es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Shepherd (2008) ⭐IMDB: 5.4/10 (7 k Votes) 🎬 #Action #Crime #Thriller 🗓️ 2008 🎞️ Movie 📺 1080p 🌎 #USA #UnitedStates ⏰ 1 နာရီ 35 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2008 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဗန်ဒိန်းကားဟောင်းတစ်ကား ဖြစ်ပါတယ်။ ကန်ချက်လှလှတွေနဲ့ ဖမ်းစားခဲ့တဲ့ ပြင်သစ်မင်းသားကြီး ဗန်ဒိန်းဆို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ ဒီကားထဲမှာ Scott Adkin တောင် အရန်နေရာလောက်ပဲ ပါဝင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးအော်လင်းမြို့ကြီးကနေ နယ်စပ်မြို့ကလေး ကိုလမ်ဘတ်စ်ကို ယုန်တစ်ကောင်နဲ့ ထူးဆန်းတဲ့ ရဲသားတစ်ယောက် ဂျက် ဌာနပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကလည်း နယ်စပ် တရားမဝင်ရွေ့ပြောင်းလူတွေ အမေရိကန်ဖက်ကို ခိုးဝင်ကြလို့ ဖြေရှင်းနေရတဲ့ကာလတစ်ခုပေါ့။ ဂျက်ရဲ့အထက်အရာရှိ ကပ္ပတိန်မမကြီးကလည်း အပေါက်ကတော့ တော်တော်ဆိုးပြောရမယ် အဲဒါအပြင် ဂျက်ကို တွဲဖက်ရှာပေးပြီး ပြဿနာမရှာဖို့ဆိုပြီး ထိန်းထားဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဂျက်တို့လည်း နယ်စပ်ကင်းလှည့်ရင်း ခိုးဝင်လာသူတွေကို ဖမ်းဆီးတဲ့အချိန် ဘိန်းဖြူသယ်လာတာကို မြင်ရပြီး မအောင်မြင်တော့ ဖောက်ခွဲပစ်တာကိုလည်း ကြုံလိုက်ရပါတယ်။ အဲဒါနဲ့ စုံစမ်းတဲ့အချိန်မှာ တစ်ဖက်က ဘိန်းဖြူကုန်ကူးနေတဲ့အဖွဲ့က အမေရိကန် စစ်ပြန် အတိုက်အခိုက်တော်ကြတဲ့လူတွေချည်း စုထားတာကို သိရှိရပါတယ်။ ဒီလိုနဲ့ ဂျက်တို့ ဒီမှောင်ခိုဂိုဏ်းကို ဘယ်လိုချေမှုန်းကြမလဲ၊ ဂျက် ဒီမြို့ကိုပြောင်းလာရတဲ့ တကယ့်ရည်ရွက်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Taxidermia (2006) ⭐IMDB: 6.8/10 (18 k Votes) 🎬 #Comedy #Drama #Horror 🗓️ 2006 🎞️ Movie 📺 720p 🌎 #Hungary #Austria #France ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။

Chor Nikal Ke Bhaga (2023) ⭐IMDB: 7.5/10 (501 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chor Nikal Ke Bhanga(2023)***************************************** IMDb-8/10 Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ ဇာတ်လမ်းအကျဉ်း သက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီးတွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာအန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကိုသူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်းအကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲအဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။ သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ…အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား…နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ ….ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ်

The Antique Shop (2022) ⭐IMDB: 5.7/10 (51 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Thailand ⏰ 1 နာရီ 29 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Antique Shop (2022) “ရှေးဟောင်းပစ္စည်းဆိုင်” ဆိုတဲ့ နာမည်အတိုင်းပါပဲ။ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ ဇာတ်လမ်း ၃ ပုဒ်ကို တင်ပြထားတာပါ။ ရှေးဟောင်းပစ္စည်းတွေမှာက ပိုင်ရှင်အဟောင်းတွေ ရှိတတ်တယ်။အစောင့်အရှောက်တွေ ရှိတတ်တယ် ဆိုတဲ့ ဇာတ်လမ်းတွေ ပုံပြင်တွေ ကြားဖူးကြမှာပါ။ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရအောင်ပါ။ဇာတ်လမ်းစပုံကတော့ ဒီလိုပါ။စင်ကာပူသားတစ်ယောက် ထိုင်းနိုင်ငံက ရှေးဟောင်းပစ္စည်းဆိုင်ကို ရောက်တော့ရှေးဟောင်းပစ္စည်းဆိုင်က ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရာကနေ စပါတယ်။ နံပါတ် (၁) ဇာတ်လမ်းကတော့ အင်ဒိုနီးရှားသရုပ်ဆောင် Rio Dewanto ရဲ့ “သေမိန့်ကျထိုင်ခုံ”နံပါတ် (၂) ဇာတ်လမ်းကတော့ စင်ကာပူမင်းသား Aloysius Pang ရဲ့ “‌‌လက်ကောက်ထဲကထောင်ချောက်”နံပါတ် (၃) ဇာတ်လမ်းကတော့ CIX member Bae Jinyoung၊ ထိုင်းမင်းသားချော Mean Phiravich တို့ရဲ့ “မွေးနေ့ပွဲ” ပါ။ ဒီပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲဆိုတာတစိမ့်စိမ့်တွေးပြီး တရေးရေးကြောက်ဖို့ ဆိုင်ပိုင်ရှင်ပြောပြတဲ့ ဇာတ်လမ်းသုံးပုဒ်ကို စင်ကာပူသားနဲ့အတူ နားဆင်ကြည့်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။

Addicted (2016- ) ⭐IMDB: 8.1/10 (1 k Votes) 🎬 #Drama #Comedy #Romance 🗓️ 2016- 🎞️ Series 📺 1080p 🌎 #China ⏰ 25 မိနစ် 24 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 အပိုင်း(၁) - ဘိုင်လျိုယင်ဟာ သူနဲ့ တစ်သက်လုံး အနေနီးခဲ့တဲ့ ဖခင်ဖြစ်သူနဲ့အတူ နေပါတယ်။ သူ့အမေက ဗိုလ်ချုပ်ဂူဝေတင်နဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့သား ဂူဟိုင်က သူ့အမေသေတဲ့ကိစ္စမှာ သူ့အဖေပါဝင်ပတ်သက်နေတယ်လို့သံသယဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို မကျေနပ်ပါဘူး။ နှစ်ဝက်အတန်းသစ်မှာ ဘိုင်လျိုယင်နဲ့ဂူဟိုင် အတန်းတစ်တည်းမှာ ကျကြပါတယ်။ သူတို့ဟာ စတွေ့တွေ့ချင်းမှာတင် အကြောမတည့်ကြပါဘူး။ အပိုင်း(၂) - ယူချီဟာ သူ့ကိုသဘောကျသူဆီကနေ လက်ဆောင်တစ်ခုရပေမဲ့ အဲဒါကို ဘိုင်လျိုယင်ပေးတာလို့ ထင်နေပါတယ်။ ကျောင်းဆင်းချိန်မှာ ဂူဟိုင်က လျိုယင်ကို နောက်ကနေလိုက်ချောင်းပြီး နောက်တစ်နေ့ကျတော့ သူလိုနေတာတွေကို လက်ဆောင်ပေးပြီး အိမ်စာကိစ္စအတွက်လည်း တောင်းပန်လိုက်ပါတယ်။ လျိုယင်ရဲ့အနောက်ခုံမှာ ဂူဟိုင် ပြောင်းထိုင်လိုက်ပြီး ကလဲ့စားချေရေးအကြံထုတ်ပါတော့တယ်။ ကာယအတန်းချိန်မှာ ဂူဟိုင်ဟာ တစ်မိနစ်အတွင်း ၁၀၆ ကြိမ် ဒိုက်ထိုးပြပြီး အားလုံးအံ့အားသင့်အောင် လုပ်လိုက်ပါတယ်။ အပိုင်း(၃) - ဂူဟိုင်ဟာ အကြိမ်တစ်ရာကျော် ဘားခိုပြပြီး သူ့ကာယဆရာကို အနိုင်ယူလိုက်ပါတယ်။ လျိုယင်က ဂူဟိုင့်ကို ကလဲ့စားချေတဲ့အနေနဲ့ သူ့ကျောင်းဂျာကင်ကို အပိတ်ချုပ်ပစ်လိုက်ပါတယ်။ ဂူဟိုင်နဲ့လျိုယင်ကြားမှာ ကလဲ့စားချေမှုအမြောက်အများဖြစ်နေချိန်မှာပဲ လျိုယင်က အကြံအစည်အသစ်တစ်ခုထုတ်ပြီး စက်ဆီတွေဝယ်ကာ စာသင်ခန်းတံခါးကို သော့ပိတ်သွားအောင်လုပ်လိုက်ပါတယ်။ လျိုယင်မသိလိုက်တာကတော့ ဒီလုပ်ရပ်ကြောင့် သူ့အတွက် ပုံရိပ်မကောင်းဖြစ်သွားစေတယ်ဆိုတာပါပဲ။ နောက်တစ်နေ့ လျိုယင် အတန်းထဲရောက်တော့ မနက်စာမုန့်တွေ ရပါတယ်။ အဲဒါတွေကို ယူချီပေးတာလို့ သူ ထင်သွားပါတယ်။ အပိုင်း(၄) - ဂူဟိုင်ဟာ ကျောင်းဆရာဝန်ဆီကနေ အိပ်ဆေးနှစ်လုံးယူပြီး လျိုယင့်ရေဘူးထဲ ထည့်လိုက်ပါတယ်။ ကံဆိုးချင်တော့ အဲဒီမနက်က လျိုယင်သောက်ထားတဲ့ အအေးမိပျောက်ဆေးက သက်တမ်းလွန်နေပြီး အဲဒါနဲ့အိပ်ဆေးတွေပေါင်းလိုက်တဲ့အခါ သူ အတန်းထဲမှာတင် သတိလစ်သွားပါတော့တယ်။ နောက်တစ်နေ့မှာ တခြားအတန်းက ဝူဖန်းဆိုတဲ့ မနာလိုဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ အတန်းထဲဝင်ချလာပြီး လျိုယင့်အမေကို ပြည့်တန်ဆာလို့ခေါ်ကာ စော်စော်ကားကားပြောပါတယ်။ ဒေါသအကြီးအကျယ်ထွက်သွားတဲ့ ဂူဟိုင်ဟာ ဝူဖန်းကို တွန်းချပြီး အဆက်မပြတ်ထိုးကြိတ်ပါတော့တယ်။ အပိုင်း(၅) - ဘိုင်လျိုယင် သောက်တာအရမ်းများပြီး မူးသွားတဲ့အတွက် ဂူဟိုင်က အိမ်လိုက်ပို့ပါတယ်။ ဂူဟိုင် အိမ်ပြန်ရောက်တော့ သူ့အဖေကို အိမ်မှာတွေ့ပါတယ်။ သူ့ကို သူ့သွေးမတော်သားမစပ်အစ်ကိုရယ် မိထွေးရယ်နဲ့အတူ သူ့အဖေအိမ်ပြောင်းနေဖို့ တောင်းဆိုတာကို ငြင်းလိုက်ပါတယ်။ သူ့အဖေ ဒေါသထွက်သွားပြီး သူ့ကို ရိုက်နှက်ပါတော့တယ်။ နောက်ပြီးကျတော့ ဘိုင်လျိုယင်နဲ့ ဂူဟိုင်တို့ ငါးမျှားထွက်ကြပါတယ်။ အပိုင်း(၆) - ကျောင်းကို ဂူဟိုင့်ရည်းစား ဂျင်လုလုရောက်လာပြီး ဂူဟိုင်နဲ့ အတင်းအကျပ် တွေ့ခွင့်တောင်းပါတယ်။ ကျောင်းဆင်းတော့ ဂူဟိုင်က ဂျင်လုလုနဲ့တွေ့ပေးဖို့ လျိုယင့်ကိုဖိတ်ပြီး သူတို့သုံးယောက် နေ့လယ်စာ အတူစားကြပါတယ်။ လျိုယင့်ကို ဂူဟိုင် ဂရုစိုက်နေတာကို လုလုက သဝန်တိုပေမဲ့ ဒါကို လျိုယင်က လုလုဘက်ပဲ ပြန်လှည့်လှည့်ပေးလိုက်တဲ့အတွက် လျိုယင့်ကို သူမ တဖြည်းဖြည်းနဲ့ သဘောကျလာပါတယ်။ အပိုင်း(၇) - ဂူဟိုင့်အဖေဟာ သူကမ်းလှမ်းတဲ့ အခွင့်ထူးတွေကို ဘိုင်လျိုယင် လက်ခံမယ်လို့မျှော်လင့်ပြီး ဘိုင်လျိုယင်နဲ့တွေ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘိုင်လျိုယင့်အမေ ကျန်ယွမ်က ဂူဟိုင်နဲ့သွားတွေ့ပြီး မိသားစုနဲ့အတူ ပြောင်းနေဖို့ကိစ္စ ပြောပါတယ်။ သူတို့မိသားစုအခြေအနေတွေကို မသိထားတဲ့ ဂူဟိုင်ဟာ ဘိုင်လျိုယင့်အိမ်မှာ ပြောင်းနေပြီး သူနဲ့အိပ်ရာတစ်ခုတည်းအိပ်ကာ နေ့တိုင်း ကျောင်းအတူတူသွားကြပါတော့တယ်။ အပိုင်း(၈) - ဘတ်စကက်ဘောကစားနေတုန်းမှာ အခြားကျောင်းသားတစ်ယောက်ကြောင့် ဘိုင်လျိုယင့်ခြေ‌ထောက်နဲ့မျက်နှာမှာ ဒဏ်ရာရသွားပါတယ်။ လျိုယင့်ကို ဒဏ်ရာရအောင်လုပ်တဲ့ အဲဒီကျောင်းသားဟာ ဂူဟိုင်ကန်တာခံရပါတယ်။ နောက်ပြီးကျတော့ ဂူဟိုင်က လျိုယင့်ဒဏ်ရာတွေကို ဆေးကူထည့်ပေးပါတယ်။ ညဘက်ကျတော့ အိပ်ရာထဲမှာ ဂူဟိုင်ဟာ သူနဲ့လျိုယင်ကြားက လိင်တူအဟန့်အတားကို ချေဖျက်ဖို့ကြိုးစားပေမဲ့ လျိုယင်က ငြင်းပါတယ်။ ဂူဟိုင်နဲ့လျိုယင်တို့ ဂူဟိုင့်သူငယ်ချင်းတွေဖြစ်တဲ့ လီရှိုနဲ့ကျိုးစီဟူတို့ဆီ သွားလည်ကြပါတယ်။ ဂူဟိုင်က သူ့ကို တခြားသူတွေထိရင်မကြိုက်တာကို အဲဒီမှာ လျိုယင် သိလိုက်ရပါတယ်။ အပိုင်း(၉) - ဂူဟိုင်အိမ်ပြောင်းတာကို ဘိုင်လျိုယင် ကူညီပေးနေတုန်း ဂူဟိုင့်ရည်းစား ဂျင်လုလုနဲ့ တွေ့ပါတယ်။ သူမပြောဆိုပုံကို ဂူဟိုင်ရဲ့တုံ့ပြန်မှုကြောင့် သူမ ဒေါသူပုန်ထပေါက်ကွဲသွားပါတယ်။ သူတို့သုံးယောက် ညစာအတူစားကြပါတယ်။ ဒါပေမဲ့ ဂူဟိုင်က ဘိုင်လ

Delta Force 2: The Colombian Connection (1990) ⭐IMDB: 4.9/10 (8 k Votes) 🎬 #Action #Adventure #Crime #Thriller 🗓️ 1990 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Delta Force 2: The Colombian Connection (1990) မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက်The Delta Forceပါ။ ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ မက်ကွိုင်းနဲ့ သူ့ရဲ့ Delta Force ဟာ လျှပ်စီးလို အရှိန်အဟုန်နဲ့ တရားလွန် စိတ်လှူပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းထဲမှာ ဓားစာခံတွေကို ကယ်တင်ပြီး အညှာအတာကင်းမဲ့တဲ့ ရာဇဝတ်သား အကောင်ကြီးကြီးကို ဖျက်ဆီးပစ်ဖို့အရေး ပြင်းထန်လှတဲ့ Final Battle ကို ဘယ်လိုဆင်နွှဲမလဲဆိုတာ… ရင်သိမ့်တုန် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)

Delta Force 2: The Colombian Connection (1990) ⭐IMDB: 4.9/10 (8 k Votes) 🎬 #Action #Adventure #Crime #Thriller 🗓️ 1990 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Delta Force 2: The Colombian Connection (1990) မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက်The Delta Forceပါ။ ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ မက်ကွိုင်းနဲ့ သူ့ရဲ့ Delta Force ဟာ လျှပ်စီးလို အရှိန်အဟုန်နဲ့ တရားလွန် စိတ်လှူပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းထဲမှာ ဓားစာခံတွေကို ကယ်တင်ပြီး အညှာအတာကင်းမဲ့တဲ့ ရာဇဝတ်သား အကောင်ကြီးကြီးကို ဖျက်ဆီးပစ်ဖို့အရေး ပြင်းထန်လှတဲ့ Final Battle ကို ဘယ်လိုဆင်နွှဲမလဲဆိုတာ… ရင်သိမ့်တုန် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)

Mesrine: Killer Instinct (2008) ⭐IMDB: 7.5/10 (34 k Votes) 🎬 #Action #Biography #Crime #Drama #Thriller 🗓️ 2008 🎞️ Movie 📺 720p 🌎 #France #Canada #Italy ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mesrine: Killer Instinct(2008) **************************** Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး မိဘအိမ် ပြန်လာတဲ့ သူပါ…သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူးဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူ Guido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့် တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,,အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့…

Mesrine: Killer Instinct (2008) ⭐IMDB: 7.5/10 (34 k Votes) 🎬 #Action #Biography #Crime #Drama #Thriller 🗓️ 2008 🎞️ Movie 📺 1080p 🌎 #France #Canada #Italy ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mesrine: Killer Instinct(2008) **************************** Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး မိဘအိမ် ပြန်လာတဲ့ သူပါ…သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူးဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူ Guido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့် တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,,အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့…

Hunter - Tootega Nahi, Todega (2023- ) ⭐IMDB: 7.5/10 (302 Votes) 🎬 #Action & Adventure #Crime #Action #Adventure #Thriller 🗓️ 2023- 🎞️ Series 📺 1080p 🌎 #India ⏰ 24 မိနစ် 44 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hunter – Tootega Nahi, Todega (2023)Hunter 2023 IMDb 8.4/10ယခုတစ်ခါမှာတော့ Rating လည်းကောင်း မင်းသားကြီး Suniel Shetty ပါတဲ့ အပြင်ကိုမှ Plot တွေကလည်းရှယ်ဆိုမှရှယ်စီးရီးလေးတင်ဆက်ပေးချင်ပါတယ် ACP ဗစ်ကရမ်က ရဲဆိုလည်းဟုတ်သလို တစ်ဖက်မှာလည်းပိုက်ဆံယူပြီး လူပျောက်ရှာတယ်ပေါ့ဘယ်လောက်တော်လဲဆိုရင် နှစ်နဲ့ချီပျောက်နေတဲ့လူကိုတောင် ၂၄နာရီအတွင်းတွေ့အောင်ရှာနိုင်ပါတယ် သူ့ကိုအလုပ်လာအပ်တဲ့လူလည်းများသလို ကြေးကလည်းတော်ရုံလူကပ်မရဘူးပေါ့ ဒီလိုနဲ့ပျောက်ဆုံးမှုတွေလိုက်ရင်းတစ်ရက်မှာ လီနာသောမတ်စ်ဆိုသူကိုရှာဖို့အကြောင်းဖန်လာပါတယ်ဒီနာမည်နဲ့လည်းမိဘမဲ့ဂေဟာတစ်ခုရှိတော့ သူလိုက်စုံစမ်းရင်း ဒီဂေဟာနောက်ကွယ်မှာထင်မှတ်မထားတဲ့ကိစ္စကြီးပေါ်လာပါတော့တယ် ဒါ့အပြင်ကို သူစစုံစမ်းကာမှ ဂေဟာကလူတချို့အသတ်ခံရပြီးလက်နက်မှာလည်း သူ့လက်‌ဗွေထွက်လာတဲ့အခါမှာ‌တော့…ဒီကိစ္စ တွေကဘာများဖြစ်မလဲ…ပိုက်ဆံကြောင့် ဝင်စွက်ဖက်မိရာက ဗစ်ကရမ်တစ်ယောက်အသက်အန္တရာယ်ထိ ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုရုန်းကန်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်File Size – 900MB / 400MBQuality – 1080p WEB DL /720pDuration – 24minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Crime

Young Guns (1988) ⭐IMDB: 6.8/10 (64 k Votes) 🎬 #Action #Drama #Western 🗓️ 1988 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Young Guns (1988) ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။ ၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။ ဒီကားက အနောက်ပိုင်းတရားလက်လွန်မဖြစ်သေးခင်ကနေ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတဲ့ အချက်ကို ပါးပါးလေးပုတ်ထားတာဆိုတော့ တရားဥပဒေနည်းနည်းပိုပါသေးတယ်။ တရားသူကြီးတစ်ပွေရှိတယ်။ ဝီလ်ဆန်တဲ့။ မာဖီ့ဘက်မှာ ရဲမှူးကရှိနေတော့ တရားသူကြီးလည်း ဒီအမှုကိုဘာမှလုပ်မရဘူး။ ရှေ့နေက တရားသူကြီးကို မဟုတ်တမ်းတရမ်း အကြံပေးတယ်။ အဆိပ်ကို အဆိပ်နဲ့ပဲတိုက် ဆရာ… လူမိုက်တွေကိုရှင်းဖို့ လူမိုက်တွေကို လိုတယ်ဆိုပြီး ဂျွန်လက်သပ်မွေးထားတဲ့ ၂၀ မပြည့်သေးတဲ့ သေနတ်သမား စောက်ကလေးတွေကို ဝရမ်းပေးပြီး ကြည့်ရှင်းခိုင်းလိုက်တယ်။ ဟိုကလည်း ဖမ်းသွားပါဆိုပြီး အဖမ်းမခံတော့ ဆော်ကြပစ်ကြနဲ့ ဘီလီသောက်ကလေးဆိုပြီးဖြစ်လာမယ့်ဘဲက ဖမ်းရမယ့်ကောင်တွေကို ပစ်သတ်ချလိုက်တယ်။ အဲဒီနောက် သူတို့နာမည်ကြီးလာရော။ ဒါပေမဲ့ သူတို့ကို စစ်တပ်ကရော မာဖီ့လူတွေကရော လိုက်ဖမ်းကြတဲ့အခါမှာတော့… Billy the Kid အဖြစ် The Breakfast Club တို့၊ The Outsiders တို့လို ဂန္ထဝင် Coming of Age ရုပ်ရှင်တွေက သရုပ်ဆောင် Emilio Estevez က သရုပ်ဆောင်ထားပါတယ်။ 3 အနေနဲ့လာမယ့်ကားထဲမှာတော့ Billy the Kid နေရာဟာ ခုလတ်တလော ရုပ်ရှင်ပရိသတ်တွေအကြိုက် မင်းသားတစ်လက်ဖြစ်တဲ့ Barry Keoghan ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Young Guns (1988) ⭐IMDB: 6.8/10 (64 k Votes) 🎬 #Action #Drama #Western 🗓️ 1988 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Young Guns (1988) ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။ ၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ပြီး သူ့ခြံမှာအလုပ်ပေးထားတယ်။ သူက ခိုင်းစားရုံမဟုတ်ဘဲ စာဖတ်ဘာညာပါသင်ပေးပြီး စာတတ်ပေတတ် သေနတ်သမားလေးတွေဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ အဲဒီအချိန် အဲဒီနေရာမှာ သူ့ပြိုင်ဘက် ပိုအင်အားကြီးတဲ့ မာဖီလို့ခေါ်တဲ့ ခြံရှင်တစ်ပွေရှိသေးတယ်။ သူက ဂျွန်ကို မျက်စိစပါးမွှေးဆူးနေတယ်။ ဆူးဆို စီးပွားပြိုင်ဘက်ကိုး။ ပင်လယ်ရေဆိုတာ ခပ်သောက်မကုန်ပေမဲ့ ကမ်းစပ်မှာ ဆားချက်ပြီးရောင်းရင်တော့ သူ့ဆားနဲ့ကိုယ့်ဆား ပြိုင်ရောင်းရမှာကိုး။ ပြိုင်ဘက်မရှိတာ အကောင်းဆုံးပဲဆိုတော့ မာဖီ့လူတွေက ဂျွန့်ကိုသတ်ချလိုက်တယ်။ ဒီကားက အနောက်ပိုင်းတရားလက်လွန်မဖြစ်သေးခင်ကနေ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတဲ့ အချက်ကို ပါးပါးလေးပုတ်ထားတာဆိုတော့ တရားဥပဒေနည်းနည်းပိုပါသေးတယ်။ တရားသူကြီးတစ်ပွေရှိတယ်။ ဝီလ်ဆန်တဲ့။ မာဖီ့ဘက်မှာ ရဲမှူးကရှိနေတော့ တရားသူကြီးလည်း ဒီအမှုကိုဘာမှလုပ်မရဘူး။ ရှေ့နေက တရားသူကြီးကို မဟုတ်တမ်းတရမ်း အကြံပေးတယ်။ အဆိပ်ကို အဆိပ်နဲ့ပဲတိုက် ဆရာ… လူမိုက်တွေကိုရှင်းဖို့ လူမိုက်တွေကို လိုတယ်ဆိုပြီး ဂျွန်လက်သပ်မွေးထားတဲ့ ၂၀ မပြည့်သေးတဲ့ သေနတ်သမား စောက်ကလေးတွေကို ဝရမ်းပေးပြီး ကြည့်ရှင်းခိုင်းလိုက်တယ်။ ဟိုကလည်း ဖမ်းသွားပါဆိုပြီး အဖမ်းမခံတော့ ဆော်ကြပစ်ကြနဲ့ ဘီလီသောက်ကလေးဆိုပြီးဖြစ်လာမယ့်ဘဲက ဖမ်းရမယ့်ကောင်တွေကို ပစ်သတ်ချလိုက်တယ်။ အဲဒီနောက် သူတို့နာမည်ကြီးလာရော။ ဒါပေမဲ့ သူတို့ကို စစ်တပ်ကရော မာဖီ့လူတွေကရော လိုက်ဖမ်းကြတဲ့အခါမှာတော့… Billy the Kid အဖြစ် The Breakfast Club တို့၊ The Outsiders တို့လို ဂန္ထဝင် Coming of Age ရုပ်ရှင်တွေက သရုပ်ဆောင် Emilio Estevez က သရုပ်ဆောင်ထားပါတယ်။ 3 အနေနဲ့လာမယ့်ကားထဲမှာတော့ Billy the Kid နေရာဟာ ခုလတ်တလော ရုပ်ရှင်ပရိသတ်တွေအကြိုက် မင်းသားတစ်လက်ဖြစ်တဲ့ Barry Keoghan ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Children of the Corn (2020) ⭐IMDB: 3.6/10 (845 Votes) 🎬 #Horror #Thriller 🗓️ 2020 🎞️ Movie 📺 720p 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Children of the Corn (2020) ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်‌အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀‌လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ ရှပ်ရှင်ထဲမှာတော့ ‌Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမ‌လေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)

Children of the Corn (2020) ⭐IMDB: 3.6/10 (845 Votes) 🎬 #Horror #Thriller 🗓️ 2020 🎞️ Movie 📺 1080p 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Children of the Corn (2020) ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်‌အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀‌လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ ရှပ်ရှင်ထဲမှာတော့ ‌Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမ‌လေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)

Species: The Awakening (2007) ⭐IMDB: 4.0/10 (7 k Votes) 🎬 #Action #Adult #Horror #Sci-Fi #Adventure #SciFi #Thriller 🗓️ 2007 🎞️ Movie 📺 720p 🌎 #USA #Mexico #UnitedStates ⏰ 1 နာရီ 39 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း….ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ…ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

Species III (2004) ⭐IMDB: 4.2/10 (10 k Votes) 🎬 #Action #Adult #Horror #Sci-Fi #ScienceFiction #SciFi 🗓️ 2004 🎞️ Movie 📺 720p 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 3 (2004) ဇာတ်လမ်းအကျဉ်း….ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

Species: The Awakening (2007) ⭐IMDB: 4.0/10 (7 k Votes) 🎬 #Action #Adult #Horror #Sci-Fi #Adventure #SciFi #Thriller 🗓️ 2007 🎞️ Movie 📺 1080p 🌎 #USA #Mexico #UnitedStates ⏰ 1 နာရီ 39 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း….ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ…ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

Species III (2004) ⭐IMDB: 4.2/10 (10 k Votes) 🎬 #Action #Adult #Horror #Sci-Fi #ScienceFiction #SciFi 🗓️ 2004 🎞️ Movie 📺 1080p 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 3 (2004) ဇာတ်လမ်းအကျဉ်း….ဂြိုလ်သားတွေနဲ့လူသားတွေကြား တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေတဲ့တိုက်ပွဲတွေထဲက ကျန်ရှိနေတဲ့ ဂြိုလ်သားမျိုးကို စမ်းသပ်မွေးမြူဖို့ ဆုံးဖြတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

Species II (1998) ⭐IMDB: 4.5/10 (30 k Votes) 🎬 #Action #Adult #Horror #Sci-Fi #SciFi #Thriller 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း….ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်….ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

Species II (1998) ⭐IMDB: 4.5/10 (30 k Votes) 🎬 #Action #Adult #Horror #Sci-Fi #SciFi #Thriller 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း….ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်….ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။