ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Outlaw Posse (2024) ⭐IMDB: 4.7/10 (291 Votes) 🎬 #Western #Action 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့ လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ် ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းက လူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။ အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်း လူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ် ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်း တစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင် တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကား ပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်း တစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန် တိတ်ဆိတ်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက် ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှ ပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့ တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက် ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်း အရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကို ရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီး လူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာ ဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။...
Santocielo (2023) ⭐IMDB: 5.7/10 (535 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Italy ⏰ 2 နာရီ 1 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Santocielo (2023)Genre – Comedy အီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီးကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီးဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကိုသောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းကကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီးကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီးလူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။ အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီးကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာလူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ်ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
The Beast Within (2024) ⭐IMDB: 4.7/10 (555 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…… ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်……သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ…. နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
A Letter from Kyoto (2022) ⭐IMDB: 5.8/10 (25 Votes) 🎬 #Drama #Family 🗓 2022 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက Family Dramaဇာတ်လမ်း အမျိုးအစားလေး ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Cha Mi- kyun၊ K pop girl group Secret ရဲ့ အဖွဲဟောင်း Han Sunhwa၊ Han Chae-ah နဲ့ Song Ji-hyunတိုက အဓိက ပါဝင်ထားပါတယ်.. ဇာတ်လမ်းအကျဉ်း**************A letter form Kyotoဇာတ်ကားလေးက အကျင့်စရိုက်မတူညီကြတဲ ညီအစ်မသုံးယောက်နဲ့သူတိုအမေရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်. ဟွာဂျာဆိုတဲ့ အမျိုးသမီးက ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက် ဘူဆန်မြို၊ယောင်းဒိုမြိုနယ်မှာ သမီး၃ယောက်ကို ပျိုးထောင်ခဲ့ပါတယ် သမီးအကြီးဆုံးဖြစ်တဲ့ ဟယ်ဂျင်းကတော့ ယောင်းဒိုမှာပဲ အမေနဲ့ အတူနေထိုင်ပြီးတော့ အိမ်ရဲ့စားဝတ်နေရေးကို ထောက်ပံ့နေသူပါ သမီးအငယ်ဆုံး ဟယ်ဂျူကတော့ အထက်တန်းအောင်ပြီးတဲ့နောက် အကသမားဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို ယောင်းဒိုကို စွန့်ခွာပြီး ဆိုးလ်ကို သွားချင်နေသူဖြစ်ပါတယ်. သမီးလတ် ဟယ်ယောင်းက ဆိုးလ်မှာ အလုပ်လုပ်နေပြီး တစ်ရက်တော့ အလုပ်မှာအဆင်မပြေတာကြောင့် ယောင်းဒိုက အမေ့ရဲ့အိမ်ကို ပြန်လာခဲ့ပါတယ် အမေ့အိမ်မှာ နေရင်းကနေ အမှတ်မထင် ကျိုတိုကနေ ပိုထားပြီး ဂျပန်လို ရေးထားတဲ့စာတစ်စောင်ကို တွေ့လိုက်ပြီးနောက် အမေ့ရဲ့ငယ်ဘဝအကြောင်းကိုစပ်စုပါတော့တယ် အဲဒီအချိန်မှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ဟွာဂျာရဲ့နှလုံးသားဟာ အတိတ်က အမှတ်တရ၊နာကျင်မှုတွေနဲ့အတူ သမီး၃ယောက်စလုံး မသိထားသေးတဲ့ သူ့ရဲ့လျိုဝှက်ချက်တွေပါ ပွင့်ဟလာခဲ့ပါတယ် နှစ်ပေါင်း ၅၀ကျော်ကြာ ဖုံးကွယ်ထားတဲ့ ဟွာဂျာရဲ့လျိုဝှက်ချက်က ဘာများဖြစ်မလဲ သူငယ်ပြန်ရောဂါ အစပြုနေတဲ့ အမေဖြစ်သူရဲ့ဆန္ဒကို သမီး၃ယောက်က ဘယ်လိုဖြည့်ဆည်းပေးသွားမလဲဆိုတာ မိသားစုချစ်ခြင်းမေတ္တာ၊ညီအစ်မသံယောဇဉ်များနဲ့အတူ လွမ်းဆွတ်ဖွယ် ကြည့်ရှူခံစားရမှာဖြစ်ပါတယ်...
The Platform (2019) ⭐IMDB: 7.0/10 (280 k Votes) 🎬 #Horror #SciFi #Thriller #Drama #ScienceFiction 🗓 2019 🎞 movie 🌎 #Spain ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Platform (2019) El hoyo IMDb Rating (7.0) / Rotten Tomatoes (81%) ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကတော့… Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်..ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး……သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ…အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ…လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ…စတဲ့တွေးစရာလေးတွေနဲ့ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။...
My Otaku Girlfriend (2023) ⭐IMDB: 6.7/10 (62 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Spain #Venezuela ⏰ 1 နာရီ 56 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Otaku Girlfriend (2013)မန်ဂါကြိုက်တဲ့ကျွန်တော့်ရဲ့ချစ်သူလေး IMDb 6.7/10 ရုပ်ပြတွေကိုရေးရတာနှစ်သက်တဲ့ကောင်လေးတစ်ယောက်ဟာOxford မှာ စီးပွားရေးမဟာတန်းတက်ဖို့ schorlarship လျှောက်ရန်စာတွေနဲ့လုံးပန်းနေရင်း သူ့ရဲ့ အလွန်နာမည်ကြီးနေတဲ့ဇာတ်လမ်းကိုဆက်မရေးတော့ဘဲ ပစ်ထားပြီးစာပဲကြိုးစားနေခဲ့ပါတယ် သူရေးတဲ့ဇာတ်လမ်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပေမဲ့သူ့ရဲ့ဘဝကတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ် တစ်ရက်မှာတော့ သူ့ရဲ့ fan အကြီးစားဖြစ်တဲ့ကောင်မလေးတစ်ဦးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့ပျင်းရိစရာကောင်းတဲ့ဘဝကြီးကတစ်ဆစ်ချိုးပြောင်းလဲသွားမလားဆိုတာကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်)...
The Rapture (2023) ⭐IMDB: 7.0/10 (744 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Le Ravissement (2023) “လင်ဒီယာ” CM ပရိသတ်ကြီးအတွက် ရီဗျူးကောင်းတွေရရှိထားတဲ့ ပြင်သစ်စကားပြော ရိုမန့်/ဒရာမာ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အထီးကျန်ခြင်းက လူတစ်ယောက်ကို ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲအမှားတွေအားလုံး အဲဒီနေ့က စတင်ခဲ့တယ် ကိတ်မုန့်တစ်လုံးနဲ့ လင်ဒီယာပြာယာခတ်ပြီး လမ်းဖြတ်ကူးလာတာကို သူမြင်တယ် လင်ဒီယာကသဘောကောင်းတဲ့ သားဖွားဆရာမလေးဖြစ်ပြီးသူကတော့ ဘတ်စ်ကားဆရာပါ အဲဒီနေ့က လင်ဒီယာသစ္စာဖောက်ခံရတဲ့နေ့ဖြစ်ပြီး တစ်ညမှာတော့စိတ်ပင်ပန်းနေတဲ့ လင်ဒီယာ ဘတ်စ်ကားပေါ်မှာအိပ်ပျော်သွားလေရဲ့ နိုးလာတော့ ခရီးသည်တစ်ယောက်မှ မရှိတော့ဘူး ဒီလိုကနေ လင်ဒီယာနဲ့ သူ တစ်ညတာ ကုန်ဆုံးဖို့ ဖြစ်သွားတယ် တကယ်တော့ဒါက သူ့အတွက် တစ်ညတာဆိုရုံပါပဲ အသည်းကွဲနေတဲ့ လင်ဒီယာကပဲကုစားဖို့ရာ သံယောဇဥ်ကြိုးချည်ဖို့ အလိမ်အညာတစ်ခုကို ကျူးလွန်မိသွားချိန်မှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Alex ~ ToMo ~ Yunni တို့ ဖြစ်ပါတယ်...
Ang pintor at ang paraluman (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 45 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size_(1.4GB)Quality_Blu-Ray 1080pFormat_mp4Duration_01:10:00Genre_Adult , DramaSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by alias...
Joe's Apartment (1996) ⭐TMDB: 56% User Score 🎬 #Comedy #Fantasy #SciFi 🗓 1996 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Knock Knock (2015) ⭐IMDB: 4.9/10 (106 k Votes) 🎬 #Adult #Crime #Thriller #Horror 🗓 2015 🎞 movie 🌎 #Chile #Israel #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Knock Knock (2015) ဒီရုပ်ရှင်ကားကတော့ John Wick ကြီးကို အမှောက်သိပ်တဲ့ဇာတ်ကားဆိုပြီး နာမည်ကြီးပါတယ်။ သိပ်မယ့် မင်းသမီးက အလှပဂေးလေး Ana de Armas ဆိုတော့ ဂျွန်ဝစ်မှမဟုတ်ပါဘူး သကောင့်သားအားလုံးမှောက်မှာပါပဲ။ ဇာတ်လမ်းကတော့….ကျောချမ်းစရာပါ… မိသားစုကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျ်ားသားတွေကိုမှ တမင်အကွက်ဆင်ပြီး ဘဝဖျက်ဖို့ အမဲလိုက်မယ့် နတ်နိမယ် ၂ ပါးရှိပါတယ်… သူတို့ရဲ့ အလှအပ ညှို့ငင်ဆွဲဆောင်အားတွေနဲ့ တည်ငြိမ်ပါတယ်ဆိုတဲ့ ယောကျ်ားသားကို ပညာပေးမှာပါ။ ကျူးဘားမင်းသမီး Ana de Armas နဲ့ ချီလီ မင်းသမီး Lorenza Izzo တို့ မင်းသားကြီး Keanu Reeves ကို ဘယ်လိုပညာတွေပေးသွားမလဲဆိုတာ……..။ ” Some doors should never be opened ” တချို့တံခါးတွေက လုံးဝကိုဖွင့်မကြည့်သင့်ပါဘူးတဲ့။...
Caught in Time (2020) ⭐IMDB: 6.0/10 (978 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2020 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 36 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဇာတ်ကားလေးကတော့ အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက်တော့ရှယ်သဘောကျမယ့်ကားအမျိုးအစားပဲဖြစ်ပါတယ်အချိန်ဆိုတာ တစ်မိနစ် တစ်စက္ကန့်လေးကအစ အရေးပါတယ်ဆိုတဲ့စကားက ဒီကားနဲ့ လုံးဝကွက်တိဖြစ်ပါလိမ့်မယ် ဒီကားထဲကဓားပြအဖွဲ့ဟာ ဘယ်လောက်တောင်ကျွမ်းကျင်အဆင့်လဲဆိုရင်ခေါက်ဆွဲပြုတ်နေတဲ့ ၁၀မိနစ်အတွင်းမှာ ဘဏ်ကို ဓားပြသွားတိုက်ပြီးခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲအေးဆေးပြန်လာစားနိုင်တဲ့အထိကိုအလန်းဇယားတော်တာပါနော် ခေါက်ဆွဲပဲစားရုံတင်ပဲမထင်လိုက်ပါနဲ့ရဲတွေအတွက် ခေါက်ဆွဲတောင် ဝယ်ကျွေးသွားပါသေးတယ် အဲ့လောက်ထိ အခန့်မှန်းမှာရော အလုအယက်မှာရော ရဲတွေထက်ရှေ့တစ်လှမ်းအမြဲစောနေတဲ့ ဓားပြအဖွဲ့ကို အပြောင်းရွှေ့ကျလာတဲ့ရဲအဖွဲ့ခေါင်းဆောင် ကျုံချန်က အမိ ဖမ်းနိုင်ပါ့မလား ဓားပြအဖွဲ့ကရောလှည့်စားမှုတွေနဲ့ ရဲတွေကို ဆက်ပြီးပိုင်ပိုင်နိုင်နိုင်ကစားသွားနိုင်ဉီးမလားဆိုတာကိုဆက်လက် ကြည့်ရှုလိုက်ကြပါတော့နော်...
Backrider (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 4 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖိတ်သ်က အနှိပ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်ပြီး ငွေပိုရရင် ခန္ဓာကိုယ်ကိုယ်ပါ ပေးလေ့ရှိပါတယ်။သူဒီလိုကြိုးကြိုးစားစားငွေရှာနေတာ တစ်ချိန်မှာ သူ့ချစ်သူနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပဲဖြစ်ပြီး သူ့ချစ်သူကို အွန်လိုင်းလုပ်ငန်းတစ်ခုမှာ ရင်းနှီးဖို့အတွက်ရသမျှငွေကို အပ်ပါတယ်။ သူက ငွေကိုနည်းပေါင်းစုံနဲ့ရှာနေပေမယ့် သူ့ချစ်သူဖြစ်တဲ့ ရေမွန်ကတော့ ငွေရှာတယ်ပြောပြီး အမြဲတမ်းဂိမ်းဆော့ ဘိလိယက်ထိုး အရက်သောက် အမြဲတမ်းအပျော်ရှာနေတဲ့သူပါ။သူ့ချစ်သူကိုတစ်စစ စိတ်ကုန်လာရင်း ဖောက်သည်အသစ်လူချောတစ်ယောက်ကို ရင်ဖွင့်မိရင်း တစ်ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူတို့နှစ်ယောက်ဟာ ဘ၀တူတွေဆိုတာသိလိုက်ရပါတော့တယ်။ကားရိုက်ကြဲသလို မတွေ့ရတာလည်း နည်းနည်းကြာသွားတဲ့ မမ Jenn Rosa ဦးဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့...
A Writer's Odyssey (2021) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Action #Adventure #Drama #Fantasy #Mystery 🗓 2021 🎞 movie 🌎 #China ⏰ 2 နာရီ 10 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ကတော့ yang mi ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလား ဇာတ်လမ်းအကြောင်းအရာလေးကတော့…ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါတစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကိုရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ် ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ “နတ်ဘုရားသုတ်သင်သူ” ဆိုတဲ့ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ထင်ထားပေမဲ့လည်း “နတ်ဘုရားသုတ်သင်သူ” ဝတ္ထုကလက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေကကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ...
Scamsgiving (2023) ⭐IMDB: 5.6/10 (84 Votes) 🎬 #Drama #Family 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 59 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့သရုပ်ဆောင်ကောင်းကြတဲ့ လိမ်ရာမှာ ပိရိတဲ့လူလိမ်သားအမိကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် Single Momတစ်ယောက်ဖြစ်တဲ့ ယွင်ကသူ့သား ဂျေဆန်နဲ့အတူဆန်ဖရန်ဆစ်စကိုရဲ့ တရုတ်တန်းမှာစတိုးဆိုင်ဖွင့်ထားတဲ့ အန်ဒီ့ဆီမှာ ဂျေဆန်ငယ်ငယ်ထဲက နေကြတာပါ သူတို့သားအမိတွေက လိမ်လည်ရာမှာ ပိရိကျွမ်းကျင်တာကြောင့်ငှားကြတဲ့သူတွေလည်းအများအပြားပါပဲအဲ့လိုနဲ့ တစ်နေ့မှာတော့ သူတို့က ပရောဂျက်ကြီးကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အဲ့ဒါကတော့ထိုင်ဝမ်ရဲ့ ထောင်လင် ကြွေထည်ရဲ့ ဥက္ကဌ apple ကိုလိမ်ဖို့ပါပဲ ဥက္ကဌကြီးက လွန်ခဲ့တဲ့ နှစ်၂၀ တုန်းက သူ့အမှားကြောင့်သေဆုံးသွားတဲ့ သားဖြစ်သူ အားရှင်းကို လွမ်းဆွတ်နေတာဖြစ်ပြီးလူလိမ်သားအမိက ဒါကို ချက်ကောင်းကိုင်ပြီးပန်းကန်စုတ်တစ်လုံးကို အားရှင်းလက်ရာပါဆိုပြီးလိမ်လည်ရေးအစီစဉ်ကို စခဲ့ပါတယ် ပြီးတော့ ဂျေဆန်က အားရှင်းရဲ့သားဖြစ်သူပါလို့ပါလိမ်လည်ထားတာကြောင့် ဂျေဆန်တို့သားအမိနဲ့အန်ဒီတို့ ဥက္ကဌကြီးရဲ့ ဖိတ်ခေါ်မှုနဲ့ ထိုင်ဝမ်ကိုရောက်လာခဲ့ပါတော့တယ်ကဲအဲ့တော့ ဂျေဆန်ရဲ့ဘဝအမှန်က ဘာလဲ နောက်ဆုံးမှာလိမ်လည်မှုက ပေါ်သွားမှာလား ဘာဆက်ဖြစ်မှာလဲဆိုတာကိုတော့စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်...
The Mummy (1999) ⭐TMDB: 69% User Score 🎬 #Action #Adventure #Fantasy 🗓 1999 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb (7/10)….Rotten Tomatoes(56%) ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။ မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး…အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူနှစ်ဦးအကြောင်းကိုအစပြုလို့….. ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။...
Light Light Light (2023) ⭐IMDB: 7.1/10 (248 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Finland ⏰ 1 နာရီ 27 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Light Light Light 2023 လှပသောနွေဦး Imdb 7.1လူတွေရဲ့ သတိမဲ့မှုကြောင့်အပူလွန်ကဲပြီးရိန်းကအဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ရတယ်ဒီရလဒ်အနေနဲ့ကတော့ အမှုန်တိမ်တိုက်ကြီးဖြစ်တည်ရွေ့လျားခဲ့ပြီးရေဒီယိုသတ္တိကြွတွေနဲ့ လူတွေကိုထိခိုက်စေလာလို့ပြောင်းကြရွေ့ကြအချိန် ဒီလိုအရွှေ့အပြောင်းထဲမီမီဆိုတဲ့ကလေးမလည်းအပါပေါ့ မြို့ငယ်လေးကိုကျောင်းပြောင်းလာခဲ့တဲ့သူမ အရာရာကအသစ်အဆန်းဖြစ်လို့ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲပေါ့ဒီလိုနဲ့သူတွေ့ဆုံခဲ့ရတာက မာရီယာ မာရီယာ့ကိုအိမ်ကသူငယ်ချင်းရစေချင်ခဲ့တာပါ အမြဲတမ်းတစ်ယောက်တည်းရပ်တည်လာတဲ့သူမအတွက်မီမီ့ကိုရခဲ့တော့ စာလည်းအတူလုပ် အတူစားအတူအိပ်ရင်းနဲ့တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်လေးတွေတိုးလာတာပေါ့လှပတဲ့နွေဦးမှာ ထွက်ပေါ်လာမဲ့ သူတို့၂ဦးရဲ့အလှပဆုံးသောအမှတ်တရတွေကိုခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်...
Customs Frontline (2024) ⭐TMDB: 60% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 57 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်နှစ်နေမှ တစ်ကားသာထွက်တဲ့ Nicolas Tse ရဲ့ 2024 ခုနှစ် အက်ရှင်ဇာတ်ကားသစ်လေးပါ။သူ့ကိုတော့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအနေနဲ့ဟွားဝူချွဲလို့သိကြပါတယ် ( ငါးကလေး ဇာတ်လမ်းတွဲမှ )နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဦး ပေါ့ကိုယ်တွေရဲ့ ဂျစ်ကန်ကန် Tse ဟာ ဒီကားမှာတော့ဆိပ်ကမ်းအကောက်ခွန်အရာရှိအဖြစ်နဲ့uniform နဲ့အထာကျနေပါတယ်။ ဇာတ်လမ်းကတော့ မုန်တိုင်းအပြီးမှာ အလောင်းတွေအပြည့်နဲ့မှောင်ခိုသင်္ဘောတစ်စီး ဟောင်ကောင်ကမ်းနားရောက်လာပါတယ်။နိုင်ငံခြားသားအလောင်းတွေအပြည့်နဲ့ ဘယ်ကလာမှန်းမသိတဲ့ကုန်တင်သင်္ဘောတစ်စင်းမှာ ဘယ်လိုလျှို့ဝှက်တွေနဲ့ပြည့်နေမလဲဆိုတာရဲတွေကရှာဖွေကြရပါတော့တယ် ဒီလိုနဲ့ အတွင်းကျကျစစ်ဆေးရင်း ကျယ်ပြန့်တဲ့လက်နက်မှောင်ခိုမှုကြီးတစ်ခုမှန်း သိလာရတဲ့အခါကမ္ဘာအကောက်ခွန်ပူးပေါင်းရေးကော်မတီနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးစုံစမ်းကြပြီး နောက်ကွယ်ကကြိုးကိုင်နေတဲ့ အဓိကတရားခံကိုဘယ်လိုဖေါ်ထုတ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲအကြောက်တရားမရှိ မတွန့်မဆုတ်ပဲ အမှန်တရားပေါ်လာတဲ့အထိဘယ်လိုကြိုးစားဖေါ်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...
Indrani: Epic-1 Dharam vs Karam (2024) ⭐IMDB: 8.1/10 (1 k Votes) 🎬 #Action #Bollywood #Comedy #Drama #SciFi #ScienceFiction #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indrani: Epic-1 Dharam vs Karam ( 2024 )“စူပါဂဲလ်အင်ဒရာနီ” CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်.. သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကိုအောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကိုအောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကိုသိရှိသွားပါတော့တယ်.. ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီးတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်းသူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကိုကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီးဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်.. လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn Lunn တို့ပဲ ဖြစ်ပါတယ်...
The Eye 2 (2004) ⭐TMDB: 59% User Score 🎬 #Horror #Thriller 🗓 2004 🎞 movie 🌎 #HongKong #Netherlands #Singapore ⏰ 1 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။ အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။...
She Hate Me (2004) ⭐TMDB: 51% User Score 🎬 #Comedy #Drama 🗓 2004 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.3/10 ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။ သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ဖခင်ကိုတော့ ဂျွန်ကို ဖြစ်စေချင်တာပါ။ ဂျွန်ကလည်း တစ်ဖက်မှာ အလုပ်ကလည်း အဆင်မပြေတာနဲ့ ဖာတီမာနဲ့ သူမ ချစ်သူကို အဆင်ပြေအောင် ကူညီပေးလိုက်ရာကနေ နောက်ထပ် နောက်ထပ်သော လိင်တူချစ်ကြိုက်ပြီး ကိုယ်ဝန်ဆောင်လိုတဲ့ အမျိုးသမီးလေးများက သူ့ဆီသို့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
