ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Above the Law (1988) ⭐TMDB: 61% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 1988 🎞 movie 🌎 #UnitedStates #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့နာမည်ကြီးမင်းသားကြီး Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၈ ကထွက်ထားတဲ့ action/thriller ကားလေးဖြစ်ပါတယ် ဒီရုပ်ရှင်ကို Steven Seagal ကိုယ်တိုင် produce လုပ်ထားတာဖြစ်ပြီးတော့သူရဲ့ပထမဆုံးပွဲဦးထွက်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့… သိုင်းပညာမှာတော်တဲ့ CIA အေးဂျင့်ဟောင်းဖြစ်တဲ့ Nico Toscani ကသူ့ပါတနာ Delores နဲ့ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာအန္တရာယ်ရှိတဲ့မှောင်ခိုကူးမှူတစ်ခုကိုစုံစမ်းခဲ့မိကြပါတယ် ဒါပေမဲ့အထက်ကလူကြီးတွေကအဲ့ဒီအမှုကိုဆက်မစုံစမ်းဖို့အမိန့်ပေးတာကို Nico တစ်ယောက်လက်မလျှော့ဘဲအမှန်တရားကိုဆက်လက်ရှာဖွေတာကို action scenes တွေနဲ့ကြည့်လို့ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်...
Oru Nodi (2024) ⭐IMDB: 8.4/10 (104 Votes) 🎬 #Bollywood #Crime #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oru Nodi 2024 မီးခိုးကြွက်လျှောက် မှုခင်းထဲမှာမှ အမှုကို တစ်စစ အသေးစိတ်ဖော်ထုတ်ပြတဲ့ investigative crimeရုပ်ရှင်တွေကို နှစ်သက်သူတွေအကြိုက်တွေ့မယ့် တမီလ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ မထင်ထားတဲ့plot twistတွေနဲ့အတူဉာဏ်ကစားလိုသူတွေ အတူလိုက်စဉ်းစားရင်းနဲ့ ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ ဇာတ်လမ်းကိုတော့ လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကိုမတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက်အစအနရှာမရအောင် ပျောက်သွားတဲ့အခါ…. သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကိုဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာကကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့…. ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Blinky Bill the Movie (2015) ⭐IMDB: 5.1/10 (895 Votes) 🎬 #Adventure #Animation #Family 🗓 2015 🎞 movie 🌎 #Australia #Ireland #India ⏰ 1 နာရီ 31 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခိုအားလားလေး Blinky တစ်ယောက် အဖေ အမေတို့နဲ့အတူGreenpatch မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။ Blinky ရဲ့ အဖေကတော့ Greenpatch ကို စရှာတွေ့ခဲ့ပြီးတိရစ္ဆာန်တွေ စုစည်းနေထိုင်ဖို့ စည်းရုံးခဲ့တဲ့ဂန္ဓဝင်စွန့်စားရေးသမားကြီး Bill Koala ပါ။Blinky ကတော့ စူးစမ်းတတ်တဲ့ ကလေးပီပီ အဖေ့နောက်လိုက်ပြီးစွန့်စားခန်းတွေ ဖွင့်ချင်ပေမဲ့ စိုးရိမ်တတ်တဲ့ အမေကြောင့်ဘယ်ကိုမှ မသွားရတဲ့ ခိုအားလားပေါက်လေးပေါ့။ Blinky ရဲ့ အဖေက ကန္တာရကြီးထဲမှ ဒုက္ခရောက်နေတဲ့တိရစ္ဆာန်တွေကို သွားကယ်တတ်ပါတယ်။အဖေ့ရဲ့ စွန့်စားခန်းတွေကို နားထောင်ရုံသာ နားထောင်ပြီးလက်တွေ့စမ်းသပ်ခွင့်မရတဲ့ သနားစရာ Blinky လေးတစ်ယောက် Blinky တို့ရဲ့ အဖေတစ်ယောက် Sea of White Dragon ဆီစွန့်စားခန်းထွက်သွားပြီး ပြန်မလာနိုင်တာ နှစ်ချီကြာနေပါပြီ။အပြင်လောကက ကြောက်မက်ဖွယ်သားရဲကြီးတွေများစားသွားပြီလားပြန်လာဖို့လမ်းများရှာမတွေ့နိုင်လို့လား Blinky တို့ သားအမိကတော့ မျှော်တလင့်လင့်ပေါ့ ဒီလိုဒုက္ခပင်လယ်တွေ ဝေနေတုန်း အရင်က Greenpatch မှာနေခွင့်ပေးဖို့ ငြင်းခဲ့တဲ့ Bill ကို အငြှိုးထားတဲ့Cranklepot ဆိုတဲ့ ပုတ်သင်တစ်ကောင်က Greenpatch ကိုသိမ်းပိုက်ပြီး Blinky တို့သားအမိကို သူတို့နေတဲ့သစ်ပင်ကနေ နှင်ချဖို့ ပြဿနာရှာလာပါတော့တယ်။ အမေနဲ့ Greenpatch မှာ နေတဲ့ တိရစ္ဆာန်တွေကို Cranklepot လက်ကကူညီပေးနိုင်မဲ့သူကတော့ Blinky ရဲ့ ဖေဖေ Bill ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး။ဒီတော့ သူ့အဖေကို ရှာဖို့ သတ္တိခဲလေး Blink ဆီ တာဝန်ကျရောက်လာတဲ့အခါ….. အဖေရှာပုံတော်ထွက်လာတဲ့ Blinky တစ်ယောက် လမ်းခရီးမှာ တိရစ္ဆာန်ရုံကိုအသွားလှောင်အိမ်ပြုတ်ကျပြီး လမ်းပျောက်နေခဲ့တဲ့ ခိုအားလားမလေး Nutsyသူငယ်ချင်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သစ်ပင်ပေါ်မှာတန်းလန်းချိတ်မိနေတဲ့ ပုတ်သင်လေး Jacko တို့နဲ့အတူ ခရီးဆက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဖေကို ရှာဖို့ Sea of White Dragon ဆီကို စွန့်စားခန်း ထွက်လာတဲ့ Blinky,Nutsy, Jacko သူငယ်ချင်းသုံးယောက်ရဲ့ စွန့်စားခန်းလေးကို အားလုံးနဲ့အတူ ရှုစားလိုက်ကြရအောင်...
The Intruders (2015) ⭐IMDB: 4.5/10 (4 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2015 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က အပြင်ထွက်ရမှာကို အရမ်းကြောက်လန့်ပြီး အိမ်ထဲမှာပဲ နေနေခဲ့တာအခုဆိုရင် ၁၀ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ အခုအချိန်မှာတော့ သူကသေလု မျောပါးဖြစ်နေတဲ့ သူ့အစ်ကိုကို အိမ်မှာပဲ စောင့်ရှောက်ပေး နေခဲ့ပါတယ်။သူဘာလို့ အိမ်ပြင်ထွက်ရမှာအရမ်းကြောက်လန့် နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရ သေးပါဘူး။သူ့အစ်ကို ဆုံးပါးသွားတဲ့အချိန်မှာတော့ အစ်ကိုရဲ့ သေတမ်းစာအတိုင်း ပိုက်ဆံတွေအများကြီးကို အမွေရခဲ့ပါ တော့တယ်။ လူသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ အန်နာ့မှာ သိတဲ့ လူဆိုလို့ သူ့အိမ်ကို စားစရာ Delievery လာပို့ နေကျ ကောင်လေးနဲ့ သူ့အစ်ကိုရဲ့ ရှေ့နေပဲရှိပါတယ်။ အဲ့ဒါကြောင့် အန်နာလည်း စားစရာပို့တဲ့ ကောင်လေးဖြစ်တဲ့ ဒန်နဲ့ ခင်မင်သွားပြီး သူ့အတွက်အရေးမကြီးတဲ့ အမွေရထားတဲ့ ပိုက်ဆံတွေကို ဒန့်ကိုပေးပါတော့တယ်။ဒါပေမယ့် ဒန်က အဲ့ဒီလောက် ပိုက်ဆံအများကြီးကို လက်မခံနိုင်တဲ့အတွက် ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ ဈာပနနေ့ကို ရောက်ရှိ လာခဲ့ပြီး ထုံးစံအတိုင်းပဲ အန်နာကတော့လုံး၀အပြင်မထွက် ပါဘူး။အဲ့ဒီအချိန်မှာ လူ ၃ ယောက်ကသူ့အိမ်ထဲကို ဖောက်ထွင်း ဝင်ရောက်လာကြပြီး သူအမွေရထားတဲ့ပိုက်ဆံတွေကို လာရှာပါတော့တယ်။အဲ့ဒီ လူတွေကဘယ်သူတွေလဲဆိုတာကို အန်နာလုံး၀မသိသလို သူ့ဆီမှာပိုက်ဆံရှိနေတယ်ဆိုတဲ့ သတင်းကို ဘယ်လိုရသွားကြမှန်းလည်း မသိပါဘူး။သိပ်မကြာ လိုက်ခင်မှာပဲ အဲ့ဒီလူတွေက အန်နာ့ကိုတွေ့သွားပြီး ပိုက်ဆံတွေ ဘယ်မှာထားလဲဆိုတာကို အတင်းမေးပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အိမ်ကြီးထဲမှာ လူဆိုးသုံးယောက်နဲ့ အန်နာတစ်ယောက်တည်း ဖြစ်နေခဲ့ပေမဲ့ တကယ်တမ်းမုဆိုးကသားကောင် သားကောင်က မုဆိုးဖြစ်နေတာကို သိလာရတဲ့အချိန်မှာတော့ ဘယ်လို စိတ်လှုပ်ရှားစရာကောင်းတဲ့ သည်းထိပ်ရင်ဖိုအလှည့်အပြောင်း တွေကို တွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ Intruders ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Coven (2020) ⭐IMDB: 6.4/10 (6 k Votes) 🎬 #Drama #History 🗓 2020 🎞 movie 🌎 #Spain #France #Argentina ⏰ 1 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကို အခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်က ခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ် သွားကြပါတယ်။ အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လို ရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာ စတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေးတွေလည်း ပါတာမို့ ကြည့်ရင်း သဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။ စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ်...
Moonwalkers (2015) ⭐IMDB: 6.1/10 (10 k Votes) 🎬 #Action #Comedy 🗓 2015 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 37 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်း တစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင် လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူး နှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက် အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန် နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လို ဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့ စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီး Harry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်း မင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီး IMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့ မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကို ပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေ ထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိ သောကပတ်လည်ဝိုင်းနေပါတော့တယ်။တစ်ဖက်မှာလည်း အပိုလို ၁၁ ကိုလပေါ်လွှတ်တင်တော့မဲ့ အမေရိကန်က မအောင်မြင်မှာကို စိုးရိမ်တာက တစ်ကြောင်း ရှရှားကလည်း အသည်းအသန်လပေါ်လူလွှတ်တင်ဖို့ ကိစ္စလုပ်နေတာက တစ်ကြောင်းနဲ့ အကြံအိုက်နေကြပါတော့တယ်။အဲ့ဒါကြောင့် မပြောကောင်းမဆိုကောင်း အခုလွှတ်တင်မဲ့ အာကာသယာဉ် မအောင်မြင်ခဲ့ရင်တောင်မှ တစ်ကမ္ဘာလုံးကိုဂျင်းထည့်ပြသဖို့ အတွက် မကြာသေးခင်ကမှစိတ်ကူးယဉ်အာကာသသိပ္ပံရုပ်ရှင် ရိုက်ကူးထားတဲ့ နာမည်ကြီး ဒါရိုက်တာကျူးဘရစ်ကို လပေါ် ဆင်းသက်တဲ့ ရုပ်ရှင်ရိုက်ခိုင်းဖို့ကြံပါတော့တယ်။ဒီလိုနဲ့ CIA အေးဂျင့်ကစ်ဒ်မန်းကို ပိုက်ဆံတစ်ထုပ်နဲ့ ဒါရိုက်တာကျူးဘရစ်နဲ့ တွေ့ဖို့ လွှတ်လိုက်ပါတော့တယ်။တိုက်ဆိုင်ချင်တော့ အေးဂျင့် ကစ်ဒ်မန်းဒါရိုက်တာကျူးဘရစ်နဲ့တွေ့ဖို့ ရောက်လာတဲ့အချိန်မှာ ဂျွန်နီကလည်း ပိုက်ဆံချေးဖို့ အဲ့ဒီရုံးခန်းထဲကို ရောက်နေတာနဲ့ တိုးပါလေရော။အေးဂျင့်ကစ်ဒ်မန်းကလည်း ဂျွန်နီ့ကို ဒါရိုက်တာ လက်ထောက် ထင်ပြီးပိုက်ဆံထုတ်ကြီး ပြလိုက်တော့ ဂျွန်နီ ကလည်း ဂျင်းထည့်မဲ့ အစိုးရကို တစ်ဖန်ပြန်ဂျင်းထည့်ရင်းနဲ့ ဂျင်းသံသရာတွေ လည်ကုန်ပြီး ဘယ်လိုရယ်မောစရာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့ရဦးမလဲဆိုတာကို ကြည့်ရမဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Hot Hair Salon (2020) ⭐TMDB: 44% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 6 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [19+] Hot Hair Salon (2020) *************************** ယွန်းဘုံးဆိုသူဟာ အိမ်ထောင်သက် ၃ နှစ်တိုင်တိုင်ပန်းသေပန်းညှိးဖြစ်နေလို မိန်းမဖြစ်သူနဲ့ ကွာရှင်းရတော့မဲ့ကိန်းဆိုက်နေပါတယ်ယွန်းဘုံးတစ်ယောက် ကြံရာမရဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ဂျူနီယာ ဟယ်ဆောင်းကအတွင်းခံပဲဝတ်ပြီး ဝန်ဆောင်မှုပေးတဲ့ ဆံပင်ညှပ်ဆိုင်လေးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်အထူးသီးသန့်ဆံပင်ညှပ်ဆိုင်လေးရဲ့ ဝန်ဆောင်မှုကောင်းမှုကြောင့်ယွန်းဘုံးရဲ့ရောဂါ ပြန်လည်သက်သာလာမလားဆိုတာတော့…File Size : 1.49 GB, 510 MB Quality : 1080p,720p Format…mp4 Duration…01:16:17 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Mad Fate (2023) ⭐IMDB: 6.4/10 (750 Votes) 🎬 #Mystery #Thriller #Crime #Horror 🗓 2023 🎞 movie 🌎 #HongKong ⏰ 1 နာရီ 45 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mad Fate (2023) ============ “ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်”လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်ပြီးထောင်ကျကိန်းရှိနိုင်တဲ့အတွက် ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။ အစကတော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
I Sell the Dead (2008) ⭐TMDB: 60% User Score 🎬 #Comedy #Horror #Drama 🗓 2008 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Sell the Dead (2008) ================= ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ဆရာဖြစ်သူ အလောင်းခိုးမှု၊ လူသတ်မှုနဲ့ ခေါင်းဖြတ်ခံရတဲ့အခန်းကနေစထားတာပါ။ တပည့်အလှည့်ကတော့ မနက်ဖြန်ပေါ့လေ။ အဲလိုသေဒဏ်မပေးခင်မှာ ဘုန်းတော်ကြီးတစ်ပါးကို အပြစ်သားဆီလွှတ်ပြီး အပြစ်ဖော်ဆုံးမခိုင်းလေ့ရှိပါတယ်။ ဘုန်းတော်ကြီးနဲ့ တပည့်ဖြစ်သူတို့ စကားပြောရင်း တပည့်လေးက သူတို့ရဲ့အလောင်းသူခိုးအတွေ့အကြုံတွေ၊ မျက်မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာတွေကို ပုံပြင်တစ်ခုလိုပြန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာပါတော့တယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Mutant Chronicles (2008) ⭐TMDB: 52% User Score 🎬 #Action #Adventure #Mystery #SciFi #Horror #ScienceFiction 🗓 2008 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mutant Chronicles (2008) ================== “တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။” ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ Thomas Jane, Ron Perlman, John Malkovich တို့အပြင် “D.E.B.S” နဲ့ “2 Fast 2 Furious”က Devon Aoki လေးလည်း ပါဝင်တာမို့ မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Humen Escort Group (2020) ⭐TMDB: 0% User Score 🎬 #Action #Adventure #Drama 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေတ်ပျက်တစ်ခုကို နောက်ခံထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ.. အကျင့်ပျက် မင်းတစ်ပါးလက်အောက်မှာ အာဏာရကြီးစိုးနေတဲ့ အမတ်တစ်ဦးရဲ့ ဆိုးချင်တိုင်းဆိုးတဲ့အရာကို ပုံဖော်ထားတာပါ.. ဘယ်လောက်ဆိုးလဲဆိုရင် ယန်မိသားစုကို သတ်တဲ့အပြင်… မင်းသမီးနေရာအစားထိုးတဲ့အထိ လုပ်ခဲ့တယ်… သို့ပေမယ့် မင်းသမီးယောင်ဆောင်နေရတဲ့ ယန်အမျိုးသမီးတစ်ယောက် ဘာတွေဆက်လုပ်ပြီး ဘယ်လိုရှောင်ပြေးလွတ်မြောက်မယ်ဆိုတာ ဇာတ်ကားလေးကြည့်သင့်တယ်နော်...
Udeekan Teriyan (2023) ⭐IMDB: 7.5/10 (50 Votes) 🎬 #Bollywood #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Udeekan Teriyan (2023)”ကံကြမ္မာ”============================= ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာလေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကိုနေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။ သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲသူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Aa Okkati Adakku (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aa Okkati Adakku (2024) “မမေးသင့်သောအရာ”IMDb – 7.4/10 တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချောဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူကကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။ မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက်အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။ အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေအချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Blood Work (2002) ⭐TMDB: 62% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2002 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ ပါတယ်။ အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲ ခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေ ကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက် ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူး သေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့ Recommend ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့ လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ် လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့ သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့ သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့ စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာ ကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာ မဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက် ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေ ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက် တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီး မက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့ တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာ နှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီး မက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့ စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ် သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့် အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့ အချိန်မှာ သူ့ဆီကို နှလုံးအလှူရှင်ရဲ့ အစ်မရောက်ချလာပါတော့ တယ်။အကြောင်းအရင်းကတော့ နှလုံးလှူပေးခဲ့တဲ့သူ့ညီမက ရိုးရိုးတန်းတန်းသေဆုံးခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့် သူ့ညီမနှလုံးကိုအစားထိုးထားတဲ့ နာမည်ကြီး စုံထောက်ကြီးဆီမှာ အဲ့ဒီအမှုကိုဖော်ထုတ်ပေးဖို့ အကူအညီလာ တောင်းတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အငြိမ်းစား ယူထားတဲ့ စုံထောက်ကြီးလည်း သူ့နှလုံးအလှူရှင်ရဲ့သေဆုံး မှုကို ပြန်လည်ဖော်ထုတ်ဖို့အကြောင်းဖန်လာပြီး လိုက်လံစုံစမ်း ရာမှာတော့ ဘယ်လိုလျှို့ဝှက်နက်နဲပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အမှန်တရားတွေကို တွေ့လာရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။...
O2 (2024) ⭐IMDB: 8.8/10 (8 k Votes) 🎬 #Bollywood #Romance #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 O2 (2024)“အသက်ကယ်ဆေး” အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယကန်နာဒါနောက်ခံစကားပြော ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Raghav Nayak နဲ့ Prashanth Raj တို့ကရိုက်ကူးပေးထားပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့အပြင်Ashika Ranganath, Praveen Tej နဲ့ Raghav Nayak တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအငယ်ဆုံး ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရှာရဒါလေးဟာငယ်ဘဝတုန်းက ဖခင်သေဆုံးမှုကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ကုသနိုင်ဖို့အတွက် သေဆုံးသွားတဲ့လူကိုO2 ဆေးရည်ထိုးသွင်းပြီး ပြန်လည်အသက်ရှင်အောင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ဒေါက်တာဒေ့ဗ်၊ ဒေါက်တာဗန်ကီ၊ဒေါက်တာရှရီရတီတို့နဲ့အတူတူ ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ ဒီလိုမျိုး အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ရင်ဆိုင်ရင်း နောက်ဆုံးမှာ အောင်မြင်သွားမလားရှုံးနိမ့်သွားမလားဆိုတာကိုတော့ O2 ဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
The Possession of Michael King (2014) ⭐IMDB: 5.7/10 (13 k Votes) 🎬 #Horror 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ David Jung ရဲ့ လက်ရာဖြစ်တဲ့ The Possession of Michael King ဟာဆိုရင် ၂၁၁၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အပလောကအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ကားပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မိုက်ကယ်ကင်းဟာ မိန်းမရယ်၊ သမီးလေးရယ်၊ ခွေးလေးတစ်ကောင်ရယ်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ရက်မှာတော့ မိန်းမဖြစ်သူ ဆမန်သာဟာ သူယုံကြည်တဲ့ ရှေ့ဖြစ်ဟောဆရာ တစ်ယောက်ရဲ့ အကြံကို နားထောင်ပြီး မိသားစုခရီးစဉ်ကို ဖျတ်လိုက်ကာမှ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားတဲ့အခါ နကိုကတည်းက ဘာသာမဲ့ တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်အနေနဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေ မရှိကြောင်းကို ကိုယ့်ကိုယ်ကိုစတေးခံပြီး သက်သေပြပါတော့တယ်။ နောက်ပိုင်းမှာ မိုက်ကယ် မထင်ထားတဲ့ အခြေအနေတွေ ဆက်တိုက်တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဖြစ်လာမလဲဆိုတာကို ရင်ဖိုဖိုနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Exorcism: Haunted Child (2015) ⭐IMDB: 5.3/10 (49 Votes) 🎬 #Drama #Horror 🗓 2015 🎞 movie 🌎 #Vietnam #Thailand ⏰ 1 နာရီ 26 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exorcism: Haunted Child (2015) ========================== မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။ သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Serbidoras (2024) ⭐IMDB: 6.6/10 (8 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 50 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Serbidoras (2024)================ဒွန်နာ၊ရီနာနဲ့လီဇယ်တို့ဟာ နယ်မြို့လေးကနေ မနီလာမှာလာအလုပ်လုပ်နေကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ပြီးလက်ရှိမှာတော့ မိဘတွေကိုထောက်ပံ့ရင်းနဲ့ပဲကိုယ့်ဘ၀တိုးတက်ဖို့အလှည့်မပေးနိုင်ဖြစ်နေခဲ့ကြပါတယ်။သူတို့ရနေတဲ့ လစာနဲ့လည်းလိုအပ်ချက်တွေအလျင်မမှီတဲ့အတွက် လူချမ်းသာရည်းစားတွေကိုယ်စီထားပြီး အဲ့ဒီရည်းစားတွေရဲ့အကူအညီကိုလည်းတစ်ဖက်ကယူနေကြရပါတယ်။ကံဆိုးစွာပဲ သူတို့ရည်းစားတွေအားလုံးက အိမ်ထောင်သည်တွေဖြစ်ပြီး အဲ့ဒီလူတွေရဲ့ဇနီးတွေက သူတို့ဇာတ်လမ်းကိုသိသွားကြတဲ့အချိန်မှာတော့..။Chloe Jenna၊ Denise Esteban၊ Aila Cruz ဆိုတဲ့ Vivamax ထိပ်တန်းမင်းသမီးသုံးယောက်ဦးဆောင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(650MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
House of Lies (2024) ⭐IMDB: 6.6/10 (33 Votes) 🎬 #Action #Bollywood #Drama #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 22 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 House of Lies (2024)“မုသားအိမ်တော်” အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အခုလက်ရှိ ခေတ်စားနေတဲ့ Cryptocoin နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းဖြစ်ပြီးMurder Mubarak (2024) မှ မင်းသား Sanjay Kapoorအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ “ကိုယ်တတ်နိုင်တာထက် ပိုပြီးသုံးဖို့ မကြိုးစားနဲ့” ဆိုတဲ့စကားနဲ့ ဆန့်ကျင်လို့အာလ်ဘတ်ပင်တို ဆိုတဲ့ အဘိုးကြီးကတော့ “ကြွယ်ဝစွာနေထိုင်ဖို့ မတွေးရင်ဘယ်တော့မှ ကြွယ်ဝလာမှာမဟုတ်ဘူး” လို့ မှတ်ယူထားပုံပါပဲ ခရစ်ပတိုကွိုင်ကြောင့် ၃၅ ကုဋေထိ ဘယ်သို့ဘယ်ပုံရယ်မသိ နေ့ချင်းညချင်း ကြွယ်ဝသွားတယ်ဒီလိုကနေ သူ့ရဲ့မွေးနေ့ပါတီမှာပဲ ထူးဆန်းစွာသေဆုံးသွားခဲ့တယ်မွန်ဘိုင်းက ထူးချွန်တဲ့ စုံစမ်းရေးအရာရှိ မစ္စတာရာ့ဂျ်ဗီးရ်တစ်ယောက်အရာရာအပြစ်အနာအဆာကင်းမဲ့ပုံ ထင်ရတဲ့ “ပင်တို မိသားစု” ကို စစ်မေးရင်း … သံသယတရားခံတွေကို ဆွဲထုတ်လို့ မြှုပ်နှံထားတဲ့ အလိမ်အညာတွေကို ရှာလို့တွေ့မှာလားနက်နဲတဲ့ ပဟေဠိတွေကို တစ်နာရီ မိနစ်နှစ်ဆယ်ခန့်သာရှည်တဲ့ ဒီရုပ်ရှင်လေးမှာ အပိုစာသားတွေသိပ်မပါပဲ ကြည့်ရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Alex ~ KKKZ တို့ ဖြစ်ပါတယ်...
Godzilla 2000: Millennium (1999) ⭐TMDB: 69% User Score 🎬 #Adventure #Action #Drama #SciFi #Thriller #ScienceFiction 🗓 1999 🎞 movie 🌎 #Japan ⏰ 1 နာရီ 47 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Godzilla 2000: Millennium (1999) ===================== ဂေါ်ဇီလာဟာ ဂျပန်အတွက်တော့ သဘာ၀ရဲ့စွမ်းအားတစ်ရပ်ပဲဖြစ်ပါတယ်။သူ့နောက်ကြောင်းနဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေကိုစိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်နဲ့ဝါသနာတူတစ်စုဟာ ဂေါ်ဇီလာခန့်မှန်းရေးကွန်ယက်ဆိုတဲ့ (GPN) ကိုဖွဲ့စည်းပြီး သူ့အကြောင်းတွေရောက်လာနိုင်မယ့်အချိန်ကိုခန့်မှန်းတွက်ချက်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အရေးပေါ်အခြေအနေထိန်းသိမ်းရေးအဖွဲ့ (CCI) ဟာ နှစ်သန်းပေါင်းခြောက်ဆယ်သက်တမ်းရှိ အမည်မသိယာဉ်ပျံကြီးတစ်ခုကိုရေအောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲ မြေပေါ်ကိုပြန်တက်လာပြီဖြစ်တဲ့ ဂေါ်ဇီလာနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြင်းအထန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ တကယ်လို့ ဒီ ဂြိုလ်သားယာဉ်ပျံကြီးကပါ မိတ်ဆွေမဟုတ်ပဲ ရန်သူဖြစ်နေခဲ့မယ်ဆိုရင် အင်အားကြီး ရန်သူနှစ်ဦးကြားမှာ လူသားတွေအမှုန့်ခြေခံရတော့မှာပဲဖြစ်ပါတယ်။ Godzilla 2000 ကတော့ Millennium era ရဲ့အဖွင့်ဇာတ်ကားပဲဖြစ်ပါတယ်။ပြန်လည်ခံစားကြည့်လို့ရပါပြီ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
