es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Blow Up My Life (2022) ⭐IMDB: 6.6/10 (47 Votes) 🎬 #Comedy #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Blow Up My Life” (2022) ရုပ်ရှင်ဟာ ဒါရိုက်တာ Ryan Dickie နဲ့ Abigail Horton တို့က ရိုက်ကူးထားတဲ့ ဟာသသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားတဲ့ opioid vape ပူးပေါင်းကြံစည်မှုကို မတော်တဆတွေ့ရှိခဲ့တဲ့ အရှက်ကွဲတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း Jason ရဲ့နောက်ဆက်တွဲအဖြစ်ကို ရိုက်ကူးထားတာပါ။ သူနဲ့သူ့ရဲ့ဝမ်းကွဲ Charlie တို့ဟာ အိုင်တီနည်းပညာကိုအသုံးချပြီး ရာဇ၀တ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြရာမှာ ကမောက်ကမဖြစ်စဉ်တွေကြားထဲက ရယ်စရာအလွဲတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ ထူးခြားတဲ့ဇာတ်ကောင်စရိုက်ကို စောင့်မျှော်ကြည့်ရှုကြရမှာပါ။
...

Unfriended (2014) ⭐IMDB: 5.6/10 (82 k Votes) 🎬 #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #Russia #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unfriended (2014) File size…    987 MB /  371 MBQuality… BluRay 1080p / 720pFormat… mp4Duration…. 1h 23mGenre ….. Horror, Mystery, ThrillerSubtitle…. Myanmar Subtitle (Hard Sub)Encoder…. LegoHeartTranslated by  Lucifer Maximoff
...

The Wedding Ringer (2015) ⭐TMDB: 65% User Score 🎬 #Comedy #Romance 🗓 2015 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doug Harris ဆိုတဲ့ လူမှု့ ဆက်ဆံရေး ညံတဲ့ သူဟာ Gal ဆိုတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ၂ပတ်လောက်သာ လိုတော့တဲ့ချိန်ထိ သတို့သားအရံမရှိသေးပါဘူး ဒါနဲ့ပဲ သူက အချိန်မရှိတော့ဘူးဆိုပြီး Best Man Inc ဆိုတဲ့ သတို့သားအရံရှာဖွေရေး အေဂျင်ဆီကို အပ်လိုက်တဲ့နောက်… သတို့သားအရံလုပ်မယ့်သူတွေနဲ့ မဂ်လာပွဲကြား အရှုပ်အရှင်းတွေကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှု့လိုက်ကြပါတော့ ….။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Ichigeki (2023) ⭐TMDB: 60% User Score 🎬 #Drama #History 🗓 2023 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 29 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Falling Like Snowflakes (2024) ⭐IMDB: 6.1/10 (342 Votes) 🎬 #Romance 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြ အချစ်ဇာတ်‌လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်း တစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်‌အမျိုးအစားပေါင်း 35 မျိုး ရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲ ရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာ အနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကို တိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကို ရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။ တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့ သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင် တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ် ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်း ကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲ နှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။ သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလား ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်း ပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်း တစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Sniper: Ultimate Kill (2017) ⭐IMDB: 5.6/10 (7 k Votes) 🎬 #Action #Drama #Thriller 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့ စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Hollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါ ဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက် ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း************** ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအ‌နေနဲ့ ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာ မူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစား စနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။ မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေ အပြန်အလှန်နွှဲကြမလဲ… ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကို အမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။ တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက် အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကား ချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကား ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း
...

Bully (2001) ⭐TMDB: 67% User Score 🎬 #Adult #Biography #Crime #Drama 🗓 2001 🎞 movie 🌎 #France #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 54 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bully (2001)IMDb: 6.9/10Rotten Tomatoes: 54%Genre: Biography, Crime, Drama Bully ရုပ်ရှင်ဟာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တုန်းက ဖလော်ရီဒါမှာဖြစ်ခဲ့တဲ့ ဘော်ဘီကန့်တ်ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်အသတ်ခံရတဲ့အမှုကို အ‌ခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဖော်အချွတ်များပါပြီး စကားပြောတွေလည်းရိုင်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ ဇာတ်ညွှန်းခင်ဗျားတို့လူတစ်ယောက်ကိုမုန်းလွန်းလို့ သတ်ပစ်ချင်လောက်တဲ့အထိဖြစ်ဖူးလား။ ဒါပေမယ့်စိတ်အေးတဲ့အချိန်ခင်ဗျားပြန်တွေးကြည့်လိုက်ရင် သတ်မယ်သာပြောတာ အစီအစဉ်မရှိ၊ သတ်ပြီးဘယ်လိုလုပ်မှာလဲဆိုတဲ့ အရံအတွေးမရှိ၊ လူသတ်ရတာဟာမလွယ်တဲ့အလုပ်ဆိုတာကိုသိလာပါလိမ့်မယ်။ ခုဒီအဖြစ်အပျက်မှာလည်းအဲလိုပဲဖြစ်ပါတယ်။ ဘော်ဘီဆိုတဲ့ကောင်လေးဟာရိုင်းစိုင်းပြီးအတော်လေးကို မောက်မာပါတယ်။ အထူးသဖြင့်ငယ်သူငယ်ချင်း မာတီကို အရမ်းအနိုင်ကျင့်ပါတယ်။ လက်ပါတယ်၊ လူကြားထဲအရှက်ခွဲတယ်။ ဘော်ဘီဟာအရမ်းကိုဆိုးပါတယ်။ သူ့ကြောင့်နစ်နာခဲ့တဲ့လူတွေလည်းများနေပါပြီ။ အဲဒါကိုမကျေနပ်တဲ့ ဘော်ဘီရဲ့ကောင်မလေး လီဆာ ဟာ ဘော်ဘီကိုသတ်ရအောင်ဆိုပြီး ပြောလာပါတယ်။ နှစ်ယောက်ထဲနဲ့လုပ်လို့မရဘူးဆိုတာကိုသိတော့ ဘော်ဘီမုဒိန်းကျင့်တာကိုခံဖူးတဲ့ အယ်လီကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အဆက်အသွယ်တွေနဲ့အုပ်စုကတောင့်လာပါတယ်။ ဘော်ဘီကိုသူတို့ဘယ်လိုများဆက်ကိုင်တွယ်မှာလဲ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမလို့ကြည့်နေရင်း စိတ်မသက်မသာဖြစ်ရသလို၊ သံဝေဂလည်းရစေမှာသေချာပါတယ်။
...

Mandakini (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား) IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။ အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီးဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲသတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီးမှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကိုခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာကအချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံးအံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦး အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်
...

Firebrand (2023) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Drama #History 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီး မင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲက မင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင် ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့် သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာ ဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ် ကျန်ရစ်ခဲ့ရပါတယ်။ ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကို အခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယ လွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီ ပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီး အစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံး သူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက် ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာ နန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်း ရပါတော့တယ်။
...

The Lover (1992) ⭐TMDB: 70% User Score 🎬 #Adult #Biography #Drama #Romance 🗓 1992 🎞 movie 🌎 #France #UnitedKingdom #Vietnam ⏰ 1 နာရီ 56 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lover (1992)IMDb: 6.8/10Genre: Biography, Drama, Romance erotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ … ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်‌အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။ တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ဒီထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝဖြစ်ပြီး တစ်ခါက သူချစ်ခဲ့ရဖူးတဲ့ တရုတ်အမျိုးသားနဲ့ သူ့အကြားက လျှို့ဝှက်အပ်တဲ့ အိပ်ခန်းတွင်းဆက်ဆံရေးအကြောင်းကို အိတ်သွန်ဖာမှောက်ဖွင့်ချထားတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကြောင်းပြောသူအဖြစ်လည်း ဆရာမကပဲ ကိုယ်တိုင်ပါဝင်ထားပါတယ်။ တစ်ခုရှိတာကတော့ ရုပ်ရှင်ထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝ သူ့အကြောင်းသူ ပြန်ပြောတာဖြစ်တာကြောင့် တစ်ခါတစ်လေ ‘ကျွန်မ’ လို့ သုံးနှုန်းပေမဲ့ သူကိုယ်တိုင်က သူ့စာအုပ်ရဲ့ ဇာတ်ကောင်ဖြစ်ပြန်တာကြောင့် တစ်ခါတစ်လေ ‘သူမ’ လို့ သူ့ကိုယ်သူ သုံးနှုန်းတတ်တာလေးကိုတော့ မျက်စိရှုပ်သွားမှာစိုးလို့ ကြိုလို့ ပြောပြထားချင်ပါတယ်။ တရုတ်လူမျိုးနဲ့ ပတ်သတ်မိလို့ အပြောအဆိုခံ အကျဉ်ခံရတဲ့ အသက်မပြည့်သေးတဲ့ ပြင်သစ်မိန်းကလေးအဖြစ်သရုပ်ဆောင်တဲ့ Jane Marchဟာ တကယ်တမ်း အပြင်မှာတော့ ဗြိတိန်မှာမွေးတဲ့ တရုတ်ဗီယက်နမ်နွယ်ဖွားပဲဖြစ်ပါတယ်။ ဒီကားရိုက်တဲ့အချိန်မှာ ၁၈ တော့ ပြည့်ပြီးခဲ့ပါပြီ။ ဒီဇာတ်ကားဟာ ထွက်တုန်းက ဂယက်တစ်သိန်းထခဲ့ပါသေးတယ်။ ဒါရိုက်တာ Jean-Jacques Annaud က ရုပ်ရှင်ပေါက်ချင်တာ တစ်ခုပဲကြည့်ပြီး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေဟာ အတုအယောင်မဟုတ်ဘဲ သရုပ်ဆောင် ၂ယောက် အမှန်အကန် ဟိုဒင်းဟိုဝှာပြုကြတာပါလို့ ပြောလိုက်တာကြောင့် လူပြိန်းကြိုက် လိင်ကိစ္စအသားပေးစာစောင်တွေရဲ့ ရှေ့ဖုံးမှာ ဒီအကြောင်းဟာ ရက်အတော်ကြာ ဟိုလေးတကျော်ဖြစ်သွားခဲ့ပြီး မင်းသမီးငယ်ငယ်လေးနဲ့ သူ့မိသားစုခမျာ အတော်လေး စိတ်ပင်ပန်း ဖိဆီးခဲ့ရပါတယ်။ မင်းသမီးငယ်လေးဟာ နောက်ဆုံးမှာ ဆီရှဲလ်ကျွန်းတွေဆီ တိမ်းရှောင်နေရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဒါရိုက်တာက သူပြောခဲ့တာမဟုတ်မှန်ကြောင်းကို ပြန်ကြေညာပေးခဲ့တာပါ။ အညွှန်းရေးသူကတော့ Z ပါ။
...

The Train of Death (2024) ⭐IMDB: 5.1/10 (198 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကို အင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death (အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာ အပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက် အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကို ရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာ ရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက် ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦး ဘယ်လိုတွေဆက်လုပ်ကြမလဲ။ ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လို ကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီး ကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန် ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့
...

Better Living Through Chemistry (2014) ⭐IMDB: 6.2/10 (16 k Votes) 🎬 #Comedy #Drama 🗓 2014 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Better Living Through Chemistry (2014)IMDb: 6.2/10Rotten Tomatoes: 23%Genre: Comedy/Drama တစ်ခါတလေဘဝက အရမ်းမွန်းကြပ်လာတဲ့အခါမှာ မထင်မှတ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။ ဖြစ်သင့်တာတွေရှိသလို၊ မဖြစ်သင့်တာတွေလည်းရှိပါတယ်။ Better Living Through Chemistry မှာတော့ ဒါတွေကိုဟာသလေးနှောပြီးပြသွားမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လိုတာက ပြောင်းလဲခြင်းပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးပါပဲ။ ဇာတ်ညွှန်းဒေါက်ကလက်စ်ဗာနီဆိုတာကတော့ မြို့လေးတစ်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။အီသန်ဆိုတဲ့သားလေးတစ်ယောက်နဲ့ ကာရာဆိုတဲ့ အမျိုးသမီးရှိပါတယ်။မိသားစုတစ်ခုရှိနေပေမယ့်ဘဝရယ်လို့ရေရေရာရာ မရှိခဲ့ပါဘူး။တစ်ရက်မှာတော့ အယ်လိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အကြောင်းပါခဲ့ပါတယ်။အယ်လိဇဘတ်ကလည်း ဒေါက် လိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အိုးခြမ်းပဲ့ခြင်းတွေ့တော့ အဆင်ပြေခဲ့တယ်ပဲ ဆိုရပါမယ်။နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတော့ ခံစားကြည့်လိုက်ကြပါ။ သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းနဲ့နာမည်ကြီးတွေဖြစ်ပြီးမကြာသေးခင်ကမှ ဆုံးပါးသွားတဲ့မင်းသားကြီး Ray Liotta လည်းပါဝင်အားဖြည့်ထားပါတယ်။
...

Harom Hara (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Drama #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်)IMDb – 9.1/10 ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကိုပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာသူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲသူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကိုရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ …….အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား ……. ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ …….ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ Alex~ KKKZ~ Thura တို့ပဲဖြစ်ပါတယ်)
...

The Old Gun (1975) ⭐TMDB: 75% User Score 🎬 #Drama #Thriller #War #History 🗓 1975 🎞 movie 🌎 #France #Germany ⏰ 1 နာရီ 38 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating(7.5/10) Julien Dandieu ကပြင်သစ်ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာ ဂျာမန်တွေအတွက်အလုပ်လုပ်ပေးနေခဲ့ရတာပါ၊ ဒါကပဲသူနဲ့သူ့မိသားစုအတွက် အသက်ရှူချောင်နေရတာပါ၊ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တော့ သူလည်းမိသားစုကိုစိတ်မချတာနဲ့ သူ့ဇာတိမြေကိုပြန်ခိုင်းလိုက်ပါတယ်၊ အန္တရာယ်ကင်းစေဖို့ သွားခိုင်းလိုက်ပေမယ့် သူ့မိန်းမနဲ့သမီးလေးဟာ ဂျာမန်တွေရဲ့သတ်တာကိုခံလိုက်ရပါတယ်၊ ဒါကို Julien တယောက်သိသွားချိန်မှာတော့ဆောက်တည်ရာမရဖြစ်ခဲ့ရပြီး သူကိုယ်တိုင်ပဲ ဂျာမန်တွေကိုလက်စားချေပါတော့တယ်၊ ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းက ချစ်ခြင်း‌တွေ၊နာကျင်ခံစားရတာတွေ၊လက်စားချေခြင်းတွေ၊ပြောင်းလဲသွားတဲ့ဘဝအကြောင်းတွေအကြောင်းကိုရိုက်ကူးထားတာပါ၊ ဒီလိုခံစားချက်တွေကိုလည်း ပေါ်လွင်အောင်ရုပ်ကူးထားနိုင်တာကြောင့် 1976 César Award မှာအကောင်းဆုံးရုပ်ရှင်ဆုကိုရခဲ့တာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ၊
...

The Inheritance (2024) ⭐IMDB: 4.5/10 (166 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာ ထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun က အဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီး character အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာ မိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက် မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက် သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေ အိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလို မွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့ တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှ ရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကို ကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံ တစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖို သားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကို စိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။ အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီး အဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲ ဆိုတာကို ကြည့်ရှုကြရမှာပါ။ Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာ ပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမို ထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း
...

Jungle Bunch: Operation Meltdown (2023) ⭐IMDB: 5.6/10 (282 Votes) 🎬 #Adventure #Animation #Comedy #Family #Action #Fantasy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ “Jungle Bunch” ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ် မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လို့ထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲ့ခေါင်း​ဆောင်တစ်ယောက်ပါ တစ်နေ့ သူတို့ရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံ့လာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို့ အဲ့ပစ္စည်းကိုချေဖျက်ဖို့ ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ် ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို့ မောရစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖို့အတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါ နောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တို့အုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ်
...

Two Scoops of Italy (2024) ⭐IMDB: 6.2/10 (365 Votes) 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates #Italy ⏰ 1 နာရီ 24 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်
...

My Paper Dolls (2023) ⭐IMDB: 6.4/10 (93 Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 40 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 -ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ- ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။ အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် …. သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ….. အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

The Killer Inside: The Ruth Finley Story (2024) ⭐IMDB: 6.4/10 (128 Votes) 🎬 #Thriller #TVMovie #Drama 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိထားတဲ့ ဖြစ်​ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်​ခုနှစ်​တွေက အမှန်​တကယ် ဖြစ်ပွား​ခဲ့တဲ့ Ruth Finley ဆိုသူ​ အမျိုး​သမီး​တစ်ဦး​ရဲ့ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူး​ထားတာ​ ဖြစ်​ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ်​ ပါဝင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်​ပြည်ထောင်​စု ကန်း​ဆတ်​စ်​ပြည်နယ်​ Wichita မြို့​မှာ BTK killer ဆိုတဲ့ ကွင်း​ဆက်​လူသတ်သမား တစ်ဦး​ သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုး​သမီး​တစ်ဦးဟာ ခင်​ပွန်း​ဖြစ်​သူ Ed Finley နဲ့အတူ Wichita မြို့​မှာနေထိုင်ပါတယ်။ တစ်နေ့​မှာ ခင်ပွန်း​ဖြစ်​သူ နှလုံး​ရောဂါ​ကြောင့်​ ဆေးရုံ​တင်​လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို​ အမည်​မသိ​လူတစ်ဦးကနေ ဖုန်း​ခေါ်ဆို​မှုတွေ၊ ခြိမ်း​ခြောက်​စာတွေ ရရှိလာပါတော့တယ်။ Ruth နောက်​ကိုလည်း​ တစ်စုံ​တစ်​ယောက်​က ထက်ကြပ်​မကွာ နောက်​ယောင်​ခံစောင့်ကြည့်နေသလို ခံစား​မိတာကြောင့် ရဲတိုင်ခဲ့ပေမဲ့လည်း ထူး​ဆန်း​စွာနဲ့ သဲလွန်စ​တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ Ruth ကို နောက်​ယောင်​ခံ​လိုက်​နေသူက နာမည်​ကြီး BTK killer ပဲလား၊ တခြား​တစ်ယောက်​လား၊ Ruth တစ်ယောက်​ ဒီလို​ကြုံတွေ့​နေခြင်း​ နောက်​ကွယ်​မှာ အကြောင်း​ရင်းတစ်ခုခုရှိလား ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်​ ကြည့်​ရှု​ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက​ TV ရုပ်​သံ​လိုင်း​ကနေ ပြသတဲ့ ရုပ်​ရှင်​ဖြစ်ပြီး ဇာတ်​လမ်း​ဇာတ်​အိမ်က ရိုး​ရှင်းပေမဲ့ အချိန်​ပေးကြည့်ရှုလို့ အဆင်ပြေမဲ့ ဇာတ်ကား​တစ်ခုဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေ​ခံထားတာကြောင့်လည်း ပိုပြီး​စိတ်ဝင်စား​ဖို့ ကောင်းပါ​တယ်။
...

Something's Gotta Give (2003) ⭐TMDB: 66% User Score 🎬 #Comedy #Drama #Romance #Uncategorized 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ ……. ၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ…… မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ …..ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်
...