es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Knives Out (2019) ⭐IMDB: 7.9/10 (724 k Votes) 🎬 #Comedy #Crime #Drama #Mystery #Thriller 🗓️ 2019 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.0) / Rotten Tomatoes (97%) ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။ မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်….ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို အားလုံးခံခဲ့ကြရတယ်မလား…ခုကားမှာလဲ သူကပဲ ဇာတ်ကို စလည်ဆုံး ဆွဲခေါ်သွားပါဦးမယ်။ စုံထောက်ကားကောင်းကောင်းငတ်နေသူတွေအတွက်ဆို ဒီကားက ရှယ်ပေါ့ဗျာ။ဇာတ်လမ်းကတော့ ၂ ပင် ၃ ပင်လိမ်အောင်ကို လှည့်တာပါ။ တကယ်ကောင်းပါတယ်။နာမည်ကြီးတွေစုပြုံပါဝင်ပေမယ့် ဒီတစ်ခါတော့ ဆရာများ သားသေ မဖြစ်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းပဲ ပြောပြမယ်နော်။ အများကြီးပြောလို့မရဘူး။ ဟာလန်သရွန်ဘီဆိုတဲ့ နာမည်ကြီး လျို့ဝှက်သည်းဖို စာရေးဆရာကြီးရဲ့ ၈၅ နှစ်မြောက် မွေးနေ့မှာ သူ့ သားသမီးတွေ မြေးတွေနဲ့ သမက် ချွေးမတွေ လာစုစည်းပြီး ပါတီလုပ်ကြတယ်။ အကုန်လုံးကလည်း အဘိုးကြီးနဲ့ ပြဿနာ ကိုယ်စီပေါ့။ နောက်နေ့မနက်မှာ ဟာလန်ကြီးက သေနေပါလေရော။ လည်ပင်းကို လှီးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ သတ်သေမှုပါဆိုမှ ဘယ်သူက  အလုပ်အပ်လိုက်မှန်းမသိဘဲ နာမည်ကျော် အလွတ်စုံထောက်ကြီးက ရောက်ချလာရော။ ပြီးတော့ မထင်ထားတာတွေ ဆက်တိုက်ဖြစ်ပြီး ဇာတ်သိမ်းအထိ မထတမ်း ကြည့်မိသွားပါလိမ့်မယ်။ ဒီလောက်ဆို ဘယ်လိုကားလဲ  မှန်းမိမှာပါ။ ရုံးပိတ်ရက်မှာ အပမ်းပြေကြပါစေ။

The Scam (2009) ⭐IMDB: 6.2/10 (307 Votes) 🎬 #Action #Crime #Drama #Adventure #Thriller 🗓️ 2009 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Scam(2009) ************** ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကို အကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်…. ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်း သာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ .. တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်.. ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့ လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူ ဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်… အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့….

The Haunting in Connecticut 2: Ghosts of Georgia (2013) ⭐IMDB: 5.3/10 (18 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓️ 2013 🎞️ Movie 📺 480p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Haunting in Connecticut 2: Ghosts of Georgia ဇာတ်ကားကတော့Director : Tom Elkins ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့Abigail Spencer,Morgana Shaw,Chad Michael Murray နဲ့Emily Alyn Lind တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ဆိုတဲ့အရာက ထူးဆန်းလှပါတယ်။တကယ်ရှိနေတာကို မရှိဘူးဆိုပြိးလုပ်လို့ရသလိုတကယ်မရှိတာကိုလည်း အရှိလုပ်လို့ရပါသေးတယ်။စိတ်ကိုဖိအားအရမ်းပေးတာမျိုး ၊ ကြောက်စိတ်တွေအရမ်းများနေခြင်းမျိုးတွေကလည်းလူတစ်ယောက်ရဲ့မသိစိတ်ကနေ ကြောက်နေတဲ့အရာတွေကိုတကယ့်လက်တွေ့သကဲ့သို့ထင်မှတ်လာစေပါတယ်။ဒါပေမယ့် တစ်ချို့သောအရာတွေကတော့တကယ်မရှိဖူးလို့ထင်မှတ်ချင်ပေမယ့်လည်း….. ဒီဇာတ်ကားထဲမှာဆိုရင်တော့စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိသားတစ်စုကဟိုးရှေးခေတ်ကသမိုင်းဝင်အိမ်ကြီးတစ်အိမ်ကို လေ့လာဖို့ပြောင်းလာကြတယ်။သူတို့တွေလေ့လာမှု့တွေလုပ်ကြတယ်။ပျော်ရွှင်နေကြတယ်။ဒါပေမယ့် မကြာခင်မှာ ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာသိရှိပြီးနောက် သူတို့ရဲ့ပျော်ရွှင်မှု့တွေ အဆုံးသတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲ….ဘာလို့လဲဆိုတာကို သိချင်ရင်တော့ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားကတော့ Drama,Horror,Mystery ဇာတ်ကားဖြစ်သည့်အပြင်IMDb rating 5.3 ရရှိထားတာကြောင့်မိသားစုနှင့်ဖြစ်ဖြစ် ချစ်သူနှင့်ဖြစ်ဖြစ် ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

The Haunting in Connecticut (2009) ⭐IMDB: 5.8/10 (63 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓️ 2009 🎞️ Movie 📺 720p 🌎 #UnitedStates #Canada ⏰ 1 နာရီ 42 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ… မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ သိပ်မလှပါဘူး အယုံအကြည် သိပ်မရှိတဲ့ မတ် ရဲ့ အမေ ကတော့ သူ့သားလေး ဆေးကုနိုင်ဖို့ အရေးပေါ် ဆေးရုံနဲ့လဲ နီးတဲ့အတွက် ငှားခဲ့ပြီး ဒီအိမ်ရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေ ရှိနေအုံးမယ်ဆိုတာတော့ သူတို့ မသိနိုင်ခဲ့ပါဘူး….

Jumanji: The Next Level (2019) ⭐IMDB: 6.7/10 (262 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2019 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီ IMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ် ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါ စပန်ဆာတစ်ယောက်နေရင်းထိုင်ရင်း Jumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲ စပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ် ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်း ပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲ ဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာ ဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီး အပြင်ကိုဘယ်လိုပြန်ထွက်မလဲ သူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ…။

New York Minute (2004) ⭐IMDB: 4.9/10 (24 k Votes) 🎬 #Comedy #Crime #Family #Romance 🗓️ 2004 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါက Teen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေ ပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့ အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့် စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ … ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီး ဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူ ရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ ဂီတလိုက်စားသူ ကျောင်းပြေးမ တစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက် ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။ တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက် အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ် တူတူလိုက်ပါလာတဲ့ ခရီးက စလို့ .. ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် … အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီ နှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌ လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှ မဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကို မြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်

Jumanji: Welcome to the Jungle (2017) ⭐IMDB: 6.9/10 (395 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2017 🎞️ Movie 📺 4K 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။ စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)

New York Minute (2004) ⭐IMDB: 4.9/10 (24 k Votes) 🎬 #Comedy #Crime #Family #Romance 🗓️ 2004 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါက Teen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေ ပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့ အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့် စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ … ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီး ဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူ ရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ ဂီတလိုက်စားသူ ကျောင်းပြေးမ တစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက် ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။ တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက် အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ် တူတူလိုက်ပါလာတဲ့ ခရီးက စလို့ .. ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် … အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီ နှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌ လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှ မဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကို မြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်

Hard Rain (1998) ⭐IMDB: 5.9/10 (36 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedKingdom #France #Japan #Germany ⏰ 1 နာရီ 37 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hard Rain (1998)IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့ နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။

Hard Rain (1998) ⭐IMDB: 5.9/10 (36 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom #France #Japan #Germany ⏰ 1 နာရီ 37 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hard Rain (1998)IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့ နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။

Baywatch (2017) ⭐IMDB: 5.5/10 (193 k Votes) 🎬 #Action #Comedy #Drama #Crime 🗓️ 2017 🎞️ Movie 📺 4K 🌎 #UnitedKingdom #China #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ… Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။ (အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ) ဇာတ်လမ်းကတော့… ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ချ်က အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။ မစ်ချ်တစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။

Catatan (Harian) Si Boy (2011) ⭐IMDB: 7.0/10 (151 Votes) 🎬 #Action #Drama #Romance 🗓️ 2011 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 1 နာရီ 35 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Catatan Harian Si Boy (2011) IMDb rating – 7 ဇာတ်လမ်းအညွှန်း အမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့ နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့ စာအုပ်လေးကို ရတယ်။ စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆို အခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။ အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့ အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ ရဲစခန်းရောက်လာကြတယ်။ အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့ သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။ အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကို တွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ… နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ… လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကို ပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။ စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆို အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရော နာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင် ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့ အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာ မတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။ အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့ လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။ သွေးသားရင်းချာမဟုတ်ကျတဲ့ သူငယ်ချင်းတွေတောင်မှ အချင်းချင်းဖေးမရင်း၊ မေတ္တာထားကြရင်းဆိုရင် “မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး” ဆိုတဲ့အတိုင်း မိသားစုတွေ ဖြစ်လာကြမှာပါပဲ။ ဒီဇာတ်ကားလေးမှာ ခုပြောပြနေတဲ့အကြောင်းတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေ ဖော်ကျူးရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် “Boy’s Diary” ဆိုတဲ့ အင်ဒိုနီးယားဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါပြီ၊ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်)

Bait (2000) ⭐IMDB: 5.7/10 (13 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓️ 2000 🎞️ Movie 📺 720p 🌎 #Canada #UnitedStates ⏰ 1 နာရီ 59 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bait (2000)Genre – Action, Comedy, CrimeIMDB – 5.7/10 ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကို အစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက် ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူး ပြောထားတာကို တစ်ဖက်လူက အစောင့်တွေကို သတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာ ထောင်ထဲဝင်နေလိုက်တယ်။ ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့ အခန်းတူတူကျပါလေရော။ ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီး တစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲ အဲဒီမှာတင် သေသွားခဲ့တယ်။ ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ် အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူ လူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက် သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊ သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကို အမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ ဆိုတော့ ထောက်လှမ်းရေးမှူးတို့ အယ်ဗင်ကနေတဆင့် လူဆိုးဖမ်းနိုင်မလား၊ လူဆိုးကလည်း ဘယ်လိုတွေ ပြန်ကစားပြီး အယ်ဗင့်ဆီက ရွှေတောင်းနိုင်မလား၊ အူကြောင်ကြောင်နဲ့ နှစ်ဖက်ကြားညှပ်သွားတဲ့ အယ်ဗင်တစ်ယောက် ဘ ယ်လိုတွေပေါက်ကရလုပ်ပြီး ဖြေရှင်းကြမလဲ ကြည့်ရှုရမယ့် အက်ရှင် ဟာသကားလေးပါ။ ဇာတ်ဆောင်နေရာကတော့ မင်းသားကြီး Jamie Foxx ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

Ready Player One (2018) ⭐IMDB: 7.4/10 (452 k Votes) 🎬 #Action #Adventure #Sci-Fi #ScienceFiction #SciFi 🗓️ 2018 🎞️ Movie 📺 4K 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။ အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။ အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာ Ready Player One ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်သလိုIOI ဆိုတဲ့ ကုမ္ပဏီကြီးကလဲ အဲ့ဥနောက်ကိုသဲသဲမဲမဲလိုက်နေတာပါ။ ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊ ဘယ်သူ အဲ့ဥကိုရသွားမလဲ၊ ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့ ပရိသတ်တွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးကိုသာဒေါင်းပြီး အလှပဆုံး CGI တွေနဲ့ အမြူးကြွဆုံး 80s Rock သီချင်းတွေပါဝင်တဲ့ ဒီရုပ်ရှင်ကို ဇိမ်နဲ့ခံစားကြည့်ရှူလိုက်ကြပါ။ ဒီရုပ်ရှင်ထဲမှာ 80s, 90s ခေတ်က ရုပ်ရှင်တွေ ဂိမ်းတွေ သီချင်းတွေကို ကိုးကားထားတာတွေ မရေတွက်နိုင်အောင်ပါဝင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့တွေကအစ ဒီကိုးကားချက်တွေမပါရင် မပြီးဘူးလို့တောင် ပြောလို့ရလောက်တဲ့အထိပါပဲ။ ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကို နှစ်ခေါက်တော့အနည်းဆုံးကြည့်စေချင်ပါတယ်။ ပထမတစ်ခေါက် ဇာတ်လမ်းကိုခံစားပြီးကြည့်ပါ။ ဟောင်းပေမယ့်ကောင်းနေဆဲ သီချင်းတွေကို ခံစားကြည့်ပါ။ ဒုတိယတစ်ခေါက်မှာ သူတို့ရဲ့ကိုးကားချက်တွေကိုခံစားကြည့်ပါ။ ကိုးကားချက်တွေကို ရှာဖွေရလွယ်အောင် ဘာသာပြန်ကတည်းက ကွင်းစကွင်းပိတ်နဲ့ ရှင်းချက်တွေထည့်ပေးထားပြီးရုပ်ရှင်၊ ဂိမ်း နာမည်တွေကို English လိုသာ တမင်ချန်ထားပေးခဲ့ပါတယ်။ အားလုံးပဲ ဒီရုပ်ရှင်ကို ၂ ခါမြောက်ကြည့်ပြီးရင် Google ဂုဏော အနေန္ဒောနိုင်ကြပါစေ။ တစ်ခုတော့ပြောပါရစေ။ Ready Player One ရုပ်ရှင်ဟာ ဖျော်ဖြေရေးဇာတ်ကားသက်သက်မဟုတ်ပါဘူး။ သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရနိုင်တဲ့ နည်းပညာလွှမ်းမိုးမှုပြဿနာတွေကို ကြိုပြီး သတိထားကြဖို့အတွက်၊ ကာကွယ်နိုင်ဖို့အတွက်၊ Pop Culture တွေကိုလဲ ထိန်းသိမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ လူကြီးတွေအနေနဲ့ ဒီရုပ်ရှင်ကိုကြည့်ပြီး ဂျိမ်းစ်ဟာလီဒေးကို နှစ်သက်ကြမှာဖြစ်သလို လူငယ်တွေကလဲရဲ ၅ ဖော်ကို သဘောကျသွားကြမှာသေချာပါတယ်။ ပြီးတော့ အမျိုးသမီးချောများ မမေ့ပါနဲ့၊ ဒီရုပ်ရှင်မှာ မိုရီဆာကီဝင်း (အဝင်း) ပါပါတယ်ခင်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုအာကာပါ)

Bait (2000) ⭐IMDB: 5.7/10 (13 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓️ 2000 🎞️ Movie 📺 1080p 🌎 #Canada #UnitedStates ⏰ 1 နာရီ 59 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bait (2000)Genre – Action, Comedy, CrimeIMDB – 5.7/10 ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကို အစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက် ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူး ပြောထားတာကို တစ်ဖက်လူက အစောင့်တွေကို သတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာ ထောင်ထဲဝင်နေလိုက်တယ်။ ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့ အခန်းတူတူကျပါလေရော။ ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီး တစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲ အဲဒီမှာတင် သေသွားခဲ့တယ်။ ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ် အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူ လူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက် သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊ သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကို အမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ ဆိုတော့ ထောက်လှမ်းရေးမှူးတို့ အယ်ဗင်ကနေတဆင့် လူဆိုးဖမ်းနိုင်မလား၊ လူဆိုးကလည်း ဘယ်လိုတွေ ပြန်ကစားပြီး အယ်ဗင့်ဆီက ရွှေတောင်းနိုင်မလား၊ အူကြောင်ကြောင်နဲ့ နှစ်ဖက်ကြားညှပ်သွားတဲ့ အယ်ဗင်တစ်ယောက် ဘ ယ်လိုတွေပေါက်ကရလုပ်ပြီး ဖြေရှင်းကြမလဲ ကြည့်ရှုရမယ့် အက်ရှင် ဟာသကားလေးပါ။ ဇာတ်ဆောင်နေရာကတော့ မင်းသားကြီး Jamie Foxx ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

Meter (2023) ⭐IMDB: 7.8/10 (130 Votes) 🎬 #Action #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Denmark #India ⏰ 2 နာရီ 4 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Meter (2023)IMDb 8.1/10 ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေးKiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ… ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် ..အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ်လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်ကသူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကိုမြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်းအမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ်ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ် ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့…ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်းအကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ ….ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင်ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင်

Jungle Cruise (2021) ⭐IMDB: 6.6/10 (199 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2021 🎞️ Movie 📺 4K 🌎 #UnitedStates #Australia #Italy #NewZealand #Hungary #Canada ⏰ 2 နာရီ 7 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jungle Cruise (2021) တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့ မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူး ပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့“ရူးတိုးတိုး”part 1 and 2ဇာတ်ကားထဲက မင်းသမီး “Emily Blunt” တို့ရဲ့ Jungle Cruise ဆိုတဲ့အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီ ပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး“ဖရန့်”ဦး​ဆောင်ကာ ​ဒေါက်တာ”လီလီဟော်တန်”နဲ့ သူ့အကိုတို့ပါဝင်တဲ့လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ “လမျက်ရည်”ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါ အဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်းကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲ ဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့… အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ ဘာသာပြန်တွေကတော့ CM Team ပဲ ဖြစ်ပါတယ်။

The Visitor from the Future (2022) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 720p 🌎 #France #Belgium ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Visitor from the Future (2022) ~ IMDb – 6/10, Rotten Tomatoes – 82% ~ အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။ အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA လို အဖွဲ့အစည်းတစ်ခုရှိနေပါတယ်။ အချိန်ခရီးသွားပြီး ရှုပ်ထွေးအောင်လုပ်တဲ့လူတွေကို လိုက်ဖမ်းတဲ့အဖွဲ့၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့အဖွဲ့၊ အချိန်ကို သူ့အတိုင်း ထိန်းသိမ်းထားချင်တဲ့အဖွဲ့ အဲဒီလို အဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အချိန်ကစားပွဲကြီး စတင်လာခဲ့တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

The Visitor from the Future (2022) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #France #Belgium ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Visitor from the Future (2022) ~ IMDb – 6/10, Rotten Tomatoes – 82% ~ အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။ အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA လို အဖွဲ့အစည်းတစ်ခုရှိနေပါတယ်။ အချိန်ခရီးသွားပြီး ရှုပ်ထွေးအောင်လုပ်တဲ့လူတွေကို လိုက်ဖမ်းတဲ့အဖွဲ့၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့အဖွဲ့၊ အချိန်ကို သူ့အတိုင်း ထိန်းသိမ်းထားချင်တဲ့အဖွဲ့ အဲဒီလို အဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အချိန်ကစားပွဲကြီး စတင်လာခဲ့တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Meter (2023) ⭐IMDB: 7.9/10 (128 Votes) 🎬 #Action #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Denmark #India ⏰ 2 နာရီ 4 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Meter (2023)IMDb 8.1/10 ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေးKiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ… ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် ..အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ်လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်ကသူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကိုမြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်းအမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ်ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ် ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့…ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်းအကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ ….ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင်ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင်