es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Gremlins (1984) ⭐IMDB: 7.3/10 (238 k Votes) 🎬 #Comedy #Fantasy #SciFi #Horror 🗓 1984 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gremlins (1984)============IMDb Rating — 7.3/10 တရုတ်တန်းက စတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သူ့ခေတ်သူ့အခါမှာတော့ Rating 7 ကျော်ရရှိခဲ့ပါတယ်။ တီထွင်ဖန်တီးရှင်တစ်ဦးဟာ သူလက်ဆော့ထားတဲ့ ပစ္စည်းရောင်းဖို့သွားရင်း သားအတွက် ခရစ္စမတ်လက်ဆောင်ကို တရုတ်တန်းမှာ တွေ့ရှိခဲ့ပါတယ်။အဲဒါကတော့ ချစ်စရာ မှင်စာလေးတစ်ကောင်ပါပဲ။ မွေးရတာ တာဝန်ကြီးတယ် မရောင်းဘူး ပြောပေမယ့် ဆိုင်ရှင်ရဲ့မြေးလုပ်သူက ခိုးရောင်းပေးလိုက်ပါတယ်။ မှင်စာလေးကိုမွေးမယ်ဆိုရင် စည်းကမ်း(၃)ခုတော့ရှိတယ် –– နေမထိရ– ရေမထိရ– ည၁၂ကျော်ရင် အစာမကျွေးရ ဆိုတာပါပဲ။(၃)ခုလေးဆိုပေမဲ့ အဲစည်းကမ်းတွေကိုမလိုက်နာနိုင်ဘဲ ချိုးဖောက်မိတဲ့အခါမှာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)...

Nowhere (2023) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 50 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nowhere(2023) ***************ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လိုတစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်း အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကိုအရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲကနည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကိုခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်းကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။...

The Tunnel (2011) ⭐IMDB: 5.8/10 (22 k Votes) 🎬 #Horror #Mystery #Thriller 🗓 2011 🎞 movie 🌎 #Australia ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Imdb 5.8ရရှိထားတဲ့ The Tunnelဆိုတဲ့ Horror, Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Natasha Warnerဟာ Sydneyမြို့မှာနေတဲ့ သတင်းထောက်တစ်ယောက်ပါ။ တစ်နေ့မှာ အစိုးရဟာ Sydneyမြို့ရဲ့ မြေအောက်ဥမင်တွေအတွက် စီမံကိန်းတွေဆွဲပြီး လုပ်ဆောင်ချက်တွေကြေငြာပြီးမှ အမျိုးအမည်မသိအကြောင်းတစ်ခုခုကြောင့် ထိုအစီအစဉ်တွေအားလုံးကို ချက်ခြင်းဖျက်သိမ်းခဲ့ပါတယ်။ အစိုးရဟာ ဘာကြောင့်အဲဒီလိုလုပ်ခဲ့လဲဆိုတာကို Natashaဟာ အရမ်းသိချင်တဲ့အတွက် သူမရဲ့ အဖွဲ့နဲ့အတူတူ မြေအောက်ဥမင်တွေထဲကို အရဲစွန့်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အစိုးရဟာ ထိုအစီအစဉ်တွေဖျက်သိမ်းခဲ့သလဲ၊ Natashaတို့ရော မြေအောက်ဥမင်တွေထဲမှာ ဘာတွေနဲ့တွေ့ရမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်သောကြောင့် Horror, Thriller fanတွေ လက်မလွှတ်တမ်းကြည့်သင့်‌ကြောင်းပြောလိုက်ရပါတယ်ခင်ဗျာ Translated by Yurnero...

The Stratum (2023) ⭐IMDB: 4.1/10 (566 Votes) 🎬 #SciFi #ScienceFiction #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 38 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Stratum (2023)============== ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူးစက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေးတွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြပါတယ်။ အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲအဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသမီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Stolen (2012) ⭐IMDB: 5.5/10 (46 k Votes) 🎬 #Action #Crime #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်း ပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေ တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကို ခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်း တစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီး သူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာ အချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီး ငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာ သူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲ အဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း ကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။...

Beyond the Gates of Hell (2022) ⭐IMDB: 4.9/10 (76 Votes) 🎬 #Comedy #Drama #Horror 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 42 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လက်ထပ်ပြီးစ လင်မယားနှစ်ယောက်က ခေါင်တဲ့နေရာမှာရှိတဲ့ အိမ်တစ်လုံးကို အောက်စျေးနဲ့ ဝယ်လို့ရလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီအိမ်က လူသေမှု လူသတ်မှု ရာဇဝင် အများကြီး ရှိထားပြီးသား အိမ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ကြုံနေတဲ့ လင်မယားနှစ်ယောက်က ဒီအိမ်ကို ဘာပြဿနာမှ မဖြစ်လောက်ဘူးထင်ပြီး ယူလိုက်ပါတယ်။ သူတို့အထင်နဲ့ တက်တက်စင်အောင်လွဲတာကတော့ အိမ်ကြီးက ငရဲဂိတ်ဝမှာ ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက American Horror Storyရဲ့ Murder House နဲ့လည်း ဆင်တူပါတယ်။ ရိုက်ထားတာကလည်း creepy vibe အပြည့်ရတယ်ဆိုပေမယ့် အရမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ရုပ်ရှင် ကြာချိန်ကလည်း တစ်နာရီ မပြည့်တော့ ကြည့်ရတာ မြန်မြန်သွက်သွက်ရှိပါတယ်။...

Doctor (2012) ⭐IMDB: 4.6/10 (192 Votes) 🎬 #Action #Horror #Thriller 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 37 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doctor(2012) ************Korean Thriller / Horror ရသတွေကိုမှ ခံစားချင်တဲ့သူတွေအတွက် “Doctor” ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားက ခေါင်းဆောင်မင်းသားကြီးအနေနဲ့ ဝါရင့်နာမည်ကြီးအနုပညာရှင် Kim Chang Wan ပါဝင်ရိုက်ကူးထားတာဖြစ်လို့ ဇာတ်ကောင်သရုပ်ဆောင်ချက်တွေကတော့ အထွေအထူးပြောပြနေစရာမလိုဘဲ ကြည့်နေရင်းတောင် ကြက်သီးထစေပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့……အသက် (၅၀)ကျော် ချွဲအင်ဘုမ်းဟာ အလှအပခွဲစိတ်လောကမှ နှစ်အစိတ်လောက်ကျင်လည်ခဲ့သူဖြစ်ပြီး နာမည်ကြီးထူးချွန်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ သူ့မှာ အသက်ငယ်ငယ်ရွယ်ရွယ် ခပ်ချောချော မိန်းမတစ်ယောက်လည်း ရှိပါတယ်ဒါပေမဲ့ မိန်းမငယ်လေးကတော့ ယောက်ျားဖြစ်သူ ချွဲအင်ဘုမ်းအရှေ့ဆို မခုပ်တတ်တဲ့ကြောင်အလား ယောက်ျားဖြစ်သူစိတ်တိုင်းကျ ပြုမူနေထိုင်ပေမဲ့ နောက်ကွယ်မှာ ရည်းစားဟောင်းနဲ့ဖောက်ပြန်နေခဲ့ပါတယ်တစ်နေ့မှာ ဒီအကြောင်းကို ယောက်ျားဖြစ်သူသိသွားတဲ့အခါ သူဟာ မထင်မှတ်လောက်စရာကောင်းတဲ့ လက်စားချေ ဒေါသဖြေမှုတွေကို လုပ်ဆောင်လာခဲ့ပါတော့တယ် ဘယ်လိုလက်စားချေမှုမျိုးတွေလုပ်မှာလဲဆိုတာကတော့ ဇာတ်ကားရဲ့ Theme အတိုင်း Thriller/Horror ဆန်ဆန်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်...

All These Years (2023) ⭐IMDB: 6.3/10 (112 Votes) 🎬 #Drama #Family #Romance 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 56 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သင်ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အခြေအနေကို စဉ်းစားခဲ့ဖူးလား။ပြန်တွေ့ရင် ဖက်ထားမိမလား၊ ထွက်ပြေးမိမလား။ဒီကားလေးကတော့ မိုးအေးအေးနဲ့ အေးအေးဆေးဆေးကြည့်လို့ရမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက တရုတ်တို့ ထုံးစံအတိုင်း သားကိုပဲ အလေးပေးပြီးသမီးကို ဂရုမစိုက်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ချန်ကျန့်ရှဟာမိသားစုကနေ ရုန်းထွက်ဖို့အတွက် စာကြိုးစားပြီး ခရိုင်အထက်တန်းကျောင်းဖြစ်တဲ့ကျန့်ဟွာအထက်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ကျန့်ဟွာအထက်တန်းကျောင်းမှာ ဆိုးသွမ်းပေမယ့်လဲစိတ်ထားကောင်းတဲ့ လီရန်နဲ့ ခင်မင်သွားခဲ့ပြီးသူမဘဝအတွက် တစ်ခုတည်းသော အလင်းရောင် ဖြစ်သွားခဲ့ပါတယ်။ သူတို့ဟာ အချင်းချင်းအတွက် အလင်းရောင်တွေ ဖြစ်ခဲ့ပေမယ့်နောက်ဆုံးမှာ ခွဲခွါခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်ပြန်တွေ့တဲ့အချိန်မှ “သူ့ကိုထပ်ခါထပ်ခါချစ်နေမိတယ် ထင်နေခဲ့တာ၊တကယ်တော့ သူ့အပေါ်အချစ်တွေက မရပ်တန့်ခဲ့တာပါ။” ဆိုတာကို နားလည်သွားခဲ့ပါတယ်။ အချစ်ကား ချိုချိုအေးအေးလေးကို မင်းသားရော မင်းသမီးရောချောတာလေးမှ ကြိုက်တဲ့ပရိသတ်တို့အတွက်ဒီကားလေးကတော့ အကြည့်သင့်ဆုံး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။...

Is my blowjob better than your wife? ~Fellatio Female Boss Chasing Her Newlywed Subordinate~ (2023) ⭐TMDB: 100.0% User Score 🎬 #Adult #Asian #Drama 🗓 2023 🎞 Movie 🌎 #Japan ⏰ 2 နာရီ 40 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 96born လေးဖြစ်တဲ့ အာရီနာ ဟာရှီမိုတိုလေး(Arina Hashimoto တဖြစ်လဲ Arina Arata) လေးကိုDark Side ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ…. ဘာဘီရုပ်လေးလို ချစ်စဖွယ်ကောင်းလွန်းတဲ့မျက်နှာလေးနဲ့အတူ ကျော့ရှင်းလှပတဲ့ကောက်ကြောင်းလေးကြောင့် မြင်သူတကာ မှင်သက်ရသူလေးပါ… MIDV-383-Decensored Version ဒီဇာတ်လမ်းမှာတော့ သူမရဲ့လှပမှုတွေအပြင် လူကိုမူးမိုက်သွားအောင်ထိ ပြုစားတတ်တဲ့ သူမရဲ့မာယာအဖြာဖြာကိုပါ ရှုစားရမှာဆိုတော့ ဒီဇာတ်လမ်းကြည့်ပြီးတာနဲ့ သူမရဲ့ ပရိတ်သတ်စစ်စစ်ဖြစ်သွားမယ်ဆိုတာ အသေအချာပါပဲ။ Decensored Version နဲ့ဆိုတော့ အာရီနာဟာရှီမိုတိုကို မျက်စိရှေ့မှာ ရှုမြင်ရသလိုခံစားရမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

The Red Shoes: Next Step (2023) ⭐IMDB: 5.9/10 (78 Votes) 🎬 #Drama #Music #Family 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 52 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆမန်သာဟာ ဘဲလေးအကကို ခုံမင်သဘောကျတဲ့ဆယ်ကျော်သက်လေးဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမရဲ့အစ်မဖြစ်သူ အန်နီနဲ့ ဖုန်းပြောနေရင်း အန်နီကို ကားတစ်စီးက ဖြတ်တိုက်သွားလို့ အစ်မဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေ ကြိုးစားအားထုတ်ချင်စိတ်တွေ အကုန်ပျောက်ကွယ်သွားပြီး အိဗ်ဆိုတဲ့ မိတဆိုးသမီးလေးနဲ့ ပေါင်းပြီးတော့ ကလေက‌ချေနဲ့ မိဘတွေကို အာခံပြီး လောကကြီးကို အရွဲ့တိုက်ပြီး ကျောင်းလစ်လိုက် အတန်းပြေးလိုက် စတိုးဆိုင်တွေကို အလစ်သုတ်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေပါတော့တယ်။ ဆမန်သာရဲ့ အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်တဲ့အမေဖြစ်သူက သူအရင်တက်ခဲ့တဲ့ဘဲလေးသင်တန်းကျောင်းကို သန့်ရှင်းရေးလည်းလုပ်ရင်း ကျန်ရှိတဲ့ ကျောင်းပညာသင်နှစ်ကို ပြီးဆုံးအောင်တက်ဖို့ ပို့လိုက်ပါတော့တယ်။ သူမဟာ သင်တန်းကျောင်းကို ပြန်ရောက်တဲ့အချိန်မှာ အကခေါင်းဆောင်ဖြစ်တဲ့ ဂရေစီက အကလေ့ကျင့်ရင်း ခြေခေါက်သွားလို့ သူမဟာ ခဏတာ အစားထိုးလေ့ကျင့်ပေးဖို့ အကြောင်းဖန်လာတော့ပါတယ်။ လာမယ့်ပြဇာတ်အတွက် အစားထိုးနေရာဝင်ပြီး ကပေးရင်း သူမရဲ့ စိတ်ဒဏ်ရာတွေ အစ်မရဲ့သေဆုံးမှုကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတာတွေ ဘဲလေးအကမှာ အစွမ်းကုန် အရည်အချင်းထုတ်မပြနိုင်တာတွေကို ဆမန်သာတစ်ယောက် ဘယ်လိုစိတ်ပြင်ဆင်မလဲ ကုသမလဲဆိုတာကို အေးအေးဆွေးဆွေးလေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ဒရာမာအမျိုးအစားဖြစ်ပြီးတော့ ၂၀၂၃ မှာ ပူပူနွေးနွေးလေး ထွက်ရှိထားတာဖြစ်ပြီး ကြည့်ပျော်တဲ့ဇာတ်ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားဟာဆိုရင် IMDb မှာ Rating 6.3 တောင်ရရှိထားပြီး Rotten Tomatoes မှာဆိုရင်လည်း Audience Score 80% တောင်ရရှိထားပါတယ်။...

Rucker (2022) ⭐IMDB: 2.9/10 (346 Votes) 🎬 #Drama #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rucker the Trucker (2022)=================== ဒီတစ်ခါ ထရပ်ကားလေးနဲ့ပုံဆွဲရအောင်…ဘာပုံလဲဆိုတော့… လူပုံပါဘယ်သူ့ပုံလဲဆိုတော့… ချစ်လှစွာသောဇနီးပုံလေးပေါ့ ထရပ်ကားမောင်းရတာကို အရမ်းသဘောကျလွန်းလို့ လမ်းမပေါ်မှာပဲနေ့ရက်တွေကုန်ဆုံးခဲ့တဲ့ ရပ်ကာ ကတော့ သူ့မိန်းမကိုအရမ်းချစ်ပါသတဲ့။ ချစ်လွန်းလို့ မိန်းမရဲ့ရုပ်ပုံလွှာကို မြေပုံပေါ်မှာအစက်လေးတွေချပြီးရုပ်ပုံပေါ်အောင်လုပ်ကာ သူ့အချစ်ကိုသက်သေပြချင်နေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ကိုစွန့်ခွာခဲ့တဲ့ ဇနီးဟောင်းဒါလိန်းကို သူ့ဆီပြန်လာစေချင်တာပါ။ သူ့ရဲ့မဟာဖန်တီးမှုကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးပြီး လိုက်ကူညီပေးနေတာ မက်ဂီလို့ခေါ်တဲ့အပျော်တမ်းဓါတ်ပုံဆရာတစ်ယောက်။ ပြီးတော့ထရပ်ကားမောင်းဆရာတွေရဲ့ဘဝကိုလည်း စိတ်ဝင်စားတာကြောင့် အင်တာဗျူးတွေလုပ်ပြီး ရပ်ကာနဲ့အတူ မြေပုံပေါ်မှာပုံရိပ်ထင်အောင် ကြိုးစားပေးနေတဲ့သူပေါ့။ ဒါပေမဲ့ ရပ်ကာက မြေပုံပေါ်က အစက်လေးတွေနေရာကို ဘယ်လိုရွေးချယ်ခဲရ့လဲ၊ မက်ဂီကရော သူစိမ်းတစ်ယောက်ရဲ့ဖန်တီးမှုမှာဘာလို့ကူညီပေးခဲ့တာလဲ၊ ရပ်ကာရဲ့ဇနီးဟောင်း ဒါလိန်းကရော ဘယ်လောက်ထိ အရေးပါလဲဆိုတဲ့မေးခွန်းတွေအတွက်တော့… ကြာပါတယ်ဗျာ…. ရုပ်ရှင်ကိုဆက်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...

Taken in Montana (2023) ⭐IMDB: 4.9/10 (154 Votes) 🎬 #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မိသားစုအပန်းဖြေခရီးထွက်ရာကနေ အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ခရေ့နဲ့ သူ့မိန်းမဖြစ်သူ ဆယ်ရာဟာ အလုပ်ကိုယ်စီရှုပ်နေကြသူမို့ မိသားစုအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြသူတွေပါ အဲ့ဒါကို အဆင်ပြေစေဖို့ သူတို့ဟာ သမီးဖြစ်သူ ရေဂန်နဲ့အတူ မိသားစုခရီးလေး‌ထွက်ခဲ့ကြပါတယ် နောက်တစ်နေ့ နံနက်မှာတော့ ရေဂန်ဟာ သူ့မိဘတွေ ပျောက်သွားတာကို လိုက်ရှာနေခဲ့ပါတယ် သူဟာ သူတို့တည်းခိုနေတဲ့ ခြံပိုင်ရှင်ဖြစ်သူ သူ့အဖေရဲ့သူငယ်ချင်းဟောင်း ဂျက်ဆင်ကို အကူအညီတောင်းပြီး မိဘတွေကို အသည်းအသန်လိုက်ရှာပါတော့တယ် ဒါပေမဲ့ သူ့မိဘတွေက ဘယ်ရောက်သွားတာလဲ သူ့အဖေနဲ့ ခြံပိုင်ရှင်ကြားက ဆက်ဆံရေးကရော ဘာလဲ ရေဂန်တစ်‌ယောက် သူ့မိဘတွေကို ပြန်ရှာတွေ့မှာလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...

Neon Spring (2022) ⭐IMDB: 6.0/10 (262 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Latvia ⏰ 1 နာရီ 38 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Latvia ဆိုတဲ့ဥရောပနိုင်ငံတစ်ခုက ဒရာမာအမျိုးအစားရုပ်ရှင်ကားလေးပါဗျ။အဖေနဲ့အမေကအိမ်ထောင်ရေးအဆင်မပြေတဲ့ကောင်မလေးတစ်ယောက်ရဲ့လူငယ်ဘဝလေးအကြောင်းကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရင်တော့ “လိုင်း” ဆိုတဲ့အသက် ၂၀အရွယ်ကောင်မလေးရှိပါတယ်။ သူမရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေကျတော့ သူမကစိတ်‌ထွက်ပေါက်ရှာတဲ့အနေနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ DJ ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အမေကနိုင်ငံခြားရောက်နေပြီးအဖေကလည်းအိမ်နဲ့အလုပ်ပဲဖြစ်နေတော့ သူမဟာ DJ ပွဲတွေကိုအမြဲတမ်းလိုလိုသွားဖြစ်ခဲ့ပါတယ်။ DJ ပွဲကနေသူငယ်ချင်းတွေရပြီးအချစ်ကိုလည်းတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ဆေးတွေပါသုံးလာပါတယ်။ ပြီးတော့ “လိုင်း” မှာမောင်လေးတစ်ယောက်ရှိပါတယ်။မောင်လေးကလည်းမိသားစုကအဆင်မပြေတော့အပြုအမူတွေကပုံမှန်မဟုတ်ပဲဆေးခန်းပြနေရတာပါ။ အမေကနိုင်ငံခြားမှာ၊အဖေကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မောင်လေးအတွက်မိဘဆရာဆွေးနွေးပွဲသွားတာမျိုး စတဲ့မောင်လေးရဲ့တာဝန်ကိုလည်းယူပေးရပါတယ်။ ဒီရုပ်ရှင်ကားလေးက မိသားစုအဆင်မပြေမှု၊ချစ်ခြင်းမေတ္တာ၊ဆေးသုံးတာ စတဲ့အရာတွေကြားဗျာများနေတဲ့ကောင်မလေးအကြောင်းကိုရိုက်ထားတာပါ။ခံစားကြည့်ကြပါခင်ဗျာ။...

The Pod Generation (2023) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Comedy #Drama #ScienceFiction #Romance #SciFi 🗓 2023 🎞 movie 🌎 #UnitedKingdom #Belgium #France ⏰ 1 နာရီ 50 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း….. မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း – အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ်...

White Paradise (2022) ⭐IMDB: 5.9/10 (349 Votes) 🎬 #Drama #Thriller #Action 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 35 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ လူတွေဆိုတာ ရေကြည်ရာ မြက်နုရာ လိုက်ရှာရင်း ဘဝကိုရှင်သန်နေထိုင်ကြရတဲ့ သူတွေပါ ကိုယ်နေတဲ့နေရာက ကိုယ့်အတွက် အန္တရာယ်တစ်စုံတစ်ရာ ရှိလာပြီး ဆက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကိုယ်နဲ့ကိုက်ညီမဲ့ လုံခြုံဘေးကင်းမဲ့နေရာလေးတစ်ခုကို ရှာဖွေကြရတာ ဓမ္မတာပါပဲ ဒီဇာတ်လမ်းလေးထဲမှာတော့ ကာဘူးလ်မြို့တော်မှာ ပြင်သစ်စစ်တပ်တွေတပ်စွဲထားတုန်းက ပြင်သစ်စကားပြန်လုပ်ခဲ့လို့ဆိုပြီး တာလီဘန်တွေရဲ့ အငြိုးထားတုံ့ပြန်မှုကိုခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ထွက်ပြေးကြရင်း ဂရိမှာ လူကွဲသွားကြပါတယ် အဲဒါကြောင့် ဇနီးဖြစ်သူက သူ့ယောကျာ်းကို နေရာအနှံ့က ဒုက္ခသည်စခန်းတွေမှာပတ်ရှာရင်း ပြင်သစ်နဲ့ အီတလီနယ်စပ်နားက ရေခဲတောင်ပေါ်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ လောလောလတ်လတ် မတော်တဆမှုကြောင့် ဇနီးသည်ဆုံးပါးခဲ့ရတဲ့ ဆင်မြူရယ်ဆိုတဲ့ လူနဲ့တွေ့ပြီး လမ်းပြခိုင်းခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ဖို့ဆိုတာ အထောက်အထားအပြည့်အစုံမရှိတဲ့သူအတွက်ကတော့ ဘယ်လောက်ခက်ခဲလဲ ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ရလဲဆိုတာကိုပြသရင်း တကယ်စစ်မှန်တဲ့ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ခမ်းနားလဲဆိုတာပါ ရေခဲတောင်တွေကြားမှာ အေးအေးလေးနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။...

The League of Gods: The Flying Immortal Dagger (2023) ⭐TMDB: 0.0% User Score 🎬 #Action #Drama #Fantasy 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The League of Gods: The Flying Immortal Dagger လို့အမည်ရတဲ့ရုပ်ရှင်လေးတကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ Clash of Gods အစရှိတဲ့ရုပ်ရှင်တွေထဲမှာပါဝင်တဲ့ ရှန်းကုန်းပေါက်, ယန်ကျန်,ကျန်းကျစ်ယာတို့ကိုအခြေခံထားတဲ့ရှန်းခေတ်ကိုနောက်ခံတည်ထားတဲ့ကားလေးဖြစ်ပါတယ်။ ရှန်းကုန်းပေါက်နဲ့ကျန်းကျစ်ယာတို့ကြားမကျေနပ်အမုန်းတရား ၊ စစ်ပွဲတွေကြားမှာအပြစ်မဲ့သူတွေစတေးခံရပုံ,ရှင်ဘုရင်ကျင့်ဝတ်နှင့်မညီတာကြောင့် ခံစားရတဲ့ပြည်သူပြည်သားတွေအကြောင်းအစရှိတဲ့ရူပ်ထွေးလှပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအကြောင်းကိုအခြေခံထားတာကြောင့်ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူလိုက်ကြရအောင် ~...

Rotting in the Sun (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Comedy #Mystery #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotting in the Sun (2023)==================IMDb Rating – 7.0/10 စိတ်ကူးယဉ်‌မဟုတ်ဘဲ တကယ့်လက်တွေ့ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတဲ့ခပ်ဆန်းဆန်း comedy-triller ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ထူးခြားချက်က စာရေးဆရာ၊ ဒါရိုက်တာ ဆဘတ်စ်ရှန်ဆေလ်ဗာနဲ့ ဟာသသရုပ်ဆောင်မင်းသား ဂျော်ဒန်ဖတ်စ်မန်းတို့က သူတို့ကိုယ်တိုင်အနေနဲ့ခေါင်းဆောင်ပါ၀င်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့… ဆဘတ်စ်ရှန်ဟာအနုပညာလောကမှာ အောင်မြင်မှုရ‌အောင်ကြိုးစားနေတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာပါ။ suicide လုပ်တဲ့ကိစ္စတွေစိတ်၀င်စားတတ်ပြီး ပါးစပ်ကလည်း အမြဲထုတ်ပြောတတ်ပါတယ်။ဆေးစွဲပြီး စိတ်ဓာတ်ကျ‌နေတဲ့ ဆဘတ်စ်ရှန်တစ်ယောက် တစ်နေ့တော့ ဂေးတို့ပျော်စံရာလို့နာမည်ကြီးတဲ့ nudist ကမ်းခြေကို ရောက်သွားပါတယ်။ အဲဒီမှာ ဆိုရှယ်အင်ဖလူရန်ဇာ ဂျော်ဒန်ဖတ်စ်မန်းနဲ့ ‌တွေ့ဆုံခဲ့ပါတယ်။ အဲဒီကစလို့ သူတို့နှစ်ဦး ပရောဂျက်တစ်ခု အတူလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီပရောဂျက်ကို ဆဘတ်စ်ရှန်ရဲ့အိမ်မှာ အတူလုပ်ကြဖို့ စီစဉ်ထားပါတယ်။ ပရောဂျက်အလုပ်စဖို့ ဂျော်ဒန်ရောက်လာချိန်မှာတော့ ဆဘတ်စ်ရှန်တစ်ယောက် အိမ်မှာမရှိဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့အခါ…။ *** ဇာတ်လမ်းမှာ nudist beach က ဇာတ်၀င်ခန်းတွေနဲ့ မိသားစုအတူမကြည့်သင့်တဲ့ ဇာတ်၀င်ခန်းနည်းနည်း ပါ၀င်တဲ့အကြောင်း ကြိုတင်သတိပေးထားပါရစေ။ *** (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

The Nurse That Saw the Baby on the Highway (2023) ⭐IMDB: 3.8/10 (28 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 48 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nurse That Saw the Baby on the Highway (2023)===================================== ဒီရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်တစ်ခုကို မခြေခံပြီးရိုက်ကူးထားတာပါ။သူနာပြုကျောင်းတက်နေတဲ့ မာလီဝယ်လ်ဆန်ဟာ ‌ကျောင်းစာ၊ အလုပ်နဲ့ ဖောက်ပြန်တတ်တဲ့ရည်းစားကြားမှာ ရုန်းကန်နေတဲ့ သူပဲဖြစ်ပါတယ်။သူမရဲ့ရည်းစားဆီကနေ အာရုံစိုက်မခံရတော့ သူမရဲ့ပြန်ပေးဆွဲမှုကိုအတုလုပ်ခဲ့ရင်း နောက်ဆုံးမှာထိန်းမရဘဲ တစ်နိုင်ငံလုံးရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ အကြောင်းကို စိတ်ဝင်တစားကြည့်ရူရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...

[21+] I Lost My Girlfriend’s Sister’s To Temptation – Lemon Tanaka ( FSDSS-615 – Decensored) ⭐- 🎬 #Adult 🗓 - 🎞 Movie 🌎 #Japan ⏰ 2 နာရီ 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခါတော့ ညှို့ဓာတ်ပြင်းတဲ့ Lemon Tanaka လေးရဲ့ ရမ္မက်ပြင်းပြင်း ညှို့ဓာတ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပါကာရဲ့ ချစ်စရာကောင်းမှု ကိုယ်လုံးကိုယ်ပေါက်ရဲ့ ကြော့ရှင်းလှပမှု နှုတ်လမ်းလေးရဲ့ ညှို့နိုင်မှုတွေနဲ့ ပြည့်စုံနေတဲ့ မင်းသမီးလေးတစ်လက်ပါပဲ။ ပုရိသတွေရဲ့ရင်ထဲ ဗလောင်ဆူနိုင်စွမ်းကို အစွမ်းကုန်မြှင့်တင်ပေးနိုင်တဲ့ သူလေးမို့ လက်ကတော့ မလွှတ်တမ်း အားပါးတရ အားပေးသင့်တဲ့ မင်းသမီးလေးပါ။ FSDSS-615 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ သူများနဲ့မတူ တမူထူးတဲ့ သူလေးက သူများရည်းစားကိုမှ ကြိုက်တတ်တဲ့ ချစ်စဖွယ်အကျင့်လေးကြောင့်ပဲ သူ့အကြောင်းမသိဘဲ အိမ်ခေါ်လာတဲ့ အစ်မရဲ့ ချစ်သူကိုမှ ဘယ်လိုမှရုန်းမထွက်နိုင်အောင် ညှို့ယူဖမ်းစားအသုံးတော်ခံတဲ့ကားလေးပါ အစ်မတစ်ယောက်လုံးကို ဘယ်လိုတွေရှောင်ရှား ပျော်ပါးကြမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲ စီးမျောရင်း ခံစားလိုက်ကြပါဦးလို့…….. (Dark Side Productionမှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Cosmoball (2020) ⭐IMDB: 4.7/10 (3 k Votes) 🎬 #Adventure #ScienceFiction #Action #SciFi #Sport 🗓 2020 🎞 movie 🌎 #Russia ⏰ 1 နာရီ 58 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာ‌ေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။ မော်စကိုမြို့ ပေါ်မှာလည်း “ဒုဓလီ” လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး...