ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
My Adventures with Superman (2023- )
⭐IMDB: 7.8/10 (1 k Votes)
🎬 #Action&Adventure #Animation #SciFi&Fantasy #Action #Adventure #SciFi #Fantasy #Comedy #Family
🗓 2023- 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 23 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Adventures with Superman (2023)My Adventures with Superman (2023) Ongoing
~ IMDb – 7.8/10, Rotten Tomatoes – 100% ~ “Is it a bird?”
“Is it a plane?”
“It’s Superman!” စူပါဟီးရိုးဆိုတာ ဘာမှန်း မသိခင် အချိန်ကတည်းကကျွန်တော်တို့ရဲ့ ငယ်ဘ၀ကို စူပါမန်းဆိုတဲ့ စူပါလူစွမ်းကောင်း တစ်ယောက်က လွှမ်းမိုးခဲ့ပါတယ်။ စူပါမန်း မဖြစ်ချင်ခဲ့တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပြီး ကလေးတိုင်း ပုဆိုးကို လည်ပင်းမှာ ၀တ်ရုံလို စည်းပြီး စူပါမန်း လုပ်တတ်ကြသေးကိုဗျ။ ဒီ Series လေးကတော့ ကျွန်တော်တို့ ဟီးရိုးကြီး စူပါမန်းရဲ့ ဆယ်ကျော်သက်ဘ၀ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ကလာ့ခ်ကန့်ထ် ဆိုတဲ့ သူမတူ စွမ်းရည်တွေရှိတဲ့ ကောင်လေးတစ်ယောက် ဒေလီပလန်နက် သတင်းစာတိုက်မှာ သူငယ်ချင်း ဂျင်မီနဲ့ အလုပ်သင် အဖြစ် ၀င်ရောက်လုပ်ကိုင်နေရင်း အချစ်ဦးနဲ့ အချစ်ဆုံးလေးဖြစ်လာမယ့် လူး၀စ်လိန်းနဲ့ တွေ့ရပြီး စူပါမန်းဘ၀ စတင်ပုံကို သိရှိရမှာဖြစ်ပါတယ်။ နာမည်ကျော် Adult Swim ကနေ ထုတ်ထားတာဖြစ်ပြီး သူတို့ထုံးစံ Anime Style နဲ့ ရိုက်ကူးထားတာဖြစ်လို့ Anime Fan တွေလည်း လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခု ဖြစ်တာကြောင့် CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Chuck ပဲဖြစ်ပါတယ်)Size ~ 400MB...
Art Museum by the Zoo (1998)
⭐IMDB: 7.0/10 (560 Votes)
🎬 #Comedy #Drama #Romance
🗓 1998 🎞 movie
📺 #720p #1080p
💿 708.0 MB ⦿ 1.4 GB
🌎 #SouthKorea
⏰ 1 နာရီ 48 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Art Museum by the Zoo (1998)
တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း
စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။
တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို…လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာအသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။
အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက်ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။
တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။လွမ်းတယ်။မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့…ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။
အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
Patriot Games (1992)
⭐IMDB: 6.8/10 (117 k Votes)
🎬 #Action #Thriller
🗓 1992 🎞 movie
📺 #720p #1080p
💿 771.6 MB ⦿ 1.8 GB
🌎 #UnitedStates
⏰ 1 နာရီ 57 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Patriot Games (1992)
~ IMDb – 6.8/10, Rotten Tomatoes – 72% ~
ဒီဇာတ်ကားကတော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်ဆောင်ထားသလို ပါတိုင်းသေ မင်းသားကြီး Sean Bean နဲ့ အချစ်တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်လောက်တဲ့ကားပါ။
အိုင်းရစ်ရီပတ်ဘလစ်တပ်မတော်လို့ ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး မြောက်အိုင်ယာလန်ကို ဗြိတိန်တွေရဲ့လက်အောက်က ခွဲထွက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။
ဒါပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူသေဆုံးသွားလို့ အခဲမကျေတဲ့ ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကိုတောင် ဂရုမစိုက်တော့ဘဲ အမေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အနေနဲ့ သူ့မိသားစုကို အသက်ဘေးက ကာကွယ်ဖို့ ဘယ်လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)...
The Recipe (2010)
⭐IMDB: 6.6/10 (473 Votes)
🎬 #Drama #Mystery #Romance #Thriller
🗓 2010 🎞 movie
📺 #720p #1080p
💿 870.9 MB ⦿ 1.8 GB
🌎 #SouthKorea
⏰ 1 နာရီ 45 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Drama, Romance, MysteryIMDB – 6.6/10
အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့
၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေး
တစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျ
ပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကို
အသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲ
ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်
မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီး
နောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။
ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကို
သွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်က
နှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးက
တောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကို
အသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့
သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်
ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။
အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြား
ဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီး
သတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်က
လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ထူးခြားတဲ့
ဟင်းအမယ်တွေကို သိရှိလိုက်ရပါတော့တယ်…..။
သရုပ်ဆောင်တွေဆိုလည်း အများနဲ့မစိမ်းလောက်ဘူးထင်ရတဲ့
နာမည်ကြီး ဇာတ်ပို့မင်းသားကြီး Seung-ryong Ryu က သတင်း
ထောက်နေရာက သရုပ်ဆောင်ထားပြီး Goblin သေမင်းတွေ အမြီး
၉ ချောင်းမြေခွေး စသဖြင့် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့
အာဂျီးရှီး Lee Dong-Wook နဲ့ တည်ငြိမ်တဲ့အလှပိုင်ရှင် မင်းသမီး
Lee Yo-Won တို့ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
ကြည့်ရင်းနဲ့ ပဲပိစပ်ဟင်းရည်လေး သွားရည်ကျပြီး မျက်ရည်သုတ်ကြရတာပေါ့ဗျာ။...
Magnetic Beats (2021)
⭐IMDB: 6.4/10 (841 Votes)
🎬 #Drama #History
🗓 2021 🎞 movie
📺 #720p #1080p
💿 426.2 MB ⦿ 1.2 GB
🌎 #France #Germany
⏰ 1 နာရီ 19 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းရဲ့တည်နေရာကတော့ ပြင်သစ်နိုင်ငံက
မြို့လေးတမြို့မှာပါ။ ဒီမြို့မှာက ဂျရုံးနဲ့ ဖီးလစ်ဆိုတဲ့
အရမ်းချစ်ကြတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်။
ဖီးလစ်ကလည်း ဂျရုံးကိုစံပြပုဂ္ဂိုလ်တယောက်လိုမျိုးမြင်သလို
ဂျရုံးကလည်း သူ့ကိုအမြဲဂရုစိုက်ပေးတဲ့သူ့ညီလေး ဖီးလစ်ကို
အရမ်းချစ်တယ်။ သူတို့နှစ်ယောက် အတူတူဖန်တီးခဲ့ကြတာက
ရေဒီယို ဝါးဆောဆိုတဲ့ ရေဒီယိုအစီအစဉ်လေးတခု။ ဒီရေဒီယိုက
နေအကိုဖြစ်သူဂျရုံးက သူ့ရဲ့အာဘော်တွေ ကမ္ဘာကြီးရဲ့ဂီတ
လက်ရာတွေကို ပြောပြလေ့ရှိသလိုသူ့ရဲ့ နောက်ကွယ်ကနေ
ညီဖြစ်သူ ဖီးလစ်ကတော့ တိပ်ခွေတွေ စက်ခုံတွေကြားနစ်မြုပ်နေပြီး
ကိုယ့်အသံကိုယ် မုန်းတီးနေခဲ့မိတယ်။ ဒီလိုနဲ့ပဲ သူတို့ညီအကိုကြားထဲ
ကိုတနေ့မှာ ၀င်ရောက်လာခဲ့တာက မာရီယာနာဆိုတဲ့ ဂျရုံးရဲ့
ရည်းစားကောင်မလေး။ ဂျရုံးရဲ့ကလေးနဲ့အတူ ဆံပင်ညှပ်သင်ဖို့
ဒီမြို့လေးကိုရောက်လာခဲ့တယ်။ ဖီးလစ်တယောက်
ကတော့ မြင်မြင်ချင်းမှာပဲ သူမကိုချစ်မိသွားပြီ။ ဒါပေမယ့်
သူ့အကိုကိုအရမ်းချစ်တဲ့ ဖီးလစ်အတွက်ကတော့ ကျော်လို့
မဖြစ်တဲ့စည်းလေးတခုဖြစ်လာခဲ့တယ်။ ဖီးလစ် အသက် ၂၀မှာတော့
ပြင်သစ်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်ထဲ၀င်ရဖို့
အကြောင်းဖန်လာခဲ့တဲ့အချိန်မှာမာရီယာနာကလည်း တိတ်တိတ်လေး
သူ့ကို၀န်ခံခဲ့တယ်။ ဒီလိုနဲ့ပဲ ဖီးလစ်တယောက် အကိုကို့ချစ်တဲ့စိတ်နဲ့
မာရီယာနာ့ကိုချစ်တဲ့စိတ်တွေအကြား လွန်ဆွဲရဖို့ဖြစ်လာပါတော့တယ်။
စစ်မှုထမ်းကာလအပြီး အဆုံးသတ်မှာ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေး
တပုဒ်က ဘယ်လိုမျိုးအဆုံးသတ်သွားမလဲ။ အဆုံးသတ်မှာ ဖီးလစ်
တယောက် ဘာကိုရွေးချယ်သွားမှာလဲ။ မာရီယာနာကရော ဘာကို
ရွေးချယ်သွားမလဲဆိုတာကို CM ပရိတ်သတ်ကြီးကMagnetic Beats
ဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး။...
Hijacked: Flight 73 (2023)
⭐IMDB: 6.2/10 (130 Votes)
🎬 #Documentary #Drama
🗓 2023 🎞 movie
📺 #480p #720p #1080p
💿 405.8 MB ⦿ 769.8 MB ⦿ 1.5 GB
🌎 #UnitedKingdom
⏰ 1 နာရီ 34 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၂၃ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် Documentory ရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဒီ Hijacked Flight 73 ရုပ်ရှင်ဟာဆိုရင် နာမည်ကြီး 9/11 ကိစ္စတွေမဖြစ်ခင် ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်မှာဖြစ်ပွားခဲ့တဲ့ တစ်ကမ္ဘာလုံးကိုထိတ်လန့်သွားစေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပန်အမေရိကန်ဟာဆိုရင် အဲဒီခေတ်အခါက ကိုကာကိုလာနဲ့တန်းတူ ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ လေကြောင်းလိုင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ၁၉၈၀ခုနှစ်တွေရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သမိုင်းဖြစ်ရပ်တွေလည်း ပါဝင်နေတာဖြစ်ပြီးတော့ ဒီပြန်ပေးဆွဲတိုက်ခိုက်မှုမှာဆိုရင် ခရီးသည် ၃၀၀ကျော်ကို ဓားစာခံထိန်းသိမ်းခဲ့တာဖြစ်ပြီးတော့ သေဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး လူ ၁၀၀ လောက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီရုပ်ရှင်မှာ အဓိကအားဖြင့်တော့ ပြန်ပေးဆွဲခံရတဲ့လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်၊ အသက်ရှင်ဖို့ရုံးကန်ကြိုးစားခဲ့တာတွေကိုကြည့်ရှုကြရမဲ့အပြင် အစိုးရနဲ့ တာဝန်ရှိတဲ့သူတွေက ဒီကိစ္စကို ဘယ်လိုမျိုးသဘောထားပြီး ကိုင်တွယ်ခဲ့ကြသလဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။...
Anna (2013)
⭐IMDB: 6.4/10 (24 k Votes)
🎬 #Drama #Mystery #SciFi #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 780.2 MB ⦿ 1.8 GB
🌎 #Spain #UnitedStates #UnitedKingdom #France #Canada #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anna (2013)
~ IMDb rating – 6.4/10 ~
Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။
အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။
အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်… ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ…
တကယ်ပဲအန်နာက Victim လား… လူသတ်သမားလား… ဆိုတာ ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
Sick of Myself (2022)
⭐IMDB: 7.2/10 (7 k Votes)
🎬 #Comedy #Drama #Horror
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 405.8 MB ⦿ 877.4 MB ⦿ 1.8 GB
🌎 #Norway #Sweden #Denmark #France
⏰ 1 နာရီ 38 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating – 7.2/10 ဒီတစ်ခေါက်မှာတော့ Norawy Comedy,Drama အမျိုးအစားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ self- promotion ကိုမှားယွင်းစွာလုပ်မိသွားတဲ့ Signe တစ်ယောက်ဒုက္ခလှလှကြုံတွေ့ရပုံကို ယနေ့ခေတ်မှာဖြစ်လေ့ရှိတဲ့ uncomfortable truths တွေကိုပါ ထည့်သွင်းပြီးရိုက်ပြထားတဲ့အတွက် ပရိတ်သတ်ကြီးတို့ အားလပ်ရက်မှာကြည့်ရှူသင့်တဲ့ ဇာတ်လမ်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. Signe နဲ့ Thomas တို့ဟာ အဆင်မပြေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ချင်တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပေါ့။ Thomas ကအနုပညာရှင်တစ်ယောက်ပါ Signe ကတော့ သူ့ရဲ့ဂုဏ်သတင်းကို လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ပြီးရယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Thomas တစ်ယောက် မဂ္ဂဇင်းတွေကပါ အင်တာဗျူးလုပ်ပြီး အောင်မြင်စပြုလာတာကို Signe မြင်ရတဲ့အခါမှာတော့ သူလည်းနာမည်ကျော်လူသိများဖို့အတွက် သူ့ရဲ့လိမ်ဆင်တွေကိုစပြီး အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်.....
Blind (2023)
⭐IMDB: 4.2/10 (6 k Votes)
🎬 #Bollywood #Crime #Drama #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 737.6 MB ⦿ 1.8 GB
🌎 #UnitedStates #Denmark #India
⏰ 2 နာရီ 5 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blind 2023
Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ်ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာမတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။
တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကိုကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာမျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကိုရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။...
World's Best (2023)
⭐IMDB: 5.4/10 (354 Votes)
🎬 #Comedy #Family #Music #Musical
🗓 2023 🎞 movie
📺 #480p #720p #1080p
💿 517.9 MB ⦿ 846.1 MB ⦿ 1.6 GB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
World’s Best (2023)===============
ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ်ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့ကကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသလို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲလားတော့ မဟုတ်ဘူးပေါ့။ အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှားသင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ပရမ်ပါ။
သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ်လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းကမိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့်ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့အဖေရဲ့ မှတ်စုစာအုပ်လေးကို ရှာတွေ့သွားပြီး အဖေက ကမ္ဘာ့အကောင်းဆုံးရက်(ပ်)ပါတစ်ယောက် ဆိုတာကို သိသွားတဲ့အခါမှာတော့ ပရမ့်ရဲ့ DNAထဲက ရက်(ပ်)ပါသွေးတွေ နိုးထလာပါတော့တယ်။ သင်္ချာဉာဏ်ကြီးရှင်ပရမ်နဲ့ ကမ္ဘာ့အကောင်းဆုံးအမ်စီရဲ့သား ပရမ် ရဲ့ကြား လွန်ဆွဲကြပုံတွေအပြင်အမိုက်စား beat တွေနဲ့ အလန်းစား rapping တွေကလည်း ပရိသတ်ကြီးကိုစောင့်ကြိုလို့နေပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
All the World Is Sleeping (2023)
⭐IMDB: 5.3/10 (170 Votes)
🎬 #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 494.0 MB ⦿ 1.6 GB
🌎 #UnitedStates
⏰ 1 နာရီ 52 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All the World Is Sleeping (2023)
=======================
သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲနေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျမသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ်ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက်ကမ္ဘာကလူတွေကို တွေ့ရမှာပါ။
မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက်ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်းတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက်ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။
ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှားကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်းထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Ante Sundharaniki (2022)
⭐IMDB: 7.6/10 (8 k Votes)
🎬 #Bollywood #Comedy #Romance #Family
🗓 2022 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.4 GB
🌎 #India
⏰ 2 နာရီ 54 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ante Sundaraniki (2022)IMDb Rating- 8.1/10
ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ “ဆန်ဒါ” ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကိုဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ်သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ
ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့်ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး…သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ်
လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါသူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် နားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့အခြေအနေဖန်လာခဲ့ပါတယ်…လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ်
ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး….ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ…လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ….
သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝဇာတ်ကြောင်းနဲ့ အချစ်ဇာတ်လမ်းလေးအပြင်မတူညီတဲ့မိသားစုနှစ်ခုကြားက အချုပ်အနှောင်ထူထူပါးပါးတွေကိုပါ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်...
The Great Dragon Plague (2021)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy #Mystery
🗓 2021 🎞 Movie
📺 #480p #1080p
💿 454.9 MB ⦿ 1.0 GB
🌎 #China
⏰ 1 နာရီ 16 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Great Dragon Plague (2021) ကားလေးကိုဒီတစ်ခါ CM ပရိတ်သတ်တို့အတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကိုဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးပြောရရင်တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကိုအခြေခံရိုက်ကူးပြထားတာပါ…chang an ကို အခြေခံထားတာဖြစ်လို့The Promise of Chang’an (2020)ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးကအမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...
ဒီဇာတ်လမ်းလေးထဲမှာပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက်အခုလိုဘဝလေးလည်းမဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆိုဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်..ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကိုကယ်တင်ဖို့ကြိုးစားနေတဲ့အခါ
အဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလားချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလားဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီးကိုယ်သာ သူ့နေရာဆိုရင်ရောဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကိုကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်...
Breathe Again (2022)
⭐IMDB: 4.3/10 (46 Votes)
🎬 #Adult #Asian #Drama #Romance
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 544.5 MB ⦿ 1.1 GB ⦿ 2.4 GB
🌎 #Philippines
⏰ 1 နာရီ 39 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] BreatheAgain (2022)
အချစ်ဇာတ်လမ်း ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးနဲ့ chill ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း romantic, erotic ဆန်လွန်းတဲ့ အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်လမ်းအကျဉ်းလေးကတော့ …
ဂျိုအန်းနား ဆိုတဲ့ ကောင်မလေးမှာ သူ့သူငယ်ချင်းတွေအားလုံးက အိမ်ထောင်ကျကုန်ကြပြီ။ သူ့မှာလည်း ၇ နှစ်ကြာ တွဲလာတဲ့ ပါဝလို ဆိုတဲ့ ချစ်သူ ကောင်လေး ရှိတယ်။ ပါဝလိုက အပေါင်းအသင်း အသောက်အစား မက်တယ်။ တစ်နေ့ကျ ဂျိုအန်းနားကို လက်ထပ်ခွင့်တောင်းပြီး အချစ် တံခါးဖွင့်ဖို့ အပန်းဖြေစခန်းတစ်ခုကို နှစ်ယောက်သား ခရီးထွက်လာကြတယ်။
ပြဿနာက ခရီးထွက်လာပြီး ပါဝလိုက တစ်နေကုန် သူ့သူငယ်ချင်းတွေနဲ့ပဲ ဆိုင်ကယ် ပတ်စီးတယ်။ နောက်ပြီး မိန်းမတွေနဲ့ မရှင်းမရှင်းတွေ လုပ်တယ်ပေါ့။ ဂျိုအန်းနားကိုတော့ နားညီးလို့ ရှုပ်လို့ဆိုပြီး ဟိုတယ်မှာပဲ ထားခဲ့တယ်။
ဟိုတယ်မှာ ကျန်ခဲ့တဲ့ ဂျိုအန်းနားကတော့ ဖရီးဒိုင်ဗင် သင်တန်းလေး တက်ဖြစ်သွားတယ်။ သင်တန်း နည်းပြကလည်း ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ ခန့်ချောကြီးပေါ့။ ပါဝလိုတစ်ယောက်ကတော့ အရှုပ်အရှင်းတွေနဲ့ ညနက်မှ ဟိုတယ်ကို ပြန်လာတယ်။
ပါဝလိုက လက်ထပ်ခွင့်တောင်းထားပေမဲ့ စိတ်ထဲ အလေးမထားသလို ခံစားလာရတဲ့ ဂျိုအန်းနား တစ်ယောက် ဖရီးဒိုင်ဗင် နည်းပြ ရောဘတ်နဲ့ ငြိသွားတယ်။ နှစ်ယောက်စလုံး ဖောက်ပြန်နေတဲ့ relationship ကြီးဟာ တဖြည်းဖြည်း Toxic ဖြစ်လာတဲ့အခါမှာတော့ …
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Kitပါ။)...
Virgin Forest (2022)
⭐IMDB: 5.0/10 (316 Votes)
🎬 #Adult #Asian #Drama #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p
💿 962.7 MB ⦿ 2.0 GB
🌎 #Philippines
⏰ 1 နာရီ 53 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖရန်စစ်ဟာ နာမည်ကျော်ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဘူကစ်နွန်ခရိုင်မြို့တော်ဝန်ရဲ့ဆက်သွယ်တာဝန်ပေးမှုကြောင့် ဒေသတွင်းထိန်းသိမ်းထားတဲ့အပျိုစင်သစ်တောတွေထဲမှာ ရပ်ဖလေးရှား လို့ခေါ်တဲ့ဆန်းကြယ်တဲ့ ကမ္ဘာအကြီးဆုံးပန်းတွေကိုဓာတ်ပုံရိုက်ဖို့ဖြစ်လာပါတယ်။
မြို့တော်ဝန်က သူနဲ့အတူလမ်းပြအဖြစ် ရော်ဂျာဆိုတဲ့ဒေသခံကောင်လေးတစ်ယောက်ကိုထည့်ပေးလိုက်ပြီးစကားစပ်မိရာကနေ ရော်ဂျာရဲ့အရွယ်နဲ့မမျှတဲ့မိသားစုတာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေအကြောင်းသိသင့်သလောက်သိလာခဲ့ပါတယ်။ဖရန်စစ် မသိခဲ့တာက ရှေ့မှာစောင့်ကြိုနေမယ့် တောရဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ ဘယ်သူမှမရိပ်မိကြသေးတဲ့လူသားနဲ့သဘာဝရဲ့ဆန်းကြယ်မှုတွေကြားက ပဋိပက္ခတွေအကြောင်းပါပဲ၊
အိမ်မက်လိုလိုတကယ်လိုလိုကြားရတတ်တဲ့ နားနားကပ်ပြောတဲ့ စကားသံတွေ၊ မျက်လုံးမှိတ်လိုက်တဲ့အခါမြင်ရတတ်တဲ့အဝတ်ဗလာမိန်းမလှလေးတွေနဲ့ ချစ်တင်းနှောရပုံတွေ၊ ကျွန်မတို့ကိုကယ်ပါ ဆိုတဲ့ အကူအညီတောင်းခံသံတွေရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို သူအဖြေရှာရမှာဖြစ်ပါတယ်။
Brillante Ma Mendoza ရဲ့ကားသစ်ဖြစ်ပြီး သူ့လက်စွဲတော် မင်းသားမင်းသမီးတွေအပြင် တစ်ခြားသရုပ်ဆောင်အင်အားအများအပြား ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့တင်ဆက်ထားတာပါ။ သရုပ်ဆောင်အင်အားများသလို မိသားစုနဲ့ကြည့်လို့မသင့်တဲ့အခန်းတွေလဲ ရှည်လျားများပြားစွာပါဝင်တဲ့အတွက်အချိန်ပေးပြီးတစ်ယောက်တည်းကြည့်ကြတာကောင်းပါလိမ့်မယ်။...
Eye for an Eye (2022)
⭐TMDB: 72.0% User Score
🎬 #Action #Drama
🗓 2022 🎞 Movie
📺 #480p #1080p
💿 437.1 MB ⦿ 944.0 MB
🌎 #China
⏰ 1 နာရီ 14 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်းစုဝေးနေတဲ့ Defiant (2022)ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်ကလာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာအဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်းလက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်းသူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကိုရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့…
ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်ကတစ်အိမ်လုံး အသက်ခံရပေမယ့်သူတစ်ယောက်တည်း လွတ်မြောက်လာပြီးသူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင်သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကိုဒိုင်ယာရီမှတ်သလို…မှတ်တမ်းရေးသလို…ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်…
နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်...မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်…နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး…ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကိုရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့…အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမကရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်းကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~...
9 Songs (2004)
⭐IMDB: 4.7/10 (23 k Votes)
🎬 #Adult #Drama #Music #Romance
🗓 2004 🎞 movie
📺 #720p #1080p
💿 855.8 MB ⦿ 1.5 GB
🌎 #UnitedKingdom
⏰ 1 နာရီ 10 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*******************
ဒီကားက Music Romance ဖြစ်ပြီး ဆုတွေလည်းရထားပေမဲ့
စိတ်မကောင်းချင်စရာကောင်းတာက အထဲမှာပါတဲ့
အချစ်ကိုဖော်ပြတဲ့အခန်းအတော်များများဟာ 21+ အဆင့်ဖြစ်နေတာပါပဲ..
Music ,Romance ကြိုက်တဲ့
သူတွေအတွက်
စိတ်မကောင်းချင်းများစွာနဲ့ ဒီကားကိုဒေါင်းရမှာ ဖြစ်ပါတယ်…
ဘဝတစ်ကွေ့မှာ ဆုံတွေ့ခဲ့ပြီး၊ ကိုယ့်ရင်ခွင်ထဲ ခဏ၀င်နားကာ
ပြန်ထွက်ခွာသွားတဲ့သူမျိုးကတော့ လူတိုင်းဆီမှာရှိကျစမြဲပါပဲ။လန်ဒန်မှာ အလုပ်လာလုပ်ပြီး သူ့ရင်ခွင်ထဲခိုလှုံကာ မွေးရပ်မြေကိုပြန်သွားတဲ့
အမေရိကန်သူလေး လီဆာကို အင်္ဂလန်သားလေး မတ်တစ်ယောက် သတိရနေပြီး
အတူရှိခဲ့စဉ်က နှစ်ယောက်သား ရဲ့ ချစ်ပုံရိပ်တွေကို
သီချင်းကိုးပုဒ်တို့ဖြင့် ခမ်းနားထည်ဝါစွာဖော်ပြထားပါတယ်.....
Jayeshbhai Jordaar (2022)
⭐IMDB: 6.0/10 (44 k Votes)
🎬 #Comedy #Drama
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 505.0 MB ⦿ 1.0 GB ⦿ 2.1 GB
🌎 #India
⏰ 2 နာရီ 2 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jayeshbhai Jordaar (2022)
ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။
ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။
အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာတစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။
ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ?သူ့ဇနီးသည်နဲ့ အတူ ဘယ်လိုကျော်ဖြတ်သွားမလဲ? ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။
အခုခေတ်အချိန်ထိ ကျွန်မတို့ နိုင်ငံမှာလည်း ဖိုဝါဒကြီးစိုးတဲ့ ရှေးရိုးစွဲ အမြင်တွေကို စွဲကိုင်ထားကြသူတွေရှိပါသေးတယ်။ လူဟာ လူပဲဆိုတာကို မြင်နိုင်တဲ့တစ်နေ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့Kitနဲ့Hae Areumက ရေးထားတာပါ။)...
The Princess (2022)
⭐IMDB: 5.7/10 (15 k Votes)
🎬 #Action #Drama #Fantasy #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 890.4 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ
ဇာတ်လမ်းအကျဥ်း
လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်…
အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်
ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့
မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။...
Cascade (2023)
⭐IMDB: 4.7/10 (207 Votes)
🎬 #Thriller #Crime
🗓 2023 🎞 movie
📺 #720p #1080p
💿 584.6 MB ⦿ 1.2 GB
🌎 #Canada
⏰ 1 နာရီ 36 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cascade (2023)============
Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီးသွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။
ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။
ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန်တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကိုရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်ကနေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်ကအပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေအပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက်လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movieတစ်ပုဒ် စတင်လာပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
