ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Jawaani Jaaneman (2020)
⭐IMDB: 6.5/10 (8 k Votes)
🎬 #Bollywood #Comedy #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 57 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟိုင်း အချောလေးတို့ အိမ်ထဲမှာ နေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ပြီဆိုတာ သိပြီးကြရောပေါ့။
မပျင်းရအောင် အကျိုးဆောင်ပေးရရင် ရုပ်ရှင်ကားကောင်းလေးတွေနဲ့ တင်ဆက်ပေးမှာပါ။
ခုတစ်ဖန် တင်ဆက်မှာကတော့… ဘောလိဝုဒ် မိသားစုဒရာမာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။
မင်းသားကြီးကလည်း လူတိုင်းသိပြီးသား ဖြစ်ပြီး မင်းသမီးချောလေးတွေလည်း ပါနေပါသေးတယ်နော်။
ဇာတ်လမ်းအကျဉ်းကတော့… ဟိုးရှေးရှေးတုန်းက စော်ကြည်ဘဲ တစ်ယောက် ရှိသတဲ့ပေါ့။
ခုခေတ်အခေါ် စားဘဲကြီးပေါ့။ စားဘဲကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း လွယ်လွယ်ရရိုးလား။
မနက်ဆို ၁၂နာရီမှ အိပ်ယာထ၊ ရုံးကို ၃နာရီလာ၊ ညနေ ၅နာရီရုံးဆင်း၊ ညဘက်ဆို ကလပ်တက်၊ စော်တွေနဲ့ ဇာတ်လမ်းဖြစ်။
သူ့အလုပ်ကတော့ အိမ်ခြံမြေအကျိူးဆောင် ပွဲစားပေါ့။ ဒီလိုနဲ့ သူ့အရွယ်က အိမ်ထောင်ပြုသင့်နေပြီလို့ မိသားစုက ဖျောင်းဖျကြတယ်။
လောကမှာ ဘာအကြောက်ဆုံးလဲလို့ မေးရင် မိန်းမယူ၊ ကလေးမွေးပဲ။ သူ့ခံယူချက်က ရှိသေးတယ်။ ဘာတဲ့။
အိမ်ထောင်ဘဝဆိုတာ ယောက်ျားတွေကို ကျရှုံးစေတဲ့ အရာတဲ့ဗျ။
စော်တွေကို ထည်လဲတွဲနေတဲ့ ဘဲကြီးကတော့ မိန်းမယူစရာမှ မလိုတာ။
တနေ့တော့ မိန်းကလေးချောချောလေးတစ်ယောက်ကို ဘားမှာတွေ့တော့ ထုံးစံအတိုင်း ဘဲကြီးက သွားရည်ယိုတာပေါ့။
ကောင်မလေးက ပြောရှာတယ်။ သူနဲ့ စကားပြောချင်လို့တဲ့။
အဲ့ဒီမှာ စော်တွေ့တိုင်း ခေါ်နေကျသူ့အိမ်ကို ခေါ်သွားတော့… ကောင်မလေးက စကားတစ်ခွန်းဆိုပါတယ်။
အဲ့ဒါကတော့…. လူပျိုကြီး ကြက်သီးမွှေးညှင်းထစရာ အကြောင်းတစ်ခုဖြစ်ပြီး……… ကဲ ကိုယ်တိုင်သာ ခံစားကြည့်ပါတော့ဗျာ။
စပွိုင်လာမမိအောင် အညွှန်းရေးထားပေမဲ့ အညွန်းမျိုးစုံဖတ်ထားကြသူအဖို့တော့ စပွိုင်းခံထားရတာ စိတ်မကောင်းစရာပါ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
File Size : (900 MB ) and (450 MB)Quality : AMZN WEB-DL 720pRunning Time : 1hr 52minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Source : 1080p.AMZN.WEB-DL.DD+5.1.x264-TellyTranslated by Nyi Nyi Koe And Myint ThuEncoded by Thanhtike Zaw
ZG
ဟိုင်း အချောလေးတို့ အိမ်ထဲမှာ နေနဲ့ ကမာၻကြီးကို ကယ်တင်နိုင်ပြီဆိုတာ သိပြီးကြရောပေါ့။
မပျင်းရအောင် အကျိုးဆောင်ပေးရရင် ရုပ်ရှင်ကားကောင်းလေးတွေနဲ့ တင်ဆက်ပေးမှာပါ။
ခုတစ်ဖန် တင်ဆက်မှာကတော့… ဘောလိဝုဒ် မိသားစုဒရာမာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။
မင်းသားကြီးကလည်း လူတိုင်းသိပြီးသား ဖြစ်ပြီး မင်းသမီးချောလေးတွေလည်း ပါနေပါသေးတယ်နော်။
ဇာတ်လမ်းအကျဥ်းကတော့… ဟိုးရှေးရှေးတုန်းက စော်ကြည်ဘဲ တစ်ယောက် ရှိသတဲ့ပေါ့။
ခုခေတ်အခေါ် စားဘဲကြီးပေါ့။ စားဘဲကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း လွယ်လွယ်ရရိုးလား။
မနက်ဆို ၁၂နာရီမှ အိပ်ယာထ၊ ရုံးကို ၃နာရီလာ၊ ညနေ ၅နာရီရုံးဆင်း၊ ညဘက်ဆို ကလပ်တက်၊ စော်တွေနဲ့ ဇာတ်လမ်းဖြစ်။
သူ့အလုပ်ကတော့ အိမ်ခြံမြေအကျိူးဆောင် ပွဲစားပေါ့။ ဒီလိုနဲ့ သူ့အရွယ်က အိမ်ထောင်ပြုသင့်နေပြီလို့ မိသားစုက ဖျောင်းဖျကြတယ်။
လောကမှာ ဘာအကြောက်ဆုံးလဲလို့ မေးရင် မိန်းမယူ၊ ကလေးမွေးပဲ။ သူ့ခံယူချက်က ရှိသေးတယ်။ ဘာတဲ့။
အိမ်ထောင်ဘဝဆိုတာ ယောက််ားတွေကို ကျရှုံးစေတဲ့ အရာတဲ့ဗျ။
စော်တွေကို ထည်လဲတွဲနေတဲ့ ဘဲကြီးကတော့ မိန်းမယူစရာမှ မလိုတာ။
တနေ့တော့ မိန်းကလေးချောချောလေးတစ်ယောက်ကို ဘားမှာတွေ့တော့ ထုံးစံအတိုင်း ဘဲကြီးက သွားရည်ယိုတာပေါ့။
ကောင်မလေးက ပြောရှာတယ်။ သူနဲ့ စကားပြောချင်လို့တဲ့။
အဲ့ဒီမှာ စော်တွေ့တိုင်း ခေါ်နေကျသူ့အိမ်ကို ခေါ်သွားတော့… ကောင်မလေးက စကားတစ်ခွန်းဆိုပါတယ်။
အဲ့ဒါကတော့…. လူပျိုကြီး ကြက်သီးမွှေးညှင်းထစရာ အကြောင်းတစ်ခုဖြစ်ပြီး……… ကဲ ကိုယ်တိုင်သာ ခံစားကြည့်ပါတော့ဗျာ။
စပွိုင်လာမမိအောင် အညွှန်းရေးထားပေမဲ့ အညွန်းမျိုးစုံဖတ်ထားကြသူအဖို့တော့ စပွိုင်းခံထားရတာ စိတ်မကောင်းစရာပါ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Disco Raja (2020)
⭐IMDB: 6.1/10 (2 k Votes)
🎬 #Action #Bollywood #Sci-Fi #ScienceFiction #Thriller #Crime #Drama #SciFi
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 27 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spoiler Alert!
၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။
ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့….
ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။
ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။
ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။
တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။
အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။
သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။
ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲ
အသတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတော့ သူ့ကို သတ်ခဲ့တဲ့သူကို လိုက်လံရှာဖွေ သတ်ဖြတ်မယ်ပေါ့။
ဇာတ်လမ်းက ဒီလောက်ပဲ ဆိုပေမယ့် ဒီကားကတော့ ဟိုးလွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်တွေကို အခြေတည်ပြီး လမ်းသရဲခေတ်
ဒစ်စကိုဂီတ ခေတ်စားခဲ့ချိန်တွေအတိုင်း ရိုက်ကူးထားခဲ့တာမို့ အစကနေ အဆုံးအထိ ခပ်မြူးမြူးလေးနဲ့ ဆွဲဆောင်သွားပါတယ်။
ကလို့ ၊ ခုန်လို့ ကောင်းတဲ့ သီချင်းလေးတွေ ပါတယ်။ မိသားစုနဲ့အတူ ကြည့်လို့ရတယ်။
အရမ်းကြီးကောင်းတယ်လို့ မညွှန်းချင်ပေမယ့် ကြည့်ပျော်ရှုပျော်ရှိပါတယ်။ (ဟောလိ၀ုဒ်ကားနဲ့တော့ ယှဉ်လို့မရဘူးပေါ့ ခင်ဗျာ)
ကဲ… တောင်ပိုင်းကားအထွက်နည်းတာမို့ ကောင်းနိုးရာရာကို တင်ဆက်ပေးလိုက်ပြီ။
အိမ်ထဲမှာ ဇာတ်ကားကြည့်ရင်း ၀ူဟန်ကို ကာကွယ်ကြပါစို့။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung တို့ ဖြစ်ပါတယ်။
File Size : (999 MB ) and (480 MB)Quality : WEB-DL 720pRunning Time : 2hr 21minFormat : Mp4Genre : Action, Sci-FiSubtitle : Myanmar Subtitle (Hard Sub)Source : Telugu Proper 1080p HD AVC – x264 – DDP 5.1Translated by Myint Thu And Lwin Htoo AungEncoded by Thanhtike Zaw
ZG
Spoiler Alert!
၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။
ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့….
ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။
ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။
ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဥ်လည်း ဆန်ပါတယ်။
တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။
အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။
သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။
ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲ
အသတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတော့ သူ့ကို သတ်ခဲ့တဲ့သူကို လိုက်လံရှာဖွေ သတ်ဖြတ်မယ်ပေါ့။
ဇာတ်လမ်းက ဒီလောက်ပဲ ဆိုပေမယ့် ဒီကားကတော့ ဟိုးလွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်တွေကို အခြေတည်ပြီး လမ်းသရဲခေတ်
ဒစ်စကိုဂီတ ခေတ်စားခဲ့ချိန်တွေအတိုင်း ရိုက်ကူးထားခဲ့တာမို့ အစကနေ အဆုံးအထိ ခပ်မြူးမြူးလေးနဲ့ ဆွဲဆောင်သွားပါတယ်။
ကလို့ ၊ ခုန်လို့ ကောင်းတဲ့ သီချင်းလေးတွေ ပါတယ်။ မိသားစုနဲ့အတူ ကြည့်လို့ရတယ်။
အရမ်းကြီးကောင်းတယ်လို့ မညွှန်းချင်ပေမယ့် ကြည့်ပျော်ရှုပျော်ရှိပါတယ်။ (ဟောလိ၀ုဒ်ကားနဲ့တော့ ယှဥ်လို့မရဘူးပေါ့ ခင်ဗျာ)
ကဲ… တောင်ပိုင်းကားအထွက်နည်းတာမို့ ကောင်းနိုးရာရာကို တင်ဆက်ပေးလိုက်ပြီ။
အိမ်ထဲမှာ ဇာတ်ကားကြည့်ရင်း ၀ူဟန်ကို ကာကွယ်ကြပါစို့။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung တို့ ဖြစ်ပါတယ်။
Har Kisse Ke Hisse: Kaamyaab (2018)
⭐IMDB: 7.8/10 (4 k Votes)
🎬 #Bollywood #Drama #Comedy
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 45 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 8.4/10
“ဘဝကိုသာ ပျော်ပျော်နေလိုက် တခြား ဘာရွေးခြယ်စရာရှိလို့လဲ”
****************************************
အဲ့ဒိခေတ်တုန်းက အာလူးတွေကို သိပ်လိုချင်ကြတာလေ အာလူးဆိုတာဘာကိုပြောတာလဲ
ငါတို့လို သရုပ်ဆောင်တွေကို အာလူးလို့ခေါ်ကြတယ် အားလူးက ဘယ်အရာနဲ့မဆိုရောနှောလို့ရတယ်လေ
အသား၊ ငါး ဟင်းသီးဟင်းရွက် ကြိုက်တာနဲ့ အာလူးကိုရောလို့ရတယ်
ဟာသကားပဲဖြစ်ဖြစ် ဒရာမာကားပဲဖြစ်ဖြစ် အက်ရှက်ကားပဲဖြစ်ဖြစ် ဘယ်မင်းသားလာလာ ငါတို့လိုအာလူးတွေက အဆင်ပြေတယ်မလား
====================================
ကြယ်ပွင့်များနှင့်ခရီးစဉ်ဆိုတဲ့ အစီစဉ်မှာ ရွေးခြယ်တင်ဆက်ခြင်းခံရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ဆူဒီးရ်ဟာ ယခုလိုပဲ
စိတ်ပျက်လက်ပျက်နဲ့ ပြောကြားလိုက်တော့ အစီစဉ်တင်ဆက်သူ အမျိုးသမီးက စိတ်မကောင်းစွာဖြင့် ဘာလို့ဒီပြောရတာလဲဆရာ
ဆရာသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအရေအတွက်က ၄၉၀ လောက်ထိရှိတယ်လေ အတိအကျဆို ၄၉၉ ကားတောင်ရှိတာ
ဒီစကားသံကိုကြားလိုက်ရတော့ ဆူဒီးရ် စိတ်ဝင်စားသွားပါတယ် သူတောင် သူရုပ်ရှင်ဘယ်နှကားမှာ သရုပ်ဆောင်ခဲ့ဖူးလဲ အတိအကျမသိပါဘူး
အဲ့ဒိနောက်မှာတော့ သူငယ်ချင်းတစ်ယောက်၏ အားပေးမှုနဲ့ ဆူဒီးရ်တစ်ယောက် သူ့ဘဝမှာ ကား ၅၀၀ ပြည့်အောင်
သရုပ်ဆောင်မယ်ဆိုတဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်ဖို့ကြိုးစားပါတော့တယ်
အနုပညာလောက,ကရော သူ့ကိုကြိုဆိုပါ့မလား သူ့အိပ်မက်ကိုရော အကောင်ထည်ဖေါ်နိုင်ပါ့မလား
အားလုံးပဲ ဆက်လက်ခံစားကြည့်လိုက်ပါဦး
ဒီဇာတ်လမ်းဟာ ပရိသတ်အသိမှတ်ပြုမှုကို မခံရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားသော ဒရာမာကားကောင်းတစ်ကားပါ
က,ခုန်တာတွေ၊ ဖိုက်တာတွေပါမှကြည့်ချင်ရင် ဒီကားနဲ့အဆင်မပြေနိုင်ပါဘူး
အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆန်ဂျေး မစ်ရှ်ရားဟာလည်း ပညာသားပါပါ ဆရာကျကျနဲ့ တကယ်ကိုကောင်းမွန်လှပါပေတယ်
ဘောလီဝုဒ်ပရိသတ်ကြီးအတွက် အချိန်ပေးရတန်မယ့် ကားတစ်ကားဆိုတာ အာမခံပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Angrezi Medium (2020)
⭐IMDB: 7.2/10 (17 k Votes)
🎬 #Bollywood #Comedy #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 25 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.7/10
Rotten 50%
ဘောလီဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့နောက်ဆုံးထွက် ကားသစ်ကားကောင်းတစ်ကားကို တင်ဆင်ပေးလိုက်ပါတယ်
မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦး
ဇာတ်လမ်းကတော့
အိန္ဒိမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်
ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်
ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်
ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကို
ဘယ်လိုအကောင်အထည်ဖေါ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Bamfaad (2020)
⭐IMDB: 5.8/10 (2 k Votes)
🎬 #Bollywood #Romance #Drama
🗓️ 2020 🎞️ movie 📺 720p HD
🌎 #India
⏰ 1 နာရီ 42 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘောလီဝုဒ်ဖန်တွေအတွက် အချစ်ကားအသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
သရုပ်ဆောင်နှစ်ယောက်လုံးက မျက်နှာသစ်တွေဆိုပေမယ့် မင်းသမီးကတော့ Arjun Reddy ဇာတ်ကားထဲက
မင်းသမီးချောလေး Shalini Pandey ရဲ့ ဘောလီဝုဒ်ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်ပါတယ်
အဓိကမင်းသားကတော့ နာမည်ကြီးသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Paresh Rawal
(Sanju ဇာတ်ကားထဲမှ ဆန်ဂျူး၏ဖခင်နေရာ၌သရုပ်ဆောင်သောမင်းသားကြီး) ၏ သား Aditya Rawal ပဲဖြစ်ပါတယ်
သရုပ်နှစ်ဆောင်နှစ်ယောက်လုံးက အသစ်တွေဆိုပေမယ့် စကေးတွေကတော့ မညံ့ပါဘူ
း ဇာတ်လမ်းလေးကတော့ နာတီးဆိုတဲ့ ခပ်ပေပေခပ်ဆိုးဆိုးချာတိတ်တစ်ယောက်ရှိတယ်
ဘာအလုပ်မှမယ်မယ်ရရမရှိဘဲ နေ့စဉ်အလေလိုက်ရန်ဖြစ် ဒါနဲ့ပဲအချိန်ကုန်နေတတ်တဲ့ကောင်မျိုးပေါ့
တနေ့မှာတော့ အမှတ်မထင် နီလမ်းဆိုတဲ့ကောင်မလေးကိုတွေ့ပြီး စိတ်ဝင်စားသွားခဲ့တယ်
ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူတို့ဒေသက တကယ့်အကောင်လိုပြောလို့ရတဲ့ ဂျီဂဲရ်ရဲ့အပတ်သတ်ဖြစ်နေတယ်
ဒီတော့ ဒီလူဆိုးလက်က ဒီကောင်မလေးကို ကယ်တင်နိုင်ပါ့မလား သူတို့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလားဆိုတာကို ………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
File Size : (950 MB) and (480 MB)Quality : WEB-DL 720pRunning Time : 1hr 42minFormat : Mp4Genre : RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 1080p WEBRip x264 AC3 LOKiHD – TellyTranslated by Zaw HtooEncoded by Thanhtike Zaw
zawgyi
ဘောလီဝုဒ်ဖန်တွေအတွက် အချစ်ကားအသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
သရုပ်ဆောင်နှစ်ယောက်လုံးက မျက်နှာသစ်တွေဆိုပေမယ့် မင်းသမီးကတော့ Arjun Reddy ဇာတ်ကားထဲက
မင်းသမီးချောလေး Shalini Pandey ရဲ့ ဘောလီဝုဒ်ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်ပါတယ်
အဓိကမင်းသားကတော့ နာမည်ကြီးသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Paresh Rawal
(Sanju ဇာတ်ကားထဲမှ ဆန်ဂျူး၏ဖခင်နေရာ၌သရုပ်ဆောင်သောမင်းသားကြီး) ၏ သား Aditya Rawal ပဲဖြစ်ပါတယ်
သရုပ်နှစ်ဆောင်နှစ်ယောက်လုံးက အသစ်တွေဆိုပေမယ့် စကေးတွေကတော့ မညံ့ပါဘူ
း ဇာတ်လမ်းလေးကတော့ နာတီးဆိုတဲ့ ခပ်ပေပေခပ်ဆိုးဆိုးချာတိတ်တစ်ယောက်ရှိတယ်
ဘာအလုပ်မှမယ်မယ်ရရမရှိဘဲ နေ့စဥ်အလေလိုက်ရန်ဖြစ် ဒါနဲ့ပဲအချိန်ကုန်နေတတ်တဲ့ကောင်မျိုးပေါ့
တနေ့မှာတော့ အမှတ်မထင် နီလမ်းဆိုတဲ့ကောင်မလေးကိုတွေ့ပြီး စိတ်ဝင်စားသွားခဲ့တယ်
ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူတို့ဒေသက တကယ့်အကောင်လိုပြောလို့ရတဲ့ ဂျီဂဲရ်ရဲ့အပတ်သတ်ဖြစ်နေတယ်
ဒီတော့ ဒီလူဆိုးလက်က ဒီကောင်မလေးကို ကယ်တင်နိုင်ပါ့မလား သူတို့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလားဆိုတာကို ………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Shubh Mangal Zyada Saavdhan (2020)
⭐IMDB: 5.8/10 (10 k Votes)
🎬 #Bollywood #Comedy #Romance #Crime
🗓️ 2020 🎞️ movie 📺 720p HD
🌎 #India
⏰ 1 နာရီ 58 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။
ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။
သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)
ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။
မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။
အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။
အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့…
သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ရင်ဆိုင်တွေ့ဖို့ ဖြစ်လာပါတယ်။
ကဲ ဒီလောက်ဆို ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ အဆင်သင့်ဖြစ်ပြီလား။
————————
အညွန်းကတော့ သိပ်ရေးလို့မဖြစ်ဘူးဗျ။
ကျွန်တော်တို့လည်း LGBT ဝန်းရံသူ၊ LGBT မဟုတ်တော့ ကိုယ့်အတွေးနဲ့ အညွန်းကို အလှဆင်ဖို့ ခက်နေပါတယ်။
အထူးတောင်းပန်ရမယ်ဆိုရင် ဒီလိုကိစ္စမျိုး(လိင်တူချစ်သူ)တွေကို သင်သဘောမကျဘူးဆိုရင် သင့်ရဲ့ ကလေးတွေကို ပေးကြည့်စေတာ မလုပ်မိစေချင်ပါ။
ကြည့်ရှုတာကနေ စိတ်ထဲ နေရာယူသွားတတ်ပါလို့ ဒီဇာတ်ကားထဲမှာ အပြာကားတွေကြည့်ရာက အပြာမင်းသမီးတွေကို မစွဲသွားဘဲ
အပြာမင်းသားတွေကို စွဲသွားတယ်ဆိုတာမျိုး စကားတွေနဲ့ လှစ်ဟထားသလို နောက်ထပ်လည်း ဆင်ခြေ၊ ဒဿနတွေ အများကြီးပါပါသေးတယ်။
ကဲ ဒီလို ကိုယ့်အကောင့်ထဲက ဒီလိုဇာတ်မျိုး ကြိုက်သူတွေကို memtionလုပ်လိုက်ပါဦး
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
File Size : (900 MB ) and (450 MB)Quality : AMZN WEB-DL 720pRunning Time : 1hr 57minFormat : Mp4Genre : Comedy, RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 720p.AMZN.WEB-DL.DD+5.1.x264-TellyTranslated by Nyi Nyi Koe And Myint ThuEncoded by Thanhtike Zaw
zawgyi
မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။
ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။
သာမန်ယောကျာ်းတွေလိုပဲ နေပြီး ယောကျာ်းချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)
ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။
မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။
အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။
အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့…
သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ရင်ဆိုင်တွေ့ဖို့ ဖြစ်လာပါတယ်။
ကဲ ဒီလောက်ဆို ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ အဆင်သင့်ဖြစ်ပြီလား။
————————
အညွန်းကတော့ သိပ်ရေးလို့မဖြစ်ဘူးဗျ။
ကျွန်တော်တို့လည်း LGBT ဝန်းရံသူ၊ LGBT မဟုတ်တော့ ကိုယ့်အတွေးနဲ့ အညွန်းကို အလှဆင်ဖို့ ခက်နေပါတယ်။
အထူးတောင်းပန်ရမယ်ဆိုရင် ဒီလိုကိစ္စမျိုး(လိင်တူချစ်သူ)တွေကို သင်သဘောမကျဘူးဆိုရင် သင့်ရဲ့ ကလေးတွေကို ပေးကြည့်စေတာ မလုပ်မိစေချင်ပါ။
ကြည့်ရှုတာကနေ စိတ်ထဲ နေရာယူသွားတတ်ပါလို့ ဒီဇာတ်ကားထဲမှာ အပြာကားတွေကြည့်ရာက အပြာမင်းသမီးတွေကို မစွဲသွားဘဲ
အပြာမင်းသားတွေကို စွဲသွားတယ်ဆိုတာမျိုး စကားတွေနဲ့ လှစ်ဟထားသလို နောက်ထပ်လည်း ဆင်ခြေ၊ ဒႆနတွေ အများကြီးပါပါသေးတယ်။
ကဲ ဒီလို ကိုယ့်အကောင့်ထဲက ဒီလိုဇာတ်မျိုး ကြိုက်သူတွေကို memtionလုပ်လိုက်ပါဦး
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
World Famous Lover (2020)
⭐IMDB: 5.0/10 (3 k Votes)
🎬 #Bollywood #Romance #Drama #Comedy
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 27 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ်
ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။
ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ – ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။
ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။
စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ…။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ား
ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်
ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။
ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး…. ပြတ်စဲကြရတော့တယ်….။
ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။
သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ဇာတ်လိုက်အဖြစ်နဲ့ ခံစားပြီး ရေးလိုက်တာတွေကြောင့် သူ့ဇာတ်လမ်းတွေဟာ သူ့စရိုက်
သူ့စိတ်ထားနဲ့ အချစ်အပေါ် သူမြင်တဲ့အမြင်တွေနဲ့ ပြည့်နှက်နေတော့တယ်။
ဒီဇာတ်လမ်းကို သရုပ်ဆောင်ထားတဲ့သူက Geetha Govindam , Dear Comrade တို့လို ဇာတ်ကားလေးတွေကို ပရိတ်သတ်ရင်ထဲကို ရောက်လာခဲ့သူ Vijay Deverakonda ဖြစ်ပြီး
မင်းသမီးကလည်း အိန္ဒိယဇာတ်ကားပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ပုရိသတို့ရဲ့ အသည်းကျော်လေး Raashi Khanna ဖြစ်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
File Size : (1.20 GB ) and (600 MB)Quality : NF WEB-DL 720pRunning Time : 2hr 34minFormat : Mp4Genre : RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 720p.NF.WEB-DL.DD+5.1.x264-TellyTranslated by Nyi Nyi Koe And Myint ThuEncoded by Thanhtike Zaw
zawgyi
လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ်
ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။
ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂော်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ – ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။
ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။
စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ…။ ယမနီအတွက်တော့ နေ့စဥ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျာ်း
ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျာ်းကို မြင်ရလိုက်
ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျာ်းအပေါ် စိတ်ကုန်လာခဲ့ပါတယ်။
ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှုိင်းလို့မရတဲ့အဆုံး…. ပြတ်စဲကြရတော့တယ်….။
ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂော်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။
သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ဇာတ်လိုက်အဖြစ်နဲ့ ခံစားပြီး ရေးလိုက်တာတွေကြောင့် သူ့ဇာတ်လမ်းတွေဟာ သူ့စရိုက်
သူ့စိတ်ထားနဲ့ အချစ်အပေါ် သူမြင်တဲ့အမြင်တွေနဲ့ ပြည့်နှက်နေတော့တယ်။
ဒီဇာတ်လမ်းကို သရုပ်ဆောင်ထားတဲ့သူက Geetha Govindam , Dear Comrade တို့လို ဇာတ်ကားလေးတွေကို ပရိတ်သတ်ရင်ထဲကို ရောက်လာခဲ့သူ Vijay Deverakonda ဖြစ်ပြီး
မင်းသမီးကလည်း အိန္ဒိယဇာတ်ကားပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ပုရိသတို့ရဲ့ အသည်းကျော်လေး Raashi Khanna ဖြစ်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့
Love Aaj Kal (2020)
⭐IMDB: 4.6/10 (10 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 20 မိနစ် 09 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲ
မိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျ
ာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲ
ဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူ
း ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်
အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲ
ဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့
ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါ
အချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားက
ဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
File Size : (950 MB) and (480 MB)Quality : NF WEB-DL 720pRunning Time : 2hr 22minFormat : Mp4Genre : Drama, RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 1080p NF WEBRip x264 DD 5.1 .LOKiHD – TellyTranslated by Zaw HtooEncoded by Thanhtike Zaw
zawgyi
ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲ
မိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက််ားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျ
ာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲ
ဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူ
း ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်
အချစ်ကားများစွာကို ပုံဖော်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲ
ဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့
ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါ
အချစ်နဲ့ အလုပ်ကြားက ပြႆနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားက
ဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Bhoot: Part One - The Haunted Ship (2020)
⭐IMDB: 5.4/10 (6 k Votes)
🎬 #Bollywood #Horror #Thriller #Mystery
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 50 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.1 / 10
ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့
Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ … မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်
အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါ
ဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါ
သင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်
ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ …..
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
File Size : (900 MB) and (450 MB)Quality : AMZN WEB-DL 720pRunning Time : 1hr 54minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Source : 1080p.AMZN.WEB-DL.DD+5.1.x264-TellyTranslated by Zaw HtooEncoded by Thanhtike Zaw
zawgyi
IMDb 6.1 / 10
ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့
Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ … မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်
အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါ
ဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါ
သင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်
ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ …..
………..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Ponmagal Vandhal (2020)
⭐IMDB: 6.7/10 (3 k Votes)
🎬 #Bollywood #Drama #Thriller #Crime
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 03 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(မင်းသမီးလေး ရောက်လာပါပြီ)
ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။
ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။
ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်…
တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ…
စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်…
သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်…
သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်…
စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်…
အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ…
ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်…
နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်…
တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်…
လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်…
ဒီရှေ့နေမ ငွေလိုလို့လား…နာမည်ကြီးချင်လို့လားပေါ့…
ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ… မစ္စစ်ဗန်ဘာ…
ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း…
အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု… လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်…
ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ဒီအမှုမှာ ဩဇာအာဏာကြီးလှတဲ့ တစ်ဖက်ရှေ့နေကို ရှေ့နေမလေး ယှဉ်ပြိုင်နိုင်ပါ့မလား
အညွန်းကိုတော့ ကိုအောင်ဇင်ဖြိုးရဲ့ Fb မှ ကူးယူဖော်ပြထားပါတယ်။
ကျွန်တော်တို့ တင်ဆက်ဖို့ နောက်ကျနေခဲ့တာက မအားတာကတစ်ကြောင်းနဲ့
တမီးလ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း မူရင်းစာမချောတော့ အချိန်ယူပြီး အကောင်းဆုံးရေးပြီး ပြင်ဆင်ခဲ့ရလို့ပါ။
မေ၂၉မှာ Amazon World Premiereနဲ့ ထွက်ရှိခဲ့ပြီး ခုဆိုရင် IMDb Rating 7.2/10 ကို ရရှိထားခဲ့ပါပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Baaghi 3 (2020)
⭐IMDB: 2.1/10 (13 k Votes)
🎬 #Action #Bollywood #Thriller #Adventure
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 25 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။
တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။
မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။
Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။
အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။
ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။
အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီ
သူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။
ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။
လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။
ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။
အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ အာဏာကြီးသလို သတ်ဖြတ်ဖို့လည်း ဝန်မလေးတတ်သူတွေ။
ကြောက်တတ်တဲ့ နုံအအ ရဲသားတစ်ယောက်ဖြစ်တဲ့ ညီကိုအားကိုးနေရသူ ဗစ်ကရမ်ဟာ ဒီဂိုဏ်းသမားတွေနဲ့ ဘယ်လို ရင်ဆိုင်လာရမလဲ။
ရွန်နီ ပြောနေကျစကားရှိတယ်။ “ငါ့ကိုထိပါးလာရင် ငြိမ်ခံတတ်ပေမဲ့ ငါ့အစ်ကို ထိပါးလာရင်တော့ လက်ပိုက်ကြည့်မနေတတ်ဘူး”တဲ့။
ရွန်နီကရော ဘယ်အတိုင်းအတာထိ ကယ်တင်ပေးနိုင်မလဲဆိုတာကို အက်ရှင်အလန်းအစားတွေနဲ့အတူ မင်းသမီးချောချောလေးနဲ့ ကြည့်ရှုခံစားရမှာပါ။
ကဲ… အားလုံးပဲ …. “Get Ready To Figh”
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Malang (2020)
⭐IMDB: 6.5/10 (11 k Votes)
🎬 #Action #Bollywood #Crime #Drama #Romance #Thriller
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 11 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ
2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး
မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ
သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ
Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)
ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”
“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်
အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့
တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ
ဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့
IMDb 6.7/10 နဲ့
Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
Forensic (2020)
⭐IMDB: 6.8/10 (6 k Votes)
🎬 #Bollywood #Crime #Drama #Thriller #Mystery
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 13 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM Fan တွေ အတွက်
ဘောလိဝုဒ် မူခင်းဇတ်လမ်းတစ်ခုကို
ထပ်မံတင်ဆက်ပေးလိုက်ပါတယ်….
လက်ထောက် ရဲမှုး ရစ်သီကာ ဟာ
ကလေးလူသတ်သမား ကွင်းဆက်အမှုကို
လိုက်နေသူ ဖြစ်ပြီး လူသတ်သမားဟာ
နှစ်အတန်ကြာမှ တစ်ခါပေါ်လာပြီး
ဆက်တိုက် ပြန်ပေးဆွဲ လူသတ်မှု ကျူးလွန်ပြီး
ပြန်ပြန်ပျောက်သွားတက်သူ ဖြစ်ပါတယ်…
နောက်ဆုံး တစ်ခေါက် ပြန်လာတဲ့အခါမှာတော့
ရစ်သီကာ ပဲ အမှုကို ပြန်ကိုင်ရတာဖြစ်ပြီး
မှုခင်းဆေးပညာရှင် တစ်ယောက် ဖြစ်တဲ့
ဆမ် နှင့် လက်တွဲ လုပ်ရပါတော့တယ်..
ဆမ် နှင့် ရစ်သီကာ ရဲ့ ပတ်သက်မှု ကလဲ
မိသားစု ပြသနာတွေ ဖြင့် မတွေ့ဖြစ်ခဲ့ကြသူများ
ဖြစ်ပြီး လူသတ်မှု စစ်ဆေးဖို့ ပြန်ဆုံဖြစ်ခဲ့ကြတာပါ
လူသတ်သမား ကလဲ ပိပိရိရိ နေတက်တာဖြစ်တာကြောင့်
၂ နာရီကျော် ကြာအောင် ကြည့်ရှုရမှာမို့
Netflix က လွှွင့်တဲ့ ဒီ ရုပ်ရှင်ကားဟာ
သင့်ကို စိတ်ကျေနပ်စေမှာပါ
ဘယ်လိုတွေ ရင်တမမ နဲ့ ဆက်ဖြစ်မလဲဆိုတာ
ဆက်လက်ကြည့်ရှုလိုက်ကြပါစို့…
Chippa (2019)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Bollywood #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 32 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတခါတော့ ဘောလိဒ့်ဝုဒ်ချစ်သူတွေအတွက်
IMdb 6.1/10ရထားတဲ့ netflixက
ဒရာမာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ.
ငယ်ငယ်တည်းက အမေဖြစ်သူက ဆုံးပါးသွားပြီး
အဖေဖြစ်သူကလဲ နောက်အိမ်ထောင်နဲ့
ရှောင်ပြေးသွားတာကြောင့် ချီပါလေးဟာ
အဒေါ်ဖြစ်သူနဲ့ နေထိုင်ခဲ့ရပါတယ်.
သူ၁၀နှစ်ပြည့် မွေးနေ့မှာတော့ သူ့အဖေဆီကစာတစ်စောင်ကို
မထင်မှတ်ပဲ ရရှိခဲ့ရပါတယ်.
အဲ့စာဟာ အူရဒူစကားနဲ့ရေးထားပြီး သူနားမလည်လို့
ဖတ်တတ်မယ့်လူကို ရှာချင်တာက တကြောင်း
အမြဲဆူပူကျိန်းမောင်းနေတဲ့ သူ့အဒေါ်နဲ့မနေချင်တာကလဲ
တကြောင်းကြောင့် သူဟာ အိမ်က ထွက်ပြေးလာခဲ့ပါတယ်.
သူရဲ့တကိုယ်တော် ရှာပုံတော်ခရီးမှာ လူကောင်းရော
လူဆိုးရောနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးမှာ
အူရဒူစကားတတ်တဲ့လူနဲ့ တွေ့ပြီး သူ့စာကို
ဖတ်နိုင်သွားလားဆိုတာကို စိတ်၀င်စားဖွယ်နဲ့ ရသမျိုးစုံပါအောင်
ရိုက်ပြထားနိုင်တဲ့ ဒရာမာဇာတ်ကားလေးပါ.
ချီပါလေးရဲ့ စကားတတ်ပုံနဲ့သနားစရာပုံစံလေးကြောင့်
ရုပ်ရှင်ချစ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်.
ကြည့်ရှူခံစားပေးပါဉီးဗျာ.
Housefull 4 (2019)
⭐IMDB: 3.5/10 (13 k Votes)
🎬 #Action #Bollywood #Comedy #Fantasy #Drama #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 22 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။
အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။
လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။
အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။
ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ…. အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့…..။
————————————————-
ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊
ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊
ခုခေတ် အကမင်းသားကို ရှေးခေတ်က အကနတ်ဘုရားအဖြစ် ထည့်ထားတာမျိုး၊
ဘူဟူဘာလီတူအဖြစ် ဘာဟူဘာလီဇာတ်ကားထဲ သရုပ်ဆောင်ခဲ့သူကို မင်းက ဘာဟူဘာလီ တူလား
ဆိုပြီး မေးတာမျိုး၊ (ပြဇာတ်ဆန်ဆန် ဟာသနှောတာမျိုးတွေ) ပါဝင်နေပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။
ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။
အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။
လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။
အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။
ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ…. အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့…..။
————————————————-
ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊
ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊
ခုခေတ် အကမင်းသားကို ရှေးခေတ်က အကနတ်ဘုရားအဖြစ် ထည့်ထားတာမျိုး၊
ဘူဟူဘာလီတူအဖြစ် ဘာဟူဘာလီဇာတ်ကားထဲ သရုပ်ဆောင်ခဲ့သူကို မင်းက ဘာဟူဘာလီ တူလား
ဆိုပြီး မေးတာမျိုး၊ (ပြဇာတ်ဆန်ဆန် ဟာသနှောတာမျိုးတွေ) ပါဝင်နေပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Drive (2019)
⭐IMDB: 3.1/10 (8 k Votes)
🎬 #Action #Bollywood #Thriller #Crime
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 59 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။
အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။
ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။
ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က
ဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။
တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့
တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။
Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီး
သူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။
အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။
ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့
စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။
နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့…..
Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊
အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရော
ဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာ
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Zaw Htet ပဲဖြစ်ပါတယ်…
(Zawgyi)
ဇာတ်လမ်းအကျဥ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။
အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။
ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။
ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က
ဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။
တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့
တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓါးပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။
Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီး
သူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။
အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓါးပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။
ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့
စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။
နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓါးပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့…..
Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊
အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရော
ဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဥ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာ
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kyaw Zaw Htet ပဲဖြစ်ပါတယ်…
Pagalpanti (2019)
⭐IMDB: 3.2/10 (3 k Votes)
🎬 #Action #Bollywood #Comedy
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 29 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
၂၀၁၉ ခုနှစ်ထွက် John Abraham ရဲ့ ဟာသစစ်စစ် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ရာ့ချ်ကီရှော၊ဂျန်ကီ၊ချန်ဒူးဆိုတဲ့ ဂြိုလ်ဆိုးစုန်းပြူး သုံးကောင်ပေါ့။
ကံဆိုးတာကတော့ ရာ့ချ်ကီရှောရဲ့ ဇာတာပါ။ သူ အလုပ်လုပ်သမျှ အရှုံးပေါ်တယ်။
ဘဏ်မှာ အလုပ်လုပ်ရင် ဘဏ်အရှုံးပေါ်တယ်။ အဲ့လို ကံဆိုးမှုက အရိပ်လို လိုက်ခံနေရတဲ့ ကောင်။ ပိုက်ဆံတွေ လိမ်ပြီး ကုန်ပို့လုပ်ငန်းတစ်ခုလုပ်ခဲ့ပါတယ်။
သူတို့ ပထမဆုံးပို့ပေးရမှာက လန်ဒန်မြို့ရဲ့ အိန္ဒိယဂန်းစတား သမီးယောက်ဖနှစ်ရဲ့ သမီး မွေးနေ့အတွက်ပါ။
မမျှော်လင့်ဘဲ သွားပို့တဲ့ ပစ္စည်းက ပျက်စီးသွားတဲ့အခါမှာ သူတို့ သုံးကောင်ဟာ အဲ့ဒီဂန်းစတားအိမ်မှာ အစေခံလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဂြိုလ်ဆိုးသုံးကောင်နဲ့ ဂန်းစတား သူဌေးကြီးတို့ကြား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။
သူဌေးကြီးရဲ့ သမီးအချောလေးနဲ့လည်း သံယောဇဉ်တွေ ဖြစ်လာရင်း ချစ်ကြိုက်မိလာတဲ့အခါ သူဌေးကြီး ဘာလုပ်မလဲ။
သူတို့ သုံးယောက် ရှိနေတဲ့ အိမ်မို့ ဘယ်လောက်ထိ ကံဆိုးမှုတွေ ရောက်ရှိလာဦးမလဲဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးခင်ဗျာ။
ထပ်နေတဲ့ဟာသမျိုးမဟုတ်ဘဲ တကယ့်ရယ်ရတဲ့ ဟာသတွေကို သုံးထားတာ မြင်ရပါတယ်။
IMDb Rating ကို မြင်ပြီး အားမရဖြစ်မိမှာ မှန်ပေမဲ့ ဟာသတွေနဲ့တော့ ကြည့်ပျော်စေမယ်လို့ အာမခံပါတယ်ခင်ဗျာ။
Bala ကားကိုတောင်းကြမယ်ဆိုတာ ကြိုသိလို့ ကြိုပြောပါရစေ။
မကြာခင်ရက်ပိုင်းအတွင်း တင်ပေးမှာမို့ CM official pageကို ဆက်လက်စောင့်ကြည့်ဖို့ ပြောလိုပါတယ်
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
၂၀၁၉ ခုနှစ်ထွက် John Abraham ရဲ့ ဟာသစစ်စစ် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ရာ့ချ်ကီရှော၊ဂျန်ကီ၊ချန်ဒူးဆိုတဲ့ ဂြိုလ်ဆိုးစုန်းပြူး သုံးကောင်ပေါ့။
ကံဆိုးတာကတော့ ရာ့ချ်ကီရှောရဲ့ ဇာတာပါ။ သူ အလုပ်လုပ်သမျှ အရှုံးပေါ်တယ်။
ဘဏ်မှာ အလုပ်လုပ်ရင် ဘဏ်အရှုံးပေါ်တယ်။ အဲ့လို ကံဆိုးမှုက အရိပ်လို လိုက်ခံနေရတဲ့ ကောင်။ ပိုက်ဆံတွေ လိမ်ပြီး ကုန်ပို့လုပ်ငန်းတစ်ခုလုပ်ခဲ့ပါတယ်။
သူတို့ ပထမဆုံးပို့ပေးရမှာက လန်ဒန်မြို့ရဲ့ အိန္ဒိယဂန်းစတား သမီးယောက်ဖနှစ်ရဲ့ သမီး မွေးနေ့အတွက်ပါ။
မမျှော်လင့်ဘဲ သွားပို့တဲ့ ပစ္စည်းက ပျက်စီးသွားတဲ့အခါမှာ သူတို့ သုံးကောင်ဟာ အဲ့ဒီဂန်းစတားအိမ်မှာ အစေခံလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဂြိုလ်ဆိုးသုံးကောင်နဲ့ ဂန်းစတား သူဌေးကြီးတို့ကြား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။
သူဌေးကြီးရဲ့ သမီးအချောလေးနဲ့လည်း သံယောဇဥ်တွေ ဖြစ်လာရင်း ချစ်ကြိုက်မိလာတဲ့အခါ သူဌေးကြီး ဘာလုပ်မလဲ။
သူတို့ သုံးယောက် ရှိနေတဲ့ အိမ်မို့ ဘယ်လောက်ထိ ကံဆိုးမှုတွေ ရောက်ရှိလာဦးမလဲဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးခင်ဗျာ။
ထပ်နေတဲ့ဟာသမျိုးမဟုတ်ဘဲ တကယ့်ရယ်ရတဲ့ ဟာသတွေကို သုံးထားတာ မြင်ရပါတယ်။
IMDb Rating ကို မြင်ပြီး အားမရဖြစ်မိမှာ မှန်ပေမဲ့ ဟာသတွေနဲ့တော့ ကြည့်ပျော်စေမယ်လို့ အာမခံပါတယ်ခင်ဗျာ။
Bala ကားကိုတောင်းကြမယ်ဆိုတာ ကြိုသိလို့ ကြိုပြောပါရစေ။
မကြာခင်ရက်ပိုင်းအတွင်း တင်ပေးမှာမို့ CM official pageကို ဆက်လက်စောင့်ကြည့်ဖို့ ပြောလိုပါတယ်
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Marjaavaan (2019)
⭐IMDB: 3.6/10 (4 k Votes)
🎬 #Action #Bollywood #Romance #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 13 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။
ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။
တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။
အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။
တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။
ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။
ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။
တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။
အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။
တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။
ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Bala (2019)
⭐IMDB: 7.3/10 (15 k Votes)
🎬 #Bollywood #Comedy #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 13 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
IMDb 7.6/10
Rotten Tomatoes 82%
Google Users 91%
မေးခွန်းလေးတစ်ခုလောက်မေးချင်တယ်
မိတ်ဆွေတို့ရဲ့အလှအပအတွက် ဆံပင်ဟာ ဘယ်လောက်ထိအရေးပါလဲ ဖြေကြည့်ပါလား၊ စဉ်းရောစဉ်းစားကြည့်ဖူးလား
ဟုတ်ပါတယ် ကျွန်တော်တို့တွေရဲ့ အလှအပကဏ္ဌမှာဆံပင်ဟာ ကြီးကြီးမားမား နေရာတစ်ခုကပါဝင်နေတယ်ဆိုတာ မလွဲမသွေပါပဲ
ဆံပင်အတွက် ဆေးဝါးပေါင်းစုံ၊ အလှကုန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ပြုစုယုယဂရုစိုက်နေသူတွေ တပုံကြီးပါ
ကိုယ့်ဆံပင်ကို လူတိုင်းလိုလို တန်ဖိုးထားကြပါတယ်
မိန်းကလေးမှမဟုတ်ဘူး ယောက်ျားလေးတွေထဲမှာတောင် ဆံပင်ကောင်းတဲ့လူဟာ ဂုဏ်ယူစရာတစ်ခုအဖြစ် ခံယူထားကြပါတယ်
ဘဝင်မြင့်စရာဖြစ်နေပါတယ် ဟုတ်ပါတယ် အဲ့ဒိလို ဆံပင်ကြောင့် ဟီရိုးတစ်ယောက်ရှိပါတယ်
ကျောင်းသားဘဝမှာ နိုင်ငံကျော်မင်းသားပေါင်းစုံဟန်ကို အတုအပပြုလုပ်နိုင်ပြီး
တစ်ကျောင်းလုံးက မိန်းကလေးတိုင်း ကြွေရတဲ့ ဘာလားဆိုတဲ့ချာတိတ်တစ်ယောက်ရှိပါတယ်
သူ့အတွက် ဘယ်လောက်ထိဘဝမြင့်စရာဖြစ်နေမလဲ မြင်ယောင်ကြည့်လိုက်ပါ
ဒါပေမဲ့ အဲ့ဒိဘာလားဟာ အသက် ၂၄ နှစ်အရွယ်မှာတော့ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်တစ်ယောက်ဖြစ်လို့သွားပါတယ်
ကံကြမ္မာအလှည့်အပြောင်းသိပ်ဆိုးလွန်းပါတယ် ဟီးရိုးအဖြစ်ကနေ ဇီးရိုး ဆော်ကြည်ဘဲကနေ ဆော်ပစ်ဘဲ
အလုပ်မှာ ရာထူးကျ ဘာလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ကာ ဆံပင်ပြန်ပေါက်ရေး အရေးတော်ပုံ စတင်ရပါတော့တယ်
ဒီအနေထားနဲ့ ဘာလား သူကြိတ်ကြွေနေရတဲ့သူလေးကတော့ တစ်တော့ဆယ်လီ အချောအလှ မော်ဒယ်မလေး ပရီတဲ့ဗျာ
သူ့အချစ်ရေး အောင်မြင်နိုင်ပါ့မလား သူ့ထိပ်ပြောင်နေမှုကို အနိုင်ယူပြောင်းလဲနိုင်ပါ့မလား
ဒီအခြေနေအားလုံးကို ဟာသနဲ့ ဒရာမာ အချိုးကျကျပေါင်းစပ်လိုက်တဲ့အခါ Blolockbuster ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Bala ဆိုတာဖြစ်ပေါ်လာပါတယ်
အားလုံးပဲ ခံစားကြည့်လိုက်ကြပါ ဒေါင်းကြည့်ရကျိုးနပ်စေမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
IMDb 7.6/10
Rotten Tomatoes 82%
Google Users 91%
မေးခွန်းလေးတစ်ခုလောက်မေးချင်တယ်
မိတ်ဆွေတို့ရဲ့အလှအပအတွက် ဆံပင်ဟာ ဘယ်လောက်ထိအရေးပါလဲ ဖြေကြည့်ပါလား၊ စဥ်းရောစဥ်းစားကြည့်ဖူးလား
ဟုတ်ပါတယ် ကျွန်တော်တို့တွေရဲ့ အလှအပကဏ္ဌမှာဆံပင်ဟာ ကြီးကြီးမားမား နေရာတစ်ခုကပါဝင်နေတယ်ဆိုတာ မလွဲမသွေပါပဲ
ဆံပင်အတွက် ဆေးဝါးပေါင်းစုံ၊ အလှကုန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ပြုစုယုယဂရုစိုက်နေသူတွေ တပုံကြီးပါ
ကိုယ့်ဆံပင်ကို လူတိုင်းလိုလို တန်ဖိုးထားကြပါတယ်
မိန်းကလေးမှမဟုတ်ဘူး ယောက််ားလေးတွေထဲမှာတောင် ဆံပင်ကောင်းတဲ့လူဟာ ဂုဏ်ယူစရာတစ်ခုအဖြစ် ခံယူထားကြပါတယ်
ဘဝင်မြင့်စရာဖြစ်နေပါတယ် ဟုတ်ပါတယ် အဲ့ဒိလို ဆံပင်ကြောင့် ဟီရိုးတစ်ယောက်ရှိပါတယ်
ကျောင်းသားဘဝမှာ နိုင်ငံကျော်မင်းသားပေါင်းစုံဟန်ကို အတုအပပြုလုပ်နိုင်ပြီး
တစ်ကျောင်းလုံးက မိန်းကလေးတိုင်း ကြွေရတဲ့ ဘာလားဆိုတဲ့ချာတိတ်တစ်ယောက်ရှိပါတယ်
သူ့အတွက် ဘယ်လောက်ထိဘဝမြင့်စရာဖြစ်နေမလဲ မြင်ယောင်ကြည့်လိုက်ပါ
ဒါပေမဲ့ အဲ့ဒိဘာလားဟာ အသက် ၂၄ နှစ်အရွယ်မှာတော့ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်တစ်ယောက်ဖြစ်လို့သွားပါတယ်
ကံကြမ္မာအလှည့်အပြောင်းသိပ်ဆိုးလွန်းပါတယ် ဟီးရိုးအဖြစ်ကနေ ဇီးရိုး ဆော်ကြည်ဘဲကနေ ဆော်ပစ်ဘဲ
အလုပ်မှာ ရာထူးကျ ဘာလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ကာ ဆံပင်ပြန်ပေါက်ရေး အရေးတော်ပုံ စတင်ရပါတော့တယ်
ဒီအနေထားနဲ့ ဘာလား သူကြိတ်ကြွေနေရတဲ့သူလေးကတော့ တစ်တော့ဆယ်လီ အချောအလှ မော်ဒယ်မလေး ပရီတဲ့ဗျာ
သူ့အချစ်ရေး အောင်မြင်နိုင်ပါ့မလား သူ့ထိပ်ပြောင်နေမှုကို အနိုင်ယူပြောင်းလဲနိုင်ပါ့မလား
ဒီအခြေနေအားလုံးကို ဟာသနဲ့ ဒရာမာ အချိုးကျကျပေါင်းစပ်လိုက်တဲ့အခါ Blolockbuster ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Bala ဆိုတာဖြစ်ပေါ်လာပါတယ်
အားလုံးပဲ ခံစားကြည့်လိုက်ကြပါ ဒေါင်းကြည့်ရကျိုးနပ်စေမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Motichoor Chaknachoor (2019)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Bollywood #Comedy #Romance #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 12 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဘောလီဝုဒ်ပရိသတ်ကြီးအတွက် သဘာဝမင်းသားကြီး Nawazuddin Siddiqui ရဲ့ ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကလည်း ဟာသဒရာလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ
ဇာတ်လမ်းအညွှန်းပြောရရင်တော့ အန္နီးဆိုတဲ့ချာတိတ်မဆီမှာ အိပ်မက်တစ်ခုပဲရှိပါတယ်
အဲ့ဒါကတော့ နိုင်ငံခြားမှာ အခြေချဖို့ပါပဲ
သူ့မိဘကလည်း မပြည့်စုံတော့ သူ့ကိုသာနိုင်ငံခြားခေါ်သွားနိုင်မယ်ဆိုရင် အဲ့ဒိလူနဲ့လက်ထပ်ပြီး နိုင်ငံခြားလိုက်သွားမယ့်လူပါ
နောက်တစ်ဖက်ကတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး နဝါးဇ်ဘိုင်ပါပဲ
သူကတော့ အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးပါ
သူကလည်း ဒူဘိုင်းပြန်တစ်ယောက်ဖြစ်သလို မိန်းမမှန်ရင် ဘယ်လိုမိန်းမရရ ယူမယ်ဆိုတဲ့လူပါ
ကံတရားက ဒီနှစ်ယောက်ကို စုံစည်းပေးလိုက်တဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါး မိသားစု ဟာသ ဒရာမာဇာတ်ကားလေးကို ခံစားကြည့်လိုက်ကြပါဦး