es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Guardian (2006) ⭐TMDB: 71% User Score 🎬 #Action #Adventure #Drama 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Guardian(2006) IMDb…7.0 ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာ ကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ… လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး… ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့် ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ…သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်.. တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်… ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင် ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်… ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်… ဒီဇာတ်ကားဟာ မင်းသားကြီးKevin Costnerဉီးဆောင်ထားပြီးAshton Kutcherနဲ့ အခြားနာမည်ကြီးသရုပ်ဆောင် များစွာပါဝင်ထားပါတယ်…ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်… အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet  ပဲဖြစ်ပါတယ်
...

Marni: The Story of Wewe Gombel (2024) ⭐IMDB: 6.0/10 (106 Votes) 🎬 #Action #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia #SouthKorea ⏰ 2 နာရီ 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Channel Myanmar ရဲ့ Horror ပရိသတ်ကြီး အကြိုက်ဖြစ်မယ့် အင်ဒိုဇာတ်ကားကောင်း တစ်ကားကို ပိတ်ရက်မှာ ကြည့်ဖို့ မိတ်ဆက်ပေးချင်ပါတယ်။ ကြောက်တတ်တဲ့သူတွေ အနားမှာ အဖော်ရှိမှ ကြည့်ဖို့တော့ အကြံ ပေးချင်ပါတယ်။ အင်ဒိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း  ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ကူးပြထားနိုင်သလို သရုပ်ဆောင်တွေရဲ့ ဟန်ပန်တွေနဲ့ သရဲဇာတ်ကောင်တွေရဲ့ မိတ်ကပ်ကောင်းမွန်မှုတွေ ကွန်ပျူတာ ပြလုပ်ချက်တွေနဲ့ တကယ်ကို ကြည့်ရတန်တဲ့ ဇာတ်ကားတစ်ကားပါ။ ယုံတမ်းပုံပြင် ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ အယူသည်းမှုတွေ ရှိနေဆဲပဲ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်က ရွာငယ်လေးတစ်ခုကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ညအိပ်ရာဝင်ပုံပြင်တစ်ပုဒ်လည်း ဖြစ်သလို မလိမ်မာတဲ့ ကလေးတွေ နေဝင်ရီတရော အိမ်မပြန်ဘဲ အဆော့မက်တဲ့ ကလေးတွေကို ခြောက်လှန့်ပြီး ပြောနေကျ ဒဏ္ဍာရီတစ်ပုဒ်က “ဝီဝီဂွန်ဘယ်”သရဲမ ဖမ်းစားလိမ့်မယ် ဆိုတာပါ။ ဇာတ်ညွှန်းကတော့ ရာဟာယုဆိုတဲ့ အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူ့ယောကျ်ားဟောင်းရဲ့ ကြွေးရှင်တွေလက်က လွတ်ဖို့အတွက်ရော ဘဝသစ်ကို အေးအေးချမ်းချမ်း စချင်တာရောကြောင့် ရွာငယ်လေးတစ်ရွာကို ကလေးနှစ်ယောက်နဲ့ အတူ ပြောင်းလာ ခဲ့ပါတယ်။ သမီးအကြီးမလေး အန်နီဆာနဲ့ သားအငယ်လေး အန်းတို့ အတူ ရွာကိုရောက်လာကြပြီး အိမ်တစ်လုံးကို ငှားရမ်း နေထိုင် ကြပါတယ်။ စာသင်နှစ်ဝက်ချိန်မို့ ကျောင်းဆက်မတက်ရသေးတဲ့ အန်နီဆာအနေနဲ့ အိမ်မှာ အော်တစ်ဇင်ဖြစ်နေတဲ့ မောင်လေး အန်းကို ဝိုင်းဝန်းထိန်းကျောင်း ရပါတယ်။ ရာဟာယုဟာ အိမ်ရဲ့ စီးပွားရေးကို ပါတိတ်ဒီဇိုင်းတွေ ဆွဲပြီး နေ့တိုင်းအိမ်မှာပဲ အလုပ်လုပ်ရတဲ့အတွက် သူ့ကလေးတွေကို ဂရုတစိုက် မရှိလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ အန်းဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဒီအခါမှာမှ…သူတို့မိသားစု မသိထားတဲ့ ဒီရွာလေးရဲ့ နောက်ကြောင်း ရာဇဝင်တွေ အဖြစ်ဆိုးတွေကို ကြားသိလိုက်ရတဲ့ အချိန်မှာတော့…။ အန်နီဆာတစ်ယောက် ချစ်ရတဲ့ မောင်လေးအန်းကို ပြန်တွေ့နိုင်ပါ့မလား။ သူတို့မိသားစုအတွက် ဘယ်လိုဂြိုလ်ဆိုးတွေ ဝင်ဦးမှာလဲ..။ သူတို့ငှားနေတဲ့ အိမ်မှာလည်း ဘာရာဇဝင်တွေ ရှိနေလဲ ဆိုတာတော့
...

The Assassin Next Door (2009) ⭐TMDB: 55% User Score 🎬 #Action #Drama #Thriller 🗓 2009 🎞 movie 🌎 #France #UnitedStatesofAmerica #Israel ⏰ 1 နာရီ 48 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။ သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။ အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမက သူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။ Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

The Day Shall Come (2019) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Comedy #Crime #Thriller 🗓 2019 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Day Shall Come(2019) IMDb….5.9.,,,,Rotten….76% ဒီတစ်ခေါက်တော့ Channel Myanmarပရိသတ်ကြီးအတွက် Comedy,Thriller ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က The Day Shall Come (2019) ပဲဖြစ်ပါတယ်။Imdb Rating 5.4/10 Rotten Tomatoes 75% တောင်ရရှိထားတဲ့ ဒီကားလေးကတော့ နိုင်ငံရေးကို သရော်တော်တော်ရိုက်ကူးထားတဲ့ ကားလေးလို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါတယ်။ရှာဘတ်ဆိုတာက အလာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်တဲ့ လူမည်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ လယ်သမားတစ်ယောက်လဲဖြစ်ပါတယ်။ လူဖြူအစိုးရကို ဖြုတ်ချပြီး တစ်နေ့မှာတော့လူမည်းတွေအုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ စစ်တပ်တစ်တပ်ကိုတည်ထောင်ထားပါတယ်။ စစ်တပ်ဆိုတာကလဲ သူ့ရဲ့အမျိုးလေးယောက်ရယ် သူရယ်ပါပဲ။သူကအဲလိုစည်းရုံးရေးတရားတွေပြောနေတာကို တစ်နေ့မှာတော့ FBI က မျက်စိကျကာ ရာထူးတိုးရေးအတွက် အကြမ်းဖက်သမားတံဆိပ်တပ်ကာအကွက်ချဖမ်းဆီးပါတော့တယ်။ သေနတ်တောင်မကိုင်တဲ့ ရှာဘတ်တို့တတွေ FBI ရဲ့လှည့်ကွက်တွေထဲမှာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Day Shall Come(2019)ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်
...

War Blade (2024) ⭐IMDB: 4.0/10 (226 Votes) 🎬 #Thriller #War 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director Nicholas Winter ရဲ့ 2024 စစ်ကားအသစ်လေးပါ။ အခြားစစ်ကားတွေလို စစ်တိုက်တာတွေ စစ်ပွဲအသုံးအဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့်မပြထားပဲ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ကြောင်းက ကျစ်ကျစ်လစ်လစ်လေးရှိပါတယ်။ ဇာတ်ကြောင်းကတော့ ဘန့်စ်‌ဆိုတဲ့အေးဂျင့်တစ်ယောက် နာဇီကတုတ်ကျင်းတစ်ခုကနေ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်ကို ကယ်တင်ရမယ့်တာ၀န်ပေးခံရတော့ သူဘယ်လိုကယ်တင်မလဲဆိုတာလေးပါပဲ။ ရိုးရိုးလေးပေမယ့် ဇာတ်ကောင်တွေက ပြန့်ကားမနေပဲ စစ်ကားကြိုက်တဲ့သူတွေရော စစ်တိုက်နေတာချည်းပဲ မကြည့်ချင်တဲ့သူတွေရောအတွက်ရော အပျင်းပြေကြည့်ပျော်ပါတယ်။
...

The Vigilante (2023) ⭐IMDB: 4.7/10 (627 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Vigilante (2023) ဂျက်စီကာဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင် မရိန်းတပ်သူလေး ဖြစ်ပါတယ်။ သူ့မှာ ၁၃နှစ်အရွယ် ညီမလေးတစ်ယောက်ရှိပြီး အဲဒီညီမလေး နာမည်က အေမီပါ။ သူကတော့ အကသမလေးဖြစ်ချင်လို့ အကသင်တန်းတက်နေပါတယ်။ အဖေနဲ့အမေ မရှိတော့ပြီမို့ ညီမတစ်ခုအစ်မတစ်ခု နေနေကြပါတယ်။ ဂျက်စီကာ အာဖဂန်က ပြန်လာတဲ့နေ့မှာ အေမီဟာ ဂျက်စီကာ့ကို လေဆိပ်ကိုလာကြိုပါတယ်။ ကားကြီးတစ်စီးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ အေမီ့ကားကို ဖြတ်တိုက်ပြီး အဆိုပါကားပေါ်က ယောက်ျားတစ်ယောက်ဟာ အေမီ့ကို ခေါ်သွားပါတယ်။ အေမီ့ကိုခေါ်သွားတဲ့လူတွေကတော့ လူကုန်ကူးတဲ့ လိင်ကုန်သည်တွေဖြစ်ပြီး ၁၂နှစ် ၁၃နှစ်အရွယ်ကလေးတွေကို အဓိကထားပြီး ပါကင်ကြိုက်တဲ့ ဖောက်သည်တွေကို ရောင်းစားတာပါ။ ဒီရုပ်ရှင်မှာ ငရဲတွင်းထဲက အေမီနဲ့ တခြားကလေးတွေကို ဂျက်စီကာ ဘယ်လိုကယ်မလဲ စစ်ပြန်မလေးနဲ့ ကိုကိုလူကုန်ကူးသမားတို့ရဲ့ တိုက်ပွဲနဲ့အတူ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

Tuck Everlasting (2002) ⭐TMDB: 66% User Score 🎬 #Drama #Family #Fantasy #Romance 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာမ Natalie Babbit ရဲ့ Tuck Everlasting ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Tuck Family လို့ခေါ်တဲ့ မိသားစုလေးယောက်ဟာ မှော်ရေအိုင်ကလေးထဲကရေတွေကိုသောက်မိပြီး မသေမျိုးတွေဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုမသေမျိုးတွေဖြစ်သွားတဲ့အတွက်သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့သလို လူမြင်ကွင်းကနေပုန်းရှောင်ပြီးတောထဲမှာသာနေကြရပါတယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက် မင်းသမီးလေးဖြစ်တဲ့ Winifred ဆိုတဲ့ သူဌေးသမီးလေးဟာ အိမ်ကအရမ်းချုပ်ချယ်တဲ့အတွက် တောထဲထွက်ပြေးလာရင်း Tuck မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူ Jessie နဲ့တွေ့ဆုံကာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာဆက်လက်ရှု့စားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ vibe ကတော့ Twilight တို့ Snow-white တို့လို Romance vibe လေးဖြစ်တဲ့အတွက် Disney ကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်တဲ့ကားလေးပါပဲ။ IMDbမှာလည်း 6.6 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
...

A.R.M (2024) ⭐IMDB: 7.3/10 (7 k Votes) 🎬 #Action #Adventure #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A.R.M (2024) “အာဂျာယန်ရဲ့ ဒုတိယမြောက်ခိုးယူမှု”IMDb – 7.6/10 ဒီနေ့တော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုရသမျိုးစုံနဲ့ အိန္ဒိယရုပ်ရှင်တွေထွက်ရှိလာတဲ့နေ့တစ်နေ့ပါပဲ။အခုတဖန်တင်ဆက်ပေးမှာက အလန်းစား မလေယာလမ်းရုပ်ရှင်ကားကြီး။ ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကြယ်တစ်စင်းကြွေသတဲ့ကွယ်။ဘုရင်ကြီးက ဒီအကြောင်းကိုကြားလေတော့ကြယ်အကြွေကိုသိမ်းယူပြီး နာမည်ကြီးပန်းပဲဆရာကြီးဆီမှာမီးအိမ်တစ်လုံး သွန်းလုပ်စေခဲ့တာပေါ့။ ဒီမီးအိမ်လေးကြောင့် တိုင်းပြည်ဟာ ကြွယ်၀ချမ်းသာတယ်လို့တစ်ယောက်စကားတစ်ယောက်နား ပြောကြသတဲ့ကွယ်။ တစ်နေ့ ဘုရင်ကြီးမှာ ဒုက္ခကြုံလာရတော့ ကြယ်ကြွေခဲ့တဲ့ရွာက သူရဲကောင်းကြီးတစ်ဦး ဖြေရှင်းပေးခဲ့ပါလေရော။ဒီလိုနဲ့ ဘုရင်ကြီးက လိုရာဆုလာဘ်တောင်းစေတဲ့အခါ မီးအိမ်ကိုပဲ သူတို့ရွာမှာ ပြန်လည်ထိမ်းသိမ်းထားချင်ပါတယ်လို့ဆိုသတဲ့ကွယ်။ ဒါက သူရဲကောင်းကြီးရဲ့ဇာတ်လမ်း။ ဒီရုပ်ရှင်ကတော့ အာဂျာယန်ရဲ့ဇာတ်လမ်း။ တစ်ရွာလုံးကိုဒုက္ခပေးတဲ့ ဘဲလ်သံတချွင်ချွင်နဲ့ သူခိုးကြီးရဲ့ မြေးဖြစ်သူပေါ့။အဘိုးဖြစ်သူသမိုင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ဒီကောင်လေး ဘယ်လိုဖြစ်လာမလဲ၊သူ့ကိုအနိုင်ကျင့်လှောင်ပြောင်တဲ့ တစ်ရွာလုံးကိုသူ ဘယ်လိုတုံ့ပြန်မှာလဲ။ ခံစားကြည့်ရှုပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Royal Bake Off (2023) ⭐IMDB: 5.4/10 (123 Votes) 🎬 #Comedy #Family #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားဟာ အချစ်၊ ပြိုင်ဆိုင်မှု့တွေနဲ့ မုန့်ဖုတ်ခြင်းအနုပညာတို့ ပေါင်းစပ်ဖော်ပြထားတဲ့ ရိုမန့်စ်ဟာသကားတစ်ကားဖြစ်ပါတယ်။ Ellie ကတော့ မင်းသားရဲ့အစ်ကို နန်းတက်ပွဲအခမ်းအနားအတွက် ကိတ်မုန့်ပြိုင်ပွဲမှာ ပါဝင်ဖို့အဖိတ်ခေါ်ခံရရာကနေမှ မင်းသားနဲ့ အချစ်ဇာတ်လမ်းလေးစတင်လိုက်တယ်။ ပြိုင်ဆိုင်မှုတွေကနေမှ ချစ်ခြင်းမေတ္တာသို့ ခြေလှမ်းတွေစတင်ပြောင်းလဲသွားပြီး စတင်ချစ်မိရာကနေမှ ဘဝရဲ့ အဓိပ္ပာယ်အချို့ကို မုန့်ဖုတ်ခြင်းကနေလည်းသင်ပေးနိုင်တယ်ဆိုတာကို ရှာဖွေသိရှိသွားကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် family movie တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။ ဒါရိုက်တာ Mark Lawrence နဲ့ စာရေးသူ Hannah Taylor တို့က ဒီဇာတ်လမ်းကို ဟာသနဲ့ အချစ်ကိုရောပြီးဇာတ်လမ်းတစ်လျှောက် လှပစွာ ဖော်ပြထားပါတယ်
...

How to Lose a Guy in 10 Days (2003) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How to Lose a Guy in 10 Days (2003) ~ IMDb – 6.5/10, Rotten Tomatoes – 42% ~ Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ကြည့်ကိုကြည့်သင့်တယ်လို့ ပြောရမှာပါပဲ။ Kate Hudson ရဲ့အလှတွေကိုလည်း ပြန်လည်ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်တယ်။ ဇာတ်လမ်းနောက်ခံကတော့ ကြော်ငြာလောကနဲ့ မဂ္ဂဇင်းလောကပေါ့။ မင်းသားက ကြော်ငြာသမား၊ မင်းသမီးက အမျိုးသမီးမဂ္ဂဇင်းက ဆောင်းပါးရှင်။ မင်းသမီးက How to ဆောင်းပါးတွေကို ကိုင်ထားတဲ့သူ။ How to ဆောင်းပါးဆိုတာက How to Flirt with Your Crush (ခွက်ရှ်နဲ့အီနည်း) How to Clean a Toilet the Right Way (နည်းမှန်လမ်းမှန် အိမ်သာတိုက်နည်း) တို့လို နည်းပေးလမ်းပြဆောင်းပါးတွေပေါ့။ ဒီတစ်ခါ မင်းသမီးလက်တွေ့ကွင်းဆင်းပြီး ရေးဖို့ ရွေးလိုက်တဲ့ဆောင်းပါးက How to Lose a Guy in 10 Days (၁၀ရက်အတွင်း ဘဲဖြတ်နည်း) ဒီတော့ မင်းသမီးက မရှိတဲ့ဘဲကို အရင်မဖြတ်ခင် ဘဲအရင်ရဖို့ ပါတီတစ်ခုမှာဖန်တယ်။ အဲဒီပါတီမှာရှိနေတဲ့ မင်းသားက သူလိုချင်တဲ့ ကြော်ငြာရဖို့ သူ့အလုပ်ရှင်နဲ့သူ့ပြိုင်ဘက်တွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။ သူက ဘယ်မိန်းမကိုမဆို သူ့ကိုချစ်လာအောင် လုပ်နိုင်တယ်အာချောင်ထားတာ။ နောက်၁၀ရက်နေ သူတို့အလုပ်ကလုပ်မယ့် ကြော်ငြာပွဲရှိတယ်။ အဲဒီမတိုင်ခင် သူက မိန်းမတစ်ယောက်က သူ့ကိုချစ်မိသွားအောင်လုပ်ရမှာ။ ဒီတော့ ၁၀ရက်အတွင်း ဘဲဖြတ်ဖို့ ဘဲအရင်ရှာနေတဲ့မင်းသမီးနဲ့ ၁၀ရက်အတွင်း မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့လုပ်မယ့်မင်းသားနဲ့ အဲဒီပါတီမှာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်လုပ်လိုက်ကြတယ်။ ပြီးတော့ သူတို့တွဲဖြစ်သွားတယ်။ How to Lose a Guy in 10 Days ဟာ ၁၀ရက်ဆိုတဲ့ အချိန်အတွင်း တစ်ယောက်ကချစ်လာအောင်၊ တစ်ယောက်ကစိတ်ကုန်အောင် အပြိုင်အဆိုင်လုပ်ကြတဲ့အကြောင်းကို ဟာသတွေအပြည့်နဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်ဟာသအရသာဟောင်းကို အပြည့်အဝရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ခေတ်ကြီးနဲ့ ခဏလောက်ဖြစ်ဖြစ် ကတ္တားခြားသွားအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Man and Witch: The Dance of a Thousand Steps (2024) ⭐IMDB: 5.6/10 (241 Votes) 🎬 #Adventure #Fantasy #Comedy #Family 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းလေးကတော့ အရွယ်လွန်နေတဲ့ ဆိတ်ကျောင်းသားကြီး တစ်ယောက်ဟာ ငယ်ငယ်က မှော်ဆရာကြီးတိုက်ခဲ့တဲ့ကျိန်စာကြောင့် စော်မရနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီကျိန်စာကိုပယ်ဖျက်ဖို့အတွက် တောထဲကစုန်းမတစ်ယောက်ဆီမှာအကူညီသွားတောင်းပါတော့တယ်။ တစ်ဖက်မှာလည်း သူ့နိုင်ငံက မှော်ဆရာကြီးတိုက်ခဲ့တဲ့ကျိန်စာကြောင့် ဘီလူးကပ်ဆိုက်နေပါတယ်။ ဒါကြောင့်ဘုရင်ကြီးက ဘီလူးကြီးကိုနှိမ်နင်းနိုင်တဲ့မင်းသားတွေကို သူ့သမီးနဲ့လက်ထပ်ပေးမယ်လို့ကြေငြာခဲ့ပေမဲ့ ဘယ်သူကမှဘီလူးတွေကိုမနှိမ်နင်းနိုင်တာကြောင့် မင်းသမီးလေးလည်း ယောက်ျားမရဘဲရှိနေပါတယ်။ ဆိတ်ကျောင်းသားဟာလည်း စုန်းမခိုင်းတဲ့အလုပ် သုံးခုကို ဆယ့်သုံးလအတွင်း အောင်မြင်တဲ့အခါမှသာ သူ့ကျိန်စာပျက်နိုင်မယ်ဆိုတဲ့အတွက် မိန်းမရရေး အလုပ်သုံးခုကိုလုပ်ပါတော့တယ်။ ဆိုတော့ ဒီအလုပ်သုံးခုက ဘာဖြစ်မလဲ ဘယ်လိုမျိုး အခက်ခဲတွေကြုံရမလဲဆိုတာကို အလွဲတွေနဲ့ ခွီနေရမယ့် Fantasy ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Lord Of The Ring vibe မျိုး Narnia vibe မျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Eight Crazy Nights (2002) ⭐TMDB: 52% User Score 🎬 #Animation #Comedy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်‌ေဖြာင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။
...

Canary Black (2024) ⭐TMDB: 63% User Score 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amazon Prime ကနေထုတ်လွှင့်တဲ့ အက်ရှင်ကားအသစ် ဖြစ်ပါတယ် အစိုးရအေးဂျင့်အဖြစ် လျှို့ဝှက်လုပ်ကိုင်နေတဲ့ အေဗရီဂရေဗ့်ဟာ သူ့ရဲ့ personal life မှာတော့ မိသားစုမရှိပေမယ့် ချစ်ရတဲ့ ယောက်ျားနဲ့ အိမ်ထောင်သက် ၂ နှစ်ပြည့်သွားတဲ့ သာမန်အိမ်ထောင်ရှင်မလေးတစ်ယောက်ပါပဲ … တစ်နေ့မှာတော့ သူ့ယောက်ျားကိုပြန်ပေးဆွဲသွားပြီး ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ နိုင်ငံတွေရဲ့ စတော့ဈေးကွက် စီးပွားရေး တစ်ခုလုံးကို ဖျက်စီးပစ်နိုင်နဲ့ အနက်ရောင်ကနေရီလို့ခေါ်တဲ့ ဖိုင်လ်တစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ လူတစ်စုက အကြပ်ကိုင်လာပါတယ်…ဒီအရာကိုရဖို့အတွက် သူ့ရဲ့အေဂျင်စီကိုပါ သစ္စာဖောက်ခဲ့ရပြီး… အစိုးရတွေ လူဆိုးဂိုဏ်းတွေရဲ့ လိုက်လံဖမ်းဆီးမှုတွေကို ရှောင်တိမ်းရင်း ယောက်ျားဖြစ်သူနဲ့ ကမ္ဘာကြီးကို အလဲအလှယ်လုပ်မယ့် ထိပ်တန်းအေးဂျင့် အေဗရီဂရေဗ့်ရဲ့ စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်… (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)
...

The Buckingham Murders (2023) ⭐IMDB: 6.2/10 (9 k Votes) 🎬 #Bollywood #Crime #Drama #Thriller #Uncategorized #Mystery 🗓 2023 🎞 movie 🌎 #India #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Buckingham Murders ( 2024 )ဘက်ကင်ဟမ်လူသတ်သမားများ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတွေအကြိုက်တွေ့မယ့်လျှို့ဝှက်သည်းဖိုစုံထောက်ကားပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးကြီးကရီးနာကပူးရ်ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.1 ရရှိထားတာဆိုတော့အထွေအထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးဗျာ။ ဇာတ်လမ်းကို ဂျက်စ်မိဘမ်ရာလို့အမည်ရတဲ့ စုံထောက်တစ်ဦးပေါ်အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဂျက်စ်ဟာ လတ်တလောတင်မှ ကလေးဆုံးရှုံးထားတဲ့မိခင်တစ်ဦးဖြစ်ပြီးတခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့မှပဲ ၁၀ နှစ်သားကောင်လေးတစ်ဦးပျောက်ဆုံးတဲ့အမှုနဲ့တည့်တည့်တိုးပါတော့တယ်။ သူက ဒီအမှုကိုလိုက်ရင်း သူ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုပြန်လည်သတိရတာကြောင့် သူ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့နေပါတယ်။ဒါကြောင့် သူ့အတွက် ဒီအမှုကို အောင်မြင်စွာဖြေရှင်းနိုင်ပါ့မလား။ပျောက်ဆုံးနေတဲ့ကောင်လေးကိုရော အသက်ရှင်လျက်ရှာတွေ့နိုင်ပါ့မလားဆိုတာကိုဇာတ်ကွက်အရမ်းနိုင်တဲ့ ဒါရိုက်တာ Hensal Mehta ရဲ့လက်ရာကိုကြည့်ရှုခံစားရင်းရင်ခုန်စွာကြည့်ရှုခံစားပေးပါဦးဗျာ။ ဒီဇာတ်ကားဟာ သရုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် အထူးချီးကျူးမှုတွေရရှိထားတာဖြစ်ပြီးသားသမီးဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ဒဏ်ရာ ၊ နောင်တတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့အတွေ့အကြုံတို့ကိုပါစုံလင်စွာရိုက်ကူးထားတာဖြစ်လို့ အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ ( ဘာသာပြန်နဲ့အညွှန်းကိုတော့ V, Yunni , Tomo, Alex နဲ့ LinnLunn တို့မှရေးသားထားတာဖြစ်ပါတယ်
...

Vettaiyan (2024) ⭐IMDB: 7.5/10 (36 k Votes) 🎬 #Action #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 41 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vettaiyan (2024)”မုဆိုး”=================== တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့..Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်းအားဖြည့်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။ အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကိုတရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။ နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်းအချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့်ပရိသတ်တွေအတွက် CM Bollywood Team ကနေညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

The Braid (2023) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #France #Canada #Italy #Belgium ⏰ 2 နာရီ 1 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။)
...

Heartless (2024) ⭐TMDB: 66% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #Brazil #France #Italy ⏰ 1 နာရီ 36 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heartless (2024) Original title: Sem Coração IMDb Rating (6.6) ဒီဘရာဇီးဇာတ်လမ်းလေးက 1996 ခုနှစ်နွေရာသီ အရှေ့မြောက်ပိုင်း ဘရာဇီးကမ်းခြေက လူငယ်ကလေးတွေဘဝအကြောင်းကို ရိုက်ကူးထားတဲ့ coming-of-age ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ ဇာတ်ကောင်ကတော့ ငါးဖမ်းပြီးအသက်မွေးတဲ့ ရွာငယ်လေးကနေ Braśilia မြို မှာ ကောလိပ်တက်ဖို ပြောင်းရတော့မဲ့ Tamara ဆိုတဲ့ မိန်းမငယ်လေးပါ။ သူမြိုကိုမတက်ခင် အချိန်အတွင်းမှာ ရင်ဘတ်က အမာရွတ်ကြောင့် “နှလုံးသားမဲ့” လိုခေါ်တဲ့ ဆန်းကြယ်တဲ့မိန်းကလေးတစ်ယောက်အပေါ်ကို စိတ်ဝင်စားလာခဲ့တယ်။ Tamara နဲ့ နှလုံးသားမဲ့တို အချိန်အတူတူ ကုန်ဆုံးဖြစ်ရာက Tarama ရဲ့ နှလုံးသားမဲ့အပေါ် စိတ်ခံစားချက်တွေတိုးပွားလာပြီး ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ အရေးကြီးတဲ့အပြောင်းအလဲအချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် နားလည်လာမှုတွေကို ပုံပေါ်လာအောင်ရိုက်ကူးထားတဲ့ လူငယ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Fuld af kærlighed (2024) ⭐IMDB: 7.0/10 (186 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Denmark ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fuld af kærlighed (2024)————IMDb – 7/10 သာမန်အလယ်တန်းအဆင့်မိသားစုလေးတစ်စု အပေါ်ယံ သူများအမြင်မှာ ပျော်နေကြပေမယ့် အဖေဖြစ်သူက အရက်စွဲနေတဲ့အခါမှာ…. အရက်စွဲနေတဲ့အဖေဖြစ်သူကြောင့် သူတစ်ယောက်တည်းပဲ မဟုတ်ပဲ မိသားစုမှာပဲဘယ်လို စိတ်ဒဏ်ရာတွေရနေလဲဆိုတာ စိတ်ကျန်းမာရေးက မိသားစုဆက်ဆံရေးမှာဘယ်လောက်အရေးပါလဲ ဆိုတာ သေချာပြပေးတဲ့ Denmark ရုပ်ရှင်တစ်ကားပါ။ ကျွန်မတို့တွေ စိတ်ကျန်းမာရေးအကြောင်းပြောတဲ့အခါ မိသားစုကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေကိုပြောဖို့ ထုတ်ပြဖို့ ခဲယဥ်းတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်ကစိတ်ဒဏ်ရာဖြစ်မှန်းမသိဖြစ်နေတာမျိုးတောင်ရှိပါတယ်။ စိတ်ကျန်းမာရေးဆိုတာ ပေါပေါ့တန်တန် စဥ်းစားသင့်တဲ့အရာမျိုးမဟုတ်တာမို့စိတ်နေမကောင်းတော့ဘူးထင်ရင် ချက်ချင်း သက်ဆိုင်ရာအကူအညီရယူသင့်ပါတယ်။ဒီကားထဲမှာလည်း ဖြစ်နေတဲ့ ပြဿနာတွေကို လျှစ်လှူရှူနေသရွေ့ မဖြေရှင်းရာကနေကိုယ်တင်မက ကိုယ့်မိသားစုပါထိခိုက်လာတာကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားပါတယ်။ ဒီထဲမှာ အရက်စွဲနေတဲ့ အဖေ့ကြောင့် မိသားစုလေးမသာယာဖြစ်နေရာကနေ အဖေ့ကိုအရက်ဖြတ်ဖို့ကြိုးစားရင်းကနေ သူတို့ မိသားစုလေးပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေကြတာကြည်နူးဖို့ကောင်းပြီး စိတ်ကျန်းမာရေးအတွက်လည်း အများကြီးဗဟုသုတရတဲ့ ရုပ်ရှင်လေးမို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။
...

The Lobster (2015) ⭐IMDB: 7.1/10 (310 k Votes) 🎬 #Drama #Romance #SciFi #Thriller #Comedy 🗓 2015 🎞 movie 🌎 #France #Greece #Ireland #Netherlands #UnitedKingdom #UnitedStates #Belgium ⏰ 1 နာရီ 55 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lobster (2015) IMDb Rating (7.1) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားက အတော်ကိုထူးဆန်းတဲ့ရုပ်ရှင်ကားပါပဲ။ အနာဂတ်က ကာလတခုမှာပေါ့… ဘဲမရှိ၊စော်မရှိ လက်တွဲဖော်မရှိတဲ့ FAလေးတွေဟာမြို့တော်ရဲ့ ဉပဒေအရ Hotel ဆိုတဲ့နေရာကိုအပို့ခံကြရပါတယ် ၄၅ရက်အတွင်း ကြင်ဖက်ကိုရှာဖို့ပါ… အဲ့လိုလုပ်ပေးတာတောင်မှ မစွံခဲ့ရင်တော့တိရစ္ဆာန်အဖြစ်အပြောင်းခံရပြီး တောထဲကိုနှင်ထုတ်ခံရမှာပဲဖြစ်ပါတယ် ပြီးတော့ Hotelမှာစည်းကမ်းတစ်ခုရှိပါတယ် လုံးဝလက်သုံးပြီး အာသာဖြေလို့မရပါဘူး Maidရဲ့ ယုယမှုလောက်ကိုပဲ ယောကျာ်းလေးတွေ အနေနဲ့ဖြေသိမ့်ရပါတယ် …without orgasm ပါ။ ခွေးဖြစ်နေတဲ့သူ့အစ်ကိုနဲ့ ဒေးဗစ်တို့Hotelကိုရောက်သွားတဲ့အခါမှာတော့…။ Dark Comedy ဆန်ဆန် အထူးအဆန်းဇာတ်လမ်းဆိုပေမယ့် ဒီကားရဲ့ရရှိထားတဲ့အောင်မြင်မှုတွေကတော့ (Nominated for 1 Oscar. Another 33 wins & 72 nominations)တို့ပဲဖြစ်ပါတယ် မင်းသားမင်းသမီးတွေကလဲ ဒိတ်ဒိတ်ကြဲတွေပါပဲ… Colin Farrell , Rachel Weisz , Léa Seydoux တို့လိုနာမည်ကြီးတွေနဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
...

A Simple Favor (2018) ⭐IMDB: 6.8/10 (171 k Votes) 🎬 #Comedy #Crime #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Simple Favor (2018) IMDb Rating (6.8) / Rotten Tomatoes (88%) ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ရုပ်ရှင်ကားလေးပါဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်ပေမယ့် တစ်ကားလုံး Twist တွေ Turn တွေအပြည့်နဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ် ဇာတ်လမ်းအကျဉ်းကတော့..စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူဖြစ်ပါတယ်။အမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစ ခေတ်ရှေ့ပြေးသလောက်သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူစရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ် တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီးအမ်မလီတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှမထင်မှတ်တာတွေ တခုပြီးတခုထွက်ပေါ်လာတဲ့အခါမှာတော့…။ ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က မင်းသားချော Henry Golding လည်းပါဝင်အားဖြည့်ထားပါတယ်။
...