es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
To Have and Have Not (1945) ⭐TMDB: 75% User Score 🎬 #Adventure #Comedy #FilmNoir #Romance #Thriller #War 🗓 1945 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDbs 7.8/10 ; Rotten Tomatoes (94%) အဖြူအမဲခေတ်မှာ အတော်လေးပေါက်ခဲ့တဲ့မင်းသားကြီးဘိုဂတ်ရဲ့ ရိုမန့်စ် အက်ရှင်ကားကောင်းလေးပါ 1940နောက်ပိုင်း ပြင်သစ်ကျရှုံးပြီး ဗစ်ချီအစိုးရလက်အောက်ရောက်သွားချိန် နိုင်ငံရေးအရှုပ်အထွေးကာလကို ဇာတ်အိမ်တည်ထားတာပါ ပြင်သစ်ရောက် အမေရိကန်လူမျိုး ငါးဖမ်း​လှေပိုင်ရှင် ကပ္ပတိန်မော်ဂန်ဟာ တစ်နေ့မှာတော့ လူတစ်စုကနေသူ့လှေကိုငှားရမ်းပြီး အလုပ်တစ်ခုလက်ခံပေးဖို့ တောင်းဆိုဖို့ရောက်လာကြတယ် နိုင်ငံရေးအရှုပ်အထွေးထဲဝင်မပါချင်တဲ့မော်ဂန်ဟာ အစပိုင်းဟာငြင်းဆိုခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့မိန်းကလေးကို အိမ်ပြန်ပို့ရဖို့ဖြစ်လာတဲ့အခါ ဒီအလုပ်ကိုလက်ခံဖို့ဖြစ်လာပါတော့တယ် အဲ့ဒီနောက်မှာတော့ မော်ဂန်ဟာအန္တရာယ်များတဲ့အလုပ်ကိုလုပ်မိတာကနေ ဘယ်လိုအရှုပ်အထွေးတွေထဲဝင်ပါမိမလဲဆိုတာ…. အဖြူအမဲခေတ်ကအရသာလေးနဲ့ ခံစားကြည့်လိုက်ကြပါအုံး Ratingတွေလဲကောင်းပြီး သရုပ်ဆောင်တွေကလဲအမိုက်စားနဲ့ မပျင်းရမဲ့ ဇာတ်ကားကောင်းလေးပါနော်
...

We Are Zombies (2023) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Comedy #Horror #Thriller 🗓 2023 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့၂၀၂၃ကမှထွက်ရှိထားတဲ့ zombie ဟာသကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့…. တစ်နေ့မှာလူသေတွေကပြန်ရှင်လာပြီးရုပ်ရှင်ထဲကလို zombie တွေဖြစ်လာပါတယ် ဒါပေမယ့်ရုပ်ရှင်တွေထဲမှာလိုမျိုးလူသားစားတာတွေဘာတွေမရှိပဲဒီတိုင်းပြန်ရှင်လာတာဖြစ်တာကြောင့်သူတို့ကလူတွေနဲ့အတူယဥ်တွဲနေထိုင်နေကြပါတယ် အဲ့ဒီမှာလူလိမ်သူငယ်ချင်းသုံးယောက်ကလုပ်ငန်းကြီးတစ်ခုရဲ့ zombie တွေကိုခိုးယူရာကနေသူတို့အဖွားပြန်ပေးဆွဲခံလိုက်ရတာကိုဟာသနှောပြီးရိုက်ထားတဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပါတယ်
...

Dunkirk (2017) ⭐IMDB: 7.8/10 (751 k Votes) 🎬 #Action #Drama #History #War #Thriller 🗓 2017 🎞 movie 🌎 #France #Netherlands #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dunkirk (2017) IMDb Rating (7.9) / Rotten Tomatoes (92%) စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ“You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။ Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး IMDB rating 8/10 ကျော်တဲ့ထဲပါပါတယ်။သူရိုက်ခဲ့ရုပ်ရှင်တွေက Sci-fi,Thriller,superhero,etc… Genre တော်တော်စုံခဲ့ပြီပြောလို့ရပါတယ်။Dunkirk ကတော့သူ့ရဲ့ပထမဆုံး စစ်ပွဲနောက်ခံ ရုပ်ရှင်ပါ။ Dunkirk ဆိုတာ ပြင်သစ်မှာရှိတဲ့ကမ်းခြေတစ်ခုပါ။ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ဟစ်တလာရဲ့ ဂျာမနီ တပ်တွေဟာပြင်သစ်နဲ အင်္ဂလိပ်တပ်တွေကို Dunkirk ကမ်းခြေမှာချောင်ပိတ်ထားနိုင်ခဲ့ပါတယ်။ ရေလက်ကြားခံပြီး ကယ်စရာသင်္ဘော မရှိတာကြောင့် မဟာမိတ်စစ်သား 400000 လောက်ဟာ ကူရာကယ်ရာမယ့်နေတဲ့အခြေအနေပါ။အဲ့လိုအခြေအနေကို ဗြိတိန်ဘက်ကမ်းက ရှိသမျှ အရပ်သား ငါးဖမ်းသင်္ဘောတွေ၊အသက်ကယ်လှေတွေ၊ ရွက်လှေတွေ ပါသုံးပြီ;စစ်သား လေးသိန်းနီးပါးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။တကယ်လို့သာ Dunkirk မှာဒီတပ်တွေ အကုန်ကုန်သွားရင် သမိုင်းဟာနောက်တစ်မျိုးပြောင်းလဲသွားစရာရှိပါတယ်၊မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားကနေ မယုံနိုင်စရာကောင်းလောက်အောင်အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တာဟာ ဗြိတိန်တပ်တွေရဲ့စိတ်ဓာတ်ပိုင်းကိုအများကြီးသက်ရောက်ခဲ့ပါတယ်။ဗြိတိန်တပ်တွေကိုကယ်ထုတ်နေချိန်မှာ ပြင်သစ်တပ်တွေဟာ အင်္ဂလိပ်တွေ ကယ်ထုတ်ဖို့အချိန်ပိုရအောင်သူတို့အတွက် လွတ်ဖို့မျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲကိုတိုက်ပေးခဲ့ပါတယ်။Dunkirk ရဲ့ကံကောင်းမှုတစ်ခုက ဟစ်တလာ ရဲ့ ရူးကြောင်ကြောင်ဆုံးဖြတ်ချက်ပါ ။ပြင်သစ်ကိုသိမ်းပြီးသူ့ရဲ့ဥရောပ က နောက်ဆုံးရန်သူဗြိတိန်ရဲ့ တပ်မတော်တစ်ခုလုံးနီးပါးကို ကမ်းခြေတစ်ခုမှာ ချောင်ပိတ်ထားနိုင်တယ်၊ရန်သူစစ်သားတွေရဲ့စိတ်ဓာတ်က လုံးဝထိုးကျနေပြီ၊ဒီအချိန်မှာသူက ထိုးစစ်ဆင်နေတဲ့ ဂျာမနီ တပ်မတော်ကို အနားယူဖို့ အင်အားပြန်ဖြည့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ဒါက ကျွန်တော်သိသလောက် Dunkirk ရဲ့တကယ့် သမိုင်းပါ။ Nolan ကတော့ သူ့ထုံးစံအတိုင်း ဇာတ်ကားကို တစ်သတ်မတ်တည်းမသွားပဲ Timeline ကစားထားပါတယ်။ပြောချင်တာ တစ်ခုက သူ့ ရုပ်ရှင်မှာ စစ်ရဲ့ အနိဋ္ဌာရုံတွေ ကို သွေးသံတရဲရဲ ကြောက်စရာကောင်းအောင်ပြမယ့်အစားစစ်သားငယ်ငယ်လေးတွေရဲ့ မျှော်လင့်ချက်မဲ့မျက်နှာတွေ ဆောင်းသူမဲ့ ဦးထုပ်တွေ ကမ်းခြေမှာပုံထားတာတွေစတဲ့ နမိတ်ပုံတွေပဲသုံးထားပါတယ်။ကျွန်တော့်အမြင်အရတော့ ဒါမျိူးတွေမြင်ရတာပိုပြီးစိတ်ထိခိုက်စရာကောင်းပါတယ်။ပုန်းစရာမရှိ ကွယ်စရာမရှိ ဟင်းလင်းပြင်ကြီးထဲမှာ လေယာဉ်တွေ ဗုံးလာကြဲတာမြင်ရတာ တော်တော်ကြီးစိတ်ဓာတ်ကျစရာ ပါ။ပိတ်ကားကိုကြည့်နေရတဲ့ကိုယ်တောင်စိတ်ဓာတ်ကျလာရင် တကယ်ရင်ဆိုင်ခဲ့ရတဲ့ စစ်သားတွေအတွက်တော့ ဘယ်တော့မှပြန်မရချင်တဲ့အတွေ့အကြုံပါပဲ။Nolan ကဒီ Feeling ကိုအတိအကျခံစားရအောင်ရိုက်ပြနိုင်ပါတယ်။ဇာတ်လမ်းပိုင်းကတော့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုရိုက်ပြတာဖြစ်တာဆိုတော့ သိပ်ပြီးတော့ remarkable ဖြစ်လောက်တဲ့ဇာတ်ကားတော့မဟုတ်ပါဘူး။ဒါပေမယ့် ရိုက်တဲ့ သူက Christopher Nolan ဆိုတော့ကား ဇာတ်လမ်းရဲ့ Timeline ကို သေချာသိဖို့ နာရီဝက်လောက်ကြာလိုက်ပါတယ်။ ဒီဇာတ်ကားမှာအကြိုက်ဆုံးဇာတ်ကောင်ပြောရရင် Tom Hardy ပါ။မျက်လုံးပဲဖော်ခွင့်ရတဲ့ Pilot နေရာကနေသရုပ်ဆောင်သွားပြီး Emotion ကိုမြင်နေရတာ မယုံနိုင်စရာပါ။နောက် Harry Style၊ MTV တွေမှာ သရုပ်ဆောင်မကောင်းသလောက်ဒီကားမှာတော့ ဝေဖန်ရေးတွေ ဝိုင်းချီးကျူးလောက်အောင် ကောင်းခဲ့ပါတယ်။ဒါကကျွန်တော်အကြိုက်ဆုံးနှစ်ယောက် ကိုပြောပြတာကျန်တဲ့သူတွေလဲတစ်ခန်းဆိုတစ်ခန်းလောက်ကို ပညာပြခဲ့ကြပါတယ်။သွေးထွက်သံယိုမပါတဲ့ စစ်ကား၊စ...

La ermita (2023) ⭐IMDB: 4.5/10 (294 Votes) 🎬 #Horror #Thriller #Drama 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 44 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Chapel – La Ermita ( 2023 )ဘုရားကျောင်းကြီး ဒီတစ်ခါ စုန်း ၊ နတ်၀င်သည် ၊ သရဲတစ္ဆေအကြောင်းစိတ်၀င်စားသူCM ပရိသတ်တို့အတွက် ၂၀၂၃ ခုနှစ်ထုတ် The Chapel ဆိုတဲ့သဘာ၀လွန်စပိန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ၁၆၃၁ ခုနှစ် ပလိပ်ရောဂါတွေပြန့်နှံ့လာတဲ့အခါ ငှက်လူသားလို့ခေါ်တဲ့သူတွေဟာပလိပ်ရောဂါဖြစ်နေသူတွေကို ဘုရားကျောင်းကြီးထဲမှာ ရာသက်ပန်အကျဉ်းချဖို့ ခေါ်သွားကြပါတယ်။ခေါ်သွားခံရသူတွေထဲမှာ အူဆိုရာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်လည်းပါ၀င်သွားရှာပါတော့တယ်။ နှစ်တွေကြာပြီးတဲ့နောက်မှာ နတ်၀င်သည်တစ်ယောက်ဟာ ဒီရဲတိုက်ကြီးထဲကနေမိန်းကလေးတစ်ယောက်ရဲ့ငိုသံကို အမြဲကြားနေရတယ်လို့ပြောကာအဲဒါက အရုပ်လေးကျပျောက်သွားလို့ ငိုနေတဲ့ အူဆိုရာရဲ့၀ိဉာဉ်လေးလို့ဆိုပါတယ်။ဒါကြောင့် နှစ်တိုင်းရဲ့ အောက်တိုဘာ ၂၉ရက်နေ့တိုင်းမှာ ရဲတိုက်ကြီးကို၅ ရက်တိုင်တိုင်ဖွင့်လှစ်ပေးပြီး ကလေးမလေးကို ၀ိဉာဉ်ကိုနှစ်သိမ့်ဖို့ရာလက်ဆောင်တွေ ယူလာပေးကြတဲ့ဓလေ့ဖြစ်လာပါတယ်။ အဲဒီနောက် အသည်းအသန်နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရင်မိခင်နဲ့အဆက်အသွယ်မပြတ်ဖို့ နတ်၀င်သည်ဖြစ်ချင်နေရှာတဲ့ အီမာဆိုတဲ့ကလေးမလေးဟာဒီပုံပြင်ကိုကြားပြီးတဲ့နောက်မှာ အူဆိုရာနဲ့သူငယ်ချင်းအဖြစ်မိတ်ဖွဲ့ဖို့ ကြိုးစားပါတော့တယ်။အီမာလေးရယ် ဘုရားကျောင်းကြီးရယ် နတ်၀င်သည်တွေရယ်နဲ့ ဒီဇာတ်လမ်းမှာဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ ပရိသတ်ကြီးတို့ပဲ ရင်တဖိုဖိုနဲ့ စီးမျောခံစားပေးကြပါဦးဗျာ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Team မှဖြစ်ပါတယ်
...

Balle O Chalaak Sajjna (2023) ⭐IMDB: 8.1/10 (37 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balle O Chalaak Sajjna (2023)“ကြင်စဦးမောင်နှံ” CM ပရိသတ်ကြီးအတွက် ပန်ဂျာဘီစကားပြော ဟာသ ဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ကျေးလက်နေပန်ဂျာဘီလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာတော့ ရွာတစ်ရွာမှာ ညီအစ်ကိုနှစ်ယောက်တပြိုင်နက် ခြိမ့်ခြိမ့်သဲ မင်္ဂလာဆောင်ကြပြီး အများအားကျစရာဖြစ်လို့နေပါတယ် ပေးစားတဲ့ သတို့သမီးတွေနဲ့လည်း စကားအပြောအဆို အဆင်ပြေအဝေတည့်တဲ့အတွက်သူတို့ရဲ့ ကြင်စဦးမောင်နှံဘဝတွေဟာ ချောမွေ့သယောင်ရှိခဲ့ပေမယ့် ထုံးစံအတိုင်း ရွာထဲက အတင်းအဖျင်းတွေကြားမှာ ဖြစ်ပေါ်လာတဲ့အခက်အခဲမျိုးစုံကို သူတို့တွေ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး တစ်ဦးပေါ်တစ်ဦးယုံကြည်မှုနဲ့ ပွင့်ပွင့်လင်းလင်းစကားပြောဆိုဖို့ဘယ်လောက်အရေးပါတယ်ဆိုတာကို တွေ့မြင်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Claws (2024) ⭐IMDB: 5.8/10 (33 Votes) 🎬 #Adventure #Thriller #Horror #Drama 🗓 2024 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hit ဖြစ်ခဲ့တဲ့ဗီယက်နမ်ရုပ်ရှင် Mai ထဲက မင်းသားချော Tuấn Trần ပါဝင်သရုပ်ဆောင်ထားတဲ့ Claws ရုပ်ရှင်သစ် ကတော့ Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ တစ်နှစ်တစ်ခါလူစုပြီးခရီးထွက်လေ့ရှိတဲ့ သန်တို့သူငယ်ချင်းအုပ်စုဟာ ဒီနှစ်မှာတော့ တောရိုင်းတိရစ္ဆာန်တွေရှိတဲ့တောအုပ်တစ်ခုထဲကို စခန်းချခရီးထွက်လာခဲ့ကြပါတယ်။ ရည်းစားဟောင်းမင်ကိုလက်ထပ်ခွင့်တောင်းချင်တဲ့သန်ကို ကူညီဖို့ သူငယ်ချင်းတွေက တောတွင်းခရီးကိုလိုက်ပါလာခဲ့ကြတာပါ။ ဒါပေမဲ့ ကန့်သတ်နယ်မြေထဲကို အကြောက်အလန့်မရှိဝင်သွားကြတဲ့ သူငယ်ချင်းတစ်သိုက်ကို သားစိတ်မွှန်နေတဲ့ ဝက်ဝံမကြီး တစ်ကောင်တင်မကဘဲ ရက်စက်ကြမ်းကြုတ်တဲ့မှောင်ခို မုဆိုးတွေကပါ စောင့်ကြိုနေတဲ့အခါမှာတော့ တောအုပ်ထဲကနေ ဘယ်သူတွေက အသက်ရှင်လျက်ပြန်ထွက်လာနိုင်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...

There's Still Tomorrow (2023) ⭐IMDB: 7.7/10 (12 k Votes) 🎬 #Comedy #Drama #War 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
...

Cadets (2024) ⭐IMDB: 8.5/10 (96 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 31 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cadets (2024)Genre – Drama ၁၉၉၉ ခုနှစ်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ Kargilသမိုင်းဝင်တိုက်ပွဲမတိုင်ခင် ဇာတ်တည်ထားတဲ့ဗိုလ်လောင်းတွေရဲ့ဘဝအကြောင်း ဒရမ်မာစီးရီးကောင်းလေး ဖြစ်ပါတယ်။ အချိန်ကာလက ၁၉၈၉ ခုနှစ် နေရာက ပူနီ အသက် ၁၆ အရွယ်လူငယ်လေးတွေဘတ်စ်ကားတစ်စီးနဲ့ အမျိုးသားကာကွယ်ရေးတပ် အကယ်ဒမီ ဂါရူဒါ (ဂဠုန်) တပ်ခွဲကိုရောက်ချလာခဲ့တယ်။ တချို့က ကိုယ်တိုင်ဝါသနာပါလို့ တချို့က အိမ်ကထည့်လို့ စသဖြင့်အကြောင်းပြချက်မျိုးစုံ စရိုက်ပေါင်းစုံ လူပေါင်းစုံနဲ့ ရောက်လာကြတာပေါ့။ရှရွတ်ခန်ရဲ့ စီးရီးကြည့်ပြီး ဗိုလ်လောင်းဖြစ်ချင်တဲ့ မာနော့ဂျ်ရယ်၊အဖေ အစ်ကိုစတဲ့ မိသားစုစစ်တပ်မျိုးရိုးရှိနေလို့ ရောက်လာတဲ့ ရန်ဒီရယ်၊တစ်ခုခုကို ကလန်ကဆန် ပြန်ပြောပြီး ဘုတောတတ်တဲ့ ချင်းနာဂပုံစံ အဲဘတ်ရယ်၊ပေါက်ကရအကြံတွေ ပေးတတ်တဲ့ နီရက်ဂျ်တို့ လူငယ်လေး ၄ ယောက်ဒီ ဗိုလ်လောင်းသင်တန်းကနေ ဆယ်ကျော်သက်အရွယ်မနူးမနပ်လေးတွေကနေတဆင့် ယော်ကျားပီသပြီး တာဝန်ယူနိုင်စွမ်းရှိတဲ့အမျိုးသားကောင်းတွေအဖြစ် ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကိုသင်တန်းက ရယ်စရာမောစရာ လွမ်းမောစရာ အတွေ့အကြုံလေးတွေရယ်ညီအစ်ကိုစိတ်ဓာတ်တွေကို တင်ဆက်ထားတဲ့ စီးရီးလေးဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်း ပါဝင်ပြီး အားလုံးကို တစ်ပြိုင်နက်တင်ပေးသွားမှာလည်း ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Gyaarah Gyaarah (2024) ⭐IMDB: 8.3/10 (4 k Votes) 🎬 #Drama #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #India ⏰ 48 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gyaarah Gyaarah 2024 ကာလခြားတဲ့အမှုများ IMDb 8.3/10 နာမည်ကြီး kdramaမှုခင်းဇာတ်လမ်းတွဲဖြစ်တဲ့ signalဆိုတဲ့ ဇာတ်လမ်းတွဲကိုဘောလိဝုဒ်စတိုင်နဲ့remakeပြန်လည်ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ်မှုခင်းဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ်။kdramaတုန်းက အတော်လေး လူကြိုက်များပြီးဇာတ်လမ်းကလည်း စိတ်ဝင်စားစရာမလို့Bollywood remakeလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ 15 နှစ်နဲ့အထက်ကြာနေတဲ့ မဖြေရှင်းနိုင်သေးတဲ့အမှုတွေကိုအပြီးတိုင်ပိတ်သိမ်းမယ်ဆိုတဲ့ ဥပဒေသစ်က နဂိုကတည်းကတရားမျှတမှုမရလို့ ပူလောင်နေရတဲ့ နစ်နာသူမိသားစုတွေကိုအနာကိုဆားနဲ့ပက်လိုက်သလိုပါပဲ။ ဒီထဲမှာအဆိုးဆုံးကတော့ငယ်ငယ်ရွယ်ရွယ်သမီးလေး အဒီတီကို ဆုံးရှုံးလိုက်ရပေမဲ့ယနေ့ထိ တရားခံမပေါ်သေးတဲ့ အမေဖြစ်သူဆန်ဂျနာပါပဲ။ 15 နှစ်တိတိ လူသတ်တရားခံပေါ်ဖို့ စောင့်နေခဲ့ရတဲ့ မိခင်ရဲ့သောကကိုစာနာတဲ့အနေနဲ့ လူထုကြီးအုံကြွလာမှုနဲ့အတူ ဒီအမှုဟောင်းတွေကိုပြန်လည်စုံစမ်းဖို့ဖြစ်လာတဲ့ SI ယုဂ်အာယာနဲ့ ACPဗာမီကာတို့အဖွဲ့နှစ်ရှည်လေသဲလွန်စရှာရခက်လေဆိုတော့ အရာရှိတွေအခက်တွေ့နေတုန်း အတိတ်နဲ့ပစ္စုပ္ပန်ကြားကပေါင်းကူးတံတားဖြစ်လာတဲ့ ထူးဆန်းတဲ့ဝေါ်ကီတော်ကီတစ်လုံးယုဂ်အာယာဆီရောက်လာပြီးအတိတ်မှာရှိနေတဲ့အရာရှိရှော်ယာနဲ့ ဆက်သွယ်လို့ရသွားတဲ့အခါမှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

The Quiet Man (1952) ⭐TMDB: 73% User Score 🎬 #Comedy #Drama #Romance 🗓 1952 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.7/10, RT -91%Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။
...

The Man Who Shot Liberty Valance (1962) ⭐TMDB: 78% User Score 🎬 #Drama #Western 🗓 1962 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ “လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ” အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်… ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ကြားထဲက သုံးပွင့်ဆိုင်ဇာတ်လမ်းကို ပါးပါးလေးပုတ်ပြသွားတာကိုတွေ့ရမှာဖြစ်ပြီး၊ ဟာသ အနည်းအကျဥ်း နဲ့ ဇာတ်အိမ်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် တင်ဆက်ထားတာကို တွေ့ရမှာပါ။ တစ်ခါတစ်လေတော့ ဒီလို အဖြူအမည်းကားလေးတွေကို ပြန်ကြည့်ရတာလည်း အရသာ တစ်မျိုးပါပဲ… ခံစားလိုက်ကြပါဦးဗျာ
...

The Shakedown (2024) ⭐IMDB: 5.1/10 (233 Votes) 🎬 #Comedy #Crime 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 41 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စတင်ဒိုင်းမွန်းက Cape Town မြို့ရဲ့ နာမည်ကြီး လူချမ်းသာတစ်ယောက်ဖြစ်ပြီး ကျန်းမာရေး ကုမ္ပဏီတစ်ခုကို ဦးစီးနေတယ်။ ဂျက်စတင်က သူ့ရဲ့ ဝန်ထမ်း မာရီကာ နဲ့ ဖောက်ပြန်မိပြီးတော့ မာရီကာ က ဗီဒီယိုခိုးရိုက်ပြီး ခြိမ်းခြောက်လာတဲ့အခါ ပြဿနာတက်ပါတော့တယ်။ မာရီကာ ကို တားဖို့အတွက် အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်း ခေါင်းဆောင် ဒိုဗီဒိုင်းမွန်းနဲ့ ပေါင်းမိသွားတဲ့အခါမှာ မြေအောက်ဂိုဏ်းလောက နဲ့ ပတ်သတ်မိပြီး အရှုပ်ထုပ်တွေ ထဲရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတွင်းဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေးတွေနဲ့ ဒီပြဿနာကြီးကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။
...

Running on Empty (2024) ⭐IMDB: 5.0/10 (214 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Running on Empty က ဒါရိုက်တာ/ဇာတ်ညွှန်းရေးဆရာ အသစ်ဖြစ်တဲ့ Daniel Andre ရဲ့ ပထမဆုံး debut film ဖြစ်ပြီးတော့ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Lucy Hale, Dustin Milligan နဲ့ Francesca Eastwood တို့ပါဝင်သရုပ်ဆောင် ထားတဲ့ Comedy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Life Day Count(LDC) လို့ခေါ်တဲ့ ကိုယ်သေဆုံးမဲ့ရက်ကို ကြိုတင်တွက်ချက်လို့ရတဲ့ သိပ္ပံနည်းပညာသစ်ထွန်းကားနေတဲ့ ကာလမှာ Mort တစ်ယောက် သူ့ရဲ့ရည်းစားနဲ့အတူနေဖို့ အိမ်ဝယ်ဖို့ လုပ်ရင်း သူ့ရဲ့ LDC ကိုတွက်လိုက်မိတဲ့အချိန် သူ့မှာ အသက်ရှင်ဖို့ တစ်နှစ်တောင်မကျန်တော့တာကို သိလိုက်ရပါတယ်။ သူ့ရဲ့သေဆုံးမဲ့ရက်ကိုသိလိုက်ရပြီးနောက် သူ့ရည်းစားကသူ့ကို ပစ်သွားခဲ့ပြီး လူတွေရဲ့ LDC ပေါ်အခြေခံပြီး matching လုပ်ပေးတဲ့ dating service ကနေတဆင့် Kate ဆိုတဲ့ကောင်မလေးကို တွေ့ဆုံခဲ့ရပြီးနောက်
...

The Demon Disorder (2024) ⭐IMDB: 5.0/10 (246 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့‌ သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိ IMDb Rating 5.0 အထိရရှိထားပါတယ်။ ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုး မဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကိုဂရေဟမ် ဂျိတ်နဲ့ ဖေးလစ်တို့ညီအစ်ကို ၃ ယောက်နဲ့ သူတို့အဖေနဲ့ရှိခဲ့ဖူးတဲ့အရင်က အတိတ်အကြောင်းတွေကို အခြေခံပြီး ဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ သူတို့အဖေမဆုံးပါးခင်တုန်းက လုံး၀ဖြေဆေးမရှိတဲ့အပြင် အရမ်း ကြောက်စရာကောင်းတဲ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ အဖေဆုံးပါးပြီးတဲ့နောက်မှာ အဲ့ဒီရောဂါဆိုးကြီးက ပြီးသွားလားဆိုတော့လည်း မပြီးသေးပါဘူး။ဖေးလစ်ဆိုတဲ့ ညီအငယ်ဆုံးဆီကို အဲ့ဒီရောဂါကပြောင်းရွှေ့လာခဲ့ပါတော့တယ်။ ဂရေဟမ်က အဲ့ဒီဖိအားတွေကိုမခံနိုင်တော့ပဲ အိမ်ကနေထွက်လာပြီး တခြားတစ်နေရာမှာစက်ပြင်ဆရာသွားလုပ်နေပါတော့တယ်။ ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့ညီအစ်ကို ၂ ယောက်ကြားမှာ အခြေ အနေတွေကပိုဆိုးလာတဲ့အခါမှာတော့ ဂျိတ်က ဂရေဟမ့်ကို အကူအညီလာတောင်းရပါတော့တယ်။ဒီလိုနဲ့ ညီအစ်ကို ၃ ယောက် ပြန်လည်ဆုံစည်းခဲ့ကြပြီး သူတို့ညီအငယ်ဆုံး ဖေးလစ်ဆီမှာ ကပ်တွယ်နေတဲ့ ရောဂါဆိုးကြီးကဘာလဲဆိုတာကိုအဖြေရှာပြီး နှိမ်နင်းနိင်ကြမလားဆိုတာကို အသည်းတယားယားနဲ့ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

The Pool (2018) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Action #Drama #Thriller #Horror 🗓 2018 🎞 movie 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Pool ရုပ်ရှင်ကား ဟာ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာ ရုံတင်ခဲ့ပြီး လူကြိုက်အရမ်းများခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ထိုင်း ရုပ်ရှင်ကားဖြစ်ပြီး တစ်ကားလုံးကို လူအနည်းငယ်ဖြင့်သာ သရုပ်ဆောင် ရိုက်ကူးထားပြီး ထိုင်ရာက မထစတမ်း ကြည့်ရှုစေနိုင်တဲ့ တစ်ခုထဲသော အာရှရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ် လူသူ ဝေးတဲ့ မြို့အစွန်က ရေကူးကန် အဟောင်းတစ်ခုအား ရုပ်ရှင်ရိုက်ကူးရန် ငှားခဲ့ပြီးနောက် ထို ရေကူးကန်ထဲ မှာ အစောင့်တစ်ယောက် ဘောကွင်းလေးနဲ့ အိပ်ပျော်နေခဲ့တယ် ပြီးတော့ လူတွေ မသိသေးတဲ့ အကောင်ကြီးတစ်ကောင် ကလည်း အသင့် အဲ့အောက်မှာ စောင့်နေခဲ့တယ်… ပြန်သွားတဲ့သူတွေက မေ့ပြီး ရေတွေ သွန်တဲ့ ခလုပ်ကို နှိပ်သွားပြီး အစောင့် ပြန်နိုးလာတဲ့အချိန်မှာ ရေတွေ ကုန်လုနီးပါးဖြစ်ပြီး ရေကန်ပေါ်သို့ ပြန်မတက်နိုင်ခဲ့သော အခါမှာတော့ … ထိတ်လန့်သည်းဖို ဆိုတဲ့ အနှစ်အရသာ နဲ့ ပြည့်စုံတဲ့ The Pool ဆိုတဲ့ ထိုင်းရုပ်ရှင်ကားကို အရမ်းတွေ စပွိုင်လာ မလုပ်တော့ပါဘူး CM Fan တွေ ဆက်လက်ကြည့်ရှုလိုက်ပါအုံး ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပါတယ်
...

Revolver (2024) ⭐IMDB: 5.7/10 (182 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Revolver (2024) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ခပ်မိုက်မိုက် Action Crime Movie လေး တင်ဆက်ပေးထားပါတယ်။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသား Ji Chang Wook၊The Glory ထဲက မင်းသမီး Lim Ji Yeon၊ Kill Boksoon ထဲက မင်းသမီးကြီးJeon Do Yeon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အပြင် Lee Jeong Jae,Jeon Hye Jin တို့ကလည်း Cameo ပါထားပြီး အရန်ဇာတ်ဆောင်တွေအားလုံးကလည်း ရှယ်တွေမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ Movie လေးပါနော်။ ဇာတ်လမ်းအကျဉ်း စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။ဒါပေမဲ့၂နှစ်ကြာလို့ ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကိုရနိုင်ဖို့ လက်မရွံ့ကြိုးစားပါတော့တယ်။သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာသရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)ကဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသောအကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။ ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်းပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာဘယ်လိုလက်စားချေသွားမလဲ…။အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်းနောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)
...

Nice Girls (2024) ⭐IMDB: 4.1/10 (815 Votes) 🎬 #Action #Comedy #Crime 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်ဟာသဇာတ်လမ်း‌လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ လျူလီမန်ဟာ သူနဲ့မောင်နှမလိုရင်းနှီးတဲ့ လူဒိုပျောက်လို့လိုက်ရှာနေပါတယ်။ နှစ်ယောက်လုံးကစုံထောက်‌တွေဖြစ်ကြပြီး လူဒိုပျောက်တာ ဆယ်‌ရက်လောက်ရှိနေပါပြီ။ တစ်ဖက်မှာလည်း နိုင်ငံတကာထိပ်သီးအစည်းအဝေးပွဲရှိတဲ့အတွက် ရဲဌာနတစ်ခုလုံးက လုံခြုံရေးပေးရဖို့အလုပ်ရှုပ်နေတဲ့အတွက် လျူလီမန်တစ်ယောက်ပဲ လူဒိုကိုအသည်းအသန်ရှာဖွေနေပါတယ်။ အဲ့အချိန်မှာ လေဆိပ်မှာလူဒိုကိုရှာတွေပြီဆိုသတင်းကြားတာနဲ့ သွားကြည့်တဲ့အခါမျှော်လင့်ထားသလိုမဟုတ်ဘဲ လူဒိုအလောင်း ကိုသာပြန်ရပါတယ်။ စုံထောက်တစ်ယောက်ကဂျာမနီမှာသေဆုံးတာဖြစ်တဲ့အတွက် သတင်းမပေါက်ကြားစေဖို့ပြည်ထဲရေးက အမိန့်ချလိုက်ပြီး စုံစမ်းဖို့အတွက်ဂျာမန်စုံထောက်တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ ဂျာမန်စုံ‌ထောက်နဲ့ လျူလီမန်စုံစမ်းတဲ့အခါ မြို့မျက်နှာဖုံးအိမ်ခြံမြေ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပက်သက်နေတာကို သိသွားတဲ့အခါမှာတော့
...

Happy End (2021) ⭐IMDB: 7.1/10 (705 Votes) 🎬 #Drama #Comedy 🗓 2021 🎞 tv series 🌎 #Russia ⏰ 43 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Happy End (2021) စီးရီးဟာ ရုရှား Adult ပညာပေးစီးရီးတစ်ခုဖြစ်ပြီး အပိုင်း (၈) ပိုင်းထုတ်လွှင့်ခဲ့ပါတယ်။ရုရှားဆိုတဲ့အတိုင်း အဖော်အချွတ်တွေကို လိုအပ်သလိုအသုံးပြုထားတာကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့စီးရီးလဲဖြစ်ပါတယ်။ တွေ့ကရာယောက်ျားနဲ့ပလူး၊ ငွေပေးရင် ငါ့ရဲ့ တစ်ညတာလင်လို့သက်မှတ်ကြသူ ပြည့်တန်ဆာတွေရဲ့နှလုံးသားက အခေါင်းပေါက်သက်သက်ပဲလား။အသွေးအသားဈေးကွက်ကို ဖော်ထုတ်အမြတ်ယူ၊ မိန်းမလှလေးတွေ အပျိုရည်ပျက်မှ ထမင်းစားရတဲ့သူဌေးမင်းကြီးကိုလူကြီးလူကောင်းလို့ပြောကြတဲ့ လူကုံတံအသိုင်းအဝန်းဆိုတာလည်းရှိရဲ့။ မိန်းမတစ်ယောက်ဟာ သူ့မိန်းမလိင်အင်္ဂါဇာတ်နဲ့ ငွေကြေးယူ အသက်မွေးခြင်းက လူ့အသိုင်းအဝန်းမှာ ရှက်ဖွယ်လိလိ အော့နှလုံးနာစရာဖြစ်ပေမဲ့လို့အချိန်တန် သူ့ပေါင်ကြားထဲဝင် အာသာနဲ့တဏှာကိုဖြေဖျောက်ကြတဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတွေဟာလည်း ရှက်စရာလို့ တွေးကြသူတွေ နည်းပါးလှပါတယ်။ တစ်ချိန်က ရုရှားတို့ပြည်မှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရှိသတဲ့။သူက webcam လို့ခေါ်တဲ့ ကင်မရာရှေ့မှာ လူလုံးပြ၊ ငွေကြေးနဲ့ ပြန်လှန်လဲလှယ်လို့ရတဲ့ တိုကင်လေးတွေများများပေးတဲ့သူရှိရင်သူ့အကြိုက်လိုက်ပြီး ဖော်ပြ၊ ပွတ်ပြ၊ ကုန်းပြရတဲ့သူလေး။ ကင်မရာမင်းသမီးလေးပေါ့။ ဒီတော့ မိန်းမလှလေးတွေကို ပိုက်ဆံပေးပြီး ကိုယ်ခိုင်းတာလုပ်ပြနေတာကို တီဗီကနေ ကြည့်ရတာသဘောကျတဲ့၊အတွေ့ထက် အငွေ့ကို ပိုသဘောကျတဲ့ လူကြီးမင်းတွေရှိနေသရွေ့တော့ ကင်မရာမင်းသမီးလေးတွေဟာ ဝင်ငွေကောင်းတယ်။တကယ်ကြီး လိင်ဆက်ဆံစရာမလိုဘဲ ပိုက်ဆံရတဲ့သူလေးတွေ။ ဒါပေမဲ့ သူတို့ကိုလည်း ပြည့်တန်ဆာစာရင်းပဲ သွင်းရမှာပေါ့လေ။ ဒါပေမဲ့ ဒီကိစ္စတွေဟာ လူကြီးမင်းထင်သလောက်တော့ မရိုးရှင်းလှပါဘူး။ကင်မရာရဲ့နောက်ကွယ်မှာ အပိုင်စားနယ်မြေလုကြရတာ၊ဝင်ငွေကောင်းတဲ့ နာမည်ကျော်မိန်းကလေးနောက်ကို အမိအရလိုက်ကြတဲ့ အပြာကားထုတ်လုပ်သူတွေ၊ကိုယ်က ကင်မရာမင်းသမီးလုပ်စားနေတာ သိတဲ့သူရှိသွားလို့ ကိုယ့်အသိုင်းအဝန်းမှာ ဗီဒီယိုဖြန့်လိုက်ရမလား၊ငွေပေးမလားဆိုတဲ့ ငွေညစ်သူတွေ။ ဒီဇာတ်ကားက အပြာလောက ရိုက်ကူးတင်ဆက်မှုတွေ၊ကင်မရာမင်းသမီးတွေရဲ့ ကင်မရာနောက်ကွယ်က အရုပ်ဆိုးအကျည်းတန်တဲ့ဘဝတွေဆီ ခေါ်ဆောင်သွားမှာဖြစ်လို့18 + ဆိုတာထက် ဗဟုသုတရစရာ၊ ကိုယ်ချင်းစာစရာ ကြည့်ရှုရမယ့် မီနီစီးရီးဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) File Size –(450 MB) (Appx;) @EpisodeQuality – WEB-DL 1080pDuration – 40 min (@Episode)Total Episode – 8 Episode in Season-1Subtitle – Myanmar HardsubFormat – mp4Genre : Adult , DramaTranslator –Toke GyiEncoder –JAVA Download Season(1)Complete============== Episode-1 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-2 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-3 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-4 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-5 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-6 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-7 (108op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-8-END(108op) >>>Telegram/Yoteshin/Gdtot/MegaUp – Season(1) ပြီးပါပြီ။
...

Marrowbone (2017) ⭐IMDB: 6.7/10 (42 k Votes) 🎬 #Drama #Horror #Thriller #Mystery 🗓 2017 🎞 movie 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marrowbone (2017) IMDb Rating (6.7) ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ်  Strangers Things က Charlie ရယ်စတဲ့တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့်အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ်
...

Shree (2013) ⭐IMDB: 6.3/10 (315 Votes) 🎬 #Bollywood #SciFi #Thriller 🗓 2013 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shree (2013) စာရေးလေးရှရီးနှင့် သူပတ်သက်မိသောပဟေဠိ ယခုအခါမှာတော့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကာလ ၂၀၁၃ ခုနှစ်ကထွက်ရှိထားပြီး IMDB 6.3/10 ရရှိထားတဲ့ “Shree”ဆိုတဲ့Sci-Fi/Thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ချစ်ရသူဆိုနူးလေးကို သိပ်သိပ်ချစ်ရ ပေမယ့် ပိုက်ဆံမရှိလို့ လက်မထပ်ရသေးတဲ့ စာရေးလေး ရှရီး…Air Calling ဆိုတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ချစ်ရသူနဲ့လက်ထပ်ရဖို့အရေးကြိုးစားရှာဖွေ‌နေရင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး ရမ်ဒါဝမ်ရဲ့ ကမ်းလှမ်းချက်တွေအောက်မှာစီးမျောပါသွားမိရာကနေ ပဟေဠိဆန်လှတဲ့သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မိပြီးအဆုံးသတ်မှာ ဘာတွေ ကြုံတွေ့လာရမှာလဲဆိုတာကို ပဟေဠိရှာရသလို ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team က ခံစားပြန်ဆိုရေးသားပေးထားတာပဲဖြစ်ပါတယ်)
...