es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Under the Skin (2013) ⭐IMDB: 6.3/10 (163 k Votes) 🎬 #Adult #Fantasy #SciFi #Thriller #ScienceFiction #Drama #Horror #Mystery 🗓 2013 🎞 movie 🌎 #Switzerland #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Under the Skin (2013) IMDb Rating (6.3) / Rotten Tomatoes (83 %) Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။ ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။ (ရုပ်ရှင်အညွှန်းကို Ko Aung Tun Tun FB မှကူးယူဖော်ပြပါသည်။) စကားလက်ဂျိုရဲ့ ဝတ်လစ်စလစ်ခန်းတွေ Body Horror ခန်းတွေကြောင့်R-Rated ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။
...

Simmba (2018) ⭐IMDB: 5.5/10 (23 k Votes) 🎬 #Action #Bollywood #Crime #Drama #Uncategorized #Comedy 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက်နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ် ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေးဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေမျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲ နောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့ ============================================= ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်သူကောင်းစားရေး “ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ” ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊ သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ် အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ်ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ် အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ဒုက္ခပေးလာတဲ့အခါဂိုအာမြို့ရဲ့ ထိပ်တန်း ရာဇဝတ်ကောင် ဒူရ်ဝါး ရာနာဒေးနဲ့ ထိပ်တိုက်တွေ့ကြလေသော အခါ (Littleneo နဲ့  Zaw Htoo ဘာသာပြန်တင်ဆက်ပေးထားပါတယ်)
...

Aiden (2024) ⭐IMDB: 2.8/10 (99 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 14 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ခဲ့တဲ့ အေဒန်ဟာ မိမိရဲ့လွတ်လပ်မှုနဲ့ ခံစားချက်တွေကို ပြန်လည်ရှာဖွေဖို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကို လာရောက်တိုင်ပင် ဆွေးနွေးခဲ့တယ်။ ဆရာဝန် အကြံပေးတဲ့ စိတ်ကျန်းမာရေးကုသမှု ပရိုဂရမ် ကတော့ ရှင်းပါတယ်။ တောရွာအိမ်ငယ်လေးတစ်လုံးမှာ တစ်ပတ်လောက် ထမင်းမစား၊ ဘယ်သူနဲ့မှ စကားမပြောဘဲ ကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ရှာဖို့ပါ။ ဒါပေမဲ့ ဒီပရိုဂရမ်အတိုင်း လိုက်နေစဉ်မှာပဲ အေဒန်ဟာ အိပ်မက်လား လက်တွေ့လား ဝေခွဲမရတဲ့ ဖြစ်ရပ်တွေ ကြုံလာခဲ့ပြီး ထူးဆန်းတဲ့အရာတွေ တစ်ခုခုပြီး ဖြစ်လာခဲ့တဲ့ အခါမှာ အကြမ်းဖက်ခံခဲ့ရတဲ့ အေဒန်ရဲ့စိတ်ကပဲ သံသယ လွန်ကဲနေတာလား ဒါမှမဟုတ် အိမ်အပြင်မှာ တကယ်ပဲ တစ်ခုခုရှိနေသလား…. ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...

Kanguva (2024) ⭐IMDB: 4.6/10 (14 k Votes) 🎬 #Action #Bollywood #Drama #Thriller #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kanguva (2024) “ကံကြမ္မာပဟေဠိ” (WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ထပ်မံUpdateပေးထားပါတယ်) IMDb – 5.3/10 ၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီးမင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကိုစောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီးသူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။ တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင်အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီးပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်)
...

My Fatal Social Following (2024) ⭐IMDB: 3.6/10 (72 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နီနာဆိုတဲ့ သူ့ရဲ့bffကို ဗဟိုပြုပြီးလည်ပတ်နေတဲ့ ဂျူလီယာရဲ့ ဘဝလေးဟာ နီနာရုတ်တရက် ပျောက်ဆုံးသွားတဲ့ညမှာပဲ အတူပျောက်ဆုံးသွားခဲ့တာပေါ့။ လူတွေသိထားကြတာတော့ နီနာနဲ့ဂျူလီယာတို့နှစ်ယောက် ကပွဲကနေ တောထဲကိုအတူသွားတယ်ဆိုတာရယ်၊ နီနာကတော့ပျောက်သွားပြီး ဂျူလီယာကတော့ တောထဲကနေ ပြန်ရောက်လာပြီး အဲဒီညကအဖြစ်အပျက်တွေကို မေ့လျော့ နေတယ်ဆိုတာပဲ သိထားကြလေတော့ နီနာကိုသတ်တာ ဂျူလီယာလို့ပဲ အားလုံးကထင်နေကြတာပေါ့။ တစ်ဖက်က တစ်ယောက်တည်းသောအချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရ တစ်ဖက်က လူတွေအားလုံးရဲ့ လူသတ်သမားဆိုတဲ့ တံဆိပ်တပ်တာခံရတဲ့ဂျူးစ်တစ်‌ယောက် ကျောင်းတစ်နှစ်နားရပြီး စိတ်ကျန်းမာရေးဆွေးနွေးကုသမှုပါ ခံယူရတဲ့အထိ ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ ကျောင်းပြန်တက်ရချိန်မှာ ဂျူးစ်တစ်ယောက် နီနာပျောက်သွားတဲ့ညက မှတ်ဉာဏ်ကို ပြန်ရှာဖို့ကြိုးစားရင်း နီနာပျောက်သွားတဲ့ညနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို စုံစမ်းဖို့ ကြိုးစားရာကနေ The Family ဆိုတဲ့ အဖွဲ့ဆီက ထူးဆန်းတဲ့ စာတွေရောက်လာပြီး ဒီအဖွဲ့နဲ့ ပတ်သက်မိချိန်မှာတော့
...

The Grey (2011) ⭐IMDB: 6.7/10 (267 k Votes) 🎬 #Action #Adventure #Drama #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Grey (2011) IMDb Rating (6.7) / Rotten Tomatoes (80 %) မင်းသားကြီး Liam Neeson ရဲ့  Action,Adventure,Thriller ရုပ်ရှင်ကားကြီးပါ။ ရေနံလုပ်သားတွေကို တင်ဆောင်လာတဲ့ လေယာဉ်ကြီးဟာ အလက်စကာတောထဲပျက်ကျပြီးနောက် သေကံမရောက်သက်မပျောက်ရှင်သန်ကြတဲ့လူတွေရှိပေမယ့် နှင်းမုန်တိုင်းတွေနဲ့ ဝံပုလွေတွေ အသင့်စောင့်ကြိုနေတဲ့ ဒီတောကြီးထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ အသည်းတယားယား အေးစိမ့်နေအောင်ကြည့်ကြရမှာပါ။
...

Memento (2000) ⭐TMDB: 82% User Score 🎬 #Mystery #Thriller 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Memento (2000) IMDb Rating (8.4) / Rotten Tomatoes (94 %) သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း……….မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ………………….ရိုင်းစိုင်းမှုတွေ……………အသနားခံမှုတွေ………။ သေချာသွားပြီ………သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ “John G. raped and murdered my wife.” Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ရခဲ့ပါတယ်။ အဲ့ဒီကားက Memento ပါပဲ။ Memento ဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Leonard Shelby ဟာ Anterograde amnesia လို့ဆိုတဲ့ ရောဂါကိုခံစားနေရပါတယ်။ သူဟာ မှတ်ဉာဏ်အသစ်တွေကို ဖန်တီးနိင်စွမ်းမရှိပါဘူး။ သူဟာ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စားသောက်ပြီး ခဏနေရင် သူဒီဆိုင်ကိုဘယ်လိုရောက်လာလဲ သိတော့မှာမဟုတ်ဘူး။ တစ်ခါတစ်လေ ညတစ်ရေးနိုးလာရင် အချိန်၊ နေရာ တွေကိုတစ်ခဏမေ့ပျောက်သွားပြီး စဉ်းစားလို့မရနိုင်တာမျိုး တော်တော်များများဖြစ်ဖူးလိမ့်မယ်။ ငါဘယ်လိုလုပ် ဒီအိပ်ရာပေါ်ရောက်လာသလဲပေါ့။ Leonard အတွက်တော့ အချိန်အပိုင်းအခြားတိုင်းက အဲသလိုပဲ ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူဟာ ကင်မရာတစ်လုံး၊ ဘောပင်၊ စာရွက်အလွတ်တွေကိုအမြဲဆောင်ထားရတယ်။ သူ့ရဲ့ မော်တော်ကား၊ သူတည်းတဲ့နေရာ၊ သူ့မိတ်ဆွေသစ်တွေကို ဓာတ်ပုံရိုက်ပြီး အမြဲမှတ်ထားရတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေကိုတော့ သူ့ကိုယ်ပေါ်မှာ tattoo ရေးထိုးထားလိုက်တော့တယ်။ Christopher Nolan နဲ့ ညီဖြစ်သူ Jonathan Nolan တို့ကားတစ်စီးနဲ့ခရီးအတူထွက်ဖြစ်ခဲ့ရာမှာ Jonathan ကသူစိတ်ကူးထားတဲ့ ဒီဇာတ်လမ်းကို Christopher ကိုပြောပြခဲ့တယ်။ Christopher ကအရမ်းစိတ်ဝင်စားသွားပြီး ညီဖြစ်သူကို ဝတ္ထုအဖြစ် အပြီးသတ်ရေးဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ Jonathan က ဝတ္ထုတိုအဖြစ်ကြိုးစားရေးသားခဲ့ပြီး ရေးပြီးသမျှကိုလည်း အစ်ကိုဖြစ်သူဆီ မပြတ်ပို့ပေးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Christopher ကသူ့ညီပို့ပေးသမျှကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲနေခဲ့တယ်။ Jonathan က Memento mori ဆိုတဲ့ဝတ္ထုတိုကိုအဆုံးသတ်ပြီးချိန်မှာ Christopher ကလည်း Memento ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုအပြီးသတ်နိုင်ခဲ့ပါတယ်။ Leonard အဖြစ် Guy Pearce သရုပ်ဆောင်ပြီး The matrix မှာအတူတွဲသရုပ်ဆောင်ဖူးခဲ့ကြတဲ့ Carrie-anne Moss နဲ့ Joe Pantoliano တို့လည်းပါဝင်ပါတယ်။ အစက lead actor အဖြစ် Brad Pitt, Aaron Eckhart တို့ကိုစဉ်းစားခဲ့သေးပေမယ့် ဒီဇာတ်လမ်းအတွက်စိတ်အားထက်သန်လွန်းနေခဲ့တဲ့ Guy Pearce ကို Christopher Nolan ကရွေးလိုက်တာပါ။ ဝတ္ထုနဲ့ဇာတ်ညွှန်း ကွာခြားမှုလေးတွေတော့ရှိပါတယ်။ ဒီ Memento ဇာတ်ကားက မိတ်ဆွေတို့ကြည့်ဖူးသမျှဇာတ်ကားတွေနဲ့ ကွဲနေပါလိမ့်မယ်။ ဒီကားမှာ ပထမဆုံးအခန်းဟာ ဇာတ်သိမ်းခန်းဖြစ်ပါတယ်။ နောက်ဆုံးခန်းကတော့ ပထမဆုံးအခန်းဖြစ်ပါတယ်။ ဒီလို Reverse timeline နဲ့တင်ဆက်တာက Christopher ရဲ့ Idea ဖြစ်ပါတယ်။ Timeline ကိုမဖော်ပြဘဲ ဟိုတစ်ခန်း ဒီတစ်ခန်းပြတဲ့ ဇာတ်ကားတွေကြည့်ဖူးပါတယ်။ ဒါပေမယ့် ဒီလို နောက်ကနေရှေ့ကိုပြန်သွားတဲ့ ကားတော့ ဒီတစ်ကားသာကြည့်ဖူးတယ်။ နောက်ပြန်ကြည့်ရတာ ကျွန်တော်တို့ကို ဦးနှောက်ခြောက်စေဖို့မလုံလောက်သေးဘူးလို့ Christopher ကယူဆသလားမသိ။ နောက်ထပ် Time sequence မဖော်ပြထားတဲ့ အခန်းစဉ်တစ်ခုကို တစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းမှာ Black & white colour နဲ့ ကြားဖြတ်ပြထားပါသေးတယ်။ Black & white အခန်းတွေကျတော့ chronological order အတိုင်းပြန်ဖြစ်သွားပါတယ်။ ကျွန်တော်တော့ ပထမတစ်ခေါက်ကြည့်တုန်းက တော်တော်လေးကို မူးနောက်သွားတယ်။ ဒုတိယတစ်ခေါက်ကြည့်တော့မှ နားလည်သွားတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားကို non-linear presentation လို့ပြောရင်မလုံလောက်သေးဘူး။ Extreme non-linear လို့ပြောရလိမ့်မယ်။ ဒီလိုဆန်းသစ်လှပတဲ့ စိတ်ကူးစိတ်သန်းကြောင့် ဇာတ်ညွှန်းနဲ့ editing တို့က အော်စကာဆန်ခါတင်မှာ ထိုက်ထိုက်တန်တန်ပါခဲ့ပါတယ်။ Christopher Nolan ဆိုတဲ့နာမည်လည်း ထင်ရှားလာခဲ့ပြီး Imsomnia, The prestige, The dark knight trilogy, Inception စတဲ့ budget ကြီးတဲ့ blockerbusters/crowdpleasers ဇာတ်ကားတွေကို ဆက်တိုက်ရိုက်က...

Five Gold Rings (2024) ⭐IMDB: 6.2/10 (676 Votes) 🎬 #Comedy #Crime #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Five Gold Rings (2024) IMDb Rating (6.3) ဒီကားလေးကတော့ ခရစ်စမတ်အမီ ခရစ်စမတ် Theme ကားလေးပါ။ အော်ဒရေ ဆိုတဲ့ ပန်းချီဆရာမ မင်းသမီးလေးရဲ့ အဖွားဟာ ခရစ်စမတ်တိုင်းမှာ လူတွေရဲ့ ပျောက်နေတဲ့ ပစ္စည်းတွေကို ရှာပြီး ပြန်ပေးလေ့ရှိပါတယ်။ ခရစ်စမတ်တစ်နှစ်မှာတော့ သူ့ရဲ့ အဖွားဖြစ်သူက ဆုံးပါးသွားပြီ အော်ဒရေကို ပိုင်ရှင်ပြန်ပေးဖို့ ကွင်းငါးကွင်းနဲ့ သေတမ်းသာ ချန်ခဲ့ပါတယ်။ သူရဲ့ သူငယ်ချင်းဖြစ်တဲ့ အလွတ်စုံထောင် ဖင်န် နဲ့ အော်ဒရေတို့ ကွင်းငါးကွင်း ပိုင်ရှင်ကို ရှာပုံတော်ဖွင့်ရင်း ပိုင်ရှင်အပြင်တခြား ဘာတွေရောရှာတွေ့သွားမလဲဆိုတာကို ဒီခရစ်စမတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)
...

Christmas with a Kiss (2023) ⭐IMDB: 5.7/10 (740 Votes) 🎬 #Comedy #Drama #TVMovie #Romance 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas with a Kiss (2023) IMDb Rating (5.7) ကျရောက်လာတော့မဲ့ ခရစ္စမတ်အချိန်အခါသမယမှာ အေးအေးဆေးဆေးကြည့်ရှုလို့ရမဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ မိုနာစင်ကလဲဆိုတာ နယူးယော့ခ်မှာ အောင်မြင်နေတဲ့ အင်ဖလူရန်ဆာတစ်ယောက်။ ခရစ္စမတ်အတွက် သူတို့အိမ်မှာရိုးရာတစ်ခုရှိပါတယ်၊ အဘေးဖြစ်သူက စတင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီပွဲအတွက် အိမ်ပြန်လာဖို့ သူ့မိဘတွေကခေါ်တော့ မိုနာတစ်ယောက် မွေးရပ်မြေပြန်ဖို့ဖြစ်လာခဲ့တယ်။ မိုနာ့အကြောင်းပြောရရင် အသက် ၃၀ကျော်ပေမဲ့ ရည်းစားနဲ့မမြဲသေးတဲ့ အချစ်ရေးကံမကောင်းတဲ့သူပါ။ အောင်မြင်မှုနောက်ကိုလိုက်ပြီး တစ်ကိုယ်တည်းတောက်ပနိုင်ပေမဲ့ မွေးရပ်မြေကအဒေါ်ကြီးတွေက သူပြန်လာတိုင်း ခုထိရည်းစားမရှိသေးဘူးလား ယောကျာ်းကဘယ်တော့ယူမှာလဲဆိုပြီး နှုတ်ဆက်စကားတွေဆိုကြတော့ လက်တွဲဖော်ရှာဖို့စဉ်းစားလာရပါတယ်။ ဒီလိုနဲ့ မွေးရပ်မြေကိုရောက်တော့ အထက်တန်းတုန်းကပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး ပြန်အဆင်ပြေမလိုဖြစ်နေချိန် သူတို့မြို့ကို ဆောင်းပါးရေးမဲ့ သတင်းထောက်တစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်မှာ ခေတ္တတည်းခိုဖို့အကြောင်းဖန်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ဆက်လက်ခံစားလိုက်ပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်)
...

Killing Crabs (2023) ⭐TMDB: 53% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Netherlands #Spain ⏰ 1 နာရီ 43 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 4.9/10 Awards – 3wins & 2 Nominations အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Spainish ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Single mother တစ်ယောက်နဲ့ သူ့ရဲ့၁၄ နှစ်အရွယ်သမီးလေးနဲ့ ၈နှစ်အရွယ်သားလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် သူတို့က Tenerife ဆိုတဲ့ပင်လယ်ကမ်းခြေလေးမှာနေကြပါတယ် ဒီဇာတ်ကားလေးကတော့ ဟာသလေးတွေရော မိသားစုတွေမှာကြုံနေကြအခက်အခဲလေးတွေ အငြင်းပွှားမှုလေးတွေကို ရှုခင်းလှလှနဲ့ရိုက်ပြသွားတဲ့ကားလေးဖြစ်ပါတယ် နေ့စဥ်ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲ စပိန်လူမျိုးတွေရဲ့လူနေမှုဘဝနဲ့ သူတို့ရဲ့ယဥ်ကျေးမှုကိုလည်း သိနိုင်မယ့်ဇာတ်ကားလေးဖြစ်ပါတယ် အဓိကကတော့ ကိုယ့်ငယ်ဘဝကိုလည်း ပြန်လည်အောက်မိစေလို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အားပေးကြပါဦး
...

Orango (2024) ⭐TMDB: 70% User Score 🎬 #Drama #Documentary 🗓 2024 🎞 movie 🌎 #Germany ⏰ 1 နာရီ 34 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ် မင်းသား Staniel Ferreira နဲ့ ညီမဖြစ်သူ Staphanie Ferreira တို့အဓိက ပါဝင်သရုပ်ဆောင်ပြီးထားပြီးတော့ ဒါရိုက်တာ Samuel Kay Forrest က ရိုက်ကူးထားပါတယ် ဇာတ်လမ်းအကျဉ်း ဘာလင်က ဆေးသုတ်သမားလေးEny နဲ့ သူ့ညီမလေး Titika တို့ဟာ သူတို့အမေဆုံးပါးသွားတဲ့ အတွက် မိခင်မြေဖြစ်တဲ့ ဂီနီယာနိုင်ငံ ဘီဆူးကို ပြန်ဖို့ဖြစ်လာပါတော့တယ်။သူတို့ ဟာ ဂီနီယာနိုင်ငံ စစ်ပွဲထဲကနေလွတ်မြောက်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အနောက်အာဖရိက တစ်ခွင်ကိုခရီးထွက်လာခဲ့ပါတယ်။ 17 နှစ်ကြာ မိခင်မြေနဲ့ ဝေးကွာပြီးတဲ့နောက်မှာတော့ သူတို့ဟာ ဘိုးဘေးမြေပေါ်မှာ သူတို့သိချင်တဲ့ အကြောင်းတွေကို ဘယ်လိုမျိုး စူးစမ်းလေ့လာသွားမလဲ ဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
...

Sir (2024) ⭐IMDB: 8.2/10 (2 k Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sir 2024 (ကျောင်းဆရာ) ပညာရေးဆိုတာ လူတိုင်းအတွက် ညီတူညီမျှပါပဲ။ ပြဿနာကတော့ ဒါကို နားမလည်တဲ့သူတွေ ရှိနေတာပါ။ အထက်တန်းစားလူတွေက ဆင်းရဲနွမ်းပါးတဲ့သူတွေသာ ပညာတက်သွားရင် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေလုပ်နိုင်စွမ်းတွေ ပျောက်ပျက်သွားမှာ စိုးရိမ်ရာကနေ ဒီဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ မန်ဂိုလိုင်ရွာလေးကို အခြေတည်ထားတာဖြစ်ပြီးဒီရွာလေးရဲ့ ပညာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဂနာနမ်တို့ရဲ့ မိသားစုဟာ ကျောင်းဆရာမျိုးရိုးဖြစ်ပြီးတော့ သူ့အဘိုးကမန်ဂိုလိုင်ရွာလေးမှာ စာသင်ကျောင်းစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။သို့ပေမဲ့ ကံအကြောင်းမလှတဲ့ အဘိုးဖြစ်သူဟာ အသက်အရွယ်ကြီးတဲ့အခါအမှာစိတ်ရောဂါဖြစ်သွားပြီး စိတ်မနှံ့ဘဲ လုပ်ချင်တာ လျှောက်လုပ်နေလို့ ရွာကအရူးဆရာရယ်လို့ ခေါ်ကြပါတယ်။ ဂနာနမ်နဲ့ ရွယ်တူတွေထဲက တချို့ကလေးတွေဟာ ဂနာနမ့်ကို အရူးဆရာရဲ့မြေးဆိုပြီးတော့ပြဿနာလိုက်ရှာတာမျိုးကိုလည်း ခံရပါသေးတယ်။ ဒီလိုနဲ့ ဂနာနမ် အသက်ကြီးလာတဲ့အခါမှာလည်းကျောင်းဆရာမျိုးရိုးဖြစ်တဲ့အတိုင်း ကျောင်းဆရာဖြစ်ဖို့ မြို့မှာ ကျောင်းသွားတက်လို့နေပါတယ်။ ဒီအချိန်မှာပဲ ဂနာနမ့်အဖေဟာ ရွာကကျောင်းလေးကို မူလတန်းကနေ အလယ်တန်းအထိ တိုးချဲ့လာနိုင်ခဲ့ပါတယ်။ဂနာနမ့်အဖေရဲ့ ရည်မှန်းချက်အိပ်မက်ကတော့ ရွာကျောင်းလေးကို အထက်တန်းကျောင်းအထိတိုးမြှင့်ပေးချင်တာဖြစ်ပြီး ဒီတာဝန်ကိုတော့ ဂနာနမ့်လက်ထဲအပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဆင်းရဲသားတွေ ပညာတက်မှာကို ကြောက်တဲ့ အထက်တန်းအုပ်စုက ဂနာနမ် ရွာကျောင်းလေးကိုအထက်တန်းကျောင်းဖြစ်အောင်ကြိုးစားမယ့်လမ်းမှာ ဘယ်လိုတွေ လာရှုပ်မလဲ …….ဂနာနမ်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ရည်မှန်းချက်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာလား….ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Rez Ball (2024) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Drama #Sport 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rez Ball (2024) IMDb Rating (6.3) / Rotten Tomatoes (94%) ဒီ ဘတ်စကတ်ဘော ကားလေးကတော့ LeBron James ကိုယ်တိုင် producer ထဲမှာပါဝင်ထားပြီး rating တွေလည်းတော်တော်ကောင်းကောင်းရထားပါတယ်၊၊ ဇာတ်လမ်းကတော့ခန့်မှန်းရလွယ်တယ်ဆိုပေမဲ့ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာကြောင့်တော်တော်လေး ကြည့်လို့ပြေပါတယ်။ ဘတ်စကတ်ဘော အသုံးအနှုန်းအချို့ကိုတော့ အဆင်ပြေသလိုပဲ ပြန်ပေးထားပါတယ်။ ဘတ်စကတ်ဘော ကြိုက်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ Warriors ဆိုတဲ့ New Mexico က Native American Basketball အဖွဲ့က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ နာတာနီဂျက်ဆင် ကအဆုံးစီရင်သွားတဲ့နောက်မှာ ပြိုင်ပွဲတွေနိုင်ဖို့တော်တော်လေး ရုန်းကန်လာရပါတယ်။ ဒီကိစ္စကို အသင်းရဲ့ ကပ္ပတိန်အသစ် ဂျင်မီဟောလီ’ဒေးက သူတို့ရဲ့ နာဗာဟိုရိုးရာ တွေနဲ့ပေါင်းစပ်ပြီး အသင်းကိုဘယ်လိုပြန်လည်ခေါင်းထောင် လာအောင်လုပ်မလဲ ရင် ခုန်စိတ်လှုပ်ရှားစရာကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)
...

Narudi Brathuku Natana (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Narudi Brathuku Natana (2024) ဘဝစစ်ပွဲImdb 8.1 သရုပ်ဆောင်ဖို့ရည်မှန်းချက်ပြင်းပြပေမဲ့ ပါရမီမပါတဲ့ဆပ်တရာတစ်ယောက် လူရွေးပွဲတိုင်းပြုတ်ပါတယ် အဖေကနာမည်ကြီးလူတစ်ယောက်မို့ အဖေ့နာမည်သုံးပြီးအဆက်အသွယ်တွေရခဲ့ပေမဲ့ ပင်ကိုက ဆင်းရဲတာဆာလောင်တာ နာကျင်တာ ခက်ခဲတာတွေကိုမသိဘဲ‌ရှင်သန်လာတဲ့ သူဌေးသားဖြစ်လို့ ဒီလိုအခန်းတွေမှာ ခံစားချက်ထည့်လို့မရလို့ပြုတ်ရသူပေါ့ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူကအကြံပေးလာပါတယ် အခက်အခဲမရှိနေလာသူဖြစ်လို့ တကယ်ကောင်းတဲ့သရုပ်ဆောင်ဖြစ်ချင်ရင် လူ့ဘဝရဲ့လောကဓံတွေကိုခံစားကြည့်ပါလို့အကြံပေးခဲ့တာပါ ဒီလိုနဲ့ဆပ်တရာတစ်ယောက်ဖခင်ပေးထားတဲ့ ကားသော့‌တွေနဲ့ပိုင်ဆိုင်မှုတွေကိုအကုန်ထားခဲ့ပြီးဘယ်သူမှမသိတဲ့တောရွာလေးမှာ အခြေချခဲ့ပါတယ် ..ဆိုတော့သူဖြစ်ချင်တဲ့မင်းသားရောဖြစ်လာနိုင်မလား လိုတရဘဝကနေတစ်ပြားတောင်မရှိတော့တဲ့ဘဝမှာနေနိုင်မှာလားဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Family (2023) ⭐IMDB: 6.2/10 (607 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 28 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Seima (2023) IMDb Rating (5.5) နှစ်ပေါင်းအတော်ကြာတဲ့သက်တမ်းရင့်စံအိမ်ကြီးမှာ နေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အကျင့်စရိုက်တွေတစ်ယောက်တစ်မျိုးစီရှိကြသလို ဂယက်ကလည်းမထရရင်မနေနိုင်တဲ့ မိသားစုတစ်စုအကြောင်းကို comedy ဆန်စွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ Cliché ဖြစ်တဲ့ plot twist များစွာပါသော်ငြားလည်း ခမ်းနားတဲ့ cinematography တွေနဲ့ အိမ်ကြီးတစ်ခုထဲကိုပဲ foucs ထားပြီး ရိုက်ကူးထားတဲ့အတွက် အချိန်ပေးကြည့် ရှုဖို့ရာအတွက် ကိုယ့်ရဲ့ ရုပ်ရှင် taste အပေါ်မူတည်ပြီး ကောင်း၏ မကောင်း၏ကွဲပြားသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)
...

A Christmas Miracle (2024) ⭐IMDB: 5.8/10 (58 Votes) 🎬 #Comedy #Family 🗓 2024 🎞 movie 🌎 #USA #UnitedStates ⏰ 1 နာရီ 29 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Christmas Miracle (2024) ခရစ္စမတ်ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် ကြားထဲမှာ အခက်အခဲ အတားအဆီးလေးတွေပါတတ်ပေမဲ့ကြည်နူးပျော်ရွှင်စရာ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်အနှောင်အဖွဲ့တွေကိုပဲ အဓိကရိုက်ကူးတင်ဆက်ကြတာများတာပေါ့။ဒီရုပ်ရှင်မှာလည်း မိသားစုအသိုင်းအဝိုင်းလေးတစ်ခုရဲ့ ခရစ္စမတ်အတွက် အားကြိုးမာန်တက် ကြိုးစားကြပုံကိုတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ဆို ခရစ္စမတ်က ရက်ပိုင်းပဲလိုတော့တဲ့အချိန်။ ပုံမှန်ခရစ္စမတ်ပွဲကျင်းပပျော်ရွှင်နေကျ ဒေသတစ်ခုကိုအစိုးရကနေ စီးပွားရေးဇုံအဖြစ်ပြောင်းပစ်ပြီး ရန်ပုံငွေချပေးဖို့ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီမှာပဲ နှစ်တိုင်းကြီးမှူးကျင်းပနေကြဖြစ်တဲ့ မစ္စမက်ကန်ဇီက ခရစ္စမတ်အစဉ်အလာလေး ဖြစ်မြောက်ဖို့အရေးကြိုးစားရာမှာ မိသားစုဝင်တွေ သူငယ်ချင်းတွေ ပါဝင်လာကြပြီး သူတို့တွေကြားကသံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ချစ်ခြင်းတရားတွေကို ကြည်နူးစွာနဲ့ ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aungဖြစ်ပါတယ်။)
...

Vicky Vidya Ka Woh Wala Video (2024) ⭐IMDB: 5.2/10 (10 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vicky Vidya Ka Woh Wala Video (2024) “ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)” တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကိုရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦးပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။ ‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီးပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

Head on a Plate (2023) ⭐IMDB: 1.7/10 (165 Votes) 🎬 #Horror #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Head on a plate (2023)—————————–Genre – Horror / Sci-fi အာကာသထဲကအသွင်ပြောင်းနိုင်တဲ့ဂြိုလ်သားတွေကပြောစမှတ်တွင်ဆန်းကြယ်တဲ့ဧရိယာ၅၁အနီးနားကကျေးလက်မြို့မှာစတင်သောင်းကျန်းလာပါတယ်။ ဘယ်ကနေဘယ်လိုရောက်လာကြပြီးလူသားမျိုးစိတ်အပေါ်ဘယ်လိုမျိုးသက်ရောက်မှုရှိမလဲဆိုတာကိုကြည့်ရှုနိုင်မယ့်ဇာတ်ကားဖြစ်ပါတယ်။
...

Sniper 2 (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 7 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါမှာ CM ကနေတိုက်ခိုက်ရေးကားကောင်းလေးတကားဖြစ်တဲ့Sniper ဆိုတဲ့ဇာတ်ကားလေးနဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဘရာဇီးမှာ အိမ်အကြီးကြီးဝယ်ပြီး ကော်ဖီပင်စိုက်ထားတဲ့ခြံကြီးနဲ့အကြိုက်ဆုံးမြင်းပါရှိမယ့်အိပ်မက်အတွက် စူးရွှယ် သူ့အစ်ကိုနဲ့တခြားသူငယ်ချင်းပါ၃ ယောက်လုံးကတရုတ်ပြည်မှာ ထူးချွန်ပြောင်မြောက်လှတဲ့အကြမ်းဖက်သမားအုပ်စုဖြစ်ကြတာပေါ့။ စူးရွှယ် မိန်းကလေးကအမျိုးသမီးကျွမ်းကျင်စန်ိုက်ပါသမား ဖြစ်ပြီးအထူးရဲတပ်ဖွဲ့တွေလာရောက်ဖမ်းဆီးတဲ့အချိန်တိုင်းထွက်ပြေးနိုင်အောင်လုပ်နိုင်ခဲ့တဲ့အထိကျွမ်းကျင်လှတယ်။ ဒီလိုနဲ့အထူးရဲတပ်ဖွဲ့ဝင် စုန့်ညန့်မိန်းကလေးအမြဲတမ်း ထိပ်တိုက်တွေ့ပေမဲ့အမြဲတမ်းထွက်ပြေးလွတ်မြောက်သွားတာကြောင့် စုန့်ညန့်တစ်ယောက်အခဲမကြေပဲအဆုံးထိလိုက်လံဖမ်းဆီးဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲမိန်းကလေးစနိုက်ပါတစ်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

寻爹奇遇 (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 4 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ငယ်ငယ်က မိဘမဲ့ကျောင်းမှာကြီးပြင်းလာရတဲ့ကောင်လေးတစ်ယောက်ကအရွယ်ရောက်တော့ ပိုက်ဆံအများကြီးရှာနိုင်တဲ့သူဌေးတစ်ယောက်ဖြစ်လာပါတယ် မွေးစားအမေရဲ့တိုက်တွန်းချက်အရမိဘအရင်းကိုရှာရဖို့အကြောင်းဖန်လာခဲ့ပါတယ်မိဘရင်းကိုရှာဖို့အတွက် ကြွေခွက်လေးတစ်ခုကလွဲပြီးဘာသဲလွန်စမှမရှိတဲ့ ရှီးမိန်ဝမ်တစ်ယောက် မိဘရင်းတွေကို ဘယ်လိုရှာမလဲနောက်ဆုံးအချိန်ထိရှာလို့တွေ့သွားမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...