es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Three Dates to Forever (2023) ⭐IMDB: 5.6/10 (167 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Online Dating ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါသေးတယ်။ Tinder လို app ဟာ အောင်မြင်နေခဲ့တာ ကြာပါပြီ။ ရည်ရွယ်ချက်က ဖူးစာရှင် ရှာတွေ့နိုင်ဖို့ online ပေါ်ကနေ ရှာဖွေကြတာပါ။ ဒီဇာတ်ကားကလည်း dating scene တွေအပေါ် မှီတည်ပြီးရိုက်ပြထားတာပါ။ ရေဒီယို ကြေညာသူ မက်ဒီက online dating လုပ်ဖို့ မပြောနဲ့ အလုပ်တွေထဲမှာသာ အာရုံအပြည့်ထည့်ထားသူ တစ်ယောက်ပါ။ Application အသစ်တစ်ခုဖြစ်တဲ့ Tripledate က သုံးကြိမ် ချိန်းဆိုပြီးတာနဲ့ ဖူးစာရှင် အစစ်ကိုတွေ့နိုင်မယ် မဟုတ်ရင် ငွေပြန်အမ်းမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံပေးပြီး online dating scene ထဲ ဝင်လာဖို့ ကြိုးစားနေပါတယ်။ Online dating ကို အယုံအကြည်မရှိတဲ့ မက်ဒီကလဲ ဒီ app ကို အလိမ်အညာဆိုပြီး ရေဒီယိုကနေ လှော်ပါတော့တယ်။ App ရဲ့ ဖန်တီးသူ ဂျွန်က မယုံကြည်ရင် ကိုယ်တိုင်စမ်းကြည့်လိုက်ပါလို့ စတူဒီယိုထိ လာပြီးစိန်ခေါ်ပါတော့တယ်။ App ကရော တကယ် အစစ်အမှန်လား။ စိန်ခေါ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ သူတို့ကရော တကယ်ပဲ ဖူးစာရှင်နဲ့ တွေ့နိုင်ကြပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

South Park: The End of Obesity (2024) ⭐TMDB: 78% User Score 🎬 #Animation #Comedy #TVMovie 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 50 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါမှာတော့ South Park ရဲ့ special episode တစ်ခုဖြစ်တဲ့ The end of obesity ဆိုတဲ့ အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်… South Park ဆိုတာကတော့ လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး လှောင်ပြောင်သရော်တဲ့ adult animation ဖြစ်ပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ကတ်ဒ်မန်းဆိုတဲ့လူငယ်လေးဟာအဝလွန်ရောဂါဖြစ်နေတဲ့အတွက် Ozempic ဆိုတဲ့ဆေးကိုသုံးဖို့ဆရာဝန်ကညွှန်းပါတယ်… semaglutide ပါဝင်တဲ့ Ozempic ဆေးဟာ ဈေးကြီးလွန်းတဲ့အတွက် ကတ်ဒ်မန်းတို့မိသားစုမတတ်နိုင်ပါဘူး… အာမခံကုမ္ပဏီကလည်း လူနာမှာ ဆီးချိုရောဂါရှိမှသာ ဆေးဖိုးကိုကျခံပေးမှာဖြစ်ပါတယ်…Ozempic ဆေးဟာ ‌ဆီးချိုရောဂါအတွက်သာ FDA ထောက်ခံချက်ရရှိထားတာဖြစ်ပြီး အဝလွန်ရောဂါအတွက်မထောက်ခံထားလို့ပါ…. တစ်ဖက်မှာလည်း သက်လတ်ပိုင်းအမျိုးသမီးတွေအကြား Ozempic, Mounjaro, Zepbound စတဲ့အဆီချဆေးတွေဟာ ရေပန်းစားလာခဲ့ပါတယ်…လူသုံးများလွန်းလို့ဆေးပြတ်တောက်တဲ့အထိပါဖြစ်လာပါတယ်…. ဒီတော့ ကတ်ဒ်မန်းဟာသူ့ရဲ့အဆီချဆေးရဖို့ဘယ်လိုလုပ်မလဲ….သူ့သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ….ဆေးကိုအလွန်အကြူးသုံးစွဲနေတဲ့သက်လတ်ပိုင်းအမျိုးသမီးအုပ်စုကရော နောက်ထပ်ဆေးထပ်ရဖို့ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. South Park ရဲ့ ဒီ End of obesity ဆိုတဲ့အပိုင်းဟာ တကယ့်လက်‌တွေ့ဘဝက semaglutide ဆေးနဲ့ပတ်သက်ပြီးလူကြိုက်များမှု…ဆေးပြတ်တောက်မှုအကြောင်းကိုရိုက်ပြထားတာပါ (၂၀၂၃-၂၀၂၄ မှာဆေးကပြတ်တောက်သွားပြီလို့ဖတ်ရပါတယ်)….Adult animation ဆိုတဲ့အတိုင်းရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေပါဝင်ပါတယ်…ချင့်ချိန်ကြည့်ရှုကြပါခင်ဗျာ
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

The Deep Dark (2023) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Adventure #Drama #Horror 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့… ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ)
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Antigang: La Relève (2023) ⭐IMDB: 5.4/10 (727 Votes) 🎬 #Action #Crime #Drama #Thriller #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ပြစ်သစ် ရဲကားလေး တင်ဆက်ပေးလိုက်ပါတယ်… ရဲနှစ်ယောက် ရုပ်ရှင်တွေလိုမျိုး ဆိုပေမယ့် ဒီတစ်ခါက အဖေဖြစ်သူရယ် မျက်နှာကြောမတည့်တဲ့ ၁၄ နှစ်အရွယ်သမီးလေးရယ် ဇာတ်လမ်းပါ နီးလ်က အကြမ်းဖက်သမားတွေကြောင့် သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး ရဲဝန်ထမ်းဘဝကနေပါ အနားယူခဲ့ရပါတယ်… ၁၄ နှစ်အရွယ် သမီးဖြစ်သူ ရှားလော့က ဆရာမနိုင်၊ထိန်းကျောင်းရခက်တဲ့ ကလေးမလေးဖြစ်ပြီး တစ်နေ့မှာတော့ တစ်ချိန်က ရှားလော့ရဲ့ အမေကို သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့ ပြန်ပေါ်လာတာကြောင့် နီးလ်က ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ပြန်စုံစမ်းရဖို့ ဖြစ်လာကာ… သမီးလေးကလည်း အမေ့အတွက်် လက်စားချေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ … ဒရာမာတွေ ခပ်ပါးပါးသာပါပြီး စိတ်ပြေလက်ပျောက်ကြည့်လို့ရမယ့် ဇာတ်လမ်းလေးကို အားပေးကြပါဦးလို့
...

Hello, Universe! (2023) ⭐IMDB: 3.7/10 (37 Votes) 🎬 #Comedy #Fantasy #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။ တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်
...

Hello, Universe! (2023) ⭐IMDB: 3.7/10 (37 Votes) 🎬 #Comedy #Fantasy #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။ တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Resident Alien (2021) ⭐IMDB: 8.1/10 (64 k Votes) 🎬 #SciFi #Fantasy #Comedy #Drama #Mystery 🗓 2021 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂြိုလ်သားကား ဆို အပစ်အခတ် အထိုးအကြိတ်တွေချည်း ကြည့်ရတာ ငြီးငွေ့နေသူများအတွက် ဆန်းသစ်တဲ့ ဂြိုလ်သားကား ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်လိုက်ပါတယ် ဟယ်ရီဆိုတာကတော့ တခြားဂြိုလ်ကနေ ကမ္ဘာပေါ်ကို စစ်ဆင်ရေးတစ်ခုကြောင့်ရောက်လာခဲ့တဲ့ ဂြိုလ်သားတစ်ကောင်ပါ သူ့ရဲ့ စစ်ဆင်ရေးကတော့ ရိုးရှင်းပါတယ် သူတို့ဆီက ကိရိယာလေးတစ်ခုကို ကမ္ဘာမြေပေါ်ပစ်ချခဲ့ပြီး သူ့ဂြိုလ်သူပြန်ရုံပါပဲ ကံမကောင်းတာက သူ့ယာဉ်ပျံကြီးက ကမ္ဘာပေါ်မှာပျက်ကျသွားပြီး သူ့ရဲ့ ကိရိယာလေးပျောက်သွားတာပါပဲ အဲဒီလိုနဲ့ သူက သူ့ရဲ့ကိရိယာလေးရှာတွေ့ဖို့အတွက် လူတွေကြားမှာလိုက်လျောညီထွေနေရင်းနဲ့ ဆရာဝန် အဖြစ်ဟန်ဆောင်နေခဲ့တာပါ ပင်ကိုယ်စရိုက်မဟုတ်တဲ့အတွက် အလွဲလွဲအချော်ချော်ဖြစ်တာတွေ လူတွေရဲ့ အတွေးအခေါ်တွေနဲ့ မတူတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတဲ့အတွက် ကြည့်နေရင်းနဲ့ တခွီခွီရယ်ရမဲ့ ဂြိုလ်သားကားလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ
...

Back to Black (2024) ⭐IMDB: 6.4/10 (12 k Votes) 🎬 #Drama #History #Music #Biography 🗓 2024 🎞 movie 🌎 #UnitedKingdom #France #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က Amy Winehouse အဖြစ်သရုပ်ဆောင်ထားပါတယ်
...

Handling the Undead (2024) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Drama #Horror #Mystery 🗓 2024 🎞 movie 🌎 #Norway #Sweden #Greece ⏰ 1 နာရီ 33 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။ နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Raising Helen (2004) ⭐TMDB: 61% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။ Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ က သူ့ကလေးတွေ အုပ်​ထိန်း​ခွင့်​ကို Helen လက်​ထဲ ဘာလို့​ထည့်ပေးခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း ဇာတ်လမ်း​အဆုံး​မှာ တွေ့မြင်​ရမှာဖြစ်ပါတယ်။ ၂၁ ရာစုအစပိုင်းက ဇာတ်ကား​ကောင်းလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦး။
...

The Broken News (2022) ⭐IMDB: 7.6/10 (2 k Votes) 🎬 #Drama #Thriller 🗓 2022 🎞 tv series 🌎 #India ⏰ 44 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Broken News (2022) ====================အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊ မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။ မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု .. ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့ သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာ ကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး “အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်း အားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှ အမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ် ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း ၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုက မတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့ သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလို လက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati” သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာ အခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့ အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် မသင်္ကာစရာ မီးလောင်မှုကို အဖြေထုတ်ဖို့ကြိုးစားနေခဲ့တာပါ။ ရသမျှသဲလွန်စတွေကနေ တဆင့်ဆင့်စုံစမ်းရာကနေ အခန်းဖော် Julia နဲ့လူ ၁၄ယောက်ရဲ့ သေဆုံးမှုနောက်ကွယ်မှာ “Umbrella စစ်ဆေးရေး” ဆိုတဲ့ မသမာမှုကြီးတစ်ခု ရှိနေတဲ့အခါ .. “နိုင်ငံ့အကျိုးအတွက်အဆို ဘယ်သူနဲ့မဆိုတိုက်ခိုက်ဖို့အဆင့်သင့်ပါပဲ” ဆိုတဲ့ Radhika တစ်ယောက် သူ့ခွန်အားလေးနဲ့အင်အားကြီးသူတွေကိုယှဥ်နိုင်ပါ့မလားဆိုတာကို အပိုင်း ၈ပိုင်းနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Namacool (2024) ⭐IMDB: 5.1/10 (107 Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 31 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Namacool 2024 ဟီးရိုးဖြစ်ချင်တဲ့ဇီးရိုး ဘဝအမောတွေပြေပျောက်စေမယ့် ဟာသကလေးလည်းဖြစ်ရမယ်၊တစ်ချိန်က ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရချင်တယ်ဆိုသူတွေအတွက်တက္ကသိုလ်ကျောင်းသားဘဝကို ရိုက်ကူးဖော်ပြထားတဲ့ ဟာသဇာတ်လမ်းတွဲလေးတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်။ ဒီတော့ဇာတ်လမ်းကိုရှုစားရင်း ငယ်ဘဝမှာဗရုတ်ကျခဲ့တာလေးတွေ ပြန်အမှတ်ရလိုက်ကြပါစို့လား။ မယန့်နဲ့ပီယုရှ်တို့နှစ်ယောက်ဟာ မခွဲနိုင်မခွာရက် အမြဲတပူးတွဲတွဲနေခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်‌ယောက် ဒီလိုနဲ့ သူတို့နှစ်ယောက် တက္ကသိုလ်မြေကိုရောက်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်လူကြီးဖြစ်ပြီဆိုတဲ့အတွေးနဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင်လုပ်ဖို့ ကြံဆကြလေရဲ့။ဖြစ်ချင်တာကတော့ လူတိုင်းအာရုံစိုက်ခံချင်တဲ့သူဆိုပေမဲ့ ရုပ်ရည် ငွေကြေး ဗလ အရည်အချင်းအကုန်ဇီးရိုးကိုက်နေတဲ့သူလေးတွေဆိုတော့ အကြံအိုက်နေတုန်းမှာ ချက်ကူဆိုတဲ့တက္ကသိုလ်ကဇိုးကြီးကိုတွေ့ပြီး ကြွေသွားတဲ့အခါ…. ဇိုးကိုမှ ဟီးရိုးထင်ပြီး စံပြလိုသတ်မှတ်လိုက်တဲ့ မယန့်နဲ့ပီယုရှ်နှစ်ယောက် ဘယ်လိုအရှုပ်အထွေးထဲမှာပါဝင်ပတ်သက်မိကြမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအဖြေရှာလိုက်ကြပါစို့လား
...

Queenie (2024) ⭐IMDB: 6.6/10 (667 Votes) 🎬 #Drama #Comedy 🗓 2024 🎞 Series 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 26 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Queenie (2024)Genre – DramaIMDB – 6.5 Hulu ကနေ အသစ်ထွက်ရှိလာတဲ့ ၈ ပိုင်းပါ English ဟာသဒရမ်မာ စီးရီးလေး ဖြစ်ပါတယ်။လန်ဒန်တောင်ပိုင်းမှာ နေပြီး သတင်းစာတိုက်မှာ ဆိုရှယ်မီဒီယာပိုင်း လက်ထောက်လုပ်နေတဲ့ ၂၅ နှစ်အရွယ်ဂျမေကန်အင်္ဂလိပ် လူမည်းမလေး ကွင်းနီဟာ လူဖြူကောင်လေးနဲ့ တွဲနေခဲ့တာ ၃ နှစ်ကျော် ရှိပါပြီ။ လူဖြူ လူမည်းဖြစ်နေတဲ့အတွက် မတူညီတဲ့ ရိုးရာယဉ်ကျေးမှုတွေကြား အသားကျအောင် ကြိုးစားရုန်းကန်ရင်း မနည်း တွဲနေကြရတာပေါ့။သမီးဆက်ဆံရေးမှာတင် မကပဲ လုပ်ငန်းခွင်မှာလည်း ဒီလို လူဖြူလူမည်း ပြဿနာတွေ ဖြေရှင်းနေရတဲ့လူပါပဲ။ဒီလိုနဲ့ အမေဖြစ်သူနဲ့ စကားမပြော ကိုယ့်အမျိုးတွေဖက်မှာလည်း အံဝင်ခွင်ကျ မဖြစ်နေတဲ့ ကွင်းနီတစ်ယောက်ချစ်သူဖြစ်သူ လူဖြူကောင်လေးနဲ့ တွဲလို့ သူတို့ဖက်မှာလည်း အံဝင်ခွင်ကျ ဖြစ်မလားဆိုတော့ ဖြစ်မလာတဲ့အပြင်ပြဿာတွေပါ ပိုဆိုးလာတဲ့အတွက် ၂၅ နှစ်ကျော် ဘဝပြဿနာတွေ ရင်ဆိုင်ရပြီး ရိုးရာယဉ်ကျေးမှု နှစ်ခုကြားဒွန်တွဲဒုက္ခတွေဝေရတဲ့ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ရိုင်းစိုင်းတဲ့ စကားလုံး အသုံးအနှုန်းများ အနည်းနဲ့အများ ပါဝင်တဲ့အတွက် သတိတော့ချပ်စေလိုပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar မှ Thura Aung, V, Zwe Yan Naing, Aditi, Alax, Sai Sumali တို့ပဲဖြစ်ပါတယ်။
...

Lost Soulz (2023) ⭐IMDB: 5.7/10 (180 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Lost Soulz” ရုပ်ရှင်ကားဟာ ဒါရိုက်တာ Katherine Propper ရိုက်ကူးပြီး အမေရိကန် ဟစ်ဟော့ဂီတသမားများတွေရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လမ်းမပေါ်က ခရီးစဉ်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဖျော်ဖြေရေးခရီးထွက်လာတဲ့ Sol တို့ဘော်ဒါတစ်အုပ်က ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ပြီး စွန့်စားခန်း တစ်ခုထွက်လာတာဖြစ်သလို သူတို့အချင်းချင်းကြားက စကားလုံးတွေမလိုဘဲ တေးဂီတဖန်တီးမှုကြောင့် ထူးခြား‌ပျော်စရာကောင်းလာပြီး ခင်မင်ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အမိုက်စားကိုယ်ပိုင် ရက်ပ်သီချင်းတွေကို တဝကြီးခံစားရမှာဖြစ်သလို Sol နဲ့ သူ့ရဲ့ဘော်ဒါတစ်သိုက်က ဂီတသံတွေနဲ့ သူ့ဘဝ အကြောင်းတွေကို ထင်ဟပ်ပြသသွားမှာပါ။ ဂီတရှုခင်းတွေ၊ အနုပညာကို အတူတကွ ဖန်တီးခြင်းတွေနဲ့ အတူ လူအများကိုပျော်ရွှင်မှုပေးစွမ်းစေနိုင်တာကြောင့် စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ရက်ပ်ဂီတရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။
...

On Deadly Ground (1994) ⭐TMDB: 51% User Score 🎬 #Action #Adventure #Thriller 🗓 1994 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်)
...

Superman/Batman: Apocalypse (2010) ⭐IMDB: 7.0/10 (29 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #SciFi 🗓 2010 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman Batman: Apocalypse 2010 ကမို႔ ၾကာခဲ့ပါၿပီ… သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုခ်ိန္ထိ အရမ္းကို Batman ဆန္ေနဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်… DC ဟာ Animation မှာ နာမည်ရှိပါတယ်…. အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation ေလး အပါအဝင္ပါပဲ… ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...