es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
YUM Investigation (2023) ⭐TMDB: 55% User Score 🎬 #Comedy #Mystery 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 50 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီးဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါ တစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီးဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ်အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့ အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန်အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ် တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုကပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကိုအဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာနေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကိုငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ် ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲကသရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ်သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲကဲ အဲ့တော့ သူတို့‌၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကိုဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကိုခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်
...

Antboy 3 (2016) ⭐IMDB: 5.0/10 (637 Votes) 🎬 #Action #Adventure #Family #Comedy #Fantasy 🗓 2016 🎞 movie 🌎 #Denmark ⏰ 1 နာရီ 24 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Antboy 3 ဟာ 2016 ကထွက်ရှိထားတဲ့ family/comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb 5 ရရှိထားပြီးတော့ Antboy 1 နဲ့ Antboy 2 တို့ရဲ့ အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပီလီဟာ Anyboy ဘဝကိုစွန့်လွှတ်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူဟောင်းကြီးက အကျဉ်းထောင်ကထွက်လာပြီး ကုမ္ပဏီက စီအီးအို နဲ့ ပူးပေါင်းကြမလား၊ ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ပေါ့ပေါးပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်
...

Inside Out 2 (2024) ⭐IMDB: 7.8/10 (101 k Votes) 🎬 #Adventure #Animation #Comedy #Family #Drama #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။
...

Inside Out (2015) ⭐IMDB: 8.1/10 (821 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Drama #Fantasy 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် .. Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာ လုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။ အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်.. သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်.. ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။ Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမက ကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 က အကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Story ဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာတွန်းကားဖြစ်လို့ လူတော်တော်များများက ကလေးတွေအတွက်ပဲလို့ ထင်ကြမှာပါ။ တကယ်တော့ ဒီကားက ကလေးရော လူကြီး ပါကြည့်ဖို့သင့်တော်ပြီး၊ လူကြီးတွေ အရွယ်ရောက်ပြီးသား လူတွေက ဒီကားကိုပိုပြီး နားလည်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဇာတ်လမ်းက လူရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ အကြောင်းရိုက်ထားတာဖြစ်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ ခံစားချက်တွေပြောင်းလာပုံ၊ ဒီစိတ်ခံစားချက်တွေက ကဘယ်လိုအရေးပါပုံကို စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့တင်ဆက်ထား တာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းမပြောခင်မှာ ကြိုပြီးပြောချင်ပါတယ်၊ ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ကြပါ။ ကလေးရော လူကြီးပါ ကြည့်သင့်ပြီး၊ ကလေးတွေလည်း ကြိုက်မှာဖြစ်သလို လူကြီးတွေလည်း နားလည်ခံစား နိုင်မှာဖြစ်ပါတယ်။ ဒီကားကြည့်နေရင်းနဲ့ ပရိတ်သတ်တော်တော်များများ မျက်ရည်ဝဲရသလို ဇာတ်လမ်းအဆုံးမှာ စိတ်ကျေနပ်မှုကို ရစေမှာဖြစ်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။ အသဲမာတဲ့သူတောင်မှ ဒီကားကြည့်ပြီးရင် အနည်းနဲ့အများတော့ ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဇာတ်လမ်းဇာတ်အိမ်က Riley ဆိုတဲ့ကောင်မလေးနဲ့ သူ့ရဲ့ စိတ်ခံစားချက်လေးတွေအကြောင်း တင်ဆက်ထားပြီး Riley က အမေရိကန်နိုင်ငံ အလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Minnesotaမှာ နေထိုင်ပါတယ်။ လူတွေရဲ့စိတ်မှာJoy (Happiness, Color-Gold), Sadness (Color-Blue), Fear (purple), Disgust (Green), Anger(Red) ဆိုပြီး basic feeling ၅မျိုးရှိတယ်လို့ ကာတွန်းကဆိုထားပါတယ်။ ဇာတ်လမ်းအစမှာ မွေးကာစ Riley လေးမှာ Joy ဆိုတဲ့ပျော်ရွှင်မှုလေး စတင်ဖြစ်ပေါ်လာသလို၊ Sadness ကလည်း ကပ်ပါလာပါတယ်။ ဒါကြောင့် မွေးကာစမှာ တစ်ချိန်လုံး ငိုနေကြတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကလေးဘဝ ပြေးလွှားဆော့ကစားရင်း မသိတဲ့အရာကို ကြောက်စိတ်လေးတွေရှိသလို၊ မစားချင်တာကို အဖေအမေက ကျွေးရင် ရွံရှာတဲ့စိတ်ဖြစ်လာပြီး၊ ဒေါသလည်းထွက်လာတတ်တယ်ဆိုတာကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။ ဒီနောက်မှာတော့ ဇာတ်လမ်းကနေ လူတွေရဲ့ Personality လို့ခေါ်တဲ့ ကိုယ်နေဟန် စိတ်နေသဘောထား စတာတွေက ကလေးဘဝ မှတ်ဉာဏ်လေးကနေ ဖြစ်တည်လာတည်လို့ဆိုပြီး ဥပမာလေးတွေပေးထားပါတယ်။ ကလေးဘဝမှာ အဖေအမေနဲ့ စနောက်ပြောင်ရင်းနဲ့ သူမမှာ အပြောင်အပျက်လုပ်တဲ့စိတ်ကလေးရှိလာပြီး ဒါလေးက အမြစ်တွယ်သွားပြီး သူမရဲ့ စိတ်နေစိတ်ထားထဲမှာ ပါလာသလို၊ သူ့အဖေက ကလေးဘဝမှာ ရေခဲပြင် ဟော်ကီကို ကစားစေခဲ့တာကြောင့် သူမကျောင်းတက်တဲ့အခါမှာ ဒီကစားနည်းကို နှစ်သက်လာသလို ဒီကစားနည်းမှာလည်း ထူးချွန်ခဲ့ပါတယ်။ ဒါ့အပြင် လူတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းဖွဲတဲ့ Memory ကလည်း သူမထံမှာရှိနေသလို အမှန်အတိုင်းဝန်ခံတတ်တဲ့ အကျင့်ကလည်း သူမရဲ့ Core memory ထဲမှာရှိနေပါတယ်။ ဒီနေရာမှာ Core Memory တွေဆိုတာက သူမရ...

Antboy II: Revenge of the Red Fury (2014) ⭐IMDB: 5.2/10 (800 Votes) 🎬 #Action #Adventure #Family #Comedy #Fantasy 🗓 2014 🎞 movie 🌎 #Denmark #Germany ⏰ 1 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Antboy : Revenge of the red fury ဟာ 2014 မှာထွက်ရှိထားတဲ့ ဒုတိယမြောက် Antboy ကားလေးဖြစ်ပါတယ်။ IMDb 5.2 ရရှိထားပြီးတော့ Family/Adventure အမျိုးအစားလေးဖြစ်ပါတယ်။ Rotten tomatoes ကလည်း 52% ရှိတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။ antboy 2 မှာ အမွှာနှစ်ယောက်က ဗီလိန်အနေနဲ့ပါဝင်ထားတာပါ။ ပီလီကို မုန်းတီးကြတဲ့ အမွှာနှစ်ယောက်ဟာ ရက်ဖျူရီနဲ့ပေါင်းပြီး ဘယ်လို တိုက်လိုက်ကြမလဲ၊ Antboy ကရော သူတို့ကို ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။
...

Shyamchi Aai (2023) ⭐IMDB: 9.2/10 (93 Votes) 🎬 #Biography #Bollywood #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shyamchi Aai (2023)လက်ဦးဆရာ 20 ရာစုရဲ့ ပထမဆုံး Best Feature Filmနဲ့ President Gold metalရထားတဲ့Shyamchi Aaiဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လူမှုရေးတက်ကြွလှုပ်ရှား Sane Gurujiရဲ့အတ္ထုပတ္တိလို့လည်းပြောလို့ရသလို လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်လာစေတဲ့ သူ့ရဲ့အမေဖြစ်သူရဲ့လမ်းညွှန်မှုတွေကို ပြန်ပြောပြထားတဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဆရာကြီးဆာနေးဆိုတဲ့ ဗြိတိသျှအုပ်စိုးစဉ်ကာလရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ယောက်မဖြစ်လာခင်က ရှမ်ဆိုတဲ့ကောင်လေးဟာ အရမ်းသတ္တိနည်းတဲ့ကလေးတစ်‌ယောက်သူဘယ်လောက်ထိ ကြောက်တတ်လဲဆို ရေတွင်းမှာ သူငယ်ချင်းတွေနဲ့ရေကူးသင်ဖို့ချိန်းလိုက်ပြီးမှ ရေနစ်မှာကြောက်လို့ အိမ်မှာပုန်းနေတဲ့အထိပါပဲ မိသားစုကလည်း မပြေလည် အကြွေးနွံနစ်နေတဲ့ ဆင်းဆင်းရဲရဲ ဒီဘဝမှာအရာရာကို ကြောက်တတ်တဲ့ ရှမ်ဆိုတဲ့ကောင်လေးကနေ ဆာနေးဆိုတဲ့နာမည်ကျော် လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊စာရေးဆရာတစ်ယောက်ဖြစ်လာအောင် ရှမ်ရဲ့အမေက သူ့ရဲ့မိခင်မေတ္တာနဲ့ဘယ်လိုပြောင်းလဲပေးခဲ့လဲ။ မိခင်မေတ္တာနဲ့လမ်းညွှန်မှုက သူ့ရဲ့ဘဝမှာဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အတူရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Linn ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)
...

OMG: O Manchi Ghost (2024) ⭐IMDB: 5.3/10 (539 Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 O.Manchi Ghost 2024 သရဲခြောက်တဲ့အိမ်ကြီး Imdb 6.3 ရေစက်ဆိုတာ ရှောင်မရသလို တစ်နေရာစီနေကြတဲ့လူတွေစုပြီးဒုက္ခတစ်ခုတည်းခံစားရဖို့ဖြစ်လာတဲ့အခါ… ပိတ်ရက်မှာအနားယူရင်းကြည့်ဖို့ ရယ်လည်းရယ်ရကြောက်လည်းကြောက်ရမဲ့ သရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ်ဘဝမှာ ကြုံဆုံခဲ့ရတဲ့လူတွေက သူငယ်ချင်းဖြစ်နိုင်သလိုချစ်သူအပြင် ရန်သူပါဖြစ်လာနိုင်ကြတဲ့လောကကြီးမှာပြဿနာကိုယ်စီနဲ့ ရဲစခန်းမှာ‌လာဆုံကြတဲ့လူ၄ယောက်အမတ်ပိုစတာကို နွားချေးနဲ့ပက်သူကတစ်ဦးရဲကားဆီတိုင်ကီထဲ သေးပေါက်ထည့်သူတစ်ဦးရဲကားကိုဝင်တိုက်သူကတစ်တွဲနဲ့ တွေ့ဆုံမိကြတယ် သူတို့အားလုံးရဲ့ဆုံမှတ်က ပိုက်ဆံကြောင့်ပါပဲ ဘုံဖြစ်နေတဲ့ပိုက်ဆံကိုမသမာနည်းနဲ့ရှာဖွေဖို့ ၄ယောက်သားခေါင်းချင်းဆိုင်ပြီး စဉ်းစားတော့အမတ်သမီးကိုပြန်ပေးဆွဲရင်းငွေညှစ်မယ်ပေါ့ ပြန်ပေးဆွဲပြီဆိုထားဖို့နေရာလိုတာကြောင့် လူမနေတဲ့အိမ်ကြီးကိုရွေးလိုက်မိတယ်သူတို့မသိတာက ဒီအိမ်ကြီးမှာနှစ်ရှည်လများကပ်တွယ်နေတဲ့သရဲမတစ်ကောင်ရှိတယ်ဆိုတာပါပဲဒီအိမ်ထဲဝင်လာသူမှန်သမျှ သူ့လက်ကမလွတ်သလိုအဝင်ပဲရှိပြီး ထွက်လမ်းမရှိတဲ့ ဒီအိမ်ကြီးထဲသူတို့ဘယ်လို၂ပါးသွားကြမယ်ဆိုတာ ကြည့်ရှုလိုက်ပါဦးရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn တို့ပဲဖြစ်ပါတယ်
...

Antboy (2013) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Action #Adventure #Family #Comedy #Fantasy 🗓 2013 🎞 movie 🌎 #Denmark ⏰ 1 နာရီ 16 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာ ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီး စူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။ သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီး ဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်
...

Kotee (2024) ⭐IMDB: 7.1/10 (166 Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kotee (2024)“ကိုတီ” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လိုသူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်းအမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ‘ကိုတီ’ ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက်လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကိုမခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ … သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ “လူတိုင်းရဲ့အတွင်းစိတ်မှာသူခိုးတစ်ယောက်ကိန်းအောင်းနေတယ်” ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှလက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ်
...

The Immigrant (2013) ⭐IMDB: 6.6/10 (34 k Votes) 🎬 #Drama #Romance 🗓 2013 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန် အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေ ပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့ အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမ နှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာ သွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့ သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာ Bruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာ လုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသား Joaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီက immigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
...

Darling (2024) ⭐IMDB: 7.2/10 (638 Votes) 🎬 #Bollywood #Horror #Romance #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Darling 2024 (ဒါလင်) စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကိုစာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင်မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရစာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်,အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီးပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။ စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုကသမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ …….မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကိုကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Little Hearts (2024) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Little Hearts 2024ငယ်နုတဲ့နှလုံးသား နေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက်မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကိုဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။ မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရောငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားကတစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေကဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

The Sibyl (2022) ⭐IMDB: 5.8/10 (117 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Portugal ⏰ 1 နာရီ 19 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sibila ( 2023 ) စီဘယ်လ် ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့်တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလိုနမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်။နောက်ပိုင်း သူ့အဖေသေပြီး မောင်တွေလည်း တကွဲတပြားကိုယ့်အိမ်ကိုယ်တည်ထောင်ပြီးနေကြပါတော့တယ်။ အဲဒီကနေ သူ့ရဲ့သက်လတ်ပိုင်းဘ၀နဲ့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ရလောက်အောင်ဘာအကြောင်းများရှိလို့လဲဆိုတာတွေကိုတော့ သူနဲ့အတူငယ်ဘ၀ကနေကြီးတဲ့အထိ လိုက်ပါခံစားပေးပါဦးဗျာ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni , KKKZ, Bluri , Zwe Yan , LinnLunn တို့ပဲဖြစ်ပါတယ်
...

Hidden Letters (2022) ⭐IMDB: 7.3/10 (241 Votes) 🎬 #Documentary 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံ ဟူနန်မှာ အမျိုးသမီးတွေအချင်းချင်း လျှို့ဝှက်ချက်တွေမျှဝေဖို့သုံးတဲ့ အမျိုးသမီးစာဆိုတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကိုမှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အမျိုးသမီးတွေရဲ့ ခြေထောက်ကိုသေးအောင်ချည်တုပ်ထားပြီး အခန်းထဲက ထွက်ခွင့်မရခဲ့ပါဘူး။အဲဒီအချိန်မှာ အချင်းချင်း ဘဝမှာရှင်သန်ဖို့ အားပေးကြဖို့အတွက်အမျိုးသားတွေ နားမလည်တဲ့ ဘာသာစကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။အမျိုးသမီးစာက ခေတ်တစ်ခုမှာ အမျိုးသမီးတွေရုန်းထွက်ချင်လို့ ပုန်ကန်ခဲ့တဲ့ သင်္ကေတတစ်ခုပဲပေါ့ …… ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အမျိုးသမီးစာကို ဆက်ခံသူ၃ ဦးဖြစ်တဲ့ ဟဲ့ယင်ရှင်း၊ ဟူရှင်းနဲ့ ဝူမုစီးတို့ကို အဓိကထားပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခြေထောက်ချုပ်နှောင်ခြင်းမခံရတော့တဲ့တရုတ်နိုင်ငံက ၂၁ ရာစု အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ဘဝနေထိုင်မှုပုံစံနဲ့ အရွယ်မတူတဲ့ အမျိုးသမီး ၃ ယောက်ရဲ့အတွေးအခေါ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီးစာကို အထင်သေးသူ၊ အသုံးချပြီးအကျိုးအမြတ်ရချင်သူတွေကလည်းရှိနေခဲ့ပါတယ်။အမျိုးသမီးစာကို သမိုင်းမှာပဲ မကျန်စေချင်တဲ့တွေကလည်း ကြိုးစားရင်းနဲ့ပေါ့
...

Coração de Neon (2023) ⭐IMDB: 7.2/10 (78 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Brazil ⏰ 1 နာရီ 39 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Coração de Neon (2023) ဖာနန်ဒိုလို့ခေါ်တဲ့ကောင်လေးဟာ သူ့အဖေနဲ့အတူတူ ကားတစ်စီးနဲ့လှည့်လည်ပြီးတော့ သီချင်းသီဆိုဖျော်ဖြေရေးဝန်ဆောင်မှုကိုလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြပါတယ်။ သူတို့လုပ်ငန်းရဲ့နာမည်ကတော့ နီယိုနှလုံးသားလို့ခေါ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သားအဖနှစ်ယောက် ထုံးစံအတိုင်းကားလေးတစ်စီးနဲ့ ဖောက်သည်တွေတောင်းဆိုထားတဲ့အတိုင်းသီချင်းလိုက်ဆိုကြရင်း အလုပ်များတဲ့အတွက်အိမ်တစ်အိမ်မှာ အဖေ့ကိုထားခဲ့ရင်း ဖာနန်ဒိုဟာတခြားဖောက်သည်တစ်ယောက်ကို ဝန်ဆောင်မှုသွားပေးပါတော့တယ်။ ဖာနန်ဒိုတစ်ယောက် အလုပ်ပြီးလို့ အဖေဖြစ်သူကို ဝင်ကြိုတဲ့အခါမှာတော့အဖေဖြစ်သူက သူတို့ဝန်ဆောင်မှုပေးတဲ့အိမ်မှာပဲ သေနတ်ဒဏ်ရာရပြီး လဲနေတဲ့အခါမှာတော့ …..ဒီသားအဖနှစ်ယောက်ကြားထဲကို ဘယ်လိုကံဆိုးမှုတွေ ဝင်ရောက်လာမလဲ …..ဖာနန်ဒိုတစ်ယောက် ဒီကံဆိုးမှုတွေကို ဖြတ်သန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်)
...

Mo Mamma (2023) ⭐IMDB: 5.9/10 (31 Votes) 🎬 #Drama #Uncategorized 🗓 2023 🎞 movie 🌎 #Estonia ⏰ 1 နာရီ 10 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mo Mamma (2023) IMDb-5.9/10 မြေးဖြစ်သူမာရီက အဘွားဖြစ်သူ မာမားဘေးမှာအမြဲရှိနေပေးခဲ့ပြီး ၊တစ်ချိန်လုံး တစ်သက်လုံးပျော်သလိုနေခဲ့ပြီး ‌အဘွားဆုံးခါနီးမှလာအကဲပိုတယ်လို့ သူ့အမေကို အထင်လွဲနေခဲ့တယ် အမေဖြစ်သူအပေါ် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲတွေးတဲ့သူ ၊သူထင်ပေါ်အရေးပေးခံဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သမီးဖြစ်သူအပေါ်ကြင်ကြင်နာနာမရှိ ရက်စက်စိမ်းကားသူဆိုတဲ့ ငယ်ဘဝစိတ်ဒဏ်ရာ‌တွေ အပြည့်နဲ့ပေါ့ ဒါက သမီးတစ်ယောက်ရဲ့ တစ်ဖက်သတ်အမြင် စိတ်ဒဏ်ရာ ၊မိခင်တစ်ယောက်ရဲ့ အခက်အခဲနဲ့ အကျပ်အတည်းကရော ဘာတွေများဖြစ်မလဲ အချိန်အတော်ကြာမှ ရင်ဖွင့်ဖြေရှင်းကြတာတွေကအကုန်အခဲကျေပြေလည်သွားမလား ဒဏ်ရာတွေကိုပိုဆိုးစေမလား…… ကိုယ်တိုင်နဲ့ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေကြားက ဆက်ဆံရေးတွေအတွက်တစ်ခဏတာပြန်စဉ်းစားသုံးသပ်မိစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်
...

Murmur of Memories (2023) ⭐IMDB: 4.2/10 (13 Votes) 🎬 #Drama #Fantasy 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 30 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Slow romance နဲ့ လျို့ဝှက်ချက်တသီကြီးကိုဘာများဖြစ်နေမလဲဆိုပြီးစိတ်ဝင်တစားကြည့်တတ်တဲ့ပရိသတ်ကြီးအတွက်murmur of memories က ဇာတ်ကားကောင်းလေးဖြစ်မှာပါ ။ဇာတ်လမ်းအညွှန်းလေးကတော့ နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာယဲ့ကသူ့ဘဝတလျှောက်လုံး စူပါနိုဗာကြယ်အကြောင်းသုတေသနလုပ်ရာမှာမြှုပ်နှံထားခဲ့ပါတယ် ။သုတေသနလုပ်ဖို့ရန်ပုံငွေရလိုရငြား အဖွဲ့အစည်းတွေဆီတောက်လျှောက် လျှောင်လွှာတင်ခဲ့ပေမဲ့လည်း ပယ်ချခံခဲ့ရပါတယ် ။ သူကဒီလောက်ကြိုးစားပြီးမအောင်မြင်ခဲ့ပေမဲ့ ဂျူနီယာဖြစ်သူချိုးရှန်းယွိက ခဏချင်းမှာပဲ ဆုတွေရတဲ့အထိအောင်မြင်ခဲ့ပြီးသူတစ်ဘဝလုံးတောင်တခဲ့ရတဲ့ဘဝကိုရရှိသွားပါတယ် ။ဒီလို‌နဲ့တစ်နေ့မှာ ချိုးရှန်းယွိက သူ့ကိုစိတ်ပြေလက်ပျောက်ဆိုပြီးဘားကိုခေါ်သွားခဲ့ပြီး သူ့မိန်းမနဲ့ပေးအိပ်ရင်ရန်ပုံငွေရစေရမယ်လို့အာမခံလာချိန်မှာတော့… ပရော်ဖက်ဆာယဲ့တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်တွေချသွားမလဲဆိုတာရယ်ဇာတ်လမ်းကကြည့်နေရင်း ကိုယ်ထင်ထားသလိုမဟုတ်တာတွေအများကြီးမြင်လာရတာရယ်ကြောင့် စိတ်ဝင်စားစွာနဲ့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှူ့ပေးကြပါအုံးနော်
...

The Moon Thieves (2024) ⭐TMDB: 63% User Score 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 48 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာရီအတုကို အစစ်အတိုင်းမထင်ထားလောက်အောင်ဖန်တီးယူနိုင်တဲ့ နာရီမှောင်ခိုလောကမှာနာမည်ကြီး မာဝိန်ရွှင့်နဲ့နာရီမှောင်ခိုလောကမှာရှာမရတဲ့နာရီအမျိုးအစားမရှိသလောက်အောင် နာရီမျိုးစုံကိုခိုးယူနိုင်တဲ့သူခိုးကြီးလို့ နာမည်တွင်တဲ့ ဦးလေးလိုင်တို့ရှိကြပါတယ် တနေ့မှာဦးလေးလိုင်က မာဝိန်ရွှင့်ကိုဂျပန်မှာ Picasso ရဲ့နာရီသုံးလက်လေးလံရောင်းပွဲမှာအတုအစစ်အစားထိုးဖို့ဂျပန်ကိုအတူတူသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ဒါပေမဲ့ မာဝိန်ရွှင့်ကဒါအန္တရာယ်များလွန်းတဲ့အလုပ်ဖြစ်တာကြောင့် ခေါင်းရှောင်နေခဲ့ပေမဲ့တစ်နေ့မှာတော့ သူအတုလုပ်ထားတဲ့လကမ္ဘာနာရီကို လိမ်ရောင်းပေးလိုက်တဲ့သူ့ဧည့်သည်တစ်ယောက်ကနာရီအတုအစစ်လာစစ်ဆေးဖို့ဦးလေးလိုင်ဆီသွားရောက်ခဲ့တဲ့အချိန်ဦးလေးလိုင်ကမာဝိန်ရွှင့် ရဲ့အလိမ်မပေါ်အောင်လို့ကူညီလိမ်ပေးခဲ့တာကြောင့် ကျေးဇူးကြွေးရှိသွားပြီးမလွှဲသာတဲ့အဆုံးသဘောတူခဲ့တယ်။ ဒီ့အပြင်တခြားကျွမ်းကျင်သူချွီဝမ်နဲ့အစ်မဟုန်တို့ကိုပါခေါ်ခိုင်းလိုက်တယ်။ချွီဝမ်က သဘောတူလိုက်ပေမဲ့အစ်မဟုန်ကတော့သူ့သားသေဆုံးမှုကြောင့် နာကျည်းလျက်ကမ်းလှမ်းချက်ကိုငြင်းဆန်းခဲ့တယ်။ဒါပေမဲ့လဲ မောင် ဖြစ်သူက အမေ့မျက်စိခွဲစိတ်စရိတ်အတွက်ပိုက်ဆံလိုနေတာကြောင့် ဒီကမ်းလှမ်းမှုကိုသဘောတူခဲ့တယ်။ ဒီလိုနဲ့လေးယောက်သားဂျပန်ကိုရောက်သွားပြီးနာရီပြတိုက်မှာထိန်းသိမ်းထားတဲ့Picasso နာရီသုံးလက်ကိုအတုအစစ်လဲဖို့သွားရောက်ခဲ့တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ။ဒီနာရီသုံးလက်ကိုကော အစားထိုးလဲနိုင်မှာလား။ဘယ်လိုတွေ အတုအစစ်မခွဲခြားနိုင်အောင်လုပ်နိုင်မလဲဆိုတဲ့ ကျွမ်းကျင်သူလေးယောက်ရဲ့အရည်အချင်းကိုဒီဇာတ်ကားလေးထဲမှာ ပြသထားတာမို့လို့ဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင်
...

Second Life (2024) ⭐TMDB: 80% User Score 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကိုဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက်တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကိုထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကိုလက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါအဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီးအယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ……အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ
...

Final Heat (2024) ⭐IMDB: 4.2/10 (179 Votes) 🎬 #Sport #Action #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသန တွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့က အရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက အားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။ Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာ အကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့ အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေး တွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေး ကြပါတယ်။ အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမား တွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံ ပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီး ငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာ ကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကို ငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ် ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြ ပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာက အခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲ တွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစား အမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
...