆွဲလို့ ရူဘင့်အိမ်ကြီးကိုရောက်ချလာခဲ့တယ် အိုင်တီနည်းပညာရှင်​ဖြစ်နေပြီး ဂိမ်းအထူးအဆန်းတွေဆော့တတ်လေ့ရှိခဲ့တဲ့ ဖို့ဘ်စ်ဟာ ဒီညမှာလဲ သူတို့အတွက်အထူးဆန်းဆုံးဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါတော့တယ် အဲ့ဒါကတော့ ဘာဂိမ်းဖြစ်မလဲ….. အဲ့ဒီဂိမ်းကိုဆော့ပြီး ရူဘင်တို့တစ်သိုက်ဘာတွေဆက်ဖြစ်ကြမလဲ ဖို့ဘ်စ်ကရော ဘာရည်ရွယ်ချက်နဲ့ဒီဂိမ်းကိုဆော့စေခဲ့တာလဲ….. သူတို့ကြားကအရှုပ်အရှင်းတွေနဲ့ ဂိမ်းဆော့ရင်းမတော်တဆတစ်ခုဖြစ်သွားတဲ့အခါမှာ…..အခြေအနေက ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ဆက်လက်ရှူစားကြည့်ကြပါအုံးနော်
...

Striking the Palace (2024) ⭐IMDB: 6.1/10 (166 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 28 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကား‌လေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်… Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံ‌ဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်… သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်….ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်…ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာ‌တွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်…နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်… လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ….တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး….နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး…ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး…အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်….ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်….အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ…Eva ရောဆန္ဒပြပွဲထဲပါလာမလား…သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ
...

Transcendence (2014) ⭐IMDB: 6.2/10 (241 k Votes) 🎬 #Drama #Mystery #Thriller #ScienceFiction #Action #SciFi 🗓 2014 🎞 movie 🌎 #China #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Transcendence(2014) 2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ… Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်…. PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး… နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်… နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့.. သူတို့ကတော့ “Revolutionary Independence From Technology” (R.I.F.T.)ပါ.. လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်.. အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….. ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့.. announce လုပ်လိုက်တဲ့ Google Assistant ရဲ့ version အသစ်ဟာဆိုရင် ဒီကားထဲကရိုက်ပြထားတာတွေနည်းနည်းလောက်ဖြစ်လာနေပါပြီ A.Iအကြောင်းစိတ်ဝင်စားတယ်  Sci-Fi  ဇာတ်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့သူတွေအဖို့ မိုးအေးအေးလေးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါလို့ညွှန်းဆိုပါရစေ. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့JtheKoala ပဲဖြစ်ပါတယ်
...

Rose Gold (2023) ⭐IMDB: 7.2/10 (107 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 7.3ဒီထရွိုက်တစ်မြို့လုံးမှာ အလန်းဆုံးဖော်ချွတ်မယ် ဖြစ်တဲ့ ထရီနာတစ်ယောက် ကလပ်မန်နေဂျာနဲ့ ပြဿနာတက်ပြီးနောက် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ အလုပ်ဖြုတ်ခံရတဲ့အချိန်က သမီးကို အုပ်ထိန်းခွင့်ရဖို့အတွက် ငွေ အသည်းအသန် လိုအပ်နေချိန် ဖြစ်တာကြောင့် ထရီနာဟာ မူးယစ်ဆေးမှောင်ခိုသွင်း ပေးဖို့ အကြောင်းဖန်လာပါတော့တယ် ။ထရီနာတစ်ယောက် မူးယစ်ဆေးလောကထဲကနေ အသတ်မခံရ အဖမ်းမခံရ အောင် ကြိုးစားရင်း သူ့သမီးအတွက် အုပ်ထိန်းခွင့်ရဖို့ ဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ Crime ဇာတ်လမ်းကိုမှ အဖော်အချွတ်အကတွေ၊ nudity scene တွေလည်း အများကြီးပါတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားပါပဲ။ ဒီထရွိုက်တစ်မြို့လုံးမှာ အလန်းဆုံးဖော်ချွတ်မယ် ဖြစ်တဲ့ ထရီနာတစ်ယောက် ကလပ်မန်နေဂျာနဲ့ ပြဿနာတက်ပြီးနောက် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ အလုပ်ဖြုတ်ခံရတဲ့အချိန်က သမီးကို အုပ်ထိန်းခွင့်ရဖို့အတွက် ငွေ အသည်းအသန် လိုအပ်နေချိန် ဖြစ်တာကြောင့် ထရီနာဟာ မူးယစ်ဆေးမှောင်ခိုသွင်း ပေးဖို့ အကြောင်းဖန်လာပါတော့တယ် ။ ထရီနာတစ်ယောက် မူးယစ်ဆေးလောကထဲကနေ အသတ်မခံရ အဖမ်းမခံရ အောင် ကြိုးစားရင်း သူ့သမီးအတွက် အုပ်ထိန်းခွင့်ရဖို့ ဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ Crime ဇာတ်လမ်းကိုမှ အဖော်အချွတ်အကတွေ၊ nudity scene တွေလည်း အများကြီးပါတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားပါပဲ။
...

Isleen Pines (2024) ⭐IMDB: 5.7/10 (493 Votes) 🎬 #Comedy #Horror #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲမြူးတဲ့ဟောလိုးဝင်းကြီးနီးကပ်လာပြီဖြစ်တဲ့အတွက် နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်မှာ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေစုပြုံ ထွက်လာကြတာပုံမှန်ပါပဲ။ဒီအချိန်မှာ ရုပ်ရှင်ကုမ္ပဏီအကြီးကြီးတွေကလည်း ရေကုန်ရေခမ်းအကြမ်းစားတွေချပြကြသလို တက်သစ်စ စတူဒီယို အသေးလေးတွေအတွက်လက်စွမ်းပြလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Horror ချစ်သူတွေအတွက်တော့လက်ညှိုးထိုးမလွဲ Horror ဇာတ်ကားတွေကိုအကြိုက်ရွေးချယ်ကြည့်ရုံပါပဲ။ အခုတင်ဆက်ပေးမဲ့ Isleen Pines ဆိုတဲ့ဇာတ်ကားလေးကလည်း Terrifier တို့လိုမျိုးလူသတ်ဟောလိုးဝင်းဇာတ်ကားတစ်ကားဖြစ်ပြီး တက်သစ်စလေးတွေရိုက်ကူးထားတဲ့ကားဖြစ်တဲ့အတွက် အပြစ်မမြင်ပဲ ချစ်ချင်တဲ့စိတ်နဲ့ပဲကြည့်ရင်တော့ အပျင်းပြေကြည့်လို့ကောင်းမဲ့ Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဟောလိုးဝင်းနေ့ရောက်လာပြီဆိုရင် အက်စလင်းပိုင်းစ်မှာပါတီကြီး တစ်ခုလုပ်ပေးပြီးတော့ ဝတ်စုံပြိုင်ပွဲလုပ်ကြပါတယ်။အဲ့ဒီမြို့သူမြို့သား တော်တော်များများကလည်း လူကြီးလူငယ်မရွေးအဲ့ဒီပြိုင်ပွဲမှာပျော်ပျော် ရွှင်ရွှင်ဝင်ပြိုင်ကြပါတယ်။အဲ့ဒီထဲမှာဆယ်ကျော်သက်သူငယ်ချင်း ၄ ယောက်အဖွဲ့လည်းအပါအဝင်ဖြစ်ပြီးတော့ပါတီကိုအတူတူသွားဖို့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာလူစုနေကြပါတော့တယ်။ တစ်ယောက်ပြီးတစ်ယောက် နောက်ကျမှရောက်လာရင်းနဲ့ သူငယ်ချင်းတွေစုံလို့ သွားတော့မယ်လည်းဆိုရော သူငယ်ချင်း တစ်ယောက်က ကောက်ကာငင်ကာကြီးသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့အကုန်လုံး ပြာယာခတ်ကုန်ကြပြီး အကူအညီတောင်းဖို့ကြိုးစား တော့လည်း ဖုန်းလိုင်းမမိ အပြင်ထွက်ဖို့ကြံတော့လည်း အိမ်ပြင်မှာ သူတို့မမျှော်လင့်ထားတဲ့ထိတ်လန့်စရာကြီးကစောင့်ဆိုင်းနေတဲ့ အတွက် ဘာလုပ်ရမှန်းမသိဘဲ တိုင်ပတ်နေကြပြီး အသက်မသေဘဲ လွတ်မြောက်ဖို့ကြိုးစားကြပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။
...

The Emperor's New Groove (2000) ⭐TMDB: 76% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb…7.3 ,,,,,Rotten 85 ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ.. အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်.. သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး… သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်.. ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး… တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။ အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။ လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ…ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။ Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။ ကိုင်း ခံစားကြည့်လိုက်ပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်။
...

Takers (2010) ⭐TMDB: 62% User Score 🎬 #Action #Crime #Thriller #Drama 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Takers (2010) လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်… စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်… M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်… သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်… သိပ်မကြာဘူး.. လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်…. ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်…. ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…. ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ…. LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား… ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ… ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…. အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ
...

Sharkers (2024) ⭐IMDB: 4.1/10 (124 Votes) 🎬 #Comedy #Thriller #Crime #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ Sharkers ဆိုတဲ့ Dark Comedy ကားလေးကို တင်ဆက်ပေးပါရစေ။ Dark Comedy ဆိုတဲ့အတိုင်း မိသားစုနဲ့ ၁၈နှစ်အောက်ကလေးတွေကြည့်ဖိုမသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ စကားပြောခန်းတွေပါတာကိုတော့ကြိုတင်သတိပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ဖရန်ကီဆိုတဲ့လူငယ်လေးဟာ အတူနေ ချစ်သူလောရန်နဲ့ နေနေကြရင်း ချစ်သူသက်တမ်း၂နှစ်ပြည့်မှာတော့ လောရန်ဟာ သူမရဲ့ထူးဆန်းတဲ့ လိင်စိတ်ကို ထုတ်ဖော်လာပြီး အဲဒါကို အကောင်အထည်ဖော်ဖိုဖရန်ကီကိုတောင်းဆိုလာပါတော့တယ်။ အဲဒီလိုနဲ့ ဖရန်ကီနဲ့လောရန်တို သဘောတူညီမှုယူပြီး လောရန်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ကြရာကနေ ဖရန်ကီတစ်ယောက် လောရန်ရဲ့စွန့်ပစ်တာကို ခံလိုက်ရပါတော့တယ်။ အသည်းကွဲနေတဲ့ ဖရန်ကီဟာ ကလပ်မှာ ဆေးရောင်းတဲ့ကီဗင်နဲ့တွေ့ပြီး ရင်ဖွင့်မိရာကနေ ကီဗင်ရဲ့အိမ်ကိုလိုက်သွားမိပြီးမူးယစ်ဆေးတွေပါသုံးမိပြီး မကြုံစဖူး အတွေ့အကြုံတွေကို စတင်ကြုံတွေရပါတော့တယ်။ ဖရန်ကီတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဆေးတွေသုံးပြီးဘာတွေ ဇောက်ထိုးမိုးမျှော် မထင်မှတ်တာတွေ ဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ။
...