ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Horror in the High Desert (2021)
⭐IMDB: 5.4/10 (3 k Votes)
🎬 #Horror #Thriller
🗓 2021 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror in the High Desert (2021)
Documentary အမျိုးအစားကို နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ 2021 ထွက် Horror Documentary တစ်ကားဖြစ်ပါတယ်။ Gary Hinges ဆိုတဲ့ တောင်တက်သမား YouTuber တစ်ယောက် ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်ပုံစံကိုရိုက်ကူးထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအစမှာဆိုရင် ဂယ်ရီ စတင်ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အစပျိုးထားပါတယ်။
ဂယ်ရီက နီဗာဒါပြည်နယ်ရဲ့ မြို့သေးသေးလေး ရုသ်မှာ နေထိုင်တဲ့ လူငယ်တောင်တက်သမားတစ်ယောက် ဖြစ်ပြီးတော့ ရထားပုံစံငယ်တွေ လုပ်ရတာနဲ့ တောထဲမှာ စွန့်စားသွားလာပြီး အသက်ရှင်နေထိုင်ရတဲ့ Survivalist ဘဝကို တော်တော်လေး နှစ်သက်ပါတယ်။ သူ့မှာ နာမည်ရင်းနဲ့မဟုတ်ဘဲ ဖွင့်ထားတဲ့ YouTube Channel တစ်ခုရှိပြီးတော့ Survival နဲ့ပတ်သက်တဲ့ Tips တွေကို Video ရိုက်ကာ မျှဝေလေ့ရှိပါတယ်။
တစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုကို ထိတ်လန့်ဖွယ်ရာ ကြုံတွေ့လာရပြီးတော့ အဲဒီအကြောင်းကို YouTube မှာ ပြန်မျှဝေခဲ့ပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူတွေက ဒါဟာ လုပ်ဇာတ်တစ်ခုဖြစ်တယ်လို့ စွပ်စွဲကြပြီးတော့ အဲဒီနေရာကို ပြန်သွားပြီး သက်သေ Video ရိုက်ဖို့ ဂယ်ရီ့ကို တွန်းအားပေးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ နောက်တစ်ခါပြန်လည်သွားရောက် ရိုက်ကူးတဲ့အခါမှာတော့ တကယ်ပဲ လူတွေနဲ့အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ နီဗာဒါပြည်နယ်က လူတွေလည်း အပူတပြင်း ရှာဖွေလာကြပြီးတော့ ဒီအကြောင်းကို ရုပ်သံချန်နယ်တစ်ခုက အမှုလိုက်နေစဉ်မှာ ရိုက်ကူးထားတာတွေနဲ့အတူ ဂယ်ရီကြုံတွေ့ခဲ့ရတာတွေကို ဆက်စပ်ကြည့်ရှုရမဲ့ Documentary တစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုRoselineမှ ပြန်ဆို ရေးသားထားပါတယ်)...
Anonymous (2023)
⭐TMDB: 0.0% User Score
🎬 #Action #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 34 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက် CM ချစ်ပရိသတ်တို့အတွက် မှုခင်းရဲအရာရှိတစ်ယောက်ရဲ့အမှုတစ်ခု ဖြေရှင်းပုံကို အခြေပြု ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်ကလေးထဲမှာ ချင်စစ်ဟောက်ဆိုတဲ့ မှုခင်းရဲအရာရှိတစ်ယောက်သူ့တာဝန်ထမ်းဆောင်စဉ်မှာပဲ သူ့လက်ဦးဆရာ ချန်ကော်အန်းကလူတစ်ယောက် အရိုက်ခံရတဲ့အတွက် ICU ရောက်သွားရာကတင်စတာပေါ့…
ချင်စစ်ဟောက်က လူငယ်ပီပီ စိတ်မြန်လက်မြန်ရှိတာမို့ သူ့ဆရာအရိုက်ခံရတဲ့အမှုနဲ့ပတ်သက်တယ်လို့ သံသယရှိတဲ့ လျန်ကျန့်ခွန်းကို ချက်ချင်း ပြဿနာရှာဖြေရှင်းခဲ့တာပေါ့…
ဒါကြောင့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဌာနကို ပြောင်းရွေ့ခံလိုက်တာပေါ့…ဒီလိုပဲ တစ်ဖက်က လျန်ကျန့်ခွန်းကလည်း ချင်စစ်ဟောက်သူ့ကို စောင့်ကြည့်နေတာကို ကာကွယ်ဖို့ ကြိုးစားနေပြန်တာပေါ့…
ကဲ တကယ့်တရားခံက လျန်ကျန့်ခွန်းဖြစ်နေမှာလား…ချင်စစ်ဟောက်ကရော အမှုမှန်ပေါ်အောင် ဖြေရှင်းနိင်မှာလား…ချန်ကော်အန်းကရော ဘာလို့ အရိုက်ခံခဲ့ရတာလဲ….အစဉ်အလာမပျက် ဇာတ်ကားလေးကို ဒေါင်းလို့ ကြည့်ရင်း အဖြေရှာကြည့်လိုက်ရအောင်...
Apocalypto (2006)
⭐TMDB: 76.0% User Score
🎬 #Action #Adventure #Drama #History #Thriller
🗓 2006 🎞 movie
🌎 #USA #UnitedStates #Mexico #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 18 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Apocalypto (2006)
IMDb Rating (7.8 ) / Rotten Tomatoes (65%)
လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ….မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။
2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့….အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေကမိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီးမျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီးယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား….ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား…အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။(ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။)
ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။...
Police Story 3: Super Cop (1992)
⭐TMDB: 68.0% User Score
🎬 #Action #Comedy #Crime #JackieChan #Thriller
🗓 1992 🎞 tv movie
🌎 #HongKong #HongKong
⏰ 1 နာရီ 36 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။
Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။
ဒီဇာတ်ကားမှာတော့….တရုတ်ပြည်မကြီးက လူဆိုးဂိုဏ်းကို ဖြိုခွင်းဖို့ ဟောင်ကောင်ရဲတွေက ထိုးထည့်လိုက်လို့ ဂျက်ကီချန်းတစ်ယောက် အူကြောင်ကြောင်နဲ့တရုတ်ပြည်ရောက်လာရာက စပါတယ်။ မင်းသမီးကတော့ မီရှဲယိုပါ။ ရှေ့ကဇာတ်ကားတွေနဲ့ချိတ်ဆက်ထားတာကြောင့်လဲ တချို့နေရာတွေမှာ အတော်လေးရယ်ရပါတယ်။...
800 (2023)
⭐IMDB: 9.0/10 (3 k Votes)
🎬 #Biography #Bollywood #Sport #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 33 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
800 (2023)”ဝစ်ကတ် ၈၀၀”======================IMBb 9/10
Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။
သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။
ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။
( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Veronica Guerin (2003)
⭐TMDB: 66.0% User Score
🎬 #Biography #Crime #Drama #Thriller
🗓 2003 🎞 movie
🌎 #Ireland #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၉၄ ခုနှစ်လောက်က အိုင်ယာလန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ကိစ္စအကြီးကြီး တစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။ Thor: Ragnarok, The Lord of the Rings: The Fellowship of the Ring, Indiana Jones and the Kingdom of the Crystal Skull, Cinderella 2015 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီး Cate Blanchettက တခြားသော နာမည်ကြီး castတွေဖြစ်တဲ့ Ciarán Hinds, Colin Farrell, Gerard McSorley, Brenda Fricker, Alan Devineတို့နဲ့ အတူဦးဆောင်ပြီး ဇာတ်ရုပ်များစွာ လှပသေသပ်စွာနဲ့ ပွဲထွက်ထားပါတယ်။
ဗယ်ရော်နီကာ ဂေးရင်က Sunday independentက ဂျာနယ်လစ် တစ်ယောက်ဖြစ်ပါတယ်။ Sunday Indenpemdent မှာ ဆောင်းပါးတွေရေးရင်း အိုင်ယာလန်နိုင်ငံက အသက်မပြည့်သေးတဲ့ ကလေးတွေ၊ အငယ်ဆုံး အသက် ၁၄နှစ် ကလေးက မူးယစ်ဆေး သုံးစွဲနေကြောင်း ဆောင်းပါးရေးရာကနေ မထင်မှတ်ဘဲ နောက်ကွယ်က မူးယစ်ဂိုဏ်းတွေအကြောင်းကို စုံစမ်းမိလာတဲ့အခါ …. အမှန်တရားနဲ့ နီးစပ်လိုက်တိုင်း ခြိမ်းခြောက်ခံရတာတွေ …. အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရတာတွေ ….. ဗယ်ရော်နီကာရဲ့ မလျှော့သော ဇွဲလုံ့လတွေ …. အမှန်တရားကို ဖော်ထုတ်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေ …. အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေနဲ့ ရဲရဲ့ အသုံးမကျမှုတွေကို ပြောင်ပြောင်တင်းတင်း ဝေဖန်ဖော်ပြထားမှုတွေနဲ့အတူ အဆိုပါ ရုပ်ရှင်မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဗယ်ရော်နီကာ တစ်ယောက် မူးယစ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း ကလေးအစ ခွေးအဆုံး ဆေးစွဲအောင်လုပ်နေတဲ့ မာဖီးယားဂိုဏ်းချုပ်ကြီးကို ဖြုတ်ချနိုင်မလား … သူတို့နဲ့ ထိုက်တန်တဲ့ ထောင်ဒဏ်တွေကို အသီးသီး ရရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှု့ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Cobweb (2023)
⭐IMDB: 7.0/10 (601 Votes)
🎬 #Comedy #Drama #History
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 12 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cobweb(2023)
*************
ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်…
Song Kang HoIm Soo Jung Oh Jung Se Jeon Yeo BeenKrystal Jungတို့
Main Lead အနေနဲ့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတွေထံမှလည်း
ကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်…ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်း
ဆန်ကာတင်စာရင်းဝင်ထားပါတယ်…
ဇာတ်လမ်းအကျဉ်း….
Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်…
အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..
တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်…
အိပ်မက်က ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့
တကယ်လို့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီး
သူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်…
သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့ တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာ
ရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့ ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..
ရက်ပိုင်းသာကြာသွားတယ်…အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့
နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့
ဆုံးဖြတ်လိုက်ပါတော့တယ်…
အဲဒီနောက်မှာတော့...
Christmas at the Chalet (2023)
⭐IMDB: 6.5/10 (239 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 29 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။
Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။
ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။...
Nude Model (2017)
⭐TMDB: 0.0% User Score
🎬 #Adult #Drama #Romance
🗓 2017 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 21 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကြော်ငြာတွေကို ဖန်တီးရတဲ့ ဒါရိုက်တာဂန်အင်နာက ကြော်ငြာတွေကို ဖန်တီးလိုက်
သူ့ချစ်သူ ပရိုဂျူဆာလေးနဲ့ ချစ်ကြည်နူးလိုက်နဲ့ ဘဝလေးက သာယာနေတာပေါ့
ဒါပေမဲ့ တစ်နေ့မှာ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့ သူ့ချစ်သူကောင်မလေးက
ဘဝင်မကျကြောင်း ဖြုတ်ပစ်စေချင်ကြောင်း ပြောလာတယ်
အဲဒီပန်းချီကားလေးက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီးတော့
ကိုယ်လုံးတီးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံဖြစ်တယ်
အဲဒါက ဒါရိုက်တာဖြစ်ဖို မရွေးချယ်ခင်မှာ ပန်းချီဆရာဖြစ်ဖို စိတ်ကူးအိပ်မက်နဲ့
နောက်ဆုံး ရေးခြယ်ခဲ့တဲ့ ပန်းချီကားဖြစ်တာကြောင့် သူ့ချစ်သူ ဘဝင်မကျကြောင်းပြောတဲ့အခါမှာ
အဲဒီပန်းချီကားရေးဆွဲခဲ့ပုံ အမှတ်တရတွကို ပြန်လည် အောက်မေ့လာခဲ့မိတယ်
အဲဒီနောက်မှာ ပန်းချီကားထဲက မော်ဒယ်လေးနဲ့ ပြန်ဆုံခဲ့တဲ့အခါမှာတော့ …
ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော် ချစ်ကြည်နူးပုံတွေ ကွက်ကွက်ကွင်းကွင်းပါတာမို မိသားစုနဲ့ ကြည့်ရှုဖို မသင့်တော်ပါဘူးနော်...
Martin Luther King (2023)
⭐IMDB: 7.3/10 (138 Votes)
🎬 #Bollywood #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 24 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Martin Luther King(2023)”ချုံကြားမှ ဘုံဖျားသို့”IMDb-7.3/10
ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကိုဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီးလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။
မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကိုမာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။
တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေနိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင်ဥက္ကဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့…။တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ…။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Fifi (2022)
⭐IMDB: 6.7/10 (185 Votes)
🎬 #Comedy #Drama #Romance
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 49 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fifi (2022)=========IMDb Rating – 6.7/10
ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီးပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီးသူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ်ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်းနွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။
ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်းရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ်အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Never Been Chris'd (2023)
⭐IMDB: 5.4/10 (759 Votes)
🎬 #Comedy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Never Been Chris’d (2023)=====================
နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင်ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင်ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ်ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူးမြူးလေးပုံဖော်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ –နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတိုဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက်လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြားအတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးစတင်ပါတော့တယ်။
ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံးမှာ happy ending ဖြစ်နိုင်ပါ့မလားဆိုတာကို ရယ်မောပြုံးရွှင်ရင်း ကြည်ကြည်နူးနူး ကြည့်ကြရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Prostitution (2016)
⭐TMDB: 50.0% User Score
🎬 #Adult #Drama #Romance
🗓 2016 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 20 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အကြွေးတွေယူပြီး ထွက်ပြေးသွားတဲ့ ခင်ပွန်းသည်ကြောင့်
ဆူဟျွန်းတိုသားအမိဟာ အကြွေးပုံထဲ နစ်ကျန်နေခဲ့ပါတယ်
တစ်နေ့မှာ အကြွေးရှင် ထယ်ဆန်းဆိုသူ အိမ်ကို ရောက်ချလာပြီး
အကြွေးပြန်တောင်းပါတော့တယ်
ထယ်ဆန်းက သားအမိနှစ်ယောက်စလုံးကို အဓမ္မကျင့်ပြီး
ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ဖို ကမ်းလှမ်းတဲ့အခါမှာတော့...
Taboo - New Sister (2016)
⭐TMDB: 80.0% User Score
🎬 #Adult #Romance #Drama #Thriller
🗓 2016 🎞 tv mini series
🌎 #SouthKorea
⏰ 1 နာရီ 19 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယောက်ျားဖြစ်သူရဲ့ ပင်စင်ငွေတွေကိုအပိုင်သိမ်းဖို့အတွက်
ရည်းစားနဲ့ပေါင်းကြံပြီး ကောင်မလေးတစ်ယောက်ကိုမွေးစားသမီးပုံစံနဲ့
အိမ်ထဲခေါ်သွင်းခဲ့ပါတယ် သူတို့အစီအစဥ်ကတော့ မိန်းမကိုမစားရတဲ့အဖိုးကြီးဆီ
ကောင်မလေးကိုထိုးကျွေးပြီး ပြဿနာကိုအကျယ်ချဲ့ နောက်ဆုံး ငွေတွေ
အပိုင်သိမ်းပစ်ဖို့ပါ အဖိုးကြီးဆီမှာ ဆန်ကုန်မြေလေး သားတစ်ယောက်လည်း
ရှိပါသေးတယ် မိချင်တဲ့ကောင်မိဆိုပြီးချလိုက်တဲ့ငါးစာကို နှစ်ကောင်လုံးဟပ်မိ
သွားတဲ့အခါမှာတော့ ဘယ်လိုတွေရှုပ်ကုန်ကြမလဲကြည့်ရှုကြရမှာပဲဖြစ်ပါတယ်...
Sweet Home (2020- )
⭐IMDB: 7.3/10 (28 k Votes)
🎬 #Drama #SciFi #Fantasy #Horror #Thriller
🗓 2020- 🎞 tv series
🌎 #SouthKorea
⏰ 1 နာရီ 16 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sweet HomeS2(2023)[Complete]Sweet HomeS2(2023)^^^^^^^^^^^^^^^
Season 2မှာတော့ ချာဟျွန်းဆူရဲ့ အသွင်ပြောင်းမှုနဲ့ အွီမြောင်ရဲ့
လွတ်မြောက်မှုတွေရဲ့ လှည့်ကွက်တစ်ခုအပါအဝင် ကူးစက်ခံရသူတွေဟာ စစ်တပ်ရဲ့
လိုက်ရှာမှုကြောင့် ထွက်ပေါ်လာခဲ့ကြပါတယ် ,,,,ဟျွန်းဆူကအရှုံးပေးလိုက်ပြီး
အသက်ရှင်ကျန်ရစ်သူတွေကတော့ မြေအောက်ဘန်ကာတစ်ခုမှာခိုလှုံကြပါတယ်…..ဘန်ကာကနေ လွတ်မြောက်လာကြတဲ့ သူတွေနဲ့ စစ်တပ်ရဲ့စီမံပေးမှုကြောင့်
လွတ်မြောက်လာသူတွေ ဟာ စုပေါင်းပြီး baseball stadium တစ်ခုမှာ အတူတကွနေထိုင်ကြပါတယ်ဒီဇာတ်လမ်းထဲမှာတော့ ချာဟျွန်းဆူက အခြေစိုက်စခန်းကနေထွက်လာပြီး
မွန်းစတားတွေနဲ့ တိုက်ခိုက်ပါတော့တယ်ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Song Kang ,Lee Jin-uk , Lee Si-young ,Go Min-si , Park Gyu-young, Jin-young အစရှိတဲ့ ဒိတ်ဒိတ်ကျဲ မင်းသားမင်းသမီးတွေပဲဖြစ်ပါတယ်အပိုင်း၈ပိုင်းလုံးကို တစ်ခါတည်း ထုတ်လွှင့်မှာပဲဖြစ်ပါတယ်S1ကြည့်ရန်Link<<<https://channelmyanmar.org/tvshows/sweet-home2020/(အညွှန်းကိုတော့ Phyu Sin Hnin မှ ရေးသားထားပေးပါတယ်။)...
Onyx the Fortuitous and the Talisman of Souls (2023)
⭐IMDB: 6.4/10 (846 Votes)
🎬 #Comedy #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Onyx the Fortuitous and the Talisman of Souls (2023)
~ IMDb – 6.4/10, Rotten Tomatoes – 64% ~
အခုနှစ်စပိုင်းလေးမှ ထွက်လာတဲ့ကားလေးပါ။ Comedy Horror အမျိုးအစားဆိုတော့ စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ကားလေးပါပဲ။
အော့နစ်ကတော့ Fast Food ဆိုင် မိ့(တ်)လုဖ်မှာ အလုပ်လုပ်ပြီး ဒီအသက်အရွယ်အထိ အပေါင်းအသင်းမရှိတဲ့အပြင် အမေ့အိမ်မှာကပ်နေရတဲ့ လူပျိုရည်မပျက်သေးတဲ့အရှုံးသမားလို့ပြောလို့ရတဲ့သူမျိုးပါ။ သူ့ရဲ့ Idol ကလည်း ဘားတော့ဆိုတဲ့ အောက်လမ်းဆရာလို မှော်ဆရာလိုလိုလူပါတဲ့။ တစ်ရက်တော့ ဘားတော့က မသေမျိုးဘ၀ကိုရဖို့ နတ်ဆိုးအစီအရင်လုပ်ဖို့အတွက် နောက်လိုက်ငါးယောက်ရွေးတော့ အော့နစ်ပါသွားပြီး ဘားတော့ရဲ့စံအိမ်ကိုရောက်သွားပါတယ်။
ဒါပေမဲ့ ဘားတော့ရဲ့အစီအရင်က ထင်သလောက်မရိုးရှင်းတဲ့အခါ အော့နစ်နဲ့ သူ့အပေါင်းအပါတစ်သိုက် အစီအရင်အကြောင်းစုံစမ်းပုံတွေကို ဟာသပေါင်းများစွာနဲ့တကွ ကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
The Railway Men (2023-2023)
⭐IMDB: 8.6/10 (9 k Votes)
🎬 #Drama #History #Thriller
🗓 2023-2023 🎞 tv mini series
🌎 #India
⏰ 1 နာရီ 7 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Railway Men – The Untold Story of Bhopal 1984 (2023)The Railway Men (2023) “မီးရထားဌာနက သူရဲကောင်းများ”
IMDb-8.6/103idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့
ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ
ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို
အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။
အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ
ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။
အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ လူတွေရဲ့အသက်ကိုထုတ်ယူနိုင်တဲ့ အဆိပ်ငွေ့အဖြစ်ပြောင်းလဲသွားတတ်တဲ့
ဂုဏ်သတ္တိရှိတယ်။အလုပ်သမားတွေကို ထရိန်နင်ကောင်းကောင်းမပေးတဲ့ စက်ရုံကြီးမှာ လူအင်အားမလုံလောက်
လုပ်ငန်းသဘောကို ကောင်းကောင်းမကျွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့လည်ပတ်နေပါရော။
ဒီကြားထဲမှာ စက်ပစ္စည်းတွေကလည်းချို့ယွင်းလို့။တစ်နေ့မှာတော့ စက်ချို့ယွင်းတာရယ်
အလုပ်သမားတယောက်ရဲ့ပေါ့ဆမှုရယ်ကြောင့် အမ်အိုင်စီကန်ထဲကို ရေယိုစိမ့်မှုဖြစ်တယ်။
အဲဒီကနေ အဆိပ်ငွေ့တွေထွက်လာရာက မီးရထားဌာနက အလုပ်သမားတွေပြည်သူတွေရဲ့
အသက်ကို ကယ်တင်ရဖို့ဖြစ်လာပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
What Happens Later (2023)
⭐IMDB: 5.0/10 (1 k Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
What Happens Later (2023)
Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။
ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။
ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာကတော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ…
အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။
နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
First Knight (1995)
⭐TMDB: 61.0% User Score
🎬 #Action #Adventure #Drama #Romance
🗓 1995 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
First Knight (1995)
ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s’ တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး “Sean Connery” ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။
~ ဇာတ်လမ်းအကျဉ်း ~
ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် အာသာရဲ့ The Round Table ကနေ နှုတ်ထွက်သွားတဲ့ မယ်လဂန့်ဆိုသူရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လန်းစလော့ဆိုတဲ့ ခြေသလုံးအိမ်တိုင်ဓားရေးကျွမ်းကျင်သူတစ်ယောက်ဟာ ဂွီနဗီးယားနဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘုရင်ကြီးအာသာတစ်ယောက် နောက်ဆုံးမှာသူ့အချစ်အိပ်မက်ကိုအကောင်အထည်ဖော်သွားနိုင်မှာလား… ဂွီးနဗီးယားနဲ့ လန်းစလော့တို့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲ… ဒါ့အပြင် တစ်ချိန်ကအတွင်းလူဖြစ်ခဲ့တဲ့မယ်လဂန့်ကရော ဒီလိုဖြစ်နေတဲ့အခြေအနေတွေအပေါ် ဘယ်လိုအခွင့်ကောင်းယူသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ အပြည့်အဝရှုမြင်ရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Meet The Evil Spirits (2023)
⭐TMDB: 0.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1h 28 min
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကိုတောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက်လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီးဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာလီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။
မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကိုစုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းကလွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့……
အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား……အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။...
