es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Guardians of the Galaxy Vol. 3 (2023) ⭐IMDB: 8.2/10 (184 k Votes) 🎬 #Action #Adventure #ScienceFiction #Comedy #SciFi 🗓 2023 🎞 movie 📺 #720p #1080p #4K 💿 1.2 GB ⦿ 3.2 GB ⦿ 8.9 GB 🌎 #UnitedStates #NewZealand #France #Canada #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Guardians of the Galaxy Volume 3 (2023) ************************************** WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီ ဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်း အသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကို နတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ ဒါလေးကိုမကြည့်ခင် Guardians of the Galaxy Holiday Special ရုပ်ရှင်တိုလေးကိုကြည့်လိုက်ရင်တော့ ပိုပြီးချိတ်ဆက်မိမှာပါ။ ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ မစောင့်နိုင်သူတွေ ခံစားလိုက်ပါဦး။ ss တွေကို ဖေ့ဘုပို့စ် ကွန်မန့်မှာ ပြပေးထားပါတယ်။...

Baxter, Vera Baxter (1977) ⭐IMDB: 6.1/10 (554 Votes) 🎬 #Uncategorized #Drama #Music #Mystery 🗓 1977 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 415.2 MB 🌎 #France ⏰ 1 နာရီ 35 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Baxter, Vera Baxter (1977) ======================= IMDb Rating – 6.1/10ဒီကားက ပြင်သစ်ကားဆိုတော့ အားလုံးကြိုက်မယ့် ကားမျိုးတော့ မဟုတ်ဘူး။ ပြင်သစ်ကားပီသစွာပဲ တင်ဆက်ပြသပုံကလည်း ထူးခြား တယ်။ ရိုက်ထားတဲ့သူကလည်း ပြင်သစ်စာရေးဆရာမ Marguerite Duras။ The Loverတို့ Hiroshima, mon Amourတို့ကို ရေးခဲ့တဲ့ စာရေးဆရာမပေါ့။ အဆိုပါကား၂ကားက တန်းဝင်ကားတွေဖြစ်တဲ့အ တွက် ဒီကားတွေကို ရေးတဲ့ စာရေးဆရာမကလည်း သူ့ဇာတ်ကောင် တွေကို သူပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်တဲ့သူမျိုးပဲ။ ဒီကားမှာဆိုလည်း ဇာတ်ကောင်နည်းနည်းနဲ့တင် တစ်ခါတလေ ဇာတ် ကောင်တွေကိုတောင် သေချာမပြဘဲ စကားပြောနေတဲ့အသံနဲ့ တခြား ကို ပြရင်းတင် ပုံဖော်သွားတယ်။ ဒါပေမဲ့ တရိပ်ရိပ်ကြည့်ရင်းတော့ ဇာတ်ကောင်တွေအကြောင်းကို ကျွန်တော်တို့သိလာလိမ့်မယ်။ ပဟေ ဠိဆန်ဆန်နဲ့ ကြည့်နေရင်း ပဟေဠိကို အဖြေသိသွားသလို သိလာတဲ့ အသိမျိုးပေါ့။ ဒီကားဟာ စာရေးဆရာမရိုက်တဲ့ကားဆိုတော့ ဇာတ်ကောင် တွေကို အသက်သွင်းသွားတာ တော်တော်မိုက်ပေမဲ့ အများကြီးတော့ သွားမျှော်လင့်လို့မရဘူး။ တစ်ခုသတိချပ်ရမှာက ပြင်သစ်ရုပ်ရှင်ဆိုတာ လိင်ဆွဲဆောင်မှုမပါရင်မဖြစ်ဘူးလို့ ယူဆကြတဲ့ဒါရိုက်တာတွေတောင် ရှိတဲ့နေရာဆိုတော့ ဒီကားဟာ အများနဲ့ကြည့်လို့တော့ အပြည့်အဝ အဆင် ပြေမှာမဟုတ်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ဖြစ်ပါတယ်)File Size……….(1.64 GB) / (415 MB) / (220 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama Translator…….W Encoder……….Admin X Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Queen of Hearts (2019) ⭐IMDB: 7.1/10 (13 k Votes) 🎬 #Drama 🗓 2019 🎞 movie 📺 #720p 💿 1.1 GB 🌎 #Denmark #Sweden ⏰ 2 နာရီ 2 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါCMပရိတ်သတ်ကြီးကိုမိတ်ဆက်​ပေးမယ့်ကား​လေး​တော့ Rating 7.4 အထိရထားတဲ့ မိသားစုအိမ်​ထောင်​ရေးဒရမ်မာကား​ကောင်း​လေးတစ်ကားပါ ဇာတ်လမ်း​လေးထဲမှာ​တော့ အန်နီဟာ ​အောင်မြင်​နေတဲ့​​ရှေ့​နေတစ်​ယောက်​ပေါ့ သူမမှာသမီး​လေးနှစ်​ယောက်အပြင် သူမအမျိုးသားရဲ့ ပထမအိမ်​ထောင်နဲ့သားတစ်​ယောက်လည်းရှိတယ် တစ်​နေ့သူမတို့မိသားစုဆီကို သူမအမျိုးသားရဲ့သား ဂူစတာကပြောင်းလာခဲ့တယ် သူမဟာ အဲ့​ကောင်​လေးနဲ့နီးစပ်ပြီး နှစ်​ယောက်မှားယွင်းခဲ့ကြတယ် နောက်ပိုင်းမှာ အန်နီနဲ့ဂူစတာဘာ​တွေဆက်ဖြစ်မလဲ သူတို့နှစ်​ယောက်အ​ကြောင်းကို အန်နီအမျိုးသားသိသွားမလား သူမက​ရှေ့​နေတစ်​ယောက်ပီပီဘာ​တွေဘယ်လိုလုပ်ဇာတ်ခင်းမလဲဆိုတာ ​ကြည့်ရှု့ရမှာပါ (ခုတင်​ပေါ်ကအခန်း​လေး​နည်းနည်းပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့အဆင်မ​ပြေဘူး​နော်) File Size : ( 1 GB , 427 MB ) Quality :  Web-DL 720p Running Time : 2 hr 07 min Format : Mp4 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated byHsu Lei Encoded byMoe Myint Lwin zawgyi ဒီတစ်ခါCMပရိတ်သတ်ကြီးကိုမိတ်ဆက်​ပေးမယ့်ကား​လေး​တော့ Rating 7.4 အထိရထားတဲ့ မိသားစုအိမ်​ထောင်​ရေးဒရမ်မာကား​ကောင်း​လေးတစ်ကားပါ ဇာတ်လမ်း​လေးထဲမှာ​တော့ အန်နီဟာ ​အောင်မြင်​နေတဲ့​​ရှေ့​နေတစ်​ယောက်​ပေါ့ သူမမှာသမီး​လေးနှစ်​ယောက်အပြင် သူမအမျိုးသားရဲ့ ပထမအိမ်​ထောင်နဲ့သားတစ်​ယောက်လည်းရှိတယ် တစ်​နေ့သူမတို့မိသားစုဆီကို သူမအမျိုးသားရဲ့သား ဂူစတာကပြောင်းလာခဲ့တယ် သူမဟာ အဲ့​ကောင်​လေးနဲ့နီးစပ်ပြီး နှစ်​ယောက်မှားယွင်းခဲ့ကြတယ် နောက်ပိုင်းမှာ အန်နီနဲ့ဂူစတာဘာ​တွေဆက်ဖြစ်မလဲ သူတို့နှစ်​ယောက်အ​ကြောင်းကို အန်နီအမျိုးသားသိသွားမလား သူမက​ရှေ့​နေတစ်​ယောက်ပီပီဘာ​တွေဘယ်လိုလုပ်ဇာတ်ခင်းမလဲဆိုတာ ​ကြည့်ရှု့ရမှာပါ (ခုတင်​ပေါ်ကအခန်း​လေး​နည်းနည်းပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့အဆင်မ​ပြေဘူး​နော်)...

500 Days of Summer (2009) ⭐IMDB: 7.7/10 (533 k Votes) 🎬 #Comedy #Drama #Romance 🗓 2009 🎞 movie 📺 #1080p #720p #4K 💿 1.6 GB ⦿ 515.9 MB ⦿ 4.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းကိုတော့Movies-we watch,we feel. Facebook Pageမှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ ——————————————————— (500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း (review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။) အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို သက်ဆိုင်တဲ့ စာသားတွေ စကားလုံးတွေနဲ့အချစ်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ ရုပ်ဆိုးတဲ့လူတစ်ယောက်ကို ချစ်ခဲ့တဲ့ လူဆိုရင် အချစ်မှာ မျက်စိမပါဘူး။ ရင်ကွဲခံရဖူးတဲ့ လူတွေဆိုရင် အချစ်ဟာ အဆိပ်ပဲ။ အချစ်မှာ ကံကောင်းတဲ့ သူတွေဆိုရင်တော့ အချစ်ဟာ လောကနဲ့ လူသားတွေအတွက် ပျော်ရွှင်မှုပေးနိုင်သောအရာ။ အချစ်ကို လိုအပ်နေတဲ့ အထီးကျန်သမားတွေကတော့ အချစ်ဆိုတာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်သော အရာ။ သစ္စာဖောက်ချင်တဲ့ လူသားတွေကတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဆို… စသည်ဖြင့်ပေ့ါ အချစ်ဋီကာကို အမျိုးစုံ အဓိပ္ပာယ်ပြန်ကြတယ်။ ကျွန်တော် Romantic Comedy ဆိုတဲ့ ရုပ်ရှင်အမျိုးအစားနဲ့Sport ဆိုတဲ့ ရုပ်ရှင်အမျိုးအစားကို တတ်နိုင်သလောက် ရှောင်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ရုပ်ရှင်တွေဟာ လက်တွေ့လောကနဲ့သွေဖွယ်နေတတ်လေ့ရှိပါတယ်။ ကျွန်တော် အမျိုးသမီးထုကို စော်ကားခြင်း မဟုတ်ပါ။ ဒါပေမဲ့ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်း ပို၍ စိတ်ကူးယဉ်လေ့ ရှိတတ် ကြ တဲ့ လူသားတွေ ဖြစ်သည့်အားလျော်စွာ သူမတို့ရဲ့ အကြိုက် အချစ်ကားတွေသည် သူမတို့ဘက်မှနေ၍ အမြဲ ရိုက်ကူးတင်ပြလေ့ရှိသည်။ ဒါကို ကျွန်တော် မနှစ်သက်။ ထို့ကြောင့် မည်သည့် အချစ်ကားမျိုးမဆို ကျွန်တော် မကြည့်။ နောက်ဆုံး ကုန်ကုန်ပြောရ မယ် ဆိုရင် မနှစ်က လူကြိုက်အရမ်းများသွားခဲ့တဲ့ The Faults in our Stars ကို ကျွန်တော် အခုထိ မကြည့်ရသေး။ ကြည့်ဖို့လည်း စိတ်ကူးမရှိသေး။ ကျွန်ေ်တာ့် ဘဝမှာ အချစ်ရုပ်ရှင်နဲ့ပက်သက်ပြီး တစ်ကားတည်းကိုပဲ အရမ်းနှစ်သက်ခဲ့တယ်။ ထိုတစ်ကားတည်းကိုပဲ အကြိမ်ရေ 20 ထက်မနည်း ကြည့်ခဲ့ဖူးတယ်။ ယခုအချိန်ထိလည်း ကြည့်နေတုန်းပဲ။ ကြည့်တိုင်းလည်း တစ်ခါမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ပြန်ဘူး။ ပိုတိုးပြီးတောင် ကြိုက်လာပြန်ပါသေးတယ်။ အခုလို အချစ်ကားတွေ မကြည့်တတ်တဲ့ ကျွန်တော်ကို မည်သည့် အချစ်ကား ယခုလို ဖြစ်စေခဲ့သလဲဆိုတော့ ရုပ်ရှင်နာမည်က ကျွန်တော်နဲ့ခင်တဲ့သူတိုင်း သိကြတဲ့ (500) Days of Summer။ (500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ?ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။ တတိယ အချက...

Stand Up Rahul (2022) ⭐IMDB: 5.1/10 (961 Votes) 🎬 #Bollywood #Comedy #Drama #Romance #Uncategorized 🗓 2022 🎞 movie 📺 #1080p #720p 💿 1.8 GB ⦿ 793.8 MB 🌎 #India ⏰ 2 နာရီ 13 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stand Up Rahul (2022)IMDb-5.1/10 ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုးRelationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့်အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာသူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကိုဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင်ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။ သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကိုချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကိုလူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။(အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်)...

The Fabelmans (2022) ⭐IMDB: 7.6/10 (95 k Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #1080p #720p #480p 💿 2.2 GB ⦿ 1.2 GB ⦿ 494.4 MB 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 2 နာရီ 32 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Fabelmans (2022) The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစားဒါရိုက်တာ “Steven Spielberg” ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီးSteven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။ West Side Stories, Jaws, ET, Schindler’s List, Catch me if You Can စသဖြင့်Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက“I’ll be Home” ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့်သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးကသူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။ Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့်ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် သူ့ဘဝကိုပရိသတ်ကိုချပြတဲ့ရုပ်ရှင်သက်သက်မဟုတ်ဘဲသူ့ဘဝအဆိုးအကောင်းတွေနဲ့ငြိမ်းချမ်းမှုရယူပြီး သူ့မိဘတွေချစ်ခင်ရသူတွေကိုခွင့်လွှတ်နားလည်ခြင်းတွေ နွေးထွေးကြင်နာမှုတွေနဲ့ ပြန်လှည့်ကြည့်ထားတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာအောင်မြင်မှုတစ်ခုပါပဲ။ အညွှန်းကိုတော့Rashidaက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Rashidaနဲ့Leonard Linပဲ ဖြစ်ပါတယ်။...

Man on a Ledge (2012) ⭐IMDB: 6.6/10 (156 k Votes) 🎬 #Action #Crime #Thriller 🗓 2012 🎞 movie 📺 #1080p #720p 💿 2.0 GB ⦿ 901.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Man on a Ledge(2012) ((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်။))ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်…. ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ……သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်…ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်…ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်…သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်…ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်… ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား….ဒီကားက အီသွားတဲ့နေရာမရှိဘူး…ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်…အက်ရှင်ခန်းတွေနဲ့ဇာတ်ကိုပုံဖော်သွားတာ…ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး…နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်…....

Missed Connections (2023) ⭐IMDB: 4.4/10 (182 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.6 GB ⦿ 829.2 MB ⦿ 402.8 MB 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Missed connections (2023) ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီးဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်းရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် ‌အကျိုးရှိတဲ့ဇာတ်ကားလေးပါ။ စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီးMissed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါသူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

Daliland (2022) ⭐IMDB: 6.0/10 (741 Votes) 🎬 #Biography #Drama #History 🗓 2022 🎞 movie 📺 #1080p #720p #480p 💿 2.2 GB ⦿ 724.7 MB ⦿ 423.5 MB 🌎 #UnitedStates #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dalíland (2022)===========IMDb Rating – 6.0/10 Salvador Dali..1990 ခုနှစ်တွေရဲ့ အကြီးကျယ်ဆုံးသောပြင်သစ် ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထိလည်း ပန်းချီလောကမှာ သူ့ရဲ့ အနုစိတ်တဲ့ စုတ်ချက်တွေတမူထူးခြားထဲ့ လက်ရာတွေကြောင့် ပြောစမှတ်တွင်ဆဲဖြစ်ပြီး၊ Nobel Work 7ဆုထိတောင် ပိုင်ဆိုင်ခဲ့ပါတယ်။ 1904 ခုနှစ်မှာ မွေးခဲ့ပြီး 1989..အသက် 84 နှစ်မှာကွယ်လွန်ခဲ့ပါတယ်..ဒီကားလေးကတော့ Dali ရဲ့ အသက် 70 နောက်ပိုင်းကနေစပြီး သူမဆုံးခင်အထိ သူ့ဘဝရဲ့ နေဝင်ချိန်ကာလမှာကြုံတွေ့ရခဲ့တဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေကို Docum-entary ဆန်ဆန်ပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သိပ်ကိုထူးချွန်လှတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပါအဝင် အနုပညာသမားတွေဟာ သိပ်ကိုခံစားချက်နုနယ်လှတာကြောင့် Dali တစ်ယောက် သူ့ဘဝရဲ့ နေဝင်ချိန်မှာ ဘာတွေဘယ်လိုကြုံတွေခံစားခဲ့ရလဲဆိုတာကိုပါကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Annapurna (2023) ⭐⁉️ 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 647.1 MB ⦿ 300.7 MB 🌎 #India ⏰ 1 နာရီ 12 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Annapurna (2023) တောင်တက်ဖို့ဆိုရင် စိတ်အားထက်သန်တဲ့ ဂန်ဟျွန်းက သူ့ဂျူနီယာ ဆောဝူးကို ခေါ်ထုတ်ပြီးတောင်အတူတက်ကြရင်း ကြုံခဲ့တဲ့အချစ်ရေး၊ လမ်းခွဲခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေအကြောင်း ပြောကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ် ဂန်ဟျွန်းဟာ ဟိမဝန္တာတောင်တန်းမှာရှိတဲ့ Annapurna တောင်ကို တက်ချင်နေတဲ့သူဖြစ်ပြီးတော့တောင်ရဲ့ဇာတ်လမ်းအစုံကို ဂျူနီယာဖြစ်တဲ့ ဆောဝူးကို အပြည့်အစုံပြောရင်းနဲ့ လမ်းပျောက်လိုက်၊ မျက်စိလည်လိုက်ဖြစ်ပါလေရော သူတို့ရဲ့အချစ်ရေးအတွေ့အကြုံတွေ၊ လူငယ်သဘာဝစိတ်ကူးတွေ၊ ဝါသနာတွေကို ပြောကြရင်းဂန်ဟျွန်းရဲ့ ဘဝဒသနတွေကို နားထောင်ရမှာဖြစ်ပါတယ်နှစ်ယောက်သား ဘာတွေဆွေးနွေးမျှဝေကြမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Chakravyuham: The Trap (2023) ⭐IMDB: 9.3/10 (2 k Votes) 🎬 #Bollywood #Crime #Mystery #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.4 GB ⦿ 607.5 MB 🌎 #India ⏰ 1 နာရီ 48 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chakravyuham-The Trap (2023) IMDb-9.3/10 ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ် ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်းဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလား ဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာသက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Yunni ~ BpL ~ Thaik San တို့ပဲဖြစ်ပါတယ်)...

Baby Boy, Baby Girl (2023) ⭐IMDB: 4.3/10 (42 Votes) 🎬 #Drama #Romance #Comedy 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.2 GB ⦿ 567.4 MB ⦿ 292.1 MB 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Baby Boy, Baby Girl (2023) ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။ တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။Watch at your own risk ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

12 Monkeys (1995) ⭐IMDB: 8.0/10 (631 k Votes) 🎬 #Mystery #SciFi #Thriller 🗓 1995 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 2.5 GB 🌎 #UnitedStates ⏰ 2 နာရီ 10 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [Unicode] 12 Monkeys (1995) ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင်ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင်မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ဆိုတော့ကာထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာသူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။ အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီးစိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့… Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီးSound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )...

Homestead (2023) ⭐IMDB: 4.3/10 (193 Votes) 🎬 #Horror #Thriller #Western #Drama 🗓 2023 🎞 movie 📺 #1080p #720p 💿 1023.3 MB ⦿ 440.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ…သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။...

I Like Movies (2022) ⭐IMDB: 6.8/10 (957 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 📺 #1080p #720p #634p 💿 1.1 GB ⦿ 915.8 MB ⦿ 282.8 MB 🌎 #Canada ⏰ 1 နာရီ 39 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Like Movies (2023) ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလိုပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာသူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေလူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

Extreme Festival (2023) ⭐TMDB: 75.0% User Score 🎬 #Comedy 🗓 2023 🎞 movie 📺 #1080p #720p 💿 1.1 GB ⦿ 523.6 MB 🌎 #SouthKorea ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မန်ဂျင်းမှာလုပ်မဲ့ ဒေသပွဲတော်တစ်ခုက မကျင်းပခင် တစ်ပတ်အလိုမှာပဲ ဂျောင်ဂျုံးယဉ်ကျေးမှုပွဲတော်ကနေ ယွန်းဆန်းဂွန်းယဉ်ကျေးမှုပွဲတော်အဖြစ် နာမည်ပြောင်းသွားပါတယ်။ အဆိုပါပွဲတော်ကို စီစဉ်သူကတော့ “သ၀န်တိုမှုက ငါ့ရဲ့အင်အား” လို့ခေါ်တဲ့ start up ကုမ္ပဏီလေးရဲ့ ကိုယ်စားလှယ်အီဟယ်ဆူပဲဖြစ်ပါတယ်။ ဆိုးတာတစ်ခုက ပွဲတော်နေ့မှာ ပွဲကြည့်ထိုင်ခုံတွေက အလွတ်တွေချည်းဖြစ်နေပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်အဆိုတော်ကလည်း ရောက်မလာ ဇာတ်ညွှန်းပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဇာတ်အဖွဲ့ကလည်း ဆန္ဒပြ… မျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာတဲ့ ပွဲတော်လေးကို ဟယ်ဆူတစ်ယောက် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးအောင် ကျင်းပနိုင်မလား…. ဘယ်လို ရယ်စရာအလွဲလေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်…...

Summit Fever (2022) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Adventure #Drama #Thriller 🗓 2022 🎞 movie 📺 #1080p #720p #480p 💿 3.5 GB ⦿ 1.1 GB ⦿ 694.2 MB 🌎 #UnitedKingdom ⏰ 1 နာရီ 56 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Summit Fever (2022)================ ‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာJulian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါးသွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။ အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ်ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်းပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက်လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်ကမိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင်ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုးသူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲပြန်၀င်ခဲ့ပါတယ်။ မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင်မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင်ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...

Agilan (2023) ⭐IMDB: 4.4/10 (706 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.1 GB 🌎 #India ⏰ 2 နာရီ 12 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aglian 2023Action/Drama/Thriller ကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကိုထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်….ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ… အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းကကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ဒါပေမဲ့ “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ”ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေတစ်စတစ်စပေါ်လာတဲ့အခါမှာတော့…အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုအက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။...

The Naughty House of Sharing That Changes Yours for Mine (2020) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2020 🎞 Movie 📺 #1080p #720p 💿 1013.5 MB ⦿ 433.5 MB 🌎 # ⏰ 49 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…) ဒီဇာတ်လမ်းလေးကတော့ အဆင်မပြေမူတွေနဲ့ နှစ်အကြာကြီးတွဲနေရင်က ရိုးအီလာတဲ့ အိမ်ထောင်ရှင် စုံတွဲနှစ်တွဲရဲ့  ရင်တွင်းဖြစ် အသံတွေနဲ့ သူတို့ ဘယ်လို ဖလှယ်နှီးနှောကြမလဲဆိုတာကို ကွက်ကွက်ကင်းကင်း သိမြင်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်…...

Fake Profile (2023- ) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Drama #Romance #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #Colombia ⏰ 48 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fake Profile (2023)Fake Profile (2023)365 Days , Sex/Life လိုဇာတ်ကားစီးရီးတွေကြိုက်ပေမယ့် ဇာတ်လမ်းသွားလေးလဲကောင်းတာလေးကြည့်ချင်တဲ့သူတွေအတွက် ဒီ Fake Profile က ကြည့်ကိုကြည့်သင့်တဲ့ ကိုလမ်ဘီယာစီးရီးအသစ်ပါ။ လတ်စ်ဗီးဂတ်က ကမီလာဆိုတဲ့ကောင်မလေးနဲ့ ကိုလမ်ဘီယာက ပလတ်စတစ်ဆာဂျင်ဖာနန်ဒိုတို့ Tinder မှာဆုံကြတယ်ပေါ့။ ဖာနန်ဒိုက လတ်စ်ဗီးဂတ်စ်ကိုရောက်လာပြီး ကမီလာနဲ့လာတွေ့တယ်။ အပြင်မှာတွေ့တော့ ဖာနန်ဒိုက ကမီလာကို မင်းပရိုဖိုင်ကအတုကြီးပဲ မင်းကဓာတ်ပုံထဲမှာတော့လှတယ် အပြင်မှာကျတော့….နတ်သမီးလေးဖြစ်နေတယ် ဘာညာပေါ့။ အဲ့လိုနဲ့ကြည်သွားလိုက်ကြတာ သူတို့သူငယ်ချင်းတွေရှေ့မှာလဲ ရှယ်ကြူး။ သူနဲ့မှအချစ်စစ်။ ဒါမျိုး ဘယ်သူနဲ့မှမခံစားဖူးဘူး။ ဒါမှဖူးစာ ဘလာ ဘလာ ဘလာပေါ့။ သူငယ်ချင်းတွေလဲ တော်တော်နားစားခံလိုက်ရပါတယ်။ နောက်လေးလထိ အားလုံးအိုကေ။ ပြီးမှဖာနန်ဒိုက သူ့ညီမနေမကောင်းလို့ဆိုပြီး ကိုလမ်ဘီယာကိုပြန်သွားလိုက်တာ။ ကမီလာကလဲအရမ်းတွေသတိရ။ လေယာဥ်လက်မှတ်တွေအွန်လိုင်းမှာကြည့်။ သူငယ်ချင်းတွေနဲ့တိုင်ပင်တော့ သူငယ်ချင်းတွေက မလိုက်သွားသင့်ကြောင်း ဒိတ်တင်းအက်ပ်မှာတွေ့ခဲ့တဲ့လူကိုအဲ့လောက်ယုံမနေသင့်ကြောင်းအကြံပေးပေမယ့် “အေး အေး မသွားပါဘူးဟာ” ဆိုပြီး အမိုက်မဲလေးက လေဆိပ်ရောက်သွားလိုက်ပြီ။ သူ့ဘဲကို စပရိုက်စ်တိုက်မယ်ပေါ့။ စပရိုက်စ် စပရိုက်စ်။ တကယ်တမ်းစပရိုက်စ်ဖြစ်သွားတာသူပါ။ ဖာနန်ဒိုရဲ့ဆေးခန်းကိုသူလိုက်သွားတယ်။ အဲ့မှာဖာနန်ဒိုရှိပေမယ့် အဲ့ဒါကသူ့ရဲ့ဖာနန်ဒိုမဟုတ်ဘူး။ တခြားလူတစ်ယောက်ဖြစ်နေတယ်။ နောက်ဆုံးဖာနန်ဒိုပြောဖူးတဲ့ လူချမ်းသာတွေနေတဲ့ ရီဗီရာအက်စ်မာရယ်ဒါအိမ်ရာဝင်းထဲလိုက်သွားတော့ ကမီလာရဲ့ဖာနန်ဒိုက မီဂဲလ်ဆိုတဲ့လူချမ်းသာတစ်ယောက်ဖြစ်နေပါလေရော။ ဒါဆိုမီဂဲလ်က ဖာနန်ဒိုအဖြစ်ဟန်ဆောင်ခဲ့တာဘာကြောင့်လဲ။ ဒီအိမ်ရာဝင်းကြီးထဲမှာ လှည့်ကွက်ဇာတ်ကွက်များစွာနဲ့ အမျိုးစုံကြိုးခုန်ပုံတွေကိုကြည့်ရမှာပါ။ဒီ Fake profile စီးရီးက 365 days, sex/life, Obsession တို့နဲ့ တစ်လိဂ်ထဲဖြစ်ပြီး လက်တင်စီးရီးဖြစ်နေတာကြောင့် ပိုလို့တောင် erotic ဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Drama...