ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Cruel Intentions (2024) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2000 ခုနှစ်ကနာမည်ကြီးခဲ့တဲ့ အမေရိကန် Teenage Romance Drama ရုပ်ရှင်ဇာတ်ကားကို Amazon Prime က ခေတ်သစ်လူငယ်သရုပ်ဆောင်တွေနဲ့ ပြန်လည် remake အသက်သွင်းထားတာဖြစ်ပါတယ် ဂုဏ်ရှိန်ကြီးမားတဲ့တက္ကသိုလ်မှာ ကာရိုလိုင်းက အမျိုးသမီးအဆောင်အုပ်ချုပ်သူ ဥက္ကဌတဖြစ်လဲ လူမှု social clubတွေကိုပါ ဦးစီးနေတာဖြစ်ပါတယ် သူနဲ့အတူ အပြိုင်အဆိုင် social club တွေလည်း ရှပြီး မကြာခင် ဒုသမ္မတရဲ့သမီးဖြစ်သူ အန်နီဂရော့ပါက fresher တစ်ယောက်အဖြစ် ရောက်လာတော့မှာဖြစ်ပါတယ်… ဒါကိုသိကြတဲ့ club တွေက အန်နီကို အပြိုင်သိမ်းသွင်းဖို့ကြိုးစားရင်း High School Romance vibe ကိုအပြည့်အ၀ရစေမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။...
The Office (2005) ⭐TMDB: 86% User Score 🎬 #Comedy 🗓 2005 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 21 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmarဇာတ်ညွှန်း 📜 The Office (TV Series 2005–2013) IMDb Rating (9/10) / Rotten Tomatoes (81%) Sit-Com တွေအကြောင်းပြောမယ်ဆိုရင် မသိသူမရှိတဲ့ Friends, HIMYM, Big bang theory တို့အပြင်ချန်လှပ်ထားခဲ့လို့မရတာကတော့ အစဉ်အလာကြီးမားတဲ့ The Office Series တွေပါပဲ။မူရင်း British series နဲ့ အခုတင်ဆက်ပေးမယ့် အမေရိကန် Series အပြင် နိုင်ငံအမျိုးမျိုးကကိုယ်စီပြန်အသက်သွင်းခဲ့ကြတာတွေမနည်းမနောရှိတဲ့အတွက် သူ့ပရိသတ်တွေကလည်း မနည်းလှဘူးလို့ဆိုရမှာပါ။ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ဌာနခွဲရုံးတစ်ရုံး သူတို့ရဲ့မန်နေဂျာနဲ့တစ်ခြားသော ဝန်ထမ်းတစ်သိုက်ရဲ့နေ့စဉ်ရုံးတွင်းအတွေ့အကြုံလေးတွေအကြောင်းဟာသနှောရိုက်ထားတဲ့ ဇာတ်လမ်းတွဲဟာ ဘာကြောင့်ဒီလောက်အထိအောင်မြင်သွားခဲ့လဲဆိုတာကတော့ဇာတ်ကောင်တွေအပေါ် ပရိသတ်တွေရဲ့ဆက်စပ်ခံစားနိုင်မှုကြောင့်လို့ပြောနိုင်ပါတယ်။ Sit-Com series တွေကို ကြည့်လိုက်တိုင်းမှာ ရလာတဲ့ခံစားချက်လေးတစ်ခုကတော့ တချို့ဇာတ်ကောင်တွေအဖြစ်အပျက်တွေဟာကိုယ်တိုင်ပဲကြုံဖူးတာလိုလို တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့တူနေတတ်တာမျိုးပေါ့…Friends ထဲက ဆရာလုပ်တတ်ပြီး စနစ်ကျစတိုင်ကျတဲ့ Ross လို ဘော်ဒါမျိုး…How I met your mother ထဲက အလုပ်ကြိုးစားပြီး ကောင်မလေးကိုအရမ်းချစ်ပြတတ်တဲ့ Marshall လို ငတိမျိုး…Big bang theory ထဲက အလှပြင်ရင်းဘဲထားရင်နဲ့ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ Penny လို ကောင်မလေးမျိုး….Young Sheldon ထဲက ဘီယာကိုဖာလိုက်သောက်တတ်တဲ့ရှယ်ဒန်ရဲ့အဖေ George Cooper လိုလူမျိုးက ကိုယ့်အဖေနဲ့တောင်ဆင်သလိုလို ခံစားရမိစေပါတယ် အဓိကပြောချင်တာက Sit-com တွေဆိုတာ ကိုယ့်ဘဝနဲ့အနီးစပ်ဆုံးတူညီပြီး သူတို့ရဲ့ဇာတ်လမ်းတည်ဆောက်ပုံအရ စီးရီးတစ်ခုကိုကြည့်မိပြီးရင်ကိုယ်ပါအဲ့ဇာတ်ကောင်တွေနဲ့နေ့စဉ်ဖြတ်သန်းရင်း ဒီအပိုင်းတစ်ခုစာ မကြာလှတဲ့ မိနစ်နှစ်ဆယ်လေးဟာတစ်နေ့တာကြုံရသမျှဘဝအမောတွေကို ရှောင်ပြေးပြီး ကိုယ့်ဘော်ဒါတွေနဲ့သွား hang out လုပ်နေရသလိုပါပဲ…စစချင်းအကျင့်မဖြစ်သေးရင် ပျင်းသလိုဖြစ်ပေမယ့် ကိုယ်နဲ့ဇာတ်ကောင်တွေက ဘော်ဒါတွေလို ရင်းနှီးကျွမ်းဝင်သွားတဲ့အခါမှာတော့ဇာတ်သိမ်းသွားရင်တောင် စော်ပစ်ခံရသလို တစ်ပတ်လောက် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး တိုင်ပတ်နေတာပါ…အခုမိတ်ဆက်ချင်တဲ့ The Office US Version ကလဲ အဲ့လို အပန်းဖြေအဖော်ပြုလို့ကောင်းတဲ့ စီးရီးတစ်ခုဆိုတာ ငြင်းစရာမရှိပါဘူး… The Office စီးရီးကိုတော့ memes တွေက တဆင့်ဖြစ်ဖြစ်၊ short clips လေးတွေက တဆင့်ဖြစ်ဖြစ်လူတိုင်းနီးပါး မြင်ဖူး၊ ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန် ဗားရှင်းပေါ့။ ဒီစီးရီးကို 2005 ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသခဲ့တယ်။ အဲဒီအချိန်ကစပြီး ခပ်မြန်မြန်ပဲ ကမ္ဘာကျော်သွားတယ်။meme လောကမှာလည်း The Office series ထဲက template တွေကို ရေလည်သုံးခဲ့ကြတယ်။ ဒီစီးရီးမှာ အဓိက အကြောင်းအရာကတော့ ဒန်ဒါမစ်ဖလင်ရုံးက ဝန်ထမ်းတွေရဲ့ တစ်နေ့တာ ဖြတ်သန်းပုံတွေပဲ။ပျင်းစရာကောင်းတဲ့ ရုံးခန်းတစ်ခုကနေ ဘယ်လို ပျော်စရာတွေ မွေးထုတ်နိုင်သလဲဆိုတာကို ဒီစီးရီးမှာ မြင်ရလိမ့်မယ်။ရုံးဆိုရင် ဖိုင်တွေကြားထဲမှာ ထိုင်ပြီး ပျင်းစရာကောင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းရတဲ့ နေရာတစ်ခုအဖြစ် လူတိုင်း မြင်တတ်ကြတယ်။ဒီရှိုးကတော့ ရုံး ဆိုတဲ့ နေရာကို အိမ်အဖြစ် အဓိပ္ပာယ် ပြန်ဖွင့်ပေးလိုက်သလိုပါပဲ။ ကာရိုက်တာတိုင်းမှာ ထင်ရှားတဲ့ စရိုက်မျိုးရှိတယ်။ သူတို့ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ ဆက်ဆံရေးမျိုးရှိတယ်။ဂျင်မ်နဲ့ ပမ်ကြားက တမြေ့မြေ့လောင်နေတဲ့ ချစ်ခြင်းမျိုးကို တွေ့လိမ့်မယ်။ သူတို့နှစ်ယောက်ပဲ သိတဲ့ inside jokes လေးတွေကိုလည်း မြင်ရမယ်။သာမန်ဘဝမှာ မြင်နေကျ ခိုးကြည့်ရင်း ရင်ခုန်ရတဲ့ သဘာဝကျတဲ့ ချစ်ခြင်းမျိုးကို သူတို့ကြားမှာမြင်ရတယ်။အချစ်ဆိုတာ ကိန်းကြီးခန်းကြီးနေရာတွေမှာမှ ရှာတွေ့တဲ့ အရာမျိုးမဟုတ်ဘူး။ အချစ်ဆိုတာ ဝုန်းခနဲထတောက်တဲ့ မီးမျိုးမဟုတ်ဘူး။အချစ်ဆိုတာ နေ့စဉ်ဘဝရဲ့ ချောင်ချို ချောင်ကြားလေးတွေမှာလည်း ပုန်းလျှိုးနေတတ်တဲ့ အကြောင်းကိုလည်း ဒီစီးရီးမှာမြင်ရလိမ့်မယ်။ကျနော်တို့ နေ့စဉ် လူနေမှုဘဝမှာ မြင်နေကျ အဖြစ်အပျက်တွေကိုပဲ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ဂရုဏာသက်စရာတွေ ဖြည့်ရင်း လှလှပပ သရော်ထားတဲ့ လက်ရာတစ်ခုပဲ။ ဒီစီးရီးမှာ အဓိက မီးမွှေးတာကတော့ ဂျာကြီး မိုက်ကယ်စကော့တ်ပါ။ သူက သဘောကောင်းသလောက် ဗရုတ်ကျတဲ့ ဂျာကြီးမျိုး။သူ့ဝန်ထမ်းတွေ ချစ်တာကိုလည်း မတရားလိုချင်တဲ့လူ။ တစ်ခါတလေတော့လည်း စေတနာအမှားလေးတွေ ဖြစ်တာပေါ့။ဒီအမှားတွေကပဲ ရယ်စရာတွေကို ဆင့်ကဲမွေးထုတ်ပေးတယ်။ ထိခိုက်မှုမရှိတဲ့ အမှားမျိုးဟာ ဟာသပါပဲ။မိုက်ကယ်နဲ့ သူ့ရဲ့လက်ထောက် ဒွိုက်ကြားက ဆက်ဆံရေးကလည်း အူကြောင်ကြောင်နိုင်လွန်းသလို ထူးလည်းထူးခြားတယ်။အပေါ်ယံကြည့်ရင်တော့ သူတို့ဆက်ဆံရေးက အထက်အေ...
White Lies (2024) ⭐IMDB: 6.0/10 (689 Votes) 🎬 #Drama #Crime #Thriller 🗓 2024 🎞 tv series 🌎 #SouthAfrica ⏰ 51 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ( Season 1 ) အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီတစ်ခါမှာတော့ ပိတ်ရက်ကြည့်စရာ Crime Thriller ဇာတ်လမ်းတွဲလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ အက်ဒီဟန်ဆန်ရဲ့ အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရတာနဲ့ စတင်ထားပါတယ် ။ အက်ဒီဟန်ဆန်ရဲ့ အစ်ကို အန်ဒရူးမက်ကန်ဇီဟာ သူ့ရဲ့ ဇိမ်ခံ အိမ်ကြီးထဲမှာ အသတ်ခံလိုက်ရပြီး ဇနီးဖြစ်သူကလည်း သေလု မျောပါး အရိုက်ခံလိုက်ရပါတယ် ။ ဒါပေမဲ့ ရဲဘက်က အဓိက သံသယရှိသူကတော့ သားနဲ့သမီးဖြစ်တဲ့ ဒန်နီရယ်နဲ့ ဂျေမီပါတဲ့ ။ ဒီအမှုကို အဓိက ကိုင်တွယ်တဲ့ ရဲအရာရှိ ဖိုတီဘဲလ် နဲ့ သတင်းထောက် အက်ဒီဟန်ဆန်ဟာလည်း မကျေလည်ခဲ့တဲ့ အတိတ်တွေက ရှိနေပြန်ပါသေးတယ် ။ အက်ဒီဟန်ဆန်ကလည်း သူ့တူနဲ့ တူမကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားသလို ဖိုတီဘဲလ်ကလည်း အဲဒီကလေးနှစ်ယောက်ကို ထောင်ထဲထည့်ဖို့ ကျားကုတ်ကျားခဲပါပဲ ။ တစ်ယူသန်တဲ့ ဖိုတီဘဲလ်နဲ့ တူဇော တူမဇောကပ်နေတဲ့ အက်ဒီဟန်ဆန် သူတို့နှစ်ယောက်မှာ ဘယ်သူက အမှန်ဖြစ်မလဲ ။ မျိုးရိုးနာမည် မတူတဲ့ အက်ဒီဟန်ဆန်နဲ့ အန်ဒရူးမက်ကန်ဇီကရော ဘယ်လိုဇာတ်ကြောင်းတွေ ရှိနေတာလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာ အသေးစိတ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ သေချာတာတစ်ခုကတော့ ဖိုတီဘဲလ်နဲ့ အက်ဒီဟန်ဆန်တို့ နှစ်ယောက်ကလွဲလို့ ဇာတ်လမ်းထဲက ပါဝင်သမျှ လူတိုင်းဟာ သံသယဝင်စရာကောင်းနေတယ်ဆိုတာပါပဲ ။ ဒါဆိုရင်တော့ တကယ့်လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာကို White Lies ဇာတ်လမ်းတွဲထဲမှာ အတူတူရှာဖွေကြည့်လိုက်ရအောင်ပါ...
White Lies (2024) ⭐IMDB: 6.0/10 (689 Votes) 🎬 #Drama #Crime #Thriller 🗓 2024 🎞 tv series 🌎 #SouthAfrica ⏰ 51 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ( Season 1 ) အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီတစ်ခါမှာတော့ ပိတ်ရက်ကြည့်စရာ Crime Thriller ဇာတ်လမ်းတွဲလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ အက်ဒီဟန်ဆန်ရဲ့ အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရတာနဲ့ စတင်ထားပါတယ် ။ အက်ဒီဟန်ဆန်ရဲ့ အစ်ကို အန်ဒရူးမက်ကန်ဇီဟာ သူ့ရဲ့ ဇိမ်ခံ အိမ်ကြီးထဲမှာ အသတ်ခံလိုက်ရပြီး ဇနီးဖြစ်သူကလည်း သေလု မျောပါး အရိုက်ခံလိုက်ရပါတယ် ။ ဒါပေမဲ့ ရဲဘက်က အဓိက သံသယရှိသူကတော့ သားနဲ့သမီးဖြစ်တဲ့ ဒန်နီရယ်နဲ့ ဂျေမီပါတဲ့ ။ ဒီအမှုကို အဓိက ကိုင်တွယ်တဲ့ ရဲအရာရှိ ဖိုတီဘဲလ် နဲ့ သတင်းထောက် အက်ဒီဟန်ဆန်ဟာလည်း မကျေလည်ခဲ့တဲ့ အတိတ်တွေက ရှိနေပြန်ပါသေးတယ် ။ အက်ဒီဟန်ဆန်ကလည်း သူ့တူနဲ့ တူမကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားသလို ဖိုတီဘဲလ်ကလည်း အဲဒီကလေးနှစ်ယောက်ကို ထောင်ထဲထည့်ဖို့ ကျားကုတ်ကျားခဲပါပဲ ။ တစ်ယူသန်တဲ့ ဖိုတီဘဲလ်နဲ့ တူဇော တူမဇောကပ်နေတဲ့ အက်ဒီဟန်ဆန် သူတို့နှစ်ယောက်မှာ ဘယ်သူက အမှန်ဖြစ်မလဲ ။ မျိုးရိုးနာမည် မတူတဲ့ အက်ဒီဟန်ဆန်နဲ့ အန်ဒရူးမက်ကန်ဇီကရော ဘယ်လိုဇာတ်ကြောင်းတွေ ရှိနေတာလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာ အသေးစိတ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ သေချာတာတစ်ခုကတော့ ဖိုတီဘဲလ်နဲ့ အက်ဒီဟန်ဆန်တို့ နှစ်ယောက်ကလွဲလို့ ဇာတ်လမ်းထဲက ပါဝင်သမျှ လူတိုင်းဟာ သံသယဝင်စရာကောင်းနေတယ်ဆိုတာပါပဲ ။ ဒါဆိုရင်တော့ တကယ့်လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာကို White Lies ဇာတ်လမ်းတွဲထဲမှာ အတူတူရှာဖွေကြည့်လိုက်ရအောင်ပါ...
Earth Abides (2024) ⭐IMDB: 6.0/10 (2 k Votes) 🎬 #SciFi #Fantasy #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 50 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season ( 1 ) အပိုင်းသစ် ( ၄ – ၅ ) အစ်ရှာဝုဒ် ဝီလီယမ်ဆိုတဲ့ လူငယ်လေးက ပထဝီဝင်ဆိုင်ရာ ဘွဲ့ယူစာတမ်းအတွက် တောတောင်ထဲက သစ်သားအိမ်လေးတစ်လုံးမှာ တစ်ယောက်တည်းနေထိုင်ပြီး သုတေသနပြုနေတုန်း ခလောက်မြွေ တစ်ကောင် ကိုက်တာကို ခံလိုက်ရပါတယ်။ သွားစရာဆေးရုံရယ်လို့ နီးနီးနားနားမရှိတဲ့အတွက် သူ့ဘာသာသူပဲ ဒဏ်ရာကိုကုရင်းကနေ သုံးပတ်လောက် မေ့မြောနေခဲ့ပေမဲ့ အသက်ရှင်ကျန်ခဲ့ပါတယ်… ဒါပေမဲ့ တောတောင်ထဲကနေ မြို့ထဲသွားတဲ့အခါမှာတော့ ကပ်ရောဂါ အသစ်စိုက်ပြီး လူသူမရှိတော့တဲ့ ကမ္ဘာကြီးနဲ့ပဲ ကြုံလိုက်ရပါတယ်… အဲဒီလိုကနေ သူ့မိဘအိမ်ပြန်တဲ့အခါမှာလည်း သူ့အဖေနဲ့အမေကို မတွေ့ရဘဲ ဟိုတယ်တစ်ခုမှာနေနေတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကိုသာ တွေ့ရပါတယ်… သူ့သဘောအရတော့ လက်မလျှော့ဘဲ ရှင်ကျန်သူတွေကို လိုက်ရှာရင်း လူထုအသိုင်းအဝိုင်းတစ်ခုကို ပြန်ထူထောင်ချင်ပေမဲ့ သူတွေ့ခဲ့သမျှ လူတွေက သေဖို့ကို စိတ်ဆုံးဖြတ်ထားတာနဲ့ လက်မြှောက်အရှုံးပေးချင်တဲ့ သူတွေနဲ့ဆိုတော့ နောက်ထပ်ရှင်ကျန်သူတွေကို ရှာမယ်လို့စိတ်ဆုံးဖြတ်ချက် ချပြီး ဟိုတယ်ကနေ ထွက်လာပါတယ်… သွားတဲ့လမ်းတစ်လျှောက်မှာ ရှင်ကျန်ရစ်တဲ့ ခွေးလေးတစ်ကောင်နဲ့တွေ့ပြီး အိမ်ပြန်ခေါ်လာလိုက်ပါတယ်… သူနဲ့ခွေးတစ်ကောင်အတူပေါင်းပြီး ရှင်ကျန်ရစ်သူတွေကို ဘယ်လိုရှာဖွေကြမလဲ သူမျှော်လင့်ထားသလို လူသားမျိုးနွယ်ကို ပြန်တိုးများလာအောင် လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီ Serie မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်… File Size – 901 MB / 486 MB Quality –WEB-DL 1080p HEVC , 720p Episodes – 6 Eps Duration – 53 m Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Drama , Sci-Fi & Fantasy Translator – Chothet_mlmt Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>YoteShin/gdtot/Megaup Ep-1 (720p) >>>YoteShin/gdtot/Megaup Ep-2 (1080p)>>YoteShin/gdtot/Megaup Ep-2 (720p) >>>YoteShin/gdtot/Megaup Ep-3 (1080p)>>YoteShin/gdtot/Megaup Ep-3 (720p) >>>YoteShin/gdtot/Megaup Ep-4 (1080p)>>YoteShin/gdtot/Megaup Ep-4 (720p) >>>YoteShin/gdtot/Megaup Ep-5 (1080p)>>YoteShin/gdtot/Megaup Ep-5 (720p) >>>YoteShin/gdtot/Megaup ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
Let This Grieving Soul Retire! (2024) ⭐IMDB: 6.5/10 (310 Votes) 🎬 #Animation #Comedy #SciFi #Fantasy #Action #Adventure #Romance 🗓 2024 🎞 Series 🌎 #Japan ⏰ 25 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MyAnimeList – 6.9/10 တိုင်းပြည်အနှံ့ Dungeon လိုမျိုး ရတနာသိုက်လို နေရာတွေ ပေါ်ပေါက်လာပြီး နေရာအနှံ့နှံ့က လူတွေက ဒီ ရတနာသိုက်တွေကို လိုက်ပြီး ရှာဖွေကြတဲ့အခါ Hunter တွေဆိုပြီး ဖြစ်ပေါ်လာပါတယ်။ ဒီ ရတနာသိုက်တွေကလည်း Dungeon တွေကို သက်ဆိုင်ရာ Level ရှိတဲ့ Monster တွေနဲ့ ပြည့်နှက်နေပြီး Relic ဆိုတဲ့ ရှေးဟောင်းအစွမ်းထက် ပစ္စည်းလေးတွေ ရတတ်ကြတာပေါ့။ အဲဒီမှာ ထိပ်ဆုံး နံပါတ် ၁ ဖြစ်နေတဲ့အဖွဲ့က Grieving Souls ဆိုတဲ့အဖွဲ့ အကြမ်းဆုံးပဲ။ ငယ်သူငယ်ချင်း ၆ ယောက် စုပေါင်းပြီး Krai ဆိုတဲ့ MC ကောင်က ခေါင်းဆောင်လုပ်တဲ့အဖွဲ့။ ဒါပေမဲ့ ခက်တာ ဒီ MC ဖြစ်တဲ့ကောင်က အာပေတူး ထူးခြားတဲ့စွမ်းရည် မရှိဘူးရယ် သူ့ကောင်တွေက သောက်ရမ်း OP ဖြစ်နေပြီး သူ့ကို ခေါင်းဆောင်တင်ထားလို့သာ ဆရာကြီးဖြစ်နေတာ။ နောက်ပြီး ပိုဆိုးတာက သူ့ ကံဇာတာ၊ သူ့ဘာသာသူ အေးဆေးနေချင်တယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး လျှောက်လုပ်သမျှတွေက ဘေးနားကလူတွေအတွက် အထင်ကြီးစရာ အားကျစရာတွေ ဖြစ်ပြီး အလိုလိုကို လူမစွမ်း နတ်မဆိုသလိုကို ဖြစ်နေတာ။ ဒီတော့ကား ဒီ အသုံးမကျတဲ့ MC တစ်ယောက် ခေါင်းဆောင်ဆိုပေမဲ့ ဘယ်လိုမျိုး ပေါက်ကရတွေလုပ်ပြီး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့...
Weekend in Taipei (2024) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Action #Thriller #Adventure 🗓 2024 🎞 movie 🌎 #France #Taiwan #UnitedStates ⏰ 1 နာရီ 41 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့ အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကို ကြည့်ရမှာပါ။ Fast & Furious မှာ Han အဖြစ် အသိများကြတဲ့ Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။ ဇာတ်လမ်းအကျဉ်း ************* မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့ လာထောက်လှမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။ နောက် ၁၅ နှစ်ကြာချိန်မှာမှ ခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကို တိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။ အဲဒီအချိန်မှာပဲ အတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့ သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက် ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ အက်ရှင်အသားပေးဖြစ်သလို မိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်။...
Scooby-Doo! WrestleMania Mystery (2014) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Adventure #Animation #Comedy #Family #Mystery #Sport 🗓 2014 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ စမတ်ဒေါင်းကို နှစ်ခြိုက်ခဲ့ကြတဲ့ သူတွေအတွက် WWE ပါဝင်တဲ့ ပဟေဠိကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ WWE ရဲ့ သမိုင်းဝင် လူ နဲ့ ဝက်ဝံ သတ်ပုတ်ခဲ့တဲ့ နပမ်းပွဲကနေ စပြီးမှီတည်လာတဲ့ ပဟေဠိကို တွေ့ရှိရမှာ ဖြစ်ပါတယ် ထို သမိုင်းဝင် နပမ်းပွဲအပြီး နှစ်တွေအကြာကြီး ကြာတဲ့အခါမှာတော့ WWE မြို့တော်အနီးမှာ ဝက်ဝံမိစ္ဆာအကြောင်း ကောလဟာလတွေ ထွက်လာပါတော့တယ် ဇာတ်လမ်းအစမှာ စကူးဘီ နဲ့ ရှက်ဂီဟာ စမတ်ဒေါင်းဂိမ်းကို အရူးအမူးဆော့ကြရင်း ဂိမ်းရဲ့ နောက်ဆုံး အဆင့်ထိနိုင်သွားပြီးတော့ WWE မြို့တော်ကို သွားရောက်လေ့လာဖို့ ဖိတ်ကြားခံလိုက်ရပါတော့တယ် WWE ကို အရူးအမူးဖြစ်နေကြတဲ့ စကူးဘီတို့ဟာ ကျန်တဲ့ အဖွဲ့သားတွေကို နပမ်းမြို့တော်ကို သွားနိုင်ဖို့ ပူဆာကြပါတော့တယ် ဇာတ်လမ်းထဲမှာ WWE ရဲ့ နာမည်ကျော် ဂျွန်စီးနား ကိန်းတို့ အပါအဝင် တခြားနာမည်ကြီး အများအပြားလဲ ပါဝင်တာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ စကူးဘီတို့အဖွဲ့ နပမ်းမြို့တော် ရောက်တဲ့အခါမှာတော့ ဘယ်လို ပဟေဠိတွေ ပြသနာတွေကို ဖြေရှင်းကြဦးမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်...
Squid Game (2021) ⭐IMDB: 8.0/10 (586 k Votes) 🎬 #Action #Adventure #Mystery #Drama #Thriller 🗓 2021 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့်Survival Game ပဲ ဖြစ်ပါတယ်။ ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။ Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီးပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။ Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ မကြည့်သင့်ပါဘူး။...
Scooby-Doo! Curse of the Lake Monster (2010) ⭐IMDB: 4.8/10 (6 k Votes) 🎬 #Adventure #Comedy #Mystery #Fantasy #Family #Romance #Thriller 🗓 2010 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scooby-Doo live action လေး လာပါပြီ။ နွေကျောင်းပိတ်ရက်မှာ ပျော်ပါးဖို့တွေးနေတဲ့ ရှက်ဂီနဲ့စကူဘီတို့ ပျော်ဖို့ဆိုတာ ဝေး၊ ဒက်ဖနီရဲ့အန်ကယ်ဆီမှာ အလုပ်သွားလုပ်ရပါတယ်။ နွေပိတ်ရက်လေးဆိုတော့ အလုပ်တစ်ဖက် အပန်းဖြေတစ်ဖက်ပေါ့လေ။ ဒါနဲ့ ရေကန်မကောင်းဆိုးဝါး ရှိတယ်လို့ ဒဏ္ဍာရီရှိတဲ့ မြို့ငယ်လေးကို သွားကြတာပေါ့။ ဒီလိုနဲ့ ရေကန်မကောင်းဆိုးဝါး ပဟေဠိပြဿနာ ဖြေရှင်းဖို့ သူတို့တာဝန်ဖြစ်လို့လာပါတယ်။ live action မှာလည်း စကူဘီဒူးအတွက် ပင်တိုင်အသံသရုပ်ဆောင်ကြီး Frank Welker ကပဲ အသံသရုပ်ဆောင်ပေးထားတဲ့အပြင် စကူဘီဒူး CGI လည်း အတော်လေးကောင်းပါတယ်။ ရှက်ဂီနေရာမှာ မင်းသား Nick Palatas ၊ ဗယ်မာအဖြစ် Hayley Kiyoko တို့က တကယ့်ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာတဲ့အတိုင်း သရုပ်ဆောင်ထားကြပါတယ်။ ဟာသတွေအပြင် ရိုမန့်တွေပါ ထည့်ထားလို့ ကြည့်ရတာ ပျင်းရမှာမဟုတ်ပါဘူး။ ဒီတစ်ခါက်တော့ live action လေး ပြောင်းကြည့်လို့ရအောင် စကူဘီဒူးဖန်တွေအတွက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။...
Scooby-Doo! Stage Fright (2013) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Adventure #Animation #Country #Family #Comedy #Mystery #Fantasy #Horror 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီဒူးတို့အဖွဲ့ကတော့ Talent star ဆိုတဲ့ ရှိုးပွဲအတွက် ချီကာဂိုမြို့ကို ရောက်လာကြပါတယ်။ ဒီရှိုးမှာ ပါဝင်မှာကတော့ ဒက်ဖနီနဲ့ ဖရတ်ဒ်တို့ နှစ်ယောက်ပါ။ ဒီလိုနဲ့ ရှိုးပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တစ္ဆေတစ်ကောင် ပေါ်လာပါတယ်။ ဒီတစ်ခေါက် တစ္ဆေကရော ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေမလဲ၊ စကူဘီဒူးတို့အဖွဲ့ ဘယ်လိုအဖြေရှာဖော်ထုတ်ကြဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။ သဲလွန်စလေးတွေ ဟိုတစ်စဒီတစ်စနဲ့ အဖြေလိုက်ရှာကြည့်ရမယ်။ မထင်မှတ်ထားတဲ့ plot twist တွေ ထည့်ထားတဲ့အပြင် ထုံးစံအတိုင်း horror ပါးပါးလေးနဲ့ humor လေးလည်း ရောစပ်လို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့မှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။...
Moonwalker (1988) ⭐TMDB: 69% User Score 🎬 #Action #Crime #Fantasy #Music 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရင်တစ်ခေါက် မိုက်ကယ်ဂျက်ဆင်ရဲ့ Ghost က အမြည်းဆိုရင် ဒါကတော့ ဟင်းပွဲကြီးပါပဲ။ ၁၉၈၈ မှာထွက်ထားတဲ့ ဒီ anthology ရုပ်ရှင်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ ဖန်တီးနိုင်စွမ်းရှိတာတွေ ဂီတပါရမီတွေကို ရုပ်ရှင်ရိုက်ပြသလိုထည့်ထားတာပါ။ Music Video အရှည်ကြီးကို ကြည့်နေရသလို feeling မျိုးကိုကောင်းကောင်းကြီးပေးနိုင်ပါတယ်။ ရုပ်ရှင်နာမည် Moonwalker ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ Iconic ကကွက်ဖြစ်တဲ့ Moonwalker Lean နာမည်ကိုယူထားတာပါ။ Man in the Mirror , Badder, Speed Demon , Leave Me Alone နဲ့ နာမည်ကြီး Smooth Criminal သီချင်းနဲ့ကကွက်တွေ နဲ့ Come Together သီချင်း ကပြမှုနဲ့ ပိတ်ထားပါတယ် ။ မိုက်ကယ်ဂျက်ဆင် သီချင်းတွေကို ကြိုက်တယ် မိုက်ကယ် ဂျက်ဆင်ကို ကြိုက်တယ် ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပါ။...
Love in the Big City (2024) ⭐IMDB: 7.6/10 (648 Votes) 🎬 #Drama #Life #Romance #Comedy 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love in the Big City (2024) ****************************** IMDb… 7.9 Series အနေနဲ့ အရင် ထွက်ရှိခဲ့တဲ့ Love In The Big City ရဲ့ Movie Version ထွက်ရှိလို့ လာပါပြီ။ Movie Version မှာတော့ လောလောလတ်လတ် Exhuma ဇာတ်ကားနဲ့ ဆုတွေ ဆွတ်ခူးရရှိထားတဲ့ မင်းသမီး Kim Go Eun နဲ့ Soundtrack 2, Curtain Cell အစရှိတဲ့ ဇာတ်လမ်းတွဲထဲက မင်းသား Noh Sang Hyunတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။ (ယခုကားနဲ့ပဲ မင်းသား Noh Sang Hyun ဟာ 45th Blue Dragon Film Awards မှာ တက်သစ်စ အမျိုးသားသရုပ်ဆောင်ဆု ကိုရရှိခဲ့ပါသေးတယ်။) -ဇာတ်လမ်းအညွှန်း- ပြင်သစ် ဘာသာ စကားကို အထူးပြုလေ့လာနေတဲ့ ဂူဂျယ်ဟီး (Kim Go Eun) ကတော့ ဘဝကို အပူအပင်မရှိ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေပြီး ရည်းစားထားရတာကို သဘောကျတဲ့ Straight Woman ဖြစ်ပြီး သူ့ရဲ့ ပွင့်လင်းတဲ့စရိုက်ကြောင့် ကျောင်းမှာလည်း မကြာခဏဆိုသလို အတင်းပြောခံရတဲ့ ကောင်မလေးပေါ့။ ဂူဂျယ်ဟီးနဲ့ တစ်ကျောင်းတည်းမှာ အတူတူ တက်နေတဲ့ ဂျန်ဟွန်းဆူကတော့ လိင်တူချင်း သဘောကြသူဖြစ်ပြီး ဂေးဆိုတဲ့ ဖြစ်တည်မှုကို တစ်ဘဝလုံး လျှို့ဝှက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ မထင်မှတ်ဘဲ ဟွန်းဆူရဲ့ လျှို့ဝှက်ချက်ကို ဂျယ်ဟီးက သိရှိသွားပါတော့တယ်။ ဒါပေမဲ့ ဟွန်းဆူ ကြောက်ရွံ့နေသလိုမျိုး ဂျယ်ဟီးက သူ့ရဲ့ ဖြစ်တည်မှုကို ပြက်ရယ်ပြုတာမျိုး မရှိဘဲ သူ့ကို ကာကွယ်ရပ်တည်ပေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရင်ဘတ်ချင်းတူလို့ ဘော်ဒါဖြစ်သွားတဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အကြံပေးရင်းနဲ့ သူတို့နှစ်ယောက် ရှာဖွေနေတဲ့ အချစ်ကို အတူတကွ ဘယ်လိုရှာဖွေသွားမလဲဆိုတာတွေကို အခုခေတ် လူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ နေထိုင်မှုဘဝ ပြဿနာတွေကို လက်တွေ့ဘဝမှာပါ ထင်ဟပ်အောင် ရိုက်ကူးထားတဲ့ ကားဖြစ်လို့ တစ်ခါလောက်တော့ ရှုစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)...
Orgasmic Restaurant (2018) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ********************************* ဒီဇာတ်လမ်းလေးကတော့ အစားအသောက်နဲ့ လိင်ဆန္ဒရဲ့ သဘောတရားကို အခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အနေနဲ့ကတော့ စားသောက်ဆိုင်ရဲ့ အပြင်အဆင်ပေါ်မှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေကြတဲ့ သူတွေအကြောင်းကို ပုံဖော်ထားပါတယ် .. လူတွေရဲ့ လိုချင်တပ်မက်စိတ်နဲ့ အစားအသောက်အပေါ်မှာ မက်မောစိတ်က ဆက်စပ်နေတယ်ဆိုတဲ့အကြောင်းနဲ့အတူ ကိုယ့်ရဲ့ ဆာလောင်ငတ်မွတ်မှုကို ကျေနပ်စေတဲ့ အစားအစာတွေလိုပဲ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းတဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကလည်း လူနေမှုဘဝရဲ့ ကွက်လပ်များကို ဖြည်းဆည်းနိုင်တယ်ဆိုတဲ့ အကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ရိုက်ပြထားတာပဲဖြစ်ပါတယ်...
Bizarre Again (2022) ⭐IMDB: 5.8/10 (43 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 53 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bizarre Again (2022) IMDb Rating (5.8) LGBT အသိုင်းအဝိုင်းက ဖြစ်ရပ်တွေ ခွဲခြားဆက်ဆံခံရမှုများအကြောင်း တင်ဆက်ထားတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ လူးကပ်စ်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ထားတာဖြစ်ပြီး သူ့ခင်ပွန်းသည်ရဲ့ သားလေး မာလွန်ကို သားအရင်းလိုချစ်တဲ့လူပါ။ မာလွန်က ကျောင်းမှာ သူ့ကို g@y ဖြစ်နေလို့ လှောင်ပြောင်အနိုင်ကျင့်ကြတဲ့ကျောင်းသားတွေကို ဆက်ပြီးသည်းမခံနိုင်တဲ့အဆုံး အဆုံးစွန်လုပ်ရပ်တစ်ခုကို လုပ်မိလိုက်တယ်။ အဲဒီအချိန်မှာ ခင်ပွန်းသည်ကို အားကိုးမရတဲ့ လူးကပ်စ်က သူ့အဆက်ဟောင်းဖြစ်သူ မောရစ်ကို ဖုန်းဆက်အကူအညီတောင်းရပြီး ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကတော့ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)...
Invasion U.S.A. (1985) ⭐TMDB: 58% User Score 🎬 #Action #Thriller 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Chuck Norris ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အက်ရှင် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတ် ဟန့်တာဆိုတာကတော့ FBI ကနေ အနားယူသွားခဲ့တဲ့ နာမည်ကြီး အေးဂျင့်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူတော်ဟောင်းဖြစ်တဲ့ ရော့စတော့ဗ်က အမေရိကန်နိုင်ငံထဲကို ပြန်ရောက်နေတဲ့အပြင် သူ့ရဲ့လက်အောက်ခံတပ်သားတွေနဲ့ ကျူးကျော်စစ်ပွဲတစ်ခု စတင်ဖို့ ကြံရွယ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဟန့်တာတစ်ယောက် ရော့စတော့ဗ်ကို အပြီးတိုင် တားဆီးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ရော့စတော့ဗ်ရဲ့ လှည့်စားတိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို နှိမ်နင်းမရဖြစ်နေတဲ့ အာဏာပိုင်တွေနဲ့ တိုက်ခိုက်မှုတွေအောက် ဖရိုဖရဲဖြစ်နေတဲ့ ပြည်သူတွေအကြားမှာ ဟန့်တာတစ်ယောက် သူချစ်တဲ့ အမေရိကန်နိုင်ငံတော်ကြီးကို တစ်ကိုယ်တော် ဘယ်လိုမျိုး မီးကုန်ယမ်းကုန် ကြမ်းပြရမ်းပြပြီး ကာကွယ်သွားမလဲဆိုတာကို အက်ရှင်ချစ်ပရိတ်သတ်ကြီးတွေ အဝကြည့်ရှုကြရမှာပဲဖြစ်ပါတယ်...
Someone Like You (2024) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Someone Like You (2024) ************************* IMDb Rating – 5.8/10ဒါကတော့ ဒါရိုက်တာ Tyler Russell ရိုက်ကူးထားပြီး မင်းသား Jake Allyn နဲ့ မင်းသမီး Sarah Fisher တို့ အဓိကပါဝင်ထားတဲ့ လွမ်းမောဖွယ်ရာ အချစ်ဇာတ်ကားလေးပါ။ ဒေါ်ဆန်နဲ့လန်ဒန်တို့ဟာ ကလေးဘဝတည်းက သူငယ်ချင်းတွေပါ။ ဒေါ်ဆန်က လန်ဒန့်ကိုချစ်နေခဲ့ပေမယ့် friend zoneထဲမှာပိတ်မိနေခဲ့ပါတယ်။ သူဖွင့်ပြောတော့မဲ့အချိန်မှာပဲ လန်ဒန်က မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ နောင်တတွေနဲ့ အချစ်ဦးကိုမေ့မရနိုင်တဲ့ ဒေါ်ဆန်က လန်ဒန်က ဖန်ပြွန်သန္ဓေသားဖြစ်ပြီး အမြွှာညီအစ်မရှိနေတာကို သိလိုက်ရတဲ့အခါ……ရှာပုံတော်ဖွင့်ဖို့ ဖြစ်လာခဲ့ပါတယ်။ အမြွှာ အန်ဒီကလည်း မိဘရင်းတွေရှိသေးမှန်းသိလာတဲ့အခါ ဒေါ်ဆန်နဲ့ ဆက်သွယ်ရဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူအကြောင်း သိချင်နေတဲ့ အန်ဒီက ဒေါ်ဆန်နဲ့ အစ်မဖြစ်သူ လုပ်ခဲ့ဖူးတာတွေကို လိုက်လုပ်ကြည့်ရင်း သူတို့နှစ်ဦးဟာ နှလုံးသားချင်းနီးစပ်လာကြတဲ့အခါ…..။ (အညွှန်းကို K မှ ရေးသားထားပါတယ်)...
Death Wish 3 (1985) ⭐TMDB: 62% User Score 🎬 #Action #Crime #Drama #Thriller 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကို လူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျော်ကြားခဲ့တဲ့ မစ္စတာ “ဗစ်ဂျီလန်တီ” ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာ လုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ “ဗစ်ဂျီလန်တီ” က ဒီတစ်ခေါက်မှာတော့ ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာ နေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ ပေါလ်အနေနဲ့ သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲ ထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ စောင့်ရှောက်သူတမန်တော် အဖြစ်ကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်။ ပေါလ်ရဲ့အကြောင်းကို တစတစလူသိများလာတဲ့အခါ သူ့ရဲ့ဒုစရိုက်နယ်မြေမှာ အပြစ်မဲ့သူတွေကို လက်ခုပ်ထဲကရေလို ကျင့်သုံးလာခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် မန်နီဖရိတ်ကာနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့ ပေါလ်ဆီကို ကံကြမ္မာဆိုးတွေက ဖိတ်စာမကမ်းဘဲ ရောက်ရှိလာပါတော့တယ်...
Hero and the Terror (1988) ⭐TMDB: 54% User Score 🎬 #Action #Crime #Drama #Thriller #Romance 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားဟာ 1988 ကထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဖြစ်ပါတယ်။ IMDb 5.2 ရရှိထားပြီးတော့ မင်းသားကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက် အိုဘရိုင်ယန် ဟာ တစ်ယောက်တည်းလှုပ်ရှားတာကိုနှစ်သက်ပြီးလူသတ်မှုတွေကို ဘယ်လိုစုံစမ်းမလဲ၊ ကွင်းဆက်လူသတ်သမား လွတ်မြောက်လာမှုကို ဘယ်လိုပြန်လည်ဖမ်းဆီးမလဲဆိုတာကို ရှုစားရမှာပါ။ 1988 ခုနှစ်ကထွက်ရှိထားပြီး အက်ရှင်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မှာ သေချာပါတယ်။...
The Price Of Happiness (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 55 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံနေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
