es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Chosen One (2023- ) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Drama #SciFi #Fantasy #Action #Adventure 🗓 2023- 🎞 tv series 🌎 #UnitedStates #Mexico #UnitedKingdom ⏰ 41 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Chosen One (2023)The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်‌ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ “The Chosen One”ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size………….(300 Mb) / (900 MB)...

Queen of Triads 3 (2023) ⭐TMDB: 20.0% User Score 🎬 #Action #Drama 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တာဝန်ထမ်းဆောင်ရင်း ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ရဲမေလေးဟာအ‌ဝေးတစ်နေရာမှာဇာတ်မြှုပ်ပြီးGYMအားကစားခန်းမတစ်ခုဖွင့်ထားပြီးအသက်မွေးဝမ်းကြောင်းနေခဲ့တယ်။ သူဟာ လှပသွက်လက်တဲ့ ယောဂဆရာမလေး ရှီးရှီး၊အလုပ်ကြိုးစားတဲ့ လက်ဟွေ့ဆရာမလေး တုံးနီနဲ့ခန့်ညားပြီးယောင်္ကျားပီသတဲ့ မုံ့ကျင်းတို့နဲ့အတူသာမန်ဘဝလေးမှာပဲ အေးအေးချမ်းချမ်းနေထိုင်ခဲ့တယ်။ ဒါပေမယ့်လဲ ပြဿနာဆိုတာ အိမ်ပေါက်ဝထိရောက်လာတတ်တာပါပဲ။ရန်သူတွေဟာအကွက်ချစီစဉ်ပြီးရောက်လာတဲ့အခါသူတို့တွေဘယ်လိုတုံ့ပြန်ကြမလဲ……ရန်ငြိုးအဟောင်းနဲ့အသစ်တွေပေါင်းပြီးမမတို့ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကိုအားပေးလိုက်ပါဦး……...

Prison Flowers (2023) ⭐TMDB: 0.0% User Score 🎬 #Crime #Drama 🗓 2023 🎞 Movie 🌎 #China #HongKong ⏰ 1 နာရီ 8 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။ 1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲစာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်းထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကိုစောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက်အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီးအမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။ အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်ကထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။ အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ ……ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ……အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။...

The Tournament (2009) ⭐TMDB: 59.0% User Score 🎬 #Action #Thriller #Horror 🗓 2009 🎞 movie 🌎 #UnitedKingdom #UnitedStates #Bahrain #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြေးစားလူသတ်သမား​​တွေချည်း အ​​​ယောက် ၃၀ ​တိတိစုထားပြီး တစ်မြို့လုံးကို သတ်ကွင်းအဖြစ်ပြောင်းလဲလိုက်ပြီး စီစီတီဗွီ​တွေ၊ ဆက်သွယ်​ရေးစနစ်​တွေကို အကုန်ထိန်းချုပ်ကာ လူသတ်ပြိုင်ပွဲ တစ်ခုလို ​​နောက်ဆုံးတစ်​ယောက်ပဲ ကျန်တဲ့အထိ အ​သေအ​ကြေ သတ်ဖြတ်ရတဲ့ ဆု​ကြေး​ဒေါ်လာ၁၀သန်းတန် ပြိုင်ပွဲနဲ့ ဒီပြိုင်ပွဲကို လာ​ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်ကမ္ဘာလုံးက လူသတ်သမားများ၊ ဇနီးသည်ကိုသတ်ဖြတ်သွားတဲ့ လူသတ်သမားကိုလက်စား​​ချေဖို့ ပြိုင်ပွဲကို တ​ကျော့ပြန်​ရောက်လာတဲ့ လက်ရှိချန်ပီယံ၊ လူသတ်ဖို့ က​​​လေးဘဝကတည်းက ​​လေ့ကျင့်ခဲ့ရသူ၊ ရုရှားအထူးတပ်ဖွဲ့ဝင်၊ အ​မေရိကန်စိတ္တဇလူသတ်သမား စသဖြင့် ဒိတ်ဒိတ်ကြဲ​ကြေးစား လူသတ်သမား​တွေပဲ ဝင်ပြိုင်မယ့်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲ၊ ဘယ်​လောက်ထိကြမ်းကြုတ်ရက်စက်တဲ့ သတ်ကွက်​တွေမြင်ခွင့် ရမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။...

Leroy & Stitch (2006) ⭐TMDB: 66.0% User Score 🎬 #Action #Adventure #Animation #Comedy #Drama #Family #SciFi 🗓 2006 🎞 video movie 🌎 #USA #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leroy & Stitch (2006)=================IMDb Rating – 6.1/10 ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီးပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီးကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။ Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ်ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေမယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူကဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီးသိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo လက်အောက်ရောက်သွားတာမို့လို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့လုပ်တော့မှာပါ။ ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကိုဝင်စီးပြီး Stitch နဲ့အလားတူ နောက်ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။ ၆၂၅ ကောင်ကိုမရလိုက်တဲ့ အခဲမကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော်ထုတ်ပြီး Hamstervielတစ်ယောက် အာဏာလုပါတော့တယ်။ သတိရလို့ Video call ခေါ်လိုက်တဲ့အခါအရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ Stitch ကို Lilo သတိထားမိသွားပြီးနောက်မှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Lilo & Stitch (2002) ⭐TMDB: 75.0% User Score 🎬 #Adventure #Animation #Comedy #Drama #Family #Fantasy #SciFi 🗓 2002 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lilo & Stitch (2002)===============IMDb Rating – 7.3/10 စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင်ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန်လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေးမလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူကခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်းရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေးကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက်တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြားဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့အာဏာပိုင်တွေက သဘာဝကိုဖောက်ပြန်တဲ့ ဒီတီထွင်မှုကို လက်မခံနိုင်ပဲ တီထွင်တဲ့ ပညာရှင်ကိုအကျဉ်းချ စတစ်ချ်လေးကို အပြစ်ပေးဖို့ ခေါ်လာရာမှ အဖျက်စွမ်းအားပြင်း လက်နက် ဖြစ်တဲ့မောင်စတစ်ချ်က ထွက်ပြေးပြီး ကမ္ဘာပေါ်ရောက်လာတာပါ။ ဒီဂြိုလ်က အကြီးအကဲတွေကလည်း စတစ်ချ် ကို ပြန်ခေါ်ဖို့ သူ့ကို တီထွင်တဲ့ ပညာရှင်ရယ် တစ်ခြားပညာရှင်တစ်ယောက်ရယ်ကိုလွှတ်ပြီး ပြန်ခေါ်ခိုင်းတာပေါ့။ စတစ်ချ်လေးကို သံယောဇဉ်တွယ်နေတဲ့ လီလို တစ်ယောက် ဘယ်လိုပြသနာတွေ ကြုံရမလဲဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို A_Zမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Family Reconstruction (2017) ⭐TMDB: 52.0% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 Movie 🌎 #SouthKorea ⏰ 1 နာရီ 16 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *******************************တစ်ခုလတ်ချင်း အိမ်ထောင်ပြုကြတယ်.. သားတစ်ယောက်သမီးတစ်ယောက်ပါလာကြတယ်… တိုက်ဆိုင်စွာပဲဟိုဘက်က သမီးလုပ်တဲ့သူက အဖေဖြစ်သူကြည့်နေကြ အဖော်အချွတ်လုပ်ပြတဲ့ streamerဖြစ်နေတယ်…ဒီလိုနဲ့ အာ့မိသားစုခရီးလည်းထွက်ရော မိသားစု စည်းလုံးညီညွှတ်ရေးတွေ ကိုယ်ဖိရင်ဖိ ဆွေးနွေးတိုင်ပင်ကြပါတော့တယ်…...

Purpose of Reunion 3 (2018) ⭐TMDB: 44.0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *******************************ကျောင်းသားဟောင်းတွေ့ဆုံပွဲတိုင်းကို မလာခဲ့တဲ့ ဆွန်းယွန်းကို ချန်းဂယူတိုသူငယ်ချင်းတစ်ခုက သတင်းကြီးတစ်ခုနဲ့ မျှားပြီး လာအောင် လုပ်လိုက်ပါတယ်…၁၀နှစ်ကြာမှာ ပြန်တွေ့ကြတဲ့ပွဲမှာ အရင်ကတည်းက ဆွန်းယွန်း တစ်ဖက်သတ် သဘောကျခဲ့တဲ့ဂျင်းနီနဲ့ တြွေခွင့်ရသွားခဲ့ပါတယ်…ဆွန်းယွန်းတစ်ယောက် တွေ့ဆုံပွဲအပြီးမှာ ဂျင်းနီနဲ့ အတူနေခွင့်ရအောင် ဘယ်လိုတွေ ကြိုးစားလဲ… ဂျင်းနီနဲ့ပတ်သက်တဲ့သတင်းကို ဘယ်လိုဖြေရှင်းပေးသွားမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး…....

Sexipede! (2014) ⭐IMDB: 4.0/10 (305 Votes) 🎬 #Adult #Comedy #SciFi 🗓 2014 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတွေက အောင်မြင်ကျော်ကြားမှု ငွေ စတာတွေကိုမြင်ရင် ပိုင်ဆိုင်ရမယ်ဆိုရင်ဘာမဆိုပေးဆပ်မယ်လို့တွေးထားတဲ့သူတွေက များသားရယ် အခုလည်းကြည့်လေ ဒေါက်တာက မျိုးစိတ်တစ်ခုကို ဖန်တီးထားတယ်အဲဒီအကောင်က လူထဲမှာနေရတာပျော်တယ် ပြီးတော့လူကိုကောင်းကျိုးပြုတယ်ဘယ်လိုကောင်းကျိုးပြုတာလဲဆိုရင် သူဝင်ထားတဲ့လူကိုလိင်ကိစ္စကို သူမတူ ခံစားလို့ကောင်းစေတယ် လိင်စိတ်နိုးကြွစေတယ် အဲဒီအချက်လက်တွေကို အတည်ပြုပြီး ဈေးကွက်ကို ချပြီးပိုက်ဆံရှာချင်နေတဲ့ လူတယောက်နဲ့ အားပြိုင်လာချိန်မှာတော့ကျော်ကြားမှု ကိုလိုချင်နေတဲ့ ဒေါက်တာရယ်ငွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ လောဘသားရယ်နှစ်ယောက်ပြိုင်ဆိုင်လာတဲ့အခါမှာတော့DS fans တွေအကြိုက်အခန်းတွေများတာမို့ တင်ဆက်ပေးလိုက်ပါတယ်။...

食人鲨 (2023) ⭐TMDB: 0.0% User Score 🎬 #Thriller 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကိုChannel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော် ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလိုခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့်နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ် ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတို့နှစ်ယောက်နဲ့အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက်ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ် ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့သူတို့သူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。 ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင်အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ်အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီးထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေကသန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖို့ပဲ ဖြစ်ပါတယ်。。。 အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာအသေးစိတ်ကြည့်ရှုလိုက်ပါနော်...

Lilo & Stitch 2: Stitch Has a Glitch (2005) ⭐TMDB: 66.0% User Score 🎬 #Animation #Comedy #Drama #Family #SciFi #ScienceFiction 🗓 2005 🎞 video movie 🌎 #USA #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lilo & Stitch 2: Stitch Has a Glitch (2005)==============================IMDb Rating – 6.2/10 Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့်Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လိုတာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေအနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitchကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများလာပါတော့တယ်။ ပြဿနာကောင်လို့ အထင်လွဲခံရပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ပစ်ပယ်မှုကိုပါခံလိုက်ရတဲ့ Stitch ရဲ့ ဇာတ်သိမ်းမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Assault on Hill 400 (2023) ⭐IMDB: 2.4/10 (138 Votes) 🎬 #War #Action #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေ Hill 400 ဆိုတဲ့နေရာ မှာ အခိုင်အမာတပ်စွဲထားပါတယ်။အမြင့်မီတာ ၄၀၀ အမြင့်မှာရှိတဲ့ ဒီကောင်းကုန်းဟာ ရိုဟာမြစ်တစ်လျှောက် အကုန်လုံးကိုမြင်နိုင်ပြီး မဟာမိတ်တပ်‌တွေကို ပစ်ကွင်းအသာစီးနဲ့တိုက်ခိုက်နိုင်လို့ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ ဒီ‌တောင်ကုန်းကို သိမ်းဖို့အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Hill 400 ကိုသိမ်းနိုင်ရင် စစ်ပွဲမှာအသာစီးရမှာဖြစ်တဲ့အတွက် မဖြစ်မနေသိမ်းနိုင်မှဖြစ်မှာဆိုတော့ နာမည်ကြီး Second Rangers တပ်ကို တာဝန်ပေးရပါတော့တယ်။ ဒုဗိုလ်ကြီး လိုမယ်ဦးဆောင်းတဲ့ Rangers တပ်ဟာ Hill 400 ကို ဘယ်လိုသိမ်းယူမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး.....

Paranormal Sexperiments (2016) ⭐IMDB: 5.1/10 (123 Votes) 🎬 #Adult #Comedy #Horror #Romance 🗓 2016 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blair Williams ကိုတော့ သိမယ်ထင်ပါတယ်သူရဲ့ ဟန်ပန်နဲ့ ခန္ဓာကိုယ်အချိုးစားကြောင့် နာမည်ကြီးပါတယ်အခု သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါသူမှာ အမွေရထားတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ်ဒေသတွင်းမှာတော့ သရဲခြောက်တဲ့အိမ်ကြီးဆိုပြီးနာမည်ဆိုးနဲ့ကျော်ကြားပါတယ် သူမ အိမ်ထဲဝင်ဝင်ချင်းမှာပဲ ထူးဆန်းတဲ့ပန်းချီကားကိုတွေ့ရင်ပဲကြက်သီးမွေးညင်းထပါတော့တယ်တကယ်တော့ အဲဒီဓာတ်ပုံထဲကလူက သူပူးကပ်ရမဲ့သူ့ကိုစောင့်ဆိုင်းနေပြီး ငရဲတံခါးဖွင့်ချင်နေသူပါ ဒါပေမဲ့ ပူးပြီးချင်းမှာပဲ သူ့မှာ လိင်ဆန္ဒကို အရင်ခံစားချင်တဲ့အတွေး ဝင်လာချိန်မှာတော့ DS fans တွေအကြိုက်ဖြစ်လို့တင်ဆက်လိုက်ပါတယ်...

One Piece (2023- ) ⭐IMDB: 8.8/10 (985 Votes) 🎬 #Action #Adventure #SciFi #Fantasy #Comedy #Drama 🗓 2023- 🎞 tv series 🌎 #UnitedStates #Japan #SouthAfrica #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 One Piece (2023) Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ Anime က ဇာတ်ကွက်တွေကို live action မှာ ဘယ်လို ဆန်းသစ် သွားမလဲ၊ ဘယ်လို ဖန်တီးထားမလဲ၊ ဘယ်လို မတူတဲ့ အမြင်နဲ့ ရိုက်ကူးထားလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု အားပေးလိုက်ကြပါအုံး။ပရိသတ်ကြီးအကြိုက်တွေ့စေဖို့ English version ရယ် Japan version ရယ်ဆိုပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ File size…(540 Mb)...

Female Boss Hooker (2020) ⭐TMDB: 100.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 16 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ****************************** ဒီကားထဲမှာပါတဲ့ လေဒီ ၂ပါးက အရမ်းလှပြီး ဆွဲဆောင်မှုလည်းအတော်ရှိပါတယ်… ဒီလိုလှတပတ ခပ်ကိတ်ကိတ်မျိုးကိုမှ18+ကိုကြည့်ရဖို့ဆိုတာ အတော်ရှားပါတယ်.. ဇာတ်လမ်းကတော့ အတွဲ (၂)တွဲကြားက အဆင်မပြေမှုတွေကို အဓိက ထားရိုက်ပြသွားတာဖြစ်ပါတယ်.. မိသားစုနဲ့လုံးဝမကြည့်သင့်တဲ့ကားမို့ သတိထားစေချင်ပါတယ်.....

Stitch! The Movie (2003) ⭐TMDB: 65.0% User Score 🎬 #Adventure #Animation #Comedy #Family #SciFi 🗓 2003 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stitch! The Movie (2003)==================IMDb Rating – 6.1/10 Stitch ကို 626 လို့လည်း ခေါ်ကြတာ Lilo and Stitch fan တိုင်းသိကြမယ်ထင်ပါတယ်။ သုတေသန 626 ဆိုတဲ့နာမည်ဟာ သာမန်နံပါတ်တစ်ခုမဟုတ်ဘဲ Stitch ကိုထွင်ခဲ့တဲ့ ဒေါက်တာ Jumba ရဲ့သုတေသနအရေအတွက်အလိုက်ပေးထားတာပါ။ ဒီအချက်ကိုတော့ရုပ်ရှင်ပထမပိုင်းမှာ မဖော်ပြထားခဲ့လို့ Stitch ရဲ့ နံပါတ်လေးကို အထူးတလည်သတိထားမိသူ မရှိခဲ့ကြပါဘူး။ Turo ဂြိုလ်ပေါ်ကို ပြန်မလိုက်ရဘဲ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ Stitch တို့သုံးယောက် Lilo အိမ်မှာသောင်တင်နေချိန်ပေါ့။ တစ်ချိန်တည်းမှာပဲ ဒေါက်တာ Jumba ရဲ့ သုတေသနပေါင်း ၆၂၅ ကောင်ကို အပိုင်သိမ်းဖို့ကြံနေတဲ့ ရန်သူဟောင်းတစ်ယောက်လည်းရှိနေပါသေးတယ်။ Stitch တို့ကျေးဇူးနဲ့ အလုပ်ပြုတ်သွားတဲ့ ကပ္ပတိန် Gantu က သုတေသနအကောင်လေးတွေခိုးဖို့ ကမ္ဘာကိုဆင်းလာခဲ့ချိန်၊ တစ်သက်လုံး ကိုယ့်ကိုယ်ကို အဖော်မဲ့တစ်ကောင်ကြွက်လို့မှတ်ထားတဲ့ Stitch တစ်ယောက်လျို့ဝှက်ချက်တွေအားလုံးကို သိလိုက်ရတဲ့အခါ တစ်ခါမှမမြင်ဖူးခဲ့တဲ့ မျိုးနွယ်တူလေးတွေကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

What We Lose to Love (2022-2022) ⭐IMDB: 8.0/10 (139 Votes) 🎬 #Drama #SciFi #Fantasy #Romance 🗓 2022-2022 🎞 tv mini series 🌎 #Indonesia ⏰ 33 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What We Lose to Love (2022)What We Lose to Love (2023)IMDb-8/10 အချစ်အတွက် ဘာတွေဆုံးရှုံးကြဖူးပါသလဲကလေးဘဝသံယောဇဉ်တွေနဲ့ ဆာတရီရာနဲ့ ဒါရာတို့ဟာ တစ်စုံတစ်ခုသောအကြောင်းတွေနဲ့ဝေးသွားကြတယ် ဆာတရီရာကတော့ မမေ့နိုင်မပျောက်နိုင် တဆွေးတငေးဖြစ်နေချိန် တစ်နေ့သူအလုပ်လုပ်တဲ့ ဟိုတယ်ကို ငယ်ချစ်ဦးလေးဒါရာဟာ ကြင်စဦးမောင်နှံအနေနဲ့ရောက်လာပါတယ်တစ်ဖက်မှာလည်း ဒါရာတို့ကြင်စဦးနှစ်ယောက်ဟာ အထင်လွဲမှုတစ်ခုနဲ့အကြီးကျယ်စကားများကြပြီး ဒါရာဟာ ထူးဆန်းတဲ့အရာတွေကြုံတွေ့လာရပါတယ် မိသားစု သူငယ်ချင်း သတို့သားလောင်းကပါပစ်ထားခံရတဲ့ ဒါရာတစ်ယောက်ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့အရာတွေကို အချစ်ဦးကဝင်ဖြေရှင်းပေးတဲ့အချိန်မှာတော့…..အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ (BpL ~ Moon ~ Yunni ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)Quality : 350MB  / 200MBTotal Episodes : 12EpsFormat : mp4Genres : Drama ~ Fantasy~ RomanceDuration : 31minSubtitle : Myanmar Subtitle ( Hardsub )...

Lamb Game (2023) ⭐TMDB: 35.0% User Score 🎬 #Action #Crime 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးက မြို့လေးတစ်မြို့က စားသောက်ဆိုင်မှာစတင်ဖြစ်ပွားခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေးပါ……. တစ်နေ့မှာ ရွှယ်လိ့ ဆိုတဲ့ကောင်မလေးနဲ့ သူမရည်းစားတို့ဟာစားသောက်ဆိုင်တစ်ခုမှာ မင်္ဂလာပွဲကျင်းပနေကြပါတယ်အဲ့ဒီစားသောက်ဆိုင်မှာပဲ ကျန်းနီဆိုတဲ့ စုံထောက်မလေးကလဲသူမ အဖေနဲ့ ညနေစာ စားနေခဲ့ကြတယ်တာ့တိ့ ဆိုတဲ့ ဓားပြ ခေါင်းဆောင်ဟာ သူ့အပေါင်းအပါတွေနဲ့ဓားပြတိုက်ပြီး ရလာတဲ့ရွှေတွေ ရောင်းဖို့အတွက် ရွှယ်လိ့တို့မင်္ဂလာပွဲကျင်းပနေတဲ့ စားသောက်ဆိုင်က VIP အခန်းထဲကို ရောက်လာခဲ့ပါတယ် ပစ္စည်းအရောင်းအဝယ် ကိစ္စငြင်းခုံရင်း တာ့တိ့ဟာ လူသတ်မှုစကျူးလွန်ပါတော့တယ် ထိုအချိန်မှာ သတင်းပေးသူတစ်ဦးကြောင့်ရဲတွေဟာ ရွှေတွေလုသွားတဲ့ လူတွေဟာ စားသောက်ဆိုင်တစ်ခုမှာရှိကြောင်းသိပြီးနောက်စစ်ဆေးဖို့ရောက်လာပါတော့တယ် စစ်ဆေးဖို့ဦးဆောင်တဲ့လူကျန်းနီဆိုတဲ့ စုံထောက်မလေးပေါ့ရဲတွေရောက်လာတာသိတဲ့ တာ့တိ့ဟာ ရွှယ်လိ့ တို့ မင်္ဂလာဆောင်မှာဧည့်သည်အဖြစ်အယောင်ဆောင်ပြီးဝင်လိုက်ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်လိုအရှုပ်အထွေးတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...

Now You See Me (2023) ⭐TMDB: 40.0% User Score 🎬 #Action #Comedy 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက်ဟာသသိုင်းကားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝူခေတ်နှောင်းပိုင်းမှာ ရုပ်ပြောင်းရုပ်လွှဲပညာကို ကျွမ်းကျင်တဲ့ ရှီကျုံးယွိ၊စက်ပညာကို ကျွမ်းကျင်တဲ့ ယွမ်ပေါင်၊ အဆိပ်ပိုးကောင်ပညာကိုကျွမ်းကျင်တဲ့ ချီးဖုန်းဟယ်နှင့် မျက်လှည့်ပညာနဲ့ သိုင်းပညာတို့ကိုကျွမ်းကျင်တဲ့ ကျန်အာတို့ဟာ သူရဲကောင်းသူခိုးအဖွဲ့အဖြစ်နဲ့အစိုးရရုံးတွေကို ခိုးယူခြင်းဖြင့်နာမည်ကြီးနေပါတယ်။ သူရဲကောင်းသူခိုးများအဖွဲ့ဟာ သရဲဝိညာဉ်အဖြစ်ဟန်ဆောင်ပြီးအစိုးရငွေတွေကို လုယူခဲ့တယ်။ စူးမိသားစုလိုက်အသတ်ခံရတဲ့အမှုကိုလိုက်လံစုံစမ်းခဲ့တယ်။ နတ်အဖြစ်ဟန်ဆောင်ပြီးငွေတောင်းနေတဲ့ ရှန်ယင်ဂိုဏ်းကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာအစိုးရရုံးတော်က အမတ်ကြီးလျိုကျီးချန်းက ကြိုးကိုင်ထားတာကို သိခဲ့ရတယ်။သူတို့ဟာ လျိုအိမ်တော်ထဲဝင်ပြီး သွားရောက်စုံစမ်းချိန်မှာပိုကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ ထိုအကြံအစည်ကြီးက ဘာများဖြစ်မလဲ ……သူရဲကောင်းသူခိုးများအဖွဲ့ကရော သူတို့ ၄ ယောက်အင်အားနဲ့လျိုကျီးချန်းရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်ပါ့မလား……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။...

Night of the Demons (2009) ⭐IMDB: 4.6/10 (8 k Votes) 🎬 #Horror #Thriller #Action #Comedy #Fantasy 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့  ညအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။ တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက် ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲ သူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာ အပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။ သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့ တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့ အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ် ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။...