ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
In Her Likeness (2024) ⭐IMDB: 5.3/10 (46 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လျှို့ဝှက်သည်းဖို ဇာတ်ကားကြည့်မယ်ဆိုရင် အရမ်းကြီး လေးလေးပင်ပင် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဒီကားလေးကိုလည်း ကြည့်သင့်ပါတယ်။ ဇာတ်လမ်း အကျဉ်း************** လီလီဆိုတဲ့ စိတ်ရောဂါကုထုံး ဆရာဝန်မလေးတစ်ယောက်ဟာ လူနာတစ်ယောက်ကို ကုသပေးရင်း ထူးထူးဆန်းဆန်း အိပ်မက်တွေ မက်လာပါတယ်။ သူ့ရဲ့ အတိတ်က ကြောက်စရာ အတွေ့အကြုံတစ်ချို့ကို အိပ်မက်ထဲမှာ မြင်မက်ပြီး သူ့ဘဝမှာ သူသိဖို့ လိုအပ်နေတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိလာပါတော့တယ်။ အဲဒီ အိပ်မက်တွေကို အဖြေရှာဖို့ သူ့အနေနဲ့ ကြိုးစားရင်း သူ့ရဲ့ လူနာနဲ့ သူ့အကြောင်း အဖြစ်မှန်တွေကို ဘယ်လို ရှာဖွေတွေ့ရှိ သွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ဖြစ်ပါတယ်။...
The Naughty List of Mr. Scrooge (2024) ⭐IMDB: 4.6/10 (172 Votes) 🎬 #Horror #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောလိပ်မှာကတည်းက ထူးထူးဆန်းဆန်းလက်ဆောင် လဲတမ်းဆော့ကြတဲ့ တက်ဘီတို့သူငယ်ချင်းတစ်သိုက်ဟာ ကျောင်းပြီးသွားပြီးတော့ ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ သူငယ်ချင်းတစ်သိုက်ပြန်ဆုံပြီး ငယ်ဘဝကအတိုင်းအချိန် ကုန်ကြဖို့စီစဉ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ကောလိပ်မှာတုန်းကအတိုင်း လျှို့ဝှက်လက်ဆောင် တွေလဲကြတဲ့အခါမှာ မထင်မှတ်ထားတဲ့လက်ဆောင်တွေ ရလာကြပြီး ဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံရမလဲဆိုတာကို ကြည့်ရမယ့် Thriller ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ...
Lost on a Mountain in Maine (2024) ⭐IMDB: 6.2/10 (794 Votes) 🎬 #Adventure #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မိန်းပြည်နယ် တောင်ပေါ်တစ်နေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ယောက် အကြောင်းဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်…. တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ဖော်ပြထားတဲ့ ဇာတ်ကွက်တွေနဲ့ ဖြစ်ရပ်အတွင်း တကယ်ပါဝင်ခဲ့ကြသူတွေရဲ့ ပြောစကားတွေကို ပေါင်းစပ်တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းတစ်ပုဒ်လိုရော မှတ်တမ်းရုပ်ရှင်တစ်ကားလိုပါခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ် စစ်ကြိုကာလက အဖြစ်အပျက်ဖြစ်တာနဲ့အညီ နိုင်ငံတကာ အရေးတင်းမာပုံနေကို ရေဒီယိုသတင်းကနေတဆင့် အနုပညာမြောက်စွာ တင်ပြထားပြီး ဆိုးရွားလာတော့မယ့်အခြေအနေတွေကို ခံစားမိနေတဲ့ ဖခင်တစ်ယောက်ရဲ့စိုးရိမ်ကြီးမှုတွေနဲ့ ဆယ်ကျော်သက်အရွယ်သား တစ်ယောက်ရဲ့ လတ်ဆတ်တက်ကြွမှုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုကိုလည်း ပီပီပြင်ပြင်ရိုက်ကူးတင်ပြထားပါတယ် ထို့အပြင် တောင်ပေါ်မှာပျောက်ဆုံးခဲ့ရတဲ့သားဖြစ်သူအတွက် ဖခင် တစ်ယောက်ရဲ့ ပူဆွေးကြီးရတဲ့ခံစားချက် ဖခင်ကို ကလန်ကဆန်လုပ်ခဲ့တဲ့ မိတဲ့သားတစ်ယောက်ရဲ့ စိတ်ခံစားချက် မိခင်တစ်ယောက်ရဲ့ မိမိရင်သွေးတွေ အပေါ်နားလည်နိုင်စွမ်း သွေးချင်းတစ်ယောက်ရဲ့ ၅၂၈ အရင်းခံ အပြစ်မကင်း ခံစားရမှုတို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြသထားလို့ ဒရမ်မာ ရုပ်ရှင်ကြိုက်နှစ်သူ ပရိသတ်များ သဘောကျနှစ်ခြိုက်မယ့်ရုပ်ရှင်ကားလေး ဖြစ်ပါတယ်… Donn Fendlerဆိုတဲ့ မြီးကောင်ပေါက် ၁၂ နှစ်သားလေးတစ်ယောက်ဟာ အလုပ်ခရီးစဉ်ကနေပြန်လာတဲ့ ဖခင်နဲ့အတူငါးဖမ်းထွက်ဖို့ကို အမျှော်လင့်ကြီး မျှော်လင့်လျက်ရှိပါတယ် ၎င်းရဲ့မျှော်လင့်ချက်တွေဟာ ကြာရှည်မခံ လက်တွေ့ ဖြစ်မလာခဲ့ဘဲ ဖခင်ရဲ့နောက်ခရီးတစ်ခုနဲ့အတူရိုက်ချိုးခံလိုက်ရပြီး Donn Fendler တစ်ယောက် ဖခင် Donald အပေါ်မကျေမနပ်ဖြစ်ရပါတော့တယ် Donald အနေနဲ့လည်း ၎င်းရဲ့ကတိပျက်မှုကို ပြန်လည်ဖာထေးဖို့ တောင်တက် ခရီးစဉ်တစ်ခုအစားထိုးစီစဉ်ခဲ့ပေမဲ့ Donn တစ်ယောက်ကတော့ ကြေလည် ကျေနပ်ခြင်းမရှိခဲ့ပါဘူး သို့ပေမဲ့လည်း တောင်တက်ခရီးစဉ်မှာတော့ Donn တစ်ယောက် လိုက်ပါလာခဲ့ပါတယ် ခရီးစဉ်တစ်နေရာအရောက်မှာ ဖခင် Donald ရဲ့ပြန်ဆင်းကြဖို့ အဆိုပြုချက်ကို ငြင်းဆန်ရင်း Donn တစ်ယောက် ညီဖြစ်သူ Ryan နဲ့ လမ်းပြတစ်ယောက်ကို အဖော်လုပ်ကာ တောင်ထိပ်ရောက်တဲ့ထိ ဖခင်မပါဘဲ တက်ရောက်ခဲ့ပါတယ် တောင်ထိပ်အရောက်မှာတော့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ညီဖြစ်သူ Ryan နဲ့ အချင်းများကာ ထွက်ပြေးရင်း Donn တစ်ယောက် မြူဆိုင်းနေတဲ့ တောင်ပေါ်က လိမ့်ကျကာ ပျောက်ဆုံးခဲ့ရပါတော့တယ် Fendler မိသားစုဟာ သားပျောက်ကို ရှာဖွေဖို့ တတ်နိုင်သမျှအကူအညီတွေ များနိုင်သမျှများအောင်တောင်းခံရင်း မိန်းပြည်နယ်ရဲ့ အကြီးဆုံးလူပျောက်ရှာပွဲအဖြစ်မှတ်တမ်းဝင်တဲ့အထိ လူအများအပြားလာရောက် အကူအညီပေးခဲ့ကြပါတယ် သို့သော်လည်း အပူချိန်ရေခဲမှတ်အောက်ရောက်အောင် အေးတတ်ကာ မိုးသီးမိုးပေါက် ကြွေတတ်ပြီး မိုးကြိုးမုန်တိုင်းထန်တတ်တဲ့ Katahdin တောင်ပေါ်မှာ တစ်ပတ်ကျော်ကြာပြီးတိုင် ရှာမတွေ့သေးသည့် Donn တစ်ယောက် အသက်ရှင်နေနိုင်လိမ့်မယ်ဆိုတာကို Fendler မိသားစုကလွဲပြီး ဘယ်သူမှ မယုံကြည်ကြတော့တဲ့နောက်မှာတော့… Fendler မိသားစုတို့ Donn တစ်ယောက်ကို ပြန်တွေ့နိုင်မလား……… ပြန်မတွေ့ခဲ့ရင် ဘယ်လိုတွေဖြစ်သွားကြမလဲ……….. ပြန်တွေ့ခဲ့ရင်ရော ဘယ်လိုဘယ်ပုံပြန်တွေ့ကြမလဲ………… အသက်ရှင်လျက်လား သေလျက်လား စတဲ့ မေးခွန်းတွေကိုတော့ ရုပ်ရှင်ချစ်သူများအနေနဲ့ ဒီကားလေးမှာပဲ ကြည့်ရှုခံစားအဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ...
Crispy (2024) ⭐IMDB: 3.2/10 (61 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 15 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံတော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။ မွေးရာပါဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။...
The Storyteller (2022) ⭐IMDB: 7.0/10 (381 Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Storyteller (2022)“ဇာတ်ကြောင်းပြောသူ” IMDb 6.9 အားလုံးမြင်ဖူးလောက်မယ့် ဝါရင့်မင်းသား Paresh Rawal ပါဝင်ထားတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် တာရီနီဆိုတဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ဘဝမှာအလုပ် ၇၃ ခုထိ ပြောင်းလုပ်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့အချိန်မှာဟာတာတာကြီး ဖြစ်သွားခဲ့တယ် သူဟာ အရင်းရှင်စနစ်ကို အမြင်ကတ်သူဖြစ်ပြီး အမေရိကားလိုအရင်းရှင်နိုင်ငံကို မလိုက်နိုင်ဘူးကွလို့ US ရောက် သားဖြစ်သူကို အတွင်တွင်ငြင်းနေသူနောက်ပြီး သူ့ကို ဇာတ်လမ်းပြောကောင်းသူတစ်ယောက်လို့လူအများက သတ်မှတ်ကြပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်ကြတယ် တစ်ရက်မှာတော့ သတင်းစာထဲက အလုပ်ခေါ်စာတစ်ခုမှာဇာတ်ကြောင်းပြောသူ ခေါ်နေတာကြောင့် ကလေးတွေကိုပုံပြင်ပြောရမယ်အထင်နဲ့ အလုပ်သွားလျှောက်ခဲ့ရာမှာတကယ့်အလုပ်က ဘာအလုပ်ဖြစ်မလဲ ဘဝရဲ့တတိယအရွယ်မှာဒီအလုပ်က သူ့ဘဝကို ထပ်မံပြောင်းလဲပေးနိုင်မှာလား ခံစားကြည့်ရှုလိုက်ကြပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Death Whisperer 2 (2024) ⭐IMDB: 7.1/10 (609 Votes) 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 52 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tee Yod 2 (2024) IMDb Rating (7.1) ထိုင်းနာမည်ကြီး horror ရုပ်ရှင် Tee Yod (Death Whisperer) ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရပါပြီ။ 2023 ခုနှစ်ကထွက်ရှိခဲ့ပီး horror ဖန်တွေ ကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ Tee Yod (Death Whisperer) ဟာ မိသားစု တစ်စု အရမ်းကြမ်းတဲ့ စုန်းမနဲ့ ရင်ဆိုင်ရပုံကို ခြောက်ခြားဖွယ်ရာ ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Tee Yod 2 ထပ်မံ ထွက်ရှိလာခဲ့ပြီး October လထဲမှာ ရုံတင်ပြသခဲ့တာပါ။ ဒီလို ပြသချိန်မှာလဲ Tee Yod 2 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပီးတော့ 10 နှစ်အတွင်း ထိုင်းမှာ ဝင်ငွေ အကောင်းဆုံး horror ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်ထဲက ညီမဖြစ်သူ Yam သေဆုံးသွားပြီးနောက် သုံးနှစ်ကြာအချိန်ကို တွေ့ရမှာဖြစ်ပြီး Yam ရဲ့ အသက်ကို နုတ်ယူသွားခဲ့တဲ့ သရဲမကပဲ Yak တို့ မိသားစုကို ထပ်မံ ခြောက်လှန့်လာတဲ့အခါ Yak တို့ ဒီစုန်းမကြီးကို ဘယ်လိုအမြစ်ပြတ်အောင် နှိမ်နင်းသွားမလဲ ဆိုတာ ခြောက်ခြားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Channel Myanmar ရဲ့ Website နဲ့ App မှာ ဦးဦးဖျားဖျား ကြည့်ရှုနိုင်ပါပြီ။ (ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
Di Renjie and Fire Unicorn (2022) ⭐TMDB: 0% User Score 🎬 #Action #Fantasy 🗓 2022 🎞 video movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective Deeရဲ့ စုံထောက်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ်အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။ မီးပုံးပွဲတော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီးဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကိုပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာတလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကိုခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာအမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ဘယ်ကရောက်လာတာများလဲ။ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်ကဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့အခုပဲကြည့်လိုက်ကြရအောင်...
Cora Bora (2023) ⭐IMDB: 5.7/10 (233 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cora Bora (2024) IMDb Rating (5.7) / Rotten Tomatoes (79%) LA မှာ ရုန်းကန်နေရတဲ့ musician တစ်ယောက်ဖြစ်သူ Cora က ဂစ်တာတစ်လုံး သွားလေရာသယ်ပြီး ပေါ့ပေါ့နေပေါ့ပေါ့စား အရိပ်အကဲမခတ်တတ်တဲ့ ငစွာမလေးပါ။ တစ်နေ့တော့ Open relationship ဖြစ်တဲ့ မွေးရပ်မြေ Portland က သူ့ရဲ့ girlfriend Justine ကို surprise တိုက်ဖို့ Cora တစ်ယောက် Portland ကို အကြောင်းမကြားထားဘဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ သူ့ကောင်မလေး Justine မှာ တခြားကောင်မလေးရှိနေပြီး သူတို့အိမ်ပေါ် တက်နေနေတာကို သိလိုက်ရတဲ့အခါမှာ Cora တစ်ယောက် ရှုပ်ထွေးပြီးသားဆက်ဆံရေးကို ဘယ်လိုတွေဆက်ပြီး မွှေနှောက်ပစ်မလဲဆိုတာ ဒီဟာသဇာတ်လမ်းမှာ အခွီတစ်လိုင်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Operation Sniping (2021) ⭐TMDB: 50% User Score 🎬 #Action #Drama #Mystery 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာဆိုရင် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ဖြစ်ရပ်မှန် ကွမ်တုန်း မူးယစ်ဆေးဝါး အမှုတစ်ခုဖြစ်တဲ့“GG Project” ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် လူငယ်ရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ဝမ်ရှင်း / ခေါင်းဆောင် လီကွမ်းဖုန်းတို့နဲ့အတူတူလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တိုက်ပွဲတစ်ခုကိုအသေအကျေ ဝင်ရောက်ခဲ့ပုံတွေကို ပုံဖော်ပြထားတဲ့ကားလေးဆိုရင်လဲ မမှားပါဘူး နိုင်ငံတကာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်မှု အမှုတစ်ခုကို စစ်ဆေးဖို့အတွက်ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်တွေ / လက်တွေ့ကျကျစေ့စပ်မှုတွေနဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုံရိပ်တွေ ကိုလဲ ရိုက်ပြထားပါသေးတယ် ဒါ့အပြင် ပစ်ခတ်မှုတွေ ရန်ပွဲတွေ ဖောက်ခွဲမှုတွေကြားကမူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြင်ကွင်းများကို မီးမောင်းထိုးရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ Action ကားတွေကြိုက်နှစ်သက်တဲ့ သူတွေ အနေနဲ့ကတော့ဒီကားလေးကိုကြိုက်နှစ်သက်မိမှာအမှန်ပါပဲအဲ့တော့ အခုပဲ ကြည့်ရှုလိုက်ရအောင်...
Executioner's Strange Talk (2022) ⭐TMDB: 55% User Score 🎬 #Action #Fantasy #Mystery #Thriller #Drama 🗓 2022 🎞 video movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီးသရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။ အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာအချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ..မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။ သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။...
Everybody Has Secrets (2004) ⭐TMDB: 59% User Score 🎬 #Comedy #Romance 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Everybody Has a Little Secret (2004) IMDb Rating (6.0) အခုချိန်အထိ အောင်မြင်ကျော်ကြားနေဆဲ ဖြစ်တဲ့ မင်းသားကြီး Lee Byung Heon နဲ့မင်းသမီးကြီး Choi Ji Woo၊ Chu San Mi၊ Kim Hyo Jin တို့ အဓိက ပါဝင်ထားတဲ့တစ်ချိန်ကား နာမည်ကြီး ဟာသရိုမန့်ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မိန်းကလေးတွေရဲ့ နှလုံးသားကို ဘယ်လိုပုံစံမျိုးနဲ့ အပိုင်သိမ်းယူရမလဲဆိုတာကို သိထားတဲ့ ဆူဟျွန်း(Lee Byung Heon)ကတော့အပြောချိုချိုလေးတွေနဲ့ မိန်းကလေးတွေကို ပြုစားတဲ့ နေရာမှာ ဆရာတစ်ဆူပါပဲ။ တစ်ဖက်မှာတော့ ဟန်ဂျင်းယောင်း၊ ဟန်ဆွန်းယောင်းနဲ့ ဟန်မီယောင်း လိုခေါ်တဲ့ ညီအစ်မ သုံးဖော် ရှိကြပြီးတော့အငယ်ဆုံး ညီမ ဟန်မီယောင်းနဲ့ မိန်းမကျမ်းကျေသူ ဆူဟျွန်းတို့က ချစ်ကြိုက်နေကြတဲ့ ဆက်ဆံရေးပါ။ ဒါပေမဲ့ တစ်ခုလပ် ဖြစ်နေတဲ့ ဟန်ဂျင်းယောင်းနဲ့ဝတ္ထုထဲက အချစ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့ဟန်ဆွန်းယောင်းတို့ဟာဆူဟျွန်းရဲ့ စကားလုံးတွေထဲမှာ မျောပါပြီး ဆွဲဆောင်ခံလိုက်ရပါတော့တယ်။ စကားလုံးတွေနဲ့ ပြုစားတတ်တဲ့ ဆူဟျွန်းနဲ့“ဟန်”ညီအစ်မ သုံးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောပြီး ရိုက်ကူးပြသထားတာမို့လို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားဖို ညွှန်းပေးလိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းကို Treasure Htet မှရေးသားပြီး Esth, Treasure Htet & Kyoun တို့မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)...
Rambut Kafan (2024) ⭐IMDB: 5.0/10 (67 Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 36 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rambut Kafan (2024) IMDb Rating (5.0) အောင်မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်သူ Anwar နဲ့ သူ့ဇနီးသည်က ကိုယ်ဝန်ပျက်ကျမှုကို ဆက်တိုက်ကြုံရပြီး ဇနီးသည်က နေမကောင်းဖြစ်သွားခဲ့တယ်။ တဖြည်းဖြည်းနဲ့ Anwar ရဲ့ သမီးဖြစ်သူ Tari က သူ့အမေ နေမကောင်းဖြစ်တာ သာမန်ရောဂါကြောင့်မဟုတ်ဘဲ တစ်ယောက်ယောက်အောက်လမ်းနည်းနဲ့ ပြုစားထားတာလို့ သံသယဝင်လာပါတော့တယ်။ Tari ရဲ့ သံသယဝင်သူကတော့ အမွေအိမ်ကို ရောင်းပြီးဝေစုခွဲဖို့ ပိုက်ဆံခဏခဏလာတောင်းတဲ့ သူ့အဖေရဲ့ညီ ဦးလေး Subhan ပါ။ ဒါပေမဲ့ Tari ထင်ထားသလို သူ့အမေကို အောက်လမ်းနည်းနဲ့ပြုစားနေတာ တကယ်ပဲ အမွေလိုချင်နေတဲ့ သူ့ဦးလေးလား ဒါမှမဟုတ် သူမသိထားတဲ့ သူ့အဖေစည်းစိမ်ချမ်းသာမှုတွေရဲ့ နောက်ကွယ်က မသမာတဲ့သမိုင်းကြောင်းတွေရှိနေလားဆိုတာကို ဒီ horrorဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Love Actually (2003) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Romance 🗓 2003 🎞 video movie 🌎 #France #UnitedKingdom ⏰ 2 နာရီ 15 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Actually (2003) IMDb Rating (7.6) / Rotten Tomatoes (64 %) နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh GrantKingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinsonချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိနှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကိုယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာDrama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family TypeFriendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်…. မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီးခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင်ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကိုခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာ ဘယ်မျိုးသောအကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကိုရရှိထားဖြစ်ပြီးအကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ်အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ကြီးတစ်ယောက်တော့ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး 😔 #LoveActually #HollywoodDope#Dave (ရုပ်ရှင်အညွှန်းကိုHollywood Dope Facebook Pageမှ ကူးယူဖော်ပြပါသည်။)...
Tom and Jerry & The Wizard of Oz (2011) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2011 🎞 video movie 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 59 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက နာမည်ကျော် The Wizard of Oz ပုံပြင်ကို အခြေခံထားတဲ့ Tom&Jerryဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ကန်းဆတ်နယ်က ဒိုရိုသီဆိုတဲ့ ကလေးမလေးဟာ လေဆင်နှာမောင်းကြီး တစ်ခုကြောင့် အော့ဇ်ဆိုတဲ့ မှော်တိုင်းပြည်ကြီးတစ်ခုကို ရောက်သွားပြီး စာခြောက်ရုပ် ခြင်္သေ့နဲ့ သံပုံးလူသားဆိုတဲ့ မိတ်ဆွေသစ်သုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွမ်နဲ့ ဂျယ်ရီတို့ကတော့ ဒိုရိုသီရဲ့အဖော်လေး နှစ်ကောင်ပေါ့။ အော့ဇ်တိုင်းပြည်ကိုရောက်တဲ့အချိန် စွမ်းအားကြီးတဲ့ စုန်းမကြီးရဲ့ အန္တရာယ်ကို အော့ဇ်နိုင်ငံသားတွေ ကြုံနေရတဲ့ အချိန် ဖြစ်နေခဲ့တာပါ။ သူ့အန္တရာယ်ကို ကာကွယ်ဖို့ မှော်နတ်သမီးလေး ဂလင်ဒါက ဒိုရိုသီကို ပတ္တမြားဖိနပ်တစ်ရံပေးလိုက်ပြီး မြမြို့တော်က မှော်ဆရာကြီး အော့ဇ်ဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီမြို့တော်ကိုအသွား ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ စုန်းမကြီးက ဘယ်လိုတွေတားဆီးပြီး ဒိုရိုသီတို့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။...
Tom and Jerry: The Lost Dragon (2014) ⭐TMDB: 60% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2014 🎞 movie 🌎 #UnitedStatesofAmerica ⏰ 57 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းက စုန်းမကြီး ဒရစ်ဇယ်ဒါနဲ့ မှော်ဆရာကြီး ကားလ်ဒေါ့ဖ်တို့ရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရဲ့အားပြိုင်မှုမှာ အရေးနိမ့်သွားခဲ့တဲ့ ဒရစ်ဇယ်ဒါကို ကားလ်ဒေါ့ဖ်က နတ်သူငယ်တိုင်းပြည်က နယ်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက် တူမဖြစ်သူ အသီနာကျန်ရစ်ခဲ့ပါတယ်။ စုန်းမကြီးရဲ့တူမဖြစ်နေလို့ အားလုံးရဲ့အပယ်ခံဖြစ်နေတဲ့ အသီနာက တွမ်နဲ့ ဂျယ်ရီ အပါအဝင် ပိုင်ရှင်မဲ့ တိရစ္ဆာန်လေးတွေအတွက် ဂေဟာဖွင့်ထားပြီးသူတို့လေးတွေနဲ့ပဲ အဖော်ပြုနေခဲ့ရတာပါ။ နယ်နှင်ဒဏ်ပေးခံထားရတဲ့ စုန်းမကြီးဒရစ်ဇယ်ဒါက လက်စားချေဖို့အခွင့်ကောင်းကို အမြဲစောင့်နေခဲ့တာပါ။ ဒီလိုနဲ့ တစ်နေ့မှာသူလက်စားချေနိုင်မယ့် အခြေအနေတစ်ခု ကြုံလာပါတယ်။ အဲဒါကတော့ နဂါးတွေရဲ့အစွမ်းကို ခိုးယူပြီး အောက်လမ်းအစွမ်းတွေ ပိုထက်လာအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲဒါကိုတွမ် ဂျယ်ရီ အသီနာနဲ့ ကားလ်ဒေါ့ဖ်တို့က တားဆီးဖို့တွက်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။...
State and Main (2000) ⭐TMDB: 63% User Score 🎬 #Comedy #Drama 🗓 2000 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 State and Main (2000) IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ပြသထားပါတယ်။ ရုပ်ရှင်လုပ်ငန်းနဲ့ မြို့ငယ်လေးအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဟာသတွေ ရောစပ်ထားပါတယ်။ ယေဘူယျအားဖြင့်၊ State and Main သည် စာရေးကောင်းပြီး အရမ်းကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့အရမ်းကြိုက်ချင်စရာဖြစ်နေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နောက်ကွယ်အရာတွေကို ကြည့်ရတာ ပျော်စရာကောင်းတဲ့အတွက်စိတ်အပန်းဖြေဖို့အတွက်ဆိုကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Sgt. Stubby: An American Hero (2018) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Adventure #Animation #Family #History #War 🗓 2018 🎞 movie 🌎 #Canada #France #Ireland #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီး ပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်…. ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော် ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ စိတ်ဝင်စားဖို့လည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို့ ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို့ puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်...
Nine Queens (2000) ⭐TMDB: 78% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 movie 🌎 #Argentina ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nine Queens (2000) IMDb Rating (7.9) / Rotten Tomatoes (92%) ဝင်ငွေအရရော ပရိသတ်လက်ခံအားပေးမှုပါ အောင်မြင်မှုတွေရခဲ့တဲ့ အာဂျင်တီးနားရုပ်ရှင်ကိုတင်ဆက်ပေးပါရစေ။ ဂွမ်ဆိုတဲ့လူက စတိုးဆိုင်တွေမှာ ငွေအကြွေအမ်းဖို့ရှုပ်အောင်လုပ်တဲ့အကွက်နဲ့ လိုက်ပြီးလိမ်နေတဲ့ လူလိမ်အသေးစားတစ်ယောက်။ တစ်နေ့တော့ တစ်ဆိုင်ထဲမှာ နှစ်ခါလိမ်မိတာအတွက် ဝန်ထမ်းတွေကဝိုင်းဖမ်းမိသွားတဲ့အချိန် မာကိုဆိုတဲ့ လူလိမ်အကြီးစားတစ်ယောက်က ဝင်ကယ်သွားခဲ့တယ်။ ဒီမှာပဲ မာကိုက ဂွမ်ကို သူနဲ့အလုပ်တွဲလုပ်ဖို့စည်းရုံးပါတယ်။ နှစ်ယောက်ပေါင်းမိသွားချိန်မှာပဲ ဘုရင်မကိုးပါးဆိုတဲ့ ရှားပါးအဖိုးတန်တံဆိပ်ခေါင်းကို အင်ထုပြီးရောင်းရဖို့ အကြောင်းပေါ်လာခဲ့တယ်။ ဇာတ်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
The Yellow Sea (2010) ⭐IMDB: 7.3/10 (24 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #SouthKorea #HongKong #UnitedStates ⏰ 2 နာရီ 21 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Yellow Sea (2010) ********************** IMDb….7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့ လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။ မိန်းမကလည်း သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကို အဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကို ရှင်းပေးဖို့ပြောလာအခါ… ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင် စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား…။ ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြပါဦး ပရိသတ်တို့ကြီးတို့ရေ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲဖြစ်ပါတယ်...
Kaka Boss (2024) ⭐IMDB: 6.9/10 (402 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 1 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaka Boss (2024) IMDb Rating (6.9) ကာကာဘော့စ်ဆိုတာကတော့ လူမိုက်ကြီးပါ လူမိုက်ကြီးကိုမှ သမီးလေးကိုအရမ်းချစ်တတ်တဲ့လူမိုက်ကြီးပေါ့။ ရုပ်အင်္ဂါကလဲ လူမိုက်တို့ရဲ့ရုပ်ရည်နဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့လူမိုက်ကြီး။လူတိုင်းကမြင်တာနဲ့တင် ဖြဲခြောက်လို့ရတဲ့ရုပ်မျိုး။ ဒါပေမဲ့အရင်ကလူမိုက်အလုပ်ကိုစွန့်လွှတ်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုထောင်ပြီးမိသားစုနဲ့ဘဝကိုဖြတ်သန်းနေတဲ့သူပါ။ ဖြစ်ချင်တော့ သမီးဖြစ်သူကိုပညာရေးကောင်းကောင်းရစေချင်လို့ သူဌေးတွေတက်တဲ့ကျောင်းမှာထားလိုက်တာ သမီးဖြစ်သူကကျောင်းမှာသူ့သူငယ်ချင်းတွေကို အဖေဖြစ်သူကိုထုတ်မပြရဲရှာဘူး။ လူမိုက်ကြီးဖြစ်နေပေမဲ့ သမီးအတွက် ဖယောင်းလိုပဲ စိတ်ပျော့တတ်တဲ့ကာကာဘော့စ်တစ်ယောက်ကျောင်းကသမီးရဲ့သူငယ်ချင်းတွေ သူ့ကိုလူမိုက်လို့မမြင်တော့အောင်ကြိုးစားရှာပါတော့တယ်။ ဒီလိုအကြမ်းပတမ်းအလုပ်တွေကနေပြီးတော့ သူတစ်ခါမှမလုပ်ဖူးတဲ့ငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ အရာတွေကိုလျှောက်လုပ်နေရင်းနဲ့ပဲ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မယ်ဆိုတာကို ဟာသဆန်ဆန်လေးနဲ့ မိသားစုပုံစံမျိုးလေးကြည့်ရှုရမဲ့ အင်ဒိုနီးရှားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။)...
