ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Blanquita (2022) ⭐IMDB: 6.3/10 (346 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Chile #France #Luxembourg #Mexico #Poland ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.3 ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။ ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမားတွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Slasher (2016) ⭐IMDB: 6.7/10 (17 k Votes) 🎬 #Mystery #Crime #Drama #Horror #Thriller 🗓 2016 🎞 tv series 🌎 #Canada ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆာရာဆိုတဲ့ မိန်းကလေးဟာ တစ်နေ့တော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဝါးတားဘယ်ရီမြို့မှာ မိဘတွေချန်ခဲ့တဲ့ အိမ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေနိုင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ တကယ်တော့ ဆာရာတို့ နေမဲ့အိမ်က အမှတ်တရကောင်းတွေ ရှိနေတဲ့ အိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ဆာရာ့မိဘတွေသာ အဲဒီအိမ်ကြီးမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ မိဘတွေ အသတ်ခံထားရတဲ့ အိမ်မှာ ပြန်ပြီး နေထိုင်ဖို့ဆိုတာ ဆာရာ့အတွက်လည်း အတော်လေး သတ္တိမွေးခဲ့ရတယ်ဆို မမှားပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ မွေးဇာတိကို ဆာရာပြန်ရောက်လာပြီး နောက်နေ့ကစလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လူသတ်မှု စတင်ပြီး ဖြစ်ပေါ်လာပါတယ်။ လူသတ်သမားကလည်း ဆာရာ့ရဲ့ အဖေနဲ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ ပုံစံကို လိုက်တုသူ ဖြစ်နေတဲ့အပြင် သတ်ဖြတ်မှုတွေက တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘဲ ကွင်းဆက်တွေ ဖြစ်လာပြီး ဝါးတားဘယ်ရီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။...
Slasher (2016) ⭐IMDB: 6.7/10 (17 k Votes) 🎬 #Mystery #Crime #Drama #Horror #Thriller 🗓 2016 🎞 tv series 🌎 #Canada ⏰ 1 နာရီ 00 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆာရာဆိုတဲ့ မိန်းကလေးဟာ တစ်နေ့တော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဝါးတားဘယ်ရီမြို့မှာ မိဘတွေချန်ခဲ့တဲ့ အိမ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေနိုင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ တကယ်တော့ ဆာရာတို့ နေမဲ့အိမ်က အမှတ်တရကောင်းတွေ ရှိနေတဲ့ အိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ဆာရာ့မိဘတွေသာ အဲဒီအိမ်ကြီးမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ မိဘတွေ အသတ်ခံထားရတဲ့ အိမ်မှာ ပြန်ပြီး နေထိုင်ဖို့ဆိုတာ ဆာရာ့အတွက်လည်း အတော်လေး သတ္တိမွေးခဲ့ရတယ်ဆို မမှားပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ မွေးဇာတိကို ဆာရာပြန်ရောက်လာပြီး နောက်နေ့ကစလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လူသတ်မှု စတင်ပြီး ဖြစ်ပေါ်လာပါတယ်။ လူသတ်သမားကလည်း ဆာရာ့ရဲ့ အဖေနဲ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ ပုံစံကို လိုက်တုသူ ဖြစ်နေတဲ့အပြင် သတ်ဖြတ်မှုတွေက တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘဲ ကွင်းဆက်တွေ ဖြစ်လာပြီး ဝါးတားဘယ်ရီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။...
Slasher (2016) ⭐IMDB: 6.7/10 (17 k Votes) 🎬 #Mystery #Crime #Drama #Horror #Thriller 🗓 2016 🎞 tv series 🌎 #Canada ⏰ 53 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆာရာဆိုတဲ့ မိန်းကလေးဟာ တစ်နေ့တော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဝါးတားဘယ်ရီမြို့မှာ မိဘတွေချန်ခဲ့တဲ့ အိမ်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေနိုင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ တကယ်တော့ ဆာရာတို့ နေမဲ့အိမ်က အမှတ်တရကောင်းတွေ ရှိနေတဲ့ အိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက ဆာရာ့မိဘတွေသာ အဲဒီအိမ်ကြီးမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ မိဘတွေ အသတ်ခံထားရတဲ့ အိမ်မှာ ပြန်ပြီး နေထိုင်ဖို့ဆိုတာ ဆာရာ့အတွက်လည်း အတော်လေး သတ္တိမွေးခဲ့ရတယ်ဆို မမှားပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ မွေးဇာတိကို ဆာရာပြန်ရောက်လာပြီး နောက်နေ့ကစလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လူသတ်မှု စတင်ပြီး ဖြစ်ပေါ်လာပါတယ်။ လူသတ်သမားကလည်း ဆာရာ့ရဲ့ အဖေနဲ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ ပုံစံကို လိုက်တုသူ ဖြစ်နေတဲ့အပြင် သတ်ဖြတ်မှုတွေက တစ်ခါမဟုတ် နှစ်ခါမဟုတ်ဘဲ ကွင်းဆက်တွေ ဖြစ်လာပြီး ဝါးတားဘယ်ရီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။...
Brinda (2024) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Crime #Mystery 🗓 2024 🎞 tv series 🌎 #India ⏰ 44 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brinda (2024) “လျှို့ဝှက်တတ်သော…”IMDb – 7.3/10 SonyLIVကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်စက်စက်တလေဂူးမှုခင်းစီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Leo (2023)၊ 96(2018)လို ရုပ်ရှင်ကားကြီးတွေထဲက မင်းသမီးချော ထရီရှာခရစ်ရှ်နန်အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ရွာသူရွာသားတွေ ငတ်ပြတ်ပြီး သေကြေနေကြတာ တောစောင့်နတ်သမီးရဲ့အမျက်ဒေါသကြောင့်လို့ဆိုပြီး ကလေးမလေးတစ်ယောက်ကို ယဇ်ပူဇော်ဖို့လုပ်ကြတယ်။ အမေဖြစ်သူက သမီးလေးကို ယဇ်ပူဇော်တာမလုပ်ဖို့ဘယ်လောက်တောင်းပန်နေပါစေ မရတဲ့အဆုံးသားနဲ့သမီးကိုခေါ်ပြီး ထွက်ပြေးဖို့ကြိုးစားပါရော။ ပြေးရင်းလွှားရင်း ညီမလေးကိုလုပ်ပေးထားတဲ့ အရုပ်ကလေးပြုတ်ကျခဲ့လို့အစ်ကိုဖြစ်သူကပြေးအကောက်ရွာသားတွေဝိုင်းလိုက်လို့ လူစုကွဲသွားပါတယ်။ သားမိနှစ်ယောက် ကားပေါ်အတက် ရွာသားတွေဝိုင်းဆွဲလို့အမေဖြစ်သူကျန်ခဲ့ပြီး ကလေးမလေးပဲကားပေါ်မှာပါသွားခဲ့တယ်။ ဒီလိုကွဲကွာသွားတဲ့ မိသားစုတစ်ခုကနေ စလိုက်တဲ့ဇာတ်လမ်း၊ ထူးခြားဆန်းကျယ်တဲ့ လူသတ်မှုတွေ၊မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ တစ်ပိုင်းချင်းစီဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Chutney Sambar (2024) ⭐IMDB: 8.1/10 (865 Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 42 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chutney Sambar (2024)IMDb – 8.1/10 Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ တမီးလ်ဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ တမီးလ်ဟာသမင်းသားကြီး ယိုဂီဘာဘူပဲဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်အများစုမှာတွေ့ရတတ်ပြီး ခပ်ပေါပေါဇာတ်ကောင်နဲ့ ယိုဂီဘာဘူကြီးကို ဒီဇာတ်လမ်းတွဲထဲမှာတော့ပြောင်မြောက်တဲ့ဟာသတွေနဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။ “အာမူဒါစားသောက်ဆိုင်”ဆိုတာ အိုတီမြို့မှာတော့ အောင်မြင်ကျော်ကြားတဲ့ဆိုင်တစ်ဆိုင်ပေါ့။ဆိုင်ရှင်ဦးလေးကြီးတို့မိသားစုတစ်ခုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ဆိုင်က စားပွဲအားမရှိတဲ့ထိ လက်မလည်အောင်ရောင်းကောင်းတာကြောင့် ငွေကြေးဥစ္စာပြည့်စုံပြီးမိသားစုစုံလင်ပေမဲ့ ဆိုင်ရှင်ဦးလေးကြီးက ပန်ကရိယကင်ဆာနောက်ဆုံးအဆင့်ကိုခံစားနေရတယ်။မိသားစုဆရာဝန်က လက်လျှော့လိုက်ဖို့ပြောပြီး အေးအေးချမ်းချမ်းနဲ့ နောက်ဆုံးခရီးကိုစောင့်မျှော်ဖို့ပဲအကြံပြုပါတယ်။ သေအံ့နီးဆဲဆဲတစ်ညမှာတော့ သားဖြစ်သူကာသီကိုခေါ်ပြီးသူ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုပါတယ်။ ဘာလဲဆိုတော့ သူ့အရင်အတိတ်က လက်မထပ်ဘဲအတူနေခဲ့တဲ့အမျိုးသမီးနဲ့ ရခဲ့တဲ့သားတစ်ယောက်ရှိတာကိုမကြာခင်ကမှ သိခဲ့ရပြီး သူ့နောက်ဆုံးအချိန်မှာ အဲဒီသားဖြစ်သူကိုတွေ့ဖို့ ဒီမိသားစုနဲ့တစ်သိုက်တစ်ဝန်းထဲရှိကျန်ခဲ့ဖို့ပါပဲ။ကာသီတစ်ယောက် အစ်ကိုကြီးကိုရှာဖို့ ချန်နိုင်းတစ်ခွင်လိုက်ရှာခဲ့ပြီး အဲဒီမှာပဲ သူ့ဆိုင်နဲ့သူအောင်မြင်နေတဲ့ အဖေတူအမေကွဲအစ်ကိုကြီးဖြစ်သူ ဆရာကြီးဘာဘူကို တွေ့လိုက်ရပါတော့တယ်။အဲဒီကနေစလို့ လုံး၀မလိုက်ဘူးငြင်းဆန်တဲ့ ဘာဘူကို ဖခင်ဆီပေးထားတဲ့ကတိအတိုင်း အိုတီကိုလိုက်ခဲ့ဖို့အရေး မရမကကြိုးစားရင်းအလွဲတွေကြုံကြတာကို ခံစားကြည့်ရှုရယ်မောပြုံးရွှင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Sex Cowboys (2016) ⭐IMDB: 4.3/10 (222 Votes) 🎬 #Adult #Drama 🗓 2016 🎞 movie 🌎 #Italy ⏰ 1 နာရီ 13 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {18+} Sex Cowboys (2016)IMDb – 4.3/10 အီတလီဒါရိုက်တာကြီး Adriano Giottiရဲ့လက်ရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ ဘ၀ကို လွပ်လပ်စွာနဲ့ ဖြတ်သန်းနေပြီး စိတ်ဒဏ်ရာတွေကြုံရတိုင်းခန္ဓာကိုယ်ပေါ်မှာ ဓားတင်လှီးတတ်တဲ့ မာလာ။ ဘယ်တော့မှ မချစ်တော့ဘူးလို့ သူ့ကိုယ်သူကျိန်ထားပေမဲ့ဆိုင်မွန်နဲ့တွေ့တဲ့အခါမှာတော့ အချစ်မှာတစ်ခါကျဆုံးခဲ့ပြန်ရော။တစ်ယောက်စာငှားထားတဲ့ အခန်းကျဉ်းလေးထဲမှာ နှစ်ယောက်အတူနေရင်း အချစ်တွေနဲ့ထုံမွန်းနေခဲ့ကြ။အလုပ်မရှိအကိုင်မရှိဆိုတော့ အိမ်ရှင်က နှင်ချတဲ့အချိန်မှာ အလုပ်လုပ်ဖို့တိုင်ပင်ကြတယ်။ သူငယ်ချင်းဖြစ်သူက နင်တို့တွေ ကျွမ်းကျင်တဲ့အလုပ်တစ်ခုခုစဉ်းစားကြည့်ဆိုတော့ သူတို့ကျွမ်းကျင်တာကဘီယာသောက်တာနဲ့ ပိုက်ဆံဖြုန်းတာတဲ့။နောက်ပြီး ချစ်တင်းနှောတာ။ ဒီတော့ ပိုက်ဆံရဖို့အတွက် ချစ်တင်းနှောတဲ့ဗီဒီယိုတွေရိုက်တင်ဖို့ ဆုံးဖြတ်လိုက်ကြရာကစလွပ်လပ်မှုကိုခုန်မင်ပြီး ဒီမြို့ထဲကနေ ထွက်သွားချင်တဲ့ မာလာနဲ့ ငွေနောက်လိုက်တဲ့ ဆိုင်မွန်တို့သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အခါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)...
First Kiss (2012) ⭐IMDB: 6.2/10 (384 Votes) 🎬 #Comedy #Romance 🗓 2012 🎞 movie 🌎 #Thailand ⏰ 1 နာရီ 46 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပထမဆုံးအနမ်းတဲ့ …လူနှစ်ယောက်ရဲ့ ပထမဆုံးအနမ်းကိုကြည့်ပြီးအဲဒီ့လူနှစ်ယောက်ဟာ ရှေ့လျောက်အတူတူလက်တွဲလို့လို့ ရမရ ခန့်မှန်းလို့ရတယ်တဲ့ …ဘတ်စ်ကားပေါ်မှာ မတော်တဆနမ်းမိခဲ့ကြတဲ့အပျိုကြီးမမနဲ့ အထက်တန်းကျောင်းသားလေးသူတို့ရဲ့ အနာဂတ်လမ်းခရီးလမ်းက ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုတော့ အခုပဲ Download လုပ်ပြီး ကြည့်လိုက်ပါ ဒါကျွန်တော့်ရဲ့ ပထမဆုံးဘာသာပြန်တဲ့ မူဗီလေးပါခင်ဗျာ … အားပေးကြပါဦး …ကြည့်ပြီးရင်တော့ ကောင်းမကောင်း ကြိုက်မကြိုက်ဆိုတာကို မန့်ပေးသွားကြပါလား .. (ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့Tartee Poeဖြစ်ပါတယ်)...
Jama (2024) ⭐IMDB: 8.8/10 (1 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jama (2024)ဇာတ်သဘင် တန်ဒါဗန်ဦးဆောင်တဲ့ဇာတ်အဖွဲ့တစ်ခုမှာကာလီယာနမ်ဟာ မိန်းမဇာတ်ရုပ်ကိုသရုပ်ဆောင်သူရတစ်ဦးပါထိုဇာတ်အဖွဲ့ကိုမူလပထမတည်ထောင်ထောင်ခဲ့သူကသေဆုံးသွားပြီဖြစ်တဲ့ကာလီယာနမ်ရဲ့ဖခင်ဖြစ်ပေမဲ့ အဖေ့ရဲ့မိတ်ဆွေဖြစ်တဲ့လက်ရှိဇာတ်အဖွဲ့ကိုဦးစီးနေတဲ့ တန်ဒါဗန်အနားယူမှပဲ သူကဇာတ်အဖွဲ့ကိုရမှာပါ ဇာတ်အဖွဲ့မှာအဖွဲ့ဝင်ဆယ့်ခြောက်ယောက်ရှိပြီး အမျိုးသားဇာတ်ရုပ်ကိုသရုပ်မဆောင်ရတဲ့တစ်ဦးတည်းသောသူကတော့ကာလီယာနမ်ပါအဖွဲ့ထဲကသူ့သူငယ်ချင်းချန်ဒရာထွက်သွားပြီးနောက်မိန်းမဇာတ်ရုပ်မှန်သမျှကိုသူချည်းဒိုင်ခံကရပေးရပါတော့တယ်ယောက်ျားလေးဇာတ်ရုပ်ကိုလိုချင်ပေမဲ့ နွဲ့နှောင်းနေတဲ့သူရဲ့ပုံစံနဲ့ယောက်ျားလေးဇာတ်ကောင်မလိုက်ဘူးလို့အနှိမ်ခံရပြီးအခွင့်အရေးမပေးခဲ့ပါဘူး တစ်ဖက်မှာလည်းရွာသားတွေကသူ့ကိုမိန်းမလိုမိန်းမရဖြစ်တယ်ဆိုပြီးလိုက်လံစနောက်နေကြပြီးသူ့အမေ့ကလည်းကာလီယာနမ်အမျိုးသမီးအနေနဲ့ဇာတ်ကတာကိုသဘောမကျမိန်းမပေးစားဖို့ကိုအမျိုးအမျိုးစီစဉ်ပါတယ် ဒါေပမဲ့ကာလီယာနမ်ကတော့လက်ထပ်ဖို့ကသူ့အတွက်အရေးမပါဘဲသူဘဝရည်မှန်းချက်အနေနဲ့ သူ့အဖေရဲ့ဇာတ်အဖွဲ့ကိုသာဦးစီးဖို့ကြိုးစားချင်နေသူပါ ငယ်ရွယ်တဲ့ဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ကွဲကွာနေတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာသူ့အမေရဲ့ဆန္ဒ သူ့ရဲ့ဘဝရည်မှန်းချက်တွေကြားမှာ သူ့အဖေရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမလဲ…… အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team မှပဲဖြစ်ပါတယ်...
Siapa Tutup Lampu? (2021) ⭐IMDB: 6.2/10 (21 Votes) 🎬 #Horror #Mystery #Thriller 🗓 2021 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီးလူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှအပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnဖြစ်ပါတယ်)...
A War (2015) ⭐IMDB: 7.0/10 (11 k Votes) 🎬 #Crime #Drama #Thriller #War 🗓 2015 🎞 movie 🌎 #Denmark #France #Turkey ⏰ 1 နာရီ 55 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ IMDB 7/10 နဲ့ RT 90% ရရှိထားတဲ့ Danish ဇာတ်ကား ကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်အကြောင်းဖြစ်ပြီး သူ့လက်အောက်က ဒဏ်ရာရနေတဲ့ စစ်သားကို ကယ်ဖို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်မဲ့ ပြည်သူ ၁၁ သေဆုံးခဲ့ရတဲ့ အကြောင်းလေးပါ။ ဒီဇာတ်လမ်းလေးမှာတော့ စစ်သားတစ်ယောက်ရဲ့ တာဝန်တွေ အိမ်ကို လွမ်းရတာတွေ စစ်သားမိသားစုတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုခံစားနိုင်မှာပါ။...
Bright (2017) ⭐IMDB: 6.3/10 (203 k Votes) 🎬 #Action #Fantasy #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #Mexico #Australia #Canada #India #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိ တစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့် တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင် David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။...
Saving Grace (2000) ⭐TMDB: 65% User Score 🎬 #Comedy #Crime 🗓 2000 🎞 movie 🌎 #UnitedKingdom #France ⏰ 1 နာရီ 34 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saving Grace ဇာတ်ကားလေးဟာ 2000 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Comedy/Crime အမျိုးအစားဖြစ်ပါတယ်။ IMDb 6.9 ရှိပြီးတော့ Rotten tomatoes 63% ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂရေ့စ်ဟာ ယောက်ျားဖြစ်သူဆုံးသွားတဲ့အခါမှာ ဘာမှမရရှိခဲ့ဘဲ အကြွေးတွေ တင်ကျန်ခဲ့ပါတယ်။ အဲ့အကြွေးတွေဆပ်ဖို့ ဖိအားပေးခံရတဲ့အခါမှာ သိထားတဲ့ စိုက်ပျိုးရေးနည်းကိုသုံးပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။ မိတ်ဆွေတွေရဲ့ကူညီမှုတွေ၊ သူ့ရဲ့စိုက်ပျိုးရေးအသိပညာတွေနဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လန်းလန်းဆန်းဆန်းရှိစေပြီး ရုပ်ရှင်ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။...
Third Day (2024) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Turkey ⏰ 1 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တူရကီ အချစ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဝမှာသူချစ်ရတဲ့သူနဲ့ပဲလက်တွဲမယ်လို့ ဆုံးဖြတ်ထားတဲ့အယ်လီယာဟာ dating site တစ်ခုမှာ ဆီမိဟ် ဆိုတဲ့ ကောင်လေးနဲ့ဆုံမိတယ်။ ဆီမိဟ်ဟာ သူ့အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုပြီးယုံကြည်တဲ့အတွက် ဆီမိဟ်ရှိရာနေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထပ်ဖို့ အတင်း တိုက်တွန်းနေတဲ့ မိခင်ဖြစ်သူကို အစ္စတန်ဘူမှာ အလုပ်အင်တာဗျူး ရှိတယ် ၊ ခရီးသွားဖို့အချိန်သုံးရက်လောက်ပေးပါဆိုပြီးတောင်းဆိုတယ်။ မိခင်ဖြစ်သူကလည်း သုံးရက်ကျော်လို့မှပြန်မလာရင် ယောက်ျားပေးစား ပစ်မယ်လို့ပြောတယ်။ အယ်လီယာကလည်းသူ့အမေပြောတဲ့စကားကို လက်ခံပြီးအိမ်ကနေ ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ဆီမိဟ်တို့အိမ်ရောက်တဲ့အခါမှာ သူထင်ထားတဲ့သူနဲ့လွဲနေတဲ့အခါမှာတော့...
13 Going on 30 (2004) ⭐TMDB: 67% User Score 🎬 #Comedy #Fantasy #Romance 🗓 2004 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 13 Going on 30 (2004) IMDb – 6.2/10_____Rotten – 65%ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို့ သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံ့ဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို့ ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ အရောင်စုံ ကာလာစုံ ဘဝကြီးကို ပိုင်ဆိုင်ခဲ့ရပါတယ် သူမ ပျော်မယ် ထင်ပေမယ့် အသက် ၁၃ နှစ်ကိုသာ ပြန်သွားချင်ပါတော့တယ် ဘ၀ ရဲ့ အခက်အခဲတွေကို ဖြေရှင်းပြီး ဂျင်နာ တစ်ယောက် အသက် ၁၃ နှစ်ပြန်ရောက်နိုင်ပါ့မလား သူမ ကို တစ်ဖက်သက် ချစ်ခဲ့တဲ့ မတ် ဆိုတဲ့ ဓါတ်ပုံဆရာလေးနဲ့ရော ဖူးစာ ဆုံနိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါအုံး….File size… 2.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Drowning Love (2016) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Drama #Romance 🗓 2016 🎞 movie 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drowning Love (2016) IMDb – 5.8My Drama List – 7.2 “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ” ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့် မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။ နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။ တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကို နာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး အနုပညာလောကထဲကို ပြန်ဝင်မလဲ… ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ...
Scent of Love (2003) ⭐TMDB: 64% User Score 🎬 #Drama #Romance 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Scent Of Love (2003) ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့သူက တစ်ခဏဖြစ်မှာပါတဲ့။ ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေးကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။ သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။ “အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်” လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ ချစ်ခြင်းတွေက ဖြူစင်တော့လည်းနောင်တတွေက လျော့မသွားပြန်ဘူး။ နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ…မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ…။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatဖြစ်ပါတယ်)...
Before Dawn (2024) ⭐IMDB: 5.2/10 (357 Votes) 🎬 #Drama #History #War 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 41 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုချင်ပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ အမေရိကန် ဂျာမနီစစ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Before Dawn ဖြစ်ပြီး IMDB Rating 5.5 ရရှိထားပါတယ်။ကမ္ဘာစစ်ကြီးတွေထဲမှာအမေရိကန်နဲ့ ဂျာမနီတို့ စစ်ပွဲတွေကအကြီးမားဆုံးဖြစ်ခဲ့ပြီး ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ရိုက်ကူးခဲ့တဲ့စစ်ကားတွေလည်းအများကြီးရှိပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့ အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့ အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့ သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာ ပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင် တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်း သူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်း ကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေ ပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသော စစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲ ဖြစ်ပါတယ်။...
Hick (2011) ⭐IMDB: 5.5/10 (21 k Votes) 🎬 #Comedy #Drama 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5 အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့ လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ် လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံ ခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက် ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာ ဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့် ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီး တစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကို သွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲ ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Private Tutor (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သုံးစားမရတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား ငနဲတစ်ယောက်ကို ရည်းစားတော်ထားပြီး ညီမငယ်ရဲ့ပညာရေးကိုလည်းထောက်ပံ့ပေးနေရတဲ့ Joy ဆိုတဲ့ ဆရာမလေးဟာ သူဌေးကြီးတစ်ဦးရဲ့သမီးကို စာပြပေးဖို့အလုပ်ကိုလက်ခံခဲ့ပါတယ်။သူစာပြရတဲ့ တပည့်မလေးဟာ သူနဲ့ဝါသနာချင်းတူသလို သူသင်ကြားပေးသမျှကိုလိုက်နိုင်တာကြောင့် ရင်းနှီးမှုပိုလာရင်းက တစ်ဖြည်းဖြည်းစာသင်ယူမှုအားကျသွားတဲ့အတွက် အကြောင်းရင်းကိုစုံစမ်းတဲ့အခါ အပျိုဖော်ဝင်စ ကောင်မလေးဟာ တဏှာစိတ်တွေပြင်းထန်နေတာကြောင့်ဆိုတော့ သိလိုက်ရတဲ့နောက် သူကိုယ်တိုင် ဖြေဖျောက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ဖခင် သူဌေးကိုယ်တိုင်ကလည်း ဇနီးသည်ဆုံးပါးပြီးတဲ့နောက် ဘယ်သူနဲ့မှ ဒိတ်မလုပ်ပဲ အနေကြာလာပြီး မျိုသိပ်ထားရတာတွေများနေပြီဆိုတာ သိရတဲ့နောက် Joy ဟာ ပရဟိတဝါသနာရှင်လေးပီပီ ထပ်မံကူညီမိခဲ့ပါတော့တယ်။ အဖေနဲ့သမီး နှစ်ယောက်လုံးနဲ့ပတ်သက်နေမိတဲ့ သင်္ချာဆရာမလေး Joy တစ်ယောက်သူ့ရဲ့ အချစ်ပုစ္ဆာတွေကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:05:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
