ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Thugs (2023)
⭐IMDB: 8.0/10 (88 Votes)
🎬 #Action #Bollywood #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 1 နာရီ 56 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thugs 2023IMDb 8.4
Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။(Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlinkဝင်ဒေါင်းလို့ရပါတယ်)
ဇာတ်လမ်းအကျဉ်းက ဒီလို…စီသူက မိဘမဲ့ တကောင်ကြွက်၊အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲအချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ…အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာကသူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။
နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီးဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်တွေကတော့ Yunni & BpL & Khin Khin & Aditi & chiclon3 တို့ဖြစ်ပါတယ်
John Wick: Chapter 4 (2023)
⭐IMDB: 8.2/10 (150 k Votes)
🎬 #Action #Crime #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 2 နာရီ 50 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
John Wick: Chapter 4 (2023)
***************************
IMDb Rating (8.3)/ Rotten Tomatoes (94%)
ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့
“Porte des Lilas” လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။
ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ “မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ” ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ “Yeah” ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ…။
Ghost Station (2023)
⭐TMDB: 55.0% User Score
🎬 #Horror #Mystery
🗓️ 2023 🎞️ Movie 📺 1080p
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 21 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Ghost Staton (2023)
Horror ဇာတ်လမ်းတွေမှကြိုက်တတ်တဲ့သူတွေအတွက်ဘူတာရုံက အဖြစ်အပျက်တွေရိုက်ကူးထားတဲ့ ဇာတ်လမ်းကိုတင်ဆက်ပေးပါဦးမယ်နော်
အို့ဆူဘူတာမှာ အမြဲတမ်း သေဆုံးမှုတွေဖြစ်ပြီး တစ်ခုနဲ့တစ်ခုက သေပုံခြင်းမတူကြပေမဲ့ တူညီတဲ့အချက်လည်းရှိနေပါသေးတယ်..အဲဒါကို စုံစမ်းရင်းနဲ့ သတင်းရေးဖို့ဖြစ်လာတဲ့ သတင်းထောက်ဂင်နာယောင်းက ဇာတ်ကြောင်းအစုံသိရဖို့ နောက်ကြောင်းလိုက်ပါတော့တယ်သေဆုံးတဲ့ဝိညာဉ်တွေထဲကမှ နာကျည်းချက်ကြီးမားလွန်းတဲ့ ဝိညာဉ်တွေက သနားစရာအကောင်းဆုံးဖြစ်သလို အဆိုးဆုံးလို့ပြောကြပါသေးတယ်
အို့ဆူဘူတာရုံရဲ့ အဖြစ်အပျက်တွေမှာ ဘယ်သူတွေပါဝင်နေမလဲ၊လူတွေသေဆုံးရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ၊
သတင်းထောက်ဂင်နာယောင်းကရော နာကြည်းမှုတွေပြည့်နေတဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပြီးအမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်
ဂင်နာယောင်းအဖြစ် SKY Castle က Kim Bo Ra နဲ့ချွဲဝူဝန်းအဖြစ် N.Flying Kim Jae Hyun တို့ကအဓိကပါဝင်ထားပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။
Come Out Fighting (2022)
⭐IMDB: 3.7/10 (163 Votes)
🎬 #Action #Adventure #Drama #War #History #Thriller
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Come out Fighting (2023)
၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာလူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်းသူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်…..
အညွှန်း နဲံ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
Come Out Fighting (2022)
⭐IMDB: 3.7/10 (163 Votes)
🎬 #Action #Adventure #Drama #War #History #Thriller
🗓️ 2022 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Come out Fighting (2023)
၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာလူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်းသူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်…..
အညွှန်း နဲံ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
Journal 64 (2018)
⭐IMDB: 7.4/10 (18 k Votes)
🎬 #Crime #Mystery #Thriller #Drama
🗓️ 2018 🎞️ Movie 📺 1080p
🌎 #Denmark #Germany #Norway #Sweden
⏰ 1 နာရီ 58 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Crime, Mystery, ThrillerIMDB – 7.4/10
Q ဌာနရဲ့ ၄ မှုမြောက်နဲ့ နောက်ဆုံးကား ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။
ဒီကားရဲ့အစမှာတော့ လူပျော်သဘောရိုး အာဆတ်တစ်ယောက်
Q ဌာနကနေ တခြားဌာနကိုပြောင်းတော့မှာပါ အချိန်တစ်ပတ်ပဲ
ကျန်ပါတော့တယ် ထုံးစံအတိုင်း ကားလ်နဲ့လည်း ရန်ကတောက်ကဆ
ဖြစ်နေရင်းပေါ့လေ။ ဒီလိုအချိန်မှာပဲ မြို့ထဲကတိုက်ခန်းတစ်ခုမှာ
ဆောက်လုပ်ရေးသမားတွေက လျှို့ဝှက်အခန်းတစ်ခုကို
တွေ့ခဲ့ကြပါတယ်။ အခန်းထဲမှာ ရှိနေတာက ညစာစားပွဲဝိုင်း
ပတ်လည်မှာ မံမီလိုမျိုး အလောင်းမပုပ်သိုးအောင်လုပ်ထားပြီး
ကိုယ်အင်္ဂတချို့ထုတ်ထားတဲ့ အလောင်း ၃ လောင်းပဲ ဖြစ်ပါတယ်
နှစ်ပေါင်းလည်း ကြာနေလောက်ပါပြီ။ အဲဒါ Q ဌာနကိုမရောက်ပါဘူး
ဒါပေမဲ့ ကားလ်တစ်ယောက် အတင်းလုယူပြီး အာဆတ်လည်း
ဌာနမပြောင်းခင် ဒီကိစ္စကို အတူတူဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။
တစ်ချိန်တည်းမှာ ၁၉၆၀ ကျော်ခုနှစ်က လွမ်းမောကြေကွဲဖွယ်
ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အမှုလိုက်နေရင်း တစ်ချိန်တည်း
တင်ဆက်ထားပါသေးတယ် ဘယ်လိုများ သွားချိတ်ဆက်
သက်ဆိုင်မလဲပေါ့လေ။ ဒီအမှုမှာကျ အရင်လို တစ်ကိုယ်တော်တွေနဲ့
ယှဉ်ဖိုက်ရတာမျိုး မဟုတ်တော့ပါဘူး ပိုပြီး ရက်စက်လာတယ်
ယုတ်မာလာပြီး ထက်မြက်တဲ့ လူဆိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပဲ
ဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း သမိုင်းတွင်ခဲ့တဲ့ အဖြစ်ဆိုးကြီးတစ်ခု
ရှိနေပြီး မလုပ်သင့်တဲ့လုပ်ရပ်တွေကို အစွဲတစ်ခုကြောင့် ကျူးလွန်နေ
တာတွေကိုလည်း ဗဟုသုတရဖွယ်ရာ မြင်ရမှာပါ။
ဒီကားထဲမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း မုဒိမ်းမှုဆန်ဆန်တွေ
ပါဝင်တာကြောင့် ကြည့်ရှုသူတွေ သတိပြုစေလိုပါတယ်။ လူဂွစာ
စုံထောက်ကြီး ကားလ်နဲ့ လူပျော်ကြီး မူစလင် အာဆတ်တို့ကို နှုတ်ဆက်
လိုက်ရပါပြီ နောက်ပိုင်း ထပ်ထွက်ခဲ့ရင်တော့ တင်ဆက်ပေးပါမယ်လို့
နိဂုံးချုပ်လိုက်ပါရစေ။
Department Q: A Conspiracy of Faith (2016)
⭐IMDB: 7.0/10 (21 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2016 🎞️ Movie 📺 720p
🌎 #Denmark #Germany #Sweden #Norway
⏰ 1 နာရီ 52 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB – 7.0/10
Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။
ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့
ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။
ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး
အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး
ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်
ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ
တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ
နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား
မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့
လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်
အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို
ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော
ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း
ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်
နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။
ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက်
အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက်
အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ်
ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက်
ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို
ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ
သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။
Department Q: A Conspiracy of Faith (2016)
⭐IMDB: 7.0/10 (21 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2016 🎞️ Movie 📺 1080p

Department Q: The Absent One (2014)
⭐IMDB: 7.1/10 (25 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2014 🎞️ Movie 📺 720p
🌎 #Denmark #Germany #Sweden #Norway
⏰ 2 နာရီ 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Crime, Mystery, DramaIMDB – 7.1/10
Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။
ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper of
Lost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှ
ဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့
ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေ
ကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကို
အဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်
လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စ
ကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့
ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီး
ကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီး
ဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀
လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစား
ယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထား
တာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကို
လိုက်ကြတဲ့အခါ ဒီနှစ်လောင်းပြိုင် လူသတ်မှုဆိုတာက ပင့်ကူအိမ်ထဲက
အမျှင်တစ်မျှင်သာ ဖြစ်နေတာကို တွေ့ရှိရပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က
ဖုံးကွယ်ထားတဲ့ ရက်စက်တဲ့နောက်ကြောင်းတွေ ပေါ်လာပါတော့တယ်။
ဂရစ်ဖင်ဟွန်းဆိုတဲ့ ဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲ၊
တနင်္ဂနွေဆိုတာကရော ဘာသက်ရောက်မှု ရှိတာလဲ၊ ကင်မီဆိုတဲ့
ကောင်မလေးကရော ဘယ်သူလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့
နောက်ထပ် သပွတ်အူအမှုကို ကားလ်တို့ ၃ ယောက်သား စွန့်စွန့်စားစား
ဉာဏ်သုံးအဖြေရှာကြတာကို ဇိမ်ရှိရှိ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ပထမကားလို တရားခံကို နောက်ဆုံးမှ ပြတာမဟုတ်ပဲ
အစကတည်းက ပြပြီး ဘယ်လို တစ်ဖက်နဲ့ တစ်ဖက် ဉာဏ်ကစားကြမလဲ
ကြည့်ရမှာပါ။ ဒီကားမှာတော့ မုဒိမ်းမှုတွေပါ ပါဝင်တဲ့အပြင် ပြထားတဲ့
ရိုက်ကွက်တွေလည်း ခပ်ရှင်းရှင်းဖြစ်တဲ့အတွက် ကြည့်ရှုသူများအဖို့
သတိပြုစေလိုပါတယ်ဗျ။
Department Q: The Absent One (2014)
⭐IMDB: 7.1/10 (25 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2014 🎞️ Movie 📺 1080p

Department Q: The Keeper of Lost Causes (2013)
⭐IMDB: 7.2/10 (31 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2013 🎞️ Movie 📺 1080p
🌎 #Denmark #Germany #Sweden #Norway
⏰ 1 နာရီ 37 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး
ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး
ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့
စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်
အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။
တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ
ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို
ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက
အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က
ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ
ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့
အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့
ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့
၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း
ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့
ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ
ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး
အမှုပိတ်ထားတာပါ။
ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ
နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု
ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့်
စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ
ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ
း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့
သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက
ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း
ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင်
သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ
အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း
IMDB မနည်းတာကို တွေ့ရှိရမှာပါ။
One Hundred and One Dalmatians (1961)
⭐IMDB: 7.3/10 (174 k Votes)
🎬 #Adventure #Animation #Comedy #Family
🗓️ 1961 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 19 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One Hundred and One Dalmatians (1961)
~ IMDb – 7.3/10, Rotten Tomatoes – 98% ~
ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။
မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။
မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။
ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။
ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။
ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသားမွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။
ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။
ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယား
One Hundred and One Dalmatians (1961)
⭐IMDB: 7.3/10 (174 k Votes)
🎬 #Adventure #Animation #Comedy #Family
🗓️ 1961 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 19 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One Hundred and One Dalmatians (1961)
~ IMDb – 7.3/10, Rotten Tomatoes – 98% ~
ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။
မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial Intelligence က ဆက်ဆွဲပေးတဲ့ 3D Sensor Automatic Drawing တွေ မပါလို့ တစ်ပုံချင်းဆီကို အသေးစိတ် ဆွဲပေးခဲ့ရပါတယ်။ ဒါ့ကြောင့်မလို့ 101 Dalmatians မှာ ပုံပေါင်း တစ်သိန်းတစ်သောင်းကျော် လက်နဲ့ရေးဆွဲခဲ့ရတာပေါ့ဗျာ။
မျက်လုံးထဲ မြင်အောင်ပြောရရင် ခွေးကလေးက လမ်းလျောက်လာရင်း လမ်းတစ်ဖက်ကို လှည့်ကြည့်လိုက်တဲ့ Cut လေး ဆွဲကြမယ်ဆိုပါတော့။ 3D Sensor နဲ့ ဖတ်ပြီး ဆက်လက်ဆွဲနိုင်ဖို့ မူလ အသေးစိတ်ကျကျပုံ ဆယ်ဂဏန်းလောက် ဆွဲပေးနိုင်ရင် Computer ကနေ အလိုအလျောက် ဆက်ဆွဲပေးပြီး Animated လုပ်ပေးပါတယ်။ လူမပန်းတော့ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလုပ်ခဲ့တဲ့နှစ်ကတော့ ပုံတိုင်းကို အသေးစိတ် ရှုတောင့်ပေါင်းစုံကနေ ရေးဆွဲပေးရလို့ လက်ဝင်ပြီး ပင်ပန်းရတာပေါ့။ စာအုပ်တောင့်လေးမှာ ပုံတွေဆွဲပြီး စာရွက်တွေ တဖျပ်ဖျပ်လှန်လိုက်ရင် လှုပ်ရှားလာတဲ့ အခြေခံသဘောတရားပါပဲ။
ဒီဇာတ်ကားမှာ ဒယ်မေးရှင်းတွေရဲ့ ဝိသေသဖြစ်တဲ့ အနက်ရောင် အစက်အပြောက်လေးတွေ သိကြမှာပါ။ ရေးဆွဲသူတွေဟာ ပွန်ဂို အတွက် အစက် ၇၂ စက်၊ ပါဒီတာ အတွက် အစက် ၇၈ စက်၊ ကလေးတစ်ကောင်ချင်းစီအတွက် ၃၂ စက်၊ စုစုပေါင်း ၃၃၁၈ စက် ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်ရာ့တစ်ကောင်လုံးကို ပြိုင်တူပြတဲ့အခန်းတွေကို မြှောက်ကြည့်လိုက်ရင် အစက်ပေါင်း ၆၄၆၉၉၅၂ စက် ဆွဲခဲ့ရပါတယ်တဲ့။ လူကြီးမင်းကသာ ရေးထားတဲ့ ဂဏန်းတွဲကို ကျော်သွားတာပါ။ တကယ်ရေခဲ့တဲ့သူကတော့ အတည်ကြီး ရေသွားတာဗျ။ အဲဒီအစက်တွေဆွဲဖို့သက်သက်အတွက် အနုပညာအသင်းတစ်ခု ဖွဲ့ခဲ့ရသတဲ့။
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီး ကားထဲက ခွေးဟောင်သံတွေအားလုံးဟာ လူတွေတုပပြီး ဟောင်ထားတဲ့ လူဟောင်သံတွေပါနော်။ သုတ်ဆေး ၉၅၇၉ ပေါင် သုံးစွဲခဲ့ပြီး ဘောလုံးကွင်း ၁၅ ခုကို ဆေးသုတ်ပစ်လို့ရတဲ့ ပမာဏဗျ။ Cruella ကို ဒစ်စနေး က မင်းသမီးတစ်ယောက် နမူနာကြည့်ပြီး ဆွဲထားသတဲ့။ ဘယ်သူလဲ သိချင်ကြလား။ ဒယ်မေးရှင်းအစစ်တွေမှာ အဖြူဆွတ်ဆွတ်ဖြစ်ပေမဲ့လို့ ကာတွန်းထဲမှာတော့ ကာလာသီအိုရီအရ မီးခိုးရောင်ဖျော့ထားရပါတယ်။
ဇာတ်လမ်းကတော့ အားလုံးနီးပါးကြည့်ဖူးကြတဲ့ ဒယ်မေးရှင်းခွေး တစ်ရာ့တစ်ကောင်ဇာတ်ကားအတိုင်းပါ။ Live Action ပြန်ရိုက်ထားပြီး CM မှာလည်း တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း Animated ဇာတ်ကားမရှိတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်တာပါ။
ဒယ်မေးရှင်းခွေးအမျိုးအစားဖြစ်တဲ့ ပွန်ဂိုတစ်ကောင် သခင့်အတွက်ဇနီးလောင်းရှာပေးရင်း ကိုယ်တိုင်လည်း ဇနီးချောလေးတစ်ယောက်ရတာကနေ စတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပွန်ဂိုနဲ့ သူ့ချစ်ဇနီးလေးတို့က ခွေးပေါက်လေး ၁၅ ကောင်မွေးခဲ့ပါတယ်။ အဲဒါကို ဒယ်မေးရှင်း ခွေးသားမွေးအင်္ကျီ ချုပ်ဝတ်ချင်တဲ့ သခင်မရဲ့ သူငယ်ချင်း Cruella က ခွေးပေါက်လေးတွေကို လာဝယ်ပါတော့တယ်။ မရောင်းဘူးပြောပြီး မောင်းထုတ်ခံလိုက်ရတဲ့ Cruella က လူမိုက်ငှားပြီး ခွေးလေးတွေကို ခိုးပါတော့တယ်။
ဒီဇာတ်ကားက ခွေးလေးတွေကို ဇာတ်ဆောင်တင်ရိုက်ရလို့ လူတွေကို ညံ့ဖျင်းသူတွေအဖြစ် သိသိသာသာ ဇောင်းပေးထားရပါတယ်။ သခင်လုပ်သူကလည်း ဘာမှမလုပ်တတ်မကိုင်တတ်၊ သီချင်းရေးဆရာဘဝနဲ့ ငွေမရှာနိုင်သူကြီးပါ။ သခင်မကလည်း ခင်ပွန်းကိုပဲမှီခိုပြီး စားဝတ်နေရေးကို ပင်ပန်းစွာ စီမံနေရသူပေါ့။ စီးပွားရေးညံ့ဖျင်းတာထားပါလေ။ ခွေးပေါက်လေးတွေ ပျောက်တဲ့အချိန်မှာ ရဲကိုတိုင်ပြီး အိမ်မှာငုတ်တုတ်ထိုင်စောင့်နေရလောက်အောင်ကို ညံ့ဖျင်းကြသူတွေပါ။
ဒါတင်မက ခွေးလေးတွေကို ပွန်ဂိုတို့လင်မယားနှစ်ယောက် အခက်ခဲတွေကျော်ဖြတ်ပြီး သွားကယ်ရတဲ့အခါမှာတောင် သူတို့ခွေးတွေ အိမ်ကထွက်ပြေးသွားတယ်လို့ ထင်ကြသူတွေပါ။ အံ့ပါရဲ့လေ။ သူတို့အလိုသာဆို ခွေးပေါက်လေး ၁၅ ကောင်ရယ်၊ အခြားနေရာက ဖမ်းလာတဲ့ ခွေးပေါက်လေး ၈၄ ကောင်ရယ်ပါ သားမွေးအင်္ကျီဖြစ်ရဖို့ရှိပါတယ်။ ဒီလိုနဲ့ ခွေးလေးတွေကိုကယ်ဖို့ ခရီးကြမ်းထွက်ခဲ့ရတဲ့ ဒယ်မေးရှင်းလင်မယာ
School Spirits (2023- )
⭐IMDB: 7.6/10 (4 k Votes)
🎬 #Drama #Fantasy
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #Canada
⏰ 52 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
School Spirits (2023)School Spirits (2023)
===============
IMDb Rating – 7.6/10အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို့
မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်း
တစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန်
တော်တို့တွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သရဲ
ဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။
အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်း
တွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်း
ကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာ
မျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာ
ထက် Mystery, Crime Solving ပုံစံမျိုးပါ။ Rotten Tomatoes 81%,
IMDb Rating 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူလေး မက်ဒီဟာ
အသတ်ခံလိုက်ရပြီး ကျောင်းမှာ ဝိညာဉ်အဖြစ် သောင်တင်နေပါတော့တယ်။
သူ့ကို ဘယ်သူက သတ်သွားတယ် ဘယ်လို သေသွားတယ်ဆိုတာကိုတော့
မမှတ်မိဘဲဖြစ်နေပါတယ်။ ဒါကြောင့် မက်ဒီလည်း ဝိညာဉ်ဘဝနဲ့ လိုက်စုံစမ်းဖို့
အကြောင်းဖန်လာပါတော့တယ်။ စုစုပေါင်း(၈)ပိုင်းပါဝင်ပြီး တပြိုင်တည်း
တင်ဆက်ပေးလိုက်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(300 MB) / (1.0 GB)
Neelavelicham (2023)
⭐IMDB: 6.3/10 (492 Votes)
🎬 #Bollywood #Drama #Horror #Romance #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 12 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Neelavelicham (2023)IMDb 6.5
ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ…ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး…ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..
ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်
ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ…ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ…ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင်(အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်)

Abducted on Prom Night (2023)
⭐IMDB: 5.2/10 (75 Votes)
🎬 #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Abducted on Prom Night (2023)=======================
အနောက်နိုင်ငံတွေမှာတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်းကပွဲညဆိုတာ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါ။ တစ်သက်မမေ့နိုင်စရာ ပျော်ရွှင်မှုတွေနဲ့ ညလေးတစ်ညဆိုရင်လည်း မမှားပါဘူး။ဒါပေမဲ့ အဲဒီညက ကင်ဘာတို့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်အတွက်တော့ ထိတ်လန့်ဖွယ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ညတစ်ည ဖြစ်လို့လာခဲ့ပါတယ်။
ကင်ဘာက ကျောင်းကပွဲညမတိုင်ခင် လပိုင်းအလိုမှာ ပြန်ပေးဆွဲခံရပြီး ကံသီလို့ လွတ်မြောက်လာခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအတွက်ကြောင့်မိခင်ဖြစ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုကို ခံနေရပြီး နေအိမ်အကျယ်ချုပ်သဘောမျိုးနဲ့ နေလာခဲ့ရပါတယ်။ ကျောင်းကပွဲနေ့ရောက်တဲ့အချိန်မှာတော့ ကင်ဘာ့ရဲ့ချစ်သူ အော်စတင်ရဲ့ စည်းရုံးရေးကောင်းမှုကြောင့် ကင်ဘာတစ်ယောက် ကပွဲကို သွားခွင့်ရခဲ့ပါတယ်။
ကင်ဘာနဲ့အတူ အော်စတင်၊ ဂျိုအန်၊ အဲဗာလီ၊ လုခ် တို့ သူငယ်ချင်းလေးယောက် ဇိမ်ခံကားကြီးနဲ့ ကျောင်းကပွဲညကို သွားကြတဲ့အချိန်မှာတစ်ကျော့ပြန် ပြန်ပေးဆွဲမှုကြီး ပေါ်လာခဲ့ပြီး သူတို့ရဲ့ အမှတ်တရညလေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ ကြည့်ရှု့ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

Where the Truth Lies (2005)
⭐IMDB: 6.4/10 (18 k Votes)
🎬 #Crime #Mystery #Thriller
🗓️ 2005 🎞️ Movie 📺 1080p
🌎 #Canada #UnitedKingdom
⏰ 1 နာရီ 46 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating/(6.4)
ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က စာအုပ်ရေးဖို့သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲလျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။(၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။)
11-12-13 Rak Kan Ja Tai (2016)
⭐IMDB: 5.7/10 (140 Votes)
🎬 #Comedy #Horror #Drama
🗓️ 2016 🎞️ Movie 📺 1080p
🌎 #Thailand
⏰ 1 နာရီ 39 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Ghost Is All Around 2016”
သာ့ အဖြစ် Weir Sukollawat Kanarotခက် အဖြစ် Gypso Ariigantha Mahapreukpingအော့တ် အဖြစ် Best Nathasit Kotimauswanichမွတ် အဖြစ် Jesse Mekwattana
ဇာတ်လမ်းအကျဉ်း
ဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ
11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ်
ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ….
12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့
တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ်
ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ မွတ်ကရောတကယ်ပဲသေသွားသလား….
13 မှာတော့ ဂျိန်နဲ့ခက်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ချင်းမိုင်သင်္ကြန်သွားလည်ဖို့ချိန်းဆိုကြရင်း
ဂျိန်ကလေဆိပ်အသွားမှာ ကားမတော်တဆဖြစ်ပြီးပွဲချင်းပြီးသေသွားပါတယ်
ဒါပေမဲ့ ဂျိန်ဟာ သူ့ကိုယ်သူသေသွားတာလဲမသိပါဘူး သူ့သူငယ်ချင်းမလေးခက်နဲ့ချင်းမိုင်ထိလိုက်သွားလည်ခဲ့တာပေါ့
သရဲကြောက်တတ်တဲ့ခက်က သူ့သူငယ်ချင်းသေသွားပြီး သရဲဖြစ်နေတယ်ဆိုတာဘယ်အချိန်မှာဘယ်လိုသိသွားမလဲ
သူတို့တည်းတဲ့ဟိုတယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီးခြောက်ခြားနေရမလဲဆိုတာတွေကိုဇာတ်လမ်းထဲကြည့်ရှုလိုက်ရအောင်နော် ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )