ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
A Fall from Grace (2020)
⭐IMDB: 5.9/10 (16 k Votes)
🎬 #Thriller #Drama #Mystery
🗓️ 2020 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
Jasmine ဆိုတဲ့ ရှေ့နေမကလေးဟာ အမှုတွေကို အပေးအယူလုပ်ပြီးပဲ ဖြေရှင်းတတ်ပြီး တရားခွင်တစ်ခါမှ မဝင်ဖူးပါဘူး
တစ်နေ့မှာ အထက်အရာရှိမှ သူ့ကို အပေးအယူလုပ်ရန် အမှုတစ်ခုပေးပါတယ်
အဲဒီအမှုမှာ Grace ဆိုတဲ့ မိန်းမဟာ ယောက်ျားကို သတ်မှုအတွက် စွတ်စွဲခံထားရတာပါ
ထူးခြားတာက Grace က အပြစ်ကို ဝန်ခံချင်ပါတယ်
ဒီတော့ သူလုပ်ရမှာက အပေးအယူစာချုပ်မှာက လက်မှတ်ထိုးရုံပါပဲ
အမြဲတမ်း အမှုတွေကို အပေးအယူလုပ်ပြီး ဖြေရှင်းတတ်တဲ့ Jasmine ဟာ ဒီအမှုမှာတော့ တစ်ခုခုလွဲနေပြီဆိုတာ ခံစားမိပြီလိုက်ပါတယ်
ဒီလိုနဲ့ Grace ကို ဖြစ်ကြောင်းကုန်စင် မေးကြည့်တဲ့အခါမှာတော့…
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားသူကတော့ Htet Wai Lwin ဖြစ်ပါတယ်။
(Zawgyi)
Jasmine ဆိုတဲ့ ရှေ့နေမကလေးဟာ အမှုတွေကို အပေးအယူလုပ်ပြီးပဲ ဖြေရှင်းတတ်ပြီး တရားခွင်တစ်ခါမှ မဝင်ဖူးပါဘူး
တစ်နေ့မှာ အထက်အရာရှိမှ သူ့ကို အပေးအယူလုပ်ရန် အမှုတစ်ခုပေးပါတယ်
အဲဒီအမှုမှာ Grace ဆိုတဲ့ မိန်းမဟာ ယောက််ားကို သတ်မှုအတွက် စွတ်စွဲခံထားရတာပါ
ထူးခြားတာက Grace က အပြစ်ကို ဝန်ခံချင်ပါတယ်
ဒီတော့ သူလုပ်ရမှာက အပေးအယူစာချုပ်မှာက လက်မှတ်ထိုးရုံပါပဲ
အမြဲတမ်း အမှုတွေကို အပေးအယူလုပ်ပြီး ဖြေရှင်းတတ်တဲ့ Jasmine ဟာ ဒီအမှုမှာတော့ တစ်ခုခုလွဲနေပြီဆိုတာ ခံစားမိပြီလိုက်ပါတယ်
ဒီလိုနဲ့ Grace ကို ဖြစ်ကြောင်းကုန်စင် မေးကြည့်တဲ့အခါမှာတော့…
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားသူကတော့ Htet Wai Lwin ဖြစ်ပါတယ်။
Family Matters (2022)
⭐IMDB: 7.7/10 (51 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #Philippines
⏰ 2 နာရီ 16 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Family Matters (2023)
ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
“ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ”
ဒီဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထားပေမဲ့လည်းသူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ်တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။
သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myoပဲ ဖြစ်ပါတယ်။
Family Matters (2022)
⭐IMDB: 7.7/10 (51 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p

Perfect Addiction (2023)
⭐IMDB: 5.3/10 (1 k Votes)
🎬 #Action #Drama #Romance #Sport
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #Germany #Switzerland #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perfect Addiction (2023)
“စွဲလမ်းမှုလား အချစ်လား”“ပြဿနာတွေကို ဖြတ်ကျော်ပြီး move onနိုင်တာလား စိတ်အတွင်းတစ်နေရာမှာထည့်သိုလိုက်တာလား”
ကျွန်တော်တို့သူငယ်ချင်းတွေ ရည်းစားစရပြီဆိုရင်တော့ ကျွန်တော်တို့ရွဲ့ပြောနေကြစကားတစ်ခွန်းကတော့ အချိန်တန်ရင်ပြတ်တာပဲပေါ့။Relationship တစ်ခုရယ်လို့ဖြစ်လာပြီးဆိုရင်တော့ endingက ၂ ခုတည်းရယ်ပါ။ပြတ်တဲ့လမ်းမှာ အဆုံးသတ်ခဲ့တာတွေလည်းများသလို ရှားရှားပါးပါး အချစ်စစ်နဲ့လက်တွဲရတာတွေလည်းရှိပါတယ်။သေချာတာတစ်ခုကတော့ လက်တွဲဖော်တစ်ယောက်ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် move onတတ်ခြင်းအနုပညာကတော့ လူတိုင်းအတွက်လိုအပ်မှာပါပဲ။
စီယန်နာဆိုတဲ့မိန်းကလေးက MMA fighter တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြတစ်ယောက်လက်ရှိမှာ တစ်ချိန်က MMAလောကရဲ့ဂန္တဝင်ကြီး ဂျူလီယန်ဂျိမ်းစ်ရဲ့ကလပ်မှာ အလုပ်လုပ်နေသူပေါ့။မိဘတွေဆုံးပါးသွားတဲ့ သူ့အတွက်တော့ ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဖြစ်တဲ့ ညီမလေးဘက်သ်က သူ့ဘဝအတွက် အရာရာပါပဲ။
ဒီလိုနဲ့ နည်းပြမမကို နှလုံးသားတံခါးခေါက်ဖို့လာတဲ့ ဂျက်စ်ဆိုတဲ့ဖိုက်တာလေးကြောင့်ယစ်မူးစေတတ်တဲ့အချစ်ဆိုတဲ့အရာမှာ ပျော်ဝင်သွားခဲ့တဲ့စီယန်နာတစ်ယောက်သူ့ဘဝရဲ့နံပါတ် ၁ က ဘက်သ်ဆိုရင် နံပါတ် ၂ က ဂျက်စ်ဖြစ်လာတဲ့အထိပါပဲ။ဒါပေမဲ့ သူ့ရဲ့အရေးအပါဆုံးလူ ၂ ယောက် ဖောက်ပြန်နေတဲ့မြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်တစ်ခဏကသူ့ရဲ့ကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတော့တာပါပဲ။
သူ့ရဲ့ကမ္ဘာကြီးက သူ့ကိုသစ္စာဖောက်သွားသလို ခံစားလိုက်ရတဲ့ နာကျည်းချက်အပြည့်နဲ့ စီယန်နာတစ်ယောက်ဂျက်စ်ကိုအနိုင်ယူနိုင်မဲ့ဖိုက်တာကိုရှာရင်းနဲ့ traumaတွေနဲ့ မြေအောက်ခန်းထဲပုန်းနေတဲ့ underground fighter ကေဒန်ကို တွေ့သွားတဲ့အခါမှာတော့ဂျက်စ်ကိုထိုးဖို့ဓားတစ်လက်လို ထက်အောင်သွေးဖို့ လေ့ကျင့်ပေးဖို့ကြိုးစားပါတော့တယ်။အဲဒီနောက်မှာတော့…
Underground fightရဲ့ထုံးစံအတိုင်း အသက်ကိုရင်းပြီးထိုးသတ်ရတာဆိုတော့ ဂျက်စ်ကိုအလဲထိုးနိုင်ဖို့ ကေဒန်ကို လေ့ကျင့်ပေးတာ အောင်မြင်မှာလား။Relationship traumaရသွားတဲ့ စီယန်နာတစ်ယောက်ကရော ကေဒန်အတွက် နှလုံးသားတံခါးပြန်ဖွင့်ပေးပြီး Move onလုပ်သွားနိုင်မလား။ကေဒန်ကိုယ်တိုင်ကရော အတိတ်ရဲ့အရိပ်ဆိုးအောက်က ရုန်းထွက်နိုင်မှာလားဆိုတာ အားလုံးအတူတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
Dodgeball: A True Underdog Story (2004)
⭐IMDB: 6.7/10 (257 k Votes)
🎬 #Comedy #Sport
🗓️ 2004 🎞️ Movie 📺 1080p
🌎 #Germany #UnitedStates
⏰ 1 နာရီ 33 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါတော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။
ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ပေါက်ကရတွေ စဉ်းစားကြရင်း Dodgeball Championships ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပြိုင်ဖို့သာ ဆုံးဖြတ်လိုက်ပေမဲ့ ဘယ်သူမှ ကောင်းကောင်း မကစားတတ်ကြပါဘူး။ Average Joe’s Gym ကို ကာကွယ်ဖို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ပီတာတို့ ဘော်ဒါတစ်သိုက် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ဘယ်လိုတွေ လွဲကြဦးမလဲ အခက်အခဲတွေကို ဖြတ်ကျော်ပြီး သူတို့ မြတ်နိုးရတဲ့ နေရာလေးကို ကာကွယ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်လိုက်ကြပါဦးနော်
Dead Ringers (2023- )
⭐IMDB: 6.4/10 (2 k Votes)
🎬 #Drama #Horror #Thriller #Mystery
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 5 မိနစ် 25 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dead Ringers (2023)Dead Ringers (2023)ခေါင်းအစခြေဆူံး တူတဲ့ အီလိယက်နဲ့ ဘယ်ဗလီဆိုတဲ့ အမွှာညီအစ်မနှစ်ယောက်က
အမျိုးသမီးတွေရဲ့ သားဖွားမီးယပ် နယ်ပယ်ကို လုံး၀ပြောင်းလဲပစ်ဖို့ ကြိုးစားပါတော့မယ်။
ကလေးကို သွေးအုပ်စု ဘာအမျိုးစားနဲ့လိုချင်လဲ ၊ မျက်လုံးအရောင် ၊ ကိုယ်အလေးချိန်နဲ့
အမြွှာပူးလိုချင်ရင်တောင် လိုသလိုစိတ်ကြိုက်ဖန်တီးပြုပြင်ဖို့ ဇီ၀နည်းပညာသစ်ကိုတီထွငိဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပါ ။
သွေးထွက်သံယိုနဲ့ ကလေးမွေးတဲ့အခန်းတွေကို အရှင်းကြီးရိုက်ပြထားတာကြောင့် စိတ်မခိုင်သူတွေ သွေးပျက်နိုင်ပါတယ် ။
ဇာတ်လမ်းက Thlriller ဘက်ကိုသွားတဲ့အတွက် ဇာတ်ရှိန်ကတဖြည်းဖြည်းနဲ့တက်သွားမှာပါ
Amazon prime က ထုတ်လွှင့်ပြီး ကြည့်စရာဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ဖြစ်စေမှာပါ ။စဆုံး ၆ ပိုင်း ရှိပါမယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်)Genre….. Drama, Mystery
Anne with an E (2017-2019)
⭐IMDB: 8.7/10 (59 k Votes)
🎬 #Drama #Family
🗓️ 2017-2019 🎞️ Series 📺 720p
🌎 #Canada
⏰ 45 မိနစ် 5 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anne with an E (2017)Season 1+2+3Anne with an E Series (2017) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~နက်ဖလစ်ရဲ့အကောင်းဆုံး ရိတ်တင်အမြင့်ဆုံး စီးရီးတွေထဲကတစ်ခု။ ကြီးပြင်းလာတဲ့လူငယ်လေးတွေဘဝနဲ့ ရိုးရှင်းတဲ့ မေတ္တာတွေအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတွေထဲက လူကြိုက်အများဆုံးတစ်ခု၊ ချန်နယ်မြန်မာ ပရိသတ်တွေ အတောင်းဆိုဆုံးထဲကတစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။
ရွက်ကြမ်းရေကျိုအသွင်အပြင် ဆံပင်နီနီကြမ်းကြမ်း မှဲ့ခြောက်ထူထူနဲ့ ဆယ်ကျော်သက်အရွယ် မိဘမဲ့ကလေးမလေးက သာမန်လူကြီးတွေတောင် နားမလည်နိုင်တဲ့ စကားကြီးစကားကျယ်တွေ ပြောနေတဲ့အခါ ဆိုဆုံးမမခံခဲ့ရလို့ လူ့ဘောင်စည်းမျဉ်းတွေနဲ့ လွတ်ကင်းတဲ့အပြုအမူတွေက သူတစ်ပါးအမြင်မှာ မျက်စိစပါးမွှေးစူးစရာဖြစ်လာတဲ့အခါ နာမည်မှာ E တစ်လုံးပိုတဲ့ Anne တစ်ယောက် ဖတ်ထားဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေထဲစိတ်နှစ်ရင်း လောကဓံကို အံတုရပါတော့တယ်1908 ခုနှစ်ထုတ် Anne of Green Gables ဝတ္ထုကို မှီးပြီးပြန်ရိုက်ထားတဲ့ ဒီဒရာမာဇာတ်လမ်းတွဲကို CBC နဲ့ Netflix မှာ 2017 က စတင်ပြသခဲ့ပြီး Season ၃ ခု အပိုင်း ၂၇ ပိုင်းပါဝင်ပါတယ်။ 1896 ခုနှစ်က ကနေဒါကျေးလက်ဒေသရဲ့ လူနေမှုဘဝကို ထင်ဟပ်ပြသနေတဲ့ ဒီစီးရီးကို ကြည့်ပြီးရင် အဲ့ဒီခေတ်အခါက ဒီလိုဇာတ်လမ်းမျိုး ရေးသားနိုင်တဲ့ ထုတ်ဝေရဲတဲ့ စာရေးဆရာကို ချီးကျူးမိမှာပါ။ ဘာလို့လဲဆိုတော့ ခေတ်အနေအထားအရ ထုတ်ဖော်ပြသဖို့မလွယ်ကူတဲ့ ကျားမတန်းတူညီမျှရှိရေး၊ လူမျိုးရေးခွဲခြားမှု၊ LGBT၊ လွတ်လပ်စွာပြောဆိုခွင့်ရရေးနဲ့ ဓလေ့ထုံးတမ်းတွေကို ဆန့်ကျင့်တဲ့အကြောင်းတွေကို ဖောဖောသီသီတင်ပြထားလို့ပါပဲ။အပျိုဖော်ဝင်ရာသီပန်းပွင့်တယ်ဆိုတာ ရှက်စရာလို့ သတ်မှတ်ထားတဲ့ဓလေ့ကို လောကဓမ္မတာဟာ ဘယ်နားကရှက်စရာကောင်းနေတာလဲလို့ မေးခွန်းပြန်ထုတ်တတ်တဲ့ ကလေးမလေး Anne ရဲ့ ထုံးတမ်းအစဉ်အလာတွေကြားထဲ ရုန်းကန်ရပုံဟာ ကနေဒီးယန်း အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲအဖြစ် ဆုချီးမြှင့်ခံထားရတာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size…300 Mb
Spider-Man: No Way Home (2021)
⭐IMDB: 8.2/10 (788 k Votes)
🎬 #Action #Adventure #Fantasy #Marvel Universe #ScienceFiction #SciFi
🗓️ 2021 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 28 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ
IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲ
အောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါ
အညွန်းကတော့… Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioက
ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်း
အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့
လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး
ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်
အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို
အကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်
အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ
ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့
ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်။
American Honey (2016)
⭐IMDB: 7.0/10 (45 k Votes)
🎬 #Adventure #Drama #Romance
🗓️ 2016 🎞️ Movie 📺 1440p
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 43 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
American Honey(2016)
**********************
အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..
ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ်
ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d’Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ဖခင်နဲ့အတူ နေထိုင်ပါတယ်။ တစ်ရက်တော့ အိမ်ပြန်ဖို့အတွက် ကားတားနေရင်းနဲ့ ဂျိတ်တို့အဖွဲ့နဲ့တွေ့ပါတော့တယ်။စူပါမားကတ်ထဲမှာ ကျကျန်ခဲ့တဲ့ ဂျိတ်ရဲ့ ဖုန်းကို လိုက်ပြန်ပေးရင် ဂျိတ်က သူတို့ရဲ့ မဂ္ဂဇင်းရောင်းတဲ့ အဖွဲ့ထဲကို အလုပ်သွင်းပေးလိုက်ပါတော့တယ်။ အဲ့ဒီလိုနဲ့ စတားတစ်ယောက် ဂျိတ်တို့ အရောင်းအဖွဲ့နဲ့ အတူ ကန်းဆက်မြို့ဆီကို လိုက်ပါသွားရင်းနဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။စိန်ခေါ်မှုတွေများစွားနဲ့အတူ လမ်းတစ်လျှောက် မဂ္ဂဇင်းရောင်းချရင်း အဖွဲ့နဲ့အတူ သူမရဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ပုံဖော်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ပျော်ရွင်မှု၊ စိတ်ပျက်မှု၊ ခင်မင်မှုနဲ့ ဝယ်သူတွေရဲ့ အန္တရယ်တွေကြားထဲမှာ စတားတစ်ယောက်
ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာကို စိတ်ဝင်းစားစရာကြည့်ရှု့ရမှာပါ။စတားရဲ့ အိမ်ကထွက်လာတာကနေစလို့ တွေ့ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ လူငယ်တစ်ယောက်ရဲ့စူးစမ်းလိုစိတ်၊
စွန့်စားမှုတွေ အိမ်မက်နောက်ကိုလိုက်ပြီးကြိုးစားခဲ့တာတွေကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု့လိုက်ကြပါခင်ဗျာ…(ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်ခင်ဗျာ)
Sweet Tooth (2021- )
⭐IMDB: 7.8/10 (55 k Votes)
🎬 #Action #Adventure #Drama #SciFi #Fantasy
🗓️ 2021- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 57 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sweet Tooth (2021)Sweet Tooth (2021)IMDb 8.4/ 10
Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်ပါပြီJeff Lemire ရဲ့ Sweet Tooth ဆိုတဲ့ DC Comic Book ကို ပြန်လည် ဆန်းသစ်ထားတဲ့ Action-adventure, fantasy drama လေးမို့ DC fan တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်Sweet Tooth ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ကောင်လေးလေးရဲ့ နာမည်ပါဒီကောင်လေးဟာ hybrid လို့ခေါ်တဲ့ လူတစ်ပိုင်း သမင်တစ်ပိုင်းလေးပါကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် သူဟာ တခြားသော hybrids တွေနဲ့ရောပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်အရွယ်ကလည်းငယ် အတွေ့အကြုံမရှိသေးတဲ့ hybrid လေးတစ်ကောင် ဒီလောကကြီးမှာ အသက်ဆက်နိုင်ဖို့ရာ တစ်ဦးတည်း ရင်ဆိုင်ရပုံတွေကို စိတ်၀င်စားဖွယ်တင်ဆက်ထားပုံတွေကိုအပိုင်း ၈ ပိုင်းနဲ့ တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်DC entertainment နဲ့ WB တို့ပေါင်းပြီး produce လုပ်ထားပြီး narrator (နောက်ခံစကားပြောသူ) ပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ အတော်သဘောကျမိပါတယ်rating ကလည်း အထင်ကြီးလောက်စရာမို့ လက်မလွှတ်တမ်း ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ
Mickey, Donald, Goofy: The Three Musketeers (2004)
⭐IMDB: 6.4/10 (11 k Votes)
🎬 #Adventure #Animation #Comedy #Family #Musical #Romance
🗓️ 2004 🎞️ Movie 📺 1080p
🌎 #USA #UnitedStates #Australia
⏰ 1 နာရီ 8 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mickey, Donald, Goofy: The Three Musketeers(2004)
*************************************************
မစ်ကီ၊ဒေါ်နယ်၊ဂူဖီတို့ဆိုတာ ဖုန်းတွေ၊ဂိမ်းတွေမပေါ်ခင်က ကျွန်တော်တို့ရဲ့ ငယ်ဘဝမိတ်ဆွေလေးတွေပါပဲ။မှတ်မိပါသေးတယ် ငယ်ငယ်ကဆိုရင် အပတ်စဥ်ထုတ်ဝေတဲ့
ကာတွန်းစာစောင်ရုပ်ပြတွေမှာ သူတို့အကြောင်းလိုက်ဖတ်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ဒီရုပ်ရှင်လေးကတော့ နာမည်ကြီး The Three Musketeersကိုမှ မစ်ကီတို့သုံးယောက်ရဲ့
versionလေးဖြစ်ပြီး စွန့်စားခန်းတွေကို ပျော်ပျော်ရွှင်ရွှင်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ မစ်ကီ၊ဒေါ်နယ်နဲ့ ဂူဖီတို့ဟာ ငယ်ငယ်လေးကတည်းက
စစ်သည်တော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတွေပါ။တစ်နေ့မှာတော့ သူတို့အိပ်မက်အမှန်တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။မစ်ကီတို့သုံးယောက်အပြင် မီနီ၊ ဒေစီ၊ နွားမလေးကလာရာဘလ်၊ ပီဒ်၊ ပလူတိုစသည်ဖြင့် လူစုံတက်စုံပါဝင်ပါပြီးအများကြီးညွှန်းစရာမလိုတဲ့ကားလေးမို့ ငယ်ဘဝကိုပြန်တမ်းတရင်းကြည့်ရှုလိုက်ပါဦး။
Freud (2020-2020)
⭐IMDB: 6.5/10 (12 k Votes)
🎬 #Crime #Thriller #Drama #Mystery
🗓️ 2020-2020 🎞️ Series 📺 1080p
🌎 #Austria #Germany
⏰ 53 မိနစ် 51 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Freud (2020)Freud (2020) A Complete Netflix’s Series
ဗမာစာဖတ်ပရိသတ်တွေတော့ ဆစ်ဂမန်ဖရွိုက်ကို အနည်းတော့အများ ရင်းနီးကြမှာပဲ။ ဒီက နာမည်ကြီး ဘတ်ဆဲလ်လား စာရေးဆရာတွေရော၊ အက်ဆေးရေးတဲ့လူတွေရော၊ သုတဆောင်းပါးတွေ ရေးတဲ့လူတွေရော ဆစ်ဂမန်ဖရွိုက်ကို ကိုးကားပြီး သူ့စကားတွေ လှိုင်လှိုင်သုံးခဲ့ကြဖူးပါတယ်။ ဇော်ဇော်အောင်တို့ တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့လည်း သုံးခဲ့ကြတယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ ဖရွိုက်ဟာ စိတ်ပညာလောကရဲ့ နာမည်ကျော်စိတ်ပညာရှင်ပဲကိုး။ ဒီကားကတော့ ဖရွိုက်ငယ်စဉ် မအောင်မြင်သေးခင်က အချိန်မှာ ဇာတ်အိမ်တည်ပြီး သမိုင်းဒရာမာအဖြစ်ရိုက်ထားတာပါ။ သမိုင်းဒရာမာဆိုတာ သမိုင်းတိကျမှု အင်မတန်နည်းတဲ့ အရာမို့ သုတအနေနဲ့တော့ ကြည့်လို့ပြေမှာမဟုတ်ပါဘူး။ ဇာတ်ကိုကလည်း စိတ်ပညာဇာတ်ထက် မှုခင်းဇာတ်ကြီးဖြစ်နေပါတယ်။ စိတ်ညှို့ပညာခေတ်မစားခင်အချိန်မှာ စိတ်ရဲ့စွမ်းအားကို စိတ်ပညာရှင်တွေကိုယ်တိုင် သေချာနားမလည်သေးခင်မှာ ဖရွိုက်ဟာ မသိစိတ်နဲ့ အိပ်မွေ့ချစိတ်ညှို့ပညာအကြောင်း စိတ်ဝင်စားခဲ့ပါတယ်။ အားလုံးရဲ့ ငကြောင်လို့ သမုတ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ဟန်ဂေရီမင်းမျိုးပျက်တွေဟာ အိပ်မွေ့ချစိတ်ညှို့ပညာကို အသုံးချပြီး ဖရွိုက်တို့ တိုင်းပြည်ကို လက်သည်မပေါ်ဘဲ ကစဉ့်ကလျားဖြစ်ပြီး ပျက်စီးအောင်လုပ်နေတဲ့အချိန် ဒါကိုသတိထားမိတဲ့လူက ဖရွိုက်တစ်ယောက်တည်းရှိပါတယ်။ ဖရွိုက်ရယ် မဟုတ်မခံ ရဲတပ်သားတစ်ယောက်ရယ် နတ်ဆရာမတစ်ယောက်ရယ်ပေါင်းပြီး စိတ်ပညာချင်း လက်ရုံးရည်ချင်း ဉာဏ်ချင်း ပရိယာယ်ချင်းပြိုင်ပြီး တိုင်းပြည်ကို ဖျက်မယ့်လူတွေနဲ့ ကယ်မယ့်လူတွေ အပြိုင်ဖြဲကြတဲ့ စီးရီးပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 650MB+
Resident Evil: Infinite Darkness (2021- )
⭐IMDB: 5.7/10 (11 k Votes)
🎬 #Animation #Action #Horror #Drama #Adventure #SciFi #Fantasy
🗓️ 2021- 🎞️ Series 📺 1080p
🌎 #Japan #UnitedStates
⏰ 29 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
RESIDENT EVIL: Infinite Darkness (2021)Resident Evil : Infinite Darknessနက်ဖလစ်ရဲ့ ရက်ဆီးဒန့်အီဗယ် စီးရီးအသစ်လာပါပြီ။
RE စီးရီးတွေဟာ ရုပ်ရှင်တွေထက် ဇာတ်လမ်းကောင်းလေ့ရှိပြီး
ရုပ်ထွက်လည်း လှပတာ အားလုံးအသိပါ။
ဒီစီးရီးကလည်း စိတ်ဝင်စားစရာပါပဲ။အရင်ရုပ်ရှင်တုန်းက ရက်ကွန်းမြို့က ဇွန်ဘီးတွေကြားထဲက
သမ္မတရဲ့သမီးကို ကယ်ထုတ်ခဲ့တဲ့ လီရွန်ပဲ ပြန်ပါလာပါတယ်။ဒီတစ်ခါကတော့ သမ္မတအိမ်တော်ထဲမှာ ဇွန်ဘီးတိုက်ခိုက်မှုဖြစ်ပြီး
အမေရိကန်ရဲ့ တရုတ်နဲ့ပတ်သတ်တဲ့လျို့ဝှက်ဖိုင်တွေ အခိုးခံရမှုကို စုံစမ်းဖို့ တာဝန်ပေးခံရတာပါ။အဲဒီကတဆင့် ဇွန်ဘီးဖြစ်စေတဲ့ တီ-ဗိုင်းရပ်စ် ကူးစက်မှုဟာ
ထင်တာထက် ပိုကျယ်ပြန်ရှုပ်ထွေးနေတာကို သိရတဲ့အခါ…အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File size… 500 MB
Resident Evil: Damnation (2012)
⭐IMDB: 6.4/10 (21 k Votes)
🎬 #Animation #Horror #Action #SciFi #Thriller
🗓️ 2012 🎞️ Movie 📺 1080p
🌎 #Japan
⏰ 1 နာရီ 40 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲဗျာ Holloween နေ့အတွက်ပဲ Resident evil ရဲ့ 2012 ခုနှစ်ထွက်
3D Animation ကားလေးကိုတင်ပေးလိုက်ပါတယ်
Sony နဲ့ Campcom ကထုတ်တဲ့ PS2 ဂိမ်းတွေနဲ့ ရင်းနှီးသူဆိုရင်တော့
ဒီဇာတ်လမ်းလေးကို စိမ်းမယ် မထင်ဘူးဗျ
The Resistance Fighter (2019)
⭐IMDB: 5.9/10 (2 k Votes)
🎬 #Action #Drama #History #War #Thriller
🗓️ 2019 🎞️ Movie 📺 1080p
🌎 #UnitedStates #Poland
⏰ 1 နာရီ 54 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Messenger(2019)
*******************
၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့
တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်
အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီး
ဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာ
ဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြား
အထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်
တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ….
Chaahat (1996)
⭐IMDB: 5.5/10 (3 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 1996 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 28 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chaahat (1996)****************ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီးတစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။
ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေးပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။
အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီးရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ?ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ?မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း …ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။
Chaahat (1996)
⭐IMDB: 5.5/10 (3 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 1996 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 28 မိနစ် 11 စက္ကန့်

The Crucible (1996)
⭐IMDB: 6.8/10 (39 k Votes)
🎬 #Drama #History
🗓️ 1996 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 4 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။
အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ…ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ အမေရိကန်ပြဇာတ်ရေးဆရာ Arthur Millerက The Crucible ပြဇာတ်ဇာတ်လမ်းကို ၁၉၅၃ခုနှစ်မှာ ရေးသားထားပြီး ၁၉၉၆ခုနှစ်မှာ ဒါရိုက်တာ Nicholas Hytnerက ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ဒိုင်ယာလော့တွေကိုတော့ ၁၆ရာစုက Old Englishကိုပဲသုံးနှုန်းပြီးပြောထားတာတွေ့ရပါတယ်။

Kim Bu Aile? (2022)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Action #Comedy
🗓️ 2022 🎞️ Movie 📺 720p
🌎 #Turkey
⏰ 2 နာရီ 4 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုရီးယား ဟာသဇာတ်ကား Extreme Job ကို မှီငြမ်းထားတဲ့ တူရကီဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ရဲတပ်ဖွဲ့ ကော်မရှင်နာ Adem ဟာ မစ်ရှင်တစ်ခုမှာ အမှားလုပ်မိပြီးတာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ အိမ်မှာ အေးဆေးပြန်မနားဘဲ အဲမစ်ရှင်မှာ ဖမ်းရမဲ့ရာဇဝတ်သားတွေကို ကိုယ့်ဘာသာလိုက်ဖမ်းဖို့လုပ်ပါတယ်။ အဲရာဇဝတ်သားတွေနောက် ခြေရာခံလိုက်ရင်း သူတို့ပုန်းတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရာဇဝတ်မှုကျုးလွန်နေတုန်း အမိအရ ဖမ်းနိုင်အောင် ပုန်းတဲ့နေရာနားက ကြက်ကြော်ဆိုင်တစ်ဆိုင်မှာ သူ့အဖွဲ့သားတွေနဲ့အတူ ကြက်ကြော်ရောင်းတာ ဆိုင်ကနာမည်ကြီးသွားတဲ့အခါ… ကြက်ကြော်ဆိုင်နဲ့ မူလရည်ရွယ်ချက်ကြား ဗျာများရင် အလွဲလွဲအချော်ဖြစ်ကြပုံကို ရယ်ရယ်မောမောနဲ့ကြည့်ရှုအားပေးရမဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။