ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Volcano High (2001) ⭐TMDB: 60% User Score 🎬 #Action #Comedy #Fantasy 🗓 2001 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Volcano High (2001) ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာလက်ဆင့်ကမ်းနိုင်မယ့် “လျှို့ဝှက်ကျမ်းစာအုပ်” တစ်အုပ် ရှိပါတယ်။ ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက်ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatဖြစ်ပါတယ်...
Adrenaline (2015) ⭐IMDB: 4.4/10 (190 Votes) 🎬 #Drama #Sport 🗓 2015 🎞 movie 🌎 # ⏰ 1 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adrenaline (2015) RPM 7000 ကျော်လာတာနဲ့ အရာအားလုံးက မှုန်ဝါးလာပြီးတော့ စက်ကအလေးချိန်မဲ့သွားတယ်အရာအားလုံးကပျောက်ကွယ်သွားပြီးတော့ ကျန်ခဲ့တာကတော့7000 RPM အမြန်နှုန်းနဲ့သွားနေတဲ့ခံစားချက်တစ်ခုပဲကျန်ခဲ့တယ်ဟုတ်ပါတယ် ဒါကပြိုင်ကားမောင်းရတဲ့အရသာပါပဲအရာအားလုံးလေလိုဖြစ်နေပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးပြုတ်ထွက်မတတ်ဖြစ်နေပြီးတော့အလွတ်လပ်ဆုံးဆိုတဲ့ ခံစားချက်ကို ရရှိလာမယ့်အချိန်ပေါ့အခုဇာတ်ကားလေးထဲက ပြိုင်ကားမောင်းသမားကတော့ အက်ဆီဒန့်တစ်ခုကြောင့် မသန်မစွမ်းဖြစ်သွားတဲ့အချိန်မှာသူ့ဘဝရဲ့အမြတ်နိုးဆုံးအရာ ပြိုင်ကားမောင်းခြင်းကို စွန့်လွှတ်လိုက်ရပါတယ်…ရေကူးကျွမ်းသူရေမှာသေတယ် ငှက်ဆိုတာပျံရင်းသေတယ် လူဆိုတာကြံရင်းသေတယ်ပြိုင်ကားမောင်းသမားကလည်း ပြိုင်ကားမောင်းရင်းသေချင်မှာပါပဲ….အဲ့တော့ ကားပြိုင်တာစစ်စစ်ကိုမှ ကြည့်ချင်တဲ့ အင်ဂျင်သံဂီယာထိုးသံတွေကိုမှခံစားနှစ်သက်တတ်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အခုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…. အညွှန်းနဲ့ဘာသာပြန်ကတော့...
Taken from Rio Bravo (2024) ⭐TMDB: 63% User Score 🎬 #Action #Western 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taken from Rio Bravo 2024 ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလားသိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့်စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့…အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့်ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ်အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီးသူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ…အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnဖြစ်ပါတယ်...
Peter Five Eight (2024) ⭐IMDB: 3.5/10 (994 Votes) 🎬 #Comedy #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peter Five Eight (2024) ‧ American Beauty (1999)ရုပ်ရှင်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့မင်းသားကြီး Kevin Spaceyရဲ့ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆမ်က အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်တဲ့ ခင်ပွန်းသည်ဖြစ်သူနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေနေကြတဲ့ သာမာန်စုံတွဲတစ်တွဲပေါ့။လင်မယားနှစ်ယောက်လုံးက အရက်သမားတွေ။အလုပ်မှာထူးချွန်ပေမဲ့ အရက်သမားလုံးလုံးဖြစ်နေတဲ့ ဆမ်ကိုလုပ်ဖော်ကိုင်ဖက်ဖြစ်သူတွေက သိပ်မကြည်ကြ။ဆမ်ရဲ့နောက်ကြောင်းကို တိတ်တဆိတ်လိုက်စုံစမ်းထောက်လှမ်းနေသူကတော့ပီတာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ကီဗင်။ပီတာက ဆမ့်မှာ မှောင်မိုက်ပြီးလူသိမခံဝံ့တဲ့အတိတ်တစ်ခုရှိတာကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Ghost's News (2023) ⭐TMDB: 10% User Score 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 49 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲလေးတစ်ယောက် အသည်းကွဲနေတယ် (၂၀၂၄) ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်။ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ “အသည်းကွဲသရဲ” အကြောင်းပါပဲ။ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ။ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့်သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်။သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကိုအသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Wadi Nwe Aungပဲ ဖြစ်ပါတယ်။...
Woman of the Hour (2023) ⭐IMDB: 6.7/10 (22 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာ The Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်က မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ် ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမား တစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာစေတဲ့ အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။ အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။ အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့် မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့် ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ် တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြ ပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့ တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကို ချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။...
Terrifier 3 (2024) ⭐IMDB: 6.7/10 (17 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့ သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင် ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာက လက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့ သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင် တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲ ရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။ အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကို ဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြု လုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။ အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေး ဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီး ပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာ အဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့ စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ သူ့ရဲ့အပေါင်းအပါတို့ ပြန်ပေါ်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လုပ်ရင်းနဲ့ ဆီရန်နာကို ဖျက်ဆီးဖို့ ကြိုးစားကြပါတော့တယ်။...
Do Patti (2024) ⭐IMDB: 5.8/10 (15 k Votes) 🎬 #Bollywood #Crime #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Do Patti (2024)“မျက်နှာနှစ်ဖက်” Netflix မှ အသစ်ထွက်ရှိလာတဲ့ မင်းသမီးချောနှစ်လက်နဲ့ဟင်ဒီရုပ်ရှင်ကားလေးကို ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ် ငယ်ရွယ်တဲ့အလှ- ကရီတီဆန်နွန်နဲ့ မင်းသမီးကြီး ကာဂျိုးလ်တို့နှစ်ယောက် Diwale(2015)နောက်ပိုင်း ကိုးနှစ်ကြာမှပြန်တွဲရိုက်တဲ့ ဒီရုပ်ရှင်လေးမှာဆိုရင် မင်းသမီးကြီး ကာဂျိုးလ်က တည်ငြိမ်ရင့်ကျက်တဲ့အင်စပတ်တာအရှာရှိမလေးအဖြစ်သရုပ်ဆောင်ထားပြီးကရီတီဆန်နွန်ကတော့ စရိုက်နှစ်မျိုးနဲ့ အမြွှာညီမနေရာကနေသရုပ်ဆောင်တင်ဆက်ထားပါတယ် ဗီဒ်ယာဟာ တရားသူကြီးဖခင်၊ ရှေ့နေမိခင်တို့ရဲ့ခြေရာကို လိုက်နင်းဖို့ကြိုးစားနေတဲ့အင်စပတ်တာအရာရှိမလေးတစ်ယောက်ဖြစ်ပြီးအလုပ်နဲ့ကိုယ်ရေးကိုယ်တာ နှစ်ဖက်လုံးမှာ ကိုယ်ဘဝကိုယ်အားမရဖြစ်နေသူ တစ်နေ့မှာ ဘာရယ်မဟုတ် သာမန်အိမ်တွင်းအကြမ်းဖက်မှုထင်ရတဲ့ဖုန်းခေါ်ဆိုတိုင်ကြားချက်တစ်ခုကနေ စောမြနဲ့ ရှာလီဆိုတဲ့အမြွှာညီအစ်မအကြောင်းတစ်စွန်းတစ်စသိလာရတယ် အချစ်အတွက်ယှဥ်ပြိုင်ဘက်လည်းဖြစ် စရိုက်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ညီအစ်မနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကတော့ …. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Mr. Crocket (2024) ⭐TMDB: 51% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားတွေ ကြိုက်နှစ်သက်တဒ့သူတွေအတွက် မကြာသေးခင်က ထွက်ရှိထားတဲ့ Mr. Crocket နဲ့ မိတိဆက်ပေးပါရစေ။ Hulu က ထွက်ရှိထားတာဖြစ်ပြီး run timeကလည်း သိပ်မကြာမြင့်ပါဘူး။ Mr. Crocket ဆိုတာ တကယ်တော့ ကလေးတွေအကြိုက် show တင်ဆက်သူ ဖြစ်ပါတယ်။ Mr. Crocket ဟာ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက နှိပ်စက်မှုကို ခံခဲ့ရသူပါ။ အရွယ်ရောက်လာချိန်မှာ ကလေးတွေအားလုံးကို မိဘဆိုးတွေလက်ထဲက ကယ်တင်ပြီး ပျော်အောင်လုပ်ပေးချင်တဲ့အတွက် Mr. Crocket ဆိုတဲ့ show ကို စတင်ခဲ့ပါတယ်။ သိူ့ပေမယ့်လည်း ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဆုံးပါးသွားပါတယ်။ သူမသေခင်မှာ ငရဲဘုံတစ်ခုကို ဖန်တီးပြီး အလဲအထပ်အနေနဲ့ မိဘဆိုးတွေကို ငရဲပြည်ပို့ကာ ကလေးတွေကို သူ့အနားမှာ ခေါ်ထားခဲ့ပါတယ်။ Summer ဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့သားလေး ဖြစ်တဲ့ Major ကို Mr. Crocket ဆီ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့ Summer တစ်ယောက် သားဖြစ်သူ Major ကို Mr. Crocket လက်ထဲက ဘယ်လို ကယ်တင်မယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။...
Demise (2024) ⭐TMDB: 43% User Score 🎬 #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကေလပ်ကာစတီလိုဟာ သူ့ရဲ့ဇနီးဖြစ်သူဆလင်းနဲ့ပျော်ရွှင်ရတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပေမဲ့ တက်သစ်စဖက်ရှင်ဒီဇိုင်နာ”ဖီယိုနာ”နဲ့ ဖောက်ပြန်နေခဲ့ပါတယ် ဇနီးကိုလည်းချစ်နေသေးပြီးမထားခဲ့နိုင် တစ်ဖက်ကတိတ်တခိုးချစ်သူကိုလည်းလက်မလွှတ်နိုင်ဘဲဖြစ်နေပါတယ် ဖီယိုနာကိုယ်တိုင်ကလည်း ကေလပ်မှာ အိမ်ထောင်ရှိတာကို သိသိလျက်နဲ့ ချစ်လွန်းလို့ဆိုပြီးရှေ့ဆက်တိုးနေတာပါ ဇနီးဖြစ်သူ”ဆလင်း”ကတော့ ကလေးယူဖို့အတွက်အရမ်းကိုစိတ်အားထက်သန်နေပါတယ် ဒါပေမဲ့ သူမဘက်ကချို့ယွင်းချက်ရှိနေတာကြောင့်ကလေးမရနိုင်မှန်းသိလိုက်ရလို့ဝမ်းနည်းစိတ်ပျက်နေစဥ်မှာပဲ ယောက်ျားဖြစ်သူဖောက်ပြန်နေတာကိုပါ တစ်ချိန်တည်းသိလိုက်ရပါတယ် အဲ့ဒါကြောင့် သူတို့လင်မယားကွဲပြီး ကေလပ်ကဖီယိုနာနဲ့ တရားဝင်းပေါင်းသင်းလိုက်ပါတယ် ဒါပေမဲ့ အခဲမကြေဖြစ်နေတဲ့ဆလင်းက သူ့ယောက်ျားကိုလွယ်လွယ်လက်လွှတ်ပေးခဲ့တာတော့မဟုတ်ပါဘူး သူမပိုင်ဆိုင်ထားတဲ့အရာတွေကို လုယူသွားဆဲ့ ဖီယိုနာဆီကနေ ထိုအရာတွေကိုပြန်လည်ရယူဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီးကြိုးစားပါတော့တယ်...
Cypher (2002) ⭐TMDB: 66% User Score 🎬 #ScienceFiction #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ...
A Royal in Paradise (2023) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Australia ⏰ 1 နာရီ 30 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Prince in Paradise (2023) A Royal in Paradise (IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers ကစီစဥ်ရိုက်ကူးထားပါတယ်။ အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။ သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။ အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
Hitler (2024) ⭐IMDB: 6.8/10 (94 Votes) 🎬 #Action #Bollywood #Drama #War 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hitler (2024) “ဟစ်တလာ”IMDb – 7.6/10 စွယ်စုံရတောင်ပိုင်းမင်းသားကြီး ဗီဂျေးအန်တိုနီရဲ့ တမီးလ်အက်ရှင်ကားသစ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွေးကောက်ပွဲကာလ နီးကပ်နေတဲ့အချိန်။ ဝန်ကြီးချုပ်ဖြစ်ဖို့အရေး ငွေဘယ်လောက်သုံးရသုံးရ၊လူဘယ်လောက်ပဲ သတ်ရသတ်ရ ဝန်ကြီးချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်။ တမီးလ်မှာ လက်နက်ကိုင်အကြမ်းဖက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကဆက်စပ်မှုမရှိကြတဲ့ လူမိုက်သုံးယောက် ပစ္စတိုတစ်လက်တည်းနဲ့ပစ်သတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ တာဝန်ပေးခံရတဲ့ ရဲအရာရှိတစ်ယောက်။ချန်နိုင်းကို အင်တာဗျူးဖြေဖို့ဆိုပြီး သူ့ကိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာသူငယ်ချင်းကလည်း ငါ့ကိုမမှတ်မိတော့ဘူးလား ဘာညာဆိုပြီး လာနေတဲ့လူတစ်ယောက်။ဒီသုံးယောက်ကြား ဘယ်လိုတွေဆက်စပ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Control (2023) ⭐TMDB: 48% User Score 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Control (2023) စတယ်လာ ဆိုင်မွန်ဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြည်ထဲရေး အတွင်းရေးမှူးပါ။ဒါပေမယ့် သူဟာ လူမသိသူမသိ လျှို့ဝှက်စွာ ဝန်ကြီးချုပ်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်နေခဲ့တာပါ။တစ်နေ့ ပွဲတစ်ခုကနေ ဝန်ကြီးချုပ်ရဲ့ သမီးလေး အီဗီ့ကို အိမ်ပြန်ပို့ပေးဖို့ စတယ်လာနဲ့ ထည့်ပေးလိုက်ပါတယ်။စတယ်လာရဲ့ကားဟာ နည်းပညာမြင့် အလိုအလျောက် မောင်းတဲ့ စနစ်ပါတဲ့ ကားပါ။အိမ်ကိုပြန်နေရင်း လမ်းမှာပဲ စတယ်လာရဲ့ကားကို ဟက်ကာ တစ်ယောက်က ဟက်ပြီးတော့ ထိန်းချုပ်လိုက်ပါတယ်။ဒီလိုနဲ့ စတယ်လာလည်း ကားထဲမှာ ပိတ်မိသွားပြီးတော့ ဟက်ကာ ပြောသမျှ လိုက်လုပ်ရတော့ပါတယ်။ကိုယ့်ကားထဲမှာကိုယ် ပိတ်မိနေတဲ့ စတယ်လာတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုရုန်းကန်ရမယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကတော့ ဒီလောက်ပါပဲ။ဒီရုပ်ရှင်ဟာ အင်္ဂလန်လူမျိုး ဒါရိုက်တာက ရိုက်ကူးတာဖြစ်လို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူတာကို ခံစားရမှာပါ။အဲအချက်ကို ကြိုက်တဲ့သူလည်းရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ဒါပေမယ့် ၁ နာရီခွဲစာလောက် အချိန်ပေးပြီး ကြည့်ဖို့အတွက်တော့ တန်မယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတောLeonard Linဖြစ်ပါတယ်)...
Mukaam (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 56 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mukaam (2024) “အမေ့သားလှ ရွာအပြန်” ပန်ချာပီ မိသားစုကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာလေးတစ်ရွာမှာ ပျော်ရွှင်စွာနဲ့နေထိုင်ကြတဲ့ မိသားစုတစ်ခု။သားနှစ်ယောက်လုံးက လန်ဒန်ကိုသွားပြီးအလုပ်လုပ်ဖို့ရာ ဇောသန်နေတာမို့ရှိတဲ့မြေကွက်နဲ့ လက်ဝတ်လက်စားလေးပေါင်နှံရောင်းချပြီးပေမဲ့ နိုင်ငံခြားလွှတ်ဖို့ကတစ်ယောက်စာပဲရတာမို့ သားကြီးကိုအရင်လွှတ်လိုက်ပါတယ်။ သားအကြီးကောင်က စာမလာအကြောင်းမကြားနဲ့မို့ အငယ်ကောင်ကိုနိုင်ငံခြားမလွှတ်နိုင်တော့ဘဲ အိမ်ထောင်ပြုပေးလိုက်ပါတော့တယ်။ မိသားစုကို စွန့်ခွာသွားတဲ့သားကြီးဖြစ်သူကို စိတ်နာပြီး အပြီးတိုင်မေ့ဖျောက်ထားခဲ့ပေမဲ့မြေးဖြစ်သူအရွယ်ရောက်လာတဲ့အခါ လန်ဒန်ကိုထွက်ပြီး ဦးကြီးဖြစ်သူနဲ့ပြန်တွေ့တဲ့အခါမှာတော့။ဘာကြောင့် မိသားစုကိုအဆက်အသွယ်မလုပ်ရတာလဲ…။ မိသားစုတွေပြန်လည်ဆုံစည်းမှာလားဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Colors of Evil: Red (2024) ⭐TMDB: 68% User Score 🎬 #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 53 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Colors of Evil: Red (2024)IMDb – 6.3/10 စိတ်ဝင်တစားကြည့်ရှုရမဲ့ ပိုလန်စုံထောက်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ်းခြေတစ်ခုမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရာကစပါတယ်။ဘယ်သူဘယ်ဝါ စုံစမ်းကြည့်တဲ့အခါမှာတော့ တရားသူကြီးတစ်ဦးရဲ့ သမီးဖြစ်နေပါတယ်။သတ်ခံရတဲ့ ကောင်မလေးနာမည်က မိုနီကာတဲ့။ သူ့ကိုသတ်သွားတဲ့ပုံစံကတစ်ချိန်တုန်းက အသတ်ခံခဲ့ရတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ လာတူနေပါတယ်။အရင်အမျိုးသမီးကို သတ်သွားတဲ့တရားခံက ထောင်ကလွတ်နေပြီဖြစ်တဲ့အတွက် သွားဖမ်းလာခဲ့တဲ့အချိန်တရားခံဖြစ်သူက ရဲစခန်းကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ဒီမှာပဲ တရားခံက သူပဲသေချာတယ်ဆိုပြီး ရဲတပ်ဖွဲ့က အမှုကို ပိတ်လိုက်ပါတယ်။ဒါပေမဲ့ စုံထောက်ဘီလ်စကီကတော့ အဲဒါကိုလက်မခံဘဲ အထက်လူကြီးတွေတားနေတဲ့ကြားကတရားခံအစစ်ကိုဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
An Angry Boy (2024) ⭐TMDB: 33% User Score 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 An Angry Boy (2023) အိုဝင်ဆိုတာ လမ်းမှာဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်တတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။တစ်နေ့ အဲဒီလိုကယ်တင်လိုက်မိရာကစ သူ့မျက်နှာ လိုင်းပေါ်မှာပျံ့သွားပြီး ဒုက္ခပေးမဲ့သူပေါ်လာခဲ့တယ်။သူမသိပေမဲ့ အဲဒီလူက သူ့ငယ်ဘ၀တုန်းကလည်း ပတ်သက်ခဲ့ဖူးတဲ့သူ။စိတ်ဒဏ်ရာအကြီးကြီးကြောင့် မှတ်ဉာဏ်တွေကို ဦးနှောက်ကပိတ်ပစ်လိုက်တာမျိုးမို့ သူမမှတ်မိနေတဲ့သူ။ဒီလိုလူကပဲ နောက်တစ်ကြိမ်ထပ်ပြီး စိတ်ဒဏ်ရာအကြီးကြီးထပ်ပေးတဲ့အခါ။အိုဝင်တစ်ယောက် အတိတ်ကိုသတိရဖို့ကြိုးစားပြီး သူကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ နာကျင်မှုတွေကိုပြန်တွန်းလှန်တိုက်ခိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Better Times (2023) ⭐IMDB: 6.4/10 (693 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 45 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Better Times (2023)IMDb – 6.4/10 ဒါရိုက်တာ Milad Schwartz Avazရဲ့လက်ရာ ဒိန်းမတ်မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အမေဖြစ်သူ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပြီးကတည်းက စိတ်အခြေအနေမကောင်းတဲ့ အော်စကာတစ်ယောက်အစ်ကိုဖြစ်သူ ကားလ်ရဲ့မိသားစုနဲ့အတူ လိုက်နေပါတယ်။တစ်ရက် အဖေဖြစ်သူရဲ့ မုန့်ဆိုင်ကို ဘဏ်ကနေအကြွေးသိမ်းမဲ့အကြောင်း တရားရုံးလာခဲ့ဖို့အကြောင်းကြားစာကကားလ်ဆီကိုရောက်လာတဲ့အတွက် ကားလ်နဲ့ အော်စကာတို့ သူတို့ညီကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့လူးကတ်စ်ကိုပါသွားခေါ်ပြီး သူတို့အဖေရှိတဲ့ မြို့လေးဆီထွက်လာခဲ့ကြပါတယ်။အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက အတူတူမရှိခဲ့ကြတဲ့ သားအဖလေးယောက် ပြန်လည်ဆုံတွေ့ကြပုံ၊တစ်ဦးချင်းစီရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြပုံတွေကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Bionic (2024) ⭐TMDB: 60% User Score 🎬 #Action #Adventure #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #Brazil ⏰ 1 နာရီ 51 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bionic (2024) CM ပရိသတ်ကြီးကို Netflix ကနေ လတ်တလောထွက်ရှိလာတဲ့Dystopian စတိုင် သိပ္ပံစိတ်ကူးယဉ်အက်ရှင်စွန့်စားခန်းဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်……..ဒီဇာတ်ကားလေးထဲမှာ ရောက်နေတဲ့သက္ကရာဇ်ကတော့ မဝေးတော့တဲ့အနာဂတ် ၂၀၃၅ ခုနှစ်ပါ…. လူသားတွေဟာ ဇီဝခြေလက်တု (bionic) နည်းပညာကိုအောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ အားကစားသမားတွေတောင် ခြေလက်တုတွေပဲအသုံးပြုပြီးယှဉ်ပြိုင်ကြပါတော့တယ် တခြားနယ်ပယ်ပေါင်းစုံမှာလည်းကောင်းတဲ့နေရာရော မကောင်းတဲ့နေရာရော စုံနေအောင် အသုံးချကြပါတယ်မာရီယာကတော့ အလျားခုန်ချန်ပီယံဖြစ်ဖို့အတွက် ကိုယ့်ခြေကိုယ်လက်နဲ့ကြိုးစားနေတဲ့သူတစ်ယောက်ပါ…ဇီဝခြေလက်တုနဲ့ ကြိုက်သလောက်အလျားကိုခုန်နိင်နေတဲ့အချိန်မှာ သူတို့လို သာမန်ရိုးရိုးခြေလက်နဲ့အားကစားသမားတွေကတော့ကြိုးစားလည်း ဘာမှတော့မထူးဆိုတဲ့အနေအထားပေါ့ဒါပေမဲ့ မာရီယာကတော့ အားမလျှော့ပဲ ကြိုးစားရင်း လက်ရှိချန်ပီယံဖြစ်တဲ့Bionic ခြေလက်ပိုင်ရှင် သူ့အမနဲ့ရင်ဆိုင်ရပြီးတော့သူတို့ရဲ့အားကစားပြိုင်ပွဲတစ်ခုသာမက ကျန်တဲ့နေရာတွေမှာပါဘယ်လိုအရှုပ်အရှင်းတွေရှိနေပြီးတော့ ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာကိုတော့ပရိသတ်ကြီးပဲ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...
Agak Laen (2024) ⭐TMDB: 83% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မလည်ရှုပ် ၄ ယောက် (၂၀၂၄) မကျန်းမာတဲ့အမေကို စောင့်ရှောက်ပေးနိုင်ဖို့၊ လောင်ကစားကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နဲ့ချစ်ရသူကို လက်ထပ်နိုင်ဖို့ စတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့လက်ရှိနုံချာလွန်းလှတဲ့ဘဝကို ပြောင်းလဲပစ်နိုင်ဖို့အတွက် သူငယ်ချင်း တွေဖြစ်ကြတဲ့ဘင်၊ ဘိုရစ် ၊ ဂယ်လ် နဲ့ အိုကီ တို့လေးယောက်ဟာ ညဈေးက သရဲခြောက်တဲ့အိမ်မှာ အတူတူ ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ဒါပေမယ့်လည်း အလည်လာကြတဲ့ဧည့်သည်တွေကို စိတ်ဝင်စားဖွယ် ခြောက်လန့်ဆွဲဆောင်မှုတွေမလုပ်ဆောင်နိုင်တဲ့အတွက် ပိတ်သိမ်းလိုက်ရတော့မယ့်အခြေအနေနဲ့ ကြုံကြိုက်နေကြရပါတယ်။အဲ့လိုအခြေအနေမှာ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်ကို မထင်မှတ်ဘဲ ဝင်ရောက်အလည်လာတဲ့ ဧည့်သည်တစ်ယောက်ကိုသူတို့ ကြိုးစားပြီး ခြောက်လန့်ပေးခဲ့ကြရာမှာ ကံဆိုးစွာနဲ့ ထိုဧည့်သည်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။လိမ်လည်မှုနဲ့ထောင်ကျခဲ့ရပြီး ပြန်လွတ်လာခဲ့သူ အိုကီက ထောင်ထဲ ထပ်မဝင်ချင်တဲ့အတွက်အလောင်းကို သရဲအိမ်မှာပဲ မြေမြှုပ်ဖုံးကွယ်လိုက်ဖို့ သူငယ်ချင်းတွေကို စည်းရုံးကာ မြေမြှုပ်ပစ်ခဲ့ကြပါတယ်။မမျှော်လင့်ဘဲ သေဆုံးသူရဲ့ဝိညာန်က သရဲအိမ်မှာ ခြောက်လှန့်နေတဲ့အခါ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်က နာမည်ကြီးလာပြီးလည်ပတ်လာသူဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ သူတို့ဘဝတွေ အတော်ကြီးအဆင်ပြေလာကြပါတယ်အဲ့အချိန်မှာပဲ ဒေသခံရဲတွေက လူပျောက်တိုင်ကြားမှုကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်လာကြတဲ့အခါသူငယ်ချင်းလေးယောက်က အလောင်းကို လက်စဖျောက်ဖုံးကွယ်ပစ်ဖို့ ဘယ်လိုတွေလုပ်ဆောင်ကြမလဲသူတို့လေးယောက် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကနေ လွတ်မြောက်ကြပါ့မလားသူတို့ရဲ့ ရည်မှန်းချက်တွေပြည့်အောင် လုပ်ဆောင်နိုင်ကြပါ့မလား ဆိုတာကိုဒီအင်ဒိုနီးရှားဇာတ်ကားလေးမှာ ရင်ခုန် စိတ်ဝင်စားဖွယ်ရာ ကြည်ရှုကြရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်။...
