ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Naughty Nine (2023)
⭐IMDB: 5.0/10 (1 k Votes)
🎬 #Adventure #Comedy #Family #TVMovie #Crime
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️
2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။
ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။
ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓
ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓
ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး ၉ ယောက်ရဲ့ သူခိုးခရီးစဉ်လေးကို ကြည့်ရင်း ဘဝအမော ဖြေနိုင်ပါပြီ...
Family Switch (2023)
⭐IMDB: 5.7/10 (8 k Votes)
🎬 #Comedy #Family #Fantasy #Crime
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Family Swap (2023)
အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ “Enid Sinclair” အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ မိသားစုဘဝကို ဟန်ချက်ညီအောင် ကြိုးစားထိန်းပေးတဲ့ အမေဖြစ်သူ “ဂျက်စ်”…90’s တွေရဲ့ Oldies Vibe အပြည့်နဲ့ သားဖြစ်သူရဲ့အထက်တန်းကျောင်းမှာ ဂီတဆရာဝင်လုပ်နေတဲ့ တစ်ချိန်ကနာမည်ကြီးအဆိုကျော်ဖြစ်ခဲ့သူ ဖေကြီး “ဘေလ်”…Young Sheldon လေးလို ဆယ်ကျော်သက်အရွယ်နဲ့ Advanced Theoretical Physics ရဲ့ ရာစုနှစ်ချီမပြေလည်နိုင်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားနေတဲ့ Introvert သားလေး “ဝိုင်ယက်”…လာမယ့်ရာသီမှာ နိုင်ငံကိုယ်စားပြု ၁၈ နှစ်အောက်ဘောလုံးအသင်းကိုဝင်နိုင်ဖို့ကြိုးစားနေတဲ့ ခေတ်ဆန်ဆန်သမီး “စီစီ”… တို့အပြင် အထွေးဆုံးသားလေး မိုင်းလ်စ်နဲ့ ခွေးဘီလူး ပစ်ကယ် တို့ပါဝင်ပါတယ်။
ဝေါလ်ကာတို့မိသားစုရဲ့ ကလေးအကြီးနှစ်ယောက်ဟာဆိုရင် ဆယ်ကျော်သက်တွေဖြစ်လာကြတဲ့အလျောက် ကလန်ကဆန်ပြုတတ်ကြတဲ့ “Rebellious Phase” ကို ရောက်လာကြပါတယ်။ သားတော်မောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးလ်တက္ကသိုလ်အင်တာဗျူးဖြေပြီး အဝေးကိုကျောင်းသွားတက်ရမှာကတစ်ကြောင်း၊ သမီးတော်က နောက်ရာသီနိုင်ငံအသင်းမှာပါဝင်ခွင့်ရသွားရင် အိမ်နဲ့ခွဲရပြီး စခန်းသွင်းလေ့ကျင့်နေရမှာကတစ်ကြောင်း၊ အဲဒီကိစ္စနှစ်ခုကြောင့် မိဘနှစ်ယောက်က စိတ်ဖိစီးပြီး ခရစ္စမတ်မှာသောကရောက်နေရပါတယ်။
တစ်နေ့ ဝေါလ်ကာမိသားစုတို့ ခရစ္စမတ်မှာ မိသားစုလိုက်လျှောက်သွားကြဖို့ဆိုပြီး နက္ခတ်တာရာပြခန်းကိုရောက်လာကြတဲ့အခိုက်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ကြုံပြီး Body Swap တွေဖြစ်သွားကြပါတယ်။ အဖေက သားနဲ့ပြောင်းပြန်၊ သမီးက အမေ၊ အထွေးဆုံးသားလေးက ခွေးနဲ့ ခန္ဓာချင်းလဲသွားကြတဲ့အချိန်မှာ ဝေါလ်ကာတို့မိသားစု တစ်ယောက်ပြဿနာကို တစ်ယောက်ရှင်းရင်း အချင်းချင်းပြန်ပြီးနီးစပ်ကာ နွေးထွေးလာတဲ့ပုံကို ဒီဇာတ်ကားလေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Aarya (2020- )
⭐IMDB: 7.8/10 (15 k Votes)
🎬 #Crime #Drama #Action #Thriller
🗓 2020- 🎞 tv series
🌎 #India
⏰ 54 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aarya (2020)Aarya (2020)===========
Your browser does not support the video tag.IMDb Rating – 8.1/10#Unicodeအခုတင်ဆက်ပေးမှာကတော့ June 19 ရက်နေ့က Netflix မှာပြသသွားပြီး အပိုင်း ၉ ပိုင်းပါဝင်တဲ့India Crime, Thriller, Drama စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အာယာဆာရင်းနဲ့ တစ်ဂျ်ဆာရင်းတို့က သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပါ။ သူတို့မှာ သားကြီးဗီရာရယ်သမီးလတ်အာယုရယ် သားငယ်လေးအာဒီရယ်ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိပ်ကိုပျော်ရွှင်ပြီချမ်းသာကြွယ်ဝတဲ့မိသားစုလေးပါပဲ။ တစ်ဂျ်ကလည်း အာယာ့အဖေ သူ့ယောက္ခမဇိုရဝါကို အဖေအရင်းလိုချစ်ခင်ပြီး သူ့လက်အောက် ဆေးကုမ္ပဏီမှာပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ဆေးကုမ္ပဏီက အမြတ်အစွန်းတွေကြောင့် သူတို့ဒီလိုချမ်းသာနေတာမဟုတ်ပါဘူး။ သူတို့မိသားစုဟာတရားမဝင်ဘိန်းပင်တွေစိုက်ပြီး အဲဒီကနေ ဘိန်းကိုအခြေခံပြီးထုတ်လုပ်တဲ့ မူးယစ်ဆေးအပျော့စားတွေကို နိုင်ငံခြားကို တင်သွင်းတာပါ။ တစ်နေ့မှာတော့ အာယာရဲ့မောင်ဖြစ်သူက မူးယစ်ရာဇာကြီး ရှီခါဝပ်ဆီကနေ သန်း ၃၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေခိုးလာတဲ့အခါမှာတော့။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို အာယာတစ်ယောက် ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်မလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။IMDB 8.1/10 အထိရရှိထားသလို ထိပ်တန်းမင်းသမီး Sushmita Sen ရဲ့သရုပ်ဆောင်ပီပြင်ပုံကိုတော့ပြောစရာလိုတော့မယ်မထင်ပါဘူး . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို May Myat Thu မှ ရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့May Myat Thu, Thingyan, Chit Tee တို့ပဲ ဖြစ်ပါတယ်။)#Zawgyiအခုတင်ဆက်ပေးမှာကတော့ June 19 ရက်နေ့က Netflix မှာပြသသွားပြီး အပိုင်း ၉ ပိုင်းပါဝင်တဲ့India Crime, Thriller, Drama စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အာယာဆာရင်းနဲ့ တစ်ဂျ်ဆာရင်းတို့က သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပါ။ သူတို့မှာ သားကြီးဗီရာရယ်သမီးလတ်အာယုရယ် သားငယ်လေးအာဒီရယ်ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိပ်ကိုပျော်ရွှင်ပြီချမ်းသာကြွယ်ဝတဲ့မိသားစုလေးပါပဲ။ တစ်ဂျ်ကလည်း အာယာ့အဖေ သူ့ယောက္ခမဇိုရဝါကို အဖေအရင်းလိုချစ်ခင်ပြီး သူ့လက်အောက် ဆေးကုမ္ပဏီမှာပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ဆေးကုမ္ပဏီက အမြတ်အစွန်းတွေကြောင့် သူတို့ဒီလိုချမ်းသာနေတာမဟုတ်ပါဘူး။ သူတို့မိသားစုဟာတရားမဝင်ဘိန်းပင်တွေစိုက်ပြီး အဲဒီကနေ ဘိန်းကိုအခြေခံပြီးထုတ်လုပ်တဲ့ မူးယစ်ဆေးအပျော့စားတွေကို နိုင်ငံခြားကို တင်သွင်းတာပါ။ တစ်နေ့မှာတော့ အာယာရဲ့မောင်ဖြစ်သူက မူးယစ်ရာဇာကြီး ရှီခါဝပ်ဆီကနေ သန်း ၃၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေခိုးလာတဲ့အခါမှာတော့။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို အာယာတစ်ယောက် ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်မလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။IMDB 8.1/10 အထိရရှိထားသလို ထိပ်တန်းမင်းသမီး Sushmita Sen ရဲ့သရုပ်ဆောင်ပီပြင်ပုံကိုတော့ပြောစရာလိုတော့မယ်မထင်ပါဘူး . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို May Myat Thu မှ ရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့May Myat Thu, Thingyan, Chit Tee တို့ပဲ ဖြစ်ပါတယ်။)...
Blue Planet II (2017-2017)
⭐IMDB: 9.3/10 (45 k Votes)
🎬 #Documentary #Action #Adventure
🗓 2017-2017 🎞 tv mini series
🌎 #UnitedKingdom #UnitedStates #China #France #Germany #UnitedStatesofAmerica
⏰ 58 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blue Planet II (2017)ကမ္ဘာကြီးအကြောင်း documetary တွေကို နောက်ခံစကားပြောပေးနေတဲ့
Your browser does not support the video tag.David Attenborough ပါဝင်တဲ့ The Blue Planet ရဲ့ season 2 ထွက်ရှိလာပါပြီ။ IMDB 9.3 ရရှိထားတဲ့ BBC ရဲ့ဒီ documentary မှာတော့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတွေ၊ ပင်လယ်ကြမ်းပြင်တွေမှာရှိတဲ့ သတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအကြောင်း ဆက်လက်ရိုက်ကူးထားပြီး ဒါတွေတင်မကပဲ ပညာရှင်တွေကိုယ်တိုင် သွားရောက်လေ့လာတာကိုရော ကြုံတွေရတဲ့အခက်အခဲတွေ၊ ရှာဖွေတွေ့ရှိမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ documentary တစ်ပုဒ်ဖြစ်ပါတယ်။...
Fantastic Doctors (2023)
⭐TMDB: 0.0% User Score
🎬 #Drama
🗓 2023 🎞 movie
🌎 #
⏰ 48 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fantastic Doctors ( 2023 )ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားမှာ တစ်ခေတ်တစ်ခါက
အရမ်းကို နာမည်ကြီးခဲ့တဲ့ The Good Doctor ဆိုတဲ့ဇာတ်ကားလေးကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ် ။
main lead အနေနဲ့ ဟိုတလောလေးကမှ lost you forever နဲ့
အရမ်း hit ဖြစ်ထားတဲ့ မင်းသား Zhang Wang Yi ပါဝင်ထားပြီး
တခြားနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း
အများကြီးပါဝင်ထားတော့ ကြည့်ရတာ ရှယ်ပဲနေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ –
Asperger’s Syndrome လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲရှိတဲ့ရောဂါရှိနေတဲ့
ချန်ဟွေးတစ်ယောက် ဆေးကျောင်းကနေဘွဲ့ရခဲ့ပါတယ် ။
သူက အဲဒီရောဂါရှိနေပေမဲ့ တစ်ဖက်မှာလည်း ဉာဏ်ကြီးရှင်ဖြစ်နေပြန်ပါတယ် ။
Your browser does not support the video tag.အဲဒီလိုနဲ့ ဘယ်ဆေးရုံကမှသူ့ကိုလက်မခံခဲ့ပေမဲ့ စုန့်ကျားဆေးရုံက ဆေးရုံအုပ်က
သူကပါရမီရှင်ဖြစ်ပြီးလက်မလွှတ်ချင်တာကြောင့် အားလုံးဝိုင်းတားနေတဲ့ကြားက
ဆေးရုံမှာ house ဆင်းဖို့အလုပ်ခန့်လိုက်ပါတော့တယ် ။Asperger’s Syndrome ရှိနေတဲ့ချန်ဟွေးတစ်ယောက် ဆေးရုံမှာ မကြာခနဆိုသလို
လူနာရှင်တွေနဲ့ပြဿနာတတ်ရ ပြန်အတိုင်ခံရနဲ့ ဖြစ်လာခဲ့ပါတော့တယ် ။
ဆေးရုံကလည်း house ဆင်းနေတဲ့ဆရာဝန်တွေထဲကမှ
နှစ်ယောက်ကိုပဲ ဆေးရုံမှာ ဆက်ပြီးအလုပ်လုပ်ခွင့်ပေးမယ်ဆိုလာသောအခါ..ချန်ဟွေးတစ်ယောက် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့
အိပ်မက်ကိုလက်လျှော့လိုက်ရမလား ? ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို
ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှု့ပေးကြပါဦး...
Blue Planet II (2017-2017)
⭐IMDB: 9.3/10 (45 k Votes)
🎬 #Documentary #Action #Adventure
🗓 2017-2017 🎞 tv mini series
🌎 #UnitedKingdom #UnitedStates #China #France #Germany #UnitedStatesofAmerica
⏰ 58 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blue Planet II (2017)ကမ္ဘာကြီးအကြောင်း documetary တွေကို နောက်ခံစကားပြောပေးနေတဲ့
Your browser does not support the video tag.David Attenborough ပါဝင်တဲ့ The Blue Planet ရဲ့ season 2 ထွက်ရှိလာပါပြီ။ IMDB 9.3 ရရှိထားတဲ့ BBC ရဲ့ဒီ documentary မှာတော့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတွေ၊ ပင်လယ်ကြမ်းပြင်တွေမှာရှိတဲ့ သတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအကြောင်း ဆက်လက်ရိုက်ကူးထားပြီး ဒါတွေတင်မကပဲ ပညာရှင်တွေကိုယ်တိုင် သွားရောက်လေ့လာတာကိုရော ကြုံတွေရတဲ့အခက်အခဲတွေ၊ ရှာဖွေတွေ့ရှိမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ documentary တစ်ပုဒ်ဖြစ်ပါတယ်။...
Kane (2023)
⭐IMDB: 4.2/10 (135 Votes)
🎬 #Crime #Thriller #Drama
🗓 2023 🎞 movie
🌎 #Australia
⏰ 1 နာရီ 19 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိတ်ဘ်ဟာ ဂိုဏ်းစတား သူဌေးတစ်ဦးပါ။ ဘန်နီကတော့ အိတ်ဘ်ရဲ့ ဒရိုက်ဘာတယောက်ပါ။ အိတ်ဘ်ဟာ ဖရန်ကီလို့ခေါ်တဲ့ မိတ်ဆွေဟောင်းတဦးနဲ့ ဂိုဏ်းစစ်ပွဲကိုဆင်နွှဲနေပါတယ်။
အိတ်ဘ်ဟာ Dissociative Identity Disorder (DID) လို့ခေါ်တဲ့ ပင်ကိုစရိုက်ပေါင်းစုံကစဉ့်ကလျားဖြစ်တဲ့ဝေဒနာကိုခံစားနေရသူတဦးပါ။
အိတ်ဘ်ရဲ့ ပင်ကိုစရိုက်တွေထဲမှာမှ ကြောက်စရာအကောင်းဆုံးပင်ကိုစရိုက်က “ကိန်း”ဖြစ်ပြီးတော့ ဖရန်ကီနဲ့ချိန်းဆိုတဲ့နေ့မှာ ကိန်းဟာ လူသတ်သမားပင်ကိုစရိုက်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ ဒရိုက်ဘာ ဘန်နီပြောပြတဲ့ အိတ်ဘ်တို့ရဲ့ ဂိုဏ်းစတား စာရင်းရှင်းပွဲ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Crime Diaries: The Celebrity Stylist (2023)
⭐IMDB: 4.6/10 (340 Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #Colombia
⏰ 1 နာရီ 12 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းဇာတ်ကားဖြစ်ပါတယ်
နိုင်ငံကျော် နာမည်ကြီး ဆံသပညာရှင်တစ်ယောက်နဲ့ သူ့အမေဖြစ်သူဟာ အိပ်ယာတစ်ခုတည်းမှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ် ဆံသဆရာ ရေးထားခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ စာတစ်စောင်ကိုလည်း တွေ့ခဲ့ရပါတယ်
အခင်းဖြစ်ပွားရာ အနေအထားအရ သူဟာ သူ့အမေ့ကို သတ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း သတ်သေခဲ့တယ်လို့ ထင်ရပါတယ် ဒါပေမဲ့ ရဲတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ အမှုဟာ လူသတ်မှုဖြစ်နေကြောင်း သိလိုက်ရပါတယ် နာမည်ကြီးတစ်ယောက် သေဆုံးတဲ့အမှုဖြစ်တာကြောင့် အထက်အရာရှိတွေဟာ စုံထောက် ရေဘတ်ကာကို ရက် ၂၀ အချိန်ပေးကာ အမှုကို ဖြေရှင်းခိုင်းပါတော့တယ်...
Into the Darkness (2020)
⭐IMDB: 6.4/10 (2 k Votes)
🎬 #Drama #History #War
🗓 2020 🎞 movie
🌎 #Denmark
⏰ 2 နာရီ 33 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့
ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကို
ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိက
အသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကို
နာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံ
မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့
အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်
ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရော
သူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့
မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်
အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီး
ကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ...
Out of the Darkness (2022)
⭐IMDB: 6.5/10 (527 Votes)
🎬 #Drama #War
🗓 2022 🎞 movie
🌎 #Denmark
⏰ 2 နာရီ 32 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့
နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကို
အခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင်
ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့
နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်
ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့
နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်း
သူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့
အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကို
ဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာ
ဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို
တစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်
ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေး
တစ်ခုဖြစ်ကြောင်း ပြောပါရစေ...
My Week with Marilyn (2011)
⭐IMDB: 6.9/10 (89 k Votes)
🎬 #Biography #Drama #Romance
🗓 2011 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Week with Marilyn (2011)
~ IMDb – 6.9/10, Rotten Tomatoes – 83% ~
ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh…
ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။
ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။
ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူ...
Vavien (2009)
⭐IMDB: 7.5/10 (13 k Votes)
🎬 #Comedy #Drama #Thriller
🗓 2009 🎞 movie
🌎 #Turkey
⏰ 1 နာရီ 35 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating – 7.5/10
ဒီနေ့တော့ပရိတ်သတ်ကြီးကို Comedy Drama Thriller ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့
Celal ဆိုတဲ့သူက အကြွေးတွေဝိုင်းဝိုင်းလည်နေတဲ့ လျှပ်စစ်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့အကြွေးတွေကရုန်းထွက်နိုင်တဲ့သူက သူ့မိန်းမရဲ့စုဆောင်းငွေတွေကိုတပ်မက်ပြီး သူ့မိန်းမကိုမက်လုံးပေး ပျော်ပွဲစားထွက်ဖို့ပြောပါတော့တယ် ယောက်ျားကလွဲရင်ကျန်တာမမြင်တဲ့သူ့ဇနီးကလည်း သူ့ယောက်ျားက ပျော်ပွဲစားထွက်မယ်ပြောတော့ ရာသီဥတုမကောင်းတဲ့ မိုးရွာတော့မယ့်နေ့မှာတောင် သူငယ်ချင်းတွေကိုခေါ်ပြီး သူတို့မိသားစုလေးပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခဲ့ကြပါတယ်
ဒီလိုနဲ့အပြန်လမ်းမှာ Celal ရဲ့ဇနီးက ကားတံခါးကနေ ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားတဲ့အခါမှာတော့…ရဲတွေကဘယ်လိုလိုက်ရှာပါစေမတွေ့ခဲ့ပါဘူး သူ့ယောက်ျားလည်း သူ့မိန်းမကိုသေပြီလို့အောက်မေ့ပြီးအပျော်ကြီးပျော်နေချိန်မှာ သူ့မိန်းမပြန်ရောက်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို့ကြည့်ရှူရမှာပဲဖြစ်ပါတယ်။...
Woman in the Maze (2023)
⭐IMDB: 4.3/10 (758 Votes)
🎬 #Horror #Thriller #Mystery
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 40 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုကတော့ ၂၀၂၃ ထွက် Horror ဇာတ်ကားလေးမ်တ်ဆက်ပေးပါ့မယ်၊
ဇာတ်လမ်းက နာမည်ကြည့်ရုံနဲ့ မှန်းကြည့်လို့ရမယ့် ဇာတ်အိမ်မျိုးလေးပါ၊
ကိုယ် မရောက်ဖူးတဲ့ နယ်ဘက်နေတာကို အိမ်ခြံမြေစီမံကိန်းရဲ့လက်ထောက်မန်နေဂျာမလေး ဂက်ဘီက မြေကွက်အသစ်တွေလာကြည့်ဖို့ရောက်လာပါတယ်၊ မြို့က အစတည်းက လူသူနည်းပါး ခြောက်ကပ်ပြီး သရဲလ်ုလို ဝိဉာဉ်လိုလို ပုံပြင်တွေရဲ့ကောလဟာလတွေနဲ့နာမည်ကြီးတဲ့မြို့ပါ၊
ဂက်ဘီလည်းကိုယ်တည်းမယ့်အိမ်က အွန်လိုင်းပေါ်နေ ငှါးနေလိုက်ပေမဲ့ အိမ်ကြီးမှာ စနေတည်းက ထူးဆန်းမှုတွေဆက်တိုက်ကြုံလာချိန်မှာတော့...
Frozen River (2008)
⭐TMDB: 66.0% User Score
🎬 #Crime #Drama
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။
ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။
အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး...
The Suck Up Project (2012)
⭐IMDB: 5.8/10 (52 Votes)
🎬 #Comedy
🗓 2012 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Suck Up Project (2012)
အိုဒုံရှစ်က အာမခံစီမံရေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့ကို ဌာနက အရောင်းပိုင်းကို လွှတ်လိုက်လို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ သူလည်း အိမ်ပြန်အရောက် မွစာကြဲနေတဲ့ အိမ်နဲ့ သူ့အမေကို တွေ့လိုက်ရပါတယ်။အကြောင်းအရင်းက သူ့အမေဟာ သူ့အဖေ လူရိုးလူမှန် ဒုကျောင်းအုပ်ကိုသူ့အဖေမသိဘဲ လာဘ်ထိုးကာ ကျောင်းအုပ်ဖြစ်အောင် လုပ်ပေးဖို့အတွက်လူမိုက်တွေဆီက အကြွေးတွေ ယူခဲ့တာကြောင့် အကြွေးလာတောင်းရင်း လာသောင်းကျန်းသွားခဲ့ပါတယ်။
ဒုံရှစ်ကတော့ သူ့အဖေလည်း မသိအောင် သူ့ဘာသာ အကြွေးပြန်ဆပ်မယ်ဆိုပြီး အာမခံအရောင်း အလုပ်ကိုပဲ ပြန်ဝင်လုပ်ခဲ့ပါတယ်။
ပြဿနာက သူများကို မဖားတတ် အပြောမချို အနေအေးတဲ့ အိုဒုံရှစ်လိုလူကအာမခံရောင်းရတယ်ဆိုတော့ ဘယ်သူက သူ့လိုလူဆီ အာမခံဝယ်တော့မလဲ…သူ့မှာလည်း အကြွေးဆပ်ချိန်က တစ်လပဲ ရှိတာမလို့ အာမခံရောင်းတဲ့သူတွေရဲ့ လက်စွဲစာအုပ်ကို ရေးတဲ့ အဖားမာစတာကို ရှာဖွေရပါတော့တယ်။
အဖားမာစတာကို ရှာတွေ့တဲ့အခါ သူ့ကို တပည့်အဖြစ် လက်ခံပေးအောင် ပြောပြီးလူတွေကို ဖားနည်းကို အခြေခံကနေစပြီးတော့ သင်ယူပါတော့တယ်။
အဖားမာစတာဆီက သင်ယူထားတဲ့ ပညာနဲ့ ထုံထုံအေးအေး အိုဒုံရှစ်တစ်ယောက် ဘယ်လို ပြောင်းလဲသွားမလဲ၊သူ့အမေယူထားတဲ့အကြွေးတွေကိုရော ပြန်ဆပ်နိုင်မလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Comedy genre ဆိုပြီး အူတက်နေအောင် ရယ်ရမှာမဟုတ်ပေမဲ့ ယူတတ်ရင်တော့ ပညာတွေချည်းပါပဲနော်^^
အညွှန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်...
Tembang Lingsir (2019)
⭐IMDB: 5.4/10 (44 Votes)
🎬 #Horror #Comedy
🗓 2019 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 30 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tembang Lingsir (2019)
ထူးထူးဆန်းဆန်းကြည့်ချင်သူများအတွက် ဘာဖြစ်နေမှန်းမသိတဲ့အထိထူးထူးဆန်းဆန်းနဲ့ ကြည့်ရမယ့်ဇာတ်ကားလာပါပြီ။
တစ်နေ့ အိမ်မီးလောင်မှုနဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ မာလာဟာ ဦးလေးအိမ်မှာ လိုက်နေဖို့ ဖြစ်လာခဲ့ပါတယ်။ဦးလေးနဲ့ အဒေါ်က ကောင်းသလောက် မကောင်းတာက အိမ်ကြီးပါပဲ။
စရောက်တည်းက ထူးဆန်းမှုတွေနဲ့ ကြုံရပြီး၊ အမြဲလိုလိုထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့မြင်နေရပါတော့တယ်။
အဲ့လိုနဲ့ပဲ ဘာတွေဆက်ဖြစ်မလဲ သိချင်ရင် ဇာတ်ကားထဲမှာ ကြည့်လိုက်ကြပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်...
The Spies (2012)
⭐IMDB: 6.2/10 (269 Votes)
🎬 #Action #Comedy #Drama
🗓 2012 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 55 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Spies 2012 အညွှန်း
စပိုင်ကားတွေ ကြိုက်ပါတယ်ဆိုတဲ့လူတွေအဖို့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မြောက်ကိုရီးယားစပိုင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။IMDB 6.2/10 ရရှိထားပြီး Box office 8.3 မီလီယံရရှိထားတာက၂၀၁၂ ခုနှစ်က အတိုင်းအတာနဲ့ဆို တော်တော်လေး အောင်မြင်ခဲ့တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တာပေါ့။ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၀ ခေတ်ကာလက မြောက်ကိုရီးယားစပိုင်တွေ တော်တော်ခေတ်ထခဲ့တဲ့ကာလဖြစ်ပါတယ်။မြန်မာနိုင်ငံက အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကလည်း မြောက်ကိုရီးယားစပိုင်လက်ချက်ပါပဲ။မြောက်ကိုရီးယားစပိုင်တွေကို တောင်ကိုရီးယားဆီ စေလွှတ်ခဲ့ပြီး နိုင်ငံရေးအခြေအနေကို ထောက်လှမ်းနေခဲ့ကြပါတယ်။အဲထဲမှာမှ အဖွဲ့မှူးဂင်ကတော့ ရောက်တာကြာနေပြီး မိသားစုကိုဗီရာဂရာ (လိင်ကြီးဆေး) တွေရောင်းပြီး ခက်ခက်ခဲခဲ ရှာကျွေးနေရတာပါ။တစ်နေ့ကျတော့ မြောက်ကိုရီးယားက ဝန်ကြီးတစ်ယောက် တောင်ကိုရီးယားကိုသစ္စာဖောက်ပြီးနိုင်ငံရေးခိုလှုံခွင့်တောင်းဆိုလာတဲ့အခါမှာတော့ အရှုပ်အထွေးတွေ စတင်လာပါတော့တယ်။အဲအချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ဆေးရေးခေါင်းဆောင်ကို စေလွှတ်ပြီး အဖွဲ့မှူးဂင်တို့ဆီ ဆက်သွယ်ကာတောင်ကိုရီးယားမှာ ရောက်နေတဲ့ မြောက်ကိုရီးယားစပိုင်အဖွဲ့ကို ပြန်လည်စုစည်းပြီး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားကြပါတော့တယ်။
အဲလိုကြိုးစားတဲ့နေရာမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ အောင်မြင်ပါ့မလားဘယ်လိုအလွဲလေးတွေ ပေါ်လာမလဲဆိုတာ CM ဖန်သားပြင်ပေါ်က ကြည့်ရှုလိုက်ပါဦးနော်
ဒီကားထဲမှာ မင်းသားအနေနဲ့ အားလုံးပဲသိကြတဲ့ Detective K ရုပ်ရှင်တွေထဲက မင်းသားရယ်စုံထောက်ကားတွေဆို ပါနေကြဖြစ်တဲ့ မင်းသားကြီး Yu Haejin ရယ်ကောပါဝင်ထားတာဖြစ်လို့အက်ရှင်ကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်...
The Ghost (2004)
⭐TMDB: 60.0% User Score
🎬 #Horror #Thriller
🗓 2004 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 35 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dead Friend aka The Ghost (2004) အညွှန်း
ဒီတစ်ခေါက်မှာတော့ ၂၀၀၄ တုန်းကထွက်ရှိခဲ့တဲ့ Horror မူဗီဟောင်းလေးကိုတင်ဆင်ပေးချင်ပါတယ်
လွန်ခဲ့တဲ့ တစ်နှစ်လောက်က မတော်တဆမှုကြောင့် အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးဟာသူ့ဘဝမှာ ရည်ရွယ်ချက်ပျောက်ဆုံးပြီး အရာရာကစိမ်းသက်နေတာမို့ နိုင်ငံခြားကိုထွက်သွားဖို့ ရည်ရွယ်နေသူလေးပါလက်ရှိဘဝမှာတော့ သူဟာ ရှက်ကြောက်တတ်တဲ့သူပေမယ့် ဘယ်လိုရှုပ်လီပွေနေတဲ့သူ့အတိတ်ကြောင့်လဲမသိသူ့သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပါတယ်
အဲဒါအပြင် သူကိုယ်တိုင်လည်း ထူးဆန်းတာတွေမြင် အိမ်မက်ဆိုးထဲမှာလည်းခြောက်လှန့်ခံလာရပါတော့တယ်သူက အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့တာမို့ ဒီလိုအကျိုးဆက်တွေကိုခံစားနေရတာများလဲကိုယ့်ကိုယ်ကိုယ် ကိုယ့်အတိတ်ကို ပြန်ရှာနေတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးအကြောင်းကိုHorror vibe အပြည့်နဲ့ကြည့်လိုက်ရအောင်နော်
အညွှန်းကိုတော့Shin Shinက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Shin and Caliပဲ ဖြစ်ပါတယ်။...
Two Weddings and a Funeral (2012)
⭐IMDB: 6.2/10 (507 Votes)
🎬 #Comedy #Romance
🗓 2012 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 46 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Two Weddings and A Funeral (2012)
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်ကHomosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းကHomosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာHomosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ်လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလားသူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင်တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကိုဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်...
Flowers of Mold (2023)
⭐TMDB: 50.0% User Score
🎬 #Drama
🗓 2023 🎞 tv movie
🌎 #SouthKorea
⏰ 1 နာရီ 43 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Flower of Mold (2023)
‘စွန့်ပစ်ခံရတာတွေကရှင့်အကြောင်းကို ပိုပြီးရိုးသားစွာ ပြောပြနေတာမလို့’
ဇာတ်အိမ်အဆန်းလေးမှကြိုက်တတ်တဲ့သူတွေအတွက်ငြိမ့်ငြိမ့်လေးနဲ့ဆန်းဆန်းလေး ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
တိုက်ခန်းတွဲတစ်ခုမှာ တစ်ယောက်တည်းအိမ်ငှါးနေထိုင်တဲ့ ‘ဟန်ဂျီဆူး’ဆိုတဲ့မိန်းကလေးကသာမန်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကိုင်ပြီး အများအမြင်မှာလည်း သူလိုကိုယ်လိုလူတစ်ယောက်ပါ။
ဒါပေမယ့် သူ့မှာလူသိမခံနိုင်တဲ့ မကောင်းတဲ့အကျင့်ဆိုးတစ်ခုရှိနေတာပါ။
အဲဒီသူ့ရဲ့မကောင်းတဲ့ဉာဉ်ဆိုးနဲ့ပဲ တိုက်ခန်းတွဲက လူတစ်ယောက်ချင်းစီရဲ့ အကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်တတ်ပါတယ်။ဒီလိုပဲနေ့စဉ်ဖြတ်သန်းလာရင်းနဲ့ တစ်နေ့မှာ ဘေးခန်းကို ချောမောတဲ့ကောင်လေးတစ်ယောက်ပြောင်းလာတဲ့အခါ စိတ်ဝင်စားမိပါတော့တယ်။
ဒီလိုနဲ့ ‘ဝူဂျယ်’ဆိုတဲ့ အနေအေးတဲ့ကောင်လေးနဲ့ လျို့ဝှက်ချက်ပိုင်ရှင်ကောင်မလေး ‘ဟန်ဂျီဆူး’ တို့နဲ့ ဘယ်လိုတွေအနေနီးစပ်သွားကြမလဲသူ့ရဲ့လူသိမခံနိုင်တဲ့ အကျင့်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျောကြည့်ရှုနိုင်ပါပြီနေ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ThantSinပဲ ဖြစ်ပါတယ်။...
