ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Dhoom Dhaam (2024) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dhoom Dhaam (2024)”မေတ္တာလွန်ကြိုး”================================ တေလဂူးစကားပြော အချစ်ဟာသ ရုပ်ရှင်လေးတစ်ပုဒ်ကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် သားနဲ့ အဖေကြားက ၅၂၈ မေတ္တာနဲ့ချစ်သူနှစ်ဦးကြားက ၁၅၀၀ မေတ္တာတို့ လွန်ဆွဲကြပုံကိုပေါ့ပေါ့ပါးပါး ပုံဖော်ပြထားတာပါ။ ဇာတ်လမ်းကတော့.. သားဖြစ်သူကို အင်မတန်ချစ်တဲ့ဟိုက်ဒရာဘတ်မြို့က အိမ်ခြံမြေသူဌေးကြီး ရာမာရာဂျူး။ သားဖြစ်သူကို ချစ်လွန်းလို့ ရွှေပေါ်မြတင်ထားပြီးအမြဲတမ်း အတော်ဆုံးဖြစ်နေအောင် သားဖြစ်သူထက်ပိုသာတဲ့သူတွေကို ဘေးမှာမထားတဲ့ထိ အချစ်စိတ်ကြီးတဲ့ ဖခင်တစ်ယောက်။ ငယ်ငယ်ကတည်းက အဖေအလိုလိုက်တာခံရလို့ လက်ညှိုးညွှန်ရာရေဖြစ်ပြီးအဖေကို လေးစားချစ်ခင်ကာ ဘာလုပ်လုပ်အသိပေးတဲ့ သားလိမ္မာ ကာသစ်။ ပြီးတော့ ကာသစ်ဘဝထဲကို ရုတ်တရက် ဝင်လာပြီး အရင်င်က သိပ်ရင်းနှီးခဲ့သလိုမျိုးကာသစ်အကြောင်းကိုအကုန်သိနေတဲ့ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဆူာဟာနာ။ ကာသစ်နဲ့ဆူဟာနာတို့ဟာ အချစ်ရုပ်ရှင်တွေရဲ့ထုံးစံ အချစ်ဇာတ်လမ်းဖြစ်လာခဲ့ပြီးသားအဖနှစ်ယောက်ကြားဝင်လာတဲ့အချိန်မှာတော့ ၁၅၀၀ အချစ်က အနိုင်ရမလား၅၂၈ မေတ္တာက အနိုင်ရမလား ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုဒီရုပ်ရှင်ထဲမှာ လှလှပပမြင်ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
The Kid (2000) ⭐TMDB: 67% User Score 🎬 #Comedy #Family #Fantasy 🗓 2000 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Kid (2000) IMDb Rating (6.1) / Rotten Tomatoes (49%) ဒစ်စနေးကထုတ်တဲ့ အက်ရှင်မင်းသား Bruce Willis ရဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ရပ်စ်က နာမည်ကျော် ရာထူးမြင့်လူတွေကို ပုဂ္ဂိုလ်ရေး၊ လူမှုရေးဆိုင်ရာ အကြံပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီး စိတ်ကသိကအောက်ဖြစ်စရာ စရိုက်လက္ခဏာကြောင့် လူတိုင်းတင်မက သူ့ရည်းစားကပါ အမြင်ကပ်ရပါတယ်။ အဖေဖြစ်သူနဲ့ စကားမပြောဘဲ ငယ်ဘဝကိုလည်း မေ့ဖျောက်ထားသူတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန် တစ်ညမှာ သူ့အိမ်ထဲကို ၈ နှစ်အရွယ် ဝတုတ်ကောင်လေး ခိုးဝင်လာပါတယ်။ ပထမတစ်ခါ လွတ်သွားပေမယ့် နောက်တစ်ခါလက်ပူးလက်ကြပ်မိတဲ့အခါ ကောင်လေးကို မေးမြန်းကြည့်ရင်း ၈ နှစ်ကလေးဟာ သူကိုယ်တိုင်ပဲဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ သူ့မေ့ထားခဲ့တဲ့ အတိတ်ကို ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)...
Identity (2025) ⭐IMDB: 8.8/10 (6 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Identity (2025) ဖြစ်တည်မှု CM Bollywood ပရိသတ်ကြီးအတွက်ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက်အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်…. နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီးကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေကအရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ် ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်းဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
No One Like Me (2025) ⭐TMDB: 100% User Score 🎬 #Action #Comedy #Drama #Mystery 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့ရေ Guardians of the Dafeng မှာမျက်နှာမပြဘဲ မွှေသွားတဲ့ နောက်ကျောအရှင်ဆရာတူအစ်ကိုကြီးရဲ့ ဇာတ်လမ်းလေးလာပြီနော်…တဖုန်းရဲ့ အလေးစားခံ ဆရာတူအစ်ကိုကြီးဘဝဟာဆိုရင်…ယန်ချန်းဟွမ့် ဆိုပြီး ကဗ္ဗည်းထိုးခံရတဲ့အထိကို လေးစားခံခဲ့ရတဲ့သူပါ… သင်ကြားသူအားလုံးကြားထဲမှာ အစွမ်းအထက်ဆုံး အတော်ဆုံးလို့လည်း ပြောစမှတ်တင်ပြီးတော့အားလုံးက လေးစားအတုယူအထိ ပါးစပ်ဖျားက မချလောက်တဲ့စံပြပုဂ္ဂိုလ်ပေါ့တစ်နေ့တော့ တဖုန်းကို ၂၁ ရာစုက ရွှီချီအန်းတစ်ယောက် ရောက်လာချိန်ကစပြီးဘဝ ဈာန်လျှောသွားတာဆိုတာလေ….အလေးစားခံ အချစ်ခံကနေ ချောင်ထိုးခံ အပယ်ခံဘဝကိုရောက်သွားရော…ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကဝေဂိုဏ်းကတဖုန်းပြည်သူပြည်သားတွေကို ဒုက္ခပြုနေတယ်ဆိုတော့…ငါ့အစွမ်းပြချိန်တန်ပြီဆိုပြီး သူ့မှာ အစွမ်းလက်နက်တွေပြင် ကြိုးစားပြန်တော့လည်း…မျက်နှာကောင်းမရ… အသိမှတ်ပြုမခံရနဲ့…ဒီလိုနဲ့ တစ်ချိန်ကဆရာတူအစ်ကိုကြီးဘဝကို ပြန်ရဖို့ ယန်ချန်းဟွမ့်တစ်ယောက်ဘယ်လိုတွေ ကြိုးစားအားထုတ်တယ်ဆိုတာကို ဒီကားလေးမှာ တွေ့ရမှာမို့…လာမလာမသေချာသေးတဲ့ အတွဲ ၂ ကို စောင့်ရင်းဒီမူဗွီလေးနဲ့ အရင် ဖြေသိမ့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
Mission to Mars (2000) ⭐TMDB: 60% User Score 🎬 #Adventure #ScienceFiction #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mission to Mars (2000) IMDb Rating (5.7) / Rotten Tomatoes (24%) “Mission to Mars” က ၂၀၀၀ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံအခြေပြု ရုပ်ရှင်ဖြစ်ပြီး Brian De Palma က ရိုက်ကူးထားပါတယ်။ Gary Sinise, Tim Robbins, Don Cheadle နဲ့ Connie Nielsen တို့လို ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အာကာသ၊ မစ်ရှင်နဲ့ လူသားတို့ရဲ့ အစပြုရာကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်။ ဇာတ်လမ်းက မားစ်ဂြိုဟ်ကို သွားတဲ့ မစ်ရှင်တစ်ခု မအောင်မြင်ဘဲ အာကာသယာဉ်မှ အဖွဲ့ဝင်တစ်ဦး အန္တရာယ်တွင်းမှာကျန်ရစ်သွားတဲ့အခါ အဖွဲ့တစ်ဖွဲ့ ပြန်လည်ကယ်ဆယ်ဖို့ သွားရင်း စိန်ခေါ်မှုတွေ၊ ထူးဆန်းတဲ့ လျှို့ဝှက်မှုတွေ၊ နောက်ဆုံးမှာ လူသားရဲ့ အစပြုရာကို သုတေသနလုပ်ကြပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုကတော့ အာကာသရဲ့ ကျယ်ဝန်းမှုနဲ့ မားစ်ဂြိုဟ်ရဲ့ ထူးခြားမှုကို ထိထိမိမိ ဖော်ပြနိုင်တဲ့ အရာပါပဲ။ ၂၀၀၀ ခုနှစ်မှာ လုပ်ထားတဲ့ Visual Effects တွေက အံ့အားသင့်စရာကောင်းပါတယ်။ သရုပ်ဆောင်တွေထဲမှာ Gary Sinise က ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုကို ထင်ဟပ်စွာ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း ဇာတ်လမ်းအချို့မှာ ဖြည်းဖြည်းလေးစီးဆင်းတာကြောင့်မလို့ စိတ်ဝင်စားမှုနည်းသလို သိပ္ပံအမှန်တရားနဲ့ မကိုက်ညီတဲ့ အချက်လေးတွေပါ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ စိတ်ကူးယဉ်တာရဲ့ အတွင်းပိုင်းနဲ့ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရှာဖွေဖော်ပြထားတာတော့ ကောင်းပါတယ်။ “Mission to Mars” ကသိပ္ပံအခြေပြု ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
The Legend of Zorro (2005) ⭐TMDB: 61% User Score 🎬 #Action #Adventure #Romance #Thriller #Western 🗓 2005 🎞 movie 🌎 #Mexico #USA #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇောရိုးကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ်။ တခြားလူတွေအတွက်တော့ ဒီ ဇာတ်ကောင်ကဘယ်လိုလဲမသိပေမယ့် ကျွန်တော့်အတွက်တော့ DC တို့ Marvel တို့က ဟီးရိုးဇာတ်ကောင်တွေ မတိုင်ခင်မှာ ကိုယ့်အတွက် အရင်ဟီးရိုးဖြစ်ခဲ့တဲ့သူပါပဲ။ ဇောရိုးက Batman နဲ့တော့ခပ်ဆင်ဆင်ပါပဲ။ သူကတော့ Duelist ဓါးသမားပုံစံမျိုးဖြစ်သွားတာပေါ့လေ။ မျက်နှာအပေါ်ပိုင်းကို မျက်နှာဖုံးတပ် ဦးထုပ်အဝိုင်းတစ်လုံးနဲ့ rapier ဓါးတစ်ချောင်းဆောင်ထားတဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ဇောရိုးကို အလွမ်းပြေပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကြောင်းလေးမပြောခင်မှာ နည်းနည်းပြောပြပေးချင်တာကတော့ အမေရီကန် ပြည်တွင်းစစ်အကြောင်းပါ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်း ကွန်ဖက်ဒရိတ်နဲ့ မြောက်ပိုင်း ယူနီယံ တို့ရဲ့စစ်ပွဲဖြစ်ပါတယ်။ မြောက်ပိုင်းက ကျွန်စနစ်ပပျောက်ရေးဖြစ်ပြီး တောင်ပိုင်းကတော့ ကျွန်စနစ်ကို ဆက်လက်ကျင့်သုံးချင်ကြတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကားကိုတော့ ပြည်တွင်းစစ်မဖြစ်ခင် ကာလတစ်ခုမှာ အချိန်ယူထားတာပါ။ ပြည်တွင်းစစ်အကြောင်းကတော့ ဒီလောက်လေးသိထားရင်ကို အဆင်ပြေပါပြီ။ ဒီကားထဲမှာတော့ ဇောရိုးတစ်ယောက် သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားက ပြည်ထောင်စုထဲ ပါဝင်မှာကို ကူညီပေးနေတာကို တွေ့ရမှာပါ။ ပြီးတော့ ဇောရိုးရဲ့ မိသားစုဘဝကိုလည်း ဒီကားထဲမှာ အသားပေးထားပါတယ်။ ငယ်ဘဝကနေ ရေးတေးတေး မှတ်မိလေ့ရှိတဲ့ ဇောရိုးဟာ ဘယ်လိုလူတစ်ယောက်လည်းဆိုတာ ဒီဇာတ်ကားကိုကြည့်ရင်း ပြန်လည်ခံစားပြီး ကလေးဘဝကိုအလည်သွားလိုက်ကြရအောင်ဗျာ။...
Balota (2024) ⭐IMDB: 7.1/10 (57 Votes) 🎬 #Comedy #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balota (2024) ဖိလစ်ပိုင်စကားပြော မှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် မြို့လေးတစ်မြို့မှာ မြို့တော်ဝန်ရွေးကောက်ပွဲတစ်ခုကျင်းပခါနီးအချိန်ဟီဒါလ်ဂိုဆိုတဲ့ လက်ရှိမြို့တော်ဝန်အမျိုးသမီးကတစ်ဖက်အယ်ဒရာလင်းဆိုတဲ့ တစ်ချိန်ကအပြာမင်းသားဟောင်းဖြစ်ခဲ့သူက တစ်ဖက် မဲဆွယ်လျက်ရှိပါတယ် လူမိုက်တစ်စုကလည်း တရားမဝင်သေနတ်တွေနဲ့ အော်ပရေးရှင်းတစ်ခုကို ကြံစည်နေပြီးရိုးသားဖြောင့်မှန် ရဲရင့်တဲ့ဆရာမလေးဖြစ်သူ အမ်မီက မဲရုံမှာ တာဝန်ကျလာတဲ့အခါမှာတော့ —- အညွှန်းနဲ့ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan မှ ဖြစ်ပါတယ်...
Guardian of Graveyard (2025) ⭐TMDB: 0% User Score 🎬 #Action #Adventure #Mystery 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချင်လင်တောင်ထက်ကလျှို့ဝှက်ဆန်းကြယ်တဲ့ ဇာမဏီဘုရင်သင်္ချိုင်းဗိမာန်ကိုဖောက်ဝင်ဖို့ကြိုးစားတဲ့ သဲထိတ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်။ပြည်သူတွေရဲ့အကျိုးအတွက် သေဆုံးသွားတဲ့ ဇာမဏီဘုရင်နဲ့မိဖုရားရဲ့သင်္ချိုင်းကိုသူ့ရဲ့သစ္စာရှိစစ်သူကြီးမျိုးရိုးဟာ ခေတ်အဆက်ဆက်စောင့်ရှောက်လာခဲ့ပါတာ နှစ်၁၀၀၀ကျော်ပါပြီ။ ပလိပ်ရောဂါကပ်ဘေးဖြစ်တဲ့အတွက် ရွာသူရွာသားတွေကယ်တင်ဖို့ ဆေးနည်းရှိတယ်ဆိုတဲ့ တောင်အောက်ကို လူတစ်စုဟာဝင်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ ၂ယောက်သာအသက်ရှင်ကျန်ပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာသူတို့၂ယောက်ဟာ ဇာတ်မြှုပ်နေထိုင်လာခဲ့ကြပါတယ်။ ၁၀နှစ်ကျော်ကြာပြီးတဲ့နောက်မှာ လောဘကြီးတဲ့ကုန်သည်တစ်ယောက်နဲ့နိုင်ငံခြားသားတစ်ယောက်အကြပ်ကိုင်တာကြောင့်ဇာမဏီဘုရင်သင်္ချိုင်းဂူထဲကိုထပ်ဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ရှေးဟောင်းဘုရင်သင်္ချိုင်းတွေရဲ့အစဉ်အလာအတိုင်းထောင်ချောက်တွေအပြည့်ရှိနေတဲ့ သင်္ချိုင်းထဲကိုသူတို့လူစုကဆင်းသွားပြီးနောက်မှာဘယ်လိုအနာဂတ်တွေဖြစ်လာမလဲ...
Faceless (2024) ⭐TMDB: 0% User Score 🎬 #Thriller 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Faceless (2024) ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကိုသတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီးမာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းကလွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက်သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ ……..ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ …..သူ့မှာ ဘာပလန်တွေရှိနေမလဲ …… ဆိုတာကိုကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်)...
OK Baytong (2003) ⭐TMDB: 63% User Score 🎬 #Comedy #Drama 🗓 2003 🎞 movie 🌎 #Thailand ⏰ 1 နာရီ 39 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ok Baytong (2003)****************** ထန်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ငယ်ငယ်ကတည်းက သာသနာ့ဘောင်ဝင်ပြီး ဘုန်းကြီးကျောင်းမှာပဲ နေထိုင်ခဲ့ပါတယ်… တစ်နေ့မှာတော့ အစ်မဖြစ်သူရဲ့ သေဆုံးမှုသတင်းကိုကြားပြီး အစ်မဖြစ်သူနေထိုင်တဲ့ ဘေသုန်မြို့ကို လိုက်သွားခဲ့ပါတယ်… ထန်ရဲ့ အစ်မမှာ သမီးလေးတစ်ယောက်ကျန်ခဲ့ပြီး တစ်ဦးတည်းသောတူမလေးကို အုပ်ထိန်းမဲ့သူမရှိတာကြောင့် ထန်တစ်ယောက် ဘုန်းကြီးဘဝကနေ လူဝတ်လဲခဲ့ရပါတယ်…တူမလေးကို စောင့်ရှောက်ရင်းနဲ့ အစ်မဖြစ်သူရဲ့ လုပ်ငန်းတွေကိုပါ ဆက်လက်ထိန်းသိမ်းပေးဖို့ဖြစ်လာခဲ့တယ်…ဒါပေမဲ့ ငယ်စဉ်ကတည်းက သာသနာ့ဘောင်မှာကြီးပြင်းခဲ့တာကြောင့် သာမာန်လူတွေနဲ့ ရင်ဘောင်တန်းရတဲ့ လောကီရေးရာတွေမှာ အခက်အခဲတွေ အများကြီးတွေ့ကြုံတွေ့ခဲ့ရပါတယ်… အစ်မဖြစ်သူရဲ့ သေဆုံးမှုကရော ပုံမှန်ဟုတ်ရဲ့လား… လူတွေရဲ့ စိတ်နေသဘောထားတွေ ယုံကြည်ကိုးကွယ်မှုတွေ အတွေးအမြင်အယူအဆတွေ စသဖြင့်… ရှုပ်ထွေးလှတဲ့ လူ့ဘောင်လောကမှာ ဘုန်းကြီးလူထွက်လေး ထန်တစ်ယောက် ဘယ်လိုနေထိုင်သွားမှာလဲ… ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါရှင်...
The Adjustment Bureau (2011) ⭐IMDB: 7.0/10 (276 k Votes) 🎬 #Crime #Drama #Mystery #Romance #SciFi #Thriller #ScienceFiction 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်နဲ့ထိန်းချုပ်ခွင့်ရှိနေတာလား။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာများလား။ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။ ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး သူ့ရဲ့ ဘဝပြောင်းလဲသွားမှာလား၊ နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။ သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားလဲဆိုတာပါပဲ။ IMDb 7.0 Rotten tomato 71 %တောင် ရထားတဲ့ကားမို့လို့ အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူးရှင့်...
A Pharisee (2014) ⭐IMDB: 6.8/10 (36 Votes) 🎬 #Adult #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 20 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ************************ အိုဆွန်းအို့က ဒဿနိကဗေဒကို စိတ်ဝင်စားပြီး အရမ်းအတွေးများတတ်တဲ့ သူတစ်ယောက်ပါ။ သူ ငယ်ငယ်တုန်းက သူ့ အမေ ဆန်မှုန့်ထောင်းနေတာကို မတော်တဆ မြင်သွားခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ အဲဒီအကြောင်း တွေးမိပြီး အာသာဖြေမိတိုင်း ဆုတောင်း အပြစ်ဖြေလိုက် ဘုရားကျောင်းသွား အပြစ်ဝန်ခံလိုက်နဲ့ လုပ်နေတတ်ပါတယ် ။ သူက အမြဲတမ်း ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့လည်း သူတွေးထားသလို မဖြစ်လာခဲ့ပါဘူး။ အာသာဖြေတာကိုလည်း အပြစ်တစ်ခုလို့ ယူဆပြီးတော့ အမြဲ ရပ်ဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ စီနီယာတစ်ယောက်နဲ့ အရက်သောက်ကြရင်း မှားမိသွားတယ် .. အဲဒီအခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်တွေ ခံစားနေရတဲ့ ဆွန်းဂီတစ်ယောက် ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။...
Rooster Cogburn (1975) ⭐TMDB: 64% User Score 🎬 #Adventure #Drama #Western 🗓 1975 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။ ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။ ဇတ်လမ်းအကျဥ်းရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။ အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။ ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။ တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး သူတို့နှစ်ယောက်ကိုခေါ်သွားပါတယ်။ သူ့အသိ ကုန်စုံဆိုင်မှာသူတို့နှစ်ယောက်ကို ရူးစတာကအပ်ခဲ့ပေမဲ့မစ္စယူးလာကလူဆိုး ဖမ်းတာမှာရူးစတာကိုကူညီဖို့နောက်က လိုက်လာလို့ရူးစတာကလက်မခံချင်ပဲလက်ခံလိုက်ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာ ကစာတွေကိုရွတ်ပြတတ်တဲ့ မစ္စယူးလာ နဲ့ ဖြစ်သလိုနေတတ်တဲ့လူကြမ်းကြီးရူးစတာတို့အဆင်ပြေပါ့မလားသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်ကဘယ်လိုရှိလဲလူဆိုးတွေအကြံအောင်မလားဘာတွေဆက်ဖြစ် မလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါ တယ်။ ကြိုက်တဲ့အချက် Legend နှစ်ယောက်ရဲ့ သရုပ်ဆောင် တာနဲ့စကားပြောတာကိုကြိုက်ပါတယ်။ စကားအချီအချပြောတာစကားစစ်ထိုးတာတွေက ဇတ်ကောင်စရိုက်ကိုပေါ်လွင်စေ ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကတ်သရင်း ဟက်ဘန်းကိုတော်တော် သဘောကျမိပါတယ်။ ရုပ်ရှင်ကို အမေရိကန်တောင်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ရိုက်ကူးထားပါ တယ်။ အော်ရီဂွန်ပြည်နယ်က တောင် တန်းတွေ မြစ်တွေရဲ့အလှကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ပေးတဲ့ message လေး ကိုကြိုက်ပါတယ်။ မိန်းမသားဖြစ်ပေမဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘယ်အချိန်ဘာလုပ် ရမယ်ဆိုတာ ပင်ကိုယ်သိစိတ်နဲ့လုပ်တတ် သူနဲ့အပြင်ပန်းမှာပစ်စလက်ခတ်ဖြစ်နေပေမယ့်နှလုံးသားလှတဲ့သူတွေရဲ့အကြောင်းပါ။ “လူသည်မျိုးစေ့ကြဲသည့်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” “ မြေကြီးက မြေကြီးသို့ ပြာက ပြာသို့ ဖုန်မှုန့်မှ ဖုန်မှုန့်သို့” “ဒီကမ္ဘာကိုကျွန်မတို့ဘာတစ်ခုမှယူမလာခဲ့ဘူး ပြီးရင်ဒီကမ္ဘာကနေကျွန်မတို့ဘာတစ်ခုမှယူမသွားနိုင်တာသေချာတယ်” ဟုတ်ပါတယ် အပေါ်ယံအကာတွေနဲ့ တုပြိုင်ပြီးလောဘဒေါသနဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးမှာ သေခြင်းဆိုတာရှောင်လွှဲ လို့မရတောင် စစ်မှန်တဲ့ မေတ္တာတရား ရိုးသားဖြောင့်မတ်မှုနဲ့ လူပီသပြီးကိုယ့်သ မိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးစားကြရမှာပါ။...
Salt's Papa (2024) ⭐TMDB: 0% User Score 🎬 #Drama #Family 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 40 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Salt’s Papa (2024) မွေးဖွားလာတည်းက မိခင်ကိုဆုံးရှုံးခဲ့ရတဲ့ မူအွိုင်လေး။ စိုင်ဂွန်ဆိုတဲ့ဆားလယ်သမားတွေ အခြေချနေထိုင်ကြတဲ့ရွာလေးမှာသားအဖ၂ယောက် ရုန်းကန်ရှာဖွေရင်း ဘဝကိုဖြတ်သန်းနေကြပါတယ်မူအွိုင်လေးက ရွာမှာဆိုအချောဆုံး အတော်ဆုံးပေါ့ရွာကလူတွေကတော့ စာသင်တယ်ဆိုတာကိုကစိန်ခေါ်မှုတစ်ခုလိုဖြစ်နေပေမဲ့ မူအွိုင်လေးကတော့တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ် မြို့ဆိုတော့သိကြတဲ့အတိုင်း စရိတ်တွေကများတာပေါ့ဆားကလည်း ဈေးနှိမ်တဲ့ဝယ်သူတွေနဲ့ သမီးရဲ့ကျောင်းစရိတ်ကိုရှာဖို့ရုန်းကန်ရတဲ့အဖေနဲ့ မြို့ကို ပညာသင်ဖို့တက်သွားတဲ့မူအွိုင်တို့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်...
Mr. and Mrs. Incredible (2011) ⭐IMDB: 5.3/10 (580 Votes) 🎬 #Action #Comedy #Romance 🗓 2011 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 41 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. & Mrs. Incredible (2011) ဟောင်ကောင်မင်းသားကြီး Louis Koo နဲ့ မင်းသမီးကြီး Sandra Ng တို့ အဓိကပါဝင်ထားတဲ့ စူပါဟီးရိုးဟာသဇာတ်ကားပါ။ အရင်ခေတ်က လျှမ်းလျှမ်းတောက် စူပါဟီးရိုးလင်မယားနှစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ သူတို့ရဲ့မျက်နှာဖုံးတွေကို သိမ်းဆည်းပြီး ဘယ်သူမှမသိအောင် ဇာတ်မြုပ်နေထိုင်နေကြပြီပဲဖြစ်ပါတယ်… ဒါပေမယ့် သူတို့နေတဲ့နေရာထိ ထူးဆန်းတဲ့ကိစ္စရပ်တွေ လိုက်လာတဲ့အခါမှာတော့ သိမ်းဆည်းထားတဲ့အစွမ်းတွေနဲ့ ဘယ်လိုထုတ်ဖော်ဖြေရှင်းသွားမလဲဆိုတာ မိသားစုဒရမ်မာဟာသဇာတ်ကားတကားလို ကြည့်ကြရမှာပါ။...
Babygirl (2024) ⭐IMDB: 6.3/10 (23 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #Netherlands #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Babygirl (2024) IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။ Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။ သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။ သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။ Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ဆက်ဆံခံရတာတွေ နာကျင်မှုကို သာယာတာကို တိတ်တိတ်လေး ခုံမင်နေသူဖြစ်ပါတယ်။ တစ်ရက် သူ့ company ကို အသစ်ရောက်လာတဲ့ အလုပ်သင်တွေထဲက Samuel ကို မျက်မှန်းတန်းမိရင်း Samuelက သူ့ နည်းပြအဖြစ် Romy ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ ဆက်ဆံရေးဟာ တဖြည်းဖြည်း နယ်ကျွံလာပြီး အလုပ်နဲ့ မိသားစုကို ထိပါးလာခဲ့ပါတယ်။ Castတွေအနေနဲ့လည်း Nicole Kidman; Harris Dickinson; Sophie Wilde; Antonio Banderas တို့ ပါတာမို့လို့ ကြည့် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မဖွယ်မရာ scene တချို့ပါဝင်တာမို့လို့ မိသားစုနှင့် ကြည့်ရှုရန် မသင့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)...
About Family (2024) ⭐TMDB: 75% User Score 🎬 #Comedy #Drama #Fantasy 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 About Family (2024) ********************** Lee Seung-Gi နဲ့အတူ Kim Yun-Seok၊ Kim Sung-Ryoung၊ Kang Han-Na တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Lee Seung-Gi ကို ဘုန်းကြီးအဖြစ် မြင်တွေ့ရမဲ့ ရုံတင် မိသားစုဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအညွှန်း – ဟမ်မူအို့ (Kim Yun-Seok) က ဖက်ထုပ်ဆိုင်ဖွင့်ထားပြီး သူ့ဆိုင်က စားကောင်းလွန်းတဲ့အတွက် အမြဲတမ်း လူကြိတ်ကြိတ်တိုးနေတဲ့ ဆိုင်လေးပေါ့။ ဒါ့အပြင် အဆောက်အဦများစွာလည်း ပိုင်ဆိုင်ထားပြီး ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးဖြစ်နေပေမဲ့ သူ့ဘဝမှာ မပြည့်စုံတာတစ်ခုကို ပြောပါဆိုရင် အဲဒါက သူ့ရဲ့သားဖြစ်သူ ဟမ်မွန်းဆော့ (Lee Seung-Gi) ပါပဲ။ မွန်းဆော့က အမေ့ကို ဆေးကုသပေးဖို့ ဆေးတက္ကသိုလ်တက်ခဲ့ပေမဲ့ တကယ်တမ်း ဆေးမကုသပေးလိုက်နိုင်ဘဲ အမေဆုံးပါးသွားတဲ့နောက်မှာ ဘုန်းကြီးဝတ်သွားခဲ့လို့ပဲဖြစ်ပါတယ်။ ဟမ်မူအို့က မြေးမချီနိုင်တော့ဘဲ မျိုးဆက်ပြတ်မှာကို စိုးရိမ်နေတဲ့အချိန်မှာပဲ သူ့ရဲ့ဖက်ထုပ်ဆိုင်ကို ဟမ်မွန်းဆော့က သူတို့အဖေပါလို့ပြောနေတဲ့ ကလေးနှစ်ယောက် ရောက်ချလာတဲ့အခါမှာတော့… ခြောက်သွေ့နေခဲ့တဲ့ ဟမ်မူအို့ရဲ့ဘဝထဲ ချစ်စရာမြေးလေးတွေ ဝင်ရောက်လာတဲ့အခါမှာ သူ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ။ မွန်းဆော့ ဘုန်းကြီးမဝတ်ခင်က သူမသိရှိခဲ့တဲ့ ထိတ်လန့်စရာ အမှန်တရားတစ်ခုက ဘာများဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Pushpa: The Rule - Part 2 (2024) ⭐IMDB: 6.3/10 (47 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 3 နာရီ 44 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pushpa 2 – The Rule (2024) “ပွတ်ရှ်ပါ ပြန်လာပြီ” Netflix WEB-DL ကြည်တောက်ရှင်းဖြစ်ပြီး၄နာရီနီးပါး အပြည့်စုံဆုံး ဗားရှင်းကိုတင်ဆက်လိုက်ပါပြီ(4kလဲ ထွက်ရှိလာပါက ထပ်မံupdateပေးသွားပါမယ်) =============================== အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေးအပြင်းအထန်ကြိုးစားနေပါတယ်။ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းကပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက်ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။ တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန်ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲအခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက်ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)...
Young Guns II (1990) ⭐TMDB: 65% User Score 🎬 #Action #Drama #Western #Adventure 🗓 1990 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူကလေးဘီလီလို့ အမည်တွင်တဲ့ ဘွန်နီ ဦးဆောင်တဲ့အဖွဲ့က မြင်းတွေနွားတွေခိုးရာမှာ နာမည်ကြီးဖြစ်ပါတယ်။ တစ်နေ့ ဘီလီတို့ အဖွဲ့ဝင်တွေထဲက ဒေါ့ဆာလော့နဲ့ ချီဘက်တို့အဖမ်းခံရပြီး ဘီလီသွားကယ်လို့ လွတ်မြောက်သွားတဲ့အတွက် အထက်ကလူတွေဒေါသပုန်ထသွားခဲ့ပါတယ်။ ဘီလီဦးဆောင်ပြီး မက္ကဆီကိုမြို့ဟောင်းကိုသွားချိန် လူကလေးဘီလီကိုဖမ်းမိဖို့အတွက် အဖွဲ့ဝင်ဟောင်း ပက်ဂဲရက်ကို မြို့တော်ဝန်တွေ ကြေးစားငှားလိုက်တဲ့အခါ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဘီလီနဲ့ ဂဲရက်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
The Trophy Bride (2024) ⭐IMDB: 7.1/10 (22 Votes) 🎬 #Comedy #Drama #Thriller #Romance 🗓 2024 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 55 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Trophy Bride (2024) IMDb – 7.1/10 “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး”ဆိုတာနောင်ပြင်ရန်ခက်တဲ့အရာတွေဆိုတဲ့အတိုင်းသားရယ်သမီးရယ် မွေးလာကြတော့မှလည်းဆင်စီးမြင်းရံစေချင်ကြတာကမိဘတို့ရဲ့ စိတ်သဘောထားပေမို့ကိုယ့်ရင်နှစ်သည်းခြာသားသမီးကို တင့်တောင့်တင့်တယ်တူတူတန်တန်မြင်ချင်ကြတာချည်းသာပေါ့။ အခုတင်ဆက်ပေးမယ့်ရုပ်ရှင်မှာလည်း ကိုယ့်သားသမီးတွေ လူကောင်းသူကောင်းနဲ့ညားဖို့အရေးကိုယ်ကဘာကြီးဖြစ်ဖြစ် အမြင့်မှန်းတဲ့ အရှေ့တောင်အာရှမိသားစုတွေကိုအလွဲလွဲအချော်ချော်နဲ့ ဟာသနှောပြီး ဘ၀အမောတွေပြေကြဖို့ရာတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်။)...
